← Chapters

ပုစွန်ဆိတ်လောက်နဲ့လား၊ လော့ရှာဂိုဏ်းမှ လူရောက်လာခြင်း

Vol. 24 Ch. 352

ပုစွန်ဆိတ်လောက်နဲ့လား၊ လော့ရှာဂိုဏ်းမှ လူရောက်လာခြင်း

Vol. 24 Ch. 352

ဆွန်ယင်ယန်၏ အသံသည် အလွန်ကျယ်လောင်လျက် ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ချက်ချင်းပင် လူအားလုံး၏ အကြည့်များက တစ်ပြိုင်နက် စုစည်းလာကြပြီး မျက်နှာအမူအရာတို့တွင် ထူးဆန်းမှုအချို့ ပေါ်လွင်နေသည်။

လူများစွာတို့သည် ယခုနှစ် ရွှမ်ယွမ်ဂိုဏ်း၏ အဓိက တပည့်ကြီးသည် အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားခဲ့ရသည်ကို သိရှိကြပြီးဖြစ်သည်။ အသုံးမကျသူဟု မခေါ်ဆိုခဲ့လျှင်ပင် ကောင်းချီးပေးရာရောက်နေပြီဖြစ်သည်။ ကမ္ဘာ့ထူးချွန်သူဟု မည်သို့ ဆိုနိုင်အံ့နည်း။

ဤသို့ ဆိုခြင်းသည် ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်သရော်သည်မှာ ထင်ရှားလှသည်။

ရွှမ်ယွမ်ဂိုဏ်းကို အရှက်ခွဲလိုခြင်း ဖြစ်သည်။

ဆွန်ယင်ယန်သည် အနီးသို့ လျှောက်လာကာ တစ်ချက် လှည့်ပတ်ကြည့်ပြီးနောက် ရွှမ်ယွမ်ဂိုဏ်း၏ အပြင်စည်း ဆယ်ဦးသော တပည့်တို့၏ အရည်အသွေး မညီမျှမှုကို သတိပြုမိသွားပြီး မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှု ပိုမိုထင်ရှားလာကာ အေးစက်စွာ ရယ်မောလိုက်သည်။

“အသုံးဝင်သူ တစ်ယောက်မှ မရှိဘူးလား... ဒီနှစ် ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း အဓိကတပည့်ကြီးက ဘယ်သူလဲဟ...”

ချန်လင်းယူတို့၏ မျက်နှာအမူအရာများမှာ ဒေါသတကြီး ဖြစ်သွားသည်။ လော့ချန်သည် နဖူးကို အနည်းငယ် တွန့်ချိုးကာ ရှေ့သို့ တိုးလာပြီး ဆိုသည်။

“ကျုပ်ပဲ... ပြဿနာရှိလား...”

ဆွန်ယင်ယန်သည် လော့ချန်ကို အလျင်အမြန် သတိပြုမိထားပြီးဖြစ်ရာ အထက်မှ ငုံံ့ကြည့်လိုက်ကာ မျက်ခုံးများကို တွန့်ချိုးလိုက်သည်။

“အိုး... မင်းတဲ့လား... ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း အဓိကတပည့်ကြီးပြောပါ... ဟဲဟဲ တကယ် မထင်မှတ်ထားဘူး... မင်းလို ပုစွန်ဆိတ်တစ်ကောင်ကလည်း ရေးကူးတတ်တယ်ပဲလား... ဟား... ဟား... ဟား...”

ဆွန်ယင်ယန်သည် အေးစက်စွာ ရယ်မောနေခဲ့သည်။

ဤသတင်းကို ပထမဆုံး ကြားသိရချိန်တွင် သူသည် နာမည်တူ မျိုးရိုးတူ သူတစ်ဦးသာ ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။ ယခု ကိုယ်တိုင် မျက်မြင်တွေ့ရလျှင်ပင် ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ လွန်ခဲ့သော ခြောက်လက အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားခဲ့ရပြီး သေမျိုးဖြတ်ကျော်နယ်ပယ်ကို မှတ်မှတ်ထင်ထင် ဖြတ်ကျော်ခဲ့သည့် အသုံးမကျသူ... ထိုသူက ရွှမ်ယွမ်ဂိုဏ်း၏ အဓိက တပည့်ကြီး ဖြစ်လာခဲ့သည်မှာ လုံးဝ မယုံကြည်နိုင်စရာ ဖြစ်သည်။

‘ငါ ထုတ်ပြန်ခဲ့တဲ့ ဆုငွေကိစ္စ ရလဒ်ထွက်မလာခဲ့ရတာ အံ့သြစရာ မဟုတ်တော့ဘူး... ဒီကောင်လေးကို လုံးဝ ထင်မထားရဘူး...’

လော့ချန်ကို စိုက်ကြည့်ရင်း ဆွန်ယင်ယန်၏ နှလုံးသားအတွင်း သတ်ဖြတ်လိုစိတ် ပွက်ပွက်ဆူနေခဲ့သည်။ သူ စိုးရိမ်နေခြင်းမှာ လော့ချန်ကိုယ်တိုင်ကို မဟုတ်ပေ။ လော့ချန်ကိုယ်ထဲရှိ မူလကျိမိသားစု၏ သွေးနှင့် မျိုးရိုးဗီဇဖြစ်သည်။

မူလကျိမိသားစု...

အကယ်၍သာ တစ်ဦးတစ်ယောက်က လော့ချန်ကို လျှို့ဝှက်စွာ ပြုစုပျိုးထောင်နေခဲ့လျှင် ထိုသူ တကယ် ကြီးထွားလာချိန်တွင် အရာအားလုံး နောက်ကျသွားမည် ဖြစ်သည်။

ထိုအခါ ဆွန်ယင်ယန်၏ နောက်ကျောမှ လူငယ်တစ်ဦး ထွက်လာသည်။

ထိုလူငယ်သည် အသက် တစ်ဆယ့်ငါးနှစ် ခြောက်နှစ်ခန့် ရှိမည်ဖြစ်ပြီး မျက်နှာသွင်ပြင်သည် ဆွန်ယင်ယန်နှင့် ဆယ်ပုံရှစ်ပုံခန့် ဆင်တူလျက် ခါးတွင် ဓားရှည်ကို ချည်ထားကာ အကြည့်များသည် အလွန် စူးရှထက်မြက်လှသည်။

ဆွန်ချွမ်ဝူပင် ဖြစ်သည်။

လော့ချန်ကို တစ်ချက် အကဲဖြတ်ကြည့်ရာ ဆွန်ချွမ်ဝူ၏ မျက်လုံးအတွင်း အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြတ်ပြီး ပြက်ရယ်ပြုလိုက်သည်။

“အရင်က ကြားခဲ့ရတဲ့အချိန်မှာ မယုံသေးဘူး... မင်း တကယ် ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း အဓိက တပည့်ကြီး ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး...”

“အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားခဲ့တဲ့ အသုံးမကျသူက အဓိက တပည့်ကြီး ဖြစ်နေတယ်တဲ့... ရွှမ်ယွမ်ဂိုဏ်းက ဒီလောက် နိမ့်ကျသွားပြီလား...”

“မင်း... မင်း... ရဲတင်းလှချည်လား...”

ချန်ရွှမ်အကြီးအကဲ၏ ကိုယ်ပေါ်မှ အင်အားကြီးမားသော အရှိန်အဝါ တက်လာကာ မျက်လုံးတစ်စုံအတွင်းရှိ စူးရှထက်မြက်မှုသည် ချွန်ထက်နေကာ တိုးညင်းစွာ တစ်လုံးချင်း ပြောလိုက်သည်။

“ငါတို့ ရွှမ်ယွမ်ဂိုဏ်း တပည့်တွေကို မင်းတို့ လာပြီး အနိုင်ကျင့်စရာ မလိုဘူး... နောက်တစ်ခွန်း ထပ်ပြောကြည့် ငါဘယ်လို ဆုံးမမလဲဆိုတာ စောင့်ကြည့်လိုက်...”

ပဉ္စမအကြီးအကဲ စသည်တို့သည်လည်း ဒေါသအမျက် ပြည့်နှက်နေခဲ့သည်။

လော့ချန်သည် ယခု ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း အဓိက တပည့်ကြီး ဖြစ်နေပြီ။ လော့ချန်ကို အရှက်ခွဲခြင်းသည် သူတို့ အားလုံး၏ မျက်နှာကို ရိုက်ပုတ်ခြင်းပင် မဟုတ်ပါလား...။

ဆွန်ချွမ်ဝူသည် လုံးဝ ဂရုမစိုက်ဘဲ မေးရိုးကို အနည်းငယ် မော့ကာ လော့ချန်ဘက်သို့ ကြည့်လိုက်သည်။

“ငါ ပြောတာ မှားသွားလို့လား... မင်း နိုးကြားခဲ့တာ အသုံးမကျတဲ့သိုင်းဝိညာဉ် မဟုတ်ဘူးလား...”

ချန်ရွှမ်၏ လက်ကို ပဉ္စမအကြီးအကဲက လှမ်းဆွဲရင်း အနိုင်နိုင်တားလိုက်ရသည်။

လော့ချန်သည် ဆွန်ချွမ်ဝူကို အကြည့်များဖြင့် စိုက်ကြည့်ကာ ခံစားချက် လုံးဝ မပါဝင်ဘဲ ဆိုသည်။

“မင်း ပါးစပ်ထဲမှာ အသုံးမကျသူ... အသုံးမကျသူလို့ ဆိုနေတာ တကယ်လို့ ငါ့လက်ချက်နဲ့ ရှုံးနိမ့်သွားရင် မင်း ဘာဖြစ်သွားမလဲ...”

“ငါ့ကို ရှုံးနိမ့်အောင် လုပ်မယ်တဲ့... ဟား... ဟား... ဟား...”

ဆွန်ချွမ်ဝူ အံ့သြသွားကာ ကမ္ဘာပေါ်တွင် ရယ်စရာ အကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသလို မထီမဲ့မြင် ရယ်မောလိုက်သည်။

“တကယ်ကို ပါးစပ်ကတော့ လေကြီးမိုးကြီး ပြောနေတာပဲ... မင်း ရွှမ်ယွမ်ဂိုဏ်း အဓိက တပည့်ကြီး ဖြစ်နေတယ်ဆိုပြီး ငါ့ကို ဖိနှိပ်နိုင်မယ်လို့ ထင်နေတာလား... မင်း စွမ်းအားနဲ့ဆိုရင် ငါတို့ လျှပ်ယွမ်ဂိုဏ်းမှာ အဆင့်တစ်ဆယ်အတွင်းတောင် ဝင်နိုင်မယ် မထင်ဘူး...”

“ဒီမှာဟိတ်ကောင်... မင်းမြဲမြဲမှတ်ထားဖို့က ဒီကမ္ဘာမှာ စွမ်းအားကိုပဲ ဦးစားပေးတယ်... မင်း ဘယ်လို အဆင့်အတန်း ရှိလဲ... ဘယ်လို အဆင့်နေရာ ရှိလဲ ဘယ်သူမှ ဂရုမစိုက်ဘူး...”

“ကောင်းပြီ ဒီနေ့ မင်းကို အရင် နိုးကြားစေလိုက်မယ်... ကိုယ့်နေရာကိုယ် ရှင်းရှင်းလင်းလင်း သိအောင် လုပ်ပေးမယ်...”

စကားဆိုနေချိန် ဆွန်ချွမ်ဝူသည် လော့ချန်ကို အထက်မှ ငေးကြည့်ကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ အကြည့်များသည် ကြယ်ကြွေ ကျဆင်းသလို ဖြစ်နေကာ ခါးတွင်ရှိ ရတနာဓားသည် မရပ်မနား တုန်ခါနေခဲ့သည်။

နောက်အချိန်ခဏတွင်...

“ဘုန်း...”

အေးစက်သော အရှိန်အဝါ တစ်ခု ဆွန်ချွမ်ဝူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာကာ လော့ချန်ဘက်သို့ ဖိနှိပ်လိုက်သည်။

“လူနဲ့ဓား တစ်သားတည်း...”

တစ်ဦးတစ်ယောက်က အံ့သြဖွယ် အော်ဟစ်လိုက်သည်။

တစ်လအလို ဆွန်ချွမ်ဝူ၏ ဓားပညာ နယ်ပယ်သည် လူနှင့်ဓား တစ်သားတည်း အဆင့်သို့ တက်လှမ်းခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ စွမ်းအား ပြင်းထန်စွာ တိုးတက်ခဲ့ကာ ယခုနှစ် လျှပ်ယွမ်ဂိုဏ်း အပြင်စည်း ပြိုင်ပွဲတွင် ထင်ရှားစွာ တောက်ပခဲ့ပြီး ယခု လျှပ်ယွမ်ဂိုဏ်း အပြင်စည်းတပည့် ဆယ်ဦးတွင် အဆင့်သုံးနေရာ၌ ရပ်တည်နေခဲ့သည်။

“ဓားအရှိန်နဲ့ ငါ့ကို ဖိနှိပ်ချင်တယ်ပေါ့... မင်း အရည်အချင်းလောက်နဲ့လား...”

လော့ချန်၏ ကိုယ်ပေါ်ရှိ ဝတ်ရုံများ လေထဲ လွင့်လှုပ်သွားကာ မျက်ခွံကို မြှောက်လိုက်ရာ မျက်ဆံအတွင်း အံ့သြဖွယ် စူးရှထက်မြက်မှု ပေါက်ကွဲထွက်လာခဲ့သည်။

“ဘုန်း...”

နောက်ဆုံး စကားလုံး ကျဆင်းသွားချိန်တွင် အဆုံးစွန်သော စူးရှထက်မြက်မှု တစ်ခု လော့ချန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် လေထုကို တဘုန်းဘုန်း တုန်ခါစေကာ လေထုကို ခွဲထွင်းကာ နှလုံးသားထဲ တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။

“ဖူး...”

ခဏတာအတွင်းမှာပင် ဆွန်ချွမ်ဝူ၏ ဓားအရှိန်ကို ဆုတ်ဖြဲခံလိုက်ရပြီး မျက်နှာသို့ ရောက်ရှိလာသော စူးရှထက်မြက်မှု ချီစွမ်းအင်က သူ၏ မျက်နှာကို များစွာ ပြောင်းလဲသွားစေကာ ခြေလှမ်းချော်ကာ နောက်ဆုတ်သွားခဲ့ရသည်။

“ရဲတင်း လိုက်တာ...”

နိမ့်သော အော်ဟစ်သံ ထွက်ပေါ်လာကာ ပုံရိပ်တစ်ခု ဆွန်ချွမ်ဝူ၏ နောက်ကျောတွင် ပေါ်ထွက်လာခဲ့သည်။ ထပ်မံ၍ မှုန်ဝါးကျယ်ပြန့်သော စူးရှထက်မြက်မှု ချီစွမ်းအင် တစ်ခု ထွက်ပေါ်လာကာ လော့ချန်၏ ဓားအရှိန် စူးရှထက်မြက်မှုကို တွန်းလှန်ခဲ့သည်။

ဖောက်ခနဲအသံနှင့်အတူ ဓားအရှိန်နှစ်ခု တစ်ပြိုင်နက် ပျောက်ကွယ်သွားကာ ကွင်းပြင်တစ်ခုလုံး မုန်တိုင်းကြီး တိုက်ခတ်သွားခဲ့သည်။

“ဖူး...”

ဓားအရှိန် နှစ်ခု၏ ရိုက်ခတ်မှုကို ခံရပြီး ဆွန်ချွမ်ဝူ မထင်မှတ်ထားဘဲ သွေးချီစွမ်းအင် ပြန်တက်လာကာ သွေးတစ်ပွက် အန်လိုက်ရပြီး မျက်နှာ ဖြူဖျော့သွားခဲ့သည်။

ဓားကိုင်ထားသော လူငယ်တစ်ယောက်သည် နဖူးတွန့်ကာ လော့ချန်ကို ကြည့်လိုက်ရာ အကြည့်များသည် နေရောင်အောက်တွင် နှလုံးသားကို ကြောက်ရွံ့စေသော အေးစက်မှု ထင်ဟပ်နေကာ သူက ဆွန်ချွမ်ဝူကို အေးစက်စွာ ဆိုသည်။

“လူနဲ့ဓား တစ်သားတည်း အလယ်အဆင့်...”

ဤစကား ထွက်ပေါ်လာချိန်တွင် ကွင်းပြင်တစ်ခုလုံး အံ့သြသံများ ထွက်ပေါ်လာကာ လူအများတို့သည် လော့ချန်ကို အံ့သြစွာ ကြည့်ရှုနေခဲ့ကြသည်။

ဂိုဏ်းသုံးဂိုဏ်း အပါအဝင် ယန်ချင်းရှုံးကို ချန်ထားပါက ထင်ရှားစွာ လူနှင့်ဓား တစ်သားတည်း နားလည်ခဲ့သည့် ဓားသမားအရေအတွက်သည် လက်တစ်ဖက်စာမျှ မရှိချေ။

လူနှင့်ဓား တစ်သားတည်း အလယ်အဆင့်ကို နားလည်ခဲ့သည့် ဓားသမားမှာ လျှပ်ယွမ်ဂိုဏ်း အပြင်စည်း အဆင့်နှစ် ရှိသည့် အရိပ်မဲ့ဓား ဖေ့ကျွယ် ဆိုသူ၊ ဆွန်ချွမ်ဝူ ဘေးတွင်ရှိ ဓားကိုင်ထားသော လူငယ် ပင် ဖြစ်သည်။

လူအများတို့ မထင်မှတ်ထားခဲ့သည်မှာ လော့ချန်၏ ဓားပညာ နယ်ပယ်သည်လည်း လူနှင့်ဓား တစ်သားတည်း အလယ်အဆင့် ဖြစ်နေခြင်းပင်...။

အမြဲတမ်း မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့သည့် ဟွာကျင်းယန်ပင်လျှင် လှည့်ကြည့်ကာ လော့ချန်ကို မှေးစင်းစွာ တစ်ချက် ကြည့်ခဲ့သည်။

လော့ချန်သည် ဆွန်ချွမ်ဝူကို မျက်လုံးချင်း စိုက်ကြည့်ကာ ဆိုသည်။

“ကိုယ့်ကိုယ်ကိုယ် ရှင်းရှင်းလင်းလင်း သိဖို့ လိုနေတာ မင်း ဖြစ်နေတယ် ထင်တယ်...”

“အသုံးမကျသူ မင်း သေချင်နေတာပေါ့...”

ဆွန်ချွမ်ဝူ ဒေါသတကြီး ဖြစ်သွားကာ မျက်နှာပေါ်တွင် သွေးကြောများ ပေါက်ကွဲလုမတ်တတ် ဖြစ်နေခဲ့သည်။

“လူနဲ့ဓား တစ်သားတည်း နားလည်ထားရင်ရော ဘာဖြစ်လဲ... မနက်ဖြန် စောင့်ကြည့်နေပါ မင်းကို ခွေးသေတစ်ကောင်လို ဖြစ်အောင် ရိုက်နှက်ပစ်မယ်...”

လော့ချန်သည် သူ၏ မျက်စိထဲတွင် အရေးမပါသော အသုံးမကျသူ တစ်ဦး ဖြစ်နေခဲ့သည်။ အရင်က အသုံးမကျသူ ယခုလည်း အသုံးမကျသူ ပင်။

လော့ချန်၏ လက်ချက်တွင် ရှုံးနိမ့်ခဲ့ရခြင်းက သူ၏ ပူပြင်းသော သွေးချီစွမ်းအင်ကို ဦးနှောက်ထဲ တည့်တည့် တက်စေကာ ဉာဏ်ရည် လုံးဝ ဆုံးရှုံးလုမတတ် ဖြစ်နေခဲ့သည်။

“ဟား... ဟား... လော့ချန် ကောင်းတယ် အရမ်းကောင်းတယ်...”

ပဉ္စမအကြီးအကဲ ထွက်လာကာ လော့ချန်နှင့် ဘေးချင်းယှဉ် ရပ်တည်လိုက်ပြီး ရင်ဘတ်ဖွင့် ရယ်မောလိုက်သည်။

“ဆွန်ယင်ယန် မင်း ငါတို့ ရွှမ်ယွမ်ဂိုဏ်း အဓိက တပည့်ကြီးကို မြင်တွေ့ချင်နေတာ မဟုတ်လား... အခု မြင်တွေ့ပြီမဟုတ်လား...”

အနိုင်တစ်ချီ ပြန်လည် ရရှိခဲ့ပြီ။ ပဉ္စမအကြီးအကဲသည် ယခုအခါ တစ်ကိုယ်လုံး သက်သောင့်သက်သာ ဖြစ်နေခဲ့သည်။

“ဟမ်း...”

ဆွန်ယင်ယန်သည် လော့ချန်ကို စိုက်စိုက်ကြည့်ကာ အေးစက်စွာ ဟွန့်လိုက်ရာ အသံထဲတွင် သွေးကြောနိုးကြားမှု နယ်ပယ် အင်အားရှိသူ၏ ချီစွမ်းအင် ပါဝင်နေကာ လူအများပင် သူ၏ ဒေါသကို ခံစားရခဲ့ကြသည်။

“ဘာလဲ... လူငယ်က မနိုင်တာနဲ့ ကြီးသူက သူ့အတွက် ဝင်ကူပေးချင်တာလား...”

ပဉ္စမအကြီးအကဲ ရှေ့သို့ တစ်လှမ်း တိုးလိုက်ကာ လော့ချန်ကို နောက်ကျောတွင် ကာကွယ်ထားခဲ့သည်။

နှစ်ဖွဲ့သား တင်းမာနေချိန်တွင် ကောင်းကင်ယံ၌ ကြိုးကြာ အော်သံ ထွက်ပေါ်လာခဲ့သည်။

“လော့ရှာဂိုဏ်းရဲ့ သုံးရောင်ခြယ်ကြိုးကြာပဲ... လော့ရှာဂိုဏ်းကလူတွေ ရောက်လာပြီ...”

အရှေ့တောင်ဘက်တွင် ချောမောလှပပြီး ဦးခေါင်းပေါ်တွင် အရောင်သုံးမျိုး အတောင်ပံ ရှိသော ကြိုးကြာဖြူကြီးတစ်ကောင် တိမ်တိုက်များကို ခွဲထွင်းကာ ထွက်ပေါ်လာခဲ့သည်။ မှုန်ပျပျ တွေ့ရှိရသည်မှာ ကြိုးကြာဖြူ၏ ကျောပေါ်တွင် ပုံရိပ်ဆယ်ချီ ရပ်တည်နေကြသည်။

ဤလူများကို ကြည့်ရင်း ပွဲကွင်းအတွင်းရှိ လူငယ်အမျိုးသားတို့ တစ်ဦးချင်း အကြည့်များ ပူပြင်းလာခဲ့ကြသည်။

အမြဲတမ်း မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့သည့် ဟွာကျင်းယန်၏ မျက်လုံးအတွင်းပင် လှိုင်းထ လှုပ်ရှားလာကာ ထိုအရာတစ်ခုထဲသို့ အာရုံစူးစိုက်ပြီး မျက်တောင်မခတ် ကြည့်နေသည်ကို တွေ့နိုင်သည်။

ဤ ဆယ်ဦးကျ်ေသော လူများသည် အားလုံး အမျိုးသမီးများ ဖြစ်ကြပြီး တစ်ဦးချင်းစီသည် ခန္ဓာကိုယ် နူးညံ့လှပကာ အသားအရည် ကြည်လင်နေခဲ့သည်။ အချို့၏ အရှိန်အဝါသည် အေးစက်နေကာ အချို့သည် ရေမှ ထွက်လာသော ကြာပန်းလို ဖြစ်နေပြီး အချို့သည် ပျိုမြစ် တက်ကြွနေခဲ့သည်။ တစ်ဦးချင်းစီက အလှတရား ထူးချွန်လှပပြီး အလွန် ဆွဲဆောင်မှု ရှိနေသည်။

အခန်း ၃၅၂ ပြီးပါပြီ

All Chapters