← Chapters

နန်းကုန်းကျန့် လက်အောက်ခိုဝင်ခြင်း

Vol. 23 Ch. 345

နန်းကုန်းကျန့် လက်အောက်ခိုဝင်ခြင်း

Vol. 23 Ch. 345

~‘ငါက အားနည်းလွန်းတာ’

ဖုန်းဝူချန်၏ စကားလုံးများက ပေမင်ခုံ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေသည်။

ပေမင်ခုံက အမှန်တကယ် အားနည်းလွန်းနေခဲ့သလော။

...

ပေမင်ခုံ၏ အသက်မှာ တဖြည်းဖြည်း အားနည်းလာသည်နှင့်အမျှ... ပြုတ်ကျသွားသည်ကို ကြည့်ရင်း... မုရုန်ထျန်းတစ်ယောက် ထိတ်လန့်တကြား ဟိန်းဟောက်လိုက်မိသည်။

ပေမင်ခုံ သေဆုံးသွားပါက... မုရုန်ထျန်းလည်း သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။

ဤအခိုက်အတန့်တွင် အပြင်းအထန် ဒဏ်ရာရနေပြီ ဖြစ်သော မုရုန်ထျန်းမှာ သေဆုံးရန် ကြမ္မာ ဖန်လာခဲ့လေပြီ။

...

"ဘုန်း။"

သူ၏ လက်ဖဝါးကို လက်သည်းကုတ်သဏ္ဍာန် ကွေးလိုက်ရာ... အစိမ်းရောင် မီးတောက် သဲ့သဲ့လေးတစ်ခုက နတ်သမီးလေးတစ်ပါးအလား အလယ်ဗဟိုတွင် ကခုန်နေသည်။

"ပြာမှုန် ဖြစ်သွားရမယ်...။ ...ဒါမှ မင်း ဘယ်တော့မှ ရှင်ပြန်ထမြောက်နိုင်တော့အောင်" ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ ရေရွတ်လိုက်၏။ သူက လက်ညှိုးတစ်ချက် ဖျစ်လိုက်သည်နှင့်... အစိမ်းရောင် မီးတောက်လေး ပျံသန်း ထွက်သွားသည်။

လဲကျသွားသော ပေမင်ခုံမှာ သူ၏ သက်စောင့်စွမ်းအင် လုံးဝ ပျောက်ဆုံးသွားခဲ့လေပြီ။ အစိမ်းရောင် မီးတောက်၏ လောင်ကျွမ်းမှုအောက်တွင်... သူသည် တစ်ခဏအတွင်း ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ကျိုကျိုး ကိုးပြည်ထောင်မှ ပါရမီရှင် တစ်ဦး... ကျဆုံးသွားခဲ့လေပြီ။

"ဖုန်းဝူချန်.. သူတောင်းစား" မုရုန်ထျန်းက ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။

ပေမင်ခုံနှင့် မုရုန်ထျန်းတို့၏ အစီအစဉ်များနှင့် ပြင်ဆင်မှုများအားလုံးမှာ... ဖုန်းဝူချန်၏ လက်ထဲတွင် ပျက်စီးသွားခဲ့ရပြီး... အရာအားလုံးမှာ သမိုင်းတစ်ခု ဖြစ်သွားတော့မည်။

အတွေးတစ်ချက်ဖြင့်... ဖုန်းဝူချန်က 'ကိုးထပ် ချန်ခွင်း မျှော်စင်' ကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ သူက မုရုန်ထျန်းကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး... 'ရုန်ရှဲ့ တာဟွမ် ဆေးလုံး' တစ်လုံးကို ထုတ်ယူ မျိုချလိုက်သည်။ ထို့နောက်... ကျင့်ကြံရန် နေရာတစ်ခုကို ရှာဖွေကာ ထိုင်ချလိုက်၏။

"ဒုတ်"

လိန်ချင်းဖုန်းတစ်ယောက် ရိပ်ခနဲ ပေါ်ထွက်လာပြီး... သူ၏ ဓားက မုရုန်ထျန်း၏ နှလုံးသားကို ထိုးဖောက် ဝင်ရောက်သွားရာ... သွေးများ ပန်းထွက်လာသည်။

"သွေးကြွေးကို သွေးနဲ့ပဲ ဆပ်ရမယ်။" လိန်ချင်းဖုန်းက အေးစက်စွာ ပြောဆိုလိုက်သည်။

"လိန်ချင်းဖုန်း"

မုရုန်ထျန်းက လိန်ချင်းဖုန်းကို... သူ့အား အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်လောက်အောင်... မုန်းတီးမှုများဖြင့် စူးစိုက်ကြည့်လိုက်သည်။ သို့သော်... လိန်ချင်းဖုန်းက ဓားကို ဆွဲထုတ်လိုက်သည်နှင့်... မုရုန်ထျန်း၏ အမြင်အာရုံများမှာ မှောင်မည်းသွားပြီး... လဲကျသွားတော့သည်။

'အထီးကျန် နယ်မြေ' နေရာလပ်ကြီးမှာ တည်ငြိမ် အေးချမ်းသွားပြန်၏။

ယဲ့ကူချန်နှင့် လုအိုယန်တို့မှာမူ... တုန်လှုပ်မှုထဲမှ မထွက်နိုင်သေးဘဲ ရှိနေသည်။

ပေမင်ခုံကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးမှာ... ဖုန်းဝူချန်၏ လက်ထဲတွင် ရှုံးနိမ့် ကျဆုံးသွားခဲ့သည်။

ဖုန်းဝူချန် ပြသလိုက်သော ကြောက်မက်ဖွယ် အစွမ်းသတ္တိက... သူတို့အားလုံးကို နက်ရှိုင်းစွာ သတိထားသွားစေသည်။

အချိန် မည်မျှ ကုန်ဆုံးသွားသည် မသိ...။ တုန်လှုပ်နေသော ယဲ့ကူချန်နှင့် အခြားသူများမှာ တိတ်တဆိတ် ထွက်ခွာသွားကြပြီး... ဖုန်းဝူချန်နှင့် သူ၏ အဖော် လေးဦးသာ ကျန်ရစ်ခဲ့သည်။

သူတို့ 'အထီးကျန် နယ်မြေ' ထဲသို့ ဝင်ရောက်လာသည်မှာ တစ်ရက်ပင် မပြည့်သေးပေ။ တိုက်ပွဲ ပြီးဆုံးသွားပြီးနောက်... သူတို့ ရတနာများကို ဆက်လက် ရှာဖွေကြသည်။

နာရီအနည်းငယ် ကြာသောအခါ... ဖုန်းဝူချန်၏ ဒဏ်ရာများမှာ အပြည့်အဝ ပျောက်ကင်းသွားပြီး... သူက 'အထီးကျန် နယ်မြေ' မှ အချိန်စော ထွက်ခွာရန် ရွေးချယ်လိုက်သည်။

'ဝိညာဉ် ပုံဆောင်ခဲ ကျောက်တုံး' များနှင့် 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' များ နှစ်မျိုးစလုံးကို ရှာဖွေတွေ့ရှိခဲ့သည့်အပြင်... 'ဝိညာဉ် ဝါးမျိုခြင်း ပုလဲ' ကိုပါ ရရှိခဲ့သဖြင့်... ဖုန်းဝူချန်တစ်ယောက် ကျေနပ်နေလေပြီ။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ... 'လမ်းစဉ် ကိုးသွယ် တာအိုအရှင်’၏ အမွေအနှစ်ကိုပင် ရရှိခဲ့ရာ... ၎င်းမှာ အကြီးကျယ်ဆုံးနှင့် တန်ဖိုးအရှိဆုံး ရတနာ ဖြစ်သည်မှာ သံသယ မရှိပေ။

'အထီးကျန် နယ်မြေ' မှ ထွက်ခွာပြီးနောက်... ကျန်းကျွင့်လန်မှာလည်း ဖုန်းဝူချန်နှင့် လမ်းခွဲ ထွက်ခွာသွားသည်။

ကျိုကျိုး ကိုးပြည်ထောင်သို့ ပြန်ရောက်သောအခါ... လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ... ကျင့်ကြံရန်အတွက် 'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ သတ္တမ အလွှာသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။

ဖုန်းဝူချန်အဖို့မူ... သူ ပထမဆုံး လုပ်သည့်အရာမှာ 'ချီရှင်း ယွမ်ရှန် ဆေးလုံး' များကို သန့်စင်ရန် ဖြစ်သည်။

ဖုန်းဝူချန်က 'ဝိညာဉ်ခွဲခြမ်းခြင်း ပညာရပ်' ကို အသုံးပြုခဲ့သဖြင့်... သူ၏ မူလဝိညာဉ်မှာ အိပ်စက်သွားပြီး... ကျင့်ကြံနိုင်စွမ်း မရှိတော့ပေ။ 'ချီရှင်း ယွမ်ရှန် ဆေးလုံး' မှာ ပဉ္စမ အဆင့် နတ်ဘုရား ဆေးလုံးတစ်မျိုး ဖြစ်ပြီး... မူလဝိညာဉ်ကို အားကောင်းစေသော အာနိသင် ရှိရာ... သူ၏ အိပ်စက်နေသော မူလဝိညာဉ်ကို ပြန်လည် နိုးထလာစေရန် ကူညီပေးနိုင်ပါသည်။

ထိုဆေးလုံးကို သန့်စင်ရန် လိုအပ်သော ဆေးပင်များမှာ... အလွန် တန်ဖိုးကြီးပြီး ရှားပါးလှသည်။

သူ၏ မူလဝိညာဉ် နိုးထလာသောအခါ... ဖုန်းဝူချန်က... ကျန်းမိသားစုထံ မသွားမီ... ထျန်းယွမ် ဘုံ စတုတ္ထလွှာသို့ အဆင့် ချိုးဖြတ် ဝင်ရောက်နိုင်ရန် ကြိုးပမ်းရန်အတွက်... တံခါးပိတ် ကျင့်ကြံလိုက်လေ၏။

မျက်စိတစ်မှိတ်အတွင်း... တစ်လ ကုန်ဆုံးသွားခဲ့၏။

ဖုန်းဝူချန်၊ လင်ရှောင်ရှောင်၊ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ အားလုံး... တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာကြသည်။

နှစ်လနီးပါး ကြာမြင့်ခဲ့ပြီး... 'ဝိညာဉ် ဝါးမျိုခြင်း ပုလဲ' ၏ အကူအညီဖြင့်... ဖုန်းဝူချန် တစ်ယောက် ထျန်းယွမ် ဘုံ စတုတ္ထလွှာသို့ ဝင်ရောက်သွားခဲ့သည်။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ... ထျန်းယွမ် ဘုံ ဒုတိယလွှာသို့ ချိုးဖျက် ဝင်ရောက်သွားခဲ့ကြ၏။ 'လမ်းစဉ် ကိုးသွယ် တာအိုအရှင်’၏ အစွမ်းထက်သော ကျင့်စဉ်များအားလည်း ကျင့်ကြံပြီး ဖြစ်ရာ... သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်မှာ သံသယမရှိဘဲ ကြီးကျယ်ခမ်းနားလှပေသည်။

လင်ရှောင်ရှောင်မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

နှစ်လနီးပါး အတွင်း... 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' တစ်ပွင့်တည်းကိုသာ အသုံးပြု၍... သူမ၏ ကျင့်ကြံအဆင့်မှာ ထျန်းယွမ် ဘုံ ဒုတိယလွှာမှ... တတိယလွှာ အထွတ်အထိပ်သို့ ချိုးဖျက် တက်လှမ်းသွားခဲ့သည်။ ထျန်းယွမ် ဘုံ စတုတ္ထလွှာသို့ အချိန်မရွေး ဝင်ရောက်သွားနိုင်လေရာ... သူမ၏ ကျင့်ကြံခြင်း အရှိန်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

"အစ်ကိုကြီးဖုန်း... ကျွန်တော်တို့ ဘယ်တော့ ထွက်ခွာကြမလဲ။" လျိုချင်းယန်က... 'လက်နက်သန့်စင် မိသားစု' မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိချင်ဇောဖြင့်...ထုတ် မေးလိုက်သည်။

"မသွားခင်... ဥက္ကဌကြီး ချူနဲ့ တခြားသူတွေကို နှုတ်ဆက်သင့်တယ် မဟုတ်လား။ ...မဟုတ်ရင်... အကြောင်းပြချက်မရှိဘဲ ပျောက်သွားတာက သူတို့ကို စိတ်ပူစေလိမ့်မယ်။" ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း... လေလံရုံ၏ အဓိက နန်းတော်ဆီသို့ ဦးတည်သွားသည်။

ခန်းမဆောင်ကြီးသို့ ရောက်ရှိသောအခါ... ဖုန်းဝူချန်က နန်းကုန်းမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များလည်း ရောက်ရှိနေပြီး... တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်ကို တွေ့ရှိလိုက်ရသည်။

"မိသားစုခေါင်းဆောင် နန်းကုန်း... ဆေးဧကရာဇ် ရောက်လာပြီ။... ခင်ဗျား သူ့ကိုပဲ မေးကြည့်သင့်တယ်။" ချူချန်ခုံးက ကူကယ်ရာမဲ့စွာ ဆိုလိုက်သည်။

"မိသားစုခေါင်းဆောင် နန်းကုန်း... ကျွန်တော့်ဆီက ဘာအကူအညီ လိုအပ်လို့လဲ။" ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း မေးလိုက်၏။

"ဆေးဧကရာဇ်။" နန်းကုန်းလီ၏ နှလုံးသားထဲတွင် ဝမ်းမြောက်မှုများဖြင့် ခုန်ပေါက်သွားပြီး... အလျင်အမြန် လှည့်ကြည့်လိုက်သည်။

"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်။" နန်းကုန်းမိသားစု၏ အဓိက အဖွဲ့ဝင်များက လေးစားစွာ အရိုအသေ ပေးလိုက်ကြသည်။

"ဆေးဧကရာဇ်... နန်းကုန်းမိသားစုက 'ကိုးထပ် ချန်ခွင်း မျှော်စင်' ကို မတရား လောဘတက်ပြီး... ခင်ဗျားကို စော်ကားမိခဲ့တာ မဖြစ်သင့်ပါဘူး...။ ကျွန်တော်တို့ အထူး တောင်းပန်ဖို့ လာခဲ့တာပါ...။" နန်းကုန်းလီက လေးစားစွာ ဒူးထောက်လိုက်ရာ... အခြားသူများမှာလည်း အတုလိုက်ကြသည်။

"တောင်းပန်စရာ မလိုပါဘူး။ ခင်ဗျားတို့ ပြန်နိုင်ပါပြီ။" ဖုန်းဝူချန်က လျစ်လျူရှုဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။

"ဆေးဧကရာဇ်...။ ဆေးဧကရာဇ်" ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ လက်ဝှေ့ယမ်းလိုက်သည်ကို မြင်သောအခါ... နန်းကုန်းလီ၏ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး... အလျင်အမြန် ဆိုလိုက်သည်။ "ဆေးဧကရာဇ်ရဲ့ နတ်ဘုရား ပညာရပ်တွေက ပြိုင်ဘက်ကင်းပြီး... လူသေကိုတောင် ရှင်ပြန်ထမြောက်စေနိုင်ပါတယ်...။ ...နန်းကုန်းကျန့်ကို ကယ်တင်ပေးဖို့... ခင်ဗျားရဲ့ သနားကြင်နာမှုကို တောင်းခံပါတယ်"

"နန်းကုန်းကျန့်ကို ကယ်တင်ရမယ်" ဖုန်းဝူချန်က နန်းကုန်းကျန့်ကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ ချီပင်လယ်ကို အမှန်တကယ် ဖျက်ဆီးခဲ့ကြောင်း... ပထမဆုံးအကြိမ် ပြန်လည် သတိရလိုက်သည့်အလားပင်။

"ကျုပ် ခင်ဗျားတို့ နန်းကုန်းမိသားစု တစ်ခုလုံးကို ချမ်းသာပေးခဲ့တာ... နန်းကုန်းကျန့်ကြောင့်ပဲ...။ ...ဘာလဲ... ခင်ဗျားတို့မှာ အခု ကျုပ်ဆီ လာဖို့ မျက်နှာ ရှိသေးတယ်လား။" ဖုန်းဝူချန်က မထီမဲ့မြင် ခနဲ့လိုက်သည်။

"မိသားစုခေါင်းဆောင် နန်းကုန်း... ကျွန်တော် ကြားတာ မှန်ရဲ့လား...။ အဲ့ဒီတုန်းက... အစ်ကိုဖုန်းက... နန်းကုန်းမိသားစုနဲ့ နန်းကုန်းကျန့်ကြားမှာ... တစ်ခုကို ရွေးရမယ်လို့ ပြောခဲ့တယ် မဟုတ်လား...။ ...နန်းကုန်းမိသားစုကို ချမ်းသာပေးဖို့... နန်းကုန်းကျန့်ရဲ့ ချီပင်လယ်ကို ဖျက်ဆီးခဲ့ပြီးမှ... ...အခု ခင်ဗျားက အစ်ကိုဖုန်းကို နန်းကုန်းကျန့်အား ကယ်တင်ခိုင်းနေတယ်...။ ...ဒါဆို... နန်းကုန်းကျန့်ကို ကယ်တင်

ပေးလိုက်ရင်... ခင်ဗျားတို့ နန်းကုန်းမိသားစုကို ဖျက်ဆီးပစ်လို့ ရပြီဆိုတဲ့ သဘောလား" လျိုချင်းယန်က အေးစက်စွာ မေးလိုက်သည်။

ဤစကားကို ကြားသောအခါ... နန်းကုန်းလီနှင့် အခြားသူများ၏ မျက်နှာများ ဖြူဖျော့သွားပြီး... စိတ်ပျက်မှုနှင့် နောင်တများဖြင့် ပြည့်နှက်သွားသည်။

..အစကတည်းက... ဒီလို ဖြစ်လာမှန်းသာ သိခဲ့ရင်... ငါတို့ ဘာလို့ အဲ့လို လုပ်ခဲ့ကြမှာလဲ။..

ချူချန်ခုံးနှင့် မော့ယန်တို့မှာ ဝင်မစွက်ဖက်ဘဲ... တိတ်တဆိတ် ကြည့်ရှုနေကြပြီး... မည်သည့် ထင်မြင်ချက်မျှ မပေးလိုကြပေ။

"ဆေးဧကရာဇ်... ခင်ဗျား အစွမ်းထက်ပြီး သာလွန်ထူးကဲတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားမှန်း ကျွန်တော် သိပါတယ်...။ ...နန်းကုန်းမိသားစုက ခင်ဗျားကို စော်ကားမိခဲ့လို့... ဒီလို ကံကြမ္မာမျိုးနဲ့ ထိုက်တန်ပါတယ်...။ ဒါပေမဲ့... ကျွန်တော်ကတော့... မသန်စွမ်းတစ်ယောက်လို... ကျွန်တော့်ဘဝကို အသက်မရှင်ချင်ပါဘူး...။ ...ဆေးဧကရာဇ်ကသာ ကျွန်တော့် ချီပင်လယ်ကို ပြန်လည် ကောင်းမွန်အောင် လုပ်ပေးနိုင်မယ်ဆိုရင်... ကျွန်တော်... နန်းကုန်းကျန့်က... ခင်ဗျား လက်အောက်ကို ခိုဝင်ဖို့ ဆန္ဒရှိပါတယ်" နန်းကုန်းကျန့်က စိတ်ရင်းမှန်ဖြင့် ဆိုလိုက်သည်။

နန်းကုန်းကျန့်တွင် ယုံကြည်မှုအတွက် မည်သည့် အခြေခံမျှ မရှိသော်လည်း... ဤသည်မှာ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ နန်းကုန်းမိသားစု၏ နံပါတ်တစ် ပါရမီရှင် တစ်ဦးအနေဖြင့်... သူ၏ ချီပင်လယ် ပျက်စီးသွားသောကြောင့်... သူ၏ လက်ကျန် ဘဝအား ယုတ်လျော့စွာ ကုန်ဆုံးရန်... သူ မခံနိုင်ခဲ့ပေ။

"မင်းက... ငါ့လက်အောက်ကို ခိုဝင်ဖို့ ဆန္ဒရှိတယ်" ဖုန်းဝူချန်က နန်းကုန်းကျန့်ကို အံ့ဩစွာ ကြည့်လိုက်သည်။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာလည်း... အံ့အားသင့်စွာ ကြည့်ရင်း... နန်းကုန်းကျန့်ကို စူးစိုက် ကြည့်နေမိသည်။

အလွန်တရာ မောက်မာထောင်လွှားသော နန်းကုန်းကျန့်က... ဖုန်းဝူချန်၏ လက်အောက်သို့ ခိုဝင်ရန် အမှန်တကယ် ရွေးချယ်လိမ့်မည်ဟု... သူတို့ ရှင်းရှင်းလင်းလင်း မယုံကြည်နိုင်ခဲ့ကြပေ။

လုံးဝ စိတ်ကူး မယဉ်နိုင်စရာပင်။

နန်းကုန်းကျန့်ဆိုတာ ဘယ်သူလဲ။

နန်းကုန်းမိသားစု၏ နံပါတ်တစ် ပါရမီရှင်...။ သဘာဝအတိုင်း မာနကြီးပြီး မောက်မာသူက... အခြားတစ်ယောက်၏ လက်အောက်သို့ အမှန်တကယ် ခိုဝင်မည်တဲ့လား။

"ဆေးဧကရာဇ်က ကျွန်တော့်ကို ကယ်တင်ဖို့ ဆန္ဒရှိသရွေ့... ကျွန်တော့်ကို ပြန်လည် မွေးဖွားခွင့် ပေးသရွေ့... ကျွန်တော် လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်...။ ...ကျွန်တော့်မှာ ဒုတိယ အတွေးမျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး" နန်းကုန်းကျန့်က ခိုင်မာစွာ အာမခံလေသည်။

ရွေးချယ်ခွင့်သာ ပေးမည်ဆိုလျှင်... နန်းကုန်းကျန့်သည်... လူတိုင်း၏ သနားခြင်းကို ခံရသော မသန်စွမ်းတစ်ဦး... လူရယ်စရာတစ်ဦး ဖြစ်လာမည့်အစား... လက်အောက်ခံခြင်းကို ပို၍ ရွေးချယ်ပေလိမ့်မည်။

"မင်း... သေချာ စဉ်းစားသင့်တယ်" ဖုန်းဝူချန်က အေးစက်စွာ ခနဲ့လိုက်သည်။ "လက်အောက်ခံတယ် ဆိုတာ... ဘာအဓိပ္ပာယ်လဲ မင်း နားလည်ရဲ့လား...။ ...ဒါက... ငါ မင်းကို ဘာပဲ ခိုင်းခိုင်း... မင်း လုပ်ရမယ် ဆိုတဲ့ သဘောပဲ"

"ကျွန်တော် နားလည်ပါတယ်" နန်းကုန်းကျန့်က ခေါင်းညိတ်လိုက်သည်။ သူက အဆိုးဆုံးအတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

ဤစကားကို ကြားသောအခါ... နန်းကုန်းလီနှင့် အခြားသူများ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ ပြန်လည် လင်းလက်လာသည်။ နန်းကုန်းကျန့်၏ လက်အောက်ခံခြင်းက အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိခဲ့သည်။

"ကောင်းပြီလေ...။ ...မှတ်ထား... ဒါ မင်း စကားလုံးတွေပဲ" ဖုန်းဝူချန်က လှောင်ပြောင်သလို ခနဲ့လိုက်သည်။ ထို့နောက်... သူ၏ ခြေအောက်မှ မြေပြင်ကို ညွှန်ပြလိုက်ပြီး... မောက်မာစွာ ဆိုလိုက်သည်။ "မင်း... ငါ့ကို မင်းရဲ့ ချီပင်လယ်ကို ပြန်ကောင်းအောင် လုပ်စေချင်တယ်... ဟုတ်လား...။ ...ငါ့ခြေထောက်အောက်ကနေ လေးဘက်ထောက် ဖြတ်သွား...။ ...ငါ မင်းကို သေချာပေါက် ကယ်တင်ပေးမယ်...။ ...ပြီးတော့... မင်းကို ထျန်းယွမ် ဘုံ သတ္တမလွှာအထိ ချိုးဖျက် ဝင်ရောက်နိုင်အောင်တောင် ကူညီပေးဦးမယ်"

ထိုစကားကြောင့်... နန်းကုန်းလီနှင့် အခြားသူများ၏ မျက်နှာများ ကွက်ခနဲ ပျက်သွားကြပြီး... နန်းကုန်းကျန့်မှာလည်း မှင်တက်သွားသည်။

ချူချန်ခုံနှင့် မော့ယန်တို့မှာလည်း စကားလုံးများ မရှိလောက်အောင် တုန်လှုပ်သွားကြ၏။

နန်းကုန်းကျန့်သည် သူ၏ မောက်မာမှုကြောင့် ကျော်ကြားသူ ဖြစ်သည်။ သူက ပါရမီရှင်တစ်ဦးအဖြစ် သူ၏ အဆင့်အတန်းကို ပြန်လည် ရရှိရန်အတွက်သာ လက်အောက်ခံရန် ဆန္ဒရှိခဲ့သည်။ ယခု... ဖုန်းဝူချန်က သူ့အား ခြေထောက်ကြားမှ တွားသွားခိုင်းနေသည်...။ ဤသည်မှာ နန်းကုန်းကျန့်အား စော်ကားလိုက်ခြင်းမှလွဲ၍ အခြား ဘာမျှ မဟုတ်ပေ။

"နန်းကုန်းကျန့်... တွားသွားလေ...။ ...ငါ မင်းကို ဘဝသစ်တစ်ခု ပေးနိုင်တယ်...။ မင်းကို ထျန်းယွမ် ဘုံ သတ္တမလွှာကို ဝင်ရောက်နိုင်စေပြီး... ကျိုကျိုး ကိုးပြည်ထောင်ရဲ့ တကယ့် နံပါတ်တစ် ပါရမီရှင် ဖြစ်လာစေရမယ်...။ ...ငါ မင်းကို ဒီထက် ပိုပြီး အစွမ်းထက်အောင် လုပ်ပေးနိုင်တယ်" ဖုန်းဝူချန်က အေးစက်စွာ ခနဲ့လိုက်သည်။

နန်းကုန်းကျန့်၏ မျက်နှာမှာ အလွန်တရာ တင်းမာသွားပြီး... သူ၏ လက်သီးများကို တင်းတင်း ဆုပ်ထားလိုက်မိသည်။

"နန်းကုန်းကျန့်... မင်းရဲ့ အမှားတွေအတွက်... မင်း အဖိုးအခ ပေးရမယ်...။ ...ဒါပေါ့... မင်း မတွားချင်ဘူးဆိုရင်လည်း တွားစရာ မလိုပါဘူး...။ ...မင်းရဲ့ နန်းကုန်းမိသားစုဆီ ပြန်သွားလိုက်" လျိုချင်းယန်က လှောင်ပြောင်သလို စနောက်လိုက်သည်။

"ကျန့်အာ…"

နန်းကုန်းထျန်းဟန်၏ မျက်နှာတွင် နာကျင်မှုများ ထင်ဟပ်နေသည်။

နန်းကုန်းလီ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး... ဆယ်စုနှစ်ပေါင်းများစွာ အသက်ကြီးရင့်သွားသည့်အလား ဖြစ်နေသည်။ ဖုန်းဝူချန်က နန်းကုန်းကျန့်ကို အရှက်ခွဲနေမှန်း ရှင်းလင်းနေ၏။

"ဆေးဧကရာဇ်... သူ့ကတိကို တည်လိမ့်မယ်လို့... ကျွန်တော် မျှော်လင့်ပါတယ်" အတန်ကြာ တိတ်ဆိတ်နေပြီးနောက်... နန်းကုန်းကျန့်က ဖုန်းဝူချန်၏ ခြေအောက်သို့ စတင် တွားသွားလိုက်သည်။

နန်းကုန်းလီနှင့် အခြားသူများ၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြသည်။

နန်းကုန်းကျန့်က... အမှန်တကယ် တွားသွားမည်တဲ့လား။

'နန်းကုန်းကျန့် တကယ်သာ တွားသွားလိုက်ရင်... အစ်ကိုကြီးဖုန်းက သူ့ကို ပိုပြီးတောင် အထင်သေးသွားလိမ့်မယ်...'။ လင်ရှောင်ရှောင်က စိတ်ထဲမှ တွေးရင်း ခေါင်းခါလိုက်သည်။

လျိုချင်းယန်မှာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး စိတ်ထဲမှ တွေးနေသည်။ 'နန်းကုန်းကျန့်က တကယ်ကြီး တွားသွားမှာတော့ မဟုတ်ဘူးမလား...။ သူ ဒီလောက် အရှက်ခွဲတာကို ခံနိုင်ရည် ရှိလို့လား...'။

သို့သော်... နန်းကုန်းကျန့်က ဖုန်းဝူချန်၏ ခြေအောက်သို့ ခြေတစ်လှမ်းစာမျှ ချဉ်းကပ်လာသောအခါ... စွမ်းအင်တစ်ခုက သူ့ကို တားဆီးလိုက်သည်။

နန်းကုန်းကျန့် အနည်းငယ် တုံ့ခနဲ ဖြစ်သွားပြီး... သူ၏ ခေါင်းကို မော့ကြည့်လိုက်ရာ... ဖုန်းဝူချန်က ပြုံးနေသည်ကို တွေ့လိုက်ရသည်။

"နန်းကုန်းကျန့်... မင်း ငါ့ကို ဒူးထောက်လိုက်တဲ့ အခိုက်အတန့်ကစပြီး... မင်းရဲ့ မာနတရားက တိုက်စားခံလိုက်ရပြီးသားပဲ...။ ...မင်းရဲ့ မောက်မာမှုကို စွန့်လွှတ်နိုင်မှသာ... မင်း ရှေ့ဆက် တိုးတက်နိုင်လိမ့်မယ်...။ ...ငါ မင်းကို စောင့်နေတာ ကြာပြီ"

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး... ကိုယ်ကို ကိုင်းကာ... နန်းကုန်းကျန့်ကို ကိုယ်တိုင် ဆွဲထူလိုက်လေတော့သည်။

All Chapters