သူ့မှာ ငါ့လောက် ပိုက်ဆံရှိလို့လား
Vol. 13 Ch. 190
ချန်းချောင်၏ အင်္ကျီကော်လံကို ဆုပ်ကိုင်လိုက်ချိန်မှာ ယဲ့ချန်း၏မျက်နှာကား ပျက်ယွင်းနေချေသည်။
"ဒါတွေအကုန်လုံး မင်းအမိန့်ကြောင့် ဖြစ်တာလား"
"ချင်းလန်နဲ့ ထန်မိသားစုသားအဖက မင်းရဲ့တုံးအတဲ့ ဆုံးဖြတ်ချက်ကြောင့် သေမလိုဖြစ်သွားတာ။ အဲဒါရောသိလား"
ချန်းချောင်က အမှားလုပ်ထားသူဖြစ်သော်ငြား ယဲ့ချန်း၏လက်ကို အားသုံး၍ ခါချလိုက်သည်။
"ချာတိတ်… မင်းသာ ဘာလှည့်ကွက်မှမခင်းဘဲ ထန်ယန်အာ့ကို ချက်ချင်းခေါ်လာခဲ့ရင် ဒီလိုဖြစ်မှာတဲ့လား"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ မင်းက သိပ်တော်နေတယ်ပေါ့။ မင်းက ဘော့စ်ပဲ။ ဒီကိစ္စကို ငါတာဝန်မယူတော့ဘူး။ တာဝန်ယူချင်တဲ့လူ ယူနိုင်တယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက လှည့်ထွက်သွားလေသည်။
မည်သို့ပင်ဖြစ်စေ သူတို့က ကမ္ဘာကျော်လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ သွေးအရိပ်နှင့် ရင်ဆိုင်နေရခြင်းပင်။
ယဲ့ချန်းက သူတို့၏အချက်အလက်များကို ဟက်ခ်ကြည့်ထားပြီးပြီဖြစ်၏။
ဤလူများက ကမ္ဘာတစ်ဝှမ်းရှိ အထူးတပ်ဖွဲ့ထဲမှ ထိပ်တန်းစစ်သားများဖြစ်ပြီး တစ်ယောက်ချင်းစီတွင် ထူးခြားသောအစွမ်းအစကိုယ်စီရှိကြသည်။
ယဲ့ချန်း ဆက်နေရသည့် အကြောင်းအရင်းမှာ စနစ်၏တာဝန်ကို ထမ်းဆောင်ချင်ရုံမျှသာမက ထန်ဟွားက နိုင်ငံသူရဲကောင်းတစ်ယောက် ဖြစ်နေသောကြောင့်လည်း ပါသည်။
အကြီးအကဲကိုကာကွယ်ရန်အတွက် ယဲ့ချန်းအနေနှင့် ကိုယ့်တာဝန်ကိုယ် ကျေချင်သည်။ သိုသော် သူတို့ကတော့ သူ့ကိုမယုံပါဘဲ ဗိုလ်ချုပ်တစ်ယောက်ကိုပင် ဆွဲသွင်းလိုက်သေးသည်။ သူ့အနေနှင့် ဝင်ပါရန်ပင် ပျင်းလှပြီဖြစ်၏။
ယန်လိလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ချန်းချောင်၏နောက်ခံအကြောင်း သူ(မ) ကောင်းကောင်းသိသည်။
ဤလူက ရာထူးမြင့်သော်ငြား ဤသည်မှာ သူ့မိသားစု၏ဩဇာလွှမ်းမိုးမှုကြောင့်ပင်။
တကယ်တမ်းတွင် သူက ဘာအရည်အချင်းမှမရှိပေ။ မစ်ရှင်တော်တော်များများကလည်း သူ့ကြောင့် ကျရှုံးခဲ့ရသည်။
ဤတစ်ခေါက်တွင်လည်း ချန်းမိသားစုက ဤအဆင့်အေမစ်ရှင်တွင် ထန်ဟွားကို ကာကွယ်ပေးရမည့်ကိစ္စက မျက်နှာကောင်းဝင်ယူနိုင်မည့် အခွင့်အရေးတစ်ခုဟု ယူဆသောကြောင့် ချန်းချောင်ကို လွှတ်လိုက်ခြင်းပင်။
"ယဲ့ချန်း ခဏနေဦး"
ယန်လိက ယဲ့ချန်းကို တားလိုက်လေသည်။
"ယန်လိ..နဂါးသံချပ်ကာတပ်ဖွဲ့က ဒီမစ်ရှင်မှာ ဝင်မပါတော့ဘူးလို့ မင်းတို့အထက်လူကြီးတွေကို ပြောလိုက်။ ပိုကောင်းတဲ့တခြားတစ်ယောက်ကို သွားရှာလိုက်လို့"
"ယဲ့ချန်း သတိထားပါဦး။ ကျွန်မ ဒီအကြောင်းကို အထက်လူကြီးတွေဆီ တင်ပြလိုက်ပါ့မယ်။ ရှင့်အနေနဲ့ ဘာအမိန့်မှကျမလာမချင်း ကောင်းကောင်းဆက်ကာကွယ်ပေးဖို့ မျှော်လင့်ပါတယ်"
"ကောင်းပြီလေ။ ဒါပေမဲ့ ဒီလူကသာ ခေါင်းဆောင်နေရာမှာ တာဝန်ယူဦးမယ်ဆိုရင် ကျွန်တော်ကတော့ ကျွန်တော့်ညီအစ်ကိုတွေကို အသေမခံနိုင်ဘူး"
ချန်းချောင်မှာ အံတင်းတင်းကြိတ်လိုက်လေသည်။
"ချာတိတ် မင်း ဘာပြောလိုက်တာလဲ။ ငါပြောမယ်.. ငါ တိုက်ပွဲဝင်နေတုန်းက မင်းက ဒိုင်ပါဝတ်နေတုန်းပဲ ရှိသေးတာကွ"
ယဲ့ချန်းကတော့ လုံးဝမကြောက်ပေ။
"ကောင်းပြီလေ။ သတ္တိရှိရင် လာချလိုက်လေ"
"နှစ်ယောက်လုံး..တော်ကြတော့။ ကျွန်မတို့မှာ အဓိကအန္တရာယ်ကြီးတစ်ခု ရှိသေးတယ်။ ကျွန်မတို့ အတူလက်တွဲမှဖြစ်မှာ"
ထိုအချိန်မှာပင် ယန်လိ၏ဖုန်းက ထမြည်လာသည်။ သူ(မ)ကလည်း အထက်လူကြီးများကို ဖြစ်စဉ်အစအဆုံးကို တင်ပြလိုက်သည်။
ဖုန်းချလိုက်ပြီးနောက် ယန်လိက အေးတိအေးစက်ပြောလိုက်သည်။
"ချန်းချောင်..အထက်လူကြီးတွေက ရှင့်ကို အခုချက်ချင်း မစ်ရှင်ကနှုတ်ထွက်ပြီး တပ်ဖွဲ့ထဲမှာပဲ အမိန့်ကျမဲ့အချိန်ကို စောင့်နေပါတဲ့"
"မင်း.. ယန်လိ… မင်း ငါ့ကို ချောက်ချလိုက်တာပေါ့"
ချန်းချောင်က ယန်လိကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်လေသည်။
ယန်လိကတော့ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ကျွန်မ ချောက်ချတာမဟုတ်ဘူး။ အမှန်အတိုင်းပြောလိုက်တာ"
ချန်းချောင်က ယဲ့ချန်းကို လက်ညှိးထိုး၍ ပြောလိုက်သည်။
"ချာတိတ် မင်းစောင့်နေဦးပေါ့ကွာ"
ယဲ့ချန်းက ချန်းချောင်ကို လှမ်းကြည့်ပြီးနောက် ရုတ်တရက်ပြောလိုက်လေသည်။
"ခင်ဗျားကို အကြံတစ်ခုပေးလိုက်မယ်။ ခင်ဗျား သိပ်မကြာခင် အချစ်ရေးပြဿနာတစ်ခု ကြုံရလိမ့်မယ်။ မိန်းမတွေကို သတိထား"
ချန်းချောင်က ယဲ့ချန်း၏စကားကို ပေါက်ကရစကားများဟုသာ သဘောထားပြီး ဒေါသတကြီးထွက်သွားလေသည်။
ယန်လိက လေးနက်တည်ကြည်စွာ ပြောလိုက်၏။
"ယဲ့ချန်း အထက်အမိန့်အရ အခုကစပြီး ဒီမစ်ရှင်မှာ ရှင်က အဓိကတာဝန်ခံဖြစ်သွားပြီ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ချင်းလန် မစ္စတာထန်ဟွားနဲ့ မိန်းကလေးထန်တို့ကို ရန်အိုက်ဆေးရုံကို ချက်ချင်းရွှေ့ပြောင်းပေးလိုက်။ ငါ ကုသရေးအတွက် ဆေးရုံတတိယထပ်ကို ရှင်းထားလိုက်မယ်"
"ကောင်းပြီ။ ယဲ့ချန်း..ကျေးဇူးအများကြီးတင်ပါတယ်"
ယန်လိက ယဲ့ချန်းကို အလွန်လေးစားနေလေသည်။
ယဲ့ချန်းက ဤမစ်ရှင်အတွက် အများဆုံးအကျိုးပြုခဲ့သူပင်။ မယ်ရီယော့ဟိုတယ်နှင့် ရန်အိုက်ဆေးရုံတို့က ယဲ့ချန်း၏ပိုင်ဆိုင်မှုများ ဖြစ်၏။ ဤတာဝန်အတွက် ယဲ့ချန်းက အရာအားလုံးကို တွန့်ဆုတ်မှုမရှိဘဲ အကုန်ပေးဆပ်ခဲ့သည်ဖြစ်ရာ ယန်လိအနေနှင့် ဘာများပြောနိုင်ဦးမည်နည်း။
….
ရန်အိုက်ဆေးရုံ၌…
ဆေးရုံ၏လုံခြုံရေးကို ယဲ့ချန်းကိုယ်တိုင် စီစဉ်ထားသည်။ ပထမထပ်နှင့် ဒုတိယထပ်တို့ကိုတော့ ပုံမှန်အတိုင်းလည်ပတ်စေပြီး တတိယထပ်ကိုတော့ ထန်မိသားစုမှ သားအဖနှစ်ယောက်အတွက် လူနာဆောင်အဖြစ် သီးသန့်ရှင်းထားလိုက်သည်။
ဒုတိယထပ်ရှိ သူနာပြုရုံးခန်းထဲတွင် သူနာပြုတချို့က လူနာတစ်ယောက်အကြောင်း တီးတိုးပြောနေကြသည်။
"ခုတင်နံပါတ်သုံးက လူနာက တော်တော်ချောတာပဲ"
"သူ့မိသားစုက မိုင်းတွင်းတစ်တွင်းပိုင်တယ်တဲ့။ အရမ်းချမ်းသာတယ်ဆိုပဲ"
သူတို့ စကားပြောနေချိန်မှာပင် လူနာဝတ်စုံဝတ်ထားသော လူငယ်လေးတစ်ယောက်က အနားသို့ချဉ်းကပ်လာသည်။
ထိုလူငယ်လေးက လူနာဝတ်စုံဝတ်ထားသော်လည်း အင်္ကျီလက်အနားစကို အထက်သို့လိပ်တင်ထားသည်။
မျက်စိကျိန်းဖွယ်ကောင်းသော ရိုးလက်စ်နာရီတစ်လုံးက သူ့လက်ကောက်ဝတ်ထက်တွင် ရှိနေချေသည်။
သူနာပြုလှလှလေးတစ်ယောက်ကို မြင်လိုက်တိုင်း သူက စိတ်အားထက်သန်စွာ သွားနှုတ်ဆက်ပြီး လုပ်ငန်းကတ်ပြားကို ထုတ်ပေးနေသည်မှာ သူချမ်းသာကြောင်း လူမသိမှာစိုးနေသည့်အလားပင်။
ထန်းလုကတော့ လုံးဝအထင်မကြီးပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အတပ်ပြောနိုင်သည်။
"ဒါက ခံ့ညားတာတဲ့လား။ သူက ငါတို့ယဲ့ချန်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
ထန်းလုကိုမြင်သောအခါ ချန်ဖေး၏မျက်လုံးများမှာ တောက်ပသွားလေသည်။
ရန်အိုက်ဆေးရုံတွင် သူနာပြုအချောအလှလေးများ အများကြီးရှိသော်ငြား ထန်းလုကတော့ ကြက်ပေါက်လေးများကြားက ကြိုးကြားငှက်အလား ထင်းထွက်နေလေသည်။
ချန်ဖေးလည်း မရိုးဖြောင့်သောအပြုံးတစ်ပွင့်ကို ဆင်မြန်းရင်း အနားသို့ ချဉ်းကပ်သွားလိုက်သည်။ သူ့ကိုယ်သူလည်း ယုံကြည်မှုပြည့်ဝနေသည်။
ရုပ်ရည်ချောမောပြီး ချမ်းသာကာ နောက်ခံအင်အားလည်း တောင့်တင်းသည်။ မိန်းကလေးတစ်ယောက်က သူ့အား ငြင်းလိမ့်မည်ဟု သူ လုံးဝတွေးမထားပေ။
ချန်ဖေးက ထန်းလုကို ညုတုတုဖြင့် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
ကံဆိုးချင်တော့ ထန်းလုက အောက်ဘက်ကိုကြည့်ပြီး စာရိုက်နေသဖြင့် သူ့ကို အာရုံလုံးဝမရှိပေ။
ချန်ဖေးလည်း ချောင်းဟန့်လိုက်၏။
"မိန်းကလေး.. မီးခြစ်ရှိလားဗျ"
"မရှိဘူး"
ထန်းလုက ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်သည်။
"ဒါဆို မင်း ကျွန်တော့်နှလုံးသားကို ဘယ်လိုမီးရှို့လိုက်တာလဲ"
ထိုလူချမ်းသာက ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
ထန်းလု : "အာ…"
ထန်းလုလည်း အန်ချင်စိတ်ကို အောင့်အည်းသည်းခံ၍ ပြောလိုက်သည်။
"ရှင့်ဘာသာ ထလောင်တာဖြစ်မှာပေါ့"
ချန်ဖေး : "…"
ဤကဲ့သို့သော ပိုးပန်းစကားမျိုးက ထန်းလုအမြင်မှာတော့ ယဲ့ချန်းထက် နိမ့်ကျလှသည်။
ထန်းလုလည်း အေးစက်စက်ပြန်ပြောလိုက်သည်။
"ဆရာ စကားပြောဆင်ခြင်ပေးပါ။ ကျွန်မမှာ ချစ်သူရှိပြီးသား"
ချန်ဖေးက ဟိတ်ဟန်ထုတ်၍ ကြွားဝါလိုက်လေသည်။
"ချစ်သူလား။ မင်းချစ်သူက ငါ့လောက်ချောလို့လား"
ထန်းလုလည်း လှောင်ပြုံးပြုံးလိုက်မိသည်။
"ဆရာ..ကျွန်မ ရှင့်ခံစားချက်ကို နာကျင်အောင်မလုပ်ချင်ပေမဲ့ ရှင့်ရုပ်ရည်က ကျွန်မချစ်သူနဲ့ယှဉ်လိုက်ရင် အမှိုက်လိုပဲဆိုတာတော့ ပြောမှဖြစ်မယ်"
"မင်း ဘာပြောလိုက်တယ်"
ချန်ဖေးက ကြွားလုံးထုတ်ချင်ခဲ့ပါသော်ငြား ဤမိန်းကလေးက သူ့ချစ်သူကသာ ပိုခံ့ညားကြောင်း ပြောလာလိမ့်မည်ဟု ထင်မထားပေ။
မသိမသာကြွားလုံးထုတ်နေသော ချန်ဖေးခမျာ နေရခက်သွားလေသည်။
"ပြစမ်းပါဦး။ ငါ့ထက် ပိုချောတဲ့လူတစ်ယောက်ရှိတယ်ဆိုတာ မယုံနိုင်ဘူး"
ချန်ဖေးက အတ္တကြီးစွာ ပြောလိုက်လေသည်။
ချန်ဖေးနှင့် စကားပြောနေရတာကို စိတ်ကုန်သွားသော ထန်းလုကလည်း သူ(မ)၏ဖုန်းထဲရှိ ယဲ့ချန်း၏ဓာတ်ပုံကို ထုတ်ပြလိုက်သည်။
ချန်ဖေးမှာ ဝန်လေးနေသော်ငြား ထိုဓာတ်ပုံကိုကြည့်ပြီးနောက် စိတ်ဓာတ်မကျဘဲ မနေနိုင်ပေ။
သေစမ်း.. ဒီကမ္ဘာပေါ်မှာ သူ့ထက်ပိုချောတဲ့လူ တကယ်ရှိတာပဲ..
ချန်ဖေးမှာ ဝန်မခံချင်သော်လည်း ဖုန်းထဲရှိ အမျိုးသားက ပိုခံ့ညားပြီး ပိုသာသော အရှိန်အဝါတစ်မျိုးပိုင်ဆိုင်ထားပေသည်။
သူက ငါ့ထက် နည်းနည်းပိုချောတော့ရော ဘာလုပ်ရမှာလဲ?
ထန်းလုတွင် ချစ်သူရှိကြောင်း ကြားလိုက်ရသောအခါ အခြားသူနာပြုများက ဝိုင်းအုံလာကြသည်။
"လုလု.. နင့်ချစ်သူက ဘယ်လိုပုံစံရှိလဲဆိုတာ ကြည့်ရအောင်"
"ဟုတ်တယ်။ နင်က အရမ်းလျှိုတာပဲနော်။ ဒီနေ့တော့ ငါတို့ကြည့်ရမှဖြစ်မယ်"
သူနာပြုများက ထန်းလု၏ဖုန်းကို ဆွဲလုသွားကြသည်။ မကြာခင်မှာပင် တအံ့တဩရေရွတ်သံများ ထွက်ပေါ်လာသည်။
"ဝိုး လုလု.. နင့်ချစ်သူက အရမ်းချောတာပဲ"
"လူကုံထံတွေကို နင် လျစ်လျူရှုနေတာလည်း မဆန်းတော့ပါဘူး။ နင့်ကောင်လေးက တကယ်ခံ့ညားတာဟ"
"ဟားဟား.. လုလုကြွေနေတာလည်း မပြောနဲ့လေ။ သူက တော်တော်ချောတာကိုး"
"ချန်ဖေးလည်း ချောပေမဲ့ ယဲ့ချန်းနဲ့ယှဉ်လိုက်ရင် ယှဉ်ကြည့်လို့မရသလိုပဲ"
သူနာပြုများ၏ မှတ်ချက်များကို ကြားလိုက်ရသောအခါ ချန်ဖေးမှာ ဒေါသစိတ်ကြောင့် ရူးမတတ်ဖြစ်သွားလေသည်။
သူက ငါ့ထက် နည်းနည်းလောက်ပိုချောနေတော့ရော ဘာဖြစ်သေးလဲ?
"ချောတာက ဘာလုပ်လို့ရမှာလဲ။ သူက ငါ့လောက်ချမ်းသာလို့လား"
သူက လှောင်ရယ်သံတစ်သံနှင့်အတူ သရော်လိုက်လေသည်။
•••••••••••••••