ဆေးဖက်ဝင်ပစ္စည်းများ တူးဖော်ခြင်း
Vol. 6 Ch. 71
“မရီး၊ ဒါက သေမင်းတမာန်ချိုင့်ဝှမ်းနော်။ အဖေနဲ့ အမေက ကျုပ်တို့ ဒီကို မလာသင့်ဘူးလို့ ကြားထားတယ်နော်။ ”
“ပြီးတော့ အထဲမှာ သားရဲတိရိစ္ဆာန်တွေ အများကြီးပဲ။ ကျုပ်တို့ သေမင်းကို သွားမရှာချင်ဘူးဗျို့။”
“ဟုတ်တယ်၊ အဒေါ်လီ” ဟု တစ်ဦးကလည်း ပြောခဲ့သည်။ “ကျုပ်တို့ကို ဆင်းခိုင်းပြီး သွားသေခိုင်းမလို့လား။”
“ထားလိုက်တော့၊ ပြန်ကြစို့။”
လီယောင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤသည်မှ သေးငယ်သည့် လျှိုစောက်လေး တစ်ခုသာ ဖြစ်ပြီး အန္တာရာယ်ရှိမည့် ပုံပေါက်နေခဲ့လို့လား။
သို့သော်ငြား သူမ နားလည်နိုင်ပေသည်။ တကယ်အမှန်တွင်မူ သူမကဲ့သို့သော ကျောက်ထရံများနှင့် ချောက်ကမ်းပါးများအား မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ လျှောက်လမ်းရန် အရည်အချင်းများသည် လူတိုင်းတွင် မရှိကြပေ။ အောက်ထဲသို့ မဆင်မခြင် ဆင်းသွားခဲ့လျှင် အလွယ်တကူ ဒဏ်ရာ ရသွားနိုင်ပေသည်။
ယနေ့ခေတ်အခါတွင် လက် သို့မဟုတ် ခြေထောက်များ ကျိုးခြင်းသည် သူတို့ဘဝ အဖျက်ခံရသကဲ့သို့ပင် ဖြစ်သည်။
သို့သော် သူတို့သည် ဤမျှအထိ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ သူမသည် သတင်းများ ပြန့်သွားစေရန် တစ်ဦးတစ်ယောက်ကိုမှ ထွက်သွားခွင့် ပြုလိမ့်မည် မဟုတ်ပေ။
လီယောင်က ပြောခဲ့သည်။ “ငါ မင်းတို့ကို ပြောနိုင်တယ်။ ဒီလျှိုစောက်ထဲမှာ ဘာအန္တရာယ်မှ မရှိဘူး။”
“ခင်ဗျားပြောသလို မရှိဘူးလို့ ပြောရုံနဲ့ မရှိတာ မဟုတ်ဘူးလေ။”ဟု လူတစ်ဦးက ပြောခဲ့သည်။ “ပြီးတော့ ဒီလို မတ်စောက်နေတဲ့ ချောက်နံရံမှာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။”
“ငါ အရင်တည်းက လမ်းအသေးလေးတစ်ခု ဖောက်ထားပြီးသားပါ။”
“ကျုပ်ကတော့ မသွားနိုင်တော့ဘူးဗျာ။”
တစ်ယောက်သည် မတ်တပ်ထရပ်ခဲ့သည်။
ဤသူမှာ ဖန်မင်းထိုင်ဖြစ်ပြီး ဖန်ရှန်း၏ တတိယသားဖြစ်ပြီး ယခုနှစ်တွင် အသက်၂၀ ရှိနေပြီ ဖြစ်သည်။ သူ၏ အကြီးဆုံးအစ်ကိုသည် လီယောင်နှင့်အတူ အသားစွပ်ပြုတ်လုပ်ငန်းအား လုပ်ကိုင်နေခဲ့သော်လည်း သူသည် ရွာတွင် ပြဿနာ ဖန်တီးလေ့ ရှိသည့် ဂြိုလ်ကောင်တစ်ယောက် ဖြစ်ပြီး လီယောင်အား မနာခံပေ။
“သွားချင်တဲ့သူ သွားကြ၊ ကျုပ်ကတော့ အိမ်ပြန်မှာ။”
ထိုသို့ပြောပြီးနောက် ဖန်မင်းထိုင်သည် သူ့ခြင်းတောင်းအား ချကာ ပြန်ရန် လှည့်ထွက်သွားခဲ့သည်။
တကယ်ပင် လီယောင်သည်လည်း သူ့အား သွားခွင့်ပေးလိမ့်မည် မဟုတ်ပေ။ သို့သော် သူမသည် ကိုယ်တိုင်ကိုယ်ကျလည်း အရေးယူဆောင်ရွက်မှု ပြုရန် မရည်ရွယ်ထားခဲ့ပေ။ ထို့အစား သူမသည် ဝမ်ယွမ်ပန်းအား ပြောခဲ့သည်။ “သူ့ကို ကြိုးနဲ့ တုတ်ထားလိုက်။”
ဝမ်ယွမ်ပန်းသည် အံအားသင့်သွားခဲ့သည်။ ဒါက မသင့်တော်ဘူးလေ။ ဟုတ်တယ်မဟုတ်လား။
သူသည် အစိုးရဝန်ထမ်းတစ်ယောက် မဟုတ်ပေ။ တစ်စုံတစ်ယောက်အား ကြိုးနှင့် တုတ်ထားရန် သူတွင် မည်သည့် လုပ်ပိုင်ခွင့်များ ရှိနေခဲ့ပါသနည်း။
သူ၏ တုံ့ဆိုင်းနေမှုကို မြင်သောအခါ လီယောင်က ထပ်ပြောခဲ့သည်။ “ဘာလဲ၊ ငါပြောတာကို မင်းက နားမထောင်ဘူးလား။”
ဝမ်ယွမ်ပန်းသည် သူ့စိတ်နှလုံးအား တင်းလိုက်သည်။ ကြိုးနှင့် တုတ်ရမည်ဆို တုတ်လိုက်မည်။
သူ အိမ်မှ ထွက်လာစဉ် သူ့အမေသည် သူ့မရီးဖြစ်သူ၏ ပြောသမျှစကားအား နားထောင်ရန် သူ့အား မှာကြားခဲ့သည်။
ထို့ကြောင့် သူသည် ဝမ်မိသားစုမှ လူငယ်များအား မျက်လုံးဖြင့် အချက်ပြခဲ့သည်။ သူတို့သည် ဝိုင်းအုံလာခဲ့ပြီး ဖန်မင်းထိုင်အား မြေကြီးပေါ်သို့ဖိကာ ကြိုးနှင့် စတုတ်ခဲ့သည်။
“မင်းတို့တွေ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ။ ငါ့ကို သွားခွင့်ပြုစမ်း။”
“ဝမ်ယွမ်ပန်း၊ မင်းနဲ့ငါ မပြီးသေးဘူးနော်။”
“ခွေးမ.. လီမျိုးရိုး..”
“ပါးစပ်ကိုပါ ဆို့ထားလိုက်”ဟု လီယောင်က ပြောခဲ့သည်။
ဝမ်ယွမ်ပန်းနှင့် တခြားသူများသည် အဝတ်စတစ်စကို ဆုတ်ဖြဲကာ ဖန်မင်းထိုင်၏ ပါးစပ်ကို တင်းတင်းကြပ်ကြပ် စည်းထားခဲ့သည်။
သူ့ခန္ဓာကိုယ်သည်လည်း မလှုပ်ရှားနိုင်၊ ပါးစပ်မှလည်း စကားမပြောနိုင်တော့သဖြင့် ဖန်မင်းထိုင်သည် လီယောင်အား သူလွတ်မြောက်လာခဲ့ပါက သူမအား တိုက်ခိုက်ရန် အဆင်သင့်ဖြစ်ကာ ခက်ထန်စွာ စိုက်ကြည့်ရုံသာလျှင် ပြုလုပ်နိုင်တော့သည်။
လီယောင်သည် နောက်ထပ် သူနှင့် အပင်ပန်းခံရန်အတွက် အလွန်ပင် ပျင်းရိနေခဲ့သည်။ “အခု ငါတို့ ဒီကို ရောက်နေပြီ။ အားလုံး ငါ့စကားကို နားထောင်ရမယ်။ တစ်ယောက်ယောက်က နာခံဖို့ ငြင်းနေဦးမယ်ဆိုရင် သစ်ပင်တစ်ပင်မှာ ချည်ထားခဲ့ပြီး ဝံပုလွေအစာကျွေးလိုက်ဖို့ ငါအဆင်ပြေတယ်နော်။ ”
လူတိုင်းသည် အလိုအလျောက် တံတွေးများ မျိုချခဲ့သည်။ မည်သူမှ နောက်ပြန်လှည့်ရန် နောက်ထပ် အကြံမပေးရဲကြတော့ချေ။ ဤအော့ကြောလန် လီယောင်သည် ဤကဲ့သို့ အမှန်တကယ်ပင် လုပ်မည်ဟု သူတို့အားလုံး သိကြသည်။
လုံလုံလောက်လောက် အနားယူပြီးနောက် လီယောင်သည် ယခင်က သူမ ပြင်ဆင်ထားခဲ့သည့် လမ်းငယ်လေးအတိုင်း အဖွဲ့အား ရှေ့ဆက်ကာ ဦးဆောင်ခဲ့သည်။ ထိခိုက်မှု တစ်စုံတစ်ရာ မရှိပဲ သူတို့သည် အောက်ခြေသို့ ရောက်သွားခဲ့ကြသည်။
ဤသည်မှာ ချိုင့်ဝှမ်းအောက်ခြေတွင် လူတိုင်း၏ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့အားလုံးသည် ထွားကြိုင်းကြံ့ခိုင်သည့် ငယ်ရွယ်သူများ ဖြစ်ကြသော်လည်း အလွန့်အလွန် ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြသည်။ ကံကောင်းထောက်မစွာပင် အနည်းငယ်မျှ လမ်းလျှောက်ခဲ့ပြီးနောက် ကောလဟာလများအတိုင်း မြေပြင်ပေါ်တွင် လူသားစား သားရဲတိရိစ္ဆာန်များ သို့မဟုတ် အဆိပ်နွံတွင်းများ မရှိသည်ကို သူတို့ တွေ့ရှိခဲ့ရသည်။ ဖြေးညင်းစွာပင် သူတို့သည် အနည်းငယ် စိတ်သက်သာရာ ရလာခဲ့ကြသည်။
မကြာမီပင် သူတို့သည် လျှိုစောက်၏ အစွန်းသို့ ရောက်လာခဲ့ကြသည်။ ရှေ့ဆက်သွားရန် လမ်းမရှိတော့သည်ကို ဝမ်ယွမ်ပန်း သဘောပေါက်ကာ မေးခဲ့သည်။ “မရီး၊ လမ်းက ဒီမှာ ဆုံးသွားပြီနဲ့ တူတယ်။”
“ဟုတ်တယ်။”
လူတိုင်းသည် ဘေးပတ်ပတ်လည်ကို ကြည့်ခဲ့ကြသည်။ သူတို့မြင်သမျှသည် နေရာတကာတွင် မြက်ရိုင်းများသာ ဖြစ်ကြပြီး သူတို့အားလုံးသည် ပို၍ပင် စိတ်ရှုပ်သွားခဲ့ကြသည်။
“မရီး၊ ကျုပ်တို့ ဘာလုပ်ရမှာလဲ။”
“စောင့်ကြည့်နေလိုက်။”
လီယောင်သည် ကန်စွန်းနွယ်ပင်များ ပေါ်ထွက်လာစေရန် မြက်ပင်များကို ခွဲလိုက်ပြီး မြေပြင်အား ပေါက်ပြားနှင့် အားပြင်းပြင်း တူးဆွခဲ့သည်။ အလွန် လျင်မြန်စွာပင် သူမသည် ကန်စွန်းဥ အမြောက်အများကို ယက်ထုတ်ခဲ့သည်။
ဤသို့သော အရာမျိုး ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သောကြောင့် လူတိုင်း စိတ်ဝင်စားသွားခဲ့သည်။
“မရီး၊ ဒါ ဆေးဖက်ဝင်အပင်တွေလား။”
လီယောင်သည် ပြုံးကာ ခေါင်းခါခဲ့သည်။ သူမသည် ကန်စွန်းဥတစ်လုံးကို ဓါးတစ်ချောင်းဖြင့် အခွံ့ခွာခဲ့ပြီး ကျယ်လောင်စွာ တကျွတ်ကျွတ် ဝါးစားခဲ့သည်။
သူမ တိုက်ရိုက်စားသောက်လိုက်သည်ကို မြင်သောအခါ သူတို့၏ အသက်ကို အောင့်ထားခဲ့ကြပြီး သူတို့၏ နှလုံးခုံသံများသည် အလိုအလျောက် ပိုမြန်လာခဲ့သည်။
ဤကဲ့သို့ အစာရေစာ ခေါင်းပါးသည့် ကာလတွင် စားသုံးနိုင်သည့် အစားအစာထက် မည်သည်က တစ်ဦးတစ်ယောက်၏ နှလုံးသားကို ခုန်ပေါက်စေနိုင်လိမ့်မည်နည်း။
“စားကြည့်လိုက်၊ ဒါတွေက တော်တော်လေး စားကောင်းတယ်။”
“ကောင်းပြီး၊ ကျုပ် တူးမယ်။”
ကန်စွန်းဥ အများအပြားကို ထပ်မံ တူးဖော်နိုင်ခဲ့သည်။ ဝမ်ယွမ်ပန်းသည် စိတ်မရှည်စွာပင် တစ်လုံးအား အခွံခွာပြီး အကြီးကြီး ကိုက်ခဲ့သည်။
သူ့ပါးစပ်ထဲမှ တကျွတ်ကျွတ်ဝါးသံနှင့်အတူ ဝမ်ယွမ်ပန်း၏ မျက်လုံးများသည် ပို၍ တောက်ပလာခဲ့ပြီး သူ့အမူအယာသည် ပို၍ ပို၍ ဝမ်းသာကျေနပ်လာခဲ့သည်။ “တအားချိုတာပဲ။”
“ဟုတ်ပါ့၊ တကယ်အရသာရှိတယ်။”
“အဒေါ်လီ၊ ဒါကို ဘယ်လိုခေါ်လဲ။”
“ဒါကို ကန်စွန်းဥလို့ခေါ်တယ်” ဟု လီယောင်က ပြောခဲ့သည်။ “ဒီလယ်ကွင်း တစ်ခုလုံးက ဒါတွေ အပြည့်ပဲ။ နောက်နှစ်ထိ တစ်ရွာလုံးကို ကျွေးဖို့ လုံလောက်တယ်။”
“အကုန်အပြည့်...”
“နောက်နှစ်အထိ တစ်ရွာလုံးကို ကျွေးဖို့လောက်တယ်။ ဟုတ်လား...။”
လူတိုင်းသည် အပေါ်အောက် ခုန်ပေါက်သွားခြင်းကို မတွန်းလှန်နိုင်ခဲ့ပေ။
လက်ရှိအချိန်တွင် ရွာရှိ ပြည့်ပြည့်၀၀ စားသောက်နိုင်သည့် မိသားစုများသည် အလွန့်အလွန် နည်းပါးလှသည်။ ထို့နောက် ဤကန်စွန်းဥတစ်ပုံတစ်ပင်အဖြစ် ကောင်းကင်ဘုံမှ ပေးအပ်သည့် နတ်သုဓာသည် ရုတ်တရက် ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။ သူတို့တွေ တစ်ကိုယ်လုံး တုန်ခါသွားအောင် ဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲ နေနိုင်လိမ့်မည်နည်း။
“ဒါပေမဲ့ ငါ အရင်ဆုံး တစ်ခုခုကို ရှင်းရှင်းလင်းလင်း ပြောထားမယ်။” ဟု လီယောင်က ပြောခဲ့သည်။ “ဒါက ငါတို့ဟဲဝမ်ရွာ တစ်ရွာလုံးရဲ့ စားနပ်ရိက္ခာတွေပဲ။ ဒါတွေ အကုန်လုံး မတူးပြီးမချင်း ဘယ်သူမှ ထွက်သွားလို့ မရဘူး။ မင်းတို့တွေ ဒီသတင်းကို သေချာပေါက် အပြင်ကို ပေါက်ကြားခွင့် မပြုဘူး။”
“စိတ်မပူပါနဲ့ မရီး၊ ကျုပ်တို့တွေက တစ်ယောက်မှ အရူးမဟုတ်ကြပါဘူးဗျာ။”
“ပြီးတော့ ကန်စွန်းဥတွေကို ဝေတဲ့အခါကျရင်လည်း အဓိကအားဖြင့် ပိုလုပ်တဲ့သူ ပိုရလိမ့်မယ်။” ဟု ဖန်မင်းထိုင်ကို တမင်သက်သက် စိုက်ကြည့်ကာ လီယောင်က ပြောခဲ့သည်။ “အားထုတ်ကြိုးပမ်းမှု တစ်ခုမှ မပါဝင်တဲ့သူဆို တစ်လုံးတောင် ရမှာ မဟုတ်ဘူး။”
သစ်ပင်၌ ချည်နှောင်ခံထားရသည့် ဖန်မင်းထိုင်၏ အူများသည် နောင်တကြောင့် တွန့်လိမ်သွားခဲ့သည်။
မရီးသည် ဤနေရာသို့ စားနပ်ရိက္ခာများ တူးယူရန် ခေါ်ဆောင်လာခဲ့သည်ကို သူသိခဲ့ပါက သူမအား ပြန်ပြောမည့်အစား ဝမ်းမြောက်ဝမ်းသာပင် နာခံမိလိမ့်မည်ဖြစ်သည်။
ယခု သူ၏တဒင်္ဂဒေါသကြောင့်သာ ဤနေရာတွင် ဆင်းရဲဒုက္ခခံရန် ချည်နှောင်ထားခံရစဉ်တွင် တစ်ခြားမိသားစုများ စားနပ်ရိက္ခာများ ရရှိသွားကြသည်ကို မနာလိုစွာဖြင့် စောင့်ကြည့်နေရလေတော့သည်။
သူသည် လီယောင်အား အခွင့်အရေး တစ်ခု ပေးလိမ့်မည်ဟု မျှော်လင့်ကာ အသနားခံကာ ကြည့်နေခဲ့သည်။ သို့သော် လီယောင်သည် သူ့အား လျစ်လျူရှုကာ တစ်ခြားသူများကို အလုပ် စလုပ်ရန် ဦးဆောင်ခဲ့သည်။
သူတို့အားလုံးသည် ခွန်အားဗလတွင် အကောင်းဆုံး သန်မာကြသည့် လူငယ်လူရွယ်များ ဖြစ်သည်။ နွားအမြောက်အမြားနှင့် အတူတကွ ကြိုးစားအားထုတ်မှုနှင့်အတူ သူတို့၏ စိတ်အားထက်သန်မှုများသည် ကျောက်မီးသွေးများ တောက်လောက်နေသည်ထက်ပင် ပိုနေခဲ့လေတော့သည်။
ဝမ်ယွမ်ပန်း၏ စီစဉ်မှုအောက်တွင် လူတစ်ချို့သည် ထွန်ယက်ခြင်းကို ဆောင်ရွက်နေကြစဉ်တွင် တချို့သည် ထွန်ယှက်ထားသော မြေပေါ်မှ ကန်စွန်းဥများကို ရှာဖွေခဲ့ကြသည်။ များမကြာမီတွင် ကြီးမားသော အစုအပုံကြီးကို သူတို့ တူးထုတ်နိုင်ခဲ့သည်။
“ကျင်း ရာပေါင်းများစွာလောက်တော့ ရပြီးနေလောက်ပြီ။”
“ကျုပ်တို့တွေ ဒီနေရာသေးသေးလေးကိုပဲ တူးရသေးတယ်။ ဒါတောင် အများကြီး ရနေပြီ။ အဒေါ်လီ ပြောတာ ဟုတ်လိမ့်မယ်။ ဒီတစ်ပြင်လုံး တူးပြီးသွားရင် နောက်နှစ်ထိ ကျုပ်တို့ တစ်ရွာလုံး စားဖို့ လုံလောက်လိမ့်မယ်။”
“ကျုပ်မရီး ဘယ်သူလဲဆိုတာ မင်းစဉ်းစားလိုက်ရင် အံဩစရာ မရှိပါဘူးကွာ။” ဝမ်ယွမ်ပန်းက ဂုဏ်ယူစွာဖြင့် ပြောခဲ့သည်။ “ဘာပဲဖြစ်ဖြစ် အမေက ကျုပ်ကို သူပြောသမျှအားလုံး နားထောင်ဖို့ ပြောလိုက်တယ်။”
သူတို့၏ စိတ်လှုပ်ရှားမှုများနှင့် လူတိုင်းသည် လီယောင်အား ပို၍ အံ့ဩလာခဲ့ပြီး သူမအား လေးစားမှုများ ပိုမိုတိုးပွားလာခဲ့သည်။
မွန်းတည့်ခါနီးအချိန်တွင် လီယောင်သည် မီးပုံပြုလုပ်ရန် လူများကို ထင်းကောက်ခိုင်းခဲ့ပြီး ကန်စွန်းဥများ စတင်ဖုတ်ခဲ့ကြသည်။ မကြာမီတွင် ကန်စွန်းဥဖုတ်၏ မွှေးရနံ့များသည် လေထဲတွင် ပျံ့လွင့်လာခဲ့သောကြောင့် လူတိုင်းအား ထိန်းမနိုင်သိမ်းမရ သွားရည်တများများ ကျလာစေတော့သည်။
စားသောအခါ နူးညံ့ပြီး ချိုမြိန်သော ကန်စွန်းဥဖုတ်သည် အသားထက်ပင် ပို၍ အရသာ ကောင်းမွန်လှပေသည်။
ဖန်မင်းထိုင်သည် သူ သစ်ပင်၌ ကြိုးနှင့် တုတ်ထားခံရနေချိန်တွင် တခြားသူများက စိတ်နှလုံး ကျေနပ်အားရအောင် စားသောက်နေကြသည်ကို အမြှီးတက်နင်းခံထားရသည့် ကြောင်တစ်ကောင်ထက်ပင် ပို၍ စိတ်မသက်မသာ ခံစားရင်း မနာလိုစွာပင် ကြည့်နေခဲ့ရသည်။ သို့သော် လီယောင်သည် သူ့အား လုံး၀ စားခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း သူ သေချာပေါက် သိသည်။
ဟဲဝမ်ရွာ၏ နံပါတ်တစ် အော့ကြော့လန့် အရိုင်းအစိုင်းတစ်ယောက် ဖြစ်သည့် ဂုဏ်သတင်းမှာ ရယ်စရာ တစ်ခု မဟုတ်ပေ။
သူသည် သူ့၏ စိတ်နှလုံးထဲတွင် လေးလေးနက်နက် သက်ပြင်းချကာ မျက်လုံးများကို မှိတ်ထားခဲ့လိုက်သည်။
“စားချင်လား။”
ရုတ်တရက် လီယောင်၏အသံသည် သူ့ရှေ့မှောက်မှ အသံထွက်လာခဲ့ပြီး သူ့နှလုံးသားအား လန့်ဖျပ်သွားစေခဲ့သည်။ သူ၏ မျက်လုံးများကို အမြန်ဖွင့်လိုက်ပြီး လီယောင်သည် ကန်စွန်းဥဖုတ်နှစ်လုံးကို ကိုင်ဆောင်ထားသည်ကို မြင်တွေ့ခဲ့ရသည်။
မွှေးပျံသော ရနံ့များသည် ပျံလွှင့်လာခဲ့ပြီး သူ့ဆန္ဒကို ဆန့်ကျင်ကာ သူ့အား တံတွေးများကို မျိုချစေခဲ့သည်။ သူသည် စိတ်အားထက်သန်စွာဖြင့် ခေါင်းငြိမ့်ခဲ့သည်။
…