( တစ်လောကလုံးမှာ ချီတကို အချစ်ဆုံးပဲ)
Vol. 6 Ch. 56
သက်သေအားလုံး ဖျက်သိမ်းကာ အလောင်းကို ကျွမ်းကျင်စွာ နေရာချပြီးသည်နှင့် ချီယွမ်သည် ဘာမှ မဖြစ်ခဲ့သည့်အတိုင်း တည်ငြိမ်စွာဖြင့် တိမ်ကြွေသစ်တောအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
လက်ရှိတွင် ဖူကျိုးမြို့ရှိ တာဝန်ကို ထိုက်ရွှမ်း သန့်စင်နယ်မြေမှ လုပ်ဆောင်ပေးမည်ဖြစ်၍ စိတ်ပူဖို့ မလိုအပ်တော့ချေ။ ထိုက်ရွှမ်း သန့်စင်နယ်မြေမှ လက်ရွေးစင်တပည့်များသာ တာဝန်အား လက်ခံရန် အရည်အချင်း ပြည့်မီသည့်အတွက် သူတို့၏ လုပ်နိုင်စွမ်းနှင့်ဆိုလျှင် မကြာမီမှာဘဲ ဖူကျိုးမြို့တစ်ခုလုံး မြေလှန်ရှာဖွေခံရမည်ဖြစ်ကာ ဘယ်လို မကောင်းသောသူ တစ်ယောက်မှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ချီယွမ်အတွက် လက်ရှိတွင် အရေးအကြီးဆုံးအချိန်သည် စနစ်မှ ပေးအပ်ထားသော အရံတာဝန်ကို ဆောင်ရွက်ပြီး ကောင်းကင်တာအို အမျှင်ပါသော ချီစွမ်းအင်ကို ရယူကာ တိတ်ဆိတ်သော နေရာတစ်ခုတွင် ဝိညာဉ်သန္ဓေကို ဖန်တီးဖို့ရန်ပင်။
ချီယွမ်သည် တိမ်ကြွေဂိုဏ်းအတွင်း၌ ပတ်သက်နေသော နတ်ဆိုးဂိုဏ်း၏ လူယုံများကို အတိအကျ မသိရသေးသည့်အတွက် အစပိုင်းတွင် မလှုပ်ရှားခဲ့ချေ။ အခုတော့ ချီယွမ်၏ စိတ်ပူမှုများ သိသိသာသာ လျော့ကျသွားခဲ့သည်။
ချီယွမ်တစ်ယောက် သူ၏ ခြံဝင်းအတွင်းသို့ ပြန်ရောက်သည်နှင့် ဆက်သွယ်ရေးမန္တန် စာရွက်သည် တုန်လှုပ်လာကာ အလင်းတစ်ချက် ထုတ်ပေးလာသည်။
“အလင်းရောင်တွေလား”
ချီယွမ် အစက အံ့ဩသွားခဲ့သော်ငြား လျင်မြန်စွာ အဆောင်စာရွက်ကို ထုတ်ကြည့်လိုက်သည်။ အစွမ်း အသက်သွင်းပေးလိုက်သည်နှင့် တစ်ဖက်မှ လေးစားသော အသံတစ်ခု ထွက်ပေါ်လာ၏။
"တာအိုသားတော်ကို တင်ပြပါတယ်။ တာအိုသားတော် ညွှန်ကြားထားတဲ့အတိုင်း ကျွန်တော် ဂိုဏ်းထဲမှာ တာဝန် ဆောင်ရွက်ပြီးပါပြီ။ တာအိုသားတော် ပေးအပ်တဲ့ ဆုလာဘ်က အရမ်းမြင့်တော့ ရွှေအမြုတေနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်နေတဲ့ တပည့်နှစ်ယောက်က ချက်ချင်းပဲ လက်ခံလိုက်တယ်။ သူတို့တွေ အခုဆိုရင် ဖူကျိုးမြို့ကို ထွက်သွားကြပြီ။ မကြာခင်မှာဘဲ သတင်းကြားရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ကျွန်တော် သတင်းအချက်အလက် ခန်းမကနေ ယင်ရှဂိုဏ်းရဲ့ လက်ရွေးစင်တပည့် ကျိချန်အာ အကြောင်းကိုလည်း စုံစမ်းပြီးပြီ။ အခု ဖတ်ပြရတော့မလား"
"ဖတ်ပြ"
ချီယွမ် တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။
လျန်ဟွေ့ လည်ချောင်းတစ်ချက် ရှင်းကာဖြင့် တည်ငြိမ်စွာ စတင်ဖတ်ပြသည်။
"ကျိချန်အာ အမျိုးသမီး၊ ၂၈နှစ်၊ အရမ်းကို လှပတဲ့ ရုပ်ရည် ရှိတယ်။ အရပ်က ၅ပေ၂လက်မ။ ကျားနှစ်မှာ မွေးဖွားခဲ့ပြီး အလေးချိန်က..."
နားထောင်နေရင်းဖြင့် ချီယွမ်၏ နှုတ်ခမ်းများသည် အနည်းငယ် တွန့်လိမ်လာကာ မနေနိုင်စွာ ဖြတ်ပြောလိုက်တော့သည်။
"အသေးစိတ် ဖတ်နေတာ တော်လိုက်တော့။ လိုရင်းကိုသာ ပြော"
"အာ ဟုတ်ကဲ့ ဟုတ်ကဲ့"
တစ်ဖက်မှ သိသာစွာ ရပ်တန့်သွားပြီးမှ ချောင်းတစ်ချက် ဟန့်လိုက်ကာ ထပ်မံပြောဆိုလာခဲ့သည်။
"ကျိချန်အာက ယင်ရှဂိုဏ်းမှာ အဆင့်မြင့် အကြီးအကဲတစ်ယောက်ဖြစ်ပြီး စုစည်းခြင်းနယ်ပယ်ရှိတဲ့ နတ်ဆိုးအို ကျိနင်ကျန်းရဲ့ ကိုယ်ပိုင်တပည့်ဖြစ်တယ်။ သူမကလည်း ကျိမိသားစုဝင် တစ်ယောက်ပဲ။ ကျိမိသားစုက ယင်ရှဂိုဏ်းမှာ မိသားစုကြီး ၃ခုထဲက ၁ခုအဖြစ် ရပ်တည်နိုင်တယ်။ ဒါကြောင့် သူမက ယင်ရှဂိုဏ်းရဲ့ တိုက်ရိုက်ဆက်ခံသူအနေနဲ့ ဂိုဏ်းရဲ့ လျှို့ဝှက်သိုင်းကျမ်းဖြစ်တဲ့ ပုံရိပ်တစ်ထောင် ယင်သိုင်းပညာကို သင်ယူခွင့်ရခဲ့တယ်"
"ထူးချွန်တဲ့ အရည်အချင်းကြောင့် အသက်ငယ်ငယ်နဲ့ ကောင်းမွန်တဲ့ ကျင့်ကြံမှုကို ရရှိခဲ့တဲ့အတွက် အိမ်တော်ထဲမှာလည်း အလေးပေးခြင်းခံရတယ်။ ဒီလိုနဲ့ပဲ သူမက လျင်မြန်စွာ ဂိုဏ်းရဲ့ လက်ရွေးစင် တပည့်တစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါ့အပြင် အရမ်းကို လှပတဲ့ ရုပ်ရည်ကြောင့် ယင်ရှဂိုဏ်းရဲ့ တပည့်တွေကြားထဲမှာ တော်တော်လေး ကျော်ကြားပြီး ဂိုဏ်းရဲ့ အလှနတ်သမီး ၄ပါးထဲက ၁ပါးအဖြစ် တင်စားပြောဆိုကြတယ်"
"လက်ရှိမှာ ကျိချန်အာက ယင်ရှဂိုဏ်းရဲ့ သူတော်စင်မ ရာထူးအတွက် ပြိုင်ဘက်တစ်ချို့နဲ့ ယှဥ်ပြိုင်နေတာပဲ။ ဒါပေမဲ့ သူမကို ဦးတည်ရာ၅မျိုး နတ်ဆိုးနယ်မြေမှာ မတွေ့ရတာ တော်တော်ကြာပြီ။ ဒါကြောင့် ယင်ရှဂိုဏ်းက ဂိုဏ်းသားတော်တော်များများက သူမနဲ့ပတ်သက်ပြီး ဘယ်နေရာ ရောက်နေလဲဆိုတာ စုံစမ်းနေကြတယ်"
ချီယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ အတွေးနက်သွား၏။
(ကျိချန်အာက ယင်ရှဂိုဏ်းရဲ့ ကျိမိသားစုဝင် တစ်ယောက်ပဲ)
တခြားသော ဂိုဏ်းများနှင့် မတူညီစွာ ယင်ရှဂိုဏ်းသည် ကျိ၊ ရှန်၊ စစ်ထူ မိသားစု ၃ခုက ထိန်းချုပ်ထား၏။
ယင်ရှဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်တိုင်းကို ထိုမိသားစု ၃ခုမှ ရွေးချယ်တင်မြောက်သည်။ မိသားစု၃ခု၏ ဘိုးဘေးများသည် မဟာယာန နယ်ပယ်ရှိသော နတ်ဆိုးကျင့်ကြံသူများ ဖြစ်ကြကာ နတ်ဆိုးအရှင် ၃ပါးအဖြစ် တင်စားခေါ်ဝေါ်ကြသည်။
ကျိချန်အာသည် ကျိမိသားစု၏ အရည်အချင်းရှိသော အငယ်တန်း ကျင့်ကြံသူများကြားထဲမှ တစ်ဦးဖြစ်ဟန်ပင်။ သူမ၏ အနေအထားက သာမန်အရေးပေးခြင်း ခံရရုံလောက်သာ ရှိနိုင်သည်။ ထိုသို့မဟုတ်လျှင် ပုံရိပ်ယောင် ကြယ်မြက်ပင်ကို ရဖို့အတွက်နှင့် တိမ်ကြွေဂိုဏ်းအတွင်းမှာ သုံးနှစ်မျှ အချိန်ကုန်ခံလိမ့်မည် မဟုတ်ချေ။
"အိမ်တော်ထိန်းလျန်၊ အလုပ်ဆက်လုပ်လို့ ရပါပြီ။ တာဝန်ပြီးသွားတဲ့ အချိန်ကျရင်တော့ ကျွန်တော့်ကို သတိပေးပေးဦး"
လျန်ဟွေ့ကို ညွှန်ကြားစရာများ ညွှန်ကြားပြီးသည်နှင့် ချီယွမ်သည် ကျောက်စိမ်း မန္တန်စာရွက်ကို အသက်သွင်းတာ ရပ်တန့်လိုက်သည်။
…..
တစ်ဖက်တွင် ပိုင်ရှီရို့တစ်ယောက် လေးလံစွာ မျက်လုံးဖွင့်လာခဲ့ပြီး သူမကိုယ်သူမ ဝါးလုံးအိပ်ရာတစ်ခုထက်တွင် လဲလျောင်းနေမှန်း တွေ့ရှိခဲ့သည်။ သူမ၏ ဘေးတွင် ပုံရိပ်တစ်ခု ထိုင်နေကာ သေချာမမြင်ရချေ။
"ဟမ်... ငါ ဘယ်ရောက်နေတာလဲ"
အကြာကြီး အိပ်စက်ခဲ့ရသလိုမျိုး ခံစားချက်တစ်ခုနှင့် ပိုင်ရှီရို့ ဝေဝါးစွာ ခေါင်းဖွဖွ ကုတ်လိုက်သည်။ ဤနေရာကို ဘယ်လိုရောက်လာခဲ့ပြီး ဘာတွေဖြစ်ခဲ့မှန်း လုံးဝ စဥ်းစားလို့မရစွာပင် ဦးခေါင်းတစ်ခုလုံး ရှုပ်ထွေးနေလေ၏။
"ဂိုဏ်းတူအမ၊ နိုးပြီလား"
ပိုင်ရှီရို့ နိုးလာသည်နှင့် ကျိချန်အာ အနည်းငယ် ပြုံးပြလာကာ လှည့်ကြည့်လာခဲ့သည်။ သူမ၏ ခရမ်းဖျော့ရောင် မျက်ဝန်းအတွင်းတွင် ထူးဆန်းသော ခံစားချက်တစ်ချို့ ဝင်ရောက်နေလေ၏။
“ဒီဆေးဥယျာဉ်ထဲက ညို့ယူခြင်း ပန်းပွင့်ရဲ့ ဝတ်မှုန်တစ်ချို့ကို အစ်မ မတော်တဆ ရှူမိသွားပြီး မေ့လဲသွားတာဖြစ်မယ်။ ကံကောင်းလို့ ညီမလေး အချိန်မီ ရှာတွေ့လို့ အစ်မကို ခေါ်လာခဲ့ရတာ"
"ညို့ယူခြင်း ပန်းပွင့် ဟုတ်လား"
ပိုင်ရှီရို့ ဦးနှောက်တစ်ခုလုံးကို အလုပ်ပေးကာ အသည်းအသန် စဥ်းစားလိုက်သော်ငြား ဘာကိုမှ စဥ်းစားလို့ မရခဲ့ချေ။
"ဒါပေမဲ့ ညို့ယူခြင်းပန်းပွင့် တစ်ခုနဲ့မှ တွေ့ခဲ့တယ်လို့ အမ မှတ်မိမနေဘူးနော်"
ကျိချန်အာသည် အပြုံးတစ်ဝက်နှင့် လှည့်ကြည့်လာကာ နူးနူးညံ့ညံ့ ပြောလိုက်၏။
"မှတ်ထားပါ။ အမက ညို့ယူခြင်းပန်းပွင့်ရဲ့ ဝတ်မှုန်ကို ရှူမိပြီး မေ့လဲသွားခဲ့တယ်။ ညီမလေးက အမကို ကယ်တင်ခဲ့တာ"
တစ်ဖက်သူ၏ ဝိညာဉ်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည့်အတွက် ကျိချန်အာ၏ မျက်နှာထားသည် တည်ငြိမ်သွားကာ ခရမ်းဖျော့ရောင် မျက်ဝန်းနှစ်စုံက နက်ရှိုင်းသွား၏။
"အခုကစပြီး ချီတက အမရဲ့ တစ်ဦးတည်းသော အချစ်ပဲ။ ချီတရဲ့ မိန်းမဖြစ်လာတဲ့အထိ အမဘက်က အတတ်နိုင်ဆုံး ပေးဆပ်ရမယ်။ အဲဒီအချိန်ကျမှ ပုံရိပ်ယောင်ထဲက လွတ်မြောက်နိုင်ပြီး ပုံမှန်ပြန်ဖြစ်လိမ့်မယ်"
"ဟုတ်ပြီ.. ညီမလေးပြောတာ မှန်တယ်"
ထိုအချိန်တွင် ပိုင်ရှီရို့၏ မျက်ဝန်းအတွင်း၌လည်း ခရမ်းရောင်တစ်ချက် လက်သွားကာ ကျောက်စိမ်းလို ဖြူဖွေးနုနယ်သော မျက်နှာပြင်ထက်တွင် ပန်းရောင်သန်းလာလေရဲ့။
"ချီတက ငါအချစ်ဆုံး အမျိုးသားပဲ။ ငါ သူ့ရဲ့ မိန်းကလေး ဖြစ်လာချင်တယ်"
ထိုအချိန်တွင် တိမ်ကြွေသစ်တောအတွင်း၌ ခန့်ညားသော ကျောက်စိမ်းတံလျှပ် တစ်ခုသည် တိမ်စိုင်ကို ထိုးခွင်းကာ ရောက်ရှိလာပြီး တိမ်ကြွေသစ်တော၏ လေတစ်ဝက်တွင် ရပ်တန့်လိုက်သည်။
တိမ်ကြွေသစ်တောကို စောင့်ကြပ်ပေးရသော တပည့်များအားလုံး ချက်ချင်းပင် နိုးကြားသွားကြကာ အလျင်အမြန် ရှေ့တိုးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဘယ်သူလဲ။ ငါတို့ တိမ်ကြွေသစ်တောရဲ့ ပိုင်နက်ကို ဘာကြောင့် ချဥ်းကပ်ရတာလဲ"
တပည့်များ၏ စကားသံ မပြီးဆုံးခင်မှာဘဲ တစ်ဖက်မှ အေးစက်သော မဲ့ရွဲ့သံတစ်ခုကို ကြားလိုက်ရ၏။
ထို့နောက်တွင် မိုးခြိမ်းသံအကျယ်ကြီး ထွက်ပေါ်လာရာ ပြင်းထန်သော ရိုက်ချက်တစ်ခုနှင့် တိုက်ခိုက်ခံလိုက်ရသည့်နှယ် အစောင့်များအားလုံး တစ်ပြိုင်နက်ထဲ မြေပြင်ပေါ် လဲကျသွားကြပြီး နားနှစ်ဖက်ကို နာကျင်စွာ ပိတ်ဆို့လိုက်ရသည်။
"ဟူး အဲဒီလူက ဘယ်သူလဲ။ အသံတစ်ချက်နဲ့တင် ငါတို့ကို သတ်လို့ရနေတယ်….”
တပည့်များအားလုံး အသည်းအသန် ကြောက်ရွံ့သွားကြကာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ကြသည်။
ထို့အချိန်မှာပဲ ပျံနေသော လှေသင်္ဘောသည် ပိတ်ကျဲစ လိုက်ကာများကို ဖြည်းညင်းစွာ လှိမ့်တင်လိုက်ပြီး ဝဲခါနေသော ဂါဝန်ရှည်များ ဝတ်ဆင်ထားပြီး လှပကာ ဆွဲဆောင်မှုရှိသော အစေခံမလေး ၈ယောက်ကို ခြံရံရင်း ပိုက်ဆံရှိ အဝတ်အစားနှင့် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားသော ငယ်ရွယ်သည့် အမျိုးသားတစ်ယောက် ထွက်လာခဲ့သည်။ ထိုသူသည် အလွန်အမင်း ခန့်ညားသော်ငြား မျက်လုံးထဲတွင်တော့ ဖုံးမရနိုင်သော ကောက်ကျစ်မှုတစ်ချို့ ရှိနေသည်။ လွတ်လပ်ပြီး လုပ်ချင်ရာလုပ်တတ်သော ဟန်ပန်ကြောင့် သေချာပေါက် ရာထူးကြီးသူ တစ်ယောက်ဖြစ်နိုင်ပါ၏။
ထိုသူသည် အစောင့်များကို တစ်ချက်လှမ်းကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင် ဘယ်မှာလဲ။ ငါ့ကို အခုထွက်တွေ့ဖို့ သွားပြောလိုက်။ မဟုတ်ဘူးဆိုရင် ဒီအသုံးမကျတဲ့ နေရာတစ်ခုကို ဖျက်ဆီးပစ်လို့ ပြီးမှ အဆိုးလာမဆိုနဲ့"
"ငါ့ရဲ့ တိမ်ကြွေဂိုဏ်းကို ဖျက်ဆီးမယ် ဟုတ်လား။ အဲ့လောက် မောက်မာနေရအောင် မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ"
တပည့်တွေအားလုံး မတုံ့ပြန်နိုင်ခင်မှာဘဲ သစ်တောအတွင်းမှ ဒေါသတကြီး အော်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
ချက်ချင်းဆိုသလို အလင်းတန်းတစ်ခု ပျံသန်းလာခဲ့ပြီး လေပေါ်တွင် ရပ်တန့်သွားကာ အစိမ်းရောင်ဝတ်စုံနှင့် လူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုသူကတော့ ပြင်ပဂိုဏ်း၏ အကြီးအကဲ မိုကျန်းယန်ပင်။
ထိုလူငယ်ကို မြင်သည်နှင့် မိုကျန်းယန်၏ မျက်နှာထားသည် ရုတ်ချည်း ပြောင်းလဲသွား၏။ ထိုလူငယ်၏ ကျင့်ကြံဆင့်ကို သူဘယ်လိုမှ မှန်းဆလို့ မရနိုင်ခဲ့ချေ။
(ဝိညာဉ်အခြေတည် နယ်ပယ် ကျင့်ကြံသူ တစ်ယောက်လား)
မိုကျန်းယန်တစ်ယောက် သံသယများနှင့် ဝေခွဲရခက်နေချိန်မှာပဲ ထိုလူငယ်၏ နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွားကာ ဂရုမစိုက်စွာဖြင့် ပြောလာခဲ့သည်။
"ငါက ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော်ပဲ။ အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာပဲ မင်းတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကို လေးစားမှုပြပြီး ငါ့ကို လာနှုတ်ဆက်ဖို့ ငါ အမိန့်ပေးတယ်"
"ဒီက လူငယ်လေးက တစ်ကယ်ပဲ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော်လား”
မိုကျန်းယန် ချက်ချင်းပင် ကြောက်ရွံ့သွားကာ ထိုသူကို အရိုအသေ ပေးလိုက်တော့သည်။
"ဒီလူအိုကြီးက ကန်းသွားလို့ပါ။ အနှောင့်အယှက်ပေးမိရင် ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါဦး"
"ခဏလောက် စောင့်ဆိုင်းပေးပါနော် တာအိုသားတော်။ ကျွန်တော် အခုပဲ ဂိုဏ်းခေါင်းဆောင်ကို သွားခေါ်ခဲ့ပြီး အတူတကွ လာရောက်ကြိုဆိုပါ့မယ်"
ထိုသို့ဖြင့် မိုကျန်းယန်သည် လွတ်မြောက်အစွမ်းကို အသုံးပြုကာ သတင်းတင်ပြရန်အတွက် ဂိုဏ်း၏ ပင်မခန်းမသို့ ထွက်သွားလေရဲ့။