← Chapters

ယွီရှစ် ... ။

Vol. 59 Ch. 700

ယွီရှစ် ... ။

Vol. 59 Ch. 700

အဖိုးကြီးဆယ့်သုံး၏အသံသည် နိမ့်ဆင်းနေပြီး သူ့မျက်လုံးများသည် အေးစက် နေချေပြီ။ ထိုစကားကြားသောအခါ အနီးနားရှိ ကျွမ်းကျင်သူများသည် စုရီဆီသို့ လှည့်ကြည့် လာကြ၏။ စုရီကဆယ့်သုံးကို ပြန်ကြည့်ပြီး၊

“ ငါမင်းကို နောက်မှသေဖို့ အခွင့်အရေးပေးမယ်။ ”

-ဟု ပြောကြားလိုက်သည်။

သူ့စကားသည် တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါးပေပင်။ ပတ်ဝန်းကျင်ရှိလူတိုင်း အံ့အားသင့်သွားကြသည်။ ဆယ့်သုံးမျက်နှာ တဖြည်းဖြည်း မည်းမှောင်လာတော့၏။

စုရီက လူတိုင်းကို လျစ်လျူရှုလျက် အနက်ရောင်ဝတ် ကောင်မလေးနောက်သို့ ဆက်လိုက်သွားခဲ့သည်။

ဘိုးဘွားနန်းတော်ကို တိမ်ပင်လယ်အတွင်း ထိုးတက်နေသော တောင်ထွတ်တစ်လုံးပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်၏။

ခန်းမမျက်နှာကျက်ကို ငွေရောင် ကြယ်ကျောက်တုံးများဖြင့် အလင်းပေးထားပြီး ကြယ်ရောင်စုံ ကောင်းကင်ကြီးအလား ထင်မှားသွားစေသည်။

ထိုအချိန်တွင် ခန်းမ၏ ပထမထပ်ရှိထိုင်ခုံများတွင် လူအများအပြား ထိုင်နေပြီဖြစ်၏။ ခန်းမဘယ်ဘက်ခြမ်းတွင် ရီကျိရှန်ဦးဆောင်သော ပင်မမိသားစု၏ အရေးပါသောပုဂ္ဂိုလ်များ ထိုင်နေသည်။

ညာဘက်ခြမ်းတွင် အခွဲမိသားစုသုံးခု၏ အရေးကြီးသော အကြီးအကဲများ နေရာယူ၏။ ခန်းမဝင်ပေါက်အနီးရှိ ထိုင်ခုံများတွင် ဧည့်သည်များ ထိုင်သည်။

ထိုအထဲတွင် ပင်းမိုတပည့် ကျန့်ယင်လျူ၊ ဓားခန်းမ၏ အကြီးအကဲအချို့နှင့် အခြားသော ဖိတ်ကြားထားသည့် အထက်တန်းစား ဧည့်သည်များပါရှိချေ၏။

တတိယအကြီးအကဲ ရီသွမ့်ဟဲသည် ခန်းမ၏ဗဟိုပလ္လင်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေသည်။

“ ပင်မမိသားစုရဲ့ တိုက်ရိုက် ဆင်းသက်လာသူ ... ရီရူရီက ဧည့်သည်တော် စုရီနဲ့အတူ ရောက်ရှိလာပါပြီ။ ”

ထိုစဉ် ကျယ်လောင်သော အသံသည် ခန်းမအပြင်ဘက်မှ ထွက်ပေါ်လာ၏။ ရီကျိရှန်မှ စုရီတစ်ယောက်တည်း၏ အမည်ကြောင့် မျက်မှောင်ကြုတ်သွားသည်။

“ ဒီကောင် တကယ်လာဝံ့တယ် ... ။ ”

ရီသွမ့်ဟဲ၏ မျက်ဝန်းများ တောက်ပ လာခဲ့၏။ တစ်ဖက်တွင် ကျန့်ယင်လျူခမျာ ကျေနပ် ဝမ်းသာသွားချေပြီ။

စကားစမြည် ပြောကြားနေသော လူအများသည် ခန်းမအဝင်သို့ စူးစမ်းလိုစိတ်ဖြင့် မျှော်ကြည့်နေကြသည်။

များမကြာခင် အနက်ရောင် ဝတ်စုံဝတ်ထားသော ကောင်မလေးသည် လူငယ်တစ်ယောက်ကို ဦးဆောင်ကာ ခန်းမထဲလှမ်းဝင်လာ၏။

စုရီအသွင်အပြင်နှင့် ကျင့်ကြံမှုအပေါ် မြင်လိုက်ရသောအခါတွင် မြွေတစ္ဆေမျိုးနွယ်၏ ပင်မအကြီးအကဲများ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲကုန်သည်။

ရီတျန်ချီသည် ဤလူငယ်ထံ ဘိုးဘေးတံဆိပ်ကို အပ်နှင်းထားကြောင်း သူတို့ သိရှိထား၏။

ထို့ပြင် ရီကျစ်ရှန်အဆိုအရ ဤလူငယ်၏နောက်ခံသည် သာလွန်ကောင်းမွန် ချေပြီ။ မျှော်စင်ပိုင်ရှင်ပင် သူ့အပေါ် ကွဲပြားစွာ ဆက်ဆံချေ၏။

ထိုသတင်းများသည် သူတို့၏ မျှော်လင့်ချက်များကို နိုးထစေသည်။ သို့သော် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံမှုကို မြင်ပြီး လူတိုင်းစိတ်ပျက်သွားကြ၏။

“ ဟား ဟား ဟား ... ။ ”

တစ်ဖက်တွက် မြွေစ္ဆေမျိုးရိုး အခွဲမိသားစုဝင်များသည် ရယ်မော၍ မဆုံးချေ။ တစ်စုံတစ်ယောက်က အံ့သြဟန်ဆောင်၏။

“ ဒါ ... မင်းတို့ပြောနေတဲ့ စုရီလား။ ”

“ ရီတျန်ချီက ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးတံဆိပ်ကို ဒီလိုကလေးတစ်ယောက်ဆီ အပ်နှင်းလိုက်တာလား သူ တကယ်ရူးနေပြီ။ ”

“ ဟမ့် ... ဘာပဲဖြစ်ဖြစ် ဒီလူငယ်ရဲ့ သတ္တိအပေါ်တကယ့်ကို ချီးကျူးစရာပါ ... သူ့ကို မခြောက်လှန့်နဲ့ ဟား ဟား ဟား ... ။ ”

ဤမှတ်ချက်များကို ကြားသောအခါ ပင်မမိသားစုအကြီးအကဲများ စိတ်မသက်မသာ ဖြစ်ကုန်ကြတော့၏။

ဖိတ်ကြားထားသော ဂုဏ်သရေရှိ ပရိသတ်များသည်လည်း မတူညီသော အမူအရာများ ပြသလာသည်။

“ တာအိုကျန့် ... သူက မင်းပြောခဲ့တဲ့ စုရီလား။ ”

ကောက်ရိုးဝတ်ရုံဖြင့် အဖိုးအိုတစ်ဦးမှ မေးသည်။ သူသည် ကောင်းကင်ဓားခန်းမ၏ အကြီးအကဲများအနက် အသန်မာဆုံးပေပင်။

“ ဟုတ်တယ် ... အဲဒါ သူပဲ ... ဝိညာဉ်တာအိုနယ်ပယ်နဲ့ ဝင်ရောက်စွက်ဖက်ဖို့ ဘယ်ကနေသတ္တိရှိလာလဲ နားမလည်နိုင်ဘူး။”

ကောက်ရိုးဝတ်ရုံနှင့် အဖိုးအိုကပြုံးပြီး၊

“ ဒီလူငယ်က ဝှက်ဖဲတစ်မျိုးမျိုး ကိုင်ထားတာဖြစ်နိုင်မယ် စောင့်ကြည့်ရအောင်။ ”

-ဟု မှတ်ချက်ပေး၏။ ကျန့်ယင်လျူမှ ခေါင်းညိတ်လိုက်သည်။ ယမန်နေ့ညက သူမ၏ ကြင်နာမှုကိုငြင်းပယ်ခဲ့သော ဤလူငယ်သည် မည်သို့လှည့်ကွက်များ ဆွဲထုတ်နိုင်မည်ကို အမှန်တကယ်ပင် သိချင်နေ၏။

“ လုံလောက်ပြီ ... ။ ”

ရုတ်တရက် အနက်ရောင် ဝတ်စုံဝတ် ကောင်မလေးက စုရီအပေါ် လှောင်ပြောင်သော စကားသံများကြောင့် ဒေါသတကြီး အော်ငေါက် လိုက်လေသည်။

“ သခင်လေးစုက ... ငါ့ရဲ့ ပင်မမိသားစုက ဖိတ်ကြားထားတဲ့ဧည့်သည်ပဲ မင်းတို့အားလုံးရဲ့ ဒီလိုသဘောထားမျိုးသာ သတင်းထွက်သွားရင် မိသားစုတစ်ခုလုံး အရှက်ရလိမ့်မယ်။ ”

သူမ၏ စကားများသည် အခွဲမိသားစုခေါင်းဆောင်များ၏ အသံများကို ပျောက်ကွယ်သွားစေတော့၏။

အနက်ရောင် ဝတ်စုံဝတ်ထားသော ကောင်မလေးသည် အပြင်လူတစ်ယောက် အတွက်ကြောင့် သူတို့အပေါ် အော်ငေါက် လိမ့်မည်ဟု မမျှော်လင့်ထားကြချေ။

စုရီက ထိုဖြစ်စဉ်ကြောင့် အနက်ရောင် ဝတ်စုံဝတ်ထားသောကောင်မလေးကို တစ်ချက် ပြန်ကြည့်လိုက်မိသည်။

ဤမိန်းကလေး စိတ်နေစိတ်ထားသည် သစ်ရွက်ကလေးနှင့် အတော်ပင် ဆင်တူချေ၏။

“ ရူရှီ ... ကျေးဇူးပြုပြီး ထိုင်ပါ။ ”

ရီသွမ့်ဟဲမှ ဗဟိုခုံမှနေပြီး တင်းမာစွာ ပြောကြားလိုက်သည်။ ရွှမ်ယုအဆင့် ရောင်ဝါက ခန်းမအပေါ် ချက်ချင်းဖုံးလွှမ်းသွား၏။ အနက်ဝတ် ကောင်မလေးမှ ၎င်းအပေါ် လျစ်လျူရှုပြီး စုရီဘက်လှည့်ကာ၊

“ သခင်လေးစု ... ဒီမှာ ဧည့်သည်တော်တွေအတွက် ထိုင်ခုံတွေပဲ ကြိုက်တဲ့ထိုင်ခုံရွေးပါ ... ။ ”

-ဟု ပြောလိုက်သည်။

စုရီမှ ခေါင်းညိတ်၏။ ထို့နောက် အနက်ဝတ်ကောင်မလေးသည် သူ့ထိုင်ခုံထံ ထွက်ခွာသွားလေသည်။ ရီသွမ့်ဟဲက လူတိုင်း အပေါ် ဝေ့ကြည့်လျက်၊

“ ကဲ ... အားလုံးရောက်ကြပြီဆိုတော့ ... ဒီနေ့မျိုးနွယ်စုစည်းဝေးပွဲ စလိုက်ကြရအောင်။ ”

-ဟု စကားစလိုက်၏။

“ ခဏနေပါဦး ... ။ ”

ရီကျိရှန်တစ်ယောက် ရုတ်တရက် ဟန့်တားလိုက်လေသည်။ ရီသွမ့်ဟဲမှ သူ့ထံ လှည့်ကြည့်ကာ၊

“ ကျိရှန်၊ မျိုးနွယ်ခေါင်းဆောင်အသစ် ရွေးချယ်ဖို့ဝန်လေးနေတယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် ဒီလိုနှောင့်နှေးနေခြင်းက ရလဒ်ကို ပြောင်းလဲစေမှာ မဟုတ်ဘူး။ ”

-ဟု သတိပေး၏။

“ တတိယအကြီးအကဲ ... မင်း သတိ မထားမိပေမယ့် အခမ်းအနားဆီ တက်ရောက်ဖို့ ဧည့်သည်တစ်ယောက် ကျန်နေသေးပါတယ်။ ”

ထိုစကားကြောင့် ရီသွမ့်ဟဲတစ်ယောက် မျက်လုံးများအနည်းငယ် မှေးစင်းသွားပြီး တစ်စုံ တစ်ခုပြောကြားရန် ပြင်တော့သည်။ သည့်စဉ် ခန်းမအပြင်ဘက်မှအသံ ထွက်ပေါ်လာ၏။

“ နတ်နန်းတော်အကြီးအကဲ ယွီရှစ် ရောက်ရှိလာပါပြီ။ ”

ခန်းမအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ ရီသွမ့်ဟဲအပါအဝင် အခွဲမိသားစုဝင်များ မျက်နှာ ပြောင်းလဲသွားချေပြီ။ ကျန့်ယင်လျူသည်ပင် အနည်းငယ် လေးနက်သွားသည်။

တစ်ဖက်တွက် အနက်ဝတ်ကောင်မလေး၊ ရီကျိရှန်နှင့် ပင်မမိသားစုဝင် အကြီးအကဲများမှာ ချက်ချင်း ရွှင်လန်းလာကုန်၏။

“ ငါယွီရှစ် နောက်ကျသွားတဲ့အတွက် ... စောင့်နေရတဲ့ လူတိုင်း ငါ့ကိုခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်။ ”

နွေးထွေးသောအသံဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ခန်းမထဲ လှမ်းဝင်လာခဲ့သည်။ မိုးမခမုတ်ဆိတ်များ တဖျပ်ဖျပ်လှုပ်ခတ်လျက် မျက်လုံးများတောက်ပနေချေပြီ။

“ တိမ်လွှာ မီးဝိညာဉ်ဧကရာဇ်။ ”

ဤသည်မှာ မရဏကမ္ဘာကြီးတွင် ယွီရှစ်အပေါ် လူအများသိခဲ့သော ဘွဲ့အမည် ပေပင်။ ရွှမ်ယုအဆင့် ကျွမ်းကျင်သူဖြစ်၏။

“ စီနီယာယွီ ကျေးဇူးပြုပြီး ထိုင်ပါ။ ”

ရီကျစ်ရှန်နှင့် ပင်မမိသားစုဝင် အကြီးအကဲများသည် ပြုံးပြီး နှုတ်ဆက်ရန် ထရပ်လိုက်ကြသည်။ အခွဲမျိုးနွယ်စုဝင်များ သည်လည်း အရိုအသေပြုရန်ထရပ်လာ၏။

ယွီရှစ်သည် ရွှမ်ယုဧကရာဇ်အဆင့် ဖြစ်ရုံသည်သာမက အဆင့်အတန်းအရလည်း ဒုတိယအကြီးအကဲ၏ စီနီယာအစ်ကို တော်စပ်လေသည်။

ထို့ကြောင့် ရီသွမ်ဟဲနှင့် ထိုင်ခုံတွင်ထိုင်နေကြသော ဧည့်သည်တော်များ ပင်လျှင် တယောက်ပြီးတယောက် နှုတ်ဆက်ရန် ထရပ်လာသည်။

သို့သော် ကျန့်ယင်လျူ၊ ကောက်ရိုးဝတ်လုံဝတ် အဖိုးအိုနှင့် စုရီသည် ယွီရှစ်ရောက်ရှိလာခြင်းကို အလေးအနက် မထားဘဲ ဆက်ထိုင်နေခဲ့၏။

လူတိုင်း၏ အာရုံစိုက်မှုသည် ယွီရှစ်ထံရောက်နေကြသဖြင့် အဆိုပါအချင်း အရာကို သတိမထားမိကြချေ။

ယွီရှစ်တစ်ယောက် ထိုင်ခုံပေါ်တွင် နေရာယူလိုက်သည်နှင့် ခန်းမအတွင်းလေထုမှာ တိတ်ဆိတ်သွား၏။

ရီသွမ့်ဟဲနှင့် အခွဲမျိုးနွယ်ဝင်များသည် မျက်နှာများတွင် အရောင်များ ပြောင်းလာသည်။ ရီကျစ်ရှန်သည် ဤမျှအစွမ်းထက်သော တစ်စုံတစ်ယောက်ကို ခန်းမဆောင်သို့ ခေါ်ဆောင်လာလိမ့်မည်ဟု မမျှော်လင့်ထားသည်မှာ သဘာဝပေပင်။

“ ကျိရှန်၊ အခု ငါတို့မျိုးနွယ်စုစည်းဝေးပွဲ စလို့ရပြီလား။ ”

ရီသွမ့်ဟဲက ဗဟိုထိုင်ခုံမှနေပြီးမေး၏။ ရီကျိရှန်းတစ်ယောက် ခေါင်းညိတ်ပြလေသည်။

“ ဒါဆိုစကားတွေ မဖြုန်းတီးတော့ပါဘူး ... ဒီနေ့အစည်းအဝေးကျင်းပခြင်း ရည်ရွယ်ချက်က ငါတို့မျိုးနွယ်စုအတွင်း မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ ခေါင်းဆောင်အသစ်ရွေးချယ်ဖို့ပဲ။ ”

ရီဟွမ့်ဟဲက စကားခဏရပ်ကာ လူအုပ်ကြီးထံ ဝေ့ကြည့်လျက်၊

“ မျိုးနွယ်စု စည်းမျဉ်းအရ ... ဘိုးဘေးတံဆိပ်ကို ကိုင်ဆောင်သူလေးဦးကနေ သဘောတူနေသရွေ့ မျိုးနွယ်စုခေါင်းဆောင် အသစ်ကို ရွေးချယ်နိုင်ပါတယ် ...

... အခု ငါ့မှာဘိုးဘေးတံဆိပ် (၃)ခု ရှိနေတယ် ... ကျန်တဲ့တစ်ခုကို ရီတျန်ချီက အပြင်လူဆီ အပ်နှင်းခဲ့တယ်။ ”

ထိုစကားကိုပြောနေစဉ် စုရီထံလှမ်းကြည့်ပြီး၊

“ ကံကောင်းတာက ဒီနေ့ပွဲအတွက် မထိခိုက်စေပါဘူး ... တစ်ယောက်ယောက် ဒါကို ကန့်ကွက်စရာရှိလား။ ”

-ဟု မေးမြန်းလိုက်၏။ ရီကျိရှန်က လက်ထောင်ပြပြီး၊

“ တတိယအကြီးအကဲ ... ငါတို့ရဲ့ ပင်မမိသားစုဝင်အားလုံးက ဒီနေ့မှာ မျိုးနွယ်စု ခေါင်းဆောင်အသစ် ရွေးချယ်ဖို့ လုံးဝ သဘောတူမှာ မဟုတ်ပါဘူး။ ”

-ဟု စတင်လိုက်သည်။

“ ကျိရှန် ... ဘိုးဘေးရီယုက အမှောင်တားမြစ်နယ်မြေကို သွားတဲ့အခါမှာ ဘိုးဘေးတံဆိပ် ငါ့ဆီအပ်ထားတယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပင်မမိသားစုဝင်တွေက ...

... ငါ့စကားကို နားထောင်ရမယ် ... မင်းကန့်ကွက်ရင်တောင် အသုံးမဝင်ဘူး ဒါ့ပြင် ငါတို့မျိုးနွယ်စုအတွက် အတွင်းအပြင် ပဋိပက္ခကို ဖြေဖျောက်ဖို့ ငါလုပ်နေတာပါ။ ”

ရီကျိရှန်၊ အနက်ရောင်ဝတ်စုံဝတ် မိန်းကလေးနှင့် ပင်မမိသားစု၏အဖွဲ့ဝင်များ အားလုံး၏ မျက်နှာမည်းမှောင်သွားသည်။

မျိုးနွယ်စု၏ စည်းမျဉ်းများ အတိုင်းသာဆိုသော် ဘိုးဘေးတံဆိပ်ရရှိသည့် ရီသွမ့်ဟဲတွင် လုပ်ပိုင်ခွင့်ရှိ၏။ ထိုအချိန်တွင် ယွီရှစ်မှ ရုတ်တရက်ဝင်ပြောလာသည်။

“ မိသားစုခေါင်းဆောင်ရီယုက လောလောဆယ်ပိတ်မိနေပြီး ... မျိုးနွယ်စုရဲ့ မဟာအကြီးအကဲနဲ့ ဒုတိယအကြီးအကဲတို့က ဒီနေ့ပွဲမှာ မပါဝင်နိုင်သေးဘူး ...

... ဒီလိုအချိန်မှာ မိသားစု ခေါင်းဆောင်အသစ်ကို အလျင်အမြန် ရွေးချယ် နေတာက အကြံကောင်းတစ်ခု မဟုတ်မှာ ငါကြောက်တယ်။ ”

ထိုစကားပြောလိုက်သည်နှင့် လူတိုင်းက ရီသွမ့်ဟဲကို ကြည့်လိုက်ကြသည်။ ရီသွမ်ဟဲမှ တစ်ခုခုပြောရန် ပြင်နေစဉ် ကျန့်ယင်လျူမှ၊

“ တာအိုယွီ ... ဧည့်သည်တော် တစ်ယောက်အနေနဲ့ မြွေတစ္ဆေမျိုးရိုးရဲ့ အတွင်းရေးတွေမှာ ဘယ်လိုများ ဝင်ရောက် စွက်ဖက်နေရတာလဲ။ ”

-ဟု ဟန့်တားမေးမြန်းလိုက်၏။

“ တာအိုကျန့် ... မင်းလည်း ဒီမှာ ဧည့်သည့်တော်တစ်ယောက်ပဲ မဟုတ်လား ... နောင်မှာ ... မိသားစုခေါင်းဆောင်ရီယုနဲ့ အကြီးအကဲနှစ်ပါးပြန်လာရင် ဒီကိစ္စအတွက် ဘယ်သူတာဝန်ယူမလဲ။ ”

ထိုမေးခွန်းကြောင့် ရီသွမ့်ဟဲမှ တိတ်ဆိတ်သွားသည်။ အခွဲမိသားစုဝင်များသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ လူတိုင်းက ရီသွမ့်ဟဲထံမှ မည်သို့တုန့်ပြန်လာမည်ကို စောင့်မျှော်နေသည်။

စုရီသာလျှင် ခေါင်းခါယမ်းလိုက်၏။ ရီသွမ့်ဟဲသည် ယနေ့ပွဲကိုကျင်းပဝံ့သည့်အတွက် အကျိုးဆက်အပေါ် စဉ်းစားထားပြီးဖြစ်သည်။ ဤမေးခွန်းသည် ဟန့်တားနိုင်မည် မဟုတ်ချေ။

***

All Chapters