(ဒီလက်ထပ်ပွဲကို သဘောမတူနိုင်ဘူးကွ)
Vol. 6 Ch. 58
လက်မောင်းနားရှိ နူးညံ့သောအထိအတွေ့ကြောင့် အတင်းခုန်နေသော နှလုံးသားကို ချီယွမ် အတင်းအကျပ် ထိန်းချုပ်လိုက်သည်။
ပုံမှန်အားဖြင့် အေးဆေးနေတတ်သော ဤဂိုဏ်းတူအမထံမှ အခုလို ပြုမူလိမ့်မည်ဟု ချီယွမ် မထင်ထားခဲ့ချေ။
နှလုံးသားကို ထိန်းချုပ်ရင်း လက်ပြန်ရုတ်နိုင်ဖို့ ချီယွမ်ကြိုးစားလိုက်ပါသေးသည်။ သို့သော် မထင်ထားစွာပင် သူမ၏ချိတ်တွဲမှုက ပိုမိုအားပြင်းသွားလေရဲ့။
“ဂိုဏ်းတူအမ ဘာလုပ်နေတာလဲ”
“ မောင်လေးကို လွမ်းလို့လာတွေ့တာလေ”
ချီယွမ်ကို ကြည့်နေသော ပိုင်ရှီရို့၏ မျက်ဝန်းသည် နူးညံ့ညင်သာနေကာ ရေစက်များကိန်းခိုနေသည့်နှယ် ရှင်းလင်းနေ၏။
အိုခေ ဝက်သယ်ဖတ် ဆမ်းသီးတော့ ဝေါင်းနေပြီ
ထိုသို့ဖြင့် လေထုတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ အလွန်အမင်း ထိတ်လန့်နေသော မျက်နှာထားများဖြင့် ကျောက်ရုပ်သဖွယ် မှင်သက်စွာ ရပ်နေလေ၏။
(အတည်ပြုနိုင်ပြီ..)
(ငါတို့တိမ်ကြွေဂိုဏ်းရဲ့ နံပါတ်တစ်အလှနတ်ဘုရားမကို ရောက်တာနှစ်လ မကြာသေးတဲ့ ငစနူတစ်ကောင်က ဆွဲဆောင်လိုက်ပြီ)
မှင်သက်စရာ အလှတရားနှင့် အလင်းဖြာထွက်နေသော ပိုင်ရှီရို့ကို ကြည့်လိုက်ရင်း နျိုစွေ့လန် ခဗျာ နိမ့်ကျသော ခံစားချက်ကို အလိုအလျောက် ရရှိလိုက်သည်။
သူမ၏ ရုပ်ရည်ကို ယုံကြည်ချက်ရှိပါသော်ငြား သူမထံတွင်လည်း ကန့်သတ်ချက်ရှိသည်ပင်။ ဂိုဏ်းတူအမ၏ သိမ်မွေ့သော အလှတရားနှင့် နှိုင်းယှဥ်ရလျှင် သူမသည် များစွာ နိမ့်ကျပြီး နှိုင်းယှဥ်ဖို့တောင် မထိုက်တန်ပါချေ။
“ ဂိုဏ်းတူအကိုချီ၊ ဂိုဏ်းတူအမ”
နျိုစွေ့လန် တွေးတောပြီးသည်နှင့် အတင်းအကျပ် ပြုံးလိုက်လေကာ
“ အမတို့စကားပြောကြပါ။ ညီမလေး သွားပြီ”
နျိုစွေ့လန် တစ်ယောက် တုံ့ပြန်သံကိုပင် မစောင့်တောဘဲ တွန့်ဆုတ်နေသော ခြေလှမ်းများဖြင့် ထွက်သွားလေတော့သည်။
ပိုင်ရှီရို့က နျိုစွေ့လန်၏ စကားများကို မကြားရသည့်နှယ် ချီယွမ်ကိုသာ အပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။
“ဂိုဏ်းတူမောင်လေးချီိ ဘယ်လိုလုပ် စာကြည့်တိုက်ကို ရောက်လာတာလဲဟင်”
“အမ်..ကျွန်တော်က သိုင်းတစ်ချို့ လာရွေးတာပါ”
မွှေးပျံ့နေသည့် ခပ်အိအိ ခန္ဓာကိုယ်၏ အထိအတွေ့ကြောင့် ချီယွမ်၏ အတွေးတစ်ခုလုံး ကပြောင်းကပြန် ဖြစ်နေလေတော့သည်။ လူကြားထဲမှာ တစ်ဖက်သူ၏ ဤနီးကပ်လှသော အပြုအမူကို နားမလည်နိုင်တော့ပေမဲ့ ရိုးသားစွာ ပြန်ဖြေပေးလိုက်ပါသည်။
“ဂိုဏ်းတူမောင်လေးက တစ်ကယ်ကို ရည်မှန်းချက်ကြီးတာပဲ။ ဒီလိုဆိုမှတော့ အမ မနှောက်ယှက်တော့ပါဘူး”
ပိုင်ရှီရို့သည် အပြုံးများဖြာထွက်နေသော မျက်နှာလေးနှင့် ခေါင်းညိတ်ပြလိုက်ကာ
“ ဒါနဲ့ အိမ်စောစောပြန်ခဲ့နော်။ အမစောင့်နေမယ်”
ထိုသို့ဖြင့် ချီယွမ်၏လက်မောင်းကို တွန့်ဆုတ်စွာ ဖယ်ခွာရင်း ကျက်သရေရှိစွာ ယိမ်းနွဲ့ပြီး ထွက်သွားလေတော့၏။
(ဝိုး)
သူမ၏လှပသော ပုံရိပ်လေး ထွက်သွားချိန်မှသာ ပတ်ဝန်းကျင်မှ အံ့သြတကြီးအသံများ အတွဲလိုက် ထွက်လာတော့သည်။
“ငါအိပ်မက် မက်နေတာလား။ ကျေးဇူးပြုပြီး တစ်ယောက်ယောက် လာနှိုးပေးကြပါအုံး…”
“ဘုရားရေ..ဂိုဏ်းတူအကိုချီနဲ့ ဂိုဏ်းတူအမပိုင်က လက်ထပ်လိုက်တာတော့ မဟုတ်ဘူးမလား”
“မရဘူး ငါအဲ့ဒီလက်ထပ်ပွဲကို သဘောမတူနိုင်ဘူး”
“ဂိုဏ်းတူအကိုချီ..မဟုတ်ဘူး သခင်ကြီးချီ ကျေးဇူးပြုပြီး စော်လိုက်နည်းလျို့ဝှက်ချက်လေး သင်ပေးပါ့လားဟင်။ ကျွန်တော်တို့ကို မျှဝေပါအုံး”
“ဂိုဏ်းတူညီလေးချီ အကိုတို့ သွေးသောက်ညီကို ဖွဲ့ကြမလားဟင်”
ချက်ချင်းပင် မနာလိုမှုများပြည့်နေသော မျက်ဝန်းများက ချီယွမ်ဆီကို အဆတ်မပြတ် ရောက်ရှိလာသည်။ အမျိုးအသားကျင့်ကြံသူများအားလုံး ချီယွမ်၏နေရာတွင် အစားဝင်နိုင်ဖို့ မျှော်လင့်လိုက်ကြသည်။
မူမမှန်သော အခြေအနေကြောင့် ချီယွမ် လူမြင်ကွင်းမှ လျှင်မြန်စွာထွက်သွားလိုက်ပြီး အဆောက်အဦးအတွင်း ဝင်ရောက် ပျောက်ကွယ်သွားလိုက်သည်။
ထိုအချိန်တွင် တိမ်ကြွေဂိုဏ်း၏ ပင်မခန်းမ၌…
ကျယ်ပြန့်သော ခန်းမအတွင်းတွင် ပွဲတော်တစ်ခု ရှိနေလေရာ၊ ထူးခြားကောင်းမွန်သော အစားအသောက်များကို တပည့်အသီးသီးက သယ်ပေးနေကြသည်။
အဓိကဇာတ်လိုက်ဖြစ်သော ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော် ဖန်ကဲစွေ့သည် ပင်မခုန်တွင် မိန့်မိန့်ကြီးဝင်ထိုင်ရင်း ကောင်းမွန်သော ဧည့်ခံမှုကို အပြုံးကြီးနှင့် အပြည့်အဝ ခံစားနေသည်။
ဘေးမှာ ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူ ကိုယ်တိုင် အဖော်ပြုပေးနေပြီး စိတ်ဝိညာဥ်အရက်ကို မိတ်ဆတ်ပေးနေသည်။
“တာအိုသားတော်၊ ဒီအမတအရက်လို့အမည်ပေးထားတဲ့ ပုလင်းက တိမ်ကြွေဂိုဏ်းရဲ့ ထူးခြားတဲ့ သင်္ကေတ တစ်ခုလို့ပြောလို့ရတယ်။ မျိုးစုံတဲ့ စိတ်ဝိညာဥ်သစ်သီးတွေနဲ့ ဖန်တီးထားတာမို့ ချိုချဥ်လေးနဲ့ လန်းဆန်းစေတဲ့ အရသာရှိ…”
ပိုင်ချင်းဝူ ပြောလို့မပြီးခင်မှာဘဲ ဖန်ကဲစွေ့က ဝင်ပြောလိုက်သည်။
“ဒီလိုဝေးလံခေါင်ခိုက်တဲ့နေရာမှာ ဘယ်လို ပစ္စည်းကောင်းတွေ ရှိနိုင်မှာမလို့လဲ။ မကောင်းတာတွေ ပေးပြီး ကိုယ့်ကိုယ်ကို အရှက်ခွဲမနေပါနဲ့ ဂိုဏ်းခေါင်းဆောင်ပိုင်။ အထင်ကြီးစရာကောင်းတာမျိုးလေး ပြလို့ မရဘူးလား”
ခန်းမတစ်ခုလုံးရှိ လေထုသည် ပျက်ယွင်းသွားလေ၏။ ခန်းမအတွင်းရှိ အဆင့်မြင့်အကြီးအကဲများစွာသည် ဒေါသထွက်သွားကြသော်ငြား၊ တစ်ဖက်သူ၏ မြင့်မားသော နောက်ခံကြောင့် ဒေါသများကိုသာ အတင်းအကျပ် မြိုသိပ်လိုက်တော့သည်။
ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ကို ရန်စမိပါက လက်ဖျောက်တစ်ချက်တည်းနှင့် ဂိုဏ်းတစ်ခုလုံးရှင်းလင်းခံလိုက်ရလိမ့်မည်ပင်။
ပိုင်ချင်းဝူတစ်ယောက် ရွံရှာမှုများနှင့် ဒေါသကိုဖြေလျော့ရန် အသက်တစ်ချက် ရှုသွင်းလိုက်ပြီးမှ တည်ငြိမ်စွာ ပြောလိုက်သည်။
“ မှန်ပါတယ်။ ကျွန်တော်တို့တိမ်ကြွေဂိုဏ်းက သာမာန်သေးငယ်တဲ့ မထင်မရှားဂိုဏ်းတစ်ခုပါ။ တာအိုသားတော်ရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန်ပါဘူး”
ထို့နောက်တွင် ပိုင်ချင်းဝူက ဘေးရှိရတနာခြံဝင်း၏ အကြီးအကဲကို အချက်ပြလိုက်သည်။
ချက်ချင်းသဘောပေါက်လိုက်သော အကြီးအကဲက အထူးအလှဆင်ထားသော သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ဖန်ကဲစွေ့ကို ပေးလိုက်လေ၏။
“ ဒါက ကျွန်တော်တို့ဂိုဏ်းဘက်က လက်ဆောင်သေးသေးလေးပါ။ တာအိုသားတော် စိတ်မရှိဖို့ မျှော်လင့်ပါတယ်”
ဖန်ကဲစွေ့က လှမ်းယူကာ သိုလှောင်လက်စွပ်ကို အသေးစိတ်စစ်ဆေးပြီးလျှင်ပြီးချင်း မျက်နှာပျက်သွားပြီး လက်စွပ်ကို မြေပြင်ပေါ် လွှင့်ပစ်လိုက်လေရဲ့။ ထို့နောက်တွင် အေးစက်စွာဖြင့်..
“ ဒါကိုတန်ဖိုးရှိတယ်ထင်နေလား။ တာအိုသားတော်ကို သူတောင်းစား.ထင်နေလားကွ”
(ဒီထဲမှာ အဆင့်မြင့် ဝိညာဥ်ကျောက်တုံး တစ်သောင်းပါတာတောင်မှ ဒီကောင် မကျေနပ်သေးဘူးလားဟ..)
ပိုင်ချင်းဝူ မျက်ခွံတွေပင် တွန့်လိမ်လာတော့သည်။ သို့သော် လျှင်မြန်စွာ အတင်းအကျပ် ပြုံးလိုက်ရ၏။
“ တာအိုသားတော် လွတ်လွတ်လပ်လပ် တောင်းဆိုချက်ကို ပြောပါဗျ။ ကျွန်တော်တို့ လုပ်နိုင်သရွေ့ အတတ်နိုင်ဆုံး.ဖြည့်ဆည်း ပေးပါ့မယ်”
“ ကောင်းပြီ”
ဖန်ကဲစွေ့ အနည်းငယ် ပြုံးသွားပြီး ဝတ်ရုံအတွင်းမှ ကျောက်စိမ်းပြားတစ်ခု ထုတ်ယူလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်ဘက်က ရိုးသားမှု ပြချင်တာဆိုရင် ရှိတာအားလုံးကို ဒီထဲထည့်လိုက်”
“ မဟုတ်လို့ရှိရင် ဂိုဏ်းခေါင်းဆောင်ဘက်က ထူးခြားကောင်းကင် သန့်စင်နယ်မြေကို ရိုင်းစိုင်းစွာ ဆက်ဆံခဲ့တာမို့ ပြီးမှ မသနားဘူးလာမပြောနဲ့ပေါ့”
အကုန်လုံး၏.မျက်နှာထားများ ပြောင်းလဲသွားတော့သည်။
(စကားပြောအချိုးမပြေတာက ထားတော့။ ဒါပေမဲ့ ဒါကပေါ်တင်ကြီး ဓားပြတိုက်နေတာ မဟုတ်ဘူးလား။ ဒီကောင်က မောက်မာပြီး လုပ်ချင်ရာလုပ်နေတာပဲ။ ထူးခြားကောင်းကင် သန့်စင်နယ်မြေက စစ်မှန်ဂိုဏ်းတစ်ခု ဟုတ်သေးရဲ့လား)
ပိုင်ချင်းဝူသည် ကျောက်စိမ်းပြားကိုယူကာ နတ်အာရုံဖြင့် ဖောက်ထွင်းဝင်ရောက်လိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ သူ၏မျက်နှာထားက ပြင်းထန်စွာပြောင်းလဲသွားရင်း နဖူးတွင် ချွေးစို့လာတော့သည်။
(အဆင့်မြင့်ဝိညာဥ်ကျောက်တုံး တစ်သိန်း..၊ ထိပ်သီးအဆင့် မှော်လက်နက် ငါးဆယ်နဲ့ လှပတဲ့အပျိုတော်နှစ်ဆယ်…)
အချိန်အလွန်ကြာပြီးနောက်မှသာ ပိုင်ချင်းဝူ ခေါင်းမော့လာရင်း အလွန်ခါးသက်နေသော မျက်နှာနှင့် ပြောလိုက်တော့သည်။
“တာအိုသားတော်၊ ကျွန်တော်တို့ တိမ်ကြွေဂိုဏ်းက အဲ့လောက်ကျ..တစ်ကယ်ပဲ မတတ်နိုင်ပါဘူး”
“ဟမ့်”
ဖန်ကဲစွေ့ အေးစက်စွာ နှာမှုတ်လိုက်ကာ ခြိမ်းခြောက်သော လေသံဖြစ်သွားသည်။
“ ဒီတာအိုသားတော်က တိမ်ကြွေဂိုဏ်းမှာ သုံးရက်နေမယ်။ သုံးရက်ပြီးလို့ မပေးနိုင်ရင်တော့…. ပြီးမှအဆိုးမဆိုနဲ့”
ဖန်ကဲစွေ့ ပြောပြီးသည်နှင့် ကောက်ထသွားကာ အချင်းချင်း အံ့သြတကြီး ကြည့်နေသော အကြီးအကဲများကို လျစ်လျူရှုရင်း ပွဲတော်မှ ထထွက်သွားခဲ့သည်။