မြွေတစ္ဆေမျိုးရိုး၏ ဘိုးဘေး။
Vol. 59 Ch. 708
ရီရွှမ်၏ နာမ်စားသုံးသော အမည်ကို ကြားလိုက်ရချိန်၌ သားသတ်သမားအကြည့်မှာ ထူးဆန်းသွားခဲ့သည်။
သို့သော် စုရီသည် ၎င်းကို ရီရွှမ်မှ ကျင့်သုံးနေပြီဖြစ်ရာ ကြိမ်ကုလားထိုင်ပေါ်မှ ချက်ချင်းထလျက်၊
“ မနှောင့်နှေးစေနဲ့ ... မင်းရဲ့ မြွေတစ္ဆေမျိုးနွယ်စုရဲ့ ဘိုးဘေးတားမြစ်မြေကို သွားကြရအောင်။ ”
-ဟု ပြောကြားလိုက်သည်။ ရီရွှမ်က တွန့်ဆုတ်နေပြီး၊
“ ယောက်ဖ ... ငါ့တူချင်းဟယ်က မင်းကိုတွေ့ချင်နေတယ်။ ”
-ဟု ကမန်းကတန်း ပြောလာသည်။
“ ဘာအတွက်လဲ။ ”
“ ငါအရင်က သူနဲ့စကားပြောတုန်း ယောက်ဖလို့ ထွက်သွားမိတယ် မင်းကို သူ မှန်းဆနိုင်သလိုပဲ။ ”
ရီရွှမ်၏ သဘောသဘာဝအရ သူ့နှုတ်ကို စောင့်ထိန်းနိုင်ခြင်းမရှိသည်မှာ သဘာဝပေပင်။ စုရီမှ မျက်ခုံးပင့်လျက်၊
“ သူဘယ်မှာလဲ ... ။ ”
-ဟု မေးသည်။
“ ယောက်ဖ ခဏစောင့်ဦး။ ”
ရီရွှမ်က လျှို့ဝှက်ကမ္ပည်းပြားကို ချေမှုန်းလိုက်၏။ များမကြာခင် ဓားတစ်လက် လွယ်ထားသော ရီချင်းဟယ် အလျင်အမြန် ရောက်ရှိလာသည်။
မြွေတစ္ဆေမျိုးနွယ်စု ဒုတိယ အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း ယခု အချိန်တွင် လွန်စွာလေးနက်နေ၏။ ခြေလှမ်းတိုင်း တလေးတစား လှမ်းကာ၊
“ ဂျူနီယာရီချင်းဟယ်က စီနီယာစုကို နှုတ်ဆက်ပါတယ် ဘိုးဘွားနန်းဆောင်မှာ ငါ့ရဲ့ မိုက်မဲမှုအတွက် ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”
-ဟု နှုတ်ဆက်လာသည်။
ရီချင်းဟယ်တစ်ယောက် အလွန်လေးစားနေသည်မှာ အံ့ဩစရာ မရှိချေ။ စုရီမှ မရဏကမ္ဘာသို့ စွန့်စားသွားလာနေသော အချိန်အတွင်း မြွေတစ္ဆေမျိုးနွယ်စုအပေါ် များစွာဂရုစိုက်ပေးခဲ့သည်။
ထို့ကြောင့်ပင် သူ့မိသားစုသည် မရဏကမ္ဘာ၌ တော်ဝင်မျိုးနွယ်စုကိုးခုအတွင်း ဝင်လာခြင်းဖြစ်သည်။ ကြာပန်းတောင်ထိပ်ရှိ တားမြစ်ဝင်္ကပါများစွာတို့သည် စုရီ၏ လက်ရာဖြစ်ချေ၏။
မြွေတစ္ဆေ မျိုးဆက်ဟောင်းများအမြင်တွင် ဤလူငယ်သည် အလွန်ကြည်ညိုလေးစားဖွယ် နတ်ဘုရားတစ်ပါးဖြစ်ကြောင်း ရည်ညွှန်းသော် ချဲ့ကားနေခြင်း မဟုတ်ချေ။
“ သူ ... မင်းကိုပြောခဲ့တာလား။ ”
စုရီက ရီရွှမ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ ရီရွှမ်မှ မျက်နှာလွှဲလျက် မသိကျိုးကျွံပြုချေ၏။ ရီချင်းဟယ်မှ တုံ့ဆိုင်းသွားပြီး၊
“ ရိုးရိုးသားသားပြောရရင် ဦးလေးရီရွှမ် မပြောခင်တည်းက ငါ့မှာ သံသယတွေရှိနေပါပြီ။ ”
-ဟု မယုတ်မလွန် ပြန်ဖြေသည်။
“ ပြောပါဦး ဘယ်လိုသံသယလဲ။ ”
“ အနန္တကြယ်တာရာ သတ်ဖြတ်ခြင်း ဝင်္ကပါကို စီနီယာတည်ဆောက်ပေးထားခဲ့ပြီး ရွှမ်ယုဧကရာဇ်တွေရဲ့ အသက်ကို ခြိမ်းခြောက်ဖို့ လုံလောက်နေပြီလို့ ပြောခဲ့ဖူးပါတယ် ...
... ဒါက တားမြစ်ဝင်္ကပါပညာရှင် တစ်ယောက် ရောက်လာခဲ့ရင်တောင် အချိန်တို အတွင်း ဖြေရှင်းဖို့ခက်ခဲပါတယ် ဒါပေမယ့် ဒီနေ့တော့ မင်းလက်နဲ့ဆွဲပြီး ဒီစွမ်းအားကို ဖျက်သိမ်းသွားတယ် မဟုတ်လား။”
ထို့နောက် ချင်းဟယ်က သားသတ်သမားထံကြည့်ပြီး၊
“ ဒုတိယအနေနဲ့ မြွေတစ္ဆေမြွေမျိုးနွယ်မှာ လူအနည်းငယ်ကသာ စီနီယာရှန့်တစ်ယောက် ကောင်းကင်မြို့တော်ကို စောင့်ပေးနေကြောင်းနဲ့ သူ့နောက်ခံကို သိနိုင်ကြပါတယ် ...
... ဒါကြောင့် ငါ့ဘိုးဘေးခန်းမမှာ စီနီယာရှန့်ပေါ်လာတည်းက တစ်ခုခုမှားနေပြီ ဆိုတာ ငါသိတယ် ...
... တတိယအချက်ကတော် အဲဒါက ဦးလေးရီရွှမ်နဲ့သက်ဆိုင်ပါတယ် ငါတို့ရဲ့မျိုးရိုးမှာ ဦးလေးရွှမ်တစ်ယောက် ကြောက်ရတဲ့လူက ဒီကမ္ဘာမှာ တစ်ယောက်ပဲရှိပါတယ်။ ”
ထိုစကားကြောင့် ရီရွှမ်တစ်ယောက် အနေခက်သွားသည်။ စုရီက လျစ်လျူရှုလျက်၊
“ မင်းအပြင် အခြားသိတဲ့လူရှိသေးလား။ ”
-ဟု မေးလိုက်၏။
“ မရှိပါဘူး ... ။ ”
“ ကောင်းပြီ ငါ့ရဲ့အထောက်အထား ထုတ်ဖော်ခံရမှာကို ငါစိုးရိမ်တာနေ မဟုတ်ဘူး ဒါပေမယ့် ငါ့ကြောင့် မင်းတို့မျိုးနွယ်စုအပေါ် မလိုအပ်ဘဲ ဒုက္ခရောက်နိုင်တယ်။ ”
“ စီနီယာ ... ဘယ်လိုဒုက္ခပဲဖြစ်ဖြစ် ငါ့ရဲ့မြွေတစ္ဆေမျိုးနွယ်က မကြောက်တတ်ပါဘူး ဒါပေမယ့် မင်းရဲ့ဝိသေသလက္ခဏာကို ငါ လျှို့ဝှက်ထားပေးမယ်။ ”
စုရီက ခေါင်းညိတ်၏။ ရီချင်းဟယ်မှ ရဲရင့်လာပြီး၊
“ စီနီယာ ... မင်းကိုဘိုးဘေးမြေထဲ ငါလိုက်ပို့ပေးပါရစေ။ ”
-ဟု တောင်းဆိုလိုက်သည်။ ဤတစ်ကြိမ်တွင် ရီရွှမ်တစ်ယောက် မျက်ခုံးပင့် လိုက်ကာ၊
“ ကောင်လေး ... မင်းတကယ် သင်ယူနိုင်တယ် မင်းဟာ ရွှမ်ယုဧကရာဇ်ဆိုတာ မမေ့နဲ့ လူတွေကိုမြှောက်ပင့်ဖို့ ကြိုးစားတုန်းပဲ မင်းမှာ တခြားရည်ရွယ်ချက်ရှိနေလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဦးလေး ... ငါစီနီယာစုအတွက် ဝန်ဆောင်မှုပေးချင်တာပါ တခြားရည်ရွယ်ချက် မရှိပါဘူး။”
“ ဟမ့် ... ကနဦး ရွှမ်ယုအဆင့် အထွတ်အထိပ်အဆင့်မှာ သူ ပိတ်မိနေတယ် ဒါကို အောင်မြင်ရင် အလယ်အလတ်အဆင့်ထဲ ဝင်နိုင်ပြီး မအောင်မြင်ရင် သူ့ဘဝတစ်ခုလုံး ပျက်သုဉ်းသွားလိမ့်မယ်။ ”
သားသတ်သမားက နှာခေါင်းရှုံ့လျက် ဝင်ရောက်ပြောကြားလာ၏။ ရီရွှမ်မှ ရုတ်တရက် သတိထားမိသွားပြီး၊
“ ဟမ့် .... ယောက်ဖဆီ လာရောက်ဂါရဝပြုဖို့တောင်းဆိုနေတာ အံ့သြစရာတော့ မရှိတော့ပါဘူး ... ဒီအခွင့်အရေးကို သုံးပြီး ငါ့ယောက်ဖဆီက ဒုက္ခအပေါ် ကျော်ဖြတ်ဖို့ နည်းလမ်းတောင်းချင်နေတာပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်၏။ ရီချင်းဟယ်တစ်ယောက် ချက်ချင်း မသက်မသာ ဖြစ်သွားချေပြီ။ သူ့ အကြံအစည်ကို ထုတ်ဖော် ခံရသဖြင့် ရှက်ရွံ့သွား၏။
“ ရွှမ်ယုအဆင့် အသက်နဲ့သေခြင်း အတားအဆီးကို ဖြတ်ကျော်ဖို့ အပြင်လူတွေရဲ့ အကူအညီက အသုံးမဝင်ဘူး ... ကိုယ်ပိုင် လုံ့လစိုက်ထုတ်ရတယ် ဒါပေမယ့် ...
... ငါ ဘိုးဘေးမြေက ပြန်လာရင် မင်းအတွက်အကူအညီရမဲ့ အသိအမြင်တစ်ချို့ ငါပေးနိုင်တယ်။ ”
ရီချင်းဟယ်မှ တုန်တုန်ယင်ယင်ဖြင့် ဝမ်းသာအားရဦးညွှတ်ပြီး ‘ကျေးဇူးတင်ပါတယ် စီနီယာ၊’-ဟု ပြောကြားတော့၏။
သူသည် ကနဦးရွှမ်ကျောက်အဆင့်၌ နှစ်ပေါင်းတစ်သောင်းကျော် ရှင်သန်နေရပြီး ဘဝနှင့်သေခြင်းကို ဖြတ်ကျော်ရန် နှစ်ပေါင်းသုံးထောင်ကျော် ကြိုးစားနေရသည်။ သို့သော် မအောင်မြင်ချေ။
စုရီထံမှ အဖြေသည် အချိန်ကြာမြင့်စွာ မိုးခေါင်ပြီးနောက် မိုးရွာချသကဲ့သို့ အေးချမ်းမှု ပေးစွမ်းလာသည်။
သားသတ်သမားသည် ဤကမ္ဘာတွင် ဘီလူးစုတစ်ဉီးတည်းသည်သာ ထိုအရာများကို ပြီးမြောက်အောင်မြင်ရန် အရည်အချင်းရှိမှန်း နားလည်လျက် သက်ပြင်းချလိုက်၏။
ထို့ကြောင့်ပင် တစ်ကမ္ဘာလုံးသည် သူ့ကို တာအိုတစ်သောင်းနတ်ဓားရှင်ဟု လေးစားစွာ ခေါ်ဆိုကြခြင်းဖြစ်သည်။
“ သွားကြရအောင် ... ။ ”
စုရီက လျှောက်လှမ်းသွား၏။ ကြာပန်းတောင်ထွတ် မြေအောက်ပေသုံးထောင် အရပ်တွင် လျှို့ဝှက်နယ်မြေတစ်ခုရှိသည်။
ဤသည်မှာ မြွေတစ္ဆေမျိုးနွယ်၏ ဘိုးဘွားတားမြစ်နယ်မြေဖြစ်၏။ ဒဏ္ဍာရီအရ ဤနယ်မြေကို မြွေတစ္ဆေဘိုးဘေးမှ ဖန်တီးကာ သူ့မျိုးရိုး၏ မူလအစနှင့် ပတ်သက်သည့်နက်နဲမှု လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေသည်။
မျိုးနွယ်စုအပေါ် ကာကွယ်ပေးသည့် ရှေးဟောင်းပစ္စည်းဖြစ်သော ကောင်းကင်မီးလျှံ တစ္ဆေမီးအိမ်ရှိ၏။ ရီယုသည် သူ့ဓားကို ထိုအရပ်တွင် ထားရှိခဲ့သည်။
လျှို့ဝှက်နယ်မြေ၏ ကောင်းကင်သည် မှောင်မိုက်နေပြီး မြေပြင်သည်ကျယ်ဝန်းနေကာ လေထုသည် တိတ်ဆိတ်ပြီး ဆန်းကြယ်သော ရောင်ဝါများဖြင့် ပြည့်နှက်နေ၏။
ဤလျှို့ဝှက်နယ်မြေကိုဖွင့်လှစ်ရန် ဘိုးဘေးတံဆိပ်လေးခု လိုလေသည်။ သို့သော် ဤအရာသည် စုရီအတွက် အတားအဆီး မဟုတ်တော့ချေ။
“ ဒါ ... မင်းရဲ့မြွေတစ္ဆေမျိုးနွယ်ရဲ့ ဘိုးဘွားနယ်မြေလား တကယ့်ထူးထူးခြားခြားပဲ ကောင်းကင်နဲ့ မြေကြီးမှာရှိနေတဲ့ ရောင်ဝါက ရှေးခေတ်စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ”
ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ပျံ့နှံ့နေသောစွမ်းအင်များ အပေါ် ခံစားလျက် သားသတ်သမားကြီးက မှတ်ချက်ပေး၏။
ဤကဲ့သို့သော နယ်မြေအတွင်း ဝင်ခွင့်ရသည်မှာ စုရီ၏အကူအညီကြောင့်သာ ဖြစ်ချေပြီ။ စုရီတစ်ယောက် နှလုံးသားသည် တုန်ခါသွားပြီး၊
“ မင်းရဲ့နှလုံးသားထဲက အရိပ်တွေကို ဖယ်ရှားဖို့ ကောင်းကင်မီးလျှံ တစ္ဆေမီးအိမ်ကို ငါတို့သုံးနိုင်ပြီ။ ”
-ဟု ပြောကြားလိုက်သည်။
“ ကလန် ... ။ ”
သားသတ်သမားက စိတ်လှုပ်ရှား လာတော့၏။ ထိုအချိန်တွင် ကောင်းကင်ဘုံမှ ထွက်ပေါ်လာသော ဓားမြည်သံကဲ့သို့ အသံတစ်သံထွက်ပေါ်လာသည်။
ဓားမြည်သံသည် စိတ်ဝိညာဉ်ကို တုန်လှုပ်စေသောတန်ခိုးကို ပိုင်ဆိုင်ထားသည့် မဟာတာအိုတေးသံနှင့်တူသည်။
သားသတ်သမား၊ ရီချင်းဟယ်နှင့် ရီရွှမ်တို့အားလုံး ချက်ချင်း တောင့်တင်းလာကာ ဓားများဖြင့် အမွှန်းခံနေရသကဲ့သို့ အန္တရာယ်ကို ခံစားလာရ၏။
စုရီက မျက်ခုံးပင့်လိုက်သည်။ နှစ်ထောင်ပေါင်းများစွာ ကုန်လွန်ပြီးသည့်တိုင် ထိုဓားသည် သူ့အပေါ် ချက်ခြင်းအသိအမှတ် ပြုနိုင်သည်။
ဓားမြည်သံသည် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ကလေးငယ်တစ်ယောက် ခုန်ပေါက်လိုက်သကဲ့သို့ ထင်မှားစေ၏။
များမကြာခင် ကြောက်မက်ဖွယ် ကောင်းသော အေးစက်စက် အငွေ့အသက်များ ကောင်းကင်နှင့် မြေကြီးကြား ပျံ့နှံ့သွားပြီး ထိုဓားအော်ဟစ်သံကို တားဆီးသွားသည်။
ရုတ်တရက် လျှို့ဝှက်နယ်မြေတစ်ခုလုံး အမှောင်ထဲ ချက်ချင်း ကျရောက်သွားကြောင့် စုရီမှပြုံးလိုက်၏။
“ ကောင်းကင်မီးလျှံ တစ္ဆေမီးအိမ်ရဲ့ စိတ်ဝိညာဉ်က ... အရင်လို နိုးနိုးကြားကြား ရှိနေတုန်းပါလား။ ”
စကားဆု့းသည်နှင့် စုရီမှ ရှေ့ဆက်လျှောက်သွားသည်။ သူ့နောက်မှနေပြီး ကျန်သူများ လိုက်ပါလာတော့၏။ များမကြာမီ တောင်ကြီးတစ်လုံးကို မြင်လာရသည်။
၎င်းအသွင်သည် ကောင်းကင်နှင့်မြေကြီး ချိတ်ဆက်ဖြန့်ကျက်ပေးထားသော ဧရာမနဂါး တစ်ကောင်ကဲ့သို့ ဆန့်တန်းနေ၏။
မှောင်မိုက်အေးစက်သော မြူခိုးများက တောင်ကြီးအနှံ့ဖုံးလွှမ်းနေကာ ဒဏ္ဍာရီဆန်မှုကို ပေးစွမ်းနေသည်။
အမှန်တွင် ဤတောင်ကြီးသည် စစ်မှန်သောနဂါးတစ်ကောင်၏ ခန္ဓာကိုယ်မှနေ ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ ဖျက်ဆီးခြင်းနှင့် အမှောင်ထုမှ ပေါက်ဖွားလာသော ထိုနဂါးသည် ပါးစပ်ထဲတွင် ကောင်းကင်မီးတောက်၏ အနှစ်သာရကို ပိုင်ဆိုင်ထား၏။
မျက်လုံးများ မှိတ်ထားသောအခါ အမှောင်ထုသည် ထာဝရညကဲ့သို့ ဆင်းသက်ပြီး အရပ်ရပ်ကို လွှမ်းခြုံထားပေမည်။ မျက်ဝန်းများ ဖွင့်ကြည့်မှသာလျှင် ထိုအမှောင်များ ပျောက်ကွယ်မည်ဖြစ်၏။
ဤသည်မှာ မီးနဂါးတစ်ကောင်၏ မွေးရာပါအစွမ်းသတ္တိပေပင်။ အလွန်ရှားပါးသော မွေးရာပါ စိတ်ဝိညာဉ်သားရဲဖြစ်၏။ ၎င်းသည် မြွေတစ္ဆေမျိုးရိုး၏ ဘိုးဘေးပေပင်။
မြွေတစ္ဆေမျိုးရိုး၏ အမွေများသည် ထိုမီးနဂါးကြီးထံမှ ဆင်းသက်လာခြင်းဖြစ်၏။ တောင်ထိပ်ပေါ်တွင် မဟာတာအိုစွမ်းအားများ သိပ်သည်းစွာရှိနေသည်။
“ ဒါတကယ်ပဲ မူလတာအိုတောင်ကြီးပဲ။ ”
သားသတ်သမားက အံ့သြသွား၏။
“ မှန်တယ် ... ငါတို့မျိုးနွယ်စုဘိုးဘေး ထားခဲ့တဲ့ ... ငရဲမီးလျှံတာအိုစွမ်းအားတွေပါရှိပြီး မူလတာအိုတောင်လို့ ခေါ်နိုင်တယ်။ ”
ရီရွှမ်က ဝင့်ကြွားသော မာနအပြည့်ဖြင့် ပြောကြားလိုက်သည်။ စကားစမြည်ပြောလျက် လေးယောက်သား ငရဲမီးလျှံတောင်ခြေသို့ ရောက်ရှိလာကြ၏။
တောင်ခြေရင်းမှ မော့ကြည့်သော် တိမ်ပင်လယ်အတွင်း တိုးဝင်နေသော နဂါး ဦးခေါင်းကို ဝိုးတဝါးမြင်နေရသည်။
တောင်ခါးပန်းတစ်နေရာတွင် နဂါးပါးစပ်နှင့်တူသောကြီးမားသည့် ချောက်ကြီး တစ်ခုရှိနေ၏။
ငရဲမီးလျှံတောင်တစ်ခုလုံးသည် ငရဲမီးလျှံတာအိုစွမ်းအားများဖြင့် ဖုံးလွှမ်းနေပြီး အမှောင်များ ပြည့်နှက်နေသည်။ နဂါးပါးစပ်ကြီး နေရာ၌သာ အလင်းရောင်သည် မှိန်ဖျော့ဖျော့ ထွန်းလင်းတောက်ပနေ၏။
ဤသည်မှာ မြွေတစ္ဆေမျိုးရိုး၏ ကောင်းကင်မီးလျှံတစ္ဆေမီးအိမ်၏ အလင်းရောင် ဖြစ်ချေပြီ။
မီးနဂါးသည် အမှောင်ထုမှ မွေးဖွားကာ မွေးရာပါ ကောင်းကင်မီးတောက်ကို ပိုင်ဆိုင်၏။ ဤမီးအိမ်သည် ကောင်းကင်မီးတောက်၏ အနှစ်သာရဖြစ်လေသည်။
“ ချွင် ... ။ ”
ထိုစဉ် ဓားမြည်သံကို ဒုတိယအကြိမ် ခံစားလိုက်ရတော့၏။ ဤတစ်ကြိမ်တွင် များစွာ နီးကပ်နေပြီဖြစ်သဖြင့် နှလုံးသားများ ချက်ချင်း အေးခဲလာချေပြီ။
***
Book-59