အကြံအဖန်ကောင်းသော တွက်ချက်နည်း
Vol. 13 Ch. 185
ယဲ့ချန်းကလည်း ချင်းဖန်၏စိတ်ကို ဖောက်ထွင်းမြင်လေဟန်ဖြင့် ရယ်လိုက်သည်။
"ဘာလဲ။ မင်းက ငါ့ကိုမကျေနပ်ဘူးမလား"
ချင်းဖန်မှာ တုံ့ခနဲရပ်တန့်လိုက်ပြီးနောက် ဘာမှမပြောလာပေ။
"ဂိမ်းတစ်ခုလောက်ကစားကြရင်ရော"
ယဲ့ချန်းက ရုတ်တရက်ထပြောလိုက်၏။
ချင်းဖန်ကလည်း ယဲ့ချန်းကို လှမ်းကြည့်လိုက်သည်။
"ဘယ်လိုကစားမှာလဲ"
"စာရွက်ပေါ်မှာ ကျပန်းစာလုံးတစ်လုံးကိုရေးလိုက်။ ငါက အဲဒါကို ခန့်မှန်းမယ်"
ချင်းလန်က တဟားဟားရယ်လိုက်လေသည်။
"ရတယ်လေ"
ချင်းလန်အမြင်မှာတော့ ယဲ့ချန်း၏နည်းလမ်းများက ကလေးဆန်လှသည်။ ချင်းလန်က လူပေါင်းစုံကြားမှာ ကြီးပြင်းလာခဲ့သူဖြစ်သောကြောင့် ထိုလူလည်များ၏လှည့်ကွက်ကို ကောင်းကောင်းသိသည်။
သူ(မ) ဘာရေးရေး တစ်ဖက်လူက အာရုံလွှဲရနအတွက် မရေမရာစကားလုံးတချို့ကို သုံးပေလိမ့်မည်။ ဥပမာဆိုရလျှင် "မင်း အခုတလော စိုးရိမ်စရာဘာရှိလဲ"နှင့် "အခုတလော မင်း အခက်ကြုံရလိမ့်မယ်"ဟူ၍ပင်။
...
စဉ်းစားကြည့်ပါက အမှန်တကယ်တိကျပေသည်။
တကယ်တမ်းတွင် ဘာစိုးရိမ်စရာမှမရှိသလို အခက်အခဲများကိုလည်း ကျော်လွှားနေသူတစ်ယောက်အနေနှင့် ၎င်းမှာ လှည့်ကွက်တစ်ခုသက်သက်သာဖြစ်၏။
မည်သူကများ အမြဲတမ်းချောမွေ့နေနိုင်မည်နည်း။ ထို့ပြင် အရှက်မရှိဆုံးအပိုင်းကတော့ "အခုတလော"ဟူသည့် စကားလုံးပင်။
ချင်းလန်က ယဲ့ချန်း၏လှည့်ကွက်ကို ရိပ်စားမိဟန်ဖြင့် တစ်ဖက်သို့လှည့်၍ စာရွက်အပိုင်းတစ်ခုပေါ်တွင် စာလုံးတစ်လုံးရေးလိုက်သည်။ ထို့နောက် ယဲ့ချန်းကို ခိုးကြောင်ခိုးဝှက်လှမ်းကြည့်လိုက်၏။
ထိုလူက ဖုန်းကြည့်နေဆဲဖြစ်ပြီး သူ(မ)ကိုလည်း လှမ်းမကြည့်နေချေ။ ချင်းလန်လည်း စာရွက်ကိုခေါက်၍ ပြုံးလိုက်လေသည်။
"ရပြီ။ အခု ရှင်ခန့်မှန်းတော့"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံး၍ ချင်းလန်၏ဘဝဖြစ်စဉ်ကို ဖွင့်ကြည့်လိုက်သည်။ အကြည်ရောင်ဖန်သားပြင်တစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုအထဲတွင် ချင်းလန်နှင့်ပတ်သက်သော အချက်အလက်များအားလုံး ပါရှိသည်။
သွေးဖီးနစ်အထူးတပ်ဖွဲ့ဘုရင်...
တစ်ခါတုန်းက ရန်သူ့နယ်မြေထဲတွင် သုံးနှစ်တိတိကိုယ်ယောင်ဖျောက်နေခဲ့ဖူးပြီး နိုင်ငံတကာအဆင့်အလိုရှိရာဇဝတ်သားတစ်ယောက်ကို အရှင်လတ်လတ်ဖမ်းမိခဲ့သည်။
...
ဤမိန်းကလေးမှာ အလွန်ကြမ်းလွန်းလှ၏။ နောက်ဆုံးထပ်ဖြည့်ထားသော မှတ်တမ်းမှာ လွန်ခဲ့သည့်တစ်မိနစ်ကပင်။ အဖြူရောင်စာရွက်ပေါ်တွင် "ငတုံး"ဟု ရေးထားသည်။
ဤမိန်းကလေးက အလွန်စိတ်ဝင်စားဖို့ကောင်းလှသည်။
ငါက ခေါင်းဆောင်လေ..ဒါတောင် မင်းက "ငတုံး"လို့ရေးထားတယ်ဆိုတော့ အထက်လူကြီးအပေါ်ထားတဲ့ လေးစားမှုက ဘယ်မှာလဲ?
ယဲ့ချန်းက ချင်းလန်ကိုကြည့်၍ ခပ်ဖွဖွပြုံးလိုက်၏။
"ကျီစယ်တာက အဆင်ပြေပေမဲ့ စော်ကားတာကတော့ အဆင်မပြေဘူးနော်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ချင်းလန်၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားလေသည်။
ယဲ့ချန်းက စာရွက်ပေါ်ရှိ စာလုံးကို ခန့်မှန်းနိုင်လိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။
ထို့နောက် ယဲ့ချန်းက ဆက်ပြောလေသည်။
"မင်းရဲ့ညာဘက်ပခုံးက ဒဏ်ရာရထားတာမလား။ နာနေတယ်ဆိုရင်လည်း အနားယူသင့်တယ်နော်။ ဒါတောင် မင်းက အတင်းမစ်ရှင်လုပ်ချင်နေသေးတယ်။ မင်းသာ အရေးပေါ်အခြေအနေဖြစ်ပြီး ဒဏ်ရာဟောင်း ပြန်ထလာတယ်ဆိုရင် မင်း ဒဏ်ရာရတာနဲ့တင် ပြီးမသွားဘူး။ အဲဒါကြောင့်နဲ့ မစ်ရှင်ကျရှုံးသွားခဲ့ရင် မင်း တာဝန်ယူမှာလား"
"ရှင်..."
ချင်းလန်ခမျာ လုံးဝကြက်သေသေသွားချေသည်။
သူ(မ)၏ညာဘက်ပခုံးက ပြီးခဲ့သည့်မစ်ရှင်တုန်းက ဒဏ်ရာရခဲ့ခြင်းပင်။ ၎င်းမှာ အတွင်းဒဏ်ရာဖြစ်သောကြောင့် သူ(မ)ကိုယ်တိုင်ကလွဲလျှင် မည်သူမှ မသိပေ။
ဤမစ်ရှင်မှာ အဆင့်အေမစ်ရှင်တစ်ခုဖြစ်သောကြောင့် သူ(မ) ဒဏ်ရာရထားပါသည့်တိုင် လူတိုင်းကို ဖုံးကွယ်ထားခဲ့သည်။ သို့သော် ယဲ့ချန်းကတော့ ထိုအကြောင်းကို သိနေခဲ့သည်။
ချင်းလန်လည်း မျက်ဝန်းမှေးကျဉ်းလိုက်ပြီးနောက် ယဲ့ချန်းကို ကြည့်လိုက်၏။
"ရှင် ဘယ်လိုလုပ်သိတာလဲ"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံး၏။
"ငါခန့်မှန်းလိုက်တာလို့ပြောရင် ယုံမှာလား"
ချင်းလန်ခမျာ မျက်ဝန်းထဲတွင် ရှုပ်ထွေးမှုအထင်းသားဖြင့် ယဲ့ချန်းကို စိုက်ကြည့်လိုက်သည်။
ငါ့ရဲ့စာရေးဟန်ကိုကြည့်ပြီး ခန့်မှန်းလိုက်တာများလား? ဤသည်မှာ အလွန်ဆန်းကြယ်လှပေသည်။
"မင်း အခုတလော အချစ်ရေးကိစ္စကြောင့် သောကရောက်နေတာလား"
ယဲ့ချန်းက ချင်းလန်၏ဘဝမှတ်တမ်းကို ကြည့်နေရင်း ပြောလိုက်သည်။ ချင်းလန်ခမျာ တစ်ဖန်အံ့ဩသွားပြန်လေသည်။ သို့သော် ဤတစ်ခေါက်မှာတော့ သူ(မ) ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ချန်းကလည်း ခပ်ဖွဖွပြုံး၏။
"အဲဒီလူက အပြင်ပန်းအရတော့ လေးစားဖို့ကောင်းပုံပေါ်ပေမဲ့ တကယ်တမ်းကျတော့ ရည်းစားများတယ်နော်။ ဒီတော့ သတိထားပေါ့"
ထိုအချိန်မှာပင် ချင်းလန်၏ဖုန်းက ထမြည်လာသည်။
"ရှောင်လန်.. နင်စုံစမ်းခိုင်းထားတဲ့ လူအကြောင်း ငါစုံစမ်းထားပြီးပြီ။ ပြီးခဲ့တဲ့လတုန်းက သူက မိန်းမဆယ်ယောက်နဲ့ တွဲခဲ့ဖူးတယ်။ ဆန်ကုန်မြေလေးဆိုတာ ကျိန်းသေတယ်။ နင် သူနဲ့ဝေးဝေးနေတာပိုကောင်းမယ်"
ချင်းလန်ခမျာ ဖုန်းချပြီးနောက် ချက်ချင်းကြောင်အသွားရသည်။
သိပ်မကြာခင်က ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်က သူ(မ)ကို လိုက်ပိုးခဲ့သည်။ ထိုလူမှာ ရပ်ကွက်ထဲတွင် သူ(မ)နှင့်အတူ ကြီးပြင်းလာခဲ့သည့် သူငယ်ချင်းတစ်ယောက်ပင်။
ဤလူ့တွင် ကောင်းမွန်သောမိသားစုနောက်ခံတစ်ခုရှိပြီး အလွန်တရာခံ့ညားလှ၏။ သူတို့နှစ်ယောက်သား၏ ဆက်ဆံရေးကလည်း အလွန်ကောင်းသည်။
သူတို့၏ဆက်ဆံရေးမှာ စတင်တိုးတက်တော့မည့်ဆဲဆဲမှာပင် ဤအမွေခံလူကုံထံအကြောင်း ကောလာဟလများကို ချင်းလန် ကြားခဲ့ရသည်။
ထို့ကြောင့် သက်ဆိုင်ရာဌာနရှိ သူငယ်ချင်းတစ်ယောက်ကို သူ့အကြောင်း စုံစမ်းခိုင်းခဲ့သည်။ ထင်မှတ်မထားပါဘဲ ရရှိလာသော သတင်းအချက်အလက်က ယဲ့ချန်း၏ခန့်မှန်းချက်နှင့် ကွက်တိကျနေခဲ့သည်။
ဤလူမှာ အမှန်တကယ်ထူးခြားဆန်းကြယ်လှသည်။
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"အခု မင်း ယုံပြီလား"
ယဲ့ချန်းက မတ်တတ်ထရပ်ပြီးနောက် တက်တက်ကြွကြွထွက်သွားလေတော့သည်။ ချင်းလန်ကမူ ယဲ့ချန်း၏ကျောပြင်ကိုငေးကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေမိသည်။ မူလတုန်းက စက်ဆုပ်ရွံရှာမှုများမှာ ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားလေပြီ။
သူက နဂါးသံချပ်ကာတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်နေသည်မှာ မဆန်းလှပေ။ အမှန်ပင် အံ့ဩဖို့ကောင်းလှချေသည်။
ထိုအခိုက်ဝယ် ထန်ယန်အာက ပြတင်းပေါက်နားတွင်ထိုင်၍ ဖုန်းတစ်လုံးကို ခေါ်လိုက်၏။
"အမေ..အဖေပြန်ရောက်နေပြီ။ သူတို့က သမီးရဲ့လုံခြုံရေးအတွက် သက်တော်စောင့်တစ်ယောက် ခန့်ပေးထားတယ်"
"သူပြန်လာပြီလား။ ဒီအသက်အရွယ်ကြီးရောက်မှ သူက ဘာလို့ပြန်လာတာလဲ"
"အမေ.. အဖေက နိုင်ငံအတွက် အများကြီးအကျိုးပြုခဲ့တယ်တဲ့။ တကယ်လို့ သူ သမီးတို့ကိုထားသွားတယ်ဆိုရင်လည်း အကြောင်းပြချက်တစ်ခုရှိလို့ဖြစ်မယ်။ ပြီးတော့ သူ့ကို တစ်ချိန်လုံးလိုက်ဖမ်းနေတဲ့ လူတစ်ယောက်လည်းရှိတယ်"
"အင်း။ သမီးလည်း သတိထားဦးနော်။ အမေလာခဲ့မယ်။ သမီးကိုတစ်ယောက်တည်းထားရတာ စိတ်မအေးပါဘူး"
"အမေ..အဖေ့ကိုလွမ်းလား"
"သူ့ကိုလွမ်းရမှာလား။ သူ့ကို သတ်ပစ်ချင်တာ တစ်ပိုင်းတောင်သေနေပြီ"
ထန်ယန်အာလည်း တဟားဟားရယ်လိုက်မိသည်။
ထိုအချိန်မှာပင် ယဲ့ချန်းက ထန်ချန်ယိပင်အဆောက်အအုံထဲမှ ထွက်သွားသည်ကို မြင်လိုက်ရ၏။ သူ(မ) ခပ်ဖွဖွပြုံးလိုက်မိသည်။
ဒီလူက စိတ်ဝင်စားဖို့ကောင်းသားပဲ!
ယဲ့ချန်းက အိမ်ပြန်ပြီး သူ့ကားကို ရှားလိကားအဟောင်းနှင့် လဲလိုက်ပြီးနောက် ထန်ယန်အာ၏အိမ်သို့ မောင်းသွားလိုက်သည်။
ကားကိုတော့ လမ်းဘေးမှာ ရပ်ထားခဲ့လိုက်သည်။
ထန်ယန်အာက ယဲ့ချန်း၏ထျန်းချန်ယိပင်တွင် နေနေသောကြောင့် သူ(မ)၏အိမ်က ဗလာကျင်းနေချေသည်။
ထန်ယန်အာ၏အိမ်အောက်၌ လန်းရိုဗာကားတစ်စီး ထိုးရပ်လိုက်သည်။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူအမြောက်အများက ကားထဲမှ အမြန်ထွက်လာပြီးနောက် အပေါ်ထပ်သို့တက်ကာ အမြန်ပြန်ဆင်းလာသည်။
လန်းရိုဗာကားကို စက်နှိုးလိုက်ချိန်မှာ ယဲ့ချန်းကလည်း အနောက်မှ လိုက်သွားလေတော့သည်။
တစ်ဖက်က ကြံရည်ဖန်ရည်ကောင်း၏။ မြို့ထဲတွင် အကြိမ်အနည်းငယ်မျှ ပတ်မောင်းနေပြီးမှ ထောင့်ချိုးတစ်ခုကို ကွေ့ကာ ကောင်းမိသားစုဆီသို့ ဦးတည်လေတော့သည်။
ယဲ့ချန်းက လမ်းဆုံတွင် ကားကိုထိုးရပ်လိုက်ပြီးနောက် ပြုံးလိုက်မိ၏။
"ကောင်းမိသားစု..သိပ်ကောင်းတယ်။ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"
....
ညနေဘက်တွင် ယန်လိက ထျန်းချန်ယိပင်သို့ ရောက်ချလာသည်။
"အစ်မယန် ရောက်လာပြီလား"
"ဟုတ်တယ်။ ဒီကအခြေအနေကို လာစစ်ဆေးတာ"
"မစ္စတာယဲ့က ဒီနေရာမှာအဆင်ပြေတယ်ဆိုမှတော့ တကယ်အဆင်ပြေမှာပါ"
ယန်လိမှာ တုံ့ခနဲဲဖြစ်သွားရသည်။
"ဒါက နင့်ပုံစံမဟုတ်ပါဘူး။ နင်က သူ့အကြောင်း တစ်ချိန်လုံးစောဒကတက်နေတာမဟုတ်ဘူးလား"
ချင်းလန်မှာ အနည်းငယ်ရှက်သွေးဖြာသွားလေသည်။
"သူက တော်တော်ဆန်းကြယ်တယ်လို့ ရုတ်တရက်ကြီးတွေးမိလို့"
"ဘယ်လိုလုပ်ပြီးတော့လဲ"
ယန်လိ မေးလိုက်မိလေသည်။
ချင်းလန်လည်း ထိုကိစ္စကို ပြန်ပြောပြလိုက်၏။ ယန်လိခမျာ အံ့သြသွားဟန်ပင်။
"တကယ်လား။ သူ နင့်အကြောင်း တိတ်တိတ်လေးစုံစမ်းထားတာလား။ မဖြစ်နိုင်တာ။ နင်တာဝန်ထမ်းဆောင်ရမဲ့ကိစ္စကို အထက်လူကြီးတွေက အရေးပေါ်ထုတ်ပြန်ချက်နဲ့ ဆုံးဖြတ်ချက်ခဲ့တာလေ"
ချင်းလန်က ဆို၏။
"အဲဒါကြောင့် ယဲ့ချန်းက ထူးခြားတယ်လို့ ထင်မိတာပေါ့။ သူတို့တွေ သူ့ကို ဒီလောက်အရေးကြီးတဲ့တာဝန်မျိုး ပေးထားတာလည်း မဆန်းပါဘူး"
"အင်း.. ဒါပေမဲ့ နင်တို့အားလုံး သတိတော့ထားဦး။ သွေးအရိပ်အဖွဲ့အစည်းက ရင်ဆိုင်ရခက်တယ်"
ယဲ့ချန်းက အိမ်ကို ပြန်မောင်းလာခဲ့ပြီးနောက် ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်သည်။ လင်းဝမ်ယိုကမူ ဓာတ်လှေကားအရှေ့တွင် အသင့်စောင့်ဆိုင်းနေ၏။
"ပြန်လာတာကြိုဆိုပါတယ် သခင်လေး"
"အင်း..တအားနောက်ကျနေပြီကို မင်း မနားသေးဘူးလား"
"သခင်လေးမှပြန်မလာသေးတာ။ ဝမ်ယိုက ဘယ်လိုလုပ်ပြီးနားရဲမှာလဲ"
လင်းဝမ်ယိုက မီးဖိုချောင်ထဲသို့ဝင်ပြီးနောက် ယဲ့ချန်းအတွက် ပူပူနွေးနွေးအစားအသောက်များကို ယူလာပေးသည်။
"ကျွန်မ ခုနကမှ ဒီအသီးလက်ဖက်ရည်ကို ဖျော်ထားတာပါ။ သခင်လေး အေးသွားအောင် သောက်လိုက်ပါဦး"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလျက် လင်းဝမ်ယိုကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
အလုပ်ရှုပ်လှသော တစ်နေ့တာအပြီး၌ သူလည်း အတန်ငယ်ပင်ပန်းနေပြီဖြစ်၏။
လင်းဝမ်ယို ပြုံးလိုက်၏။
"မစ္စတာယဲ့..ထုတ်လုပ်ရေးအဖွဲ့က ဖုန်းဆက်တယ်။ 'ယီမန်း"ရုပ်ရှင်ရိုက်ကူးရေးက နောက်လထဲမှာ စမယ်တဲါ"
"အင်း သိပြီ"
"ပြီးတော့ ဒီနေ့ပဲ ဗန်ခယ်လုပ်ငန်းစုက သန်းခုနစ်ဆယ်တန်တဲ့ ဗီလာတစ်လုံးကို သခင်လေးရဲ့နာမည်အောက်မှာ လွှဲပြောင်းပေးထားပါတယ်"
လင်းဝမ်ယိုက ယဲ့ချန်းအတွက် လက်ဖက်ရည်ငှဲ့ပေးရင်း ယနေ့အတွက် အလုပ်ကိစ္စများကို တင်ပြနေလေသည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။
"ဝမ်ယို.. မင်း တကယ်ကြိုးစားတာပဲ"
"သခင်လေးကို အလုပ်အကျွေးပြုရတာက ဘယ်လောက်ပဲ ခက်ခဲပင်ပန်းနေပါစေ ဝမ်ယိုဆန္ဒရှိပါတယ်"
ယဲ့ချန်းမှာ လင်းဝမ်ယိုကို ပွေ့ဖက်ထားလိုက်သည်။
"မင်းက အရမ်းတော်တာပဲ။ ဒီည ငါ မင်းကို ကောင်းကောင်းဆုချမယ်"
•••••••••••••••