(ဒီကယ်မရတဲ့ကောင်ကို မြေသာမြုပ်ပေးလိုက်တော့)
Vol. 6 Ch. 59
ထိုအချိန်တွင် စာကြည့်တိုက်၌
( တိမ်ကြွေဂိုဏ်းထဲမှာ နှစ်တစ်သောင်း သက်တမ်းရှိတဲ့ အပင်ဝိညာဉ် ပေါ်လာတာ မဆန်းတော့ပါဘူး )
ချီယွမ်သည် လက်ထဲတွင် ကိုင်ထားသော တိမ်ကြွေဂိုဏ်း၏ ရာဇဝင် မှတ်တမ်းများဟူသော ထူထဲသည့် စာအုပ်အဖုံးကို ပြန်ပိတ်လိုက်ပြီး မျက်နှာထက်တွင် နားလည်ဟန် တစ်ချို့ ဝင်ရောက်လာခဲ့သည်။
ဤစာအုပ်တွင် ကျင့်ကြံသူ အားလုံးနီးပါး မြင်တွေ့ရန် ဆန္ဒရှိသော ကောင်းမွန်သည့် စွန့်စားခန်းများကို ချက်ကျလက်ကျ မှတ်တမ်းတင်ထားသည်။
တိမ်ကြွေဂိုဏ်း မတည်ထောင်စဥ်တွင် ဤတိမ်ကြွေ သစ်တောသည် သူတော်စင်အဆင့် ဆေးဆရာတစ်ယောက်၏ နေထိုင်ရာ နေရာတစ်ခု ဖြစ်ခဲ့သည်ပင်။ တိမ်ကြွေဂိုဏ်း၏ ဘိုးဘေး ဂိုဏ်းခေါင်းဆောင် ပိုင်ယန်ကျို့သည် လွန်ခဲ့သော နှစ်သုံးထောင်အတွင်း ဤနေရာကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအချိန်တွင် သူတော်စင်အဆင့် ဆေးဆရာသည် ပျောက်ကွယ်သွားပြီး ဖြစ်လေရာ ကြီးမားသော ဤနေရာကို အမွေ ဆက်ခံမည့်သူ မရှိခဲ့ချေ။
ထို့သို့ဖြင့် ထိုအမွေများ အားလုံးသည် မတော်တဆ ရှာဖွေတွေ့ရှိခဲ့သော ပထမဦးဆုံး တည်ထောင်သူ ဘိုးဘေး၏ ကောင်းချီးပေး ခံရမှုများ အလိုအလျောက် ဖြစ်လာကာ ဂိုဏ်းကို စတင်တည်ထောင် နိုင်ခဲ့သည်။
အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်များသည် များစွာသော မြေကြီးစွမ်းအင်ကို လိုအပ်သည်။ ထို့ကြောင့် ကျွမ်းကျင် ဆေးဆရာများ၏ အရည်အချင်းသည် စွမ်းအင်သွေးကြော ရှာဖွေခြင်းနှင့် လမ်းကြောင်း လိုက်ခြင်းမှာ လွန်စွာ ထူးချွန်ကြသည်။ ဤတိမ်ကြွေ သစ်တောကို သူတော်စင်အဆင့် ဆေးဆရာ ရွေးချယ် ခဲ့ခြင်းကလည်း သစ်တော၏ မြေအောက်တွင် အဆင့်မြင့် အရည်အသွေး ရှိသောစွမ်းအင်သွေးကြောတွေ တည်ရှိနေ၍ ဖြစ်နိုင်သည်။
ချီယွမ် သံသယ မများတော့ပဲစာအုပ်ကို နေရာတကျ ပြန်ထားလိုက်ကာ သာမန်သိုင်းကျမ်း တစ်ချို့ကို ကူးယူပြီးသည်နှင့် စာကြည့်တိုက် အပြင်သို့ ထွက်သွားလိုက်သည်။
“ဂိုဏ်းတူ ညီလေးချီ ခဏ စောင့်ပါအုန်း”
ချီယွမ် ထွက်မသွားရ သေးခင်မှာပဲ စာကြည့်တိုက်ရှိ တပည့်တစ်ယောက်က တားမြစ်လာခဲ့သည်။
“ဘာဖြစ်လို့လဲ”
ချီယွမ် အနည်းငယ် မျက်မှောက်ကြုတ်သွားလေကာ
“စာကြည့်တိုက်ရဲ့ စည်းကမ်းကို မဆန့်ကျင်မိဘူး မလား”
“မဟုတ်ဘူး ဂိုဏ်းတူညီလေး အထင်မှားနေပြီး”
ထိုတာဝန်ရှိ တပည့်သည် အလျင်အမြန် လက်ယမ်းပြလိုက်ကာ မြှောက်ပင့်သော စကားများ ပြောဆိုလာ၏။
“ဂိုဏ်းတူညီလေး...ကျွန်တော်က တစ်ကယ်တော့ မေးခွန်းတစ်ခု မေးချင်လို့ပါ။ ညီလေးချီ ကျွန်တော့်ကို အလင်းပြပေး နိုင်မယ်ဆိုရင် အရမ်းကို ကျေးဇူးတင်မိမှာပဲ”
ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားကာ အသေးစိတ် စစ်ဆေးလိုက်တော့၏။
“ဘာမေးခွန်းမလို့လဲ”
ထိုလူက အတင်းအကြပ် ဖျစ်ညှစ်ရယ်လိုက်ရင်း အနေခက်စွာ ပြောလာလေရဲ့..
“အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော်က အတွင်းခန်းမရဲ့ဂိုဏ်းတူ ညီမလေးဖန်ကို ကြိုက်နေတာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ခံစားချက်တွေကို ထုတ်ပြောဖို့ ကြံလိုက်တိုင်း ယဉ်ယဉ်ကျေးကျေးနဲ့ပဲ အငြင်းခံလိုက်ရတယ်။ ဒါကြောင့် ဂိုဏ်းတူညီမလေးဖန်ရဲ့နှလုံးသားကို ဘယ်လို အနိုင်ယူရမလဲဆိုတာ ညီလေးချီဆီကနေ အကြံဉာဏ် တောင်းချင်တာပါ”
ထိုစကားလုံးများ ထွက်သွားသည်နှင့် အနီးအနားရှိ များစွာသော အမျိုးသား ကျင့်ကြံသူများ အားလုံး စိတ်ဝင်တစား နားစွင့်လိုက်ကြ၏။
( သေစမ်း ဒီဘဲတွေအားလုံး ငါ့ကို စော်ကြည်ဘဲ တစ်ကောင်များ မှတ်နေလား )
ချီယွမ် ခဏမျှ စွံ့အ ပြီးနောက်တွင် ပုံမှန်လိုပဲ ပြန်မေးလိုက်သည်။
“သူမက ဘယ်လို ငြင်းခဲ့တာလဲ”
ထိုသူက အမြန်ဖြေကြားလာ၏။
“ဂိုဏ်းတူ ညီမလေးဖန်က အမြဲတမ်းပြောတယ်။ ကောင်းမွန်တဲ့ အပေါ့သွားခြင်းကို လုပ်ဆောင်ရင်း ကိုယ့်ကိုယ်ကိုယ် ကြည့်ပါတဲ့။ အဲ့ဒါက ဘာကို ဆိုလိုချင်တာလဲ ညီလေးချီ နားလည်သလား”
( ဒါက ယဉ်ကျေးတဲ့ ငြင်းပယ်ခြင်း ဟုတ်သေးရဲ့လား)
ချီယွမ်၏ မျက်နှာတစ်ခုလုံး မဲနက်သွားကာ ခံစားချက်မဲ့စွာဖြင့် ပြောလိုက်တော့သည်။
“ကြည့်ရတာ ဂိုဏ်းတူ ညီမလေးဖန်က အနာဂတ် နှစ်ကိုယ်တွဲ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး စိတ်ပူလို့ မင်းရဲ့ အရွယ်အစားကို ကြိုသိချင်နေတာ ဖြစ်မယ်။ သူမ နောက်တစ်ခေါက် အဲ့လိုပြောတဲ့ အချိန်ကျရင် အဲ့ဒီ နေရာမှာပဲ ဘောင်းဘီချွတ်ပြီး အပေါ့သွားပြလိုက်။ မင်းကံကောင်းလို့ ကောင်းကင်ဘုံရဲ့ အထုတ်အထည် ကြီးကြီးမားမားကို ပိုင်ဆိုင်ထားရင် အလှလေးရဲ့ နှလုံးသားကို ရချင်ရမှာပေါ့”
“ခွီး”
ချီယွမ်၏ စကားကြောင့် အနီးအနားတွင် စာအုပ်ဖတ်နေသော အမျိုးသားကျင့်ကြံသူများ အဆက်မပြတ် သီးကုန်တော့သည်။
“အော် အဲ့လိုလား.. သိပြီသိပြီ။ ဂိုဏ်းတူညီမလေးဖန်က ကျွန်တော်တို့ရဲ့ အနာဂတ်ကို ဒီလောက် တွေးပေးမယ်လို့ ထင်မထားဘူး။ ကျွန်တော်အရင်က နားလည်မှု လွဲသွားတာပဲ)
ထိုသူသည် အလင်းပွင့်သွားပုံရကာ ချီယွမ်အား ကျေးဇူးတင်စွာဖြင့် ပြောလာ၏။
“ကျေးဇူးတင်ပါတယ် ညီလေးချီ။ အခုလိုမျိုး ရှင်းပြပေးတဲ့ အတွက် နောက်တစ်ရက်ကျရင် ကောင်းကောင်းမွန်မွန် ကျေးဇူးဆပ်ပါ့မယ်”
( ဒီကောင်ကတော့ ကယ်မရတော့ဘူးပဲ။ ရှင်လျက်သာ မြေမြှုပ်ပေးလိုက်တော့ )
ချီယွမ်သည် ဆက်လက် ရှင်းပြရန်ကိုပင် ပျင်းရိလွန်းစွာဖြင့် ထိုသူကို လက်တစ်ဖက်သာ ယမ်းပြပြီး စာကြည့်တိုက် အတွင်းမှ အလျင်အမြန် ထွက်ခွာသွားလိုက်သည်။
အစောပိုင်းတွင် တွေ့ရှိခဲ့ရသော ပိုင်ရှီရို့၏ အခြေအနေအရ ခြံဝင်းအတွင်းသို့ ပြန်ရောက်သည်နှင့် သူမနှင့် ပတ်သက်ပြီး မူမမှန်သော ကိစ္စရပ်များအား ရှာဖွေဖို့ လိုအပ်နေပြီပင်။
ထိုအချိန်တွင် ဆေးဥယျာဥ်အတွင်းရှိ ဝါးလုံးအိမ် အတွင်း၌
( ရှန်ဝူကျိက ဒီနေရာကို ဘာကြောင့် ရောက်နေရတာလဲ )
ရုတ်တရက် ပေါ်လာခဲ့သော လူငယ်ကြောင့် ကျိချန်အာ ပထမတော့ အံ့ဩမှင်သက် သွားခဲ့သော်ငြား ဘေးတွင်ရပ်နေသော ယင်ချင်းယွမ်ကို လူသတ် အရိပ်အငွေ့များ ပါဝင်နေသော မျက်လုံးရဲများဖြင့် စူးရဲစွာ လှမ်းကြည့်လိုက်ကာ အမုန်းတရား အပြည့်နှင့် ပြောဆိုလိုက်တော့သည်။
“ခွေးလိုကောင် ရှင်ကျွန်မကို ဘယ်လိုတောင် သစ္စာဖောက် ရဲတာလဲ”
ယင်ချင်းယွမ်သည် သူမ၏ စကားများကို မကြားသည့်အလား တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
“ဒီအကြီးအကဲက ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်နဲ့ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို ဂိုဏ်းအတွင်း လှည့်ပတ် ပြပေးနေတာပါ။ တာအိုသားတော် ရှေ့မှာ ဂိုဏ်းရဲ့အကြီးအကဲနဲ့ ဘယ်တပည့်မဆို မလေးမစား ပြုမူလို့မရဘူး။ ကြမ်းတမ်းစွာ ပြုမူတဲ့သူတွေအားလုံးကို ဂိုဏ်းရဲ့ စည်းမျဉ်းအရ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်”
“လုံလောက်ပြီ”
ဖန်ကဲစွေ့ အနည်းငယ် ပြုံးလိုက်ကာ
“မင်းအပြင်ကို အရင်ထွက်သွားလိုက်။ ပြီးရင် ဒီနေရာကို ဘယ်သူမှ မလာစေနဲ့။ ဂိုဏ်းတူ ညီမလေးကျိနဲ့ငါ ဆွေးနွေးစရာ ရှိတယ်”
“ဒီအစေခံက နာခံပါ့မယ်”
ယင်ချင်းယွမ် ရိုကျိူးစွာ အရိုအသေ ပေးပြီးသည်နှင့် တိတ်တဆိတ် ထွက်ခွာသွား၏။
“ရှန်ဝူကျိ နင်က ဘယ်တုန်းက ထူးခြား ကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖြစ်သွားရတာလဲ”
ယင်ချင်းယွမ် ထွက်သွားသည်နှင့် ရှေ့မှာ ရှိနေသော ရှန်ဝူကျိကို ကျိချန်အာ မျက်မှောင်ကြုတ်ဖြင့် ကြည့်လိုက်ကာ မေးလိုက်တော့သည်။ သူမ၏ မျက်နှာတစ်ခုလုံးသည် ရွံရှာမှုဖြင့် ပြည့်နှက်နေလေ၏။
“အဲ့ဒါကတော့ သေချာပေါက် ငါယူလာတဲ့ ဒီငါးရောင်စပ် နက္ခတ်ကျောက်စိမ်း တံဆပ်ပြားကြောင့်လေ”
ရှန်ဝူကျိ အပြုံးတစ်ခုဖြင့် အင်္ကျီလက်အတွင်းမှ ငါးရောင်စပ် ပုံစံခွက်ဖြင့် အလင်းများ ထုတ်ပေးနေသော ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားအား ကျိချန်အာ အရှေ့တွင် လှုပ်ယမ်း ပြလိုက်ရင်း
“ဒီကျောက်စိမ်းပြားက တော်တော်လေး အစစ်နဲ့တူတဲ့ အတုမလား။ တကယ့် ဖန်ကဲစွေ့ အစစ်ရဲ့ဟာတောင်မှ ငါ့လောက် စစ်ချင်မှစစ်မှာနော်”
ရှန်ဝူကျိသည် ဂုဏ်ယူစွာဖြင့် သူ့၏လက်အတွင်းမှ ကျောက်စိမ်းပြားကို ဆော့ကစားလိုက်သည်။
“ဖန်ကဲစွေ့က မိန်းမလိုက်စားတဲ့ ကောင်ပဲ။ အမြဲတမ်း အပျော်အိမ်တွေကိုပဲ သွားနေတာ။ သူက အပျော်အိမ် သွားနေတာ မဟုတ်ရင် အရက်ဆိုင်မှာ ရှိနေလိမ့်မယ်။ လွန်ခဲ့တဲ့ လတစ်ချို့က သူက မိန်းကလေးတစ်စုနဲ့ ပျော်ပျော်ပါးပါး ဆော့နေတဲ့အချိန်မှာ သူ့ရဲ့တံဆိပ်ပြားကို မတော်တဆ ပျောက်သွားခဲ့တယ်။ ပြီးတော့ ဖြစ်ချင်တော့ အဲ့ဒီအိမ်တော်က ရှန်မိသားစုက ပိုင်နေတာတဲ့လေ ဟား ဟား ဟား”
"ကြည့်လိုက် ဒီတံဆိပ်ပြားနဲ့ဆိုရင် ငါက ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖြစ်လာပြီမလား"
"ပိုပြီး ရယ်ချင်စရာ ကောင်းတဲ့ကိစ္စက ဘာလဲ မင်းသိလား။ အဲ့ဒီကောင်လေးက တံဆိပ်ပြားပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထွက်သွားရင် လှောင်ပြောင်ခံရမှာ ဆိုးလို့ အတုတစ်ခု လုပ်ခဲ့သေးတယ်လေ။ ဒါ့ကြောင့် ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ ဘယ်သူကမှ သူတို့ တာအိုသားတော်ရဲ့ တံဆိပ်ပြား ပျောက်သွားမှန်း မသိခဲ့ကြဘူး။ တစ်ကယ်တော့ အဲ့ဒီစစ်မှန်ဂိုဏ်းတွေ အကုန်လုံးက အသုံးကျတဲ့ ကောင်တွေ မဟုတ်ဘူး။ မကောင်းမှုတွေ ပြည့်နေပြီး ရွံစရာကောင်းတဲ့ လူတွေစုဝေးနေတဲ့ နေရာပဲ"
ထိုစကားလုံးများကို ကျိချန်အာ တစ်ယောက် ရွံရှာစွာ နားထောင်နေရင်း ရှန်ဝူကျိကို စိမ်းစက်သော မျက်နှာပေးဖြင့် လှမ်းကြည့်လိုက်သည်။
“ဒါဆိုရင် ဒီနေရာကို ရောက်လာတဲ့ နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
ရှန်ဝူကျိက တံဆိပ်ပြားကို ဘေးဖယ်လိုက်ရင်း အပြုံးတစ်ခုနှင့်
“ဒီတံဆိပ်ပြားနဲ့ ဆိုရင် ငါကြိုက်တာ လုပ်လို့ရတယ်။ ဒီရက်ပိုင်းထဲမှာ စစ်မှန်ဂိုဏ်း တော်တော်များများဆီ သွားလည်ပြီးတော့ ကောင်းမွန်တဲ့ အကျိုးအမြတ်တွေ သိမ်းယူနိုင်ခဲ့တယ်။ ငါကြားထားတာ ငါ့ရဲ့ဂိုဏ်းတူ ညီမလေးကျိက ဒီလိုမျိုး ဝေးလံခေါင်ခိုက်ပြီး ဆင်းရဲမွဲတေနေတဲ့ နေရာကို သုံးနှစ်လောက် အချိန်ဖြုန်း နေတယ်ဆိုလို့ မင်းအထီးမကျန်ရအောင် အဖော်ပြု ပေးတာလေ”
“အရေးမပါတဲ့ စကားတွေ လာ ပြောမနေနဲ့”
ကျိချန်အာ အေးစက်စွာ မဲ့ရွဲ့လိုက်ရင်း ခြိမ်းခြောက်မှု အပြည့်ဖြင့် ပြောလိုက်သည်။
“ဒီနေရာကနေ ချက်ချင်း ထွက်သွားလိုက်။ မဟုတ်ဘူးဆိုရင် ရိုင်းတယ်ဆိုပြီး ပြီးမှ အပြစ်လာမတင်နဲ့”
“ဂိုဏ်းတူ ညီမလေးကျိကလည်း”
ရှန်ဝူကျိသည် လုံးဝ စိတ်မဆိုးပါချေ။ ထိုအစား ကျိချန်အာကို ကြည့်နေသော သူ၏မျက်ဝန်းအတွင်းတွင် အလိုဆန္ဒများ တောက်လောင်လာ၏။
“ငါအရင်တုန်းကတည်းက ပြောဖူးပါတယ်။ မင်းသာ ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာဖို့ သဘောတူရင် သန့်စင်ဂိုဏ်းမှာရှိတဲ့ ရှန်မိသားစုရဲ့ အင်အားနဲ့ သူတော်စင်မကြီးဆိုတဲ့ ရာထူးက မင်းအတွက် အလွယ်လေး ဖြစ်သွားမှာနော်။ ပြီးရင် ငါလည်းပဲ မကြာခင်မှာစစ်သူကြီးယဲ့ကို အနိုင်ယူပြီး သန့်စင်သားတော်တစ်ယောက် ဖြစ်လာမယ်။ အဲ့ဒီအချိန်ကျရင် ကျိမိသားစုနဲ့ ရှန်မိသားစု ပူးပေါင်းလို့ရပြီ။ သန့်စင်ဂိုဏ်း တစ်ခုလုံးက ငါတို့ရဲ့ အပိုင် ဖြစ်လာလိမ့်မယ်”
“စိတ်ကူးယဉ်မနေနဲ့”
ကျိချန်အာ မဲမှောင်နေသောမျက်နှာဖြင့် ပက်ခနဲ ပြန်ပြောလိုက်သည်။
“နင့်လိုမျိုး သားရဲကောင်ကို လက်ထပ်ရမယ့် အစား သူတော်စင်မကြီး ဖြစ်လာမယ့်အခွင့်အရေးကိုပဲ ဆုံးရှုံးခံလိုက်မယ်”
ရှန်ဝူကျိ၏ မျက်လုံးများက ချက်ချင်းပင် ကျဉ်းမြောင်းသွားကာ လေသံသည်လည်း ရေခဲတမျှ အေးစက်သွား၏။
“ကောင်းပြီလေ ဒါဆိုရင် ကြိုးစားကြည့်လိုက်ပေါ့။ မင်းလိုချင်နေတာ ဘာပဲဖြစ်ဖြစ် မရစေရဘူးလို့ ငါအာမခံတယ်”
“နင်ကသေချင်နေတာပဲ”
သည်းမခံနိုင်တော့တဲ့ အဆုံး ကျိချန်အာသည် သူမ၏ သေးသွယ်သော လက်တစ်ဖက်ကို မြှောက်လိုက်ကာ တိုက်ကွက် စတင်လိုက်သည်နှင့် သူမ၏နောက်တွင် ကျောချမ်းဖွယ် လေပြင်းများ တိုက်ခတ်လာသည်။ နိမိတ်မကောင်းသော အမည်းရောင်အလင်းများက ကြောက်မက်ဖွယ် စွမ်းအင်များ ကိန်းခိုနေရင်း ရှန်ဝူကျိ ရှိရာသို့ ပြင်းထန်စွာဖြင့် တိုက်ရိုက်ကျရောက် သွားလေ၏။
“ဂိုဏ်းတူ ညီမလေး မင်းက ဝိညာဉ်အခြေတည် နယ်ပယ် အစောပိုင်းပဲ ရှိသေးတာ။ မင်းငါ့ကို ဘယ်လိုလုပ် တိုက်ခိုက်မှာလဲ”
ရှန်ဝူကျိ၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခု ဝင်ရောက်လာကာ လက်တစ်ဖက်မြှောက်လိုက်သည်။ ချက်ချင်းပင် လေဟာနယ် အတွင်းမှ အမဲရောင် မြူခိုးများ စုဝေးလာပြီး မဟာအရိုးခေါင်း မျက်နှာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဟူး
ထိုအရိုးခေါင်းက အဆုံးတွင် မေးရိုးများ ပွင့်ဟလိုက်ရင်း ကျိချန်အာ ပစ်လွတ်လိုက်သော အလုံးအရင်းနှင့် ဝင်ရောက်လာသည့် အမဲရောင် အလင်းများကို တချက်ထဲနှင့် ဝါးမြိုကာ လေဟာနယ်အတွင်း ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
ထိုအဖြစ်အပျက် အားလုံးသည် မိုးကြိုးပစ်သကဲ့သို့ လျင်မြန်စွာ ပြီးမြောက်သွားခဲ့သည့် အပြင် သစ်သားအိမ် အပြင်ဘက်တွင်လည်း အစီအရင် တစ်ခုဖြင့် ပိတ်ဆို့ထားသည့် အတွက် သူမတို့၏ တိုက်ခိုက်မှုကို အပြင်ဘက်က သိရှိလိမ့်မည် မဟုတ်ချေ။
ရှန်ဝူကျိသည် ဆက်လက်မတိုက်ခိုက်ခဲ့ဘဲ ထိုအစား လှောင်ပြုံးတစ်ခုဖြင့်
“ဂိုဏ်းတူ ညီမလေးက ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာဖို့ သဘောမတူဘူး ဆိုမှတော့ ငါ့ရဲ့ အလိုဆန္ဒတွေ ပြီးမြောက်ဖို့အတွက် အနာဂတ်မှာ ပေါင်းဖိုတစ်ခုအဖြစ် အသုံးပြုခဲ့ရင်လည်း အပြစ်လာမတင်နဲ့တော့။ အော် ဒါနဲ့ ပြောဖို့မေ့သွားတာရယ်။ ငါအစောပိုင်းက တိမ်ကြွေဂိုဏ်းဆီကနေ သုံးရက်အတွင်း အပျိုမိန်းကလေး အယောက်နှစ်ဆယ် ဆက်သရမယ်လို့ တောင်းဆိုထားတယ်။ ပြီးတော့ အဲ့ဒီထဲမှာ မင်းရဲ့နာမည်ကို အထူး ရေးသားထားတယ်။ သေချာပေါက် မင်းမကျေနပ်ဘူးဆိုရင် ငါ့ရဲ့သရုပ်မှန်နဲ့ ပတ်သက်ပြီး တိမ်ကြွေဂိုဏ်းကို သွားပြောလို့ ရတယ်နော်။ ဒါပေမယ့် သူတို့က မင်းရဲ့စကားကို ယုံကြည်ပြီး တာအိုသားတော် တစ်ယောက်ကို တိုက်ခိုက်ရင်း ဂိုဏ်းတစ်ခုလုံး ရှင်းလင်းခံရမဲ့ စွန့်စားမှုမျိုးကို လုပ်ရဲပါ့မလား”
ပြောပြီးသည်နှင့် ရှန်ဝူကျိသည် ခပ်မဲ့မဲ့ ပြုံးပြကာ လှည့်ထွက်သွားသည်။
ကျိချန်အာ၏ မျက်နှာသာ အလွန်ရုပ်ဆိုးနေခဲ့ပြီး လူသတ်လိုစိတ်များက ထိပ်ဆုံးမှတ်ကို ရောက်ရှိလာတော့၏။
“မျိုးမစစ်ကောင်”
တစ်ဖက်သူ၏ ရောက်ရှိလာမှုသည် သူမ၏ အစီအစဉ်များကို ဖျက်ဆီး ဖို့ရန်အတွက်ဆိုတာ ကျိချန်အာ ပြည့်အဝ နားလည်လိုက်သည်။ ထိုသူ၏ ပန်းတိုင်သည် သူမ၏ သူတော်စင်မ ဖြစ်လာစေရန် ပြိုင်ပွဲကို ဆုံးရှုံးစေဖို့မှန်း သိသာပါသည်။ ရှန်မိသားစု အကြီးဆုံးသမီးသည်လည်း ယင်ရှဂိုဏ်း၏ သူတော်စင်မ ရာထူးအတွက် လျာထားခြင်း ခံရသည်။
သို့သော်ငြား တစ်ဖက်သူသည် တိုက်ရိုက် မလှုပ်ရှားသေးသည့်အတွက် သူမထံတွင် အခွင့်အရေး ရှိသေးသည်။ ကျိချန်အာ တစ်ယောက် နှစ်တစ်သောင်း ကြယ်ပုံရိပ်ယောင် မြက်ပင်ကို ချက်ချင်းပင် စဉ်းစားမိသွား၏။
( ရှန်ဝူကျိက မတိုက်ခိုက်ပဲ တောင်းဆိုလာတာဆိုတော့ ငါသုံးနှစ်လုံးလုံး စောင့်ထားခဲ့တဲ့ အရာကို သိချင်နေလို့ပဲ ဖြစ်မယ်။ အဲ့ဒါက ဘာလဲဆိုတာ သိသွားတာနဲ့ သူလည်းပဲ လိုချင်လာမှာပဲ။
ကျိချန်အာ အသက်ဝ၀တစ်ချက် ရှုသွင်းကာ သူမကိုယ်သူမ တည်ငြိမ်အောင် ပြုလုပ်ပြီးသည့်နှင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“မဖြစ်ဘူး ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာမှ ရတော့မယ်”