← Chapters

ပေမင်ခုံနှင့် တစ်ဖန် ပြန်လည် တိုက်ခိုက်ခြင်း (၃)

Vol. 23 Ch. 344

ပေမင်ခုံနှင့် တစ်ဖန် ပြန်လည် တိုက်ခိုက်ခြင်း (၃)

Vol. 23 Ch. 344

~"ကွပ်မျက်သူ၏ ဓား။"

ပေမင်ခုံ၏ ဟိန်းဟောက်သံက တစ်ဖန် ပဲ့တင်ထပ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသော နောက်ထပ် စွမ်းအင်ဓားတစ်လက်မှာ ကောင်းကင်ယံ အမြင့်၌ ထပ်မံ စုစည်းလာ၏။ ဓားနှစ်လက်မှ ထုတ်လွှတ်နေသော စွမ်းအားမှာ အသက်ရှူမှားလောက်အောင်ပင် ဖြစ်နေသည်။

'ကွပ်မျက်သူ၏ ဓား' နှစ်လက်ကို ထုတ်လွှတ်ပြီးသည့်တိုင်... ပေမင်ခုံ၏ အရှိန်အဝါမှာ အားနည်းသွားသည့် အရိပ်အယောင် လုံးဝ မပြခဲ့ပေ။ ဓားနှစ်လက်၏ အစွမ်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

"မင်း ဒါကို မကြုံဖူးသေးဘူးမလား။" ပေမင်ခုံက လှောင်ပြောင်သလို ခနဲ့လိုက်သည်။ သူ၏ လက်များက နောက်တစ်ကြိမ် လက်ကွက်များ ဖော်ဆောင်လိုက်ရာ... နောက်ထပ် စွမ်းအင်ဓားတစ်လက် ပေါ်ထွက်လာပြန်သည်။

ထို့နောက်တွင်... ယဲ့ကူချန်နှင့် အခြားသူများ သွေးပျက်မတတ် ကြောက်လန့်တကြား ကြည့်ရှုနေစဉ်မှာပင်... ပေမင်ခုံက လက်ကွက်များကို အဆက်မပြတ် ဖော်ဆောင်နေပြီး... ဓားတစ်လက်ပြီးတစ်လက် ပေါ်ထွက်လာတော့သည်။

အားလုံးမှာ 'ကွပ်မျက်သူ၏ ဓား' များချည်းသာ ဖြစ်သည်။

ပေမင်ခုံ၏ အထက်တွင်... 'ကွပ်မျက်သူ၏ ဓား' စုစုပေါင်း ဆယ့်သုံးလက်အထိ စုစည်းသွားခဲ့၏။ ၎င်းတို့၏ လွှမ်းမိုးနိုင်သော တည်ရှိမှုက... လူတိုင်း၏ ဝိညာဉ်များ လွင့်ပြယ်သွားမတတ် ထိတ်လန့်သွားစေသည်။

ဖုန်းဝူချန်၏ မျက်နှာမှာလည်း မယုံနိုင်လောက်အောင် လေးနက် တင်းမာသွားရသည်။

လိန်ချင်းဖုန်းနှင့် အခြားသူများမှာ... ထို ကြောက်မက်ဖွယ် 'ကွပ်မျက်သူ၏ ဓား' ဆယ့်သုံးလက်ကို ထိတ်လန့်တကြား ကြည့်ရှုနေကြ၏။

'ကွပ်မျက်သူ၏ ဓား' ဆယ့်သုံးလက်၏ တိုက်ခိုက်မှုမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။

"သူ... သူ မြေကမ္ဘာ အဆင့် သိုင်းပညာ ဆယ့်သုံးကွက်ကို တစ်ချက်တည်း ထုတ်လိုက်တာ။"

"ပေမင်ခုံရဲ့ အရှိန်အဝါက နည်းနည်းလေးတောင် အားနည်းမသွားဘူး။"

"ငါ... ငါ ဒါကို မယုံနိုင်ဘူး"

ဤဖြစ်နိုင်ခြေကို နားမလည်နိုင်သဖြင့်... လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြပြီး... ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာကာ... တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေကြသည်။ သူတို့အဖို့... ပေမင်ခုံမှာ နတ်ဆိုးတစ်ကောင် ဖြစ်နေလေပြီ။

လုအိုယန်တစ်ယောက် ကြောက်လန့်တကြား တံတွေး မျိုချလိုက်မိပြီး... သူ၏ မျက်နှာမှာ သေလုမျောပါး ဖြူဖျော့နေသည်။ "ဆေးဧကရာဇ်... ခံနိုင်ရည် ရှိပါ့မလား။"

ဤအခိုက်အတန့်တွင်... ယဲ့ကူချန်ပင်လျှင် သွေးပျက်မတတ် ထိတ်လန့်နေသော အမူအရာ ဖြစ်နေ၏။ သူ၏ ထျန်းယွမ် ဘုံ သတ္တမလွှာ ကျင့်ကြံအဆင့်ဖြင့်ပင်... မြေကမ္ဘာ အဆင့် သိုင်းပညာ ဆယ့်သုံးကွက်၏ တစ်ပြိုင်နက် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည်ဟု သူ မပြောဝံ့တော့ပေ။

လူတိုင်း၏ မျက်နှာထက်မှ အလွန်အမင်း ကြောက်ရွံ့နေပုံကို မြင်သောအခါ... ပေမင်ခုံက ထိုထိတ်လန့်မှုကို နှစ်ခြိုက်နေသည့်အလား... သူ၏ မောက်မာသော ခနဲ့ပြုံးမှာ ပို၍ပင် ထင်ရှားလာ၏။

သူ၏ အေးစက်သော အကြည့်က ဖုန်းဝူချန်ထံသို့ ရိပ်ခနဲ ရောက်သွားသည်။ ဖုန်းဝူချန်၏ တင်းမာသော မျက်နှာအမူအရာကို မြင်သောအခါ... ပေမင်ခုံက အေးစက်စွာ မခနဲ့ဘဲ မနေနိုင်တော့ပေ။ "မင်းရဲ့ ယုံကြည်မှုတွေရော... ဘယ်ရောက်သွားလဲ။ မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဟန်ပန်တွေရော။"

"မင်းရဲ့ ရုပ်ခန္ဓာ ဘယ်လောက်ပဲ သန်မာနေပါစေ... ငါ့ရဲ့ 'ကွပ်မျက်သူ၏ ဓား' ဆယ့်သုံးလက်ကို မခုခံနိုင်ဘူး။" ပေမင်ခုံက ရက်စက်စွာ လှောင်လိုက်သည်။ ထိုသို့ ပြောလိုက်သည်နှင့်... သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ... 'ကွပ်မျက်သူ၏ ဓား' ဆယ့်သုံးလက်လုံး လေထုကို ခွင်း၍၊ တစ်ပြိုင်နက်တည်း ပစ်လွှက်သွားတော့သည်။

ကြောက်မက်ဖွယ် စွမ်းအင်ဓား ဆယ့်သုံးလက်ကြောင့်... 'အထီးကျန် နယ်မြေ' နေရာလပ်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွား၏။

"ဂလု"

ယဲ့ကူချန်နှင့် အခြားသူများမှာ ကြောက်လန့်လွန်းသဖြင့် အသက်အောင့်ထားကြပြီး... ထို စွမ်းအင်ဓား ဆယ့်သုံးလက်ကိုသာ စူးစိုက် ကြည့်နေကြသည်။

"အစ်ကိုကြီးဖုန်း။" လျိုချင်းယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဆရာ။ ရှောင်လိုက်တော့။" ကျန်းကျွင့်လန်က ထိတ်လန့်တကြား ဟစ်အော်၏။

"ရှောင်ရှောင်... အစ်ကိုကြီးဖုန်းကို မြန်မြန် ကူညီလိုက်လေ...။ နင့်ရဲ့ အဟန့်အတားက ဒါကို တားနိုင်မှာ သေချာတယ်။" မြောင်ချင်းချင်းက အရူးအမူး တိုက်တွန်းလိုက်သည်။

လင်ရှောင်ရှောင်က ခေါင်းခါလိုက်ပြီး "ငါလည်း ကူညီချင်တာပေါ့...။ ဒါပေမဲ့ အစ်ကိုကြီးဖုန်းက ငါ ဝင်စွက်ဖက်တာကို သဘောကျမှာ မဟုတ်ဘူး။"

ဖုန်းဝ

ဒါက အစ်ကိုကြီးဖုန်းနှင့် ပေမင်ခုံတို့ကြားမှ ရန်ငြိုး ကိစ္စ ဖြစ်သဖြင့်... သူတို့ နှစ်ဦးတည်း ဖြေရှင်းခြင်းကသာ သဘာဝကျပေသည်။

ကြောက်မက်ဖွယ် စွမ်းအင်ဓား ဆယ့်သုံးလက်က သူ့ထံသို့ တိုးဝင်လာသည်ကို ကြည့်ရင်း... ဖုန်းဝူချန်၏ မျက်နှာထားမှာ အလွန် လေးနက်နေသော်လည်း... ထိတ်လန့်သည့် အရိပ်အယောင် မပြခဲ့ပေ။

"နဂါးဟိန်းသံ။"

ဖုန်းဝူချန်က ရုတ်တရက် ဟိန်းဟောက်လိုက်ရာ... ကြီးကျယ်ခမ်းနားပြီး... ဝိညာဉ်ကို တုန်ခါစေသော ဟိန်းသံကြီးက... အသံလှိုင်းတစ်ခုအလား... နေရာလပ်ကြီးကို ဖြတ်သန်း တိုက်ခတ်သွားသည်။

" အိုး…။" ယဲ့ကူချန်၏ မျက်နှာ ပျက်ယွင်းသွားပြီး... သူ၏ နားများကို အလျင်အမြန် ပိတ်ထားလိုက်ရသည်။

လိန်ချင်းဖုန်း၏ မျက်နှာမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး "အဲ့ဒီတုန်းက ဟိန်းသံကြီးပဲ။" ဟု ဆိုလိုက်၏။

"ဆုတ်ကြ။" လျိုချင်းယန်က အော်ဟစ်လိုက်ပြီး...သူကိုယ်တိုင်လည်း မြောင်ချင်းချင်းကို ဆွဲကာ အလျင်အမြန် နောက်သို့ ဆုတ်ခွာသွားလေသည်။

'အထီးကျန် နယ်မြေ' အတွင်းမှ ကျင့်ကြံသူများစွာမှာ ထိတ်လန့်တကြား ဖြစ်သွားကြသည်။

အဝေးမှပင်... သူတို့၏ နားများ ကွဲထွက်မတတ် ခံစားလိုက်ရပြီး... နတ်ဆိုးကြီး တစ်ကောင် 'အထီးကျန် နယ်မြေ' ထဲသို့ ရောက်ရှိလာသည်ဟု ထင်မှတ်သွားကြသည်။

ပေမင်ခုံမှာ ဖုန်းဝူချန်နှင့် အနီးဆုံး ဖြစ်ရာ... အပြင်းထန်ဆုံး ထိခိုက်မှုကို ခံစားလိုက်ရသည်။ ဦးခေါင်း မူးဝေသွားရ၏။

"ကျစ်..အဲ့ဒီ ကျိန်စာသင့် ဟိန်းသံကြီး... ထပ်လာပြန်ပြီ။" ပေမင်ခုံတစ်ယောက် သတိထားမိသလို ဒေါသလည်း ထွက်သွားသော်လည်း... လုံးဝ အင်အားမဲ့နေသည်။

သူ၏ စိတ်များ ပျံ့လွင့်သွားသဖြင့်... ပေမင်ခုံတစ်ယောက် ကြောက်မက်ဖွယ် စွမ်းအင်ဓား ဆယ့်သုံးလက်ကို မထိန်းချုပ်နိုင်တော့ပေ။ ထိန်းချုပ်မှု လွတ်သွားသောအခါ... ၎င်းတို့၏ တိုက်ခိုက်မှု လားရာများ ပြောင်းလဲသွား၏။

"ဘုန်း... ဘုန်း... ဘုန်း။"

ဓား ဆယ့်သုံးလက်လုံးမှာ အရပ်လေးမျက်နှာသို့ ပေါက်ကွဲသွားပြီး... 'အထီးကျန် နယ်မြေ' ကို သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းလိုက်သည်။

"ဒီအခြေအနေမှာတော့... မင်း ဘယ်စွမ်းအားကိုမှ စုပ်ယူနိုင်မှာ မဟုတ်တော့ဘူး... ဟုတ်တယ်မလား။" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်ပြီး... ကြောက်မက်ဖွယ် စွမ်းအားများကို 'နဂါးနတ်ဘုရားဓား' ထဲသို့ သွန်ထည့်ကာ... ရက်စက်စွာ ဝှေ့ယမ်း ဖြတ်တောက်လိုက်သည်။

"ဝှီး။"

"ဝှစ်..."

ဧရာမ သွေးရောင် ဓားအလင်းတန်းကြီး ပေါက်ကွဲ ထွက်ပေါ်လာ၏။

ပေမင်ခုံတစ်ယောက် မူးဝေနေပြီး... သူ၏ နားစည်များမှာ နာကျင်စွာ ထိုးအောင့်နေကာ... ဘာသံမျှ မကြားရတော့ပေ။ သူ၏ မျက်စိရှေ့တွင်... သွေးနီရောင် ဓားအလင်းတန်းကို မြင်လိုက်ရသော်လည်း... ၎င်းတို့မှာ ဒါဇင်ပေါင်းများစွာ ရှိနေသည့်အလား... အားလုံး ဝေဝါးနေသည်။

"ဘုန်း။"

"ဝေါ့။"

ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီးက ပေမင်ခုံကို ချက်ချင်း ဝင်တိုက်မိပြီး... ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ခုခံကာကွယ်မှုမရှိသော ပေမင်ခုံမှာ သွေးများ ဝေါ့ခနဲ အန်ချလိုက်ရပြီး... သူ၏ ခန္ဓာကိုယ်မှာ လွင့်စင်သွားတော့သည်။

ထိုဟိန်းဟောက်သံကြီးမှာ... ဆယ်စက္ကန့်ကျော်ကြာမျှ 'အထီးကျန် နယ်မြေ' နေရာလပ်ကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီးမှ... တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။

"တရားလွန်တယ်။" ပေမင်ခုံမှာ ဒဏ်ရာရနေသော်လည်း... ပြန်လည် သက်သာရာ ရလာခဲ့သည်။ သူ၏ ဖြူဖျော့သော မျက်နှာမှာ ရက်စက်စွာ ရှုံ့မဲ့သွား၏။ ပေမင်ခုံ၏ သတ်ဖြတ်လိုသော အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွားပြီး... သူ၏ မျက်လုံးများမှာ သွေးနီရောင် လွှမ်းနေ၏။

"ဝှစ်..."

ကြမ်းတမ်းပြီး ကြောက်မက်ဖွယ် စွမ်းအားဖြင့်... 'မကောင်းဆိုးဝါး ဝိညာဉ်' စွမ်းအားက ပေါက်ကွဲ ထွက်ပေါ်လာသည်။ ပေမင်ခုံ၏ ခန္ဓာကိုယ်မှာ အပြာရောင် အလင်းများ လင်းလက်လာပြီး... အလွန်တရာ ယုတ်မာသော အရှိန်အဝါများက မုန်တိုင်းတစ်ခုအဖြစ် တိုက်ခတ်လာကာ... နေရာတစ်ခုလုံးကို ရိုက်ခတ်သွား၏။

"မြေကမ္ဘာ အဆင့် သိုင်းပညာ... ကိုးပါး ငရဲ လက်ဝါး။"

ပေမင်ခုံက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး... ကြောက်မက်ဖွယ် စွမ်းအင်များကို သူ၏ လက်ဝါးထဲတွင် စုစည်းကာ... ဖုန်းဝူချန်ထံသို့ ရက်စက်စွာ ပစ်လွှတ်လိုက်သည်။

"ဝှီး။"

"ဝှစ်..."

ဖျက်ဆီးခြင်း စွမ်းအင်များ ကိန်းအောင်းနေသော လက်ဝါးပုံရိပ်ကြီးက... လေထုကို ဆွဲခွဲ ထွက်ပေါ်လာသည်။ တောင်ငယ် တစ်လုံးအလားပင်... ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းမှ နေရာလပ်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွား၏။

"မြေကမ္ဘာ အဆင့် သိုင်းပညာ။" များစွာသော လူတို့မှာ လုံးဝ မှင်တက်လျက်... တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

"သိုင်းပညာချင်း ယှဉ်ပြိုင်တာလား။ ငါ မင်းကို ဘယ်တုန်းကမှ မကြောက်ဖူးဘူး။" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။

သွေးမျိုးဆက် စွမ်းအားက 'နဂါးနတ်ဘုရားဓား' ထဲသို့ တိုးဝှေ့ ဝင်ရောက်သွား၏။

"ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ...။ နတ်ငို သရဲ အော်သံ။"

ဖုန်းဝူချန်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရာ... လွှမ်းမိုးနိုင်သော ဓားစိတ်ဆန္ဒများ ယခင်ကထက် ပို၍ သည်းထန်စွာ အရူးအမူး တိုးဝှေ့လာသည်။

လုအိုယန် တစ်ယောက် အလွန်တရာ ထိတ်လန့်သွားပြီး... တုန်ယင်သော အသံဖြင့် "ဆေး... ဆေးဧကရာဇ်ရဲ့ သိုင်းပညာက ပို ကြောက်ဖို့ကောင်းတယ်..." ဟု ဆိုလိုက်သည်။

"ဖုန်းဝူချန်ရဲ့ ဓားသိုင်းပညာတွေက... အဆင့်မြင့် မြေကမ္ဘာ အဆင့် သိုင်းပညာတွေထက်တောင် ပို ကြောက်ဖို့ ကောင်းလောက်တယ်။" ယဲ့ကူချန် တစ်ယောက် အလွန်အမင်း တုန်လှုပ်သွားပြီး... သူ၏ ဖြူဖျော့သော မျက်နှာထက်တွင် ချွေးများ စို့လာသည်။

လွှမ်းမိုးနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးရောင် ဓားအလင်းတန်းကြီးက... သက်တံရှည်ကြီးတစ်ခုအလား ပျံသန်း ထွက်ပေါ်လာရာ... ယဲ့ကူချန်နှင့် သူ၏ အဖော်များမှာ အတွင်းစိတ်ထဲထိ ထိတ်လန့်သွားကြသည်။

လူတိုင်း အသက်အောင့်ထားကြပြီး... မျက်လုံးများအားလုံးမှာ ကောင်းကင်ယံ အမြင့်၌ တိုက်ခိုက်မည့် ဖျက်ဆီးခြင်း စွမ်းအင် နှစ်ခုအပေါ်သို့သာ စူးစိုက် ကျရောက်နေ၏။

"ဘုန်း ဘုန်း ဘုန်း။"

"ဝေါ့ ..ဝေါ့။"

တစ်ခဏအကြာ... ဖျက်ဆီးခြင်း စွမ်းအင် နှစ်ခုတို့ ဝင်တိုက်မိသွားရာ... 'အထီးကျန် နယ်မြေ' ကို သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းလိုက်သော မိုးကြိုးထစ်ချုန်းသံကြီး ထွက်ပေါ်လာသည်။... ဖုန်းဝူချန်နှင့် ပေမင်ခုံ နှစ်ဦးစလုံးမှာ သွေးများ အန်ထုတ်လိုက်ရပြီး... ဆန့်ကျင်ဘက် လားရာများသို့ လွင့်စင်သွားကြသည်။

"'မကောင်းဆိုးဝါး ဝိညာဉ်' စွမ်းအားက... ဖုန်းဝူချန်ကို ခုထိ မဖိနှိပ်နိုင်သေးဘူး...။" ပေမင်ခုံတစ်ယောက် လုံးဝ မယုံကြည်နိုင် ဖြစ်သွားသည်။

ပေမင်ခုံ၏ မြေကမ္ဘာ အဆင့် သိုင်းပညာမှာ... ဖုန်းဝူချန်၏ 'ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ' ရှေ့တွင် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေခဲ့ပေ။

'မကောင်းဆိုးဝါး ဝိညာဉ်' စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး... ပေမင်ခုံက သူ၏ ဘိုးဘေးထံမှ မြေကမ္ဘာ အဆင့် သိုင်းပညာကို ထုတ်လွှတ်လိုက်သဖြင့်... ဖုန်းဝူချန်ကို ဤပညာရပ်ဖြင့် အပြင်းအထန် ဒဏ်ရာရစေရန် မျှော်လင့်ထားခဲ့သည်။ ...သို့သော်... ဖုန်းဝူချန်၏ ဓားစွမ်းအင်က ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပါသည်တကား။

"ဝုန်း..."

အားလှိုင်း အကြွင်းအကျန်များက

အရပ်လေးမျက်နှာသို့ တားဆီးမရနိုင်အောင် ရိုက်ခတ်သွားပြီး... ရှေးဟောင်း သစ်ပင်များနှင့် ကြီးမားသော တောင်များမှာ မျက်စိတစ်မှိတ်အတွင်း ဝါးမြိုခံလိုက်ရသည်။

ကျန်းကျွင့်လန်နှင့် အဝေးမှ ကြည့်ရှုနေသူများမှာ ကြောက်လန့်တကြား အလျင်အမြန် နောက်ဆုတ်လိုက်ကြရ၏။

ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုတွင်... ပေမင်ခုံမှာ အပြင်းအထန် ဒဏ်ရာရသွားပြီး... မျက်နှာ ဖြူဖျော့သွားသည်။ အစွမ်းအရရော... သိုင်းပညာအရပါ... ပေမင်ခုံသည် ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

'နဂါးနတ်ဘုရားဓား' မှာ အဆင့်မြင့် ဝိညာဉ်လက်နက်အဖြစ် အဆင့်မြှင့်တင်ခံထားရပြီး... ဒုတိယအဆင့် ပုံသွင်းခြင်းလည်း ပြုလုပ်ထားရာ... ယခင်ကထက် ပိုမို အစွမ်းထက်နေသည်။

'နဂါးနတ်ဘုရားဓား' ပိုမို အစွမ်းထက်လေ... ၎င်း ထုတ်လွှတ်လိုက်သော ဓားသိုင်းပညာများနှင့် အရှိန်အဝါများ၏ စွမ်းအားမှာ ပိုမို ကြီးမားလေ ဖြစ်သည်။

ဖုန်းဝူချန်မှာလည်း ဆိုးရွားစွာ ဒဏ်ရာရသွားသော်လည်း... 'ချီလင် ချပ်ဝတ်' ၏ အကာအကွယ်ကြောင့်... သူ၏ အခြေအနေမှာ ပေမင်ခုံထက် ပို၍ အကောင်းမြင်စရာ ရှိနေသေး၏။

"မကောင်းဆိုးဝါး ဝိညာဉ် စွမ်းအားက ဒီလောက်ပါပဲ...။ ပေမင်ခုံ... မင်း ငါ့ကို ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး။" ဖုန်းဝူချန်က အေးစက်စွာ ခနဲ့လိုက်ပြီး... 'နဂါးနတ်ဘုရားဓား' ကို သူ၏ ရှေ့မှောက်သို့ ယူဆောင်လာကာ... လက်နှစ်ဖက်ကို ပြင်းထန်စွာ ပူးယှက်လိုက်သည်။

"ပါးစပ်ပိတ်ထား။" ပေမင်ခုံက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး... ဖုန်းဝူချန်ကို သေမတတ် စိုက်ကြည့်လိုက်၏။

"ဝှစ်..."

ကြီးမားလှသော စွမ်းအားများ စုစည်းလာပြီး... သွေးရောင်အလင်းများ ပေါက်ကွဲ ထွက်ပေါ်လာကာ... အလွန်တရာ လွှမ်းမိုးနိုင်သော စွမ်းအင်များဖြင့် ပျံ့နှံ့နေသည်။

"ရှေးဦး နဂါးနတ်ဘုရား လက်သီး။"

ဖုန်းဝူချန်က အေးစက်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ လက်သီးများမှာ ထို ကြီးမားလှသော စွမ်းအားများဖြင့် ပြည့်နှက်နေပြီး... ၎င်းတို့၏ အစွမ်းဖြင့် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။

နောက်တစ်စက္ကန့်တွင်... ဖုန်းဝူချန်က ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။ လက်သီးချက် တစ်ခု ပစ်လွှတ်လာ၏။

ပေမင်ခုံ၏ ရက်စက်သော မျက်နှာထား မသိမသာ ပြောင်းလဲသွားပြီး... ထိတ်လန့်မှုများ ပြည့်နှက်လာသည်။ သူက အလျင်အမြန် အော်ဟစ်လိုက်၏။ "အစစ်အမှန် ယွမ်စွမ်းအင်... ငါ့ခန္ဓာကိုယ်ကို ကာကွယ်။"

"ဘုန်း ဘုန်း ဘုန်း။"

"ဝေါ့ ဝေါ့ ဝေါ့။"

လက်သီးချက်များမှာ မျက်စိမှားလောက်အောင် လျင်မြန်လှသည်။ မမြင်နိုင်သော... ကြောက်မက်ဖွယ် လက်သီးချက်များမှာ... တစ်ခဏအတွင်း အကြိမ် ရာပေါင်းများစွာ ပစ်ထုတ်ခံလိုက်ရသည်။ ပေမင်ခုံ၏ စွမ်းအင် အကာအကွယ်မှာ ထိုနေရာတွင်ပင် ကြေမွသွားပြီး... သူ၏ ခန္ဓာကိုယ်အား ရက်စက်မှုကင်းမဲ့သော လက်သီးချက်များက ဆက်တိုက် ထိုးနှက်ကြရာ... သူ ခုခံနိုင်စွမ်းမရှိဘဲ သွေးများ အကြိမ်ကြိမ် အန်ထုတ်နေရသည်။

"မဖြစ်နိုင်ဘူး။ ဖုန်းဝူချန်မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ သိုင်းပညာတွေ ရှိနေသေးတာလား။" ပေမင်ခုံတစ်ယောက် လုံးဝ ထိတ်လန့်သွားသည်။ သူ၏ အစွမ်းဖြင့် ထုတ်လုပ်ထားသော စွမ်းအင် အကာအကွယ်မှာ... တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ကြေမွသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင်... ဖုန်းဝူချန်က လက်သီးပေါင်း ရာနှင့်ချီ၍ ပစ်လွှတ်လိုက်သည်။ ပေမင်ခုံ မည်မျှပင် အစွမ်းထက်စေကာမူ... ဤမျှ များပြားသော တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိရန်မှာ အလွန် ခက်ခဲလှသည်။

ပေမင်ခုံ၏ ဒဏ်ရာများမှာ ပိုမို ဆိုးရွားလာသည်။ သူ၏ အသက်ရှုသံမှာ အားနည်းလာလေပြီ။

ဤတိုက်ပွဲတွင်... ပေမင်ခုံ... ရှုံးနိမ့်သွားခဲ့လေပြီ။ အပြတ်အသတ် ရှုံးနိမ့်ခြင်းပါတည်း။

ယဲ့ကူချန်၊ လုအိုယန်နှင့် လိန်ချင်းဖုန်းတို့မှာ... ဤမျှ တုန်လှုပ်ဖွယ် သိုင်းပညာရပ်များကို မျက်မြင်တွေ့လိုက်ရသောအခါ... ကျောက်ရုပ်များပမာ ဖြစ်သွားပြီး... စကားတစ်ခွန်းမျှ မပြောနိုင်ကြတော့ပေ။

"ပေမင်ခုံ။ မင်းရဲ့ ဇာတ်သိမ်း ရောက်ပြီ။" ဖုန်းဝူချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ပေမင်ခုံကို အပြင်းအထန် ဒဏ်ရာရစေပြီးနောက်... သူ ယခု 'နဂါးနတ်ဘုရားဓား' ကို ကိုင်ဆောင်ကာ... အတောင်ပံများကို ခတ်လျက် ဝုန်းခနဲ ပျံတက်သွား၏။

"ဝှီး။"

"ဖောက်။"

ဖုန်းဝူချန်မှာ သွေးရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး... ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ပေမင်ခုံ၏ နှလုံးသားနေရာမှ သွေးများ ပန်းထွက်လာပြီး... အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။

"မ... မဖြစ်နိုင်ဘူး" ပေမင်ခုံက သူ၏ ရင်ဘတ်မှ အပေါက်ကို အလွန်အမင်း ထိတ်လန့်တကြား ကြည့်လိုက်သည်။ သူ၏ ဘိုးဘေးများထံမှ စွမ်းအားများ ရရှိပြီးနောက်... ရှုံးနိမ့်ရမည်ကို လက်မခံနိုင်ပါ။

သူက... ဖုန်းဝူချန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ရသည်လား။

"ပေမင်ခုံ... မင်း တော်တော် အားနည်းတာပဲ...။ မင်း ဘယ်နှစ်ကြိမ်ပဲ ရှင်ပြန်ထမြောက်လာပါစေ... ငါ သတ်နိုင်တယ်။" ဖုန်းဝူချန်က ထိုသို့ အေးစက်စွာ ရှုံ့ချလိုက်ပြီးနောက်... သူ၏ 'နဂါးနတ်ဘုရားဓား' ပေါ်မှ သွေးများကို ခါထုတ်လိုက်သည်။

ပေမင်ခုံ တစ်ယောက်... ဖြည်းညှင်းစွာ... လဲကျသွားတော့သည်။

All Chapters