ဒြပ်စင်နယ်မြေ
Vol. 127 Ch. 1776
အစစ်အမှန် ဒြပ်စင် နယ်မြေမှာ ကျူးကျော်မှုမှ ကင်းလွတ်ခဲ့သည်တော့ မဟုတ်ပါချေ။ အဆုံးမဲ့ ခရီးသွား နယ်မြေမှ ကျင့်ကြံသူများမှာ သူတို့ အတွက် ကံကြမ္မာများကို ရှာဖွေခဲ့ကြကာ မူလ အာရုဏ်ဦးမှာလည်း ပစ်မှတ်များထဲမှ တစ်ခု ဖြစ်ခဲ့ပေသည်။ သို့သော်လည်း ကံဆိုးစွာပင် မဟာ အကြီးအကဲ ကျန်းကျိရီ ခေါင်းဆောင်သည့် ဒြပ်စင် တပ်ဖွဲ့နှင့် ဆန်းကြယ် ကိုးပါး ဒြပ်စင် ကြယ်တာရာ အစီအရင်တို့မှာ ရေတိုးမပေါက်သည့် ခံစစ် တစ်ခုလို ဖြစ်နေခဲ့သည်။ အာရုဏ်ဦး မူလဂြိုဟ်မှာ ထိုကာကွယ်မှု၏ အချက်အချာ ဗဟိုနေရာ ဖြစ်ခဲ့ပေသည်။
ကျူးကျော်သူများ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်မှာ တစ်နာရီခန့် ကြာခဲ့ပြီ ဖြစ်သည်။ ထို့တိုင်အောင် အပျက်အစီးနှင့် စွမ်းအင်လှိုင်း အကြွင်းအကျန်များမှာ အမှောင် ဟင်းလင်းပြင် အတွင်း ပြန့်ကျဲ တည်ရှိနေဆဲ ဖြစ်သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင် တိုက်ပွဲများက မည်မျှ ပြင်းထန်ခဲ့သည်ကို ခန့်မှန်းနိုင်ပေလိမ့်မည်။
“သခင့်ရဲ့ ပထမဆုံးဂြိုဟ်...”
ပိုင်လင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများမှာလည်း လွမ်းဆွတ်မှုများနှင့် တောက်ပလာခဲ့သည်။
လောကသခင် အဆင့် ကြယ်တာရာ ကပ်ဘေး အတွင်း၌ သူ ဤဂြိုဟ်ကြီးကို မတော်တဆ ဖျက်ဆီးခဲ့မိပြီး ကပ်ဘေးအား အောင်မြင်ပြီးနောက်တွင်တော့ အစစ်အမှန် ဒြပ်စင် ရည်ရွယ်ချက်ကို သုံးကာ ပြန်လည် ပြုပြင် တည်ဆောက် ပေးခဲ့သည်။ ၎င်းက သူ၏ ပထမဆုံးသော ဂြိုဟ်ဖန်တီးမှုပင် ဖြစ်သည်။
အာရုဏ်ဦး မူလ ဆိုသည့် နာမည်ကို ဟန်ယုဟိုင်က ပေးခဲ့ခြင်း ဖြစ်ကာ ထိုစဉ်က တဖြည်းဖြည်း မြင့်တက်လာနေခဲ့သည့် အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် ဆိုသည့် နာမည်နှင့် ဆက်စပ် နေခဲ့သည်။ ယခုမူ သူက အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဖြစ်လာခဲ့ပြီ ဖြစ်သည်။
နောက်ပိုင်းတွင် ဝေ့ဝူယင်မှာ ဂြိုဟ်ကို တစ်မျိုး၊ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို တစ်ဖုံ ပွင့်ပွင့်လင်းလင်းပင် ပြုစုပျိုးထောင်ခဲ့သည်။ ဂိုဏ်း၏ အမည်ခံဂိုဏ်းချုပ် လင်းရှန်းရှန်း၊ မဟာ အကြီးအကဲ ကျန်းကျိရီနှင့် အုပ်ထိန်းသူ ဟန်ယုဟိုင်တို့ အပါအဝင် အကြီးအကဲ အများစုမှာ အကျိုးကျေးဇူးများ ရရှိခဲ့ကြသည်။ ကျန်းကျိရီမှာ ယခုအခါ လမ်းစဉ် တစ်ခု မြေကြီးရှန့်ထို ဆိုသည့် အဆင့်ကို ကျော်လွန်ခဲ့ပြီး ဖြစ်ကာ မြေကြီး ရှန့်ထို အဆင့်၏ အနိမ့်ပါဆုံးနှင့် အားအနည်းဆုံး အဖြစ် သတ်မှတ်ခြင်း မခံရတော့ပေ။
“မရောက်တာ အတော်ကြာသွားပြီ...”
ဝေ့ဝူယင်က နူးညံ့စွာ ပြုံးရင်း ပြောလိုက်၏။ သူတို့ နှစ်ယောက်မှာ ရှုပ်ထွေးနေသည့် အပျက်အစီး မန်နာများနှင့် ကစဉ့်ကလျား လှိုင်းများကို ဖြတ်သန်းရင်း ဆက်လက်၍ ပျံသန်း လာခဲ့ကြသည်။
အာရုဏ်ဦး မူလဂြိုဟ်မှာ ယခင်ကထက် အဆပေါင်းများစွာ ပိုကြီး လာခဲ့သည်။ ထို့အပြင် ၎င်း၏ ဗဟိုချက်မှ ထွက်ပေါ်နေသည့် စွမ်းအင် အရိပ်အငွေ့များက ၎င်းမှာ လျှို့ဝှက်အဆင့် ဂြိုဟ်တစ်လုံး ဖြစ်ကြောင်း ညွှန်ပြနေသည်။ ဖန်တီးခဲ့သည်မှာ ဆယ်စုနှစ် အနည်းငယ်ခန့်သာ ရှိသေးသည့်တိုင် ထိုတိုတောင်းသော ကာလ အတွင်း အာရုဏ်ဦး မူလဂြိုဟ်မှာ အစစ်အမှန် ဒြပ်စင် နယ်မြေ တစ်ခုလုံးတွင် အဓိက တည်နေရာ ဖြစ်လာခဲ့သည်။
တဖျပ်ဖျပ် တောက်ပနေသည့် အဖြူရောင် ပင်လယ်များနှင့် တိမ်တိုက်များကိုပင် ထွင်းဖောက်၍ ထိုးထွက်နေသည့် တောင်တန်းများကို အဝေးမှ မြင်ရသည်မှာ အသက်ရှူ မှားလောက်သည်။ ထို့အပြင်... ဒြပ်စင် အလင်းရောင်များ ပြိုးပြိုးပျက်ပျက် လက်နေသည့် မိုးမျှော်တိုက်ကြီးများ ပါရှိသည့် မိုင်ပေါင်း ထောင်ချီ ကျယ်ပြန့်သော မြို့ကြီးများကိုလည်း တွေ့ရသည်။
ဝှစ်...
ဝေ့ဝူယင်တို့နှင့် မနီးမဝေးတွင် မိန်းကလေး တစ်ယောက်၏ ပုံရိပ် ပေါ်လာခဲ့၏။ သူမက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သေးကျဉ်သော ခါးများနှင့် ထွားကျိုင်းသည့် တင်တို့ကို ပိုင်ဆိုင်ထားသည်။ သူမ၏ ဖီးနစ် မျက်လုံးများမှာ အမှောင် ဟင်းလင်းပြင် ထဲတွင်ပင် တဖိတ်ဖိတ် တောက်ပနေခဲ့၏။
“အဂ္ဂိရတ် ရှန့်ထိုဝေ့...”
မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လိုက်၏။ သူမ၏ အော်ရာက အတော်လေး မတည်မငြိမ် ဖြစ်နေလေရာ လျှို့ဝှက် စွမ်းအင် ပမာဏ မြောက်များစွာကို အသုံးပြုခဲ့ရကြောင်း ထင်ရှားပေသည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ထက်တွင် မည်သည့် ဒဏ်ရာမှ မရှိပါချေ။ ကျန်းမာ တောက်ပစွာ ရှိနေသေးဆဲ ဖြစ်သည်။
“ခင်ဗျား ကောင်းကောင်း လုပ်ခဲ့တယ်...”
ဝေ့ဝူယင်က ချီးကျူးလိုက်၏။ ထိုအမျိုးသမီးမှာ ပျိုးထောင်ဖို့ ထိုက်တန်သူ တစ်ဦး ဖြစ်သည်။ မတည်မငြိမ် ဖြစ်နေသည့် အော်ရာမှ တစ်ဆင့် သူမမှာ လမ်းစဉ် လေးခု မြေကြီး ရှန့်ထို တစ်ဦး ဖြစ်နေပြီ ဖြစ်ကြောင်း ဝေ့ဝူယင် အာရုံခံစားမိပေသည်။ သူမ၏ တိုးတက်မှုနှုန်းက ဝေ့ဝူယင်ကို အနည်းငယ် အံ့အားသင့်စေ၏။ ဆယ်စုနှစ် အနည်းငယ် အနည်းငယ် အတွင်းမှာပင် လမ်းစဉ် တစ်ခု မြေကြီးရှန့်ထို အဆင့်မှ လမ်းစဉ် ကိုးခု အဆင့်ထိ တက်လှမ်းနိုင်ခဲ့ခြင်းမှာ တော်ရုံတန်ရုံ အရည်အချင်းမျိုး မဟုတ်ပါချေ။
“အဂ္ဂိရတ် ရှန့်ထိုဝေ့က အရမ်း မြှောက်ပင့်လွန်းနေပါပြီ... ကျွန်မက လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ”
အဖြစ်အပျက်ပေါင်းများစွာကို ဖြတ်သန်းပြီးနောက်တွင် ကျန့်ကျိရီ အတွက် ဝေ့ဝူယင်မှာ နတ်ဘုရား တစ်ပါးသဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်ထံမှ ရိုရှင်းသည့် ချီးကျူးမှုလေးကပင် သူမ အတွက်တော့ လွန်ကဲသည့် ချီးမြှောက်မှု တစ်ခုနှင့် ဆင်တူပေသည်။
ကျန့်ကျိရီ စတင်၍ မူလ အာရုဏ်ဦးနှင့် အစစ်အမှန် ဒြပ်စင် နယ်မြေတို့ အကြောင်း ဝေ့ဝူယင်ထံ ခပ်မြန်မြန်ပင် အစီရင်ခံလိုက်လေ၏။ ဝေ့ဝူယင်မှာ ထိုအကြောင်းအရာများ အပေါ် သိပ်အာရုံမထားသော်လည်း ပျံသန်း နေရင်း ဖြစ်လေရာ ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ရင်း နားထောင် နေလိုက်သည်။
သို့သော်လည်း... ကျန့်ကျိရီ ပြောသည့် တစ်ချို့ အချက်အလက်များကတော့ ဝေ့ဝူယင်ကို အနည်းငယ် စိတ်ဝင်စား သွားစေခဲ့၏။
“အခြေအနေတွေ အကြောင်း ဂိုဏ်းချုပ်လင်းဆီကို အသိပေးထားပြီးပါပြီ... သူ ပြန်လာတာနဲ့ လုပ်ပိုင်ခွင့် အာဏာ အားလုံးကို လွှဲပေးပါမယ်”
“ပြန်လာရင်... အင်း... ကျုပ် သဘောပေါက်ပြီ”
ဝေ့ဝူယင်မှာ ကျန်းကျိရီကို အသေးစိတ် မမေးပါချေ။ သူ သိထားသလောက် လင်းရှန်းရှန်းမှာ လင်းရှန်းရှဲ့နှင့် အတူ ကျင့်ကြံနေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူမက မတုန့်ပြန်ခဲ့ခြင်း ဖြစ်နိုင်သည်။ သူမ၏ အသက် အဆောင်က ယခုတိုင် မပျက်မရွင်း ရှိနေလေရာ အန္တရာယ် မရှိဟု ဆိုလိုပေသည်။
အဓိပတိ ကျောက်စိမ်းနယ်မြေသို့ ဦးမတည်ခင် ဝေ့ဝူယင် ခဏလောက် အချိန်ယူလိုက်၏။ သူ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။ အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာကို အချိန်၊ အာကာသတို့နှင့် ပေါင်းစပ်ထားခဲ့ပြီး နောက်တွင် ထိုနယ်မြေကြီး အတွင်း၌ ထူးခြားသည့် စွမ်းရည် တစ်မျိုးကို သူ ရရှိခဲ့သည်။ သူက ထိုလောက၏ အာဏာရှင် အင်ပါယာ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ့ပိုင်နက် အတွင်း၌ မည်သူမှ သူ့ အမြင်အာရုံမှ ပုန်းကွယ်လို့ မရချေ။
အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်သို့ ရွေ့လျားနေသည့် အဆုံးမဲ့ ခရီးသွား နယ်မြေမှ လူများကိုပင် သူ အာရုံခံနိုင်သည်။ ထို့အပြင်... စုနန်ကျူးနှင့် ကျားယန်တို့မှာ နှေးတုံ့နှေးတုံ့ အဖွဲ့ဝင် အချို့ကို အတင်းအကြပ်ပင် ဆွဲခေါ် သွားခဲ့ကြသည်။ ထိုလောက အင်ပါယာ နှစ်ယောက်မှာ သူ့ဆန္ဒကို ဦးလည်မသုန် ထမ်းရွက်သူများ အဖြစ် သရုပ်ဆောင် နေကြပေသည်။
“အိုး...”
ဝေ့ဝူယင် အဖြူရောင် သင်္ဘောလေးကို အာရုံခံမိလိုက်၏။ ၎င်းမှာ ကြယ်ကိုးပင့် ကြယ်တာရာ နယ်မြေ အစပ်တွင် အာကာသ ကျောက်ဆူးချထား၏။ အဘိုးကြီးမှာ ဝိညာဉ်ဆက်သွယ်မှုကို အသုံးပြုကာ ချောင်စွေ့ဖုန်းနှင့် စကားပြောဆို နေခဲ့သည်။ သူ့လေသံထဲ၌ လေးစားသည့် အငွေ့အသက်များ မပါသော်လည်း အထက်စီး ဆန်ခြင်းလည်း မရှိပါချေ။
ရုတ်တရက် လူအိုကြီးက ရပ်တန့်လိုက်ကာ ဝေ့ဝူယင် တည်ရှိရာ အရပ်ကို လှမ်းကြည့်လိုက်သည်။ အနည်းငယ် အံ့အားသင့်သည့် အငွေ့အသက်များ ပေါ်လာခဲ့သော်လည်း များစွာ ထင်ရှားခြင်း မရှိပါချေ။ ၎င်းက အလားတူ လေ့လာစောင့်ကြည့်မှုမျိုးကို ပထမဆုံး အကြိမ် ကြုံဖူးခြင်း မဟုတ်ကြောင်း အထောက်အထားပင် ဖြစ်သည်။ သို့သော်လည်း အချိန်နှင့် အာကာသ အတွင်း ဝေ့ဝူယင် ထည့်သွင်းထားသည့် အုတ်မြစ်ကတော့ သူ ခန့်မှန်းထားသည်ထက် ကျော်လွန်နေပေသည်။
ကျန်းကျိရီမှာ ဆက်လက်၍ အစီရင်ခံ တင်ပြနေခဲ့၏။ ဝေ့ဝူယင် ဂြိုဟ်ကို ဝိညာဉ်အာရုံဖြင့် စူးစမ်းလိုက်သည်။ အရွယ်အစားနှင့် အရည်အသွေးတို့ လျှင်မြန်စွာ တိုးတက်လာနေမှုကြောင့် ဖြစ်ပေါ်လာရသည့် ချို့ယွင်းချက် အချို့ကို ရှာဖွေ တွေ့ရှိပြီးနောက်တွင် သူက လက်ညိုးကို ဆန့်ထုတ်ကာ အဖြူရောင် အလင်းတန်း တစ်ခုကို ဂြိုဟ်ဆီသို့ ပို့လွှတ်လိုက်သည်။ မူလ ဥပဒေသမှာ ၎င်း၏ စွမ်းအင်များကို စတင် ထုတ်လွှတ်လာကာ ချို့ယွင်းချက်များကို စတင် သန့်စင်တော့၏။
အလွန် သန့်စင်သည့် မူလ ဒြပ်စင် အော်ရာများကို ခံစားမိလေရာ ကျန့်ကျိရီ၏ မျက်လုံးများက ပြူးကျယ် သွားခဲ့သည်။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် မူလ အာရုဏ်ဦး၏ အမျိုးမျိုးသော ဒြပ်စင် ရတနာ ကုန်းမြေများမှာ ကြီးမားစွာ တိုးတက် ပြောင်းလဲ လာနေခဲ့ပြီ ဖြစ်သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း သူမ ရင်တဒိတ်ဒိတ် ခုန်လာခဲ့လေ၏။
ဂြိုဟ်ကို မူလ ဥပဒေသ အော်ရာနှင့် ဆက်သွယ်ပြီးနောက် ဝေ့ဝူယင် ရလဒ် အပေါ် အတော်လေး ကျေနပ် သွားခဲ့သည်။ အနာဂတ်တွင် ဂြိုဟ်မှာ ဆက်လက် ကြီးထွားလာရုံမျှသာ မကပဲ ဒြပ်စင်ကိုးပါး ဥပဒေသ အော်ရာပါသည့် အဖိုးတန်သည့်ရင်းမြစ်များကိုပါ မွေးဖွား ပေးလိမ့်မည် ဖြစ်သည်။
ပိုင်လင်က အသက်ကို ပေါ့ပေါ့ပါးပါး ရှူထုတ်လိုက်၏။ မီးတောက်ငယ် တစ်ခုမှာ သူမ၏ နှုတ်သီးမှ ထွက်ပေါ်လာကာ ဂြိုဟ် အမြုတေဆီသို့ တိုးဝင် သွားခဲ့သည်။
ရှဲ... ရှဲ...
ဂြိုဟ်၏ မူလ အရောင် ဖြစ်သည့် သန့်စင်သော အဖြူရောင်ကို ရွှေသွေးရောင် မီးတောက် တစ်ခုက လွှမ်းခြုံ သွားခဲ့သည်။ ပိုင်လင်၏ မျက်လုံးများထဲ၌ ကျေနပ် နှစ်သိမ့်သည့် အလင်းရောင် တစ်ချို့ ပေါ်လာခဲ့၏။ ၎င်းမှာ သူမ၏ ပထမဆုံးသော ဂြိုဟ်လည်း ဖြစ်ပေသည်။
ဝေ့ဝူယင် ပိုင်လင်၏ သားမွေးများကို နွေးထွေးသည့် အပြုံးဖြင့် ပွတ်သပ် ပေးလိုက်၏။ ဂြိုဟ်အမြုတေအတွင်း နိဗာန မီးတောက်များ ထည့်သွင်းခြင်း၏ အကျိုးကျေးဇူးမှာ ကျင့်ကြံသူ တစ်ယောက်ကို အသက်ကယ် ဝှက်ဖဲတစ်ချပ် ပေးလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ ထိုမျှမက... အနာဂတ်၌ နိဗာန မီးတောက် ရည်ရွယ်ချက်နှင့် သက်ဆိုင်နေသည့် အရင်းအမြစ်များ ဂြိုဟ်ထက်တွင် မွေးဖွားလာနိုင်ဖို့ပင် ဖြစ်နိုင်ချေ ရှိသည်။
“နောက်က လိုက်ခဲ့ပါ...”
ဝေ့ဝူယင်က ကျန်းကျိရီကို နှုတ်ဖြင့်ပင် တိုက်ရိုက် ပြောလိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို ဖန်တီးလိုက်သည်။
ဟူး... ဟူး...
ရုတ်ချည်း ပေါ်လာသည့် ဟင်းလင်းပြင် ပေါ်တယ်ကို ကြည့်ရင်း ကျန်းကျိရီ၏ မျက်လုံးများက ပြူးကျယ် သွားခဲ့၏။ နောက်ထပ် ပိုမို၍ မအံ့ဩနိုင်တော့သော်လည်း သူမ၏ နှလုံးသားထဲရှိ ဝေ့ဝူယင်၏ နတ်ဘုရား တစ်ပါး အလား ပုံရိပ်ကတော့ ပိုမို ခိုင်မာလာခဲ့၏။
"ကျုပ်တို့တွေ အဓိပတိ ကျောက်စိမ်း နယ်မြေကို သွားကြမလို့...”
ဝေ့ဝူယင်က ပြောလိုက်ရင်း ပိုင်လင်၏ ကျောထက်၌ စီးကာ ဟင်းလင်းပြင် ပေါ်တယ် အတွင်း လှမ်းဝင်လိုက်တော့၏။ ကျန်းကျိရီမှာ အံ့ဩသွားခဲ့သော်လည်း ခပ်မြန်မြန်ပင် တုန့်ပြန်လိုက်၏။ ခြေတစ်လှမ်းတည်းဖြင့်ပင် ဟင်းလင်းပြင် ပေါ်တယ် အတွင်း လှမ်းဝင်လိုက်လေတော့သည်။
***