← Chapters

အငိုက်ဖမ်းတိုက်ခိုက်ခြင်း ... ။   

Vol. 59 Ch. 704

အငိုက်ဖမ်းတိုက်ခိုက်ခြင်း ... ။   

Vol. 59 Ch. 704

ရီသွမ့်ဟဲခမျာ တုန်လှုပ်သွားသည်။ တောင်ပြိုကျပြီး ဆူနာမီတိုက်ခတ်လာသလိုမျိုး သားသတ်သမား၏ သတ်ပစ်လိုသော ရည်ရွယ်ချက် သူ့အပေါ် ပြိုကျလာ၏။

ထိုအချိန်တွင် ဦးရေပြားယားယံကာ အရေပြားများကိုက်ခဲလျက် သေစေနိုင်သော အန္တရာယ်ကို ခံစားလာခဲ့ရသည်။

“ ချိုးဖြတ် ... ။ ”

ရီသွမ့်ဟဲက အော်ငေါက်လိုက်သည်နှင့် ငွေဓားအလင်းသည် နက်နဲတာအိုနိယာမများ သယ်​ဆောင်လျက် ရေခဲနဂါးကဲ့သို့ ပေါ်လာ၏။ ရွှမ်ယုအဆင့် ဧကရာဇ်ရောင်ဝါသည်လည်း ကြောက်မက်ဖွယ် လိုက်ပါသွားသည်။

ဧကရာဇ်နယ်မြေအောက် မည်သူမဆို ဆုတ်ခွာကုန်ပြီး ဧကရာဇ်များပင် ကျင့်ကြံမှုကို အသက်သွင်းလိုက်ရ၏။

“ ဟမ့် ... ။ ”

တစ်ဖက်တွင် သားသတ်သမားက နှာခေါင်းရှုံ့လျက် သူ့လက်ဖဝါးဖြင့် ပုတ်ထုတ် လိုက်လေသည်။

ငွေရောင်ဓားအလင်းများ ပျက်ပြယ်လျက် ပေါက်ကွဲသံများ ပဲ့တင်ထပ်လာ၏။ ရီသွမ့်ဟဲ၏ အမူအရာ သိသိသာသာပြောင်းသွားသည်။

သူ မရွေ့လျားမီ အသားသတ်သမား၏ ရုပ်သွင်သည် ပြင်းထန်သောသတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်ဖြင့် ရှေ့သို့လှမ်းတက်လိုက်၏။

“ ဒူးထောက် ... ။ ”

သားသတ်သမားက သူ့လက်ကို မြှောက်လိုက်ပြီး ကြောက်မက်ဖွယ် နတ်ဆိုး ရောင်ဝါများဖြင့် ဖိနှိမ်သည်။

ထိုမြင်ကွင်းသည် နေမင်းကြီးကို တစ်စင်းကြွေကျလာသကဲ့သို့ လွှမ်းမိုးကြီးစိုးကာ လူတိုင်းကို တုန်လှုပ်သွားစေတော့၏။

မျှော်စင်အတွင်း နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သော ဤမျောက်အိုကြီးသည် ယခုကဲ့သို့ ကြောက်စရာကောင်းလိမ့်မည်ဟု မည်သူမျှ မထင်ထားချေ။

စုရီကသာ ငြိမ်သက်နေ၏။ လွန်ခဲ့သည့်နှစ်ပေါင်း (၃၀၀၀၀)ကျော်အချိန်က ဤသားသတ်သမားအမည်သည် သွေးဝိညာဉ် ဧကရာဇ်ဖြစ်သည်။

သာမာန် ရွှမ်ယုအဆင့် ကျွမ်းကျင်သူများအတွက် မော့ကြည့်ရန်ပင် အရည်အချင်း မပြည့်မီချေ။

“ ဖွင့် ... ။ ”

ပြင်းထန်စွာ ဟိန်းဟောက်လျက် ရီသွမ့်ဟဲ၏မျက်လုံးများ သွေးထွက်သံယို ဖြစ်ပေါ်လာသည်။

ဤမျှအရေးကြီးသော အခိုက်အတန့်တွင် ဝှက်ဖဲကိုမချန်ဝံ့ချေ။ အမြင့်ဆုံးသော တိုက်ပွဲဝင် စွမ်းအားကို ထုတ်လွှတ်လိုက်ရ၏။ ခရမ်းရောင် အလင်းများဖြာဆင်းလျက် ခရမ်းရောင် ဒိုမိန်းအဖြစ် ပေါင်းစပ်သွားသည်။

ခရမ်းရောင်ဒိုမိန်းအတွင်း မြွေတစ်ကောင်သဏ္ဍန်နှင့် ကြာပန်းမီးအိမ် တစ်လုံးတည်းသာ တည်ရှိ၏။

မြွေတစ္ဆေမျိုးနွယ်၏ ကာကွယ်ရေး အမွေတစ်ခုဖြစ်ပြီး ရှေးခေတ်မီးနဂါး၏မွေးရာပါ စွမ်းအားမှ သန့်စင်ထားခြင်းပေပင်။

ထိုမီးအိမ်သည် မဟာတာအိုကို ထောင်သွင်းအကျဉ်းချနိုင်ကာ ပြိုင်ဘက်ကင်း စွမ်းအားများ ပိုင်ဆိုင်ထားသည်။

ခရမ်းရောင် ဒိုမိန်းအတွင်း မြွေအသွင် ကြာပန်းမီးအိမ်သည် မီးနဂါး၏ မျက်ဝန်းကို ကိုယ်စားပြုသည်။

သေစေနိုင်သည့်အန္တရာယ်ကိုသာ မကြုံတွေ့ရသော် ဤနည်းစနစ်အပေါ် အသုံးပြုမည် မဟုတ်ချေ။

“ ဘုန်း ... ။ ”

ထိုအချိန်တွင် သွေးနေမင်းသည် ခရမ်းရောင်ဒိုမိန်းနှင့်တိုက်မိပြီး အကန့်အသတ်မဲ့ အဖျက်စွမ်းအားများ ထုတ်လွှတ်လာ၏။

ဘိုးဘွားခန်းမကြီးတစ်ခုလုံး ပြင်းစွာ တုန်လှုပ်သွားသည်။ ခန်းမအတွင်းရှိ ထိုင်ခုံများ၊ စားပွဲများ၊ ကုလားထိုင်များနှင့် ပရိဘောဂများ အားလုံးပေါက်ကွဲပြီး ပျောက်ကွယ်သွား၏။

ခန်းမကိုဝန်းရံထားသည့် တားမြစ် စွမ်းအားများပင် ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲလျက် လူအများထံ အေးစက်သော ချွေးများထွက်ပေါ်လာစေသည်။

“ ဝုန်း ... ။ ”

နောက်ဆုံးတွင် ကြာပန်းမီးခွက်နှင့် ထင်ယောင်ထင်မှားဖြစ်နေသော မြွေရုပ်သည် ကြောက်မက်ဖွယ်စွမ်းအားကို မခံနိုင်သဖြင့် ပေါက်ကွဲသွား၏။

“ အဟွတ် ... အဟွတ် ... ဝေါ့။ ”

အလင်းမိုးများကြားတွင် ရီသွမ့်ဟဲသည် လွတ်မြောက်ခြင်းမရှိဘဲ ကြမ်းပြင်ပေါ်ချက်ချင်း ဖိနှိပ်ခံခဲ့ရသည်။ သွေးချောင်းဆိုးကာ ဒူးထောက်ကျသွား၏။

သူ့မျက်နှာသည် နီရဲဖျော့ဖျော့လျက် မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်နေ ချေပြီ။

အခိုးအငွေ့များနှင့် ဖုန်မှုန့်များသည် ခန်းမကြီးအတွင်းလွှမ်းခြုံကာ ပျက်စီးသွားသည့် မြင်ကွင်းကြီး ပေါ်လာ၏။

လူတိုင်းသည် မျက်လုံးများ ပြူးကျယ်နေပြီးနောက် စကားမပြောနိုင်ခဲ့ဘဲ နှလုံးသားများ ခုန်ပေါက်ကုန်သည်။

တစ်ချက်တည်းဖြင့် ရွှမ်ယုအဆင့် ဧကရာဇ်အပေါ် ဖိနှိပ်သွား၏။ ထိုရလာဒ်မျိုး မည်သူမျှ မမျှော်လင့်ထားချေ။

“ ဒီလူက ဘယ်သူလဲ ... သူက ဘာလို့ဒီလောက် အစွမ်းထက်နေတာလဲ။ ”

ယွီရှီက အမူအရာ ပြောင်းသွားသည်။ သူသည် နတ်နန်းတော်၏ အကြီးအကဲဖြစ်ပြီး ရွှမ်ယုအဆင့် အကြီးအကဲတစ်ဦး ဖြစ်၏။

မရေမတွက်နိုင်သော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိမြင်ကွင်းသည် သူ့ကို ထိတ်လန့်တုန်လှုပ်စေဆဲပေပင်။

လူတိုင်း၏မျက်လုံးများတွင် ယခုအချိန်၌ သားသတ်သမားကြီးသည် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပြီး အရိုင်းမြေကိုးပါးရှိ ကျွမ်းကျင်သူများကို ရင်ဆိုင်နိုင်ချေ၏။

“ တကယ် အစွမ်းထက်တယ် ... ။ ”

အနက်ရောင်ဝတ်စုံဝတ် မိန်းကလေးက ညည်းညူလိုက်သည်။ ပင်မမိသားစုမှ ဖြစ်စေ၊ အကိုင်းအခက်မှဖြစ်စေ မြွေတစ္ဆေမျိုးနွယ်စု၏ အကြီးအကဲများအားလုံး အသက်ရှူရန် မေ့လျော့ကုန်၏။

ဤသည်မှာ သူတို့နယ်မြေဖြစ်ပြီး အနန္တကြယ်တာရာသတ်ဖြတ်ခြင်း အစီရင်ဖြင့် ဖုံးအုပ်ထားသည်။

သို့တိုင် တတိယအကြီးအကဲသည် ပြိုင်ဘက်၏ လက်ဖဝါး တစ်ချက်တည်းနှင့် ဒူးထောက်သွား၏။ ထိုသို့သောရလဒ်သည် ကြောက်မက်ဖွယ်ကောင်းသည်မှာ သေချာသည်။

“ နှစ်ပေါင်း (၃၆၀၀၀)အတွင်းမှာ ငါကျင့်ကြံမှုပိတ်မိနေပေမယ့် မင်းလိုလူမိုက်က ငါ့ရဲ့ပြိုင်ဘက်ဖြစ်လာတဲ့ အထိတော့ ယုတ်လျော့မနေသေးပါဘူး။ ”

သားသတ်သမားက အေးစက်စွာ ပြောကြားလိုက်သည်။

“ မင်းကို အရှင်လတ်လတ်ဖမ်းဖို့ ညွှန်ကြားထားတာမှ မဟုတ်ရင် မင်းကိုပါးရိုက် သတ်ပစ်လို့ရတယ်။ ”

အထွန်းအကွပ်မဲ့သော ထိုစကားသည် လူအုပ်ကြီး၏ကျောရိုးကို တုန်လှုပ်သွားစေခဲ့၏။ ရီသွမ့်ဟဲမှ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှက်စိတ်နှင့် ဒေါသများပြည့်နေခဲ့သည်။

မြွေတစ္ဆေမိသားစု၏ အကြီးမြတ်ဆုံး အကြီးအကဲတစ်ဦးအနေဖြင့် လူတိုင်းရှေ့တွင် ဒူးထောက်နေရခြင်းသည် သည်းမခံနိုင်သော အရှက်တရားတစ်ခုဖြစ်၏။

“ ငါ့ရဲ့ မြွေတစ္ဆေမျိုးရိုးကို အရှက်ခွဲနေတာလား။ ”

ရုတ်တရက် အခွဲမိသားစုမှ အကြီးအကဲတစ်ယောက်မှ အော်ဟစ်လာသည်။ သားသတ်သမားက လှည့်ကြည့်ကာ၊

“ မင်းကို ငါမှတ်မိတယ် ... မင်းရဲ့ ပါးစပ်တစ်ပေါက်က မင်းအတွက်ဘေးဥပဒ်ပဲ အရင်က တာအိုစုအပေါ် ဆဲဆိုကြိမ်းမောင်း နေခဲ့တာ ငါ့မမေ့ဘူး။ ”

စကားဆုံးသည်နှင့် လက်ဖဝါး တစ်ချက်ရိုက်ချလိုက်သည်။ အဘိုးအိုခမျာ ချက်ချင်းပေါက်ကွဲသွားပြီး အသွေးအသားများ နေရာအနှံ့ ပျံ့လွင့်ကုန်၏။ ဝိညာဉ်ပင် မကျန်ခဲ့ချေ။

ဤတိုက်ခိုက်မှုသည် တစ္ဆေမြွေမျိုးနွယ် အခွဲမိသားစုဝင် အကြီးအကဲများကို ကြောက်ရွံ့ ထိတ်လန့်စေကာ စိတ်မသက်မသာ ဖြစ်လာစေသည်။

“ ကောင်းပြီ ... မင်းရဲ့ အထီးကျန် နာကျည်းမှုတွေကို ပြေငြိမ်းဖို့ အဲဒီရွံရှာဖွယ် လူယုတ်မာကိုသတ်ခြင်းနဲ့ ကျေနပ်လိုက်ပါ။ ”

စုရီက အမိန့်ပေးလိုက်သည်။ သားသတ်သမားမှ ခေါင်းတညိတ်ညိတ်ဖြင့်၊

“ ဒါ အကောင်းဆုံးပဲ။ ”

-ဟု တုန့်ပြန်၏။

သားသတ်သမားကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်မှ ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ယောက် စကားများကို နားထောင်နေချေပြီ။ ထိုမြင်ကွင်းသည် စိတ်ရှုပ်ထွေးစရာဖြစ်၏။

ဤအခိုက်အတန့်တွင် ရီကျိရှန်နှင့် အနက်ရောင်ဝတ်စုံဝတ်ထားသော ကောင်မလေးသည် စုရီ၏ယုံကြည်မှုရင်းမြစ်ကို သိရှိသွားခဲ့သည်။

တစ်ဖက်တွင် ယွီရှစ်၏နှလုံးသားသည် ရှုပ်ထွေးသောခံစားမှုများဖြင့် ပြည့်နှက်လာ တော့၏။

သူသည် တစ်ဖက်လူကို နှိပ်စက် ညှဉ်းပန်းခြင်းမခံရအောင် အလျှော့အတင်း လုပ်ရန် ကြိုးစားခဲ့ဖူးသည်။ ယခုအချိန်၌ သူ့လုပ်ရပ် မည်မျှရယ်စရာကောင်းမှန်း နားလည်လိုက်၏။

“ မင်းအလှည့်ပဲ ... ။ ”

စုရီက ရုတ်တရက် ကျန့်ယင်လျူထံ လှည့်ကြည့်ကာ၊

“ မြွေတစ္ဆေမျိုးနွယ်ရဲ့ အတွင်းရေး ပဋိပက္ခတွေမှာ မင်းလည်း ရှုပ်ထွေးပွေလီစွာ ဆက်စပ်နေတယ် ... ယခု မင်းဘာတွေ ကြံစည်နေတယ်ဆိုတာ ငါ့ကိုဘာလို့ မပြောသေးတာလဲ။ ”

-ဟု မေးမြန်းတော့သည်။

ကျန့်ယင်လျူတစ်ယောက် အနည်းငယ်တုန်ခါသွား၏။ အခြေအနေသည် သူမအတွက် ဆိုးရွားလာချေပြီ။

အရေးကြီးသည်မှာ ရီသွမ့်ဟဲသည် ကြေကွဲဖွယ်ရာ ရှုံးနိမ့်မှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။ တားမြစ်ဝင်္ကပါပင် အသုံးမဝင်လှချေ။ ဤအရာအားလုံးသည် စိတ်ပျက်အားငယ် သွားစေသည်။

“ ဟမ့် ... ဒီအခမ်းအနားကို သက်သေခံဖို့ အတွက် ငါတို့ကိုဖိတ်ခေါ်ထားတာပဲ ... ငါတို့မှာ ယုတ်မာတဲ့ ရည်ရွယ်ချက်မရှိဘူး၊ ကောင်လေး မင်းရဲ့စကားကို ဆင်ခြင်ပါ။ ”

ကျန့်ယင်လျူဘေးမှ ကောက်ရိုး ဝတ်စုံဝတ်အဖိုးအိုမှ တုန့်ပြန်၏။ လက်ရှိအချိန် ၌ပင် သူသည်တည်ငြိမ်နေပြီး ယုံကြည်ချက် ရှိနေသေးသည်။

သူ့နောက်တွင် ဓားခန်းမနှင့် ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ ရှိလေသည်။ ထိုစဉ် စုရီမှ သားသတ်သမားထံ လှည့်ကြည့်ကာ၊

“ သူ့ကို အရှင်ဖမ်းဖို့ မလိုဘူး။ ”

-ဟု ခွင့်ပြုချက်ပေးလိုက်၏။

“ ကောင်းပြီ ... ။ ”

သားသတ်သမားက ခေါင်းညိတ်သည်။ ကောက်ရိုးဝတ်ရုံဝတ်အဖိုးအိုခမျာ အံ့အားသင့် သွားပြီး မယုံနိုင်လောက်အောင် ဖြစ်သွား၏။

“ ဒီလိုလုပ်တာရဲ့ အကျိုးဆက်ကို မင်းသိလား။ ”

“ ဝှစ် ... ။ ”

“ ဘန်း ... ။ ”

သူ့စကားမဆုံးခင် သားသတ်သမားက လက်ဖဝါးဖြင့် ရိုက်သတ်လာ၏။ အဖိုးအိုခမျာ သူယုံကြည်ထားသောနောက်ခံသည် အသုံး မဝင်ကြောင်း အသိနောက်ကျသွားချေပြီ။

တခဏချင်းမှာပင် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး ဝိညာဉ်ပျက်သုဉ်းသွားသည်။ ရွှမ်ကျောက် အလယ်အလတ်အဆင့်နှင့် ရွှမ်ယု နှောင်းပိုင်းအဆင့်ကြား ကွာဟချက်သည် ကြီးမားလွန်းချေပြီ။

ခန်းမသည် တိတ်ဆိတ်သွားတော့၏။ လူတိုင်းသည် တုန်လှုပ်ချောက်ချားကုန်ကြပြီး ကျောရိုးတလျှောက် အေးစက်သွားသည်။

ဓားနန်းတော် အကြီးအကဲတစ်ဦးသည် ဤနည်းဖြင့်အသတ်ခံရပြီး ထူးကဲသောနောက်ခံ အဆင့်အတန်းသည် လုံးဝအသုံးမဝင်ကြောင်း လူတိုင်းသိရှိလာစေ၏။

တစ်ဖက်တွင် ထိုမြင်ကွင်းကြောင့် ရီသွမ့်ဟဲသည် အလွန်ထိတ်လန့်သွားပြီး မျက်နှာ ဖြူပြာကျသွားသည်။

မူလက ကျန့်ယင်လျူနှင့် ဓားခန်းမ အကြီးအကဲသည် ကစားပွဲအပေါ် ပြောင်းနိုင် လိမ့်မည်ဟု သူမျှော်လင့်ထားခဲ့၏။

ယခုမူ စိတ်ပျက်အားငယ်ခြင်းနှင့် အကူအညီမဲ့ခြင်းမှလွဲ၍ ဘာမှမရှိခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန့်ယင်လျူ၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး စိတ်ပျက်လက်ပျက် ဖြစ်လာသည်။

သူမသည် ရွှမ်ကျောက် အလယ်အလတ်အဆင့် ကျင့်ကြံမှုသည်သာ ရှိသော်လည်း ပင်းမို၏တပည့်တစ်ဦးအနေဖြင့် သွားလေရာ လေးစားခံခဲ့ရ၏။

မရဏကမ္ဘာတစ်ခုလုံးသည် သူမကို ရန်စရန်ခဲယဉ်းသည်။ ထို့ကြောင့် သူမကိုယ်သူမ အလွန်ယုံကြည်မှုရှိပြီး မည်သူ့ကိုမျှ မကြောက်ရွံ့ခဲ့ချေ။

သို့သော် စုရီနှင့် သားသတ်သမားရှေ့တွင် ထိုအဆင့်အတန်းနှင့် နောက်ခံများသည် လုံးဝ အသုံးမဝင်ကြောင်း သိရှိလာ၏။

“ ကဲ ... မင်းရဲ့ရည်ရွယ်ချက်တွေကို ပြောပြနိုင်မလား။ ”

စုရီက ထပ်မေးသည်။ ဘိုးဘွား နန်းဆောင်သို့ ဝင်ရောက်သောအသွင်အပြင် အတိုင်း လုံးဝတည်ငြိမ်နေ၏။

ထိုစဉ်က စုရီသည် မရေမတွက်နိုင်သည့် လူအများထံမှ ရှုတ်ချခံခဲ့ရသော်လည်း လုံးဝ ယိမ်းယိုင်သွားခြင်း မရှိချေ။ ကျန့်ယင်လျူက အသက်ပြင်းပြင်းရှူလျက်၊

“ ကောင်းကင်လှိုဏ်ဂူရဲ့ တပည့်တွေထဲ သေမှာကြောက်တဲ့လူ တစ်ယောက်မှ မရှိဘူး အခုလည်းမရှိဘူး ... ဘယ်တော့မှလည်း ရှိလာမှာမဟုတ်ဘူး။ ”

-ဟု ပြောကြားလိုက်၏။

သူမအဖြေကြောင့် စုရီတစ်ယောက် မျက်ခုံးပင့်လျက် ရင်ထဲလှုပ်လှုပ်ရွရွ ဖြစ်လာ၏။ ထိုစဉ် ကျန့်ယင်လျူသည် ရှေ့တစ်လှမ်းတိုးပြီး စုရီအပေါ် ဖမ်းဆွဲလိုက်တော့သည်။

သူမနှင့် စုရီသည် ဆယ်ပေမျှသာ ဝေးကွာလွန်းသဖြင့် ယုံကြည်ချက်ရှိလေသည်။ ထိုအချိန်၌ ဤလူငယ် ဆက်၍ မောက်မာ နေဦးမည်လောဟု ကြည့်ချင်၏။

***

All Chapters