← Chapters

လောကရှန့်ထို အဆင့်တိုက်ပွဲ

Vol. 127 Ch. 1765

လောကရှန့်ထို အဆင့်တိုက်ပွဲ

Vol. 127 Ch. 1765

ကျားယန်နှင့် စုနန်ကျူးတို့ နှစ်ဦးစလုံးမှာ သာမန် လောကရှန့်ထိုများ မဟုတ်ကြချေ။ ကျန့်ယန်နှင့် ဖန်ယွဲ့တို့ကို ပထမ အဆင့် လောကရှန့်ထိုများဟု သတ်မှတ်လျှင် ရှုယုနှင့် စုနန်ကျူးတို့ကိုတော့ ထိပ်တန်း အဆင့် လောကရှန့်ထိုများ အဖြစ် သတ်မှတ်နိုင်သည်။ ကျားယန်မှာလည်း ထိုမြို့တော်သခင် နှစ်ဦးထက် မနိမ့်ကျပါချေ။

အဆုံးမဲ့ ခရီးသွား နယ်မြေ၏ မြို့တော်သခင် သုံးဦးထဲတွင် လျူယင်လန်း တစ်ယောက်သာ နိမ့်ကျသည်ဟု ဆိုနိုင်ပေသည်။ အာကာသ ဝေဟင်ဂိုဏ်းချုပ် ရာထူးကို ချိပ်ပိတ်နယ်မြေ ဌာနတိုင်းသားကသာ ရယူနိုင်သည် ဆိုသည့် အချက်ကြောင့်သာ သူမမှာ ထိုရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။

ကျားယန်နှင့် စုနန်ကျူးတို့၏ လျှို့ဝှက် နယ်မြေများမှာ အာရုံခြောက်ပါးဖြင့် လေ့လာရန် အလွန် ခက်ခဲကာ လျှို့ဝှက် တာအို၏ အစိတ်အပိုင်း တစ်ခု အလား ဖြစ်နေခဲ့သည်။ ၎င်းတို့ထံမှ နတ်ဘုရား တစ်ပါး၏ အော်ရာများ ထွက်ပေါ်နေကာ ရေမြေအဆုံးကို အစိုးရသည့် အင်ပါယာ တစ်ပါး၏ ခွန်အားနှင့် အမိန့်ပေးနိုင်သည့် အရှိန်အဝါကို တုပနေသည်။ နယ်ပယ် ဖြန့်ကျက်ထားရာ ဧရိယာ အတွင်းရှိ လျှို့ဝှက် တာအို၏ အစိတ်အပိုင်းတိုင်းမှာ သူတို့၏ ထိန်းချုပ်မှု အောက်တွင် အတိအကျ တည်ရှိနေခဲ့သည်။

စုနန်ကျူး၏ လျှို့ဝှက်နယ်မြေမှာ မီတာပေါင်း တစ်သောင်း သုံးထောင် အထိ ကျယ်ဝန်း၏။ ကျားယန်၏ နယ်မြေကတော့ မီတာပေါင်း တစ်သောင်း နှစ်ထောင့် ခြောက်ရာ အထိ ကျယ်ဝန်းသည်။

စုနန်ကျူး၏ သံချပ်ကာမှာ မျက်စိ ကျိန်းလောက်အောင် တောက်ပနေသာ့် လျှို့ဝှက် သင်္ကေတများဖြင့် ဖုံးလွှမ်း နေခဲ့ပြီ ဖြစ်သည်။ မမြင်နိုင်သည့် အရှိန်အဝါ တစ်ခုမှာ ပတ်ဝန်းကျင်ကို ကြမ်းတမ်း ခက်ထန်စွာ ပျံ့လွင့် လာခဲ့သည်။ အကျိုးဆက် အနေဖြင့် သူ၏ လောကနယ်မြေမှာ မီတာ လေးထောင် ထပ်မံ ချဲ့ထွင် လာခဲ့၏။

အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ လျှို့ဝှက် နယ်မြေ အကျယ်အဝန်းအား ချဲ့ထွင်ရန် နည်းလမ်းများကို အသုံးပြုနိုင်သည့် တစ်ဦးတည်းသောလူ မဟုတ်ပါချေ။

“...”

ထျန်းတိုက်ကျုံးမှာ ထိုမြင်ကွင်းကို စောင့်ကြည့်ရင်း အနည်းငယ် မျက်ခုံးပင့်လိုက်မိ၏။ ကြည့်ရသည်က ဤနှစ်ယောက်မှာ ခေသူများ မဟုတ်ကြချေ။

လျှို့ဝှက် နယ်မြေကို လျှို့ဝှက် အာဏာရှင် အဆင့် အစောပိုင်း အထူးသဖြင့် မြေကြီးရှန့်ထို အဆင့်တွင် ဖမ်းဆုပ် ရရှိနိုင်ပေသည်။ ၎င်းကို နားလည်နိုင်ရန် အတွက် လျှို့ဝှက်လမ်းစဉ် သင်္ကေတ ကိုးခုစလုံးကို နားလည်ထားဖို့ လိုအပ်သည့် အပြင် သေမျိုး အဆင့်တွင်လည်း ကျင့်ကြံခြင်း အခြေခံကို ခိုင်မာစွာ တည်ဆောက်ထားဖို့ လိုအပ်ပေသည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ထျန်းတိုက်ကျုံးမှာ ထိုအလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည့် လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်ပေသည်။

ကျားယန်နှင့် စုနန်ကျူးတို့ နှစ်ယောက်၏ အမူအရာများမှာ လေးနက် နေကြ၏။ ပထမတုန်းက ချိပ်ပိတ် နယ်မြေ သိမ်းပိုက်ရေး စစ်ပွဲမှာ အတော်လေး လွယ်ကူလိမ့်မည်ဟု သူတို့ ထင်မှတ် ထားခဲ့ကြသည်။ သို့သော်လည်း အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ လျှို့ဝှက် နယ်မြေကို နားလည်ထားရုံမျှသာ မက၊ လောကရှန့်ထို တစ်ယောက်လည်း ဖြစ်နေခဲ့သည်။ ပို၍ ဆိုးသည် ဥပဒေသ မျိုးစေ့ကို အပင်ပေါက်ခြင်း အဆင့် အထိ ပျိုးထောင် ထားနိုင်သူ ဖြစ်နေခဲ့ခြင်းပင်။

ထျန်းတိုက်ကျုံးမှာ လျှို့ဝှက်နယ်မြေ မီတာပေါင်း နှစ်သိန်းလေးသောင်း သုံးထောင် အကွာအဝေး အထိ ဆန့်ထုတ်ထား၏။ ထိုတစ်ချက်တည်းဖြင့်ပင် ထျန်းထိုက်ကျုံး၏ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံခြင်း အုတ်မြစ်က အလွန် ကြောက်မက်ဖွယ် ကောင်းသည်ဟု ဆိုလိုသည်။

“တိုက်ကြ...”

ကျန့်ယန်က အသက်ပြင်းပြင်း ရှူရင်း ပြောလိုက်၏။ သူ၏ စကားလုံးများက ဆုပ်ကိုင်ထားသည့် ဓားလိုပင် ပြတ်သားသည်။

စုနန်ကျူး သူ၏ ခရမ်းရောင်လှံတံကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ သူ ကျန်းကျဲဝူရှုကို ထားခဲ့လို့ မရပါချေ။

ကျားယန်၏ မျက်လုံးများထဲတွင်လည်း စိတ်ပျက် ဒေါသထွက်နေသည့် အလင်းရောင် တစ်ချက် လက်သွားခဲ့သည်။ သူသည် ဟူမေဖန်ကို မထားခဲ့နိုင်ပေ။

ထျန်းတိုက်ကျုံး၏ အစစ်အမှန် ခွန်အားကို တွေ့မြင်ပြီး နောက်တွင် သူတို့ နှစ်ဦးစလုံး စားပွဲတွင် ထိုင်၍ ငြိမ်းချမ်းစွာသာ ဆွေးနွေးချင်နေကြပြီ ဖြစ်သည်။ သူတို့၏ လူများမှာလည်း ဓားစာခံ အဖြစ် ဖမ်းဆီးခံထားရဖွယ် ရှိသည်။ သို့သော်လည်း သူတို့က လူမိုက်များ မဟုတ်ကြပါချေ။ သာတူညီမျှ ဆွေးနွေးလိုလျှင် ဦးစွာ အခြေအနေကို ပြောင်းလဲကာ မိမိကိုယ်ကို သာလွန်ကြောင်း ဖော်ပြရမည် ဖြစ်သည်။ သို့မှသာ ဆွေးနွေးဖို့ အတွက် အခွင့်အာဏာ ရှိမည် ဖြစ်သည်။

ထျန်းထိုက်ကျုံးက အနည်းငယ် ပြုံးလိုက်၏။ သူ၏ အင်ပါယာ ဝတ်ရုံရှည်ကြီးက လေမတိုင်ပဲ လှုပ်ခတ် လာခဲ့သည်။

အဆုံးမဲ့ အသွင်ပြောင်းခြင်း...

ထျန်းထိုက်ကျုံး၏ ဆံပင်များမှာ ရှည်လျားလာကာ မျက်လုံးများမှာလည်း အဆုံးမဲ့ ညကောင်းကင်လို ပြောင်းလဲ သွားခဲ့၏။ သူ၏ အရေပြားမှာလည်း အပေါ်ယံတွင် အရောင်အသွေး စုံလင် တောက်ပသည့် ကြယ်များ ဖြန့်ကျဲထားသည့် နက်ရွှေရောင် အဖြစ်ကို ပြောင်းလဲ သွားခဲ့သည်။ ထိုအခိုက်၌ ထျန်းတိုက်ကျုံး၏ အသွင်သဏ္ဌာန်မှာ ညကောင်းကင်၏ နတ်ဘုရားတစ်ပါး လိုမျိုး နှိုင်းယှဉ်၍မရနိုင်အောင် ခမ်းနား ထည်ဝါ နေခဲ့လေသည်။

ဓားတေးသံ အသွင်ပြောင်းလဲခြင်း... ယန်အသွင်

ကျန့်ယန်က အော်ဟစ်လိုက်၏။ ကျားယန်၏ ခန္ဓာကိုယ်မှာလည်း ကမ္ဘာပျက်မတတ် ပေါက်ကွဲသံနှင့် အတူ မူလကထက် လေးဆမျှ ပိုမို၍ ကြီးမားလာကာ ရှစ်မီတာခန့် မြင့်မားသည့် ဘီလူးကြီး တစ်ကောင် အဖြစ် ပြောင်းလဲ သွားခဲ့သည်။ မကောင်းဆိုးဝါး အလင်းရောင်များမှာ သူ၏ မျက်လုံးများထဲမှ အဆက်မပြတ် လျှံကျနေကာ တစ်လောကလုံးကို လင်းထိန်စေ၏။

၎င်းက မကောင်းဆိုးဝါး တောင်တန်း အသွင်ပြောင်းလဲခြင်းပင်။

စုနန်ကျူးမှာ သူ၏ ဝတ်ဆင်ထားသည့် သံချပ်ကာကြောင့် သိသိသာသာ ပြောင်းလဲခြင်း မရှိသော်လည်း ပတ်လည်ရှိ ခရမ်းရောင် အလင်းတန်းများကတော့ ပိုမို၍ ကြည်လင်လာကာ လျှပ်စီး အဖြစ် ပြောင်းလဲ၍ မိုင်ပေါင်း ထောင်ချီတိုင်အောင် ဆူပွက် နေခဲ့တော့သည်။

အစစ်အမှန် လျှပ်စီး အသွင်ပြောင်းလဲခြင်း...

သူတို့ထဲမှ မည်သူကမှ အသွင်ပြောင်းလဲခြင်းများတွင် ချို့တဲ့ခြင်း မရှိကြပါချေ။

ဘုန်း... ဘုန်း... ဘုန်း...

သူတို့ သုံးဦးစလုံးမှာ ထျန်းတိုက်ကျုံးဆီသို့ ပြင်းထန်သည့် အရှိန်အဝါများနှင့် အတူ ပစ်ဝင်လိုက်ကြလေတော့၏။ ချက်ချင်းပင် ချိပ်ပိတ်နယ်မြေ၏ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော တိုက်ပွဲကြီး ဖြစ်ပေါ်လာခဲ့လေတော့သည်။

…

"သူတို့က ဘာလို့ ဒီလောက် အားနည်းနေရတာလဲ"

အဝေး တစ်နေရာတွင် လှပကျော့ရှင်းလှသည့် မီးဖီးနစ်က အတောင်ပံများကို ခတ်လိုက်၏။ သူမ၏ ကျောထက်တွင်တော့ တစ်ဦးတည်းသော တစ်သက်စာ ကောင်းကင်မိတ်ဖက် ဖြစ်သည့် ဝေ့ဝူယင် ရှိနေခဲ့သည်။ လူငယ်မှာ အညိုရောင် စက္ကူအိတ်ထဲမှ စိမ်းပြာရောင် အသီးများကို ထုတ်ကာ ထိုင်စားနေခဲ့သည်။ သူ ထိုအသီးများကို အင်ပါယာကောင်းကင်ပေါ်ရှိ ရောင်းချသူလေးတစ်ဦးထံမှ ရရှိခဲ့ခြင်း ဖြစ်ပြီး အတော်လေး အရသာ ရှိလှသည်။

"သူတို့ကို စော်ကားပြီး မပြောပါနဲ့ကွာ..."

ဝေ့ဝူယင်က ဆုံးမလိုက်၏။ သို့သော်လည်း သူ ဆက်ပြောလိုက်သည့် နောက်ဆက်တွဲစကားကတော့ တိုက်ခိုက်နေသူများ အားလုံးကို ပေါက်ကွဲမတတ် ဖြစ်သွားစေခဲ့လေသည်။

"သူတို့လည်း အကောင်းဆုံးကို ကြိုးစားနေကြတာပါ"

ဝိညာဉ်ကျင့်စဉ်များနှင့် ခြေချခြင်း ကျင့်စဉ်များအား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ထုတ်ဖော်နေကြလေရာ တိုက်ပွဲက အလွန် အန္တရာယ်ရှိနေသည် ဟု ဆိုနိုင်ပေသည်။

"ကောင်းကင်ရှန့်ထိုအဆင့် အထောက်အကူပြု ဝှက်ဖဲတွေကိုသာ မသုံးဘူး ဆိုရင်တော့ ထျန်းတိုက်ကျုံး နိုင်တော့မှာ သေချာတယ်”

ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။ စုနန်ကျူးနှင့် ကျားယန်တို့မှာ အလွန်အမင်း အားကောင်းကြပြီး၊ သူတို့ ကျင့်ကြံထားကြသည့် အခြေခံ အုတ်မြစ်များမှာလည်း အကောင်းဆုံး အဆင့်အတန်း တစ်ခု၌ ရှိနေသည်။

သို့သော် ထျန်းတိုက်ကျုံး၏ အင်ပါယာ ဥပဒေသ အော်ရာနှင့် ရင်ဆိုင်ချိန်တွင်တော့ သူတို့၏ လက်နက်များနှင့် ကျင့်စဉ်များ အားလုံးမှာ စကားလုံး တစ်လုံးတည်းဖြင့် ပြိုကွဲသွားခဲ့သည်။ ထျန်းတိုက်ကျုံးက အရှိန်အဟုန်ကို စုဆောင်း နေချိန်တွင် သူတို့ နှစ်ယောက်ကတော့ တဖြည်းဖြည်း အားနည်း လာခဲ့သည်။ စုနန်ကျူး၏ လျှို့ဝှက် သံချပ်ကာမှာ စိတ်စိတ်အမြွှာမြွှာ ကွဲထွက်နေခဲ့ပြီ ဖြစ်ပြီး သူ၏ လျှို့ဝှက်နယ်မြေ အကျယ်အဝန်းမှာလည်း ဖြည်းညင်းစွာ ကျုံ့ဝင် လာနေခဲ့သည်။

"အဲ့ဒီဝတ်ရုံဖားဖားနဲ့ လူကြီးက ဘယ်သူမှ မယှဉ်နိုင်တဲ့လူ အဖြစ် နာမည်ကြီးခဲ့တယ်လို့ ကျွန်တော် ကြားခဲ့ရတယ်... ခုတော့ မမြင်မိပါလား”

ဝေ့ဝူယင်က ရယ်မောလိုက်၏။ ထို့နောက် သူက ဘယ်ရီသီးများကို မြှောက်၍ ပစ်လိုက်ရာ ပိုင်လင်က နှုတ်သီးဖြင့် ဖမ်းယူ၍ တစ်ချက်တည်း မြိုချ ပစ်လိုက်သည်။

"ထျန်းတိုက်ကျုံးဟာ ဘယ်သူမှ မယှဉ်နိုင်တဲ့သူအဖြစ် တကယ်ပဲ လူသိများခဲ့ပါတယ်..."

ဝေ့ဝူယင်က ပြောလိုက်သည်။

“တစ်ခေတ်တစ်ခါတုန်းကပေါ့လေ...”

"သူတို့ အားကုန်သွားတဲ့အထိ ကျွန်တော်တို့ စောင့်နေရမှာလား"

ပိုင်လင်က မေးလိုက်၏။ တိုက်ပွဲ မစခင်ကတည်းကပင် သူတို့နှစ်ယောက်မှာ ဤနေရာတွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အကျအနပင် ဝေ့ဝူယင် ယူလာသည့် အစားအသောက်များကို ထုတ်စားကာ ပွဲတစ်ခုလုံးကို ကြည့်နေခဲ့ကြသည်။

ဝေ့ဝူယင်တို့ နှစ်ယောက်သာ မက များလှစွာသော လူများမှာလည်း ဤတိုက်ပွဲကို စောင့်ကြည့် နေခဲ့ကြခြင်း ဖြစ်သည်။ ဤတိုက်ပွဲ၏ ရလဒ်မှာ အဆုံးမဲ့ ခရီးသွားခြင်း နယ်မြေ၏ နေထိုင်သူများအတွက် အရာများစွာကို ဆုံးဖြတ်ပေးပေလိမ့်မည်။ စုနန်ကျူးနှင့် ကျားနန်တို့ ရှုံးလျှင် အဆုံးမဲ့ ခရီးသွား နယ်မြေသားတိုင်း အသတ်ခံရပေလိမ့်မည်။ အတိတ်တုန်းက ထျန်းတိုက်ကျုံး၏ လုပ်ထုံးလုပ်နည်းများကို ကြည့်လျှင် ထိုအချက်ကို ရှောင်လွှဲလို့ မရနိုင်ပေ။

***

All Chapters