← Chapters

ထိတ်လန့်တကြား အသက် ဘေး တောင်းပန်ခြင်း

Vol. 23 Ch. 336

ထိတ်လန့်တကြား အသက် ဘေး တောင်းပန်ခြင်း

Vol. 23 Ch. 336

~“ဝှစ်..ဝှစ်”

နဂါး သွေးမျိုးဆက် စွမ်းအားနှင့် အထွတ်အထိပ် ခန္ဓာကိုယ် ဒုတိယအဆင့်၏ စွမ်းအားတို့ ပေါင်းစပ်လိုက်သည်နှင့်... လေဟာနယ်ကြီးတစ်ခုလုံး သိမ့်သိမ့်ခါသွားလေသည်။ ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှ သွေးဆာရိုင်းစိုင်းသော အရှိန်အဝါများ ပျံ့လွင့်ထွက်ပေါ်လာ၏။ ချက်ချင်းဆိုသလိုပင်... သူ၏ အရှိန်အဝါသည် ထျန်းယွမ် ဘုံ ပဉ္စမအလွှာ သို့ တဟုန်ထိုး ခုန်တက်သွားတော့သည်။

"ချီလင် ချပ်ဝတ်"

သူ၏ စိတ်အကြံတစ်ခုနှင့်အတူ ချီလင် ချပ်ဝတ် က ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ရောက်ရှိလာသည်။ ကြောက်မက်ဖွယ် သွေးရောင် အရှိန်အဝါများ လေပွေကဲ့သို့ ဝေ့ဝဲသွားပြီး... ဖုန်းဝူချန်၏ အရှိန်အဝါမှာ ထျန်းယွမ် ဘုံ ဆဌမအလွှာ သို့ ထပ်မံ ခုန်တက်သွားပြန်သည်။

"အထွတ်အထိပ် နဂါးနတ်ဘုရားဓား"

စိတ်အကြံတစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်နှင့်... နဂါးနတ်ဘုရားဓားသည် လေထဲတွင် ပေါ်ထွက်လာပြီး သူ၏ ရှေ့မှောက်၌ ရပ်တန့်သွား၏။ သူ၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် မြင့်တက်သွားကာ... ထျန်းယွမ် ဘုံ ဆဌမ အလွှာ၏ အထွတ်အထိပ်သို့...

မျက်စိတစ်မှိတ်အတွင်း... ဖုန်းဝူချန်၏ စွမ်းအားသည် တတိယ အလွှာမှ... ဆဌမ အလွှာ အထွတ်အထိပ်သို့ တက်လှမ်းသွားခဲ့လေပြီ။

"ဒါ..."

လုအိုယန်၏ အုပ်စုဝင် ငါးယောက်လုံးမှာ ကြောက်လွန်း၍ ကြက်သေသေသွားကြပြီး... ဖုန်းဝူချန်ကို သတ္တဝါကြီး တစ်ကောင်သဖွယ် စိုက်ကြည့်နေမိကြတော့သည်။

ယဲ့ကူချန်နှင့် သူ၏ အဖွဲ့သားများမှာလည်း နေရာမှာပင် ကျောက်ရုပ်များသဖွယ် ခဲသွားကြ၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တိုးတက်မှုမျိုးကို သူတို့ တစ်ခါမျှ မကြားဖူးခဲ့ပေ။ ဤအဖြစ်အပျက်က... ထျန်းယွမ် ဘုံ တတိယ အလွှာအပေါ် သူတို့ နားလည်ထားသမျှ အသိဥာဏ် အားလုံးကို လုံးလုံးလျားလျား မှောက်လှန်ပစ်လိုက်သည်။

"...ထျန်းယွမ် ဘုံ တတိယ အလွှာကနေ... ဆဌမ အလွှာအထွတ်အထိပ်... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"မယုံနိုင်စရာပဲ... ဖုန်းဝူချန်... ဖုန်းဝူချန်က တကယ်ပဲ သာမန်လူ မဟုတ်ဘူး..."

"ဒါ... ဒါ သူ့ရဲ့ ရတနာပစ္စည်းတွေက သူ့စွမ်းအားကို မြှင့်တင်ပေးနေတာပဲ... တစ်ခါတည်းနဲ့ သုံးဆင့်လုံး ခုန်တက်သွားတယ်... မဖြစ်နိုင်တာ..."

"သူ့ဓားက... ဒုတိယအဆင့် ပုံသွင်းထားတာ... ကျိုကျိုး ကိုးပြည်ထောင်မှာ... ဒုတိယအဆင့် လက်နက် ပုံသွင်းဆရာ ရှိတယ်... ဟုတ်လား..."

ယဲ့ကူချန်တို့ အုပ်စုမှာ တိုက်ကြီးအသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့... အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားကြသည်။

"ငါ့ပစ္စည်းကို လုချင်တယ်... ရတယ်... မင်းတို့ အသက်နဲ့ လာလဲ" ဖုန်းဝူချန်၏ အသံက အေးစက်နေပြီး... သတ်ဖြတ်လိုစိတ်များက ပတ်ဝန်းကျင်သို့ လွှမ်းခြုံသွား၏။

"ဟွန့်၊မင်းတို့က... ဘယ်သူ့ဆီက လုနေမိမှန်းတောင် မသိရှာဘူး" လျိုချင်းယန်က အေးစက်စွာ ပြန်ဟောက်လိုက်သည်။

"နင်တို့တွေ တကယ် သေလမ်းရှာနေတာပဲ"

လင်ရှောင်ရှောင်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်... ကြည်လင်သော ရေခဲဓားတစ်လက် ပေါ်ထွက်လာ၏။ သူမ၏ သွေးမျိုးဆက် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး... သူမ၏ ကြောက်မက်ဖွယ် အရှိန်အဝါသည်... ထျန်းယွမ် ဘုံ ဒုတိယ အလွှာ မှ...ပဉ္စမ အလွှာ သို့... တဟုန်ထိုး ခုန်တက်သွားပြန်သည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း... ချက်ချင်းပင်... သုံးဆင့် တိတိ ခုန်တက်သွားခဲ့သည်။

ဖုန်းဝူချန်က သုံးဆင့် တက်သွားသည်။... လင်ရှောင်ရှောင်ကလည်း သုံးဆင့် တက်သွားသည်။

"ဟင်... သူ... သူကလည်း သုံးဆင့် တက်သွားတယ်"

လုအိုယန်တို့ အုပ်စုမှာ မျက်နှာများ ဖြူဖျော့သွားပြီး... အမူအယာများမှာ လုံးဝ ခဲသွားတော့သည်။

"သူ... သူ... သူကလည်း သုံးဆင့် တက်သွားတယ်... ဟုတ်လား"

"ဒါ... ဒါ... သူတို့နှစ်ယောက်လုံး သတ္တဝါဆန်းတွေလား"

"သူတို့ ခန္ဓာကိုယ်ထဲက စွမ်းအားက... 'အစစ်အမှန် ယွမ်စွမ်းအင်' မဟုတ်ဘူး"

မလှမ်းမကမ်းမှ ယဲ့ကူချန်တို့ အုပ်စုမှာ... လင်ရှောင်ရှောင် ထုတ်လွှတ်လိုက်သော စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ... မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားပြီး... သူတို့ မြင်နေရသည်ကို မယုံနိုင်အောင် ဖြစ်သွားကြသည်။

တုန်လှုပ်မှုမှ သတိပြန်ဝင်လာသောအခါ... လုအိုယန်က ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားနှင့် ဆိုလျှင်... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ကို ခြိမ်းခြောက်မှုအဖြစ် သူ မသတ်မှတ်ပေ။

လုအိုယန် (သတ္တမ အလွှာ) အပြင်... သူ၏ အဖွဲ့သားများမှာ... ဆဌမ အလွှာ တစ်ဦး၊ ပဉ္စမ အလွှာ နှစ်ဦး၊ နှင့် စတုတ္ထ အလွှာ တစ်ဦး ပါဝင်သည်။... ဤသည်မှာ အလွန်တရာ အင်အားကြီးမားသော အဖွဲ့အစည်း ဖြစ်သည်။

သူတို့ဘက်မှ အပြတ်အသတ် အသာစီး ရနေသေးသည်။

"မင်းတို့အားလုံး နောက်ဆုတ်နေ... ဒီကောင်ကို ငါတစ်ယောက်တည်း ရှင်းမယ်" လုအိုယန်က သူ၏ စွမ်းအားကို အပြည့်အဝ ယုံကြည်နေ၏။

"ဟက်... စိတ်ကူးယဉ်နေတာပဲ..."

"သုံးဆင့် တက်လာတာနဲ့... ဒုတိယ စီနီယာအစ်ကိုကို ယှဉ်နိုင်မယ် ထင်နေတာလား..."

တပည့်လေးယောက်မှာ လှောင်ရယ်လိုက်ကြသည်။ သူတို့အမြင်တွင်... တတိယ အလွှာ သည် တတိယ အလွှာသာ ဖြစ်သည်။ ဘယ်လောက်ပဲ ခုန်တက်လာပါစေ... ဆဌမ အလွှာ အစစ်၏ စွမ်းအားကို မည်သို့မျှ မယှဉ်နိုင်ပေ။

လုအိုယန်က ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ကို စူးစိုက်ကြည့်ရင်း…

"မင်းတို့နှစ်ယောက်... တစ်ပြိုင်တည်း တက်ခဲ့"

"မလိုဘူး" လင်ရှောင်ရှောင်က အေးစက်စွာ ဆိုလိုက်ပြီး... သူမ၏ အရှိန်အဝါကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

တစ်ယောက်ချင်း ဆိုလျှင်... လင်ရှောင်ရှောင် ဝင်စရာ မလို။ ဖုန်းဝူချန် တစ်ယောက်တည်းနှင့်ပင် လုံလောက်ပေသည်။

"...မလေးမစား..."

လုအိုယန်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူသည် လေဟာနယ်ကို ခြေစုံကန်လိုက်ပြီး... ချိန်ဆမနေတော့ဘဲ... ရက်စက်သော တိုက်ကွက်တစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်တော့သည်။

လုအိုယန်၏ အရှိန်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှ၏။ သူက ဖုန်းဝူချန်၏ ဦးခေါင်းတည့်တည့်သို့... ကြောက်မက်ဖွယ် လက်ဝါးချက်တစ်ချက်ဖြင့်... ရိုက်ချလိုက်သည်။

"ရပ်လိုက်စမ်း"

လုအိုယန်က ဖုန်းဝူချန်၏ ရှေ့သို့ ရောက်ရှိပြီး လက်ဝါးဖြင့် ရိုက်ချလိုက်စဉ်... ဖုန်းဝူချန်ကလည်း တန်ပြန် တိုက်ခိုက်ရန် ပြင်လိုက်သည့်... ထို တဒင်္ဂမှာပင်... ပြင်းထန်သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက... ကြောက်မက်ဖွယ် ဖိနှိပ်မှုနှင့်အတူ... လျင်မြန်စွာ ရိုက်ခတ်လာသည်။ မျက်စိတစ်မှိတ်အတွင်း... အဘိုးအိုတစ်ဦးက လေထဲမှ ပေါ်ထွက်လာသည်။

"မ.. မဟာအကြီးအကဲ"

ထိုဟိန်းဟောက်သံကို ကြားလိုက်သည်နှင့်... လုအိုယန်တို့ အုပ်စု၏ မျက်နှာများမှာ ချက်ချင်း ဖြူဖျော့သွားသည်။ လုအိုယန်မှာ သူ၏ လက်ဝါးချက်ကို အတင်းအကျပ် ရပ်တန့်လိုက်ရသည်။

ဖုန်းဝူချန်မှာလည်း သူ၏ တိုက်ကွက်ကို ရပ်တန့်လိုက်ပြီး... ထိုအဘိုးအိုကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

'...ထျန်းယွမ် ဘုံ အဌမ အလွှာ ... အစွမ်းထက် ပုဂ္ဂိုလ်ကြီးပဲ...'

"ထျန်းယွမ် ဘုံ ...အဌမ အလွှာ" လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ မျက်နှာများ ဖြူလျော်သွားကြသည်။

"သတိထား" လင်ရှောင်ရှောင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

ထိုအဘိုးအိုမှာ... ခရမ်းရောင် တိမ်တိုက် စံအိမ်၏ မဟာ အကြီးအကဲ... လီချင်ထျန်း ပင် ဖြစ်သည်။ သူ၏ စွမ်းအားမှာ ပေတိုရွှမ်း ထက် မနိမ့်ကျပေ။

ထို့အပြင်... လီချင်ထျန်းသည်... ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦးလည်း ဖြစ်သည်။

"မဟာအကြီးအကဲ... ဘယ်လိုလုပ် ဒီရောက်နေတာလဲဗျ..." လုအိုယန်က အံ့အားသင့်စွာ မေးလိုက်သည်။

"မင်း... သောက်သုံးမကျတဲ့ကောင်" လီချင်ထျန်း၏ မျက်နှာမှာ ဒေါသဖြင့် မည်းမှောင်သွားပြီး... လုအိုယန်ကို ကြမ်းတမ်းစွာ အော်ဟစ်ကာ... လက်တစ်ဖက်ဖြင့်...

"ဖြောင်း"

ကျယ်လောင်လှသော ရိုက်သံကြီး ထွက်ပေါ်လာသည်။ လီချင်ထျန်း၏ လက်ဝါးက လုအိုယန်၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ... လုအိုယန်မှာ သွေးများ အန်ထွက်သွားပြီး... နေရာမှာပင် မူးဝေသွားတော့သည်။

ထိုရိုက်ချက်ကြောင့်... ဖုန်းဝူချန်တို့ အုပ်စုမှာလည်း အံ့အားသင့်သွားကြသည်။

'...ဘာ... ဘာဖြစ်တာလဲ...'

'...သူတို့ နန်းတော်ရဲ့ အကြီးအကဲက... လုအိုယန်ကို... အကြောင်းမရှိဘဲ ရိုက်လိုက်တယ်...'

ယဲ့ကူချန်တို့ အုပ်စုမှာလည်း... ဘာဖြစ်သွားမှန်း မသိဘဲ... အူကြောင်ကြောင် ဖြစ်နေကြသည်။

"မဟာအကြီးအကဲ... ဘာ... ဘာဖြစ်လို့လဲ...ကျွန်တော်...ဘာမှားလို့လဲ..." လုအိုယန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ပါးစပ်ပိတ်ထား" လီချင်ထျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ထို့နောက်... သူသည် ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့ဘက်သို့ အလျင်အမြန် လှည့်လိုက်ပြီး... ခါးကိုကိုင်းကာ... အလွန်တရာ ရိုသေလေးစားသော အမူအယာဖြင့်...

"ဆေးဧကရာဇ်... သခင်လေး ကျန်း... ကျွန်တော် လီချင်ထျန်း... ဂါရဝပြုပါတယ်"

"ဆေး... ဆေးဧကရာဇ်... ... သခင်လေး ကျန်း..."

လုအိုယန်တို့ အုပ်စုရော... အဝေးမှ ယဲ့ကူချန်တို့ အုပ်စုပါ... မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားကြပြီး... သူတို့ မြင်နေရသည်ကို မယုံနိုင်အောင် ဖြစ်သွားကြသည်။

ခရမ်းရောင် တိမ်တိုက် စံအိမ်၏ မဟာအကြီးအကဲ... ထျန်းယွမ် ဘုံ တစ်ခုလုံးက ကြောက်ရွံ့ရသော ပုဂ္ဂိုလ်ကြီးက... ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့၏ ရှေ့မှောက်တွင်... ဤမျှ ရိုသေကျိုးနွံစွာ...

'...ဖုန်းဝူချန်နဲ့ ကျန်းကျွင့်လန်က..ဘယ်သူတွေလဲ...'

"လီချင်ထျန်း... ဒါ ..ခင်ဗျားရဲ့ ခရမ်းရောင် တိမ်တိုက်စံအိမ်က တပည့်တွေလား..." ကျန်းကျွင့်လန်က အေးစက်စွာ ဆူပူလိုက်သည်။ "တော်တော် သတ္တိရှိတာပဲ ... ကျုပ်ဆရာကိုတောင် မလေးမစား လုပ်ရဲတယ်...ခင်ဗျားတို့ ဘာအပြစ်ဒဏ် ခံရမလဲ သိရဲ့လား"

ထိုစကားကို ကြားသောအခါ... လီချင်ထျန်း၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားသည်။ "ဆေးဧကရာဇ်... သခင်လေး ကျန်း... စိတ်လျှော့ပါ... ဒီ မျက်စိ မရှိတဲ့ ငတုံးတွေကို... ကျွန်တော် သေချာပေါက် ပြန်ဆုံးမပါ့မယ်..."

ခရမ်းရောင် တိမ်တိုက် စံအိမ်၏ မဟာအကြီးအကဲက... သူတို့ရှေ့မှ လူငယ်နှစ်ဦးကို... ဤမျှလောက် ကြောက်ရွံ့နေသည်လား။

လုအိုယန်၏ ရင်ထဲတွင်... ထိတ်လန့်မှုများ ဝင်ရောက်လာသည်။ သူ၏ မျက်နှာမှာ ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ သူ နန်းတော်တွင် နေလာခဲ့သော နှစ်များတစ်လျှောက်လုံး... မဟာအကြီးအကဲ လီချင်ထျန်း... ဤမျှ ဒေါသထွက်နေသည်ကို လည်းကောင်း... ဤမျှ ကြောက်ရွံ့နေသည်ကို လည်းကောင်း... တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

"အစ်ကိုယဲ့... သူတို့က ဘယ်သူတွေလဲ... အကြီးအကဲ လီ က... ဒီလောက်တောင် ရိုသေနေရတယ်..." တစ်စုံတစ်ယောက်က တုန်လှုပ်စွာ မေးလိုက်သည်။

"ရိုသေတာထက် ပိုတယ်...ဒါ ကြောက်နေတာ၊ အကြီးအကဲ လီ က ပဉ္စမအဆင့် ဆေးပညာရှင်နော်"

ယဲ့ကူချန်၏ မျက်မှောင်များမှာ တင်းတင်းကြုတ်ထားလျက်...

"အကြီးအကဲ လီ ကိုတောင် ဒီလောက် ကြောက်လန့်စေရလောက်အောင်... သူတို့ရဲ့ နောက်ခံက... သေချာပေါက် ကြောက်စရာကောင်းရမယ်"

အောက်ဘက်မှ ပွဲကြည့်နေသော ကျိုကျိုး ကိုးပြည်ထောင်မှ ကျင့်ကြံသူများမှာလည်း... ထျန်းယွမ် ဘုံ အဌမ အလွှာ ပုဂ္ဂိုလ်ကြီးတစ်ဦး... ဤမျှ ကြောက်ရွံ့နေသည်ကို မြင်တွေ့ရသောအခါ... အကြီးအကျယ် တုန်လှုပ်သွားကြသည်။

"ဆုံးမ... ဟုတ်လား..." ကျန်းကျွင့်လန်က အေးစက်စွာ ပြောလေ၏။ "ကျုပ်ကို စော်ကားတာက ကိစ္စမရှိဘူး... ဒါပေမဲ့... ကျုပ်ဆရာကို စော်ကားတာကတော့...ကျုပ် ဆုံးဖြတ်လို့ မရဘူး... ... ဒါက ကျုပ်အဘိုး ဆုံးဖြတ်ရမယ့် ကိစ္စ... ခင်ဗျား ..ကျုပ်အဘိုးဆီ သွားပြီး အသနားခံကြည့်ပေါ့"

"သခင်လေး ကျန်း ..မလုပ်ပါနဲ့" လီချင်ထျန်းမှာ ထိတ်လန့်လွန်း၍... ဒူးပင် ထောက်ကျတော့မတတ် ဖြစ်သွားသည်။

"ကျေးဇူးပြုပြီး... အဘိုးကိုတော့ သွားမပြောပါနဲ့...မဟုတ်ရင်... ကျွန်တော်တို့ ခရမ်းရောင် တိမ်တိုက် စံအိမ်တစ်ခုလုံး... ပျက်စီးသွားရပါလိမ့်မယ်"

ယခုအချိန်တွင်... လီချင်ထျန်းသည်... လုအိုယန်ကို ကိုယ်တိုင် ပါးရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားသည်။

... အစကတည်းက ဒုက္ခမရှာဖို့ သတိပေးလိုက်ပါလျက်... ဒီကောင်တွေ...

ထိုစကားကို ကြားသောအခါ... လုအိုယန်တို့ တပည့်ငါးယောက်လုံးမှာ... ကြောက်လန့်တကြား ဒူးထောက်ကျသွားကြသည်။ သူတို့ နန်းတော်တစ်ခုလုံးကို ပျက်စီးစေနိုင်လောက်သည့်... မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးများကို... သူတို့ သွားစော်ကားမိမှန်း... မတွေးဝံ့အောင် ဖြစ်သွားကြသည်။

'...ကြည့်ရတာ... ကျန်းကျွင့်လန်က ကောင်းကင်ဘုံနယ်မြေက အင်အားစုကြီးတွေကို... ကြိုတင် အကြောင်းကြားထားခဲ့ပုံပဲ...' ဖုန်းဝူချန်က စိတ်ထဲမှ တွေးလိုက်မိသည်။

"ကျေနပ်လောက်တဲ့ အဖြေ... ဟုတ်လား..." ကျန်းကျွင့်လန်က ဆက်လက်၍ ဖိအားပေးသည်။

"ဆေးဧကရာဇ်ရဲ့ အဆင့်အတန်းကို ခင်ဗျား သိမှာပါ... ခင်ဗျားတို့ နန်းတော် အခုတစ်သောင်းတောင်... သူ့ကို မစော်ကားရဲဘူး...ကျုပ်အဘိုးကို ဆန့်ကျင်တာက သေဒဏ်ပဲ... ကျုပ်ဆရာကို စော်ကားတာကတော့..."

"ဆေးဧကရာဇ်... အသက် ချမ်းသာပေးပါ ... ကျွန်တော် တောင်းပန်ပါတယ်... ဆေးဧကရာဇ်" လီချင်ထျန်းမှာ နောက်ဆုံးတွင် မခံနိုင်တော့ဘဲ... ဖုန်းဝူချန်၏ ရှေ့မှောက်တွင်... ဒူးထောက်ချလိုက်လေတော့သည်။

လုအိုယန်တို့ အုပ်စုမှာလည်း... ထိတ်လန့်တကြားဖြင့်... ကြမ်းပြင်ပေါ်သို့ ဦးခေါင်းများကို အဆက်မပြတ် ဆောင့်ရင်း...

"အသက်... အသက် ချမ်းသာပေးပါ..ဆေးဧကရာဇ် တောင်းပန်ပါတယ်"

"ကျွန်တော်တို့... မျက်စိမရှိလို့.. ဆေးဧကရာဇ်ကို စော်ကားမိတာပါ... ခွင့်... ခွင့်လွှတ်ပါ"

...စောစောကပင်... မာနထောင်လွှားစွာ ဟိန်းဟောက်နေခဲ့သော လုအိုယန်တို့ အုပ်စုမှာ... ယခုအခါ... အသက်ကို တောင်းခံနေသော ခွေးများပမာ... မြေပြင်ပေါ်တွင် ဒူးထောက် ဦးခေါင်းဆောင့်နေကြလေပြီ။

အောက်ဘက်မှ ကျိုကျိုး ကိုးပြည်ထောင်မှ ကျင့်ကြံသူများမှာ... ဤမြင်ကွင်းကို ကြည့်ရင်း... အံ့ဩတုန်လှုပ်လွန်း၍... ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြသည်။

"မင်းတို့ကို အသက်ချမ်းသာပေးဖို့က... မဖြစ်နိုင်တာတော့ မဟုတ်ဘူး..." ဖုန်းဝူချန်က အေးစက်စက် ပြုံးလိုက်သည်။ "ဒါပေမဲ့... ငါက မင်းတို့ကို ဘာအကြောင်းပြချက်နဲ့ အသက်ချမ်းသာ ပေးရမှာလဲ။"

"ဆေး... ဆေးဧကရာဇ်... အသက်သာ ချမ်းသာပေးမယ်ဆိုရင်... ကျွန်တော်တို့ ဘာမဆို လုပ်ဖို့ အသင့်ပါပဲ..." လုအိုယန်က ထိတ်လန့်တကြား ပြောလေ၏။

"ဒါဆိုလည်း... ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ကြ..." ဖုန်းဝူချန်၏ အသံက အေးစက်သွားသည်။ "ငါ့လက်... ညစ်ပတ်သက်သာတာပေါ့။"

"ဟင်."

လုအိုယန်တို့ အုပ်စု၏ မျက်နှာများမှ သွေးများ ဆုတ်ဖြူသွားသည်။ မျှော်လင့်ချက် ရောင်ခြည်လေး မြင်လိုက်ရသည်ဟု ထင်မှတ်ကာမှ... သူတို့၏ နှလုံးသားများမှာ... ငရဲသို့ ပြန်လည် ဆွဲချခံလိုက်ရသလို...

"ဆေးဧကရာဇ် အသက် ချမ်းသာပေးပါ"

လုအိုယန်တို့ အုပ်စုမှာ... ဦးခေါင်းများကို အဆက်မပြတ် ဆောင့်ရင်း... တောင်းပန်နေကြသည်။ သူတို့၏ ရင်ထဲတွင်... နောင်တတရားများဖြင့် ပြည့်နှက်နေ၏။

...... ဖုန်းဝူချန်နဲ့ ကျန်းကျွင့်လန်တို့ရဲ့ နောက်ခံက... ဒီလောက်တောင် ကြောက်စရာကောင်းမှန်း ငါတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ သတ္တိ အဆ တစ်သိန်း ရှိရင်တောင်...သွားစော်ကားမိမှာ မဟုတ်ဘူး...

"ဆေးဧကရာဇ်...သူတို့က မသိလို့ မှားမိတာပါ... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ... ကျွန်တော်တို့ ခရမ်းရောင် တိမ်တိုက် စံအိမ်က... ဆေးဧကရာဇ် ကျေနပ်လောက်တဲ့အထိ... ပြန်လည် တောင်းပန်ပါ့မယ်..." လီချင်ထျန်းက ထပ်မံ၍ အသနားခံလိုက်သည်။

"အကြီးအကဲ လီ... ဒီကိစ္စကို ခင်ဗျားပဲ တာဝန်ယူ ရှင်းလိုက်တော့..." ဖုန်းဝူချန်က ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလေ၏။ "သူတို့ကို ခေါ်သွားပါ"

"ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ် ကျေးဇူးတင်ပါတယ်" လီချင်ထျန်းမှာ အကြီးအကျယ် ကျေးဇူးတင်စကား ဆိုရင်း... နောက်ဆုံးမှပင် အသက်ရှူချောင်သွားတော့သည်။

လုအိုယန်တို့ အုပ်စုမှာလည်း... ဦးခေါင်းများဖြင့် ဆက်တိုက် အရိုအသေပေး ကျေးဇူးတင်ပြီးမှ... ထိတ်လန့်တကြားဖြင့် လိုက်ပါသွားကြသည်။

"မဟာအကြီးအကဲ...သူတို့က... တကယ်ပဲ... ဘယ်သူတွေလဲဟင်... အကြီးအကဲက... ဒီလောက်တောင်..."

အတော်ဝေးဝေး ရောက်သွားသောအခါ... လုအိုယန်က မျက်နှာ ဖြူဖျော့လျက် တုန်တုန်ရီရီဖြင့် မေးလိုက်သည်။

"လက်နက်သန့်စင် မိသားစုရဲ့... သခင်လေး ကျန်း ... အဲ့ဒီ ဆေးဧကရာဇ်က... သူ့ရဲ့ ဆရာပဲကွ" လီချင်ထျန်းက လုအိုယန်တို့ အုပ်စုကို စူးစိုက်ကြည့်ရင်း... ဒေါသတကြီး ပြန်ပြောလိုက်သည်။

"ဗျာ… လက်နက်သန့်စင်... မိသားစု... သခင်လေး ကျန်းက... ပြည်မကြီးရဲ့... အဲ့ဒီ ပါရမီရှင်... လက်နက်သန့်စင်သူ... ... ပြီးတော့... ဖုန်းဝူချန်က... သူ့... သူ့ဆရာ... ဟုတ်လား"

ထိုစကားကို ကြားလိုက်ရသောအခါ... လုအိုယန်တို့ အုပ်စု၏ အမူအရာများမှာ... ချက်ချင်းပင်... နေရာတွင် ကြောင်ခဲသွားပြီး... သူတို့၏ ရင်ထဲတွင် မယုံနိုင်လောက်သော တုန်လှုပ်မှု လှိုင်းတံပိုးကြီးများ... ရိုက်ခတ်သွားလေတော့သည်။

All Chapters