← Chapters

ပြိုင်စံရှား ထျန်းတိုက်ကျုံး (၃)

Vol. 127 Ch. 1768

ပြိုင်စံရှား ထျန်းတိုက်ကျုံး (၃)

Vol. 127 Ch. 1768

ထျန်းတိုက်ကျုံးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ဧကရာဇ်တစ်ပါး မျက်မှောင်ကြုတ်ခြင်းမှာ မျိုးနွယ်စုများအား ပျက်စီးစေကာ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကိုပင် ပြောင်းလဲစေနိုင်သည်။ လောကရှန့်ထို နှစ်ပါး၏ ရည်ရွယ်ချက်များကို သူ ခန့်မှန်းနိုင်သည်။

ထျန်းတိုက်ကျုံး မည်သူ့ကိုမျှ မတုန့်ပြန်ပဲ လျစ်လျူရှုကာ ကျန့်ယန်အပေါ် အာရုံစိုက်လိုက်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ကျန့်ယန်၏ ရင်ဘတ်ဆီသို့ ဆန့်လိုက်၏။ အင်ပါယာ ဥပဒေသ အော်ရာ စိမ့်ဝင်နေသော အာကာသ လှိုင်းဂယက်များ အပြင်ဘက်သို့ ထွက်ပေါ်လာသည်နှင့်အမျှ ထိုလက်မှာလည်း ပုံရိပ်ယောင်အဖြစ် ပြောင်းလဲ လာခဲ့သည်။

စုနန်ကျူးနှင့် ကျားယန်တို့၏ မျက်လုံးများမှာ ပြူးကျယ်သွားကြ၏။

"မင်းနဲ့ မဆိုင်တဲ့ တစ်ခု မင်းဆီမှာ ရှိနေတယ်"

"အား..."

ထျန်းတိုက်ကျုံး၏ လက်က ရင်ဘတ် အတွင်း တိုးဝင် နစ်မြုပ်သွားသော အခိုက်၌ ကျ့န်ယန် နာကျင်စွာ အော်ဟစ် လိုက်မိသည်။ မည်သည့် သွေးမျှ မရှိ။ မည်သည့် စွမ်းအင်မှ ပန်းထွက်ခြင်း မရှိချေ။ ထျန်းတိုက်ကျုံးက အင်ပါယာ အကြံပေးကို ကျန့်ယန်၏ အတွင်းပိုင်းလောက အတွင်းမှ ဆွဲထုတ်လိုက်၏။

အင်ပါယာ အကြံပေးမှာ ချိပ်ပိတ်ခံထားရသော်လည်း အသိစိတ် အပြည့်ရှိနေဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးမျးမှာ ‘အဆုံးမဲ့ အသွင်ပြောင်းလဲခြင်း’ ထုတ်ဖော်ထားသည့် ခမ်းနား ထည်ဝါလှသော ထျန်းတိုက်ကျုံးကို တွေ့မြင်လိုက်ရသည့် အခါ စိတ်ခံစားမှုများ ပြည့်လျှံလာကာ မျက်ရည်များ စီးကျလုနီးပါး အထိ ဖြစ်လာခဲ့သည်။

"ဘယ်သူက မင်းကို အဖမ်းခံဖို့ ပြောခဲ့တာလဲ"

ထျန်းတိုက်ကျုံးက အလွန်ရှားပါးကာ နွေးထွေးသည့် အပြုံးကို ပြုံးလိုက်၏။ သူ၏ အကြည့်များက အင်ပါယာ အကြံပေးအပေါ် ပုံမှန်မဟုတ်စွာပင် နူးညံ့နေခဲ့သည်။

"အရင်တုန်းက အချိန်တွေကို ဒီလောက်တောင် ပြန်ခံစားချင်နေတာလား"

အင်ပါယာ အကြံပေး၏ မျက်လုံးများမှာ လွမ်းမောသည့် ခံစားချက်များဖြင့် ပြည့်နှက် သွားခဲ့ကာ ငယ်ရွယ်စဉ် နှစ်များကို ပြန်လည် သတိရနေခဲ့သည့်ပုံ ရသည်။ အထူးသဖြင့် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အမှောင်မိုက်ဆုံး နေ့ရက်များ အတွင်း ငရဲတွင်းမှ ကယ်တင်ခံရသည့် အချိန်ကိုပင်။

သူမထံတွင် စကားလုံး သန်းထောင်ပေါင်းများစွာ ရှိသော်လည်း တစ်လုံးမှ ထွက်မလာခဲ့ပါချေ။

ထျန်းတိုက်ကျုံး၏ မျက်နှာထက်ရှိ အပြုံးသည် တဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့ကာ ကြောက်မက်ဖွယ် နာကျင်မှုဖြင့် ရုန်းကန်နေသည့် ကျန့်ယန်ဘက်သို့ လှည့်လိုက်သည်။ ထျန်းတိုက်ကျုံး သူ့လက်ကို နောက်တစ်ကြိမ် ထပ်မံ ထိုးသွင်းလိုက်ပြန်၏။ ယခုတစ်ကြိမ်တွင် ကျန့်ယန်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီလာကာ တောင့်တင်း၍ပင် သွားခဲ့တော့သည်။

ထျန်းတိုက်ကျုံးက ဖန်ယွဲ့၏ သတိမေ့နေသည့် ခန္ဓာကိုယ်ကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူက စိတ်ဝင်တစားဖြင့် ကြည့်နေသည့် လောကရှန့်ထိုနှစ်ဦးဖက်ကို လှည့်လိုက်သည်။ သူတို့၏ အမူအရာများက သိပ်ပြီး စိုးရိမ်နေပုံ မရပေ။ သို့သော်လည်း နောက်ဘာဖြစ်လာမည်ကို သူတို့ မည်သို့မျှ သိနိုင်မည်နည်း။

"ရပ်... ရပ်လိုက်စမ်း..."

ဒွါရပေါက်များမှ သွေးများစီးကျနေသည့် ဖန်ယွဲ့၏ သတိလစ် မေ့မျောနေသည့် ရုပ်ခန္ဓာကို ကြည့်ရင်း ကျန့်ယန်၏ မျက်လုံးများမှာ သွေးနီရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

သို့သော် ထျန်းတိုက်ကျုံးက မရပ်ခဲ့ပေ။ သူက လက်ဖြင့် ဖန်ယွဲ့၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်ကာ တစ်က္ကန့်မျှပင် မတွန့်ဆုတ်ပဲ အင်ပါယာ ဥပဒေသ မျိုးစေ့ကို ဆင့်ခေါ်လိုက်သည်။ ၎င်းက သူ၏ လက်ချောင်းများ တစ်လျှောက် စီးဆင်းသွားကာ ဖန့်ယု၏ ဦးခေါင်း အတွင်း ဝင်ရောက်သွားခဲ့၏။ ထိုမြင်ကွင်းက လောကရှန့်ထို သုံးဦးစလုံးအား အလွန် ထိတ်လန့်သွားစေခဲ့သည်။

"ပြောင်းပြန်လှန်..."

စကားတစ်ခွန်းတည်းဖြင့် အင်ပါယာ ဥပဒေသက လက်တွေ့ ပစ္စုပ္ပန်ကို ထိန်းချုပ်လိုက်၏။ ဖန်ယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသည့် အချိန် အမျိုးအစား စွမ်းအားဖြင့် ပေါက်ကွဲထွက်လာသည်။ လောကကြီး တစ်ခုလုံးမှာ အလွန် လျင်မြန်စွာ ပြောင်းပြန်လှန် သွားသကဲ့သို့ ထင်ရ၏။ မသိပါက လောကနာရီကို နောက်ပြန် လှည့်လိုက်သလိုပင်။

အချိန် ပြောင်းပြန်လှည့်ခြင်း...

အံ့ဩစရာ ကောင်းစွာပင် ထိုစွမ်းအားကို ထုတ်ဖော်နေသူက ထျန်းတိုက်ကျုံး မဟုတ်ပဲ ဖန်ယွဲ့ ဖြစ်နေခြင်း ဖြစ်သည်။

ဟူး... ဟူး...

မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် အင်ပါယာ အကြံပေး၏ ဒဏ်ရာများအားလုံးမှာ အလျှင်အမြန် နောက်သို့ ပြန်ဆုတ် သွားခဲ့၏။ သူမ၏ ကျင့်ကြံခြင်း အခြေခံကို ပိတ်ပင်ထားသည့် ချိပ်စည်းများပင် ပျက်စီး သွားခဲ့သည်။

အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားမှာ အင်ပါယာ အကြံပေး တစ်ယောက်တည်း အပေါ် အကျိုးသက်ရောက်ခဲ့ခြင်း မဟုတ်ချေ။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို အကျိုးသက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဟူး... ဟူး...

ကောင်းကင် ဖျက်ဆီးသူ သင်္ဘောများ၏ အပျက်အစီး အပိုင်းအစများမှာ ပြောင်းပြန် အနေအထားဖြင့် လှုပ်ရှားလာကာ ပြန်လည် ပေါင်းစည်းရေးကို ဦးတည် လာခဲ့၏။

ဖန့်ယု၏ လှပသည့် မျက်နှာကလေး ပိုမို၍ ညှိုးနွမ်းလာသည်ကို ကြည့်ရင်း ကျန့်ယန် တစ်ယောက် ပိုမို၍ အသည်းအသန် ဖြစ်လာခဲ့သည်။ သူ့ဇနီး၏ အသက် အော်ရာမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစား အားထုတ်ခဲ့ရသော စွမ်းအင်များနှင့်အတူ လျင်မြန်စွာ ကုန်ခန်းလာနေခဲ့သည်။

"ရပ်စမ်း..."

ကျန့်ယန်၏ အော်ဟစ်သံက ဟင်းလင်းပြင် တစ်ခုလုံးကို လှုပ်ခါသွားစေ၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုလုံးအား ပြောင်းပြန်လှန်မည် ဆိုပါက ဖန်ယွဲ့ အသက်ရှင်နိုင်စရာ နည်းလမ်း မရှိချေ။ ယခု ရပ်လိုက်မည် ဆိုလျှင်ပင် သူမ၏ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ် တစ်ခုလုံးမှာ ဆိုးရွားစွာ ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

ထျန်းတိုက်ကျုံးမှာ ကျန့်ယန်ကို လုံးဝ လျစ်လျူရှုထားခဲ့၏။ ကောင်းကင် ဖျက်ဆီးသူ သင်္ဘောများမှာ ပြန်လည် တည်ဆောက်ဆဲ လုပ်ငန်းစဉ်တွင်သာ ရှိနေဆဲ ဖြစ်ပြီး ကျန့်ယန်ကြောင့် ဖြစ်ပွားခဲ့သမျှ ဘေးဥပဒ်နှင့် ပျက်စီးဆုံးရှုံးမှုများ အားလုံးကို ဖြည်းဖြည်းချင်း ပြောင်းပြန်လှန်နေခဲ့သည်။

“ရပ်စမ်း... ရပ်စမ်း... အခုရပ်...”

ကျန့်ယန်က အရူးတစ်ယောက်လိုမျိုး အော်ဟစ် လိုက်၏။

“သူ့ကို တားကြလေ... ဘာလုပ်နေတာလဲ...”

သူက စုနန်ကျူးနှင့် ကျားယန်တို့ဘက်ကိုပါ လှည့်၍ အော်ဟစ်လိုက်သည်။ သို့သော်လည်း ထိုလောကရှန့်ထို နှစ်ဦးစလုံးမှာ အဖြစ်အပျက်များကြောင့် အံ့အားသင့် နေခဲ့ကာ ပတ်ဝန်းကျင် လောကကြီး ပြောင်းပြန် ပြန်လည် စီးဆင်းနေသည်ကို ကြည့် နေခဲ့မိကြသည်။ လောကရှန့်ထို တစ်ဦး သူ၏ အသက်စွမ်းအင်နှင့် တစ်ဘဝစာ ကျင့်ကြံထားသမျှကို လောင်ကျွမ်းပစ်ကာ ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံးကို ပြောင်းပြန်လှည့်နေသည့် အဖြစ်မျိုး သူတို့ အသက်နှင့် တစ်ကိုယ် မမြင်ဖူးကြချေ။

ဟူး... ဟူး...

သူတို့ ကြည့်နေစဉ်မှာပင် အင်ပါယာ ဥပဒေသ၏ သက်ရောက်ခံထားရသူများမှ လွဲ၍ ကျန်လူများ အားလုံးမှာ မူလ အခြေအနေသို့ ပြန်ရောက်သွားနေသည်ကို တွေ့မြင်လိုက်ရ၏။ ကံကောင်းထောက်မစွာပင် ဖန်ယွဲ့မှာ လောကရှန့်ထို တစ်ဦး အနေဖြင့် အလွန် ငယ်ရွယ်ကာ အသက် နှစ်သောင်း တစ်ထောင်ခန့်သာ ရှိသေးသူ ဖြစ်သည်။ သူမထံတွင် အသက် စွမ်းအင် များစွာ ကျန်ရှိနေသေးဆဲ ဖြစ်သည်။

ထျန်းတိုက်ကျုံးက ကျန့်ယန်ကို ကြည့်လိုက်၏။

"မင်း ပြောခဲ့တဲ့ စကားကိုပဲ ပြန်ပြောမယ်... လက်နက် မချရင် မရပ်ဘူး”

အင်ပါယာ အကြံပေး၏ မျက်လုံးများက သိသိသာသာပင် တောက်ပလာခဲ့၏။ ကျန့်ယန်မှာ ထိုအတိုင်း အတိအကျပင် ပြောခဲ့ခြင်း ဖြစ်သည်။

တေးသီ ဓားသမား၏ မျက်လုံးများမှာ မယုံကြည်နိုင်ခြင်း၊ ဒေါသဖြစ်ခြင်း၊ ထိတ်လန့်ခြင်း၊ နာကျင်မှုန၊ ကြောက်ရွံ့ခြင်းတို့နှင့် ပြည့်နှက် နေခဲ့လေ၏။

စုနန်ကျူးနှင့် ကျားယန်တို့ကတော့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

ဂီး...

ရုတ်တရက် အချိန် နောက်ပြန်ဆုတ်ခြင်းမှာ ရပ်တန့် သွားခဲ့၏။ ရှင်ပြန်ထမြောက်ရန် လုပ်ဆောင်နေသော အသက်များမှာ လမ်းခုလတ်တွင် ရပ်တန့်သွား၏။ သူတို့၏ မျက်လုံးများမှာ ဝိညာဉ် အရိပ်အယောင်တစ်ခုနှင့် ချည်နှောင်ခံထားရသည့် ထူးဆန်းသော အခြေအနေကို ဖော်ပြနေကြသည်။

ကောင်းကင် ဖျက်ဆီးသူ သင်္ဘောများမှာလည်း ပြန်လည် တည်ဆောက်ဆဲ အခြေအနေတွင် ရပ်တန့် သွားခဲ့သည်။ အချိန် စွမ်းအား စီးဆင်းမှုမှာ ဖန်ယွဲ့၏ ညှိုးခြောက်နေသည့် ခန္ဓာကိုယ် အတွင်းတွင်ပင် ရပ်တန့် သွားခဲ့၏။

ချက်ချင်းပင် အားလုံး၏ မျက်လုံးများက ဦးတည်ရာ တစ်ခုကို ရွေ့လျား သွားကြလေသည်။

"လက်နက်မချရင်... အဲ့ဒီစကားကို ကျုပ် သုံးလိုက်ရင် ကောင်းမလား မသိဘူး"

ထျန်းတိုက်ကျုံး၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ စုနန်ကျူး၏ မျက်လုံးများက တောက်ပလာ၏။ ကျားယန်က မျက်မှောင်ကြုတ်လိုက်သည်။ ကျန့်ယန်ကတော့ ဖန်ယွဲ့ အပေါ်တွင်သာ အာရုံစိုက်နေ၏။ အင်ပါယာ အကြံပေး၏ အမူအရာကတော့ လေးနက်လာခဲ့သည်။

ဝေ့ဝူယင်မှာ မီးဖီးနစ်ကို စီးနင်းရင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လူမရောက်ခင်ကပင် သူ၏ အစံမှာ ငြိမ်သက်သည့် ရေစီးကြောာင်း တစ်ခုလို အရင် ပျံ့လွင့်လာခဲ့၏။

“ထျန်းတိုက်ကျုံး... ခင်ဗျား ကျုပ် ပြောထားတာတွေ ပြီးအောင် လုပ်ပြီးပြီလား...”

***

All Chapters