မြေးတပည့်အပေါ် ကရုဏာပြခြင်း ... ။
Vol. 59 Ch. 707
စုရီနှင့် သားသတ်သမား လှမ်းထွက်လာသည်ကို မြင်လိုက်ရသောအခါ အစောင့်များ လှုပ်လှုပ်ရွရွဖြစ်ကုန်သည်။
ခန်းမအတွင်း ဖြစ်ပျက်ခဲ့သမျှကို သူတို့အားလုံးမြင်နိုင်ကြားနိုင်ပြီး ဘိုးဘေးသည် ဤလူငယ်အပေါ် လေးစားကြောင်းသိရှိ၏။
ထိုအခြေအနေမျိုးတွင် မည်သူသည် တားဝံ့မည်နည်း။ တုရုံသည် တုန်လှုပ်စွာဖြင့် ငေးကြည့်နေမိ၏။
ထိုစဉ်က ရတနာသင်္ဘောပေါ်တွင် စုရီ၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်း နေကြောင်းသာ မြင်တွေ့ခဲ့ရသည်။ ယခုမူ သူ ထင်ထားသည်ထက်ပင် သာလွန်နေ၏။
ရီကျင်းကို သတ်လိုက်သောမြင်ကွင်းမှာ မယုံနိုင်စရာပေပင်။ အဖိုးကြီးဆယ့်သုံးသည် လူအုပ်ထဲ ချက်ချင်းပုန်းတော့၏။
ညာလက်ကိုဆုပ်ကိုင်ကာ ခေါင်းငုံ့လျက် တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်နေသည်။ ဤအရပ်သည် မျှော်စင်မဟုတ်သဖြင့် မည်သူမျှ မကာကွယ်နိုင်ကြောင်း တစ်ဖက်လူအပေါ် သူ ခြိမ်းခြောက်ခဲ့ဖူးသည်။
ယခုမူ မျှော်စင်ပိုင်ရှင် ရောက်ရှိလာရုံသာမက ဘိုးဘေးကြီးသည်ပင် တစ်ဖက်လူကို အလွန်ရိုသေနေ၏။ သူ့အတွက် မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။
ရီကျင်းကို သတ်လိုက်တည်းကပင် သူ့အတွက်မျှော်လင့်ချက် မရှိတော့ကြောင်း နားလည်ထားလေသည်။
ဆိုလိုသည်မှာ စုရီသည်သာသတ်ရန် ဆန္ဒရှိသော် မျှော်စင်ပိုင်ရှင်အကူအညီမလိုမှန်း မြင်သာနေ၏။ သူ မသေချင်သေးချေ။
ထို့ကြောင့် တစ်ဖက်လူ မမြင်နိုင်ရန် လျစ်လျူရှုခြင်းကို ခံရလိုသောဆန္ဒများဖြင့် လူအုပ်ထဲ ပုန်းနေလိုက်ခြင်းဖြစ်၏။
သို့သော် သူ့ဆုတောင်း မပြည့်ချေ။ ကံဆိုးစွာဖြင့် လူရိပ်တစ်ရိပ်သည် သူ့ရှေ့သို့ တည့်တည့် ရောက်ရှိလာ၏။ နှလုံးတစ်ခုလုံး ရေခဲတုံးကြီး ဖြစ်သွားလေသည်။
“ ငါ့စကားတွေ အကျုံးဝင်နေတုန်းပဲ ... မင်းကြိုးစားချင်လား။ ”
စုရီက မေးသည်။ အဖိုးအိုဆယ့်သုံးခမျာ အေးစက်တောင့်တင်းသွားကာ ခေါင်းငုံ့လျက်၊
“ ဓားအင်မော်တယ်တစ်ပါးက ... ပုရွက်ဆိတ်ကိုမသတ်ကြောင်း ယုံကြည်ပါတယ် ဒီအဖိုးကြီးမျက်စိကန်းပြီး မိုက်မဲတာမို့ ...
... ပုရွက်ဆိတ်တစ်ကောင် ထက်တောင်နိမ့်ကျပါတယ် သနားကြင်နာပေးဖို့ တောင်းပန်ပါတယ်။ ”
-ဟု ချက်ချင်း တောင်းပန်၏။ သားသတ်သမားက စိတ်ပျက်သွားပြီး၊
“ ဒီကောင်က တကယ့်ကို သူရဲဘောကြောင်တယ်။ ”
-ဟု မှတ်ချက်ပေးသည်။
ဤမြင်ကွင်းကိုမြင်လျှင် စုရီသည် ငြီးငွေ့လာပြီးနောက် ဘိုးဘွားနန်းဆောင်ကို လက်ညှိုးထိုးပြကာ၊
“ သွား ... မင်းရဲ့ပြစ်ဒဏ်ကိုခံယူပါ။ ”
-ဟုပြောကြားလိုက်၏။
“ ဟုတ်ကဲ့ ... ။ ”
အဖိုးကြီးဆယ့်သုံးက ကြောက်ရွံ့စွာ သဘောတူလိုက်လေသည်။ စုရီသည် ထိုလူကို မကြည့်တော့ဘဲ လက်နှစ်ဖက်နောက်ပို့ကာ လူအုပ်ကြား လျှောက်လှမ်းသွားတော့၏။
ဘိုးဘေးနန်းဆောင်နှင့် မဝေးကွာလှသောအရပ် ချောက်ကမ်းပါးစွန်း၌ ထင်းရှူးပင်ကြီးများ ပြည့်နှက်နေသည်။
မြင်ကွင်းသည် စိမ်းလန်းစိုပြေနေပြီး ရေတံခွန်များကျဆင်းလျက် တိမ်ပင်လယ် အောက်တွင် အေးချမ်းနေချေပြီ။
တောင်လေများ တိုက်ခတ်လာသဖြင့် တိမ်ပင်လယ်ကြီးသည် တရွေ့ရွေ့လူးလွန့်ကာ အလွန်ခမ်းနားလှပနေ၏။
စုရီသည် ထိုနေရာတွင်ရပ်နေကာ ကျောက်စိမ်းရောင်ဝတ်ရုံ တဖျပ်ဖျပ်ခတ်လျက် ဆံပင်များဝဲပျံနေသည်။
ခံစားချက်သည် ရင်ဘတ်ဟောင်းလောင်း ပွင့်သွားသကဲ့သို့ နှလုံးသားတစ်ခုလုံး လန်းဆန်း လာတော့၏။
ဘိုးဘွားခန်းမအတွင်း ပဋိပက္ခများနှင့် နှိုင်းယှဉ်သော် ဤနေရာရှိ သဘာဝတရားသည် ပရဒိသုခဘုံဖြစ်စေသည်။ သားသတ်သမားက မလှမ်းမကမ်းတွင်ရပ်နေကာ၊
“ ဘီလူးစု ... ဒီနေ့ မင်းဒီလောက်အထိ ကြင်နာတတ်မှန်း ငါမသိခဲ့ဘူး။ ”
-ဟု မှတ်ချက်ပေးသည်။ စုရီက အဝေးသို့ငေးကာ၊
“ ဒီလိုအရေးမပါတဲ့ ဘဝတွေကို သတ်ပစ်လိုက်တာက သစ်ရွက်ကလေးအတွက် စိတ်မကောင်း မဖြစ်စေချင်ဘူး။ ”
သားသတ်သမားက ခေါင်းညိတ်သည်။ ၎င်းအကြောင်းရင်းကို သူ မှန်းဆနိုင်၏။ သူက ခဏစဉ်းစားပြီးနောက်၊
“ မင်းဒီကိုလာတာ မင်းဓားကိုပြန်ယူဖို့လား။ ”
-ဟု မေးသည်။ စုရီက ခေါင်းညိတ်၏။
ယနေ့ရောက်ရှိလာရခြင်း၏ တတိယကိစ္စသည် စကြာဝဠာနှလုံးသားဓားကို သဘာဝအတိုင်း ယူရန်ဖြစ်သည်။
“ ဒါဆို မင်းအလုပ်တွေပြီးသွားပြီမို့ ငါ့အတွင်းနတ်ဆိုးကို ရှင်းလင်းပေးသင့်ပြီ မဟုတ်လား။”
သားသတ်သမားက သတိကြီးစွာ တိုးတိုးလေးပြောသည်။ စုရီမှ ခေါင်းညိတ်ပြီး အမှန်ပဲ- ဟုဆိုလိုက်၏။
သို့မှသာ သားသတ်သမားသည် သက်ပြင်းချလျက် သက်သာရာရသွားသည်။ မျက်ဝန်းများ၌ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများ ပေါ်လာ၏။
နှစ်ပေါင်း (၃၆၀၀၀)တိုင်အောင် ပိတ်မိနေခဲ့ပြီး စိတ်ပျက်အားငယ်လုနီးပါး ဖြစ်လာချိန်၌ မျှော်လင့်ချက် မီးရောင် တလက်လက်ကို မြင်လိုက်ရခြင်းပေပင်။
***
ကြာပန်းတောင်ထိပ် ဘိုးဘွားခန်းမ။
“ ရီသွမ့်ဟဲ မင်းက အပြင်လူတွေနဲ့ ပူးပေါင်းပြီး မျိုးနွယ်စုခေါင်းဆောင် ရာထူးကို ကြံစည်ဖို့ သတ္တိရှိလား။ ”
“ ဦးလေး ... အောင်နိုင်သူကဘုရင်ပဲ ငါရှုံးနိမ့်တာကိုဝန်ခံနိုင်ပါတယ် မျိုးနွယ်စုရဲ့ ပြစ်ဒဏ်ကို လက်ခံဖို့ ဆန္ဒရှိတယ်။ ”
ရီရွှမ်က မျက်မှောင်ကြုတ်ပြီး၊
“ ငါမင်းကို အကြောင်းပြချက် မေးနေတယ်။ ”
-ဟု ထပ်မေးသည်။ ရီသွမ့်ဟဲမှ နှုတ်ဆိတ်နေ၏။ ကျန့်ယင်လျူက ရုတ်တရက်၊
“ ငါပြောပြနိုင်တယ်။ ”
-ဟု ဝင်ရောက်ပြောကြားလာသည်။ အားလုံးက ချက်ချင်းပင် သူမကို လှည့်ကြည့်၏။
“ ရီသွမ့်ဟဲ ခေါင်းဆောင်အသစ် ရွေးချယ်ချင်ရတဲ့ အကြောင်းရင်းက ... မင်းရဲ့ မျိုးနွယ်စု လုံခြုံရေးအတွက်ပဲ ...
... သူက ငါ့ဘိုးဘေးဓားကို အလဲအလှယ်အနေနဲ့သုံးပြီး မြွေတစ္ဆေမျိုးရိုးကို ကူညီဖို့ ကမ်းလှမ်းခဲ့တာပါ။ ”
ယင်းသည် နောင်လာမည့် ကာလအနည်းငယ်အတွင်း မြွေတစ္ဆေမျိုးနွယ် ကြုံတွေ့ရမည့် ဘေးဒုက္ခများကို ဖြေရှင်းပေး ရမည်ဟု ကတိတောင်းခဲ့ခြင်းဖြစ်၏။
သူမစကားကြောင့် လူတိုင်း အံ့ဩသွားတော့သည်။ ရီရွှမ်တစ်ယောက် မျက်မှောင်ကြုတ်ပြီး၊
“ ဒါအမှန်လားလား ... ။ ”
-ဟု မေး၏။
“ ယင်ယန်လမ်းပျက်စီးသွားပြီး ဘိုးဘေးရီယုပိတ်မိခဲ့တယ် မဟာအကြီးအကဲက စုံစမ်းဖို့ထွက်ခွာသွားပါတယ် စီနီယာအစ်ကို ချင်းဟယ်ကလဲ တံခါးပိတ်ကျင့်ကြံနေတယ် ...
... ဒီလိုအခြေအနေမှာ ရွှမ်ယုအဆင့် ကျွမ်းကျင်သူဆိုလို့ ဒီအဖိုးကြီးတစ်ဦးတည်းသာ ကျန်ရှိပါတော့တယ် ဒါကြောင့် ပြင်ပရန်သူတွေ အခွင့်အရေးယူ တိုက်ခိုက်လာနိုင်တဲ့ အခြေအနေကို စိုးရိမ်နေရပါတယ် ...
... ပြီးတော့ နတ်ဓားရှင်ရွှမ်ကြွယ်က လွန်ခဲ့တဲ့နှစ်ငါးရာကျော်က ဆုံးပါးသွားခဲ့တာမို့ ငါတို့မျိုးနွယ်စုမှာထားခဲ့တဲ့ သူ့ဓားကို သူ့တပည့်တွေဆီ ပြန်ပေးသင့်တယ်လို့ ထင်ပါတယ် ဒါကြောင့် ဒီနေ့ကျန့်ယင်လျူနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာပါ။ ”
မျိုးနွယ်စုခေါင်းဆောင်အသစ်ကို ရွေးချယ်ခြင်းဖြင့် ဘိုးဘေးတံဆိပ်လေးခုအပေါ် ပြန်၍စုစည်းနိုင်ကာ တားမြစ်နယ်မြေအတွင်း ဝင်ရောက်လျက် ဓားပြန်ယူနိုင်ပေမည်။
“ ဒါဆို မင်းဘာလို့ ရီတျန်ချီကို သတ်ခိုင်းတာလဲ။ ”
“ ဝန်ခံပါတယ် ... ဘိုးဘွားတံဆိပ်ကို စုဆောင်းဖို့ အလျင်လိုနေတာမို့ အမှားလုပ်မိခဲ့ပါတယ်။ ”
“ ဟမ့် ... မင်းရဲ့ရည်ရွယ်ချက်က ကောင်းနိုင်ပေမယ့် မင်းလုပ်ခဲ့တဲ့လုပ်ရပ်တွေက လုံးဝစက်ဆုပ်ရွံရှာဖွယ် ကောင်းတယ် ... ဒီလို မိုက်မဲတဲ့ လုပ်ရပ်ကြောင့် မိသားစုအတွင်း ဘေးဆိုးတွေ ဖြစ်ပေါ်လာစေနိုင်တယ် ...
... ဒါ့ပြင် ကျန့်ယင်လျူက မင်းကို လိမ်နေတာမဟုတ်ဘူးလို့ မင်းဘယ်လိုယုံလဲ ဒီဓားကို သူခိုးယူသွားရင် ... ငါ့အစ်မကို ဘယ်လိုရှင်းပြမလဲ။ ”
ရီသွမ့်ဟဲတစ်ယောက် စကားမပြောနိုင်တော့ချေ။ ကျန့်ယင်လျူက မျက်မှောင်ကြုတ်ကာ အလိုမကျဟန်ဖြင့်၊
“ ငါက ကောင်းကင်လှိုဏ်ဂူရဲ့ တပည့်တစ်ယောက်ပဲ ငါ့ဂိုဏ်းဘိုးဘေးရဲ့ဓားကို ငါယူတာက ဘယ်လိုလုပ်ခိုးယူသွားတယ် ယူဆနေတာလဲ။ ”
-ဟု မေးခွန်းထုတ်၏။ ရီရွှမ်မှ အေးစက်စွာတစ်ချက် ပြန်ကြည့်လိုက်ပြီး၊
“ မင်းရဲ့သခင် ပင်းမိုကသစ္စာဖောက်ပဲ .. လွန်ခဲ့တဲ့နှစ်ငါးရာက မင်းဘိုးဘေးအပေါ်ကို သစ္စာဖောက်ခဲ့တယ်။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားကြောင့် လူတိုင်း တုန်လှုပ်သွားသည်။ ပင်းမိုသည် သစ္စာဖောက် တစ်ယောက်သည်လော။ ဤအချင်းအရာကို အဘယ့်ကြောင့် သူတို့ မသိကြသနည်း။
အထူးသဖြင့် ကျန့်ယင်လျူခမျာ မည်းမှောင်သွားပြီး ရှက်ဒေါသများထွက်လာ၏။ တစ်ဖက်လူသည် လူအများရှေ့၌ သူမဆရာကို အရှက်ခွဲနေချေပြီ။
“ နင် မဟုတ်တာ မပြောနဲ့ ... ငါ့သခင်လိုလူက ဂိုဏ်းကိုဘယ်လိုလုပ်ပြီး သစ္စာဖောက်နိုင်မှာလဲ။ ”
“ မင်းကိုရှင်းပြဖို့ ငါပျင်းလွန်းတယ် မယုံလည်း မင်းသဘောပဲ။ ”
ထို့နောက် ရီရွှမ်က သူမအပေါ် လျစ်လျူရှုလျက် ရီချင်းဟယ်ထံကြည့်လိုက်ကာ၊
“ ရီသွမ့်ဟဲကို ... အရင်ဆုံး ထောင်သွင်း အကျဉ်းချထားလိုက်ပါ ငါ့အစ်မပြန်လာရင် သူ့ ကံကြမ္မာကို ဆုံးဖြတ်လိမ့်မယ်။ ”
-ဟု အမိန့်ပေးလိုက်သည်။
ရီချင်းဟယ်မှ ခေါင်းညိတ်လိုက်ပြီး ရီရွှမ်၏အမိန့်ကို ချက်ချင်း ဖေါ်ဆောင်တော့၏။ အဖိုးကြီးဆယ့်သုံးသည်လည်း ကျန်ရစ်ခြင်း မရှိချေ။ ရီသွမ့်ဟဲနဲ့အတူ ထောင်သွင်း အကျဉ်းချခြင်း ခံလိုက်ရလေသည်။
ရှင်းတျန်မှာ လွတ်မြောက်သွား၏။ ကျန့်ယင်လျူအတွက်မူ စုရီထံသို့ ပို့ဆောင်စေ လိုက်သည်။ အခန်းအတွင်း ပိတ်လှောင်ခြင်း ခံထားရသော အခွဲမိသားစုခေါင်းဆောင် ရီတျန်ချီမှာ လွတ်မြောက်လာခဲ့၏။
ဖိတ်ကြားထားသော ဧည့်သည်တော်များသည် တဖြည်းဖြည်း ပြန်လည် ထွက်ခွာသွားကြသည်။ ပင်းမိုသည် သူ့ဆရာအပေါ် သစ္စာဖောက်သည့် သတင်းမှာ မကြာခင်ပျံ့နှံ့သွားတော့မည်ဖြစ်၏။
မည်သို့ပင် ဆိုစေကာမူ ယနေ့တွင် မြွေတစ္ဆေမိသားစုအတွင်း ဖြစ်ပျက်ခဲ့သမျှ မငြိမ်မသက်မှုများ ပြီးဆုံးသွားချေပြီ။
သို့သော် မြွေတစ္ဆေမြွေမျိုးနွယ်စုရှိ လူတိုင်း၏စိတ်ထဲတွင် လေးနက်သောမေးခွန်း တစ်ခု ထွက်ပေါ်လာ၏။ ယင်းသည် စုရီ၏ မူလဖြစ်ချေပြီ။
ထိုကျောက်စိမ်းရောင်ဝတ် လူငယ်ကား မည်သူနည်း။ အဘယ့်ကြောင့် ဤမျှ နက်ရှိုင်းစွာ ပါဝင်နေနိုင်သနည်း။ မည်သူမျှ မဖြေနိုင်ချေ။
တောင်ထိပ်တစ်ခုတွင် ကျန့်ယင်လျူသည် မတ်တပ်ရပ်လျက် ခေါင်းငုံ့ကာ စုရီမေးမြန်းမှုကို ခံယူရန် စောင့်ဆိုင်းနေ၏။
စုရီကဝိုင်ပုလင်းကိုကိုင်ကာ ကုလားထိုင်ပေါ်တွင်ထိုင်လျက် အတွေးပျောက် ဟန်ဖြင့် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည်။
အဆုံးတွင် ဝိညာဉ်တာအိုနယ်ပယ် လူငယ်ထံမှ ဖိနှိပ်မှုအငွေ့အသက်ကို မခံနိုင်ဘဲ ကျန့်ယင်လျူက စကားစပြော၏။
“ သေခြင်းဆိုတာ မြေပြင်ပေါ်ကို ဦးခေါင်းပြုတ်ကျသွားတဲ့ကိစ္စပဲ မင်းဘာကို အချိန်ဆွဲနေတာလဲ လုပ်ပါ။ ”
သူမသည် တရားစီရင်ခြင်းကို စောင့်မျှော်နေသော အကျဉ်းသားတစ်ဦးလို ခံစားနေရသည်ကို မကြိုက်ချေ။ အမြန်ဆုံး အဆုံးသတ်လို၏။
စုရီတစ်ယောက် သတိပြန်ဝင်လာပြီး နူးညံ့သောအသွင်အပြင်မျိုးဖြင့် အမျိုးသမီးထံ လှည့်ကြည့်ကာ၊
“ ကောင်းပြီ၊ မင်းသွားတော့ ... ။ ”
-ဟု ပြောကြားလိုက်၏။
ကျန့်ယင်လျူမှ အံ့အားသင့်သွားကာ သူမနားကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွား လေသည်။
အချိန်အတော်ကြာ တိတ်ဆိတ် သွားပြီးနောက် ကျန့်ယင်လျူသည် ခိုင်မာမှုနှင့် ဆုံးဖြတ်ချက်များ ထင်ရှားလာစေ၏။
“ ကောင်းပြီ ... မင်းငါ့ကို လွှတ်ပေးရင်ခဲ့တောင်မှ ... ငါ့ဘိုးဘေးဓားကို မြွေတစ္ဆေမျိုးနွယ်စုကနေ ပြန်ယူဖို့ လက်လျှော့မှာ မဟုတ်ဘူး။ ”
“ မင်းမှာ အခွင့်အရေး မရှိတော့ဘူး ... ဒီနေ့လာရတဲ့ ငါ့ရဲ့တတိယရည်ရွယ်ချက်က ဒီဓားကိုယူဖို့ပဲ။”
စုရီက ပေါ့ပေါ့ပါးပါး တုန့်ပြန်၏။ ထိုစကားကြောင့် ကျန့်ယင်လျူခမျာ ခန္ဓာကိုယ် တောင့်တင်းလာပြီး အံကြိတ်လျက်၊
“ မင်း ငါ့ဘိုးဘေးဓားကို ... ဒီနေ့ ယူသွားခဲ့ရင်တောင် အနာဂတ်မှာ ငါဂိုဏ်း အတွက် ပြန်ယူမယ်။ ”
-ဟု ပြတ်သားစွာ ကြေငြာ၏။
“ ဟမ့် ... ဒါအနာဂတ်ပဲ၊ အခု ငါစိတ်ပြောင်းမသွားခင်မှာ မင်းအမြန်ဆုံး ထွက်သွားသင့်နေပြီ။ ”
“ မင်း ... ငါ့ကို တကယ်မသတ်ဘူးလား။ ”
သူမရှေ့ရှိ ကျောက်စိမ်းရောင် ၀တ်စုံဝတ်ထားသောလူငယ်သည် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်နေ၏။ ထိုသူအတွေးများကို နားလည်ရခက်ကာ မြူခိုးကဲ့သို့ မမြင်နိုင်ချေ။
“ ကောင်းပြီ .. မင်းတစ်နေ့မှာ ငါ့လက်ထဲပြုတ်ကျလာခဲ့ရင်တောင် မင်းကို လွတ်လမ်းငါပေးပါ့မယ်။ ”
ထိုသို့ပြောကြားပြီးနောက် သူမ လှည့်ထွက်သွားသည်။ ကြာပန်းတောင်ထိပ်မှ ထွက်ခွာစဉ် မည်သူမျှ မတားဆီးခဲ့သဖြင့် တကယ်ပင် လွှတ်လိုက်ကြောင်းကို နားလည်လာတော့၏။
“ ဒီကိစ္စအတွက် ငါအရိုင်းမြေကို ပြန်ပြီး ဆရာနဲ့တွေ့သင့်ပြီ။ ”
ထိုအချိန်တွင် သားသတ်သမားက တောင်ထိပ်၌ ပြန်ပေါ်လာပြီး၊
“ ဘီလူးစု ... ပင်းမိုကိုဆွဲဆောင်ဖို့ အဲဒီကောင်မလေးကို ပြန်လွှတ်လိုက်တာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ပင်းမို မလာပါဘူး ... ဒါပေမယ့် ဒီသတင်းကြားရင် သူဘာဆက်လုပ်မလဲဆိုတာ ငါသိချင်နေတယ်။ ”
စုရီမှ တည်ငြိမ်စွာတုန့်ပြန်သည်။
“ မင်းတပည့်ပင်းမို ဘာလို့မလာတာလဲ။ ”
သားသတ်သမားက အံ့ဩသွား၏။
“ သူသာ အရိုင်းမြေကိုးပါးကနေ ခြေတစ်လှမ်းထွက်ဝံ့ရင် ရွှမ်ကြွယ်မဟာမိတ်ရဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ သူ့ညီမရဲ့ တိုက်ခိုက်ရှင်းလင်းမှုကို ခံရလိမ့်မယ် ... ဒါကြောင့် သူ ဒီအန္တရာယ်ကို မခံဝံ့ဘူး။ ”
သားသတ်သမား၏ မျက်လုံးများ ချက်ချင်းပင် သိမ်မွေ့လာကာ၊
“ မင်းရဲ့တပည့်တွေ အချင်းချင်း ရန်ဖြစ်နေတာကို မင်းစိတ်မကောင်းဖြစ်နေရမှာ မဟုတ်ဘူးလား။ ”
-ဟု မေးမြန်း၏။ စုရီတစ်ယောက် ထူးဆန်းအကြည့်ဖြင့် ပြန်လှည့်ကြည့်ကာ၊
“ မင်း ပျော်နေလား။ ”
-ဟု မေးသည်။ သားသတ်သမားက ခေါင်းကိုအမြန်ခါလိုက်ပြီး၊
“ ငါ မဝံ့ဘူး။ ”
-ဟု ပြောကြားလာ၏။ ဤအခိုက်တွင် ရီရွှမ်ရောက်ရှိလာပြီး၊
“ ယောက်ဖ ... အဲဒီဘိုးဘေးတံဆိပ်သုံးခုစလုံး ငါ့ယူလာပြီ။ ”
***