သွေးပင်လယ်ထက်က နတ်ဆိုးမျောက်ဝံ ... ။
Vol. 59 Ch. 703
ဘိုးဘွားနန်းတော်ကို တောင်ထွတ်ကမ်းပါးပေါ်တွင် တိမ်ပင်လယ်ကို နောက်ခံပြု၍ တည်ဆောက်ထားသည်။
ခန်းမအပြင်ဘက်တွင် မြွေတစ္ဆေ မိသားစုကြီး၏ အစွမ်းထက်သော အဖွဲ့ဝင် အများအပြား တပ်စွဲထား၏။ ထိုအထဲတွင် အဖိုးကြီးဆယ့်သုံးကဲ့သို့ ဧကရာဇ်များ ပါ၀င်သည်။
သို့သော် ထိုလျစ်လျူရှုသော အသံဗလံ ထွက်ပေါ်လာချိန်၌ တိမ်ပင်လယ်ကြီးတုန်ခါကာ လေထုအပူရှိန်ကျဆင်းသွား၏။
“ ဝှစ် ... ။ ”
အေးစက်မာကျောလွန်းသော အသွင်အပြင်မျိုးဖြင့် အမျိုးသားတစ်ဦးသည် တိမ်ပင်လယ်အတွင်းမှ ခြေတစ်လှမ်းတည်းဖြင့် တောင်ထိပ်ပေါ်ရောက်လာလေသည်။
အဖိုးကြီးဆယ့်သုံးတစ်ယောက် သေမင်းကို မြင်လိုက်ရသကဲ့သို့ မျက်နှာဖြူဖျော့လာကာ သူ့ နှလုံးသားများ တဒိတ်ဒိတ်ခုန်သွား၏။
ဤသည်မှာ မျှော်စင်ပိုင်ရှင်ဖြစ်သော သားသတ်သမားပေပင်။ ထို့ကြောင့် မတားဆီးဝံ့ သည်မှာ သဘာဝပေပင်။ ဘိုးဘွားနန်းတော်၏ လေထုသည် ချက်ချင်း ဖိနှိပ်ချုပ်ချယ်နိုင်စွမ်း ပြည့်နှက်လာကာ ထုံထိုင်းသွား၏။
တစ်ဖက်တွင် မြွေတစ္ဆေမျိုးနွယ် အခွဲမိသားစုဝင် အကြီးအကဲများက သံသယများ ပြည့်နှက်လာခဲ့သည်။ မျှော်စင်ပိုင်ရှင်စကားတွင် စုရီထံခွင့်ပြုချက် တောင်းနေသလိုပေပင်။
“ သူ ... ဒီတလျှောက်လုံး ယုံကြည်မှုအပြည့်ရှိနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ”
အနက်ရောင် ဝတ်စုံဝတ်ထားသည့် မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းများ လျှာဖြင့်သပ်အော်ပြောတော့သည်။ ရီကျိရှန်မှ စိတ်အားထက်သန်နေသော်လည်း၊
“ ရိုရှီ ... သိပ်ပျော်မနေပါနဲ့ ...ဒါက ဘိုးဘွားနန်းတော်ပါ လိုအပ်ရင် ဝင်္ကပါကို အသက်သွင်းနိုင်တယ်။ ”
-ဟု သတိပေး၏။
အနက်ရောင် ဝတ်စုံဝတ် ကောင်မလေးမှ အေးစက်စက် ခံစားလိုက်ရပြီး စိတ်လှုပ်ရှားမှု သိသိသာသာ လျော့ကျသွားသည်။
အဘယ့်ကြောင့်ဆိုသော် ဤနန်းတော်ထဲတွင် မရေမတွက်နိုင်သော တားမြစ်အစီရင်များဖြင့် ပြည့်နှက်နေကြောင်း သူမ သိထားချေပြီ။
မြွေတစ္ဆေမျိုးနွယ်စု၏ အမာခံနယ်မြေကြီးဖြစ်၏။ ရွှမ်ယုအဆင့် ဧကရာဇ်ပင်လျှင် ဤနေရာသို့ ပေါ့ပေါ့ဆဆ မဝင်ဝံ့ချေ။
“ တာအိုအစ်ကို ... ငါတို့ဘိုးဘေးနဲ့ မင်းက အထူးအဆက်အသွယ် ရှိခဲ့ဖူးပါတယ် ... မင်းကို ဒီနေ့မဖိတ်ခေါ်ဘဲ ဘာအတွက် ရောက်လာရတာလဲ။ ”
ရီသွမ့်ဟဲမှ မကျေနပ်မှုကို ရှင်းရှင်းလင်းလင်းဖော်ပြပြီး ဖိတ်ကြားထားခြင်း မရှိဟူသောစကားကို အလေးပေးသည်။
သားသတ်သမားက သူ့ကို လျစ်လျူရှုထားကာ စုရီအနားချဉ်းကပ်လျက်၊
“ မင်းကိုအန္တရာယ်ပြုဖို့ ... ကြိုးစားနေတဲ့အတွက် ငါ့မှာထွက်လာဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့လို့ ခွင့်လွှတ်ပါ။ ”
-ဟု တောင်းပန်သည်။
ယမန်နေ့ညက သူ့ကိုအမှောင်ထဲမှ စောင့်ကြည့်နေရန် မှာကြားထားခဲ့သော်လည်း ရီကျင်းအသတ်ခံရသည်ကို မြင်ချိန်တွင် သည်းမခံနိုင်တော့ချေ။
သူသည်သာ မစွက်ဖက်ဘဲ ဆက်နေသော် ဘီလူးစုသည် အကောင်းဆုံး မလုပ်ဆောင်ခဲ့ဟု သံသယဝင်ပေမည်။ ထိုအကျိုးဆက်ကို သူ မခံနိုင်သည်မှာ သဘာဝဖြစ်၏။
ရီသွမ့်ဟဲ၊ ကျန့်ယင်လျူ၊ ကောက်ရိုး အဝတ်အစားနှင့် အဖိုးအိုသည် အံ့အားသင့်ကာ မယုံကြည်နိုင်စရာ အသွင်အပြင်များ ဖြစ်ပေါ်လာ၏။
တစ်ဖက်လူသည် ရီသွမ့်ဟဲကို လုံးဝ လျစ်လျူရှုထားကာ စုရီကဲ့သို့ လူငယ်အပေါ် အမှားလုပ်မိသော အစေခံတစ်ယောက်အဖြစ် လေးလေးစားစား ပြောကြားနေချေပြီ။
ဤအရာသည် လူတိုင်း၏ မျှော်လင့်ချက်များထက် ကျော်လွန်သွားသည်မှာ သံသယဖြစ်စရာမလိုချေ။ စုရီက သားသတ်သမားကို တစ်ချက်ကြည့်လိုက်ပြီး၊
“ စောစောက ဘယ်သူတွေ ... ဒီကိစ္စနဲ့ပတ်သတ်ခဲ့လဲ မင်းမြင်လိုက်လား။ ”
-ဟု မေးမြန်း၏။ သားသတ်သမားမှ ခေါင်းညိတ်သည်။
“ ငါနည်းနည်းဝေးနေပေမယ့် ... မင်းရဲ့ဂုဏ်သိက္ခာကို ဘယ်သူစော်ကားလိုက်လဲ ရှင်းရှင်းလင်းလင်း မှတ်မိနေပါတယ်။ ”
ဤစကားကို ကြားသောအခါတွင် ယခင်လှောင်ပြောင်ဆဲဆိုခဲ့ဖူးသည့် မြွေတစ္ဆေ မျိုးနွယ်စု၏ အကြီးအကဲများ တုန်လှုပ်သွား၏။ ရီသွမ့်ဟဲက မျက်နှာမည်းမှောင်သွားပြီး၊
“ တာအိုအစ်ကို ... မင်းနဲ့ ငါတို့မြွေတစ္ဆေမျိုးနွယ်က ဆက်ဆံရေးကောင်း ရှိခဲ့ပါတယ် ဘာလို့ ဒီနေ့ဆန့်ကျင်ရတာလဲ။ ”
-ဟု မေးမြန်းသည်။
သားသတ်သမားက တုန့်ပြန်ခြင်းမပြုချေ။ ရီသွမ့်ဟဲကို လျစ်လျူရှုခဲ့ပြန်သည်။ ယင်းအစား စုရီအနား တိုးကပ်ကာ၊
“ ဒါဆို ငါလှုပ်ရှားလို့ရမလား။ ”
-ဟု ခွင့်ပြုချက် တောင်း၏။
သားသတ်သမားမှ သူတို့အပေါ် လျစ်လျူရှုထားသောအသွင်သည် လူတိုင်းကို ကြောက်စိတ်များဖြင့် ပြည့်နှက်လာစေပြီး ကျောရိုးတလျှောက် အေးစက်ကုန်သည်။
သားသတ်သမား စကားများသည် အဓိပ္ပာယ်နှစ်ခုဖော်ပြနေ၏။ ပထမ သူသည် စိတ်လှုပ်ရှားနေကာ ဒုတိယတွင် စုရီ၏ ခွင့်ပြုချက်လိုနေတော့သည်။
“ ဟားဟားဟား ...တာအိုအစ်ကို ဒီနေ့ မင်းရဲ့လုပ်ရပ်တွေက ရဲရင့်လွန်းနေပါပြီ ... ဒါက ငါ့ရဲ့မြွေတစ္ဆေမျိုးနွယ်နယ်မြေပဲ ... မင်းဒီကနေ ထွက်ပြေးချင်ရင်တောင် အခွင့်အရေးမရှိမှာ ငါကြောက်တယ်။ ”
သားသတ်သမား၏ အပြုအမူသည် ရီသွမ့်ဟဲကိုဒေါသထွက်လာစေသဖြင့် မျက်နှာ နီရဲလျက် ရယ်မောသွားစေသည်။ သူမည်မျှ လူသတ်ချင်နေကြောင်း မြင်လာ၏။
ထိုအခိုက်တွင် ကောက်ရိုးဝတ်လုံဝတ် အဖိုးအိုမှ မတ်တပ်ထရပ်ပြီး၊
“ မိတ်ဆွေ... မင်းတကယ်တိုက်ချင်ရင် မင်းတစ်ယောက်တည်းနဲ့ ငါတို့အားလုံးအပေါ် သတ်နိုင်မလား သံသယရှိပါတယ် ... ငါတို့ကို သတ်ဖို့မပြောနဲ့ မင်းအသက်ကိုတောင် မင်းကယ်တင်နိုင်မှာ မဟုတ်ဘူး။ ”
-ဟု ခြိမ်းခြောက်လိုက်၏။
“ မှန်တယ် ... သေချာစဉ်းစားသင့်တယ် ဒီဝင်ရောက်စွက်ဖက်မှုက မြွေတစ္ဆေမျိုးရိုးသာ မဟုတ်ဘူး အခြားအင်အားစုတွေကိုပါ စော်ကားရာ ရောက်သွားလိမ့်မယ်။ ”
ဆိုလိုသည်မှာ ဤသို့လုပ်ဆောင်ခြင်းဖြင့် ရွှမ်ကြွယ်မဟာမိတ်နှင့် ဓားခန်းမ၏ ရန်သူကြီး ဖြစ်လိမ့်မည်ဟု အဓိပ္ပါယ်ရချေပြီ။
ထိုကဲ့သို့သော ခြိမ်းခြောက်မှုကိုခံရသော် မရဏကမ္ဘာတစ်ခုလုံးရှိလူတိုင်း အလေးအနက် ဆောင်ရွက်ကြပေလိမ့်မည်။
ခန်းမအတွင်းရှိ လေထုသည် ချက်ချင်းတင်းမာကာ မည်သည့်အချိန်တွင်မဆို ပေါက်ကွဲရန် အသင့်ဖြစ်နေပြီဖြစ်၏။
အနက်ရောင် ဝတ်စုံဝတ်ထားသော ကောင်မလေး၊ ရီကျိရှန်နှင့် အခြားသူများသည် လွန်စွာကြောက်ရွံ့လျက် အသက်ရှူရန် မော့လျော့ကုန်ကြသည်။
ယွီရှစ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် လေးနက်မှုအပြည့် ပြသလာတော့၏။
တစ်ဖက်တွင် သားသတ်သမားက မထူးခြားဘဲ စုရီအဖြေကိုသာ စောင့်နေ၏။ စုရီ အမူအရာမှာ ငြိမ်သက်သွားပြီး အနည်းကယ် စဉ်းစားကာ၊
“ ရီသွမ့်ဟဲကို အရှင်လိုချင်တယ်။ ”
-ဟု ဆုံးဖြတ်ချက်ပေးလိုက်သည်။
“ ကောင်းပြီ ... ။ ”
သားသတ်သမားက အရမ်းပျော်သွား၏။ ရီသွမ့်ဟဲခမျာ ဒေါသကြောင့် မထိန်းနိုင်တော့ဘဲ ဝင်္ကပါကို အသက်သွင်းလိုက်သည်။
တစ်ဖက်လူသည် သူ့ကဲ့သို့ ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါးကို ကြက်နှင့်ခွေးများအလား လွယ်လွယ်ဖမ်းနိုင်မည်ဟု ယူဆနေချေပြီ။
“ ဒီနေ့ ... ဘယ်သူက ဘယ်သူ့ကို အရှင်ဖမ်းနိုင်မလဲ ကြည့်ကြရအောင်။ ”
“ ဝုန်း ... ။ ”
စကားဆုံးသည်နှင့် တံဆိပ်တစ်ခုကို ဖန်တီးလိုက်ရာ သားရဲကြီးတစ်ကောင် နိုးထ လာသကဲ့သို့ ကျယ်လောင်စွာ ဟောက်သံပြုလာတော့၏။
ကြယ်ရောင်စုံ တောက်နေသော မျက်နှာကျက်သည် တားမြစ်စွမ်းအင်လှိုင်းများ ထုတ်လွှတ်လာသည်။ ထိုအခင်းအကျင်းသည် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ လေးထံ၏။
ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါ၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်ရန်ချေပြီ။ စွေ့မိသားစု၏ ရွှေကျီးကန်းသတ်ဖြတ်ခြင်း အစီရင်နှင့် အလားသဏ္ဍန်ဆင်တူ၏။
ရီသွမ့်ဟဲသည် ဒေါသထွက်နေခဲ့ သော်ငြားလည်း သားသတ်သမားကို သတိထား ခဲ့သည်။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်မှုအစား အဝေးမှတိုက်ရန် ကြံရွယ်ထား၏။
ခန်းမကြီးသည် ကျယ်ပြောခြင်း မရှိသော်လည်း ကြယ်စွမ်းအင်များရေတံခွန် ကဲ့သို့ ပြိုကျလာကာ စုရီနှင့် သားသတ်သမား ရပ်နေသည့်နေရာကို လုံးလုံးလျားလျား ဖုံးအုပ်သွားသည်။
ထိုအခိုက်အတန့်တွင် ယွီရှစ်နှင့် ဧည့်သည်တော်များအားလုံး အသက်ရှူသံများ တိုးဖျော့ကုန်၏။
အဝေးမှပင် ဤဝင်္ကပါ၏ ပြင်းထန်သော စွမ်းအားသည် သူတို့၏ကျောရိုးကို ချမ်းတုန်လာ စေသည်။
“ နှမျောစရာပဲ ... ။ ”
ကျန့်ယင်လျူသည် တစ်သက်တွင် တစ်ကြိမ်သာ မြင်တွေ့ခွင်ရသော ဓားသမား တစ်ဦးကိုဆုံးရှုံးလိုက်ရသဖြင့် ရင်တွင်းမှ သက်ပြင်းချလိုက်တော့၏။
ဤသည်မှာ အရည်အချင်းအပေါ် လွန်ကဲစွာတွက်ဆခြင်း၏ အကျိုးဆက်ပေပင်။ ရီကျိရှန်နှင့် အနက်ရောင် ဝတ်စုံဝတ်ထားသည့် ကောင်မလေးသည် လုံးဝထိတ်လန့်သွား၏။
ဤဝင်္ကပါအမည်မှာ အနန္တကြယ်တာရာ သတ်ဖြတ်ခြင်း အစီရင်ဖြစ်သည်။ ၎င်းစွမ်းအား အပေါ် သူမတို့ အသိဆုံးဖြစ်၏။
တတိယာအကြီးအကဲ ရီသွမ့်ဟဲအနေဖြင့် ချက်ချင်းအသက်သွင်းကာ တိုက်ရိုက်သတ်ဖြတ် လိမ့်မည်ဟု မမျော်လင့်ထားချေ။
“ ဟမ့် ... ဘာတွေဖြစ်နေတာလဲ။ ”
သို့သော် လွဲမှားနေသည့်အရာတစ်ခုကို လူတိုင်းသတိပြုမိလာသည်။ ကြယ်အလင်းများ အတွင်း ပေါက်ကွဲမှုဖြစ်မလာဘဲ တိတ်ဆိတ်စွာ ပျောက်ကွယ်နေ၏။
“ ငါ့မျက်လုံးထဲမှာတော့ ဒီအနန္တ ကြယ်တာရာသတ်ဖြတ်ခြင်း ဝင်္ကပါဆိုတာ ကြယ်ကျောက်တုံးတွေထက် မပိုပါဘူး။ ”
“ ခရစ် ... ။ ”
ထို့နောက်တွင် လူအုပ်ကြီး၏ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်အောက်၌ ကြယ်အလင်းများသည် လက်ကြီးတစ်ဖက်ဖြင့် ဖျက်ဆီးခြင်းခံလိုက်ရ၏။
“ ဝုန်း ... ။ ”
များမကြာမီ ပြိုးပြိုးပြက်ပြက် လင်းလက်နေလျက် အလင်းလွှာများ ပြန့်ကာ ပြိုကျပေါက်ကွဲသွားပြီး သားသတ်သမားနှင့် စုရီပုံရိပ်ပေါ်လာသည်။
“ ဒါ … ။ ”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ရီသွမ့်ဟဲအမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး လုံးဝထိတ်လန့်သွားတော့၏။ ဤဝင်္ကပါသည် ရန်သူပေါင်းများစွာကို ခေတ်အဆက်ဆက် ရှင်းလင်းပေးခဲ့သည်။
တစ္ဆေဒိုမိန်းကြီး တစ်ခုလုံး၌ပင် ဧကရာဇ်များစွာအတွက် ကြောက်ရွံ့စေသော သေမင်းတမန် သတ်ကွင်းတစ်ခုပေပင်။
ယနေ့တွင် ဝိညာဉ်တာအိုနယ်ပယ် လူငယ်လက်တွင် မျက်စိတမှိတ်အတွင်းပြိုကျ သွားချေပြီ။ အဓိပ္ပါယ်မရှိချေ။ ထိုအချိန်တွင် သားသတ်သမားက မဆိုင်းမတွ လှုပ်ရှားလာ၏။
“ ဝှစ် ... ။ ”
သွေးညှီရနံ့များ လွှမ်းခြုံထားသော ရောင်ဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး နတ်ဆိုးမျောက်ဝံပုံသဏ္ဌန် ခပ်ဝါးဝါးပေါ်လာ၏။ ၎င်းပုံရိပ်သည် ခန်းမအပြည့် လွှမ်းမိုးလာသည်။
ယခုအချိန်တွင် သားသတ်သမားသည် သူ့အမည်၏ အဓိပ္ပါယ်ကို အပြည့်အဝပြသလာ တော့၏။ ဘိုးဘေးခန်းမသည်ပင် သွေးပင်လယ် အဖြစ် ဝိုးတဝါးခံစားလာရစေသည်။
“ ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ။ ”
***