ဆန်းကြယ် ဧကရာဇ်
Vol. 127 Ch. 1778
အဓိပတိ ကျောက်စိမ်း နယ်မြေအတွင်း ဝှက်ထားသည့် လျှို့ဝှက်နယ်မြေမှာ အဇူရာ မူလ အချုပ်အချာ အာဏာပိုင်များက ရှေးဟောင်း ချိပ်ပိတ်နယ်မြေကို တည်ထောင်ခြင်း မပြုမီ ကတည်းက တည်ရှိခဲ့သည့် နေရာ တစ်ခု ဖြစ်သည်။ ၎င်း၌ နက်ရှိုင်းသည့် သမိုင်းကြောင်းများ ရှိကာ တိုက်တန်များက ပိုင်ဆိုင်ခဲ့ကြသည်။
ပိုမို၍ တိတိကျကျ ဆိုရလျှင် ၎င်းကို လူသားတိုက်တန် မျိုးစပ် ကျင့်ကြံသူ တစ်ဦးက ပိုင်ဆိုင်ခဲ့သည်။ သူက အံ့ဩဖွယ် ပါရမီနှင့် အတူ အလွန် အစွမ်းထက်ကာ လူသား တိုက်တန် ခွဲခြားမှုများကြားမှပင် ကိုယ်ပိုင် သမိုင်း တစ်ခုကို ထွင်းထု နိုင်ခဲ့သည်။
ထိုကျင့်ကြံသူမှာ ဝိညာဉ်သခင် လမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။ ကျင့်ကြံခြင်း လောက၏ သမိုင်းကြောင်းတွင် ဝိညာဉ်သခင်များ၏ ဂုဏ်သတင်းကို များစွာ မြင့်တက်စေခဲ့ကာ လူသားနှင့် တိုက်တန် မျိုးနွယ်များကြားတွင် ဝိညာဉ် သခင် လမ်းစဉ်ကို လူကြိုက်များ လာစေခဲ့သည်။ ကံဆိုးစွာပင် ထိုမျိုးစပ် ကျင့်ကြံသူမှာ ချိပ်ပိတ်နယ်မြေကို ဖြစ်ပေါ်စေခဲ့သည့် အာဏာရှင် အင်ပါယာကြီးများ၏ မော်ကွန်းတင် တိုက်ပွဲတွင် မမျှော်လင့်ပဲ အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည်။
ဝေ့ဝူယင်မှာ လင်းရှန်းရှဲ့၏ မှတ်ဉာဏ်များမှ တစ်ဆင့် ဤလျှို့ဝှက်နယ်မြေ အကြောင်း အမှန်တရားကို ရှာဖွေ တွေ့ရှိခဲ့သည်။ အဆိုပါ နယ်မြေထဲတွင် ဝိညာဉ်လမ်းစဉ်နှင့် သက်ဆိုင်နေသည့် နည်းလမ်းများ၊ ကျင့်စဉ်များ၊ အစီအရင်များ အားလုံး ပါဝင် နေခဲ့သည်။
ဟန်ရှဲ့မှာ ထိုလျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်နိုင်သည့် သော့တစ်ချောင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီး အပြင် လျှို့ဝှက် နယ်မြေ ဖြစ်သည့် အဓိပတိ ကျောက်စိမ်း နယ်မြေကိုပါ အခက်အခဲ မရှိ ဝင်ရောက်နိုင်ခဲ့ပြီး ကျောက်စိမ်းဒြပ်စင်ဂိုဏ်းနှင့် မဟာမိတ် ဖွဲ့နိုင်ခဲ့သည်ဟု ဝေ့ဝူယင် သံသယ ရှိပေသည်။ သို့သော်လည်း ထိုအရာက အရေးမကြီးပါချေ။ ဟန်ရှဲ့ လုပ်ရပ်များကို ပြန်လည် အစဖော်ဖို့ သူ ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ချေ။
“ယုဟိုင်... မင်း ဒါဘာလုပ်တာလဲ...”
မိုးကြိုး ထစ်ချုန်းသည့် အလား ဝိညာဉ် စွမ်းအင်များ ပါဝင်နေသည့် ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာခဲ့၏။
နယ်မြမှာ ကောင်းကင်သို့ ရောက်အောင် ထိုးထွက်နေသည့် ကျောက်စိမ်း နန်းတော်ကြီး တစ်ခုတည်းသာ ဖြစ်ပြီး ရွှေရောင် ငွေရောင် အလင်းများနှင့် တောက်ပ နေခဲ့သည်။ ထိုအလင်းများမှာ လောက တစ်ခုလုံးကို အလင်းပေးနေသည့် ဝိညာဉ်မီးလျှံနှင့် ဆင်တူပေသည်။ ကောင်းကင်တွင် နေကြယ် မရှိချေ။ တိမ်များလည်း မရှိချေ။ နေရာ တစ်ခုလုံးကို သန့်စင် ကြည်လင်သည့် ဝိညာဉ် စွမ်းအင်များနှင့်သာ ဖွဲ့စည်း ထားပေသည်။ စိမ်းပြာရောင် ဝိညာဉ် စွမ်းအင်များ၏ အပြင်ဘက်တွင်တော့ အဓိပတိ ကျောက်စိမ်း နယ်မြေမှ ထုတ်လွှတ်ပေးသည့် အာကာသ စွမ်းအင်များ ရှိသည်။ ၎င်းမှာ လျှို့ဝှက်နယ်မြေ တစ်ခုထက် ဝိညာဉ် ပညာရှင် တစ်ယောက်၏ အတွင်းပိုင်းလောနှင့်ပင် ပိုမို ဆင်တူပေသည်။
နန်းတော်၏ အရွယ်အစားမှာ အလွန်ကြီးမား၏။ ၎င်းသည် အချင်းချင်း ရှုပ်ထွေးစွာ ချိတ်ဆက်ထားသော အဆောက်အအုံများ၊ သေသပ်စွာ ခင်းထားသော လမ်းများ၊ ကျယ်ပြန့်လှသည့် လမ်းကြားများဖြင့် မိုင်ပေါင်း ထောင်ပေါင်းများစွာကို ဖုံးအုပ်ထားသည်။
မျိုးစပ် ဝိညာဉ်သခင်မှာ မိမိ၏ မိသားစု၊ သွေးမျိုးဆက်နှင့် အမွေအနှစ်၏ နောက်ဆုံး အကြွင်းအကျန်များကို ခိုလှုံရန် ရည်ရွယ်ချက်ဖြင့် ဤနယ်မြေကို တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ၎င်းမှာ အခြား လျှို့ဝှက်နယ်မြေတစ်ခုဖြင့် ဖုံးကွယ်ထားလေရာ အလွန် လုံခြုံသော ခိုလှုံရာဖြစ်သည်။
ဝင်ရောက်ခွင့်သော့နှင့် နည်းလမ်းများသာ မရှိပါက ဤဧရိယာကို ရှာဖွေ တွေ့ရှိဖို့ မဖြစ်နိုင်ပါချေ။ ထို့အပြင် နန်းတော် အတွင်းမှ အကြွင်းအကျန် အော်ရာမှာ အလွန် မြင့်မားသည့် အဆင့်တစ်ခု၌ ရှိနေကာ နေအမတေနှင့် ဆင်တူသည့် အလင်းတန်းများကို ထုတ်လွှတ် နေခဲ့သည်။ ၎င်းကို ပိုင်ဆိုင်ခွင့် ရရှိသူမှာ ကြီးမားသည့် ကံကောင်းခြင်းများကို ခံစားခွင့် ရရှိလိမ့်မည် ဖြစ်သည်။ အညစ်အကြေးများကို သန့်စင်ပေးနိုင်သည့် အဓိပတိ ကျောက်စိမ်း နယ်မြေ၏ ကျောက်စိမ်း အမတေမှာ ဤနန်းတော်နှင့် ၎င်း၏ အော်ရာတို့ကြောင့် မွေးဖွားလာခြင်းပင် ဖြစ်သည်။
သားရဲနှစ်ကောင်နှင့် ကျင့်ကြံသူ နှစ်ဦး ပါဝင်သည့် လေးဦး အဖွဲ့မှာ ရောက်ရှိလာကာ ကောင်းကင်တွင် တိုက်ခိုက်နေသည့် ဟန်ယုဟိုင်နှင့် စိမ်းပြာရောင် ပုံရိပ်တို့ကို တွေ့ရှိ လိုက်ရ၏။ သူတို့ နှစ်ယောက်စလုံးမှာ အနည်းငယ်ပင် ထိန်းချုပ်ခြင်း မရှိပဲ အဆုံးစွန်သော ကျင့်စဉ်များကို ဖော်ထုတ် နေကြသည်။
“ယုဟိုင်... မင်း ဒါဘာလုပ်တာလဲ...”
အသံက ကျန်းကျိရီ၏ နှလုံးကို တုန်လှုပ် သွားစေခဲ့၏။ အန်နု၏ မျက်လုံးများကတော့ ပိုမို၍ တဝင်းဝင်း တောက်လာခဲ့သည်။ ၎င်းမှာ သူ ဘယ်တော့မှ မမေ့နိုင်မည့် အသံ ဖြစ်သည်။ အကယ်၍ ပြာအဖြစ် လောင်ကြွမ်းခံရပြီး ငရဲ၌ အကြိမ်ပေါင်း တစ်ထောင် ပြန်လည် မွေးဖွားလာခဲ့လျှင်ပင် မေ့နိုင်လိမ့်မည် မဟုတ်ချေ။ သူ ထိုအသံကို အမှတ်ရနေဦးမည် ဖြစ်သည်။
ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့...
ဟန်ယုဟိုင်၏ နောက်တွင်တော့ ကိုးရောင်ခြယ် အလင်း စက်ဝန်း နှစ်ခု ရှိနေခဲ့၏။ လင်းရှန်းရှန်းနှင့် လင်းရှန်းရှဲ့တို့၏ သွယ်လျသည့် ရုပ်သဏ္ဌာန်များမှာ ထိုအလင်း စက်ဝန်းများ အတွင်း၌ ရှိနေခဲ့သည်။ ဟန်ယုဟိုင်မှာ လျှို့ဝှက် အကာအကွယ်ကို အဆုံးစွန် အားဖြည့်ထားလေရာ တိုက်ခိုက်မှုလှိုင်းများက သူတို့ထံသို့ ရောက်ရှိခြင်း မရှိပါချေ။
ဒြပ်စင် စောင့်ရှောက်သူ၏ အော်ရာမှာ တည်ငြိမ် ခိုင်မာ နေခဲ့ကာ လျှို့ဝှက် သင်္ကေတ ထောင်ပေါင်းများစွာက လေထုအတွင်း ပျံဝဲ နေခဲ့၏။
လမ်းစဉ် ခုနစ်ခု...
လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ် အတွင်း နောက်ထပ် လျှို့ဝှက် သင်္ကေတ သုံးခုကို ကျင့်ကြံနိုင်ခဲ့သည့် ကျန်းကျိရီနှင့် နှိုင်းယှဉ်ရပါက ဟန်ယုဟိုင်မှာလည်း နှစ်ဆင့် ခုန်တက် သွားခဲ့သည်။ နှစ်ဆင့် ဆိုသဖြင့် သေးငယ်သည်ဟု ထင်ရသော်လည်း ဒြပ်စင် စောင့်ရှောက်သူ၏ အောင်မြင်မှုက ပိုမို ကြီးမြတ်သည်ဟု ဆိုနိုင်ပေသည်။ လမ်းစဉ် လေးခု အဆင့်ကို ရောက်ရှိပြီးနောက် နောက်ထပ် လျှို့ဝှက် သင်္ကေတ နှစ်ခုကို နားလည် လာခြင်းမှာ ပြောပြလို့ မရနိုင်လောက်အောင် ခက်ခဲသည်။
"..."
ဟန်ယုဟိုင်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက မီး၊ မြေ၊ လေ၊ ရေ၊ သတ္တု၊ လျှပ်စီး၊ သစ်၊ ရေခဲ၊ နှင့် ချော်ရည်ပူတို့ တည်းဟူသော ဒြပ်စင်ကိုးမျိုးကို တိကျစွာ ပူးပေါင်း၍ အသုံးပြု နေကာ တစ်ခုချင်းစီကို ပိုမို အားကောင်း လာစေခဲ့သည်။
မီးနှင့် လျှပ်စီးတို့၏ ထိုးနှက်ချက်များက အလွန်ပင် မြန်ဆန်ကာ အရာရာကို ဝါးမြိုဖို့ ကြိုးပမ်းသည်။ ရေနှင့် လေတို့ကတော့ ကောင်းကင် တစ်လျှောက် မမြင်နိုင်သည့် ပြောင်းလွယ်ပြင်လွယ် ရှိမှုနှင့် အတူ လွတ်လပ် ပေါ့ပါးစွာ ရွေ့လျား စေနိုင်သည်။ မြေနှင့် သတ္တုတို့၏ အကာအကွယ်များမှာလည်း အလွန် ခံနိုင်ရည် ရှိလှကာ သူ့ ဆန္ဒအတိုင်း ပုံသွင်းစေနိုင်သည်။
အခြားတစ်ဖက်တွင်တော့ မထင်မရှား စိမ်းပြာရောင် ပုံရိပ်မှာ နားလည်ရ ခက်ခဲကာ ပိတ်ဆို့ဖို့ မလွယ်ကူသည့် ဝိညာဉ် နည်းလမ်းများကို ထုတ်လွှတ် နေခဲ့သည်။ သို့သော်လည်း... ဟန်ယုဟိုင်မှာ ဝမ်းကွဲ အကို ဖြစ်သူ၏ စွမ်းအားများကို သတိပြုမိဟန် ရသည်။ သူက လျှို့ဝှက် ဝိညာဉ်၊ အသိစိတ် ပင်လယ်နှင့် သွေးကြောများကို ပင်မထား၍ ကာကွယ်နေခဲ့သည်။ ထို့အပြင် ဟန်ရှဲ့ ဝိညာဉ် တိုက်ခိုက်မှု တစ်ခု ပြုလုပ်လိုက်တိုင်း ဟန်ယုဟိုင်မှာ သတိမေ့နေသည့် မိန်းကလေး နှစ်ဦးကိုပါ ကာကွယ်ပေး နေခဲ့သည်။
“သူတို့ကို ပေးရင်ပေး... မပေးရင် မင်းသေရမယ်...”
ဟန်ရှဲ့မှာ အသေသတ်နိုင်သည့် တိုက်ခိုက်မှုများကို အဆက်မပြတ်ပင် ဖော်ထုတ်ရင်း အရူးအမူး ဖြစ်လာခဲ့၏။ သူ့အတွက်တော့ ဟန်ယုဟိုင်မှာ ကျေးဇူး မသိတတ်သည့် သစ္စာဖောက်လောက်ကောင်ပင် ဖြစ်သည်။
ဝရား...
ထိုအခိုက်တွင် ကောင်းကင်ကိုပင် လှိုင်းထန်စေနိုင်သည့် နဂါးဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့၏။ ဟန်မျိုးနွယ်ဝင် နှစ်ဦးမှာ တိုက်ခိုက်နေရာမှ ချက်ချင်း ရပ်တန့် လိုက်ကြသည်။
ဟန်ရှဲ့၏ မထင်မရှား ပုံသဏ္ဌာန်မှာ နဂါးဟိန်းသံ လှိုင်းများ အောက်တွင် အနည်းငယ် တုန်ခါ သွားခဲ့၏။ ဟန်ယုဟိုင်သည်လည်း လွတ်မြောက်ခဲ့သည် မဟုတ်ချေ။ သူက ကိုးရောင်ခြယ် သွေးများကို အန်ထုတ် လိုက်ရသည်။ သို့သော်လည်း မတွန့်မဆုတ်ပင် အသံထွက်ပေါ်လာရာ နေရာသို့ အလျှင်အမြန် ပြန်လည် ဆုတ်ခွာ လာခဲ့၏။ သူက အလင်းစက်ဝန်း နှစ်ခုကို တစ်ပါတည်း ဆွဲခေါ်လာရန် မမေ့ပါချေ။
ဝေ့ဝူယင်၏ မျက်လုံးများမှာ ဟင်းလင်းပြင် စွမ်းအင် အလင်းတန်း နှစ်ခုဖြင့် တောက်ပလာခဲ့၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်း စက်ဝန်း နှစ်ခုက ပျောက်ကွယ်သွားခဲ့ကာ သူ၏ ဘယ်ဘက်တွင် တစ်လုံး ညာဘက်တွင် တစ်လုံး ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းတို့က ပေါက်ကွဲသွားကာ ညီအစ်မများဟု ထင်ရသော်လည်း အမှန်တကယ်တွင် မိခင်နှင့် သမီးဖြစ်သည့် ရွှေရောင်ဆံနွယ် ပိုင်ရှင် မိန်းကလေး နှစ်ယောက်ကို ထုတ်ဖော် ပြသလိုက်သည်။
ဘုန်း...
ဟန်ယုဟိုင်မှ ပိုင်လင်နှင့် ပေအနည်းငယ်ခန့် အကွာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့၏။ ထို့နောက် သူက ပြင်ပ ဝိညာဉ် စွမ်းအားများနှင့် ရောနှောနေသည့် ကိုးရောင်ခြယ် သွေးများကို အန်ထုတ်လိုက်ရသည်။ အစောပိုင်းက သူ ပြသနေခဲ့သည့် တည်ငြိမ်မှုများမှာ ပျောက်ကွယ်သွားခဲ့ကာ မျက်နှာမှာ ပြာတက် လာခဲ့သည်။ ၎င်းမှာ အန်နုကြောင့် မဟုတ်ပဲ ဟန်ရှဲ့ကြောင့်သာ ဖြစ်ပေသည်။
“အရှင်ဝေ့...”
ဟန်ယုဟိုင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
“နောက်ဆုံးတော့ ရောက်လာပြီပေါ့...”
ထိုကဲ့သို့ ရေရွတ်ပြီးသည်နှင့် သူ့ မျက်လုံးများ အတွင်းမှ အလင်းရောင်မှာ ပျောက်ကွယ်သွားကာ ပြင်ပ ဝိညာဉ် အင်အား၏ လွှမ်းမိုးမှု အောက်တွင် သတိလစ် မေ့မြောသည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့လေတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ တအိအိ လဲကျသွားလေတော့သည်။
ဝေ့ဝူယင် ဟန်ယုဟိုင်ကို တိတ်တဆိတ် ကြည့်လိုက်၏။ ထို့နောက် သူက ညင်သာစွာ သက်ပြင်းတစ်ချက် ချကာ လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ဟန်ယုဟိုင်ကို ရှန့်ထို လက်စွပ် အတွင်း ပို့လွှတ်လိုက်သည်။ ဒြပ်စင် စောင့်ရှောက်သူမှာ တကယ်ပင် မခေသူ တစ်ယောက် ဖြစ်သည်။
"မင်း..."
ဟန်ရှဲ့၏ ဝေဝေဝါးဝါး ပုံရိပ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သို့သော်လည်း သူ၏ အသံအတွင်း၌ ကြောက်ရွံ့မှု၏ အရိပ်အယောင်တစ်ခုလည်း ရှိသည်။
ဂီး...
ဝရား...
ပိုင်လင်နှင့် အန်နုတို့မှာ ပြိုင်တူပင် အော်ဟစ်လိုက်ကြလေရာ ဟင်းလင်းပြန်မှာ လှုပ်ခါသွားပြီး ပုံရိပ်မှာလည်း တုန်ယင် သွားခဲ့၏။ ၎င်းက ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ဟန် ရသည်။
အန်နုမှာ မြေပြင်နှင့် အာကာသတို့ကို လက်သားများနှင့် ခြစ်ကုတ် နေခဲ့၏။ ၎င်းမှာ ရှေ့သို့ အလျှင်အမြန်တိုးကာ ပုံရိပ်ယောင်၏ တစ်ကိုယ်လုံးအား ဝါးမြိုချင်စိတ်ကို မနည်း ထိန်းချုပ်ထာရသည်။
“ဟန်ရှဲ့...”
ဝေ့ဝူယင်၏ မျက်ဝန်းများက လွမ်းဆွေးမှုများနှင့် ပြည့်နှက် သွားခဲ့၏။ အနန္တ ကုန်းမြေတိုက်ကြီးမှာ နေထိုင်စဉ် အခါတုန်းက သူ ဟန်ရှဲ့လို ဖြစ်ချင်ခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ သူတို့လို ဒြပ်စင်လမ်းစဉ်ကို လျှောက်လှမ်းလိုလူတိုင်း အတွက် အားကျ အတုယူရသူ ဖြစ်ခဲ့သည်။ သူ၏ ငယ်ဘဝတွင် ဆန်းကြယ် ဧကရာဇ်၏ လွှမ်းမိုးမှုများ မရှိခဲ့ဘူး ဆိုပါက လိမ်ရာကျလိမ့်မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင်ပင် မိန်းကလေး နှစ်ယောက်၏ မျက်ခွံများမှာ အနည်းငယ် လှုပ်ရှား လာခဲ့၏။ သူတို့ နိုးလာခဲ့ကြပြီ ဖြစ်သည်။
***