← Chapters

(ကိုယ်ဝန်ရတော့မှာလား)

Vol. 6 Ch. 60

(ကိုယ်ဝန်ရတော့မှာလား)

Vol. 6 Ch. 60

“ ဟမ် ”

ပုံစံသစ်တစ်ခုလိုမျိုး ပြောင်းလဲသွားသော ခြံဝင်းကို ကြည့်နေရင်း ချီယွမ်တစ်ယောက် နေရာမှားရောက်လာမိသလိုပင် ခံစားလိုက်ရ၏။ ပတ်ဝန်းကျင်ကို စစ်ဆေးကာ သူ၏ခြံဝင်း ဟုတ်မဟုတ် အတည်ပြုပြီးမှသာ ချီယွမ် ထူးဆန်းသောမျက်နှာထားနှင့် အထဲကို ဝင်သွားလိုက်သည်။

ခြံဝင်းအတွင်းရှိ ခြုံပုတ်များအားလုံးကို ရှင်းလင်းထားကာ လှပသော ပန်းပင်တန်းများက နေရာယူထား၏။ ထိုပန်းပင်များ၏ အောက်ခြေရှိမြေပြင်သည် စိုစွတ်နေသေးသဖြင့် မကြာသေးခင်ကမှ စိုက်ပျိုးထားမှန်း သိသာပါသည်။

လေထုတစ်ခုလုံးတွင် မွေးပျံ့သောဆေးပင်ရနံ့များ ပျံနှံ့နေပြီး စိတ်ကြည်လင်စေသည်။

“ ဂိုဏ်းတူမောင်လေးချီ ပြန်ရောက်ပြီလား ”

ထိုအချိန်မှာပဲ အိမ်ရှင်မတစ်ယောက်နှယ် ပိုင်ရှီရို့သည် ကျက်သရေရှိစွာ ထွက်ပေါ်လာရင်း နူးညံ့သောအပြုံးတစ်ခုနှင့် နှုတ်ဆက်လာခဲ့သည်။

“ အမ အိမ်ကိုအခုပဲ ရှင်းလင်းပြီးတာ။ ဝင်လာပြီး မောင်လေးကြိုက်လား ကြည့်လိုက်ဦး ”

ထိုသို့ဖြင့် သူမက အံ့ဩမှင်သက်နေသော ချီယွမ်ကို အိမ်အတွင်းသို့ ဆွဲခေါ်သွားလေတော့သည်။

ယခင်က တည်ရှိသော ကျောက်တုံးစားပွဲနှင့် ကျောက်တုံးထိုင်ခုံငယ်များအားလုံး ရှင်းလင်းသွားကာ ထူးခြားကောင်းမွန်ပြီး လှပသော ပရိဘောဂအသီးသီးက နေရာယူထားသည်။

ကြမ်းပြင်တွင် သိုးမွှေးသားတစ်ခု ခင်းကျင်းပေးထားပြီး နံရံထက်တွင် ပိုးလိုက်ကာစတစ်ခု တွဲလဲကျနေသည်။ စိတ်ကြည်လင်စေသော ပန်းပင်အိုးများစွာကို အခန်းအတွင်းတွင် အလှဆင်ထားကာ နွေးထွေးပြီး ကြော့ရှင်းသောလေထုကို ဖန်တီးထားသည်။

( ဘုရားရေ )

( သူမငါနဲ့ ဒီနေရာမှာ အတူနေဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား )

ချီယွမ်ရှုပ်ထွေးစွာဖြင့် နှာခေါင်းကို တို့ထိလိုက်ကာ ပိုင်ရှီရို့ကို လှမ်းကြည့်လိုက်သည်။

“ ဂိုဏ်းတူအမ ဘာလို့ ဒါတွေလုပ်နေတာလဲ ”

“ မောင်လေးရဲ့နေရာက အရမ်းကို စုတ်ချာလွန်းနေတယ်။ ”

ပိုင်ရှီရို့သည် နူးညံ့စွာပြောလိုက်ရင်း ကြင်နာစွာလှမ်းကြည့်လိုက်သည်။

“ အမ သည်းမခံနိုင်တော့လို့ နည်းနည်းလေး ပြန်မွမ်းမံပေးထားတယ်။ အခုမှပဲ ကြည့်လို့အဆင်ပြေတော့တယ်။ ”

ချီယွမ်တစ်ယောက် ရုတ်တရက်အတွေးပေါက်သွားကာ အလောတကြီး မေးခွန်းထုတ်လိုက်သည်။

“ဒါနဲ့အမ၊ ဂိုဏ်းတူအမကျန်းယုယန်ကို ဒီရက်ပိုင်းတွေ့သေးလား ”

ချီယွမ်သည် သတိထားမိတာ နှေးကွေးသည်ဆိုသော်ငြား တစ်ဖက်မိန်းကလေး၏ အတွင်းစိတ်သည် ဖုံးလွှမ်းခံထားရကာ မတည်ငြိမ်သော စိတ်ဝိညာဉ်နှင့် ပုံမှန်မဟုတ်သော အခြေအနေရှိနေမှန်း ပြောလို့ရပါသည်။ နတ်ဆိုးဂိုဏ်းက လူတစ်ယောက်၏ အတွင်းစိတ်ကို ခြယ်လှယ်နိုင်သော နည်းလမ်းများကြောင့် ချီယွမ်တစ်ယောက် ကျိချန်အာအား မနေနိုင်စွာ သံသယဝင်သွားခဲ့သည်။

ကျန်းယုယန်ဆိုသော နာမည်ကို ကြားသည်နှင့် ပိုင်ရှီရို့၏မျက်လုံးသည် အနည်းငယ်ရှုပ်ထွေးသွားကာ လှပသောမျက်နှာတစ်ခုလုံး ကြေးနီရောင်သမ်းလာပြီး သူမ၏ခန္ဓာကိုယ်က အပူများပင် ထုတ်လွှတ်လာသည်။

“ အမ ဘယ်လိုလုပ်… ”

ချီယွမ်စကားပြောလို့ မပြီးခင်မှာပဲ နူးညံ့နွေးထွေးသော နှုတ်ခမ်းတစ်စုံက သူ၏နှုတ်ခမ်းကို ပိတ်ပင်လာ၏။

( မဟုတ်သေးဘူး၊ အစ်မ ဘာတွေလုပ်နေတာလဲ )

ချီယွမ်တစ်ယောက် နေရာမှာတွင် အေးခဲသွားကာ တစ်ကိုယ်လုံးပစ်ဝင်လာသော မိန်းကလေးကို ကြောင်အနေသော မျက်လုံးများဖြင့် ပြူးကျယ်စွာကြည့်မိနေလေရဲ့။

ချီယွမ်မတုံ့ပြန်နိုင်ခင်မှာပဲ ရှုပ်ထွေးဝေဝါးမှုများ ပြည့်နေသော ပိုင်ရှီရို့၏မျက်နှာသည် ဒီရေတစ်ခုနှင့် တိုက်စားခံလိုက်ရသည့်နှယ် ချက်ချင်းပင် ပုံမှန်အခြေအနေကို ပြောင်းလဲသွားပြန်သည်။

တစ်ချိန်တည်းမှာပဲ ပိုင်ရှီရို့၏ နူးညံ့သောခန္ဓာကိုယ်က တုန်ယင်သွားကာ ချီယွမ်ကို တွန်းထုတ်ရင်း မယုံနိုင်စွာ ပြောဆိုလိုက်တော့သည်။

“ ချီတ ဘာလို့ အမကို နမ်းရတာလဲ။ ”

ချီယွမ် “…”

ထိုအချိန်မှသာ တစ်စုံတစ်ခုကို ပြန်စဉ်းစားမိပြီး ပိုင်ရှီရို့၏မျက်နှာသည် သိသာစွာ အနီရောင်ဖြတ်ပြေးသွားသည်။ ထို့နောက်တွင် သူမက ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းကိုထိလိုက်ရင်း

“ ဂိုဏ်းတူမောင်လေး ချီ မဟုတ်ဘူး မဟုတ်ဘူး အထင်မလွဲပါနဲ့ အမမရည်ရွယ်ခဲ့ဘူး။ဒါက..ဒါက အမကို တစ်ယောက်ယောက်က ပြုစားလိုက်သလိုမျိုးပဲ။ ”

ထိုသို့ဖြင့် သူမထွက်ပြေးသွားလေတော့သည်။

( ဒါဘယ်လို အခြေအနေကြီးလဲ )

အလျင်အမြန်ထွက်ပြေးသွားသော နူးညံ့သည့်ကျောပြင်ကို ကြည့်နေရင်း ချီယွမ်တစ်ယောက် ကြောင်အနေဆဲပင်။

( ငါဒီလောက်ထိ နိုးကြားအောင်နေပြီးတော့ နတ်ဆိုးဂိုဏ်းရဲ့ လှည့်ကွက်မှာ မမျှောပါသွားဖို့ ကြိုးစားခဲ့တာက အခုလို အလျင်အမြန်ကြီး အဆုံးသတ်သွားဖို့လား )

(ဒါနဲ့ အဲ့ဒီနတ်ဆိုးဂိုဏ်းက ကြိုးကြိုးစားစားနဲ့ ပိုင်ရှီရို့ရဲ့ စိတ်ဓာတ်ကို ထိန်းချုပ်ပြီး ငါ့ဆီလွှတ်လိုက်တာက နမ်းခိုင်းရုံသက်သက်ပဲပေါ့)

( ကျိချန်အာ ရူးသွားပြီလား )

တစ်ဖက်ခြမ်းတွင်တော့

( ဘုရားရေ ငါရူးသွားတာပဲ ဖြစ်ရမယ်။ မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ် ဂိုဏ်းတူမောင်လေးချီကို အခုလို သွားလုပ်ရမှာလဲ အရမ်းရှက်စရာကောင်းတာပဲ… )

ပိုင်ရှီရို့သစ်ပင်ကို မှီရပ်လိုက်ရင်း သူမ၏အတွေးတစ်ခုလုံးသည် ပရမ်းပတာ ဖြစ်နေတော့သည်။ လက်နှစ်ဖက်လုံး ရင်ဘတ်ပေါ်တင်ထားတာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ရင်း ပြင်းထန်စွာ အသက်ရှူလိုက်သည်။ သူမ၏ နှလုံးသည် ရင်ဘတ်ထဲမှ ပေါက်ထွက်မတတ်ခုန်နေလေ၏။

“ ဖြစ်နိုင်တာ… ငါတောက်လျှောက် ဂိုဏ်းတူမောင်လေးချီကို စိတ်ထဲကနေ နှစ်သက်နေခဲ့တာများလား။ ဒါကြောင့် ငါမသိခဲ့ဘဲ အခုလိုမျိုး… ”

ရုတ်တရက်ဆိုသလို ပိုင်ရှီရို့၏စိတ်ထဲသို့ ကြောက်မက်ဖွယ်အတွေးတစ်ခု ဝင်ရောက်လာကာ မျက်နှာတစ်ခုလုံး ဖြူဖွေးသွားပြီး နေရာမှာတင် လဲကျတော့မတတ် ဖြစ်သွားလေ၏။

“ ငါယောက်ျားတစ်ယောက်ကို နမ်း.. နမ်းမိသွားတယ်၊ တကယ်လို့ ငါကိုယ်ဝန်ရှိလာရင် ဘယ်လိုလုပ်မလဲ။ ”

သူမသည် မွေးကတည်းက မိခင်မရှိခဲ့ဘဲ ဖခင်ပိုင်ချင်းဝူ လက်အောင်တွင်သာ ကြီးပြင်းခဲ့ရသည်။ ပိုင်ချင်းဝူသည် အမြဲတမ်းအလုပ်များနေကာ တင်းကျပ်သော အဖေတစ်ယောက်ပုံရိပ်ကို ထိန်းသိမ်းနေရသည့်အတွက် သမီးဖြစ်သူကို အမျိုးသားနှင့် အမျိုးသမီးအကြားကိစ္စ ဗဟုသုတများပေးဖို့ မတတ်စွမ်းခဲ့ချေ။

ထို့အပြင် ဂိုဏ်းခေါင်းဆောင်၏ တစ်ဦးတည်းသော သမီးဖြစ်သော သူမ၏ အခြေအနေသည် မြင့်မားလေရာ တစ်ဦးတစ်ယောက်ကမှ ညစ်ညမ်းသောစကားများဖြင့် သူမကို စနောက် မပြောဆိုရဲကြချေ။ ပိုင်ရှီရို့ကို မကောင်းသော စကားတစ်ခွန်းတောင်မှ မပြောရဲကြတာပင်ဖြစ်သည်။

ထို့ကြောင့် ပိုင်ရှီရို့၏ တွေးတောမှုသည် အလွန်အမင်းဖြစ်နိုင်ချေရှိပါသည်။ သူမသည် နေ့ရက်အားလုံးကို ကျင့်ကြံမှုတွင်သာ နစ်မြုပ်အချိန်ဖြုန်းခဲ့သောကြောင့် ယောက်ျားနှင့် မိန်းမကြားက ကိစ္စရပ်များကို မသိရှိဘဲ စက္ကူစာရွက်တစ်ခုလိုမျိုး ဖြူစင်လေသည်။

တစ်နည်းပြောရလျှင် ပိုင်ရှီရို့သည် ယောက်ျားတစ်ယောက်၏ မိန်းမဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ မသိသည့်အတွက် မှားယွင်းစွာဖြင့် အနမ်းတစ်ချက်သာပေးခဲ့ပြီး ကျိချန်အာ၏ ကျိန်စာမှလွတ်မြောက်ခဲ့သည်။ သူမ၏စိတ်ထဲတွင် ထိုအရာသည် ချီတ၏ မိန်းမဖြစ်ရန် လုံလောက်ပြီဟု ယုံကြည်ထားသည့်အတွက် ကျိချန်အာ၏ လိုအပ်ချက်ကို ဖြည့်စွက်နိုင်ကာ ပြုစားခံထားရသော အခြေအနေမှ နိုးထလာခဲ့သည်။

ယခင်တွင် ကျိချန်အာသည် ပိုင်ရှီရို့ကို ချီယွမ်၏ မိန်းမတစ်ယောက် ဖြစ်လာအောင် စီစဉ်ခဲ့ပြီး ထိုအကြောင်းကို အရင်းခံ၍ ချီယွမ်နှင့် တိမ်ကြွေဂိုဏ်းကို လုံးဝရန်သူဖြစ်လာစေရန် ကြံစည်ထားသည်။ အကယ်လို့ ပိုင်ရှီရို့သာ ချီယွမ်၏ မိန်းမဖြစ်လာပြီးသည့်တိုင်အောင် ပြုစားခံရသည့် အခြေအနေအတွင်းမှာပဲ ရှိနေပြီး ချီယွမ်ကို ဆက်လက်ကြိုက်နှစ်သက်နေမည်ဆိုလျှင် ဂိုဏ်းကိုဆန့်ကျင်ရင်း ချီယွမ်ကို ကာကွယ်ပေးလိမ့်မည်။ အဆုံးတွင် ချီယွမ်သည် တိမ်ကြွေဂိုဏ်း၏ သမက်တော်တစ်ယောက် ဖြစ်လာလိမ့်မည်။

ထို့သို့မဖြစ်စေရန် ကျိချန်အာသည် လိုချင်သောကိစ္စ ပြီးမြောက်သွားသည်နှင့် ပိုင်ရှီရို့ကို သတိပြန်ရအောင် ပြုလုပ်ခဲ့ပြီး ထိုအချိန်မှာ ချီယွမ်ကို သူမ၏ ဖြူစင်မှုကို ဖျက်ဆီးသော မကောင်းသောသူတစ်ယောက်ဟု မြင်စေရင်း အပြည့်အဝအထင်လွဲစေဖို့ ဆောင်ရွက်ခဲ့တာဖြစ်သည်။

သို့သော် ကံဆိုးစွာပင် ကျိချန်အာ၏ တွက်ချက်မှုတစ်ခုက လွဲမှားခဲ့လေ၏။ အသက် ၁၉နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို အခုလောက်ထိ ဖြူစင်နေလိမ့်မည်ဟု ကျိချန်အာ မျှော်လင့်ထားမည်မဟုတ်ချေ။

တစ်နည်းပြောရလျှင် ၁၉နှစ်ဆိုသော အရွယ်သည် လက်ထက်ပြီး ကလေးတွဲလောင်းနှင့် အခြေကျနေသင့်သည့်အရွယ် မဟုတ်လား။

ကျိချန်အာ ကိုယ်တိုင်တောင်မှ ထိုအချစ်ရေးအတွေ့အကြုံ မရှိခဲ့သည်ဆိုသော်ငြား သူမသည် နတ်ဆိုးဂိုဏ်းတစ်ခုမှ ဖြစ်ပြီး နတ်ဆိုးဂိုဏ်း၏ ပတ်ဝန်းကျင်သည် အလွန်အမင်းဆိုးရွားပျက်ဆီးသည်။ ထို့ကြောင့် သူမကိုယ်တိုင် မကြုံဖူးလျှင်တောင်မှ မြင်ဖူး၊သိဖူးဖြင့် နားလည်ပြီးသားပင်။

“ မဖြစ်တော့ဘူး။ ငါအခုပဲ စာကြည့်တိုက်သွားရမယ်။ ကိုယ်ဝန်ရှိလာတာကို တားဖို့အတွက် နည်းလမ်းတော့ရှိမှာပါ။ ”

ပိုင်ရှီရို့ သူမ၏နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်လိုက်ကာ လွတ်မြောက်သိုင်းနှင့် စာကြည့်တိုက်ရှိရာသို့ အလျင်အမြန် ထွက်ခွာသွားလိုက်သည်။

ထိုအချိန်တွင်…

ချီယွမ်သည် သူ၏နေအိမ်မှ တိမ်ကြွေသစ်တော၏ အနက်ပိုင်းတွင် ရှိနေသော အစီအရင်ဗဟိုချက်နေရာသို့ ရောက်ရှိလာခဲ့သည်။

အရင်တစ်ခေါက်နှင့် မတူညီစွာ ချီယွမ် စကားမစရခင်မှာပဲ အလင်းတန်းတစ်ခုနှင့်အတူ နီရဲနေသောနှုတ်ခမ်းနှင့် သွားဖြူဖြူများ ပိုင်ဆိုင်ထားသော ငယ်ရွယ်သည့် လူတစ်ယောက်က ချက်ချင်းပင် ထွက်ပေါ်လာ၏။ ထို့သူကတော့ ဂိုဏ်းအစီအရင်ကြီး၏ အစီအရင်ဝိညာဉ်ပင်။

ထိုကောင်လေးက စိတ်တိုစွာ စူးရဲနေအောင် ကြည့်လိုက်ရင်း မဖော်ရွှေသောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

“ ကောင်စုတ်လေး၊ ဒီအဖိုးကြီးကို ဒေါသထွက်အောင် လုပ်ဖို့ ထပ်ရောက်လာတာလား။ ထွက်သွားစမ်း ထွက်သွား။ မင်းလိုလူလိမ်ကောင်ကို မကြိုဆိုဘူး။ ”

“ ဒါဆိုရင် ထွက်သွားရမှာပေါ့ ”

ချီယွမ် တစ်ကယ်ပဲ ထွက်သွားဖို့ ပြင်ဆင်လိုက်ရင်း

“ ဒါဆိုရင် ကျွန်တော် တစ်ခုတော့ပြောသွားမယ်။ အခုအခြေအနေမှာ သခင်ကြီးက လွန်ခဲ့တဲ့နှစ်တစ်သောင်းက ပျောက်ဆုံးသွားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို မရှာချင်တဲ့သူနော်။ ပြီးမှ ကျွန်တော့်ကို သတိမပေးဘူးဆိုပြီး အပြစ်မတင်နဲ့။ ”

ထိုကောင်လေး၏ မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားကာ အလျင်အမြန်ရှေ့တိုးရင်း ချီယွမ်ကို တားမြစ်လိုက်သည်။

“ ကောင်စုတ်လေး၊ အာ မဟုတ်ဘူး မိတ်ဆွေလေး ခဏနေဦး။ မင်းအရင်ရှင်းပြ ငါပျောက်သွားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို မင်းရှာတွေ့ခဲ့တာလား။ ”

ချီယွမ် အနည်းငယ်ပြုံးလိုက်ကာ

“ ပျောက်သွားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ရှာမတွေ့ခဲ့ပေမဲ့ သူခိုးကိုတော့ တွေ့ခဲ့တယ်။ ဘယ်လိုလဲ သခင်ကြီးကိုယ်တိုင် သွားပြီးတွေ့ချင်လား။ ”

“ ကောင်းတယ် ”

အစီအရင်ဝိညာဉ်က အစပိုင်းတွင် အလွန်အမင်း ပျော်ရွှင်သွားခဲ့သော်ငြား သံသယအချို့ဖြင့် မေးလာခဲ့သည်။

“ မင်းဒီအဘိုးကြီးကို ထပ်ပြီးလိမ်ညာဖို့ ကြံစည်နေတာတော့ မဟုတ်ဘူးမလား။ မင်းငါ့ကို နှစ်ကြိမ်တောင် လှည့်စားခဲ့တာနော် ငါမှတ်မိသေးတယ်”

“ ယုံချင်ယုံ မယုံချင်နေပေါ့။ ”

ချီယွမ် ပုခုံးတွန့်လိုက်လေကာ

“ ဘယ်လိုနေနေ၊ ဝိညာဉ်ကျောက်တုံးပျောက်သွားတဲ့သူက ကျွန်တော်မှ မဟုတ်တာ။ ”

အစီအရင်ဝိညာဉ်က ချီယွမ်အား တစ်ခဏကြာသည်အထိ အပေါ်အောက်စစ်ဆေးပြီးမှသာ နောက်ဆုံးခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ။ ငါဒီတစ်ခေါက်ကို ခြွင်းချက်ထားပြီး မင်းကိုထပ်ယုံပေးလိုက်မယ်။ ပြော အဲ့ဒီသူခိုး ဘယ်မှာလဲ။ ”

ချီယွမ်ခေါင်းယမ်းလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်လေ၏။

“ အဲ့တာက သူခိုးတစ်ကောင်မဟုတ်ဘူး၊ တကယ်တော့ မြက်ပင်တစ်ပင်ပဲ။ ”

“ မြက်ပင် ဟုတ်လား။ “

အစီအရင်ဝိညာဉ်ခဗျာ အလွန်အမင်း ဆွံ့အသွားလေရဲ့။

စာစဉ်ပြီး၏

All Chapters