← Chapters

ပွဲပြီးဆုံးခြင်း

Vol. 127 Ch. 1774

ပွဲပြီးဆုံးခြင်း

Vol. 127 Ch. 1774

ဟူး... ဟူး...

အမှောင် ဟင်းလင်းပြင် တစ်နေရာ၌ ဝူယုမှာ အခြား မြေကြီး ရှန့်ထိုများနှင့် အတူ ပျံသန်း နေခဲ့၏။ ဝေ့ဝူယင် ထျန်းတိုက်ကျုံး၏ အတွင်းပိုင်း လောကအား လွှမ်းမိုးလိုက်သည့် အချိန်တွင်ပင် သူက ကိုယ်ပိုင် အတွင်းပိုင်း လောကကို ဖွင့်လှစ်လိုက်ကာ ထျန်းတိုက်ကျုံးနှင့် ပေါင်းစပ်လိုက်ရင်း အင်ပါယာ ကောင်းကင် အပါအဝင် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ စည်းစိမ်အားလုံးကို လက်ခံလိုက်သည်။

ထို့နောက်... ဝူယုက ခဏမျှ ရပ်လိုက်ရင်း မြေကြီး ရှန့်ထို နှစ်ဦး သယ်ဆောင်လာသည့် ခမ်းနားသော ကောင်းကင် ရထားကို ကြည့်လိုက်သည်။ ထိုကောင်းကင် ရထားအတွင်းတွင် လူနှစ်ဦး လိုက်ပါလာ၏။

ပထမ တစ်ဦးမှာ အရာရာကို မီးရှို့ရတာ ကြိုက်သည့် ကောင်စုတ်လေး (ရွှေဖုန်းပေါင်) ၏ ကိုယ်လုပ်တော် ဖြစ်သည် ဟု ယူဆရသည်။

ဒုတိယ တစ်ဦးကတော့ ကြီးကျယ် ခမ်းနားသည့် ကျင့်ကြံသူ တစ်ဦးနှင့် ဆက်ဆံရေး ရှိသူဟု သိရသည်။ သူမမှာ ပထမ၌ သူတို့၏ လာရောက် ခေါ်ဆောင်မှုကို ကလန်ကဆန် လုပ်နေခဲ့သော်လည်း ဝေ့ဝူယင် စေလွှတ်လိုက်ကြောင်း သိသွားသည့် အခိုက်တွင်တော့ ချက်ချင်းပင် အမူအရာ ပြောင်းလဲ သွားကာ လိုက်လာဖို့ ဆုံးဖြတ်ခဲ့သည်။

ဝူယု ရယ်မောလိုက်ရင်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို လှမ်းကြည့်လိုက်သည်။ ဝေ့ဝူယင် ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးအား သိမ်းပိုက်လိုက်ခြင်း အပေါ် သူ နည်းနည်းလေးမျှ အံ့အားသင့်ခြင်း မရှိပါချေ။ ထိုလူငယ်မှာ အလွန်ပင် ထက်မြက်လွန်းလှသည်။ အနန္တ ကုန်းမြေတိုက်ကြီးမှာ ကတည်းက စတင်ခဲ့သည့် အရှိန်အဟုန်မှာ ယနေ့တိုင် လျော့ကျသွားခဲ့ခြင်း မရှိသေးပါချေ။

ကံကောင်းထောက်မစွာပင် သူက ထိုကဲ့သို့သော လူမျိုး၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားများထဲမှ တစ်ဦး ဖြစ်နေခဲ့သည်။ အတိတ်တုန်းကလို အမှားမျိုး ဝူယု နောက်တစ်ကြိမ် ထပ်မံ ကျူးလွန်တော့မည် မဟုတ်ချေ။ အထူးသဖြင့်... သူ ဂရုစိုက်ရမည့် မိသားစု တစ်ခု ရှိနေချိန်မျိုးတွင်ပင်။

“ဟား... ဟား... ဟား...”

ဝူယု၏ ရယ်မောသံများက ကျေနပ် အားရခြင်းများနှင့် ပြည့်နှက် နေခဲ့၏။ ထိုအခိုက်၌ သူ လုံးဝ ခံစားလို့ ကောင်းနေသည်ဟု တွေးလိုက်မိသည်။

"နောက်ဆုံး တစ်ယောက်နဲ့ အဆုံးသတ်လိုက်ရအောင်"

အခြား မြေကြီးရှန့်ထိုများမှာ ခေါင်းညိတ်လိုက်ကြ၏။ သူတို့သည်လည်း အလားတူပင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို လှမ်းကြည့်နေကြကာ စိတ်လှုပ်ရှားမှုများနှင့် အတူ ရင်များ တဒိတ်ဒိတ် ခုန်နေခဲ့ကြသည်။

အခြား မြေပြင် သူတော်စင်များ ခေါင်းညိတ်လိုက်သည်။ သူတို့သည် အလားတူ အဆုံးမဲ့ ကောင်းကင် ကြယ်စနစ်ကို ကြည့်လိုက်ပြီး စိတ်ခံစားမှုများ လှုပ်ရှားနေကာ သူတို့၏ နှလုံးများ တဒုတ်ဒုတ် ခုန်နေခဲ့သည်။ သူတို့၏ အင်ပါယာမှာ ယခုမှ သေမျိုးအဆင့်တွင်ပင် ရှိနေပေသေးသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မျက်လုံးဖြင့် မြင်နိုင်သမျှ အဆုံးမဲ့ ကြယ်တာရာ အားလုံးမှာ အာရုဏ်ဦး၏ ထွန်းတောက်မှု အောက်တွင် ပေါ်လွင် လာနိုင်ချေ ရှိနေခဲ့ပြီ ဖြစ်သည်။

...

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်း၌

ဝေ့ဝူယင်မှ, ထျန်းတိုက်ကျုံးကို တိတ်တဆိတ် ကြည့်နေခဲ့၏။ အမှန်အတိုင်း ဝန်ခံရပါက သူ ထျန်းတိုက်ကျုံး အပေါ်တွင် လေးစားမှုများ ရှိခဲ့သည်။ ကျင့်ကြံခြင်း လမ်းစဉ်နှင့် ပတ်သက်၍ ထျန်းတိုက်ကျုံး ပိုင်ဆိုင်ထားသည့် ပါရမီမှာ ထာဝရ ဧကရာဇ်၏ အဂ္ဂိရတ် ပါရမီကိုပင် နှိုင်းယှဉ်နိုင်စွမ်း ရှိသည်။

ထျန်းတိုက်ကျုံးကို ပြုစုပျိုးထောင်လို့ ကောင်းသည့် မျိုးစေ့ တစ်ခု အဖြစ်ပင် ဝေ့ဝူယင် ရှုမြင်ခဲ့သည်။ ထို့ကြောင့်ပင် သူက ဝူယုကို စေလွှတ်ကာ လွှတ်ပေးစေခဲ့ခြင်း ဖြစ်သည်။ ထျန်းတိုက်ကျုံးထံမှ ကျေးဇူး သိတတ်ဖို့ ဝေ့ဝူယင် မျှော်လင့် မထားခဲ့ပါချေ။ အဆုံးမဲ့ နတ်ဘုရား အင်ပါယာ အနေဖြင့် အခြေအနေ အားလုံးကို နားလည် သဘောပေါက်ကာ ဆုံးဖြတ်သင့်သည်ကို ဆုံးဖြတ်ထားစေဖို့သာ ဖြစ်သည်။

သို့သော်လည်း လက်တွေ့တွင်တော့ ထျန်းတိုက်ကျုံး၏ မာနမှာ သူ ထင်ထားသည်ထက်ပင် အဆပေါင်းများစွာ ပိုမို နေခဲ့သည်။ “ထွက်သွားစမ်း” ဟု အမိန့်ပေးလိုက်သည့် အခိုက်အတန့်တွင်ပင် ဝေ့ဝူယင် ထျန်းတိုက်ကျုံး၏ ကံကြမ္မာကို ဆုံးဖြတ်ခဲ့သည်။ အင်ပါယာ ထျန်းကလန်၏ ကံကြမ္မာကို ဆုံးဖြတ်ခဲ့သည်။

အချိန် အတန်ကြာပြီးနောက်မှ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း ထျန်းတိုက်ကျုံး၏ မေးခွန်းကို ပြန်ဖြေလိုက်၏။

"ထျန်းလင်းယုနဲ့ ထျန်းမူယန်တို့ရဲ့ မျက်နှာကြောင့် ကျုပ် ခင်ဗျား အသက်ကို မသတ်ပါဘူး... ခင်ဗျားကို ရွေးချယ်စရာ နှစ်ခု ပေးမယ်”

ဝေ့ဝူယင်က ဆက်ပြောလိုက်၏။

"ခင်ဗျားရဲ့ ကျင့်ကြံခြင်း ခရီးစဉ်ကို ဒီနေရာမှာ အဆုံးသတ်နိုင်ပါတယ်... ကျင့်ကြံခြင်း မဟာ လမ်းစဉ် ချိပ်ပိတ်ခံရမယ် ဆိုပေမဲ့ လျှို့ဝှက် နယ်မြေ တစ်ခုမှာ ခင်ဗျား ဆက်ပြီး နေထိုင်နိုင်ပါတယ်... ခင်ဗျားနဲ့ အတူ နေဖို့ ဆန္ဒပြုတဲ့ ခင်ဗျားရဲ့ မိဖုရားတွေ၊ ချစ်သူတွေ၊ ကလေးတွေကို ခေါ်သွားလို့ ရပါတယ်... သူတို့အားလုံးလည်း အလားတူ ကန့်သတ်ချုပ်ချယ်မှုတွေ ခံရပါလိမ့်မယ်"

"..."

ထျန်းတိုက်ကျုံးမှာ ဝေ့ဝူယင်က ထိုရွေးချယ်စရာကို ပေးမည် ဖြစ်ကြောင်း မျှော်လင့်ခဲ့ပြီး ဖြစ်သည်။ ကျင့်ကြံနိုင်စွမ်းကို ဆုံးရှုံးခြင်းက သူ ဘယ်တော့မှ မကြုံချင်သည့် ကံကြမ္မာ ဖြစ်သည်။ အသက်ရှူနေသရွေ့ အခွင့်အလမ်းများ ရှိနေသေးသည် ဆိုသော်လည်း ဝေ့ဝူယင်မှာ အသက် တစ်ရာ မပြည့်ခင်မှာပင် လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦး ဖြစ်နေသူ ဖြစ်သည်။ နှစ်များ ကြာလာသည်နှင့် အမျှ သူက ပိုမို၍ တိုးတက် လာပေလိမ့်မည်။ ထို့ကြောင့်ပင် အခွင့်အလမ်းက မရှိသလောက်ပင် ဖြစ်သည်။

"ဒါမှမဟုတ်"

ဝေ့ဝူယင်က ခဏမျှ ရပ်နားကာ ဆက်ပြောလိုက်၏။

"ခင်ဗျား ကျုပ်ကို အစေခံဖို့ ဆုံးဖြတ်နိုင်တယ်... ဒါပေမဲ့ ခင်ဗျားက ကျုပ်ရဲ့ အဂ္ဂိရတ် သူရဲကောင်း ဖြစ်လာမှာ မဟုတ်ဘူး... ကျုပ် ခင်ဗျားရဲ့ တည်ရှိမှု တစ်ခုလုံးကို သန့်စင်ပြီး ကျုပ် အမိန့်အောက်က စစ်သည်တစ်ဦး ဖြစ်လာစေပါမယ်... ခင်ဗျားမှာ အသိစိတ် ဆက်ရှိနေဦးမှာ ဖြစ်ပေမဲ့ လွတ်လပ်မှုကိုတော့ အများကြီး ဆုံးရှုံး ရပါလိမ့်မယ်... နောက်ပြီး ခင်ဗျား အသက်ဟာလည်း ကျွန်တော်နဲ့ တွဲပြီး ချည်နှောင် နေလိမ့်မယ်... ကျွန်တော် သေရင် ခင်ဗျားလည်း သေပါလိမ့်မယ်...”

"..."

ထျန်းတိုက်ကျုံး၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။ ဝေ့ဝူယင်က ထျန်းတိုက်ကျုံးအား ချက်ချင်း ရွေးချယ်ဖို့ အတင်းအကျပ် မခိုင်းခဲ့ချေ။

"ခင်ဗျား ဆုံးဖြတ်ဖို့ ခုနစ်ရက် အချိန်ယူနိုင်ပါတယ်”

ထိုကဲ့သို့ ပြောပြီးနောက် ထျန်းတိုက်ကျုံး၏ ခန္ဓာကိုယ်မှာ လူတိုင်း၏ မျက်လုံးများရှေ့တွင်ပင် ပြာမှုန့်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ညည်းတွားသံ အနည်းငယ်ပင် မရှိခဲ့ချေ။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းရှိ လူတိုင်း၏ မျက်လုံးများ ရှေ့တွင်ပင် ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။

“...”

ထျန်းရှောင်ချွမ်း တစ်ယောက် အသက်ရှူ ရပ်သွားခဲ့၏။ သူမ ရှေ့သို့ အပြေးအလွှား သွားကာ သနားခံရန် တောင်းပန်လိုခဲ့သော်လည်း အခွင့်အရေးပင် မရခဲ့ချေ။

ဝေ့ဝူယင် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ ထို့နောက် သူက တည်ငြိမ်သည့် အသံဖြင့် ကြေညာလိုက်လေသည်။

"အဆုံးမဲ့ ခရီးသွား နယ်မြေက လူတွေ နားထောင်ပါ... ခင်ဗျားတို့ ယူခဲ့တာတွေကို ပြန်ပေးပါ... အမွှာ မီးပြတိုက် နယ်မြေကို သွားပြီး အာရုဏ်ဦး ကြယ်တာရာ နယ်မြေက အာဏာရှင်တွေရဲ့ နောက်ထပ် အမိန့်တွေကို စောင့်ပါ... ငြင်းဆန်တဲ့သူ အားလုံးကို ကွပ်မျက်ပါမယ်"

ဂီး...

မီးဖီးနစ်က အံ့မခန်း ရွှေသွေးရောင် နိဗာန မီးလျှံများ အဖြစ် ပေါက်ကွဲသွားကာ မီတာပေါင်း သုံးသောင်း သုံးထောင် အရွယ်အစားကို ရောက်ရှိသွားခဲ့၏။ သူမက ဝေ့ဝူယင်ထံသို့ ပျံသန်းလာကာ စီးတော်ယာဉ် အဖြစ် အမှုတော်ထမ်းလိုက်သည်။

အဆုံးမဲ့ ခရီးသွား နယ်မြေမှ ကျင့်ကြံသူများမှာ ဝေ့ဝူယင်၏ ကြေညာချက် အပေါ် ပုန်ကန်လိုသည့် အတွေးများကို မတွေးရဲကြချေ။

ထိုလူငယ်မှာ လက်ဝါးရိုက်ချက် သုံးခုတည်းဖြင့်ပင် တစ်ခေတ်တစ်ယောက် ပြိုင်စံရှားသည့် ထျန်းတိုက်ကျုံးကို ရှင်းလင်း ပစ်ခဲ့သူ ဖြစ်သည်။

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ အလွန်တရာပင် အဖိုး ထိုက်တန်သည်။ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ပါသည့် ဧရာမ အရွယ် နေကြယ်ကြီး တစ်စင်းနှင့် အဖိုးတန် ကောင်းကင် ခန္ဓာများ အပါအဝင် အလျှံပယ်သည့် ရုပ်ဝတ္ထုနှင့် သက်ရှိ အရင်းအမြစ် နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့မှာ အဆုံးမဲ့ ခရီးသွား နယ်မြေ ဖွံ့ဖြိုး တိုးတက်မှု အဖြစ် မရှိမဖြစ် လိုအပ်သည့် အရာများ ဖြစ်လေရာ ထိုကဲ့သို့ ဘဏ္ဍာများကို ပြန်ပေးရန် သူတို့ အလွန် ဝန်လေးနေခဲ့ကြသည်။ သို့သော်လည်း ဘာတတ်နိုင်မည်နည်း။

အဆုံးမဲ့ ခရီးသွား နယ်မြေ၏ လျှို့ဝှက် အာဏာရှင် အားလုံးမှာ စုနန်ကျူးနှင့် ကျားယန်တို့ကို လှည့်ကြည့်လိုက်၏။ လောကရှန့်ထို နှစ်ဦးမှာ အပြင်ပန်းတွင် တည်ငြိမ်ပုံရသော်လည်း အတွင်းစိတ်ကတော့ စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ နောက်ဆုံး၌ စုနန်ကျူးက ရှေ့သို့ လျှောက်လာကာ ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"လောက သူတော်စင် အာရုဏ်ဦး"

သူက ဝေ့ဝူယင်ကို အဂ္ဂိရတ် ဘွဲ့နာမည်ဖြင့် လေးစားစွာ ခေါ်ဆိုပြီးနောက် သူ့ကိုယ်သူ စတင်ကာ မိတ်ဆက်လိုက်သည်။

“ကျွန်တော်က အုပ်ထိန်းသူ မြို့တော်သခင် စုနန်ကျူးပါ...”

ဝေ့ဝူယင် စုနန်ကျုးကို ကြည့်ရင်း ခေါင်းတစ်ချက် ညိတ်လိုက်၏။ အနည်းဆုံးတော့ ဤမြေခွေးအိုကြီးမှာ လေးစားမှု ရှိပေသည်။ သူ၏ လေသံက အမှတ်ရဖို့ အတွက် လုံလောက်ပေသည်။

“စုနန်ကျူး... ကျုပ် အဆုံးမဲ့ ခရီးသွား နယ်မြေကို အလည်လာတုန်းက ခင်ဗျားရဲ့ ဂုဏ်သတင်းကို ကြားဖူးပါတယ်”

စုနန်ကျူးမှာ ဝေ့ဝူယင်ထံမှ အသိအမှတ်ပြုမှုကြောင့် အနည်းငယ် ကျေနပ် သွားခဲ့၏။ သူက အနည်းငယ် ပြုံးလိုက်ရင်း ပြောလိုက်သည်။

“ချိပ်ပိတ် နယ်မြေ တစ်ခုလုံးက လောကရှန့်ထို အာရုဏ်ဦးရဲ့ အပိုင် ဆိုတာ ထည့်သွင်း စဉ်းစားရင် ကျွန်တော်တို့ အဆုံးမဲ့ ခရီးသွား နယ်မြေ အမှားလုပ်မိသွားပါပြီ... ကျွန်တော်တို့သာ စောစောကတည်းက သိခဲ့ရင် ခုလို ပြဿနာမျိုး လုံးဝ ဖြစ်စေမှာ မဟုတ်ပါဘူ... လောကရှန့်ထို အာရုဏ်ဦးကို အနှောက်အယှက် မဖြစ်စေဖို့ မျှော်လင့်ပါတယ်"

ဝေ့ဝူယင်က ပြုံးလိုက်၏။

“ခုလို နားလည်မှု ရှိပေးတဲ့ အတွက် ကျေးဇူးပါပဲ...”

ထို့နောက် သူက ခြေတစ်လှမ် လှမ်းလိုက်ရင်း ပိုင်လင်၏ ကျောထက်သို့ လှမ်းတက်လိုက်သည်။

“အာရုဏ်ဦး ကြယ်ကွင်းပြင်မှာ အခြေကျ နေပြီးသား ဖြစ်တဲ့ ကြယ်တာရာ နယ်မြေတွေထဲကို ခင်ဗျားတို့ကို ဝင်နေထိုင်ခွင့် မပြုနိုင်ပေမဲ့ ကျုပ် ခင်ဗျားတို့ အတွက် သီးသန့် နယ်မြေ တစ်ခု ထွင်းထုပေးပါမယ်... နောက်ပြီး ဘယ်မှ ဝင်မစွက်ဖက်နိုင်အောင် နေရာချပေးပါမယ်...”

ကျားယန်မှာ စိတ်သက်သာရာ ရသွားခဲ့၏။ လေးဆမျှ ကြီးမားနေသည့် သူ၏ ခန္ဓာကိုယ်ကြီးက ပုံမှန် အနေအထားသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူ ဟူမေဖန်၏ အသက် အဆောင်ကို စစ်ဆေးကြည့်လိုက်၏။ မပျက်မရွင်း ရှိနေသည်ကို သတိထားလိုက်မိသော အခါ သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ဝေ့ဝူယင်၏ စကားက မဆုံးသေးပါချေ။

“နောက်ပြီး ခင်ဗျားတို့ရဲ့ ဆုံးရှုံးမှုတွေကို ပြောင်းပြန်လှန်ဖို့ ကျုပ် ကူညီပေးပါမယ်”

ချက်ချင်းပင် ဝေ့ဝူယင်၏ မျက်လုံးများမှာ အချိန် အလင်းရောင်များဖြင့် တောက်ပလာခဲ့ကာ ဟင်းလင်းပြင်ကို လှုပ်ခါ သွားစေခဲ့သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်ကွင်းပြင် အတွင်းရှိ အချိန် ပြောင်းပြန်လှန်ခြင်းအား တားဆီးထားသည့် ထိန်းချုပ်မှုများမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။

"ခင်ဗျားတို့ကြောင့် ဖြစ်ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုပါ တစ်ခါတည်း ပြန်ပြီး ပြောင်းပြန်လှန်ပေးရင် ကောင်းပါလိမ့်မယ်”

***

All Chapters