← Chapters

အဓိပတိ ကျောက်စိမ်းနယ်မြေ

Vol. 127 Ch. 1777

အဓိပတိ ကျောက်စိမ်းနယ်မြေ

Vol. 127 Ch. 1777

အဓိပတိ ကျောက်စိမ်းနယ်မြေ...

အဓိပတိ ကျောက်စိမ်းနယ်မြေမှာ ကျောက်စိမ်းဒြပ်စင်ဂိုဏ်း၏ ပထမဆုံးတော့ လျှို့ဝှက် နယ်မြေ ဖြစ်သည်။ ၎င်းမှာ အမွေအနှစ်များ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အမြုတေ နေရာတစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း၌ အရေးအကြောင်း တစ်ခုခု ကြုံလာတိုင်း ကျန်းကျိရီမှာ ဆန်းကြယ်ကိုးပါး ဒြပ်စင် အစီအရင်ကိုသာ အသုံးပြုခဲ့ကာ အဓိပတိ ကျောက်စိမ်းနယ်မြေနှင့် ချိတ်ဆက်နေသည့် အကြွင်းမဲ့ ဒြပ်စင် အစီအရင်ကို လုံးဝ သုံးစရာ မလိုခဲ့ချေ။

ဆယ်စုနှင်ချီ ပြုစု ပျိုးထောင် ခံရခြင်းကြောင့်ပင် ယနေ့၌ အဓိပတိ ကျောက်စိမ်းနယ်မြေမှာ ရောင်စဉ်၊ အလှတရား၊ အသက်ဓာတ်တို့နှင့် တောက်ပနေခဲ့၏။ ၎င်းမှာ လက်ရာမြောက် အမွေအနှစ်များကို သယ်ဆောင်ထားသည့် သင်္ချိုင်းမြေ တစ်ခု ဖြစ်သော်လည်း အော်ရာမှာ ပျက်စီးခြင်း တစ်ခုတည်း မဟုတ်ဘဲ အနာဂတ်အတွက် မျှော်လင့်ချက်၏ တစ်ခုလည်း ဖြစ်သည်။

အဓိပတိ ကျောက်စိမ်းနယ်မြေမှာ စက်ဝိုင်း အသွင်သဏ္ဌာန် ရှိကာ အကြမ်းဖျဉ်း မိုင်ပေါင်း တစ်သောင်းခန့် ကြီးမားသည့် နယ်မြေကြီး ဖြစ်သည်။ နယ်မြေ တစ်ခုလုံးမှာ ယခင်က ကျရှုံးခဲ့သည့် ကျင့်ကြံသူကြီးများ၏ အမွေအနှစ်များအား ထည့်သွင်းထားသည့် ကျောက်တိုင် နန်းဆောင်များနှင့် ပြည့်နှက် နေခဲ့သည်။

နန်းဆောင်များမှာ အမျိုးအစား စုံလင်လှကာ အသေးစား နန်းဆောင်လေးများမှ အစ ခမ်းနားစွာ ဒီဇိုင်းဆွဲ တည်ဆောက်ထားသည့် နန်းတော်ကြီးများ၊ မြေပြင်နှင့် မထိပဲ ပျံဝဲနေသည့် နန်တော်ကြီးများ အပါအဝင် ပုံစံစုံ၊ ဒီဇိုင်းစုံ ရှိနေခဲ့သည်။ နန်းတော်တိုင်း၏ ဝင်ပေါက်တွင် ရုပ်တု တစ်ခုနင့် ဆိုင်းဘုတ် တစ်ခု ရှိသည်။ ရုပ်တုများကို အမွေအနှစ်၏ ပိုင်ရှင် ပုံစံအတိုင်း အတိအကျပင် ပုံရိပ်ဖော် ဖန်တီးထားသည်။

ထိုနန်းတော်များ အတွင်း၌ ထူးခြားသည့် ကျင့်ကြံခြင်း နည်းလမ်းများ၊ အစီအရင်များ၊ ကျင့်ကြံခြင်း အတွေ့အကြုံများ၊ လက်နက်များ၊ အမွေအနှစ်များ ရှိနေတတ်ကြပြီး ၎င်းတို့ကို ရယူရန် အတွက် စမ်းသပ်မှု အချို့လည်း ရှိနေနိုင်သည်။ ဆိုင်းဘုတ်များကိုတော့ လှပ သေသပ်သည့် လက်ရေးများဖြင့် ရေးထွင်းထားကာ အမွေအနှစ်ကို ချန်ထားခဲ့သူ၏ အောင်မြင်မှုများ၊ ကျင့်ကြံခြင်း အခြေခံနှင့် အဆင့်အတန်းတို့ကို အသေးစိတ် ဖော်ပြထားသည်။

ဝှစ်...

ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ သန့်ရှင်း သပ်ရပ်စွာ ခင်းထားသည့် လမ်းပေါ်သို့ ဖျပ်ခနဲ ရောက်ရှိလာခဲ့သည်။ ကျန့်ကျိရီမှာ သူတို့၏ နံဘေးတွင် ပျံဝဲ နေခဲ့၏။ ထိုမီးဖီးနစ်မှာ အမြင့်ပေ နှစ်ဆယ် အထိ ရှိလေရာ... သူမ အနေဖြင့် ကျောက်သား အခင်းထက်တွင် လျှောက်လှမ်းရင်း ဝေ့ဝူယင်နှင့် စကားပြောဖို့ ကြိုးစားမည် ဆိုပါက အနည်းငယ် ရှုပ်ထွေးသွားပေလိမ့်မည်။

“ဒီကိုလာခဲ့...”

ဝေ့ဝူယင်က ပြောလိုက်ရာ နောက်ထပ် ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုမှာ သူတို့ သုံးဦး၏ အထက်တွင် ပေါ်လာခဲ့၏။ ကျန့်ကျိရီ အနည်းငယ် အံ့ဩသွားခဲ့သည်။ ဝေ့ဝူယင်က မည်သူ့ကို လှမ်းခေါ်နေသနည်း။

ဝရား..

ရုတ်တရက် နဂါးဟိန်းသံကြီး တစ်ခုကို ကြားလိုက်ရ၏။ အပြာရောင် အကြေးခွံများနှင့် လက်ကြီး တစ်ဖက်မှာ ဟင်းလင်းပြင် အတွင်းမှ တိုးထွက်လာ၏။ ၎င်းမှာ တောင်ကြီး တစ်လုံးနှင့်ပင် ဆင်တူကာ ဟင်းလင်းပြင် ပေါ်တယ်ပေါက်ကို အတင်းအကြပ်ပင် ချဲ့ထွင်နေသည်။

"ကျုံ့လိုက်"

ဝေ့ဝူယင်က အမိန့်ပေးလိုက်၏။ လက်သည်းမှာ လျှင်မြန်စွာပင် ကျုံ့ဝင် သွားခဲ့သည်။ ထို့နောက်တွင်တော့ ဦးချိုတစ်ချောင်း အပြာရောင် အကြေးခွံများနှင့် နဂါးတစ်ကောင် ထွက်ပေါ်လာကာ ရှေ့သို့ ပျံသန်း လာခဲ့သည်။ ၎င်းမှာ ကျန်းကျိရီကိုပင် တုန်ရီစေနိုင်သည့် နဂါးအော်ရာများကို ထုတ်လွှတ် နေခဲ့လေ၏။

အန်နု..

၎င်းမှာ လူသား တစ်ယောက် အရွယ်အစား၌ ရှိနေကာ ရှေ့သို့ ပျံသန်းလာပြီးနောက် ကြမ်းပြင်ထက်၌ လေးလံစွာပင် ဆင်းသက်လိုက်သည်။

“အချိန်ကျပြီလား...”

သူ၏ အသံက စိတ်လှုပ်ရှားမှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုများနှင့် ပြည့်နှက် နေခဲ့၏။ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။

“ဟန်ရှဲ့ဒီမှာ ရှိတယ်...”

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ အာကာသ အလွှာများကို ထိုးဖောက်ရင်း တိုက်ခိုက်နေသည့် ပုံရိပ် နှစ်ခုကို လှမ်းကြည့်လိုက်သည်။

အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် ချုပ်နှောင် ခံထားရသည့် နဂါးများ၏ နာကျင်စွာ အော်ဟစ်သံများကို အလိုအလျောက်ပင် သူ ပြန်လည် ကြားယောင်လာကာ အစစ်အမှန် နဂါး သွေးမျိုးဆက်က ပွက်ပွက်ဆူလာခဲ့သည်။ အန်နု၏ တုန့်ပြန်မှုက ဝေ့ဝူယင်ထက်ပင် ပိုမို၍ ပြင်းထန်ကာ တူညီသည့် အရပ်မျက်နှာကို ကြည့်ရင်း ကြမ်းတမ်း ခက်ထန်စွာ ဟိန်းဟောက်လိုက်လေ၏။

ကျန်းကျိရီမှာ နဂါးထံမှ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို ခံစားလိုက်ရလေရာ အသက်ရှူ မွမ်းကြပ်လာသလို ခံစားလိုက်ရလေသည်။ အန်နုမှာ သူမနှင့် နှိုင်းယှဉ်ပါက အပြတ်အသတ်ပြီး ပိုမို အစွမ်းထက်ခြင်း မရှိသော်လည်း ထိုသတ်ဖြတ်လိုသည့် ဆန္ဒက ခွန်အား၏ နားလည်နိုင်စွမ်းထက် အဆပေါင်းများစွာ ပိုမိုပေသည်။ သာမန် သေမျိုး တစ်ဦးပင်လျှင် ထိုမျှ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များကို ပိုင်ဆိုင်ထားပါက လျှို့ဝှက် အာဏာရှင်တစ်ဦးကို နှလုံးခုန်နှုန်း ပျက်စေနိုင်သည်။

“ဟန်... ရှဲ့...”

သူမ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ ဟန်ရှဲ့မှာ အဓိပတိ ကျောက်စိမ်း နယ်မြေတွင် ပုန်းအောင်း နေလိမ့်မည်ဟု သူမ တစ်ခါမှ မျှော်လင့် မထားခဲ့ချေ။ ၎င်းမှာ သူမတို့ ကျန်းကလန် အပါအဝင် ကျောက်စိမ်း ဒြပ်စင်ဂိုဏ်း အကြွင်းအကျန်များမှ အရေးအကြီးဆုံး အမွေအနှစ် အဖြစ် ယူဆထား၍ တင်းကြပ် စောင့်ရှောက်ထားသည့် နယ်မြေတစ်ခု ဖြစ်ပေသည်။

ဝေ့ဝူယင် ကျန့်ကျိရီကို ကြည့်လိုက်၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းနှင့် ကျန်းကလန်တို့၏ သမိုင်း တစ်ခုလုံးကို သူ သိရှိထားပြီး ဖြစ်သည်။ ကျန်းကလန်မှာ လင်းကလန်နှင့် အတူ ကျောက်စိမ်း ဒြပ်စင်ဂိုဏ်းကို စတင် တည်ထောင်ခဲ့သည့် အင်အားစု အမျိုးမျိုး၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကာ နောက်ပိုင်းတွင် လင်းကလန်မှာ ထောက်ခံမှုများကို ရရှိကာ တဖြည်းဖြည်း လွှမ်းမိုးလာပြီး ခေါင်းဆောင်များ ဖြစ်လာခဲ့ကြသည်။

အဆုံးမဲ့ ပျက်စီးခြင်းများ မင်းမူ နေခဲ့သည့် အမှောင် ကြယ်တာရာခေတ်တွင်တွင် သူတို့မှာ ပြိုင်ဘက်ကင်းစွာ အမြင့်ဆုံးသို့ တက်လှမ်းလာခဲ့သည့် အဆုံးမဲ့ နတ်ဘုရား အင်ပါယာနှင့် အတူ ဘေးချင်းယှဉ်၍ ခိုင်မာသော မဟာမိတ်များ အဖြစ် ရန်သူများကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် ကျန်းကလန် အပါအဝင် အဓိက ကလန်များ ကန့်ကွက်နေသည့် ကြားမှပင် လင်းကလန်မှာ ကပ်ပါး မျိုးနွယ်စုများနှင့် ကျိန်းသစ္စာ ကျိန်ဆိုခဲ့သည်။ အကျိုးဆက် အနေဖြင့် ကျောက်စိမ်း ဒြပ်စင်ဂိုဏ်းမှာ နိမ့်ပါးမှုများနှင့် ရင်ဆိုင်လာရကာ အဖက်ဖက်မှ ကျဆင်လာခဲ့သည်။

နောက်ပိုင်း ကာလများတွင်တော့ ကျိန်စာကို လက်တစ်လုံးခြား လှည့်စားရန် အတွက် လင်းကလန်မှာ ကျောက်စိမ်းဒြပ်စင်ဂိုဏ်းကို ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အစစ်အမှန် ဒြပ်ဟင်ဂိုဏ်းနှင့် မဟာမိတ် ဖွဲ့ပြီး တစ်ခုတည်း အဖြစ် ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့သည်။ ၎င်းမှာ ကျန်းကလန် ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်နေသည့် ကြားမှပင် လင်းတို့ အတည်ပြုခဲ့သည့် နောက်ထပ် ဆုံးဖြတ်ချက် တစ်ခု ဖြစ်သည်။

ကျောက်စိမ်းဒြပ်စင်ဂိုဏ်းကို အစစ်အမှန် ဒြပ်စင်ဂိုဏ်း အဖြစ်သို့ ပြောင်းလဲခဲ့ပြီး နောက်တွင် ကပ်ပါး ပြင်ပ မျိုးနွယ်စုများမှာ ဆူပူ သောင်းကျန်း လာခဲ့ကြကာ ဂိုဏ်းနှင့် အလွန် ပြင်းထန်သည့် ပြည်တွင်းစစ် တစ်ခုကို ဆင်နွှဲ ခဲ့ကြသည်။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ကို ပိုင်ဆိုင်ထားသည့် ကြားမှပင် သူတို့ ရှုံးနိမ့်ခဲ့ကြသည်။ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။

လင်းကလန်မှာ ကျမ်းသစ္စာ ဆက်လက် အသက်ဝင်နေစေဖို့ အတွက် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ခေါင်းဆောင် နေရာတွင် ရှိနေဖို့ လိုအပ်လေရာ ကပ်ပါး မျိုးနွယ်များက သူတို့ကို ချမ်းသာပေးခဲ့သည်။ သို့သော်လည်း... အခြား မျိုးနွယ်များကတော့ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဆိုးရွားသည့် ကံကြမ္မာများကို ခံစားခဲ့ကြရသည်။

ထိုစစ်ပွဲ၌ ကျန်းကျိရီမှာ သူမ၏ မိသားစုကို ဆုံးရှုံးခဲ့ရသည်။ ထိုစဉ်အခါက သူမမှာ အရေးမပါသည့် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ဦးမျှဿာ ဖြစ်ခဲ့သည်။ လူငယ်မျိုးဆက် တစ်ယောက် အနေဖြင့် ကံကြမ္မာကို ပြောင်းလဲဖို့ သူမ ဘာမှ မတတ်နိုင်ခဲ့ချေ။

ကျန်းကလန်နှင့် အခြား ကလန်တို့မှာ သူတို့ အသက်ဆက်နိုင်ရန် အတွက် အပြင်းအထန် မုန်းတီးနေသည့် ကြားမှပင် လင်းကလန်နှင့် ပြန်လည် ချိတ်ဆက် ခဲ့ရသည်။ တစ်နည်းဆိုရသော်... ဂိုဏ်းတွင်း ကလန်ကြီးများ၏ လင်းကလန် အပေါ် မုန်းတီးမှုမှာ အကြိမ်တိုင်း ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည့် သူတို့၏ ဆုံးဖြတ်ချက် အလွဲများမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုတွင်တော့ လင်းရှန်းရှန်း တစ်ယောက် ဝေ့ဝူယင်၏ အစေခံ ဖြစ်လာခဲ့ခြင်းနှင့် အတူ အခြေအနေများက ကြီးမားစွာ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။

"သွားကြမယ်..."

ဝေ့ဝူယင်က ပိုင်လင်နှင့် အန်နုတို့ကို ရှေ့သို့ ဆက်လက် ရွေ့လျားဖို့ ညွှန်ကြားလိုက်ကာ မကြာခင်မှာပင် သူတို့ အဖွဲ့မှာ အဓိပတိ ကျောက်စိမ်း နယ်မြေ၏ အရှေ့ဘက် ယွန်းယွန်းသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် လျှို့ဝှက် နယ်မြေ တစ်ခု တည်ရှိနေသည်။ လျှို့ဝှက် နယ်မြေထဲ လျှို့ဝှက် နယ်မြေ ထပ်တည်နေခြင်းမျိုးက ရှားပါးပေသည်။ ၎င်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို တိုက်တန် ဧကရာဇ် အုပ်စိုးစဉ် အခါတည်းက တည်ထောင်ထားခဲ့ခြင်းဟု သိရှိရသည်။

ကျန်းကျိရီ ခပ်မြန်မြန်ပင် နေက်မှ လိုက်သွားခဲ့၏။ သူမ၏ မျက်ဝန်းများက မရေရာ မသေချာသည့် အလင်းတန်းများနှင့် တောက်ပနေခဲ့သည်။

အမှန်အတိုင်း ဝန်ခံရပါက ဟန်ရှဲ့ကို ဟန့်သော်လည်း ကောင်းမွန်သည့် ခံစားချက်များတော့ မရှိပါချေ။ ထိုလူမှာ ပြည်တွင်းစစ် စတင်ခဲ့ရသည့် အဓိက အကြောင်းရင်း ဖြစ်သော်လည်း စစ်ပွဲအတွင်း လက်တစ်ချောင်းပင် လှုပ်ခဲ့ခြင်း မရှိခဲ့ချေ။

အကယ်၍ သူသာ ဝင်ရောက် တိုက်ခိုက်ခဲ့ပါက အခြေအနေများက တစ်မျိုးတစ်ဖုံ ပြောင်းလဲကောင်း ပြောင်းလဲ သွားနိုင်ပေသည်။ သို့သော်လည်း... သူက ကျောက်စိမ်း ဒြပ်စင်ဂိုဏ်း တစ်ဖြစ်တည်း အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ကံကြမ္မာကို လုံးဝ ဂရုမစိုက်ခဲ့ပဲ လူမြင်ကွင်းမှ နှစ်ပေါင်း တစ်ထောင်ကျော်ပင် ပျောက်ကွယ် နေခဲ့သည်။ သူ့ထက်စာလျှင် သူ၏ ဝမ်းကွဲညီ ဟန်ယုဟိုင်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွက် များစွာ အနစ်နာခံ ကြိုးစားပေးခဲ့ပေသည်။

***

All Chapters