← Chapters

(ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ အမှန်တရားဖြေရှင်းနည်း)

Vol. 6 Ch. 54

(ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ အမှန်တရားဖြေရှင်းနည်း)

Vol. 6 Ch. 54

“ တကယ်လို့ မင်းကြောက်တယ်ဆိုရင်လည်း အတွင်းခန်းမတပည့်ရာထူးကို လက်လျှော့ပြီး အပြင်ခန်းမမှာ အစေခံတပည့်အဖြစ် ပြန်လုပ်လိုက်။ အဲ့တာကပဲ မင်းနဲ့ထိုက်တန်တဲ့နေရာ။ ပြင်ပခန်းမရဲ့ တပည့်တွေက မင်းကိုနွေးနွေးထွေးထွေး ကြိုဆိုပေးမယ်လို့ ငါအသေအချာပြောရဲတယ်”

ယင်ဟောင်သည် ကျယ်လောင်စွာ ပြောလိုက်ရင်း တစ်ဖက်သူ၏ အလွန်အမင်းစိတ်ပျက်ရှုံးနိမ့်နေဖွယ် မျက်နှာထားကို ကြည့်ရှုဖို့ ပြင်ဆင်လိုက်သည်။ သို့သော်ငြား မထင်ထားစွာပင် ချီယွမ်က တည်ငြိမ်နေပြီး အဖက်မလုပ်စွာ ပြောလာလေရဲ့။

“ လူတွေကို မကောင်းကြံတဲ့နေရာမှာတော့ မင်းက မင်းရဲ့ဝမ်းကွဲညီလေးထက်တော့ နည်းနည်းသာတာပဲ။ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ်အထိခိုက်မခံဘဲ သူများကို ဘယ်လိုဒုက္ခပေးရမလဲတော့သိတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက မင်းလည်းဉာဏ်မကောင်းဘူး။ ငါကပြိုင်ပွဲကြီးကို အံ့ဩစရာပုံရိပ်နဲ့ အနိုင်ရခဲ့ပြီး ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ငါ့ကိုလာကြိုခဲ့ရတာ၊ ငါသာတစ်ခုခုဖြစ်သွားရင် ဂိုဏ်းကသေချာပေါက် စုံးစမ်းလိမ့်မယ်။ အဲံဒီအချိန်ကျရင် မင်းငါ့ကိုပေးထားတဲ့ တာဝန်ရဲ့ခက်ခဲမှုကို သူတို့အလိုအလျောက်သိသွားမှာပဲ။ မင်းမှာ ဆင်ခြေတစ်ခုခုရှာပြီး လွတ်မြောက်နိုင်တယ်ဆိုပေမဲ့ တစ်ခါသံသယ အဝင်ခံရပြီးရင် ကောင်းမွန်တဲ့နေရာကို ရရှိမယ်လို့ထင်လား”

ယင်ဟောင်၏ မျက်နှားထားက ပြောင်းလဲသွားကာ ချက်ချင်းဆိုသလို မည်းမှောင်လာ၏။

“ ချီတ မင်းဘာတွေပြောနေမှန်း ငါမသိဘူး။ ငါကမင်းကို သက်သက်မဲ့ ဒုက္ခပေးနေတယ်လို့ထင်ရင် စစ်ဆေးရေးခန်းမရဲ့ အကြီးအကဲတွေကို သွားပြီးတင်ပြလိုက်”

ယင်ဟောင် အံကြိတ်ကာ ပြောဆိုခဲ့သော်ငြား ချီယွမ်၏စကားလုံးများကြောင့် မသက်မသာခံစားနေရဆဲပင်။ ဤကြံစည်မှုသည် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဒုက္ခပေးနေသော ချီတကို ဖယ်ထုတ်ဖို့ရန် ကြံစည်ခဲ့ခြင်းသာဖြစ်ခဲ့ပြီး အခုလိုမျိုး ဟာကွက်များ ရှိနေလိမ့်မည်လို့ မထင်ထားခဲ့ချေ။ ချီယွမ်ပြောသွားသော ကိစ္စများက အမှန်တရားများဖြစ်ကြမှန်း ယင်ဟောင် ကောင်းမွန်စွာ သိနားလည်ပါသည်။

( ချီယွမ်က လက်ရှိမှာ တော်တော်လေးအရေးပေးခံရတယ်။ သူသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် သေချာပေါက် ထဲထဲဝင်ဝင်စစ်ဆေးကြမှာပဲ။ ပုံမှန်ဆိုရင် ဒီဖူကျိုးမြို့ကို သွားရောက်စစ်ဆေးမယ့်တာဝန်က အခြေခံတည်ထောင်ခြင်းနယ်ပယ်တပည့်ကို ပေးရမှာ။ အခုငါက ချီသန့်စင်ခြင်းအဆင့်ခြောက် တပည့်ကို ပေးလိုက်တယ်။ ငါ့ရဲ့လုပ်ရပ်က စည်းကမ်းကို မဆန့်ကျင်ဘူးဆိုပေမဲ့ မသင့်တော်ဘူး။ ဒါ့အပြင် ငါနဲ့ဝမ်လုချန်နဲ့က ဆွေမျိုးတော်စပ်တယ်။ ချီယွမ်နဲ့ ဝမ်လုချန်အကြောင်းက ပြင်ပခန်းမမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာဆိုတော့ စစ်ဆေးပြီးတာနဲ့ လူတွေရဲ့ သံသယက အလိုအလျောက်ချိတ်ဆက်မိသွားကြမှာပဲ။ )

( ငါ့အဖေအကြီးအကဲ ယင်ချင်းယွမ်ရဲ့ အဆက်အသွယ်တွေ ရှိနေရင်တောင်မှ စစ်ဆေးရေးခန်းမရဲ့ တပည့်အဖြစ် နေရာယူထားနိုင်တဲ့ ငါ့ရဲ့အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်။ ဘယ်လိုပဲဆိုဆို ဒီတာဝန်က ခက်ခဲတယ်)

( ဂိုဏ်းမှာတာဝန်တွေ ခွဲဝေပေးနိုင်လို့ အင်အားရှိတယ်ဆိုပြီး ငါ့ရဲ့နေရာကို လူတွေအများကြီးက မျက်စိကြနေကြတာ။ ငါသာ အမှားလုပ်လိုက်ရင် ငါ့ကိုသေချာပေါက် နေရာပေးထားတော့မှာ မဟုတ်ဘူး။ )

ယင်ဟောင် ချက်ချင်းပဲ နောင်တတစ်ချို့ကို ခံစားလိုက်ရသည်။ သူ၏မျက်လုံးအတွင်းတွင် ချီယွမ်သည် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပါချေ။ ပုရွက်ဆိတ်တစ်ကောင်အတွက်နှင့် အရေးပါလှသော အလုပ်ကို ဆုံးရှုံးလိုက်ပါက ကြီးမားသော ဆုံးရှုံးမှုပေတည်း။

ထွက်ခွာတော့မည့်ပုံရသော ချီယွမ်ကို မြင်လိုက်သဖြင့် ယင်ဟောင် မနေနိုင်စွာမတ်တပ်ရပ်လိုက်ပြီး အေးစက်စွာလှမ်းပြောလိုက်သည်။

“ မင်းဒီလောက် စကားတွေအများကြီး ပြောခဲ့တာက ဒီတာဝန်ကခက်ခဲမှန်း သိလို့ပဲမလား။ တကယ်လို့ မင်းကိုယ်မင်း အသုံးမကျတဲ့အမှိုက်တစ်ကောင်ပါလို့ ဒီနေရာမှာ ဝန်ခံမယ်ဆိုရင် ငါညာတမှုပြပြီးတော့ မင်းရဲ့တာဝန်ကို ပြောင်းလဲပေးမယ်”

ချီယွမ် ခဏရပ်တန့်လိုက်ပြီး ယင်ဟောင်ကို အပြုံးတစ်ဝက်နှင့် လှမ်းကြည့်လိုက်သည်။

“ အတွေးလွန်နေတာလား။ ငါ့အထင်တော့ ဒီတာဝန်က တော်တော်လေးရိုးရှင်းတယ် ပြောင်းဖို့မလိုဘူး”

ပြောပြီးသည်နှင့် ချီယွမ်သည် မဲ့ပြုံးပြုံးပြရင်း ခန်းမအတွင်းမှ လမ်းလျှောက်ထွက်သွားခဲ့သည်။

ယင်ဟောင်တစ်ယောက် ဗလာဖြစ်နေသော လေဟာနယ်ကို အားအင်အပြည့်ဖြင့် လက်သီးထိုးလိုက်ရသည့်နှယ် စိတ်ပျက်ခြင်းကြီးစွာသာ ခံစားလိုက်ရ၏။ ထွက်ခွာသွားသော ချီယွမ်၏နောက်ကျောကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေရင်း ခန္ဓာကိုယ်အတွင်းကနေ လူသတ်အရိပ်အငွေ့များ ပြင်းထန်စွာ ထွက်ပေါ်လာကာ နားနားသို့ နတ်ဆိုးတစ်ကောင် တိုးကပ်ပြောဆိုနေသည့်နှယ် အသံများကို ကြားလာလေရသည်။

“ သတ်လိုက် သတ် သတ် သူ့ကိုသတ် ”

“ ဒီသူတောင်းစားကို မင်းရဲ့လက်နဲ့ သတ်ရမယ်”

ထိုဖြစ်တန်ရာမရှိသော အတွေးများဝင်ရောက်လာသည်နှင့် ယင်ဟောင်တစ်ယောက် တာဝန်ကို ပြောင်းလဲဖို့ တုန့်ဆုတ်သွားခဲ့သည်။

“ ဘယ်လိုနေနေ ဒီတာဝန်ထဲမှာ ချီတသေသွားရင် ငါပတ်သက်မှာပဲ။ ဒီလိုဆိုမှတော့ ငါကြိုသွားပြီးတော့ အဲ့ဒီကောင် ဖူကျိုးမြို့ကို မ‌ရောက်ခင်မှာပဲ သတ်ပစ်မယ်။ အဲ့ဒီအချိန်ကျရင် ငါ့ကိုယ်ငါ လူသတ်ပြီးခိုးယူတဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်အဖြစ် ဟန်ဆောင်လိုက်မယ်ဆိုရင် ဘယ်သူမှ သံသယဝင်မှာ မဟုတ်တော့ဘူး။ ဒီကောင်က ဂိုဏ်းဘက်က ဆုလာဒ်တွေအများကြီးကို ရထားရုံတင်မကဘူး။ လောင်းကြေးအနေနဲ့ ဝိညာဉ်ကျောက်တုံးထောင်ချီပြီး နိုင်ထားသေးတာ။ ဒီကောင့်ထဲမှာ ဝိညာဉ်ကျောက်တုံး အနည်းဆုံး တစ်သောင်းလောက်ရှိရမယ်။ ဒါ့အပြင် မှော်လက်နက်အမျိုးမျိုးလည်း ရှိနေဦးမယ်။ သတ်ပြီးတာနဲ့ အဲ့တာတွေအားလုံးကို ငါယူပစ်မယ်။ ငါ့ရဲ့အလုပ်ကို ဆုံးရှုံးရရင်တောင်မှ ထိုက်တန်ပါတယ်လေ”

ထိုသို့ဖြင့် ယင်ဟောင်၏ နောက်ဆုံးသော စဉ်းစားတွေးခေါ်နိုင်စွမ်းသည် ပြိုလဲပျက်စီးသွားခဲ့သည်။ သူ၏မျက်လုံးအတွင်း၌ ရူးသွပ်မှုနှင့် လောဘများ ဝင်ရောက်လာကာ မကောင်းသောအတွေးများက ပိုမိုသန်မာလာပြီး လူသတ်အရိပ်အငွေ့များ မထိန်းနိုင်အောင် ထွက်ပေါ်လာလေ၏။

စစ်ဆေးရေးခန်းမမှ ထွက်လာပြီးသည်နှင့် ချီယွမ်သည် သူ၏ကိုယ်ပိုင်ခြံဝန်းရှိရာသို့ သွားရောက်ခဲ့သည်။ ကျောက်ထိုင်ခုံတွင် ထိုင်ချလိုက်ကာ လျို့ဝှက်ချက်များ မပေါက်ကြားစေရန် ကန့်သတ်အစီအရင်တစ်ခုကို အရင်ချမှတ်လိုက်သည်။ ထို့နောက်တွင် ကိုယ်ပိုင်စိတ်ဝိညာဉ်နေရာလွတ်အတွင်းမှ ကျောက်စိမ်းရောင် မန္တန်စာရွက်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းမန္တန်စာရွက်၏ မျက်နှာပြင်တွင် ရွှေရောင်ပုံစံကွက်များ ရေးထွင်းထား၏။

ထိုကျောက်စိမ်းမန္တန်စာရွက်သည် ထိပ်သီးအဆင့် ဆက်သွယ်ရေးမန္တန်စာရွက် ဖြစ်သောကြောင့် မိုင်သန်းချီပြီး ဝေးကွာနေလျှင်တောင်မှ လွယ်ကူစွာ ဆက်သွယ်လို့ရသည်။ မန္တန်စာရွက်တစ်ရွက်ချင်းစီသည် အဖိုးဖြတ်လို့မရအောင် ထိုက်တန်ပြီး ထိပ်သီးဂိုဏ်းများ၏ အဆင့်မြင့်ဂိုဏ်းဝင်များသာ အသုံးပြုခွင့်ရှိကြသည်။

ထိုအချိန်တွင် ချီယွမ်သည် လက်ထဲရှိ ကျောက်စိမ်းမန္တန်စာရွက်အတွင်းသို့ ချီစွမ်းအင်အချို့ ပို့လွှတ်လိုက်သည်။ မန္တန်စာရွက်အသက်ဝင်လာသည်နှင့် တစ်ဖက်မှ လေးစားဖွယ်အသံတစ်ခုကို ချက်ချင်းကြားလိုက်ရ၏။

“ တာအိုသားတော်ကို နှုတ်ဆက်ပါတယ်။ ”

ချီယွမ် တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။

“ အိမ်တော်ထိန်းလျန် လုပ်ပေးရမယ့် ကိစ္စနှစ်ခုရှိတယ်။ ကျေးဇူးပြုပြီး မှတ်ထားပေးပါ။ ”

အိမ်တော်ထိန်းလျန်သည် ချီယွမ်နေထိုင်ရာ ကျောက်စိမ်းပန်းပွင့်တောင်ထိပ်၏ အကြီးအကဲအိမ်တော်ထိန်း လျန်ဟွေ့ဖြစ်သည်။ ကျောက်စိမ်းတောင်ထိပ်ကို ဦးစီးရသည့်အတွက် ချီယွမ်ထံမှ ယုံကြည်ချက်ရရှိထားမှန်း သိသာပါ၏။

“ တာအိုသားတော် ကျေးဇူးပြုပြီး ညွှန်ကြားပါ”

တစ်ဖက်၏လေသံသည် လေးစားမှုများ ပြည့်နှက်နေခဲ့သည်။

“ ပထမတစ်ခုက သန့်စင်နယ်မြေရဲ့ တာဝန်ခွဲဝေခြင်းခန်းမကို သွားပြီးတော့ တာဝန်တစ်ခုဖန်တီးရမယ်။ ဒီတာဝန်ကို ရွှေအမြုတေနယ်ပယ်နဲ့ အဲ့ဒီထက် မြင့်တဲ့ကျင့်ကြံသူတွေပဲ ဆောင်ရွက်ခွင့်ရှိမယ်။ ဆုလာဒ်က အရည်အချင်းရမှတ် နှစ်သောင်းပေးမယ်။ ဒါ့အပြင် အဲ့ဒီတာဝန်က ၁၅ရက်အတွင်း လုပ်ဆောင်ရမယ့် တာဝန်တစ်ခုပဲ။ ”

“ အရှေ့နတ်နယ်မြေထဲက ဖူကျိုးမြို့ကိုသွားပြီးတော့ မြို့ထဲက ကျင့်ကြံသူတွေ ပျောက်ဆုံးရတဲ့ အကြောင်းကိုရှာဖွေစစ်ဆေးပါ။ ပြီးတော့ အဲ့ဒီပျောက်သွားတဲ့ ကျင့်ကြံသူတွေအားလုံးကို သေသေရှင်ရှင် အကုန်တွေ့ချင်တယ်။ ”

ထို့နောက်တွင် ချီယွမ်၏လေသံသည် ချက်ချင်းပင် အေးစက်သွားကာ

“ အော် ပြီးတော့ ဖူကျိုးမြို့မှာရှိတဲ့ အင်အားကြီးဝမ်အိမ်တော်ကိုလည်း စုံစမ်းခဲ့။ မသမာမှုတစ်ခုတွေ့တာနဲ့ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ ချွင်းချက်မရှိဘူး။ ”

ဤတာဝန်ထွက်ပေါ်လာသည်နှင့် ဖူကျိုးမြို့ရှိ ဝမ်အိမ်တော်သည် ဘယ်လိုပင် အင်အားကြီးပါစေ၊ ထိုက်ရွမ်းသန့်စင်နယ်မြေ၏ မျှတမှုစီမံချက်ကို မလွဲမသေခံရတော့မည်ပင်။

“ အမိန့်အတိုင်းပါ ”

အိမ်တော်ထိန်းလျန်က တုံ့ဆိုင်းမှုမရှိ သဘောတူလိုက်သည်။

ချီယွမ် ခဏမျှရပ်တန့်သွားပြီးမှ ဆက်ပြောလိုက်သည်။

“ ဒုတိယတစ်ခုက တာဝန်ကိစ္စကို ဆောင်ရွက်ပြီးတာနဲ့ ကျွန်တော်ချန်ထားခဲ့တဲ့ တံဆိပ်ပြားကို ယူပြီးတော့ သတင်းအချက်အလက်ခန်းမကနေ ယင်ရှဂိုဏ်းရဲ့ လက်ရွေးစင်တပည့် ကျိချန်အာအကြောင်း စုံစမ်းခဲ့ပါ။ စုံစမ်းပြီးတာနဲ့ ကျွန်တော့်ကို ချက်ချင်းတင်ပြပေး။ ”

ယင်ရှဂိုဏ်းအကြောင်း ထုတ်ပြောလိုက်သည်နှင့် တစ်ဖက်ရှိ အိမ်တော်ထိန်းလျန်သည် သိသာစွာ ရပ်တန့်သွားကာ အချိန်အကြာကြီး တိတ်ဆိတ်သွားသည်။ ထို့နောက်မှာမှ

“ ကျွန်တော်အမိန့် နာခံပါ့မယ် ”

တစ်ဖက်၏ တုံ့ဆိုင်းနေမှုကြောင့် ချီယွမ်အနည်းငယ် မျက်မှောင်ကြုံ့သွားကာ

“ အိမ်တော်ထိန်းလျန် ဘာပြောချင်သေးလို့လဲ ”

“ ယင်ရှဂိုဏ်းက အလွန်အမင်း အင်အားကြီးပါတယ်။ တာအိုသားတော်က ထိုက်ရွမ်းသန့်စင်နယ်မြေရဲ့ အရေးအကြီးဆုံး တည်ရှိမှုတစ်ခုပါ။ ဒီလိုမျိုး အဖိုးတန်လှတဲ့ တည်ရှိမှုကို ဆုံးရှုံးရဖို့ ဘယ်လိုမှ… ”

ကျောက်စိမ်းမန္တန်တစ်ဖက်ရှိ လျန်‌ဟွေ့၏ စကားလုံးများ ထပ်မံ ထွက်ပေါ်မလာခဲ့သော်ငြား ချီယွမ် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“ အိမ်တော်ထိန်း ဘာတွေစဉ်းစားနေတာလဲ။ ကျွန်တော် မရူးပါဘူး။ ဘာလို့ ယင်ရှဂိုဏ်းမှာ သွားသေရမှာလဲ။ ကျွန်တော်က ယင်ရှဂိုဏ်းရဲ့ သတင်းတစ်ချို့ကိုပဲ ယူချင်ရုံတင်ပါ။ ”

ထို့အချိန်မှသာ လျန်ဟွေ့စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး

“ ကျွန်တော် သိပါပြီ “

“ ဟုတ်ပြီ အခုတော့ ဒီလောက်ပါပဲ။ အိမ်တော်ထိန်း သတင်းရပြီဆိုရင် ကျွန်တော့်ကို တင်ပြဖို့ မမေ့နဲ့ဦး။ ”

ထိုသို့ဖြင့် ချီယွမ် ခေါ်ဆိုမှု အဆုံးသတ်လိုက်ကာ မျက်နှာထက်တွင် အေးစက်သောအပြုံးတစ်ခု ဝင်ရောက်လာခဲ့သည်။

“ မင်းက သေချင်နေမှတော့ ဒီတာအိုသားတော်က ဆန္ဒဖြည့်စည်းပေးရမှာပေါ့”

ယင်ဟောင်သည် ဂိုဏ်း၏တာဝန်ကို အသုံးပြုကာ သူ့ကို သတ်ဖို့ ဆောင်ရွက်ခဲ့သည့်အတွက် ချီယွမ် သေချာပေါက် လွှတ်ပေးမည်မဟုတ်ချေ။ ယင်ဟောင်သည် ဘယ်လိုမှ သူ့အားထိခိုက်အောင် မလုပ်နိုင်သော်ငြား ထိုအကွက်ဆင်မှုများက အလွန်အမင်း စိတ်ပျက်ဖွယ်ကောင်းလှ၏။ ထို့ကြောင့် ချီယွမ် အတတ်နိုင်ဆုံး ဖြေရှင်းချင်ခဲ့သည်။

စစ်ဆေးရေးခန်းမတွင် ချီယွမ်သည် နတ်ဘုရားသန့်စင်ခြင်းသိုင်းကို အသုံးပြုပြီး ယင်ဟောင်၏ ဝိညာဉ်ပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့သည်။ ထိုအမှတ်အသားကြောင့် ယင်ဟောင် မကြာခင်မှာပဲ တစ်ကြိုးလွတ်သလို ရူးသွားမည်ဖြစ်ကာ ကိုယ်အတွင်းမှ သတ်ဖြတ်လိုစိတ်များကို ထိန်းချုပ်ရခက်လာလိမ့်မည်။

ထိုအဖြစ်အပျက်ကို တွေးလိုက်ရင်း ချီယွမ်တစ်ယောက် စိတ်သက်သာစွာဖြင့် ထိုင်ခုံမှထကာ ခြံဝင်းရှေ့တွင် လမ်းအနည်းငယ်လျှောက်လိုက်သည်။

ယင်ဟောင် အလွန်အမင်း သတ်ချင်စိတ်ပြင်းပြီး ရူးသွားမည်ဆိုလျှင်တောင်မှ ဂိုဏ်းအတွင်းမှာ မစဉ်းစားဘဲ ပြုမူရဲမည်မဟုတ်ချေ။ ထိုကြောင့် ကောင်းမွန်သောနေရာတစ်ခုကို မျှားခေါ်သွားပေးဖို့ ချီယွမ် ဆုံးဖြတ်ထားသည်ပင်။

All Chapters