← Chapters

နတ်ဘုရား အသွင်ပြောင်း ဘုံ အမွေအနှစ်

Vol. 23 Ch. 333

နတ်ဘုရား အသွင်ပြောင်း ဘုံ အမွေအနှစ်

Vol. 23 Ch. 333

~"အစ်ကိုဖုန်း။ မြန်မြန်လုပ်ပါဦး... ကျွန်တော်တို့ကို ကယ်ဖို့ နည်းလမ်းရှာပါ...။ ချင်းချင်း... ချင်းချင်း သတိလစ်သွားပြီ။"

ကျောက်တောင်များ အတွင်းမှ... လျိုချင်းယန်၏ အလွန်အမင်း ထိတ်ပျာနေသော အော်ဟစ်သံကြီးက တစ်ဖန် ထွက်ပေါ်လာပြန်သည်။

"လူ အရှင်တွေ။" ဖုန်းဝူချန်၏ မျက်နှာမှာ အံ့ဩမှုများဖြင့် ပြည့်နှက်သွား၏။ 'အထီးကျန် နယ်မြေ' ထဲတွင် သက်ရှိထင်ရှား လူများ ရှိနေသေးသည်ကို သူ မယုံကြည်နိုင်ခဲ့ပေ။

"ဒါ မဖြစ်နိုင်ဘူး။ 'အထီးကျန် နယ်မြေ' က ရှေးဟောင်း စစ်မြေပြင်တစ်ခု... နှစ်ပေါင်း ဘယ်လောက်တောင် ကြာနေပြီလဲ ဘယ်သူသိမှာလဲ...။ ဘယ်လိုလုပ် လူ အရှင်တွေ ရှိနေနိုင်မှာလဲ။" ကျန်းကျွင့်လန်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

သို့ဖြစ်သော်ငြားလည်း... ယခုအချိန်သည် ဤအကြောင်းကို ဆွေးနွေးရမည့် အချိန် မဟုတ်ပေ။ အရေးကြီးဆုံးမှာ သူတို့ကို ကယ်တင်ရန် နည်းလမ်းကို အမြန်ဆုံး စဉ်းစားရန် ဖြစ်သည်။ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ အသက်ရှင်နေသရွေ့... သူတို့ကို ကယ်တင်နိုင်သေး၏။ ...သို့သော်... မည်သို့ ကယ်တင်ရမည်နည်း။ ထိုအဟန့်အတားက အလွန် အစွမ်းထက်လွန်းရာ... ဖုန်းဝူချန်ပင်လျှင် ၎င်းကို မထိုးဖောက်နိုင်ခဲ့ပေ။

"ဆရာ... ဆရာ့မှာ နည်းလမ်း ရှိလား။" ကျန်းကျွင့်လန်က စိုးရိမ်တကြီး မေးလိုက်သည်။

ဖုန်းဝူချန်၏ မျက်နှာထားမှာ တင်းမာနေ၏။ သူ့တွင် နည်းလမ်း ရှိသည့်တိုင်... လုံလောက်သော စွမ်းအား မရှိဘဲနှင့်တော့... အသုံးဝင်မည် မဟုတ်ပေ။

"စီနီယာ... ကျွန်တော့် သူငယ်ချင်းတွေကို မထိခိုက်စေဖို့ တောင်းပန်ပါတယ်...။ ခင်ဗျား ဘာပဲ တောင်းဆိုလာပါစေ... ကျွန်တော် အားလုံး သဘောတူနိုင်ပါတယ်။" ဖုန်းဝူချန်တစ်ယောက် အတန်ကြာ တိတ်ဆိတ်နေပြီးနောက်... နောက်ဆုံးတွင် ဖွင့်ဟ ပြောဆိုလိုက်တော့သည်။

ကျောက်တောင်များ အတွင်းမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ပေ။

ဖုန်းဝူချန်၏ မျက်နှာထားမှာ ပို၍ အေးစက်လာပြီး... သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွား၏။

"စီနီယာ... တစ်ခုခုတော့ အနည်းဆုံး ပြောပါဦး။" လျိုချင်းယန်၏ စိုးရိမ်နေသော အသံက ကျောက်တောင်များ အတွင်းမှ ထွက်ပေါ်လာသည်။

"ခင်ဗျား... ကျွန်တော့် သူငယ်ချင်းတွေကို ထိရဲထိကြည့်...။ ခင်ဗျားကို သေတာထက် ဆိုးတဲ့ ဘဝမျိုး ရောက်သွားအောင် လုပ်ပစ်ဖို့ နည်းလမ်းပေါင်း တစ်ထောင် ကျွန်တော့်မှာ ရှိတယ်။" ဖုန်းဝူချန်၏ အသံမှာ ရေခဲတမျှ အေးစက်သွားပြီး... ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပျံ့နှံ့ ထွက်ပေါ်လာသည်။

ထိုစဥ်၊ အဘိုးအို တစ်ဦး၏ ရယ်မောနေသော အသံတစ်ခုက ကျောက်တောင်များ အတွင်းမှ ထွက်ပေါ်လာ၏။

"လူငယ်လေး... မင်း စကားကြီး စကားကျယ်တွေ ပြောလှချည်လား။"

"တကယ်ကြီး တစ်ယောက်ယောက် ရှိနေတာပဲ။" ကျန်းကျွင့်လန်၏ မျက်နှာမှာ တစ်ဖန် ကွက်ခနဲ ပျက်သွားပြန်သည်။

"အဘိုးကြီး...။ 'အထီးကျန် နယ်မြေ' ထဲက ချိပ်ပိတ်မှုက 'နတ်ဘုရား အသွင်ပြောင်း ဘုံ' က စွမ်းအားရှင် တစ်ယောက်ယောက်အတွက် စိန်ခေါ်မှု ဖြစ်နိုင်တယ်... ဟုတ်တယ်မလား။ ရှင်.. ကျွန်မ သူငယ်ချင်းတွေကို ထိရဲထိကြည့်...။ 'အထီးကျန် နယ်မြေ' ရဲ့ တံခါး ပိတ်သွားရင်တောင်... ကျွန်မမှာ ဒီချိပ်ပိတ်ကို အတင်းအကျပ် ချိုးဖျက်ပြီး ရှင့်ကို ဆွဲထုတ်လာဖို့ နည်းလမ်းတွေ ရှိတယ်။" လင်ရှောင်ရှောင်က ခြိမ်းခြောက်လိုက်သည်။

"နတ်ဘုရား အသွင်ပြောင်း ဘုံ။" ကျန်းကျွင့်လန်က လင်ရှောင်ရှောင်ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။ လင်ရှောင်ရှောင်၏ နောက်ကွယ်မှ အင်အားစုတွင် 'နတ်ဘုရား အသွင်ပြောင်း ဘုံ' မှ စွမ်းအားရှင် တစ်ဦး အမှန်တကယ် ရှိနေပါသည်လား။

'နတ်ဘုရား အသွင်ပြောင်း ဘုံ' စွမ်းအားရှင်များမှာ... ကမ္ဘာကြီးကို မှောက်လှန်ပစ်နိုင်သော ကြောက်မက်ဖွယ် နတ်ဘုရား ပညာရပ်များ ပိုင်ဆိုင်ထားသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ကျောက်တောင်များ အတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုက... ခြိမ်းခြောက်မှုကို ကြောက်ရွံ့ခြင်းမရှိဘဲ... တည်ငြိမ်စွာ ခပ်ပေါ့ပေါ့ ရယ်မောလိုက်သည်။

"ဟေ...။ 'နတ်ဘုရား အသွင်ပြောင်း ဘုံ' ဟုတ်လား။ 'နတ်ဘုရား အသွင်ပြောင်း ဘုံ' က စွမ်းအားရှင်တွေက ဒီနေရာက ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်တာတော့ မှန်ပါတယ်၊ ဟားဟား။"

"ကျွန်မရဲ့ စွမ်းအားကို သံသယ မဝင်နဲ့။" လင်ရှောင်ရှောင်က အေးစက်စွာ ဆို၏။

"မင်းရဲ့ စွမ်းအားကို ငါ သံသယ မဝင်ပါဘူး။ မင်းရဲ့ ဇာစ်မြစ်ကိုလည်း ငါ သိတယ်...။ ...ဒါပေမဲ့... အဲ့ဒါက ဘာဖြစ်လဲ။ 'နတ်ဘုရား အသွင်ပြောင်း ဘုံ' က စွမ်းအားရှင်ပေါင်း မရေမတွက်နိုင်အောင် ငါ့လက်နဲ့ သေဆုံးသွားတာကို ငါ မြင်ဖူးပြီးပြီ။" အဘိုးအို၏ မောက်မာသော အသံက ထွက်ပေါ်လာသည်။

ဤစကားကို ကြားသောအခါ... လင်ရှောင်ရှောင် မဆိုထားနှင့်... ဖုန်းဝူချန်ပင်လျှင် တုံ့ခနဲ ဖြစ်သွားသည်။ 'နတ်ဘုရား အသွင်ပြောင်း ဘုံ' မှ စွမ်းအားရှင်များကို သတ်ခဲ့သည်တဲ့လား။

...ပြီးတော့... တစ်ယောက် နှစ်ယောက်တည်းလည်း မဟုတ်...။

သူက လင်ရှောင်ရှောင်၏ ဇာစ်မြစ်ကိုပင် တပ်အပ် သိမြင်နေသည်။

ဤလျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုမှာ အမှန်တကယ် မည်သူနည်း။

"ဒါပေမဲ့... မင်းတို့ အထင်လွဲနေပြီ...။ မင်းတို့ သူငယ်ချင်းတွေကို ငါ ထိခိုက်စေလိုတဲ့ ဆန္ဒ မရှိပါဘူး။ ...ဆန့်ကျင်ဘက် အနေနဲ့... ငါ သူတို့ နှစ်ယောက်ကို သဘောကျသွားပြီး... ငါ့ဘဝ တစ်လျှောက်လုံးက ပညာရပ်တွေကို သူတို့ဆီ အမွေပေးခဲ့မလို့...။ ဟူး ...ငါ့ရဲ့ အစစ်အမှန် ယွမ်စွမ်းအင် အမျှင်တစ်စုကလည်း ကြာကြာခံတော့မှာ မဟုတ်ဘူး…" အဘိုးအို၏ အသံက သက်ပြင်းချသံနှင့်အတူ ကျောက်တောင်များ အတွင်းမှ ထပ်မံ ထွက်ပေါ်လာသည်။

"သိုင်းပညာ အမွေပေးမယ်။"

"အစစ်အမှန် ယွမ်စွမ်းအင်။"

ဖုန်းဝူချန်၊ လင်ရှောင်ရှောင်နှင့် ကျန်းကျွင့်လန်တို့အားလုံး၏ မျက်နှာများတွင် အံ့ဩမှုများ လွှမ်းခြုံသွားရ၏။

"ကျွန်... ကျွန်တော်...အကြားမှားတာ မဟုတ်ဘူးမလား။" လျိုချင်းယန်၏ မယုံကြည်နိုင်သော အသံက ကျောက်တောင်များ အတွင်းမှ ထွက်ပေါ်လာ၏။

"မင်း ကြားတာ မှန်တယ်...။ ...ငါက အဲ့ဒီနှစ်က ကြီးကျယ်တဲ့ စစ်ပွဲကြီးမှာ ကျဆုံးသွားခဲ့ပြီးပြီ...။ မသေဆုံးခင်မှာ... ငါ့ရဲ့ အစစ်အမှန် ယွမ်စွမ်းအင် အမျှင်တစ်စုကို ဒီနေရာမှာ ချိပ်ပိတ်ထားခဲ့တာ...။ ...ငါ့ရဲ့ ပညာရပ်တွေ အလဟဿ မဖြစ်ရအောင်လို့... ငါ့ရဲ့ တစ်ဘဝတာ သိုင်းပညာ အားလုံးကို အမွေပေးဖို့... ကံကြမ္မာပါတဲ့ လူတစ်ယောက် ပေါ်လာတာကို စောင့်နေခဲ့တာ။" အဘိုးအို၏ တည်ငြိမ်သော အသံက ဆက်လက် ထွက်ပေါ်လာသည်။

"ဒါ... ဒီလိုကိုး။ ကြည့်ရတာ ကျွန်တော်တို့ စီနီယာကို အထင်လွဲသွားပုံပဲ။" ဖုန်းဝူချန်က အလျင်အမြန် ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ ..ကျေးဇူးတင်ပါတယ်… စီနီယာ"

လျိုချင်းယန်က သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲထွက်မတတ် ဖြစ်နေလျက်... အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"အရမ်း ဝမ်းသာမနေနဲ့ဦး... ကောင်လေး။ ငါ စိတ်ဝင်စားတာက ဟို ကောင်မလေးကို...။ ...မင်းက သူနဲ့ တူညီတဲ့ ဓားသိုင်းပညာကို ကျင့်ကြံနေတာ မဟုတ်ရင်... ငါ့အမွေကို မင်းဆီ လက်ဆင့်ကမ်းပေးမယ် ထင်နေတာလား။" အဘိုးအို၏ သတိပေးသံက ကျောက်တောင်များ အတွင်းမှ ထွက်ပေါ်လာ၏။

"ဟီးဟီး... အကြီးအကဲ ပြောတာ မှန်ပါတယ်.. ကျွန်တော်က ကံကောင်းသွားတာပါ။" လျိုချင်းယန်က မလိမ်မိုးမလိမ်မာ ရယ်မောလိုက်သည်။

နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ရှိသူတစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်ဆိုမှတော့... ဤအဘိုးအိုသည်လည်း ထိုဘုံသို့ ရောက်ရှိနေသူတစ်ဦး ဖြစ်ရပေမည်။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့သည် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ရှိသူထံမှ အမွေဆက်ခံရမည်ဟူသော အချက်ကား ယုံကြည်နိုင်ဖွယ်ရာပင် မရှိတော့ချေ။

အင်မော်တယ်စုံတွဲထံမှ အမွေအနှစ်များကို ရရှိထားပြီးဖြစ်သည့်အပြင် ယခုတစ်ဖန် ဂန္ထဝင်ပုဂ္ဂိုလ်ကြီး တစ်ဦး၏ အမွေကိုပါ ဆက်ခံရဦးမည်တဲ့လား။ သူတို့ ကံကောင်းပုံများ ပြောရမည်ဆိုလျှင် မိုးမီးလောင်သည်ဟုပင် ဆိုရပေတော့မည်။

“ဟေ့... ကောင်လေး၊ မင်းဆီကထွက်နေတဲ့ အရှိန်အဝါတချို့က ငါ့အတွက်တော့ သိပ်ရင်းနှီးနေသလိုပဲ...”

ထိုစကားသံကြီး ထွက်ပေါ်လာသည်နှင့် ဖုန်းဝူချန်၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားလေ၏။

‘နတ်ဆိုး နဂါးနတ်ဘုရား... ဒီစီနီယာကြီးက နတ်ဆိုး နဂါးနတ်ဘုရားကို သိနေတာလား...'

လင်ရှောင်ရှောင်နှင့် ကျန်းကျွင့်လန်တို့သည်လည်း ဖုန်းဝူချန်ကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။ လျှို့ဝှက်ဆန်းကြယ်သော စီနီယာကြီး ပြောနေသည့် 'ရင်းနှီးသော အရှိန်အဝါ' ဆိုသည်မှာ ဘယ်သူ့ကို ပြောချင်မှန်း သိချင်စိတ်ဖြင့် စပ်စုနေကြပုံရ၏။

'ဒီစီနီယာကြီး ပြောနေတာက... နဂါးမျိုးနွယ်စုထဲက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်များလား…’

ဖုန်းဝူချန်သည် နတ်ဆိုး နဂါးနတ်ဘုရား၏ မှတ်ဉာဏ်ပင်လယ်ကြီးကို အမြန်ဆုံး မွှေနှောက်ရှာဖွေလိုက်လေသည်။ သို့သော်... တစ်ခုမကျန် ရှာဖွေပြီးသည့်တိုင် ဤအထီးကျန် နယ်မြေ အတွင်း၌ ရှေးဟောင်းအစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦး ခိုအောင်းနေသည်ဆိုသော အချက်အလက်မျိုးကိုတော့ ဆံခြည်တစ်မျှင်စာမျှပင် ရှာမတွေ့ခဲ့ချေ။

'ဒါဆိုရင်... ချီလင်မျိုးနွယ်စု များ ဖြစ်နေမလား...'

ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲတွင် နတ်ဆိုး နဂါးနတ်ဘုရား၏ အငွေ့အသက်များ ရှိနေသည်သာမက... ချီလင်ချပ်ဝတ်ကိုပါ ပိုင်ဆိုင်ထားသည်ဖြစ်ရာ ချီလင် မျိုးနွယ်စု၏ အရှိန်အဝါများလည်း ရှိနေသည်မှာ မဆန်းပေ။

“အချိန် သိပ်မရတော့ဘူးကွ... အင်မော်တယ် ဝိညာဉ်ကျောက်တုံးကိုပဲ ဆက်ရှာကြစမ်းပါ၊ မင်းတို့ အနားမှာပဲ ရှိတယ်... ငါ့ကို လာပြီး အာရုံမနောက်ကြနဲ့တော့...”

ထိုအသံပိုင်ရှင် စီနီယာကြီးသည် ဖုန်းဝူချန် မေးသည့် 'ရင်းနှီးသော အရှိန်အဝါ' က ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုတော့ ရှင်းမပြသွားခဲ့ပေ။

“ကဲ... အင်မော်တယ်ဝိညာဉ်ကျောက်တုံးကိုပဲ ဆက်ရှာကြတာပေါ့...”

ဖုန်းဝူချန် ပြုံးလိုက်မိသည်။ သူ့စိတ်ထဲတွင်တော့ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ နှစ်ယောက်အတွက် ဝမ်းသာပီတိဖြစ်နေရချေ၏။

“ကံကောင်းလိုက်ကြတာဗျာ... ဘုရားရှင်အသွင်ပြောင်းနယ်ပယ် အဆင့်ရှိတဲ့ ဆရာသခင်တစ်ယောက်ရဲ့ အမွေအနှစ်တဲ့...”

ကျန်းကျွင့်လန်တစ်ယောက် အားကျလွန်းသဖြင့် တံတွေးပင် မျိုချလိုက်မိမတတ် ဖြစ်သွားရှာသည်။

ဘုရားရှင်အသွင်ပြောင်းနယ်ပယ် အဆင့်ရှိသူတစ်ဦး၏ အမွေအနှစ်ဆိုသည်မှာ အထီးကျန် နယ်မြေတစ်ခုလုံးရှိ ရတနာများအားလုံး ပေါင်းစပ်ထားသည်ထက်ပင် တန်ဖိုးကြီးမားလှပေရာ... မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

ကျောက်တောင်ကြီး၏ အတွင်းဘက်တွင်မူ ဆယ်စတုရန်းမီတာခန့် ကျယ်ဝန်းသော လူလုပ်လိုဏ်ဂူငယ်တစ်ခု ရှိနေလေသည်။

ထိုဂူအတွင်း၌ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် ဝတ်ရုံဖြူဝတ် လူအိုကြီးတစ်ဦးသည် လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့၏ 'ထျန်းလင်' ငယ်ထိပ်ပေါ်သို့ လက်အုပ်မိုးကာ သူ၏ တစ်သက်တာ ဆည်းပူးထားသမျှ သိုင်းပညာရပ်များကို လက်ဆင့်ကမ်း အမွေပေးအပ်နေလေ၏။

“အင်မော်တယ် ဝိညာဉ် ခန္ဓာ ... ”

နာရီဝက်ခန့် ကြာမြင့်ပြီးနောက်... ကျောက်တောင်အတွင်းမှ ထိုလူအိုကြီး၏ အံ့အားသင့်တုန်လှုပ်စွာ အော်ဟစ်လိုက်သံ ရုတ်တရက် ထွက်ပေါ်လာချေတော့သည်။

"အင်မော်တယ် ဝိညာဉ် ခန္ဓာ။ ...ဒါ... ဒါ ဘယ်လို ခန္ဓာကိုယ် အမျိုးအစားလဲ။" လိုဏ်ဂူအတွင်းမှ လျိုချင်းယန်က ရှုပ်ထွေးစွာ မေးလိုက်သည်။

ဖုန်းဝူချန်နှင့် အခြား နှစ်ဦးတို့မှာ တုန်လှုပ်သော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြပြီး... "အင်မော်တယ် ဝိညာဉ် ခန္ဓာ…..။" ဟု တညီတညွတ်တည်း သံယောင်လိုက်မိကြသည်။

"ချင်းချင်းက... 'အင်မော်တယ် ဝိညာဉ် ခန္ဓာ' ပိုင်ရှင်...။" ဖုန်းဝူချန်တစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားပြီး... သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် တောင့်တင်းသွား၏။

"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ" လင်ရှောင်ရှောင်က ထိတ်လန့်တကြား ကြောင်ငေးနေမိသည်။

"လူတစ်သောင်းမှာ တစ်ယောက်ပဲ ရှိတဲ့...။ လူတစ်သောင်းမှာ တစ်ယောက်တည်းသော ခန္ဓာကိုယ်...။" အဘိုးအို၏ စိတ်လှုပ်ရှားနေသော အသံက ထွက်ပေါ်လာသည်။

"အကြီးအကဲ... 'အင်မော်တယ် ဝိညာဉ် ခန္ဓာ' ဆိုတာ တကယ်တမ်း.. ဘာကြီးလဲ။" လျိုချင်းယန်က အလျင်စလို မေးလိုက်သည်။

"'အင်မော်တယ် ဝိညာဉ် ခန္ဓာ' လို့ ခေါ်ရတဲ့ အကြောင်းရင်းက... ...ကျင့်ကြံခြင်းအတွက် ဘယ်လို စွမ်းအားမျိုးကိုမဆို စုပ်ယူနိုင်ပြီး... ကျင့်ကြံခြင်း အရှိန်ကလည်း အင်မတန် ကြောက်ဖို့ ကောင်းလို့ပဲ...။ ...ဒါ့အပြင်... 'အင်မော်တယ် ဝိညာဉ် ခန္ဓာ' မှာ... 'အင်မော်တယ် ဝိညာဉ်' စွမ်းအားက သဘာဝအတိုင်း ပါရှိနေတယ်...။ ...ဒါက ရှေးဟောင်း စွမ်းအားတွေထဲမှာ အဆင့် သုံး ချိတ်တယ်။" အဘိုးအို၏ အာမေဋိတ်သံမှာ... သူ၏ အသံနှင့်အတူ တုန်ယင်လျက် ထပ်မံ ထွက်ပေါ်လာသည်။

"ရှေးဟောင်း စွမ်းအား အဆင့် သုံး။ ...ကြောက်စရာကြီး" လျိုချင်းယန်က သူ့ဘေးမှ မြောင်ချင်းချင်းကို ကြောက်လန့်တကြားနှင့် မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ ...သူမတွင် ဤမျှ ကြောက်မက်ဖွယ် ခန္ဓာကိုယ်မျိုး ရှိနေမှန်း သူ တစ်ခါမျှ မသိခဲ့ပါတကား။

"ဒီကောင်မလေးရဲ့ 'အင်မော်တယ် ဝိညာဉ် ခန္ဓာ' က မနိုးထသေးလို့သာ... မင်းတို့ မမြင်နိုင်တာ...။ ...နိုးထလာတာနဲ့... သူ့ရဲ့ အောင်မြင်မှုတွေက တကယ့်ကို ကြောက်စရာ ဖြစ်လာမှာ သေချာတယ်။" အဘိုးအို၏ စိတ်လှုပ်ရှားနေသော အသံက ထပ်မံ မြင့်တက်လာသည်။

'ငါ ချင်းချင်းရဲ့ ခန္ဓာကိုယ်ကို တစ်ခါမှ သေချာ မစစ်ဆေးကြည့်မိဘူး...။ 'အင်မော်တယ် ဝိညာဉ် ခန္ဓာ' ပိုင်ရှင် ပါရမီရှင်တစ်ယောက်က ငါ့ဘေးနားမှာ ရှိနေမှန်း ငါ ဘယ်လိုလုပ် သိမှာလဲ။' ဖုန်းဝူချန်တစ်ယောက် အတွင်းစိတ်ထဲတွင် မယုံနိုင်လောက်အောင် တုန်လှုပ်နေမိသည်။

'...နေဦး...။ ချင်းချင်းက... တကယ်တော့ ဘယ်သူလဲ။' ဖုန်းဝူချန်တစ်ယောက် ထိုအခါမှ သတိပြုမိသွားတော့သည်။

ဖုန်းဝူချန်တစ်ယောက်... သူ မြောင်ချင်းချင်း၏ ဂုဏ်ပုဒ်ကို ယခုထိ မသိသေးကြောင်း သဘောပေါက်သွား၏။

လျိုချင်းယန်က မြောင်ချင်းချင်း၏ ဇာစ်မြစ်အကြောင်းကို တစ်ခါမျှ မပြောခဲ့ဖူးပေ။ ဖုန်းဝူချန် သိသည်မှာ... လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြသည်ဟူ၍သာ...။ သူမအကြောင်း ဘာမှ ထပ်မသိတော့ချေ။

'အင်မော်တယ် ဝိညာဉ် ခန္ဓာ' ကို ပိုင်ဆိုင်ထားသော မြောင်ချင်းချင်းမှာ... သာမန် ဇာစ်မြစ်မှ လာသူ မဖြစ်နိုင်ပေ။

"ပြည်မကြီးတစ်ခုလုံးမှာ ရှာမတွေ့နိုင်တဲ့ 'အင်မော်တယ် ဝိညာဉ် ခန္ဓာ' က... ယန်ဟော် အင်ပါယာမှာ ပေါ်လာတယ်...။" ကျန်းကျွင့်လန်တစ်ယောက် အလွန်အမင်း တုန်လှုပ်သွားသည်။

"ဟား ဟား။ ကောင်းလိုက်တာ...။ ငါ့ဘဝမှာ 'အင်မော်တယ် ဝိညာဉ် ခန္ဓာ' ကို တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ...ပြီးတော့... ငါ့ရဲ့ တစ်ဘဝတာ သိုင်းပညာတွေကို လက်ဆင့်ကမ်းပေးခွင့် ရလိုက်သေးတယ်။" အဘိုးအိုက စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

သူတို့၏ နှလုံးသားထဲမှ သံသယများနှင့် တုန်လှုပ်မှုများကို ဖိနှိပ်လိုက်ပြီး... ဖုန်းဝူချန်နှင့် အခြားသူများမှာ 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' များကို ဆက်လက် ရှာဖွေကြသည်။

တောင်ခြေရင်း ပတ်ပတ်လည်တွင် 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' များ၏ အရိပ်အယောင်ကို ရှာမတွေ့နိုင်သောအခါ... ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့မှာ... မြေအခြေပြု အစစ်အမှန် ယွမ်စွမ်းအင်ကို အသုံးပြု၍... တောင်၏ ကိုယ်ထည် အတွင်းထဲသို့ ထိုးဖောက် ရှာဖွေရန် ကြိုးစားကြတော့သည်။

အဘိုးအိုကလည်း 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' များမှာ အနီးအနားတွင် ရှိသည်ဟု ပြောခဲ့သဖြင့်... ၎င်းတို့ ရှိနေရမည်မှာ သေချာပြီး... မြေပုံ၏ အမှတ်အသားမှာလည်း မှားယွင်းမည် မဟုတ်ပေ။

အချိန် မည်မျှ ကြာသွားသည် မသိ...။ ကျန်းကျွင့်လန်က ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဆရာ။ ကျွန်တော် တွေ့ပြီ။ ...ဒီတောင်ထဲမှာ။"

ဤစကားကို ကြားသောအခါ... ဖုန်းဝူချန်တစ်ယောက် အလွန် ဝမ်းမြောက်သွားပြီး... ထိုနေရာသို့ ရိပ်ခနဲ ပျံသန်းသွားသည်။ "တကယ်ပဲ... 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' တွေပဲ။"

"အိုး…အများကြီးပဲ။" လင်ရှောင်ရှောင်ကလည်း ၎င်းတို့ကို အာရုံခံမိလိုက်သည်။

"ဒီတောင်ကို ခုတ်လှဲပစ်မယ်။" ဖုန်းဝူချန်က 'နဂါးနတ်ဘုရားဓား' ကို ဆွဲထုတ်လိုက်ပြီး... အစစ်အမှန် ယွမ်စွမ်းအင်ကို သွင်းလိုက်ရာ... ဓားသွားမှာ တောက်ပသော ရွှေရောင် အလင်းများ ဖြာထွက်လာပြီး... ကြမ်းတမ်းသော ဓားစွမ်းအင်များ ဖွဲ့တည်လာသည်။

"ဝှီး။"

"ဘုန်း။"

ဖုန်းဝူချန်က 'နဂါးနတ်ဘုရားဓား' ကို ဝှေ့ယမ်းလိုက်သည်နှင့်... ကြောက်မက်ဖွယ် ဓားအလင်းတန်းတစ်ခု ပစ်ထွက်သွားသည်။ ဧရာမ တောင်ကြီး၏ ကိုယ်ထည်မှာ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက်... "ဘုန်း" ခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ... ကြီးကျယ်ခမ်းနားသော တောင်ထွတ်ကြီးမှာ ပြိုကျသွားတော့သည်။

မရေမတွက်နိုင်သော ကျောက်တုံး အပိုင်းအစများ လွင့်စင်သွားပြီး... ကြီးမားသော ဖုန်မှုန့် တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ဖုန်းဝူချန်က လေအခြေပြု အစစ်အမှန် ယွမ်စွမ်းအင်ကို ထုတ်လွှတ်ကာ... လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ... အရိုင်းအစိုင်း လေပြင်းတစ်ချက်က ဖုန်မှုန့်များနှင့် ကျောက်တုံး အပိုင်းအစများအားလုံးကို တိုက်ခတ် သယ်ဆောင်သွားသည်။

ပြိုကျသွားသော တောင်ထွတ်ကြီးမှာ... အစောပိုင်းက ကြီးကျယ်ခမ်းနားမှုများ ပျောက်ဆုံးသွားပြီး... တောင်၏ ကိုယ်ထည် သုံးပုံနှစ်ပုံမှာ လုံးဝ ပြိုကျသွားခဲ့လေပြီ။

ထို့နောက်... ထူးခြားသော အရှိန်အဝါတစ်ခု ပျံ့နှံ့လာပြီး... ၎င်းနှင့်အတူ အပြာရောင်ဖျော့ဖျော့ အလင်းကွင်းတစ်ခု ပါလာသည်။ ...လှမ်းကြည့်လိုက်သောအခါ... တောင်၏ မျက်နှာပြင်ပေါ်တွင် အပြာရောင်ဖျော့ဖျော့ ပုံဆောင်ခဲ ကျောက်တုံး အပိုင်းအစတစ်ခု ထွက်ပေါ်နေသည်ကို တွေ့လိုက်ရ၏။

ထိုပုံဆောင်ခဲ ကျောက်တုံးများမှာ အပြာရောင်ဖျော့ဖျော့ ဖြစ်ပြီး... အလွန် လှပကာ... ထူးခြားသော စွမ်းအားတစ်မျိုး ပါဝင်နေသည်။... ၎င်းတို့က'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' များပင်တည်း။

'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' အနည်းငယ် မဟုတ်...။ ...အစအန ဒါဇင်ပေါင်း များစွာပင် ရှိနေသည်။ အကြီးဆုံးမှာ လက်သီးတစ်လုံးစာမျှ ရှိပြီး... အသေးဆုံးမှာ လက်မ အရွယ်မျှ ရှိလေသည်။

ဤ အပိုင်းအစများသာ ဖြစ်သော်လည်း... သူတိ့မှာ ရူးလောက်သော တန်ဖိုးပင် ရှိနေသည်။

ပြည်မကြီးတွင်... ဤကျောက်တုံးများကြောင့် အင်အားစုကြီးများ အငမ်းမရ ပြိုင်ဆိုင်ကြပြီး... တိုက်ခိုက် သတ်ဖြတ်သည့် အဆင့်အထိပင် ရောက်ရှိသွားနိုင်ပါ၏။

"ငါတို့ တွေ့ပြီ။ တွေ့ပြီ။ ...အများကြီးပဲ။" ကျန်းကျွင့်လန်တစ်ယောက် ပီတိဖြစ်သွားသည်။

"ဒီ 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' တွေ... ဒီနေရာမှာ ပုံပေါ်ဖို့ နှစ်ပေါင်း ဘယ်လောက်တောင် ကြာလိုက်မလဲ မသိဘူး။" လက်သီးတစ်လုံးစာမျှ ရှိသော 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' များကို ကြည့်ရင်း... ဖုန်းဝူချန်တစ်ယောက် စိတ်လှုပ်ရှားသလို တုန်လှုပ်နေမိသည်။

သို့သော်... ဖုန်းဝူချန်နှင့် အခြားသူများ 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' များကို တွေ့ရှိလိုက်စဉ်မှာပင်... အစွမ်းထက်သော အရှိန်အဝါ နှစ်ခုက... ကျောက်တောင် အတွင်းမှ လိုဏ်ဂူထဲမှ... ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် စတင် ထိုးတက်လာခဲ့သည်။

"ချင်းယန်နဲ့ ချင်းချင်းတို့ရဲ့ ကျင့်ကြံအဆင့်တွေ တက်လာပြီ။" ဖုန်းဝူချန်နှင့် အခြား နှစ်ဦးတို့ စူးရှစွာ လှည့်ကြည့်လိုက်ကြသည်။

"ယွမ်တန်ဘုံ သတ္တမလွှာ။"

"ယွမ်တန်ဘုံ အဋ္ဌမလွှာ။"

"ယွမ်တန်ဘုံ နဝမ အလွှာ။"

"ထျန်းယွမ် ဘုံ ပထမလွှာ။"

All Chapters