← Chapters

ကန်စွန်းဥ

Vol. 6 Ch. 73

ကန်စွန်းဥ

Vol. 6 Ch. 73

အခန်း ( ၇၃ ) – ကန်စွန်းဥ

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း၌ လတစ်ဝက် ကုန်လွန်သွားခဲ့သည်။

လီယောင်၏ ကန်စွန်းဥ တူးဖော်သည့် အဖွဲ့သည်လည်း သူတို့၏ လုပ်ငန်းတာဝန်များကို ပြီးမြောက်တော့မည် ဖြစ်သည်။ သူတို့သည် နေ့စဉ် မြေရိုင်း မူ ၅၀ခန့်အား ထွန်ယက်ခဲ့သည်။ နွားများ၏ အကူအညီနှင့်ပင်လျှင် လူတိုင်းသည် ခြေကုန်လက်ပန်းကျနေခဲ့ကြသည်။ သို့သော် နေ့စဉ် ညစာစားပြီးနောက် မြက်ခင်းပေါ်တွင် လဲချကာ အလျင်စလို လှဲအိပ်မည့်အစား ထို့နေ့တွင် တူးထားသည့် ကန်စွန်းဥများကို ချိန်တွယ်ရန်အတွက်သာ စိတ်အားထက်သန်နေခဲ့ကြသည်။

နောက်ဆုံးတွင် အားလုံး အကုန် တွက်ချက်ပြီးနောက် လီယောင် မျှော်မှန်းထားသည်ထက် များစွာ လျော့နည်းသည့် ကန်စွန်းဥ စုစုပေါင်း ကျင်း ၂၀၀၀၀၀ကို သူတို့အားလုံး တူးဖော်ခဲ့ကြသည်။

သို့သော် ဝမ်ယွမ်ပန်းနှင့် သူ့အပေါင်းအပါများသည် အလွန်အမင်း ကျေနပ်နေခဲ့ပြီ ဖြစ်သည်။

ဟဲဝမ်ရွာရှိ ပျမ်းမျှအိမ်ထောင်စုတွင် လယ်ယာကောင်း ဆယ်မူရှိပြီး မူတစ်ခုစီမှ စပါးကျင်း ၂၀၀ကျော်ကို ထုတ်လုပ်နိုင်သည်။ ကန်စွန်းဥများကို လတစ်ဝက်ခန့် တူးပြီးနောက် ၎င်းသည် တစ်နှစ်စာ ရိတ်သိမ်းမှုနှင့် ညီမျှနေခဲ့သည်။ ဘာတွေများ စိတ်မကျေနပ်စရာ ရှိရဦးမှာပါလိမ့်။

“မရီး” နောက်ဆုံးတစ်ကျော့ ပြီးသွားချိန်တွင် ဝမ်ယွမ်ပန်းသည် ပျော်ရွှင်စွာဖြင့် ပြောခဲ့သည်။ “ကျုပ်တို့ ဘယ်အချိန်ပြန်ကြမလဲဗျ။”

လူတိုင်းသည် သူတို့၏ မိသားစုများထံသို့ သတင်းကောင်းများ ဝေမျှရန်အတွက် သိသိသာသာ စိတ်အားထက်သန်စွာဖြင့် ကြည့်ရှုခဲ့ကြသည်။

“အချိန်တန်ပြီ”ဟု လီယောင်က ပြောခဲ့သည်။ “မင်းတို့တွေ ဒီမှာ ကန်စွန်းဥတူးနေတုန်း၊ ရွာလူကြီးလီကလည်း လမ်းဖောက်ိဖု့ ရွာသားတွေကို ဦးဆောင်နေတယ်။ နှစ်ဖက်လုံး ပြီးလောက်ပြီထင်ပါတယ်။”

ဝမ်ကျားဖူ ဦးဆောင်သော လမ်းဖောက်သည့်အဖွဲ့သည်လည်း သူတို့၏ လုပ်ငန်းတာဝန်များကို အမှန်တကယ်ပင် ပြီးမြောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လတစ်ဝက်ကြာပြီးနောက် လမ်းဖောက်သူများသည်လည်း အလွန်အမင်း ပင်ပန်းနေခဲ့ကြသည်။ နေ့စဉ် မိုးမလင်းခင်၌ စတင်အလုပ်လုပ်ကြပြီး ညမှောင်သည်အထိ သူတို့အိမ်မပြန်ကြသေးပေ။ သူတို့၏ အရိုးများပင် ကျိုးတော့မည်ဟု ခံစားခဲ့ရသည်။

သို့သော်ငြား ဤသည်မှလွဲ၍ မည်သူမှ မကျေမနပ် မဖြစ်ခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော ဟဲရှောင်ယာသည် သူတို့၏ အစားအသောက်များကို ချက်ပြုတ်ရန် တာဝန်ယူခဲ့ပြီး သူတို့ မည်မျှ ပင်ပန်းနေကြသည်ကို မြင်သောအခါ သူတို့အတွက် ချက်ပြုတ်သည့်အချိန်တွင် ဆီများ အမြဲ ပိုထည့်လေ့ ရှိပြီး နေ့စဉ် အသား အပိုင်းအစများကိုပင် သူတို့ တွေ့မြင်ခဲ့ရသည်။

ဤသို့သော အစားအသောက်များကို နေ့စဉ် စားသောက်ရပါက တောင်ပေါ်တွင် လမ်းဖောက်ရန် မဆိုနှင့်၊ ဤတောင်များအား တူးခိုင်းမည်ဆိုလျှင်တောင် သူတို့လုပ်ရန် ဆန္ဒရှိကြပေသည်။

“ဦးလေးဝမ်” ရွာသားတစ်ဦးက မေးခဲ့သည်။ “လမ်းက သေမင်းတမာန်ချိုင့်ဝှမ်းအစွန်းကိုတောင် ရောက်နေပြီနော်။ ကျုပ်တို့ တခြား ဘယ်ကို ဆက်ဖောက်ရဦးမှာလဲ။”

ဝမ်ကျားဖူသည် ပြန်မဖြေခင် နက်ရှိုင်းသည့် ချိုင့်ဝှမ်းအား အချိန်အတော်ကြာ ကြည့်ရှုနေခဲ့သည်။ “ဒီနေရာထိပဲ။ ဆက်ဖောက်ဖို့ မလိုတော့ဘူး။”

“ကျုပ် စပ်စုတာတော့ မဟုတ်ပါဘူး။ မရီးလီက ဒီလမ်းကို ဘာဖြစ်လို့ ဖောက်ချင်တာလဲဆိုတာ မေးချင်ရုံပါ။”

“ဟုတ်သားပဲ၊ ဦးလေး။ ဒီတောင်ကုန်းတွေက ကျုပ်တို့ ရွာပိုင် မဟုတ်ဘူး မဟုတ်လား။”

ဝမ်ကျားဖူသည် လူတိုင်းအား ကြည့်ကာ ပြောခဲ့သည်။ “အခု ငါတို့ ဒီအထိ ရောက်လာခဲ့ပြီဆိုတော့ ငါ မင်းတို့ကို အမှန်တိုင်း ပြောပြလို့ ရပြီ။”

“ဒီလမ်းက စားနပ်ရိက္ခာတွေ သယ်ဖို့ပြုဖို့ပဲ။”

ဘာကြီး...။

လူတိုင်းအားလုံးသည် တပြိုင်နက်တည်း ဇဝေဇဝါ ဖြစ်သွားကြသည်။

သူက ကိုယ့်ကိုကြည့်လိုက်၊ ကိုယ်က သူ့ကိုကြည့်လိုက်နှင့် ဤစားနပ်ရိက္ခာများ မည်သည့်နေရာမှ ရောက်လာမည်ကို စူးစမ်းနေခဲ့ကြသည်။

ဤတောင်တန်းကြီးထဲတွင် လယ်မြေများ ရှိနိုင်လိမ့်မည်လား။

“ဦးလေးဝမ်၊ စားနပ်ရိက္ခာတွေက ဘယ်မှာလဲ။”

“ဒီမှာပါဗျာ။”

ထိုစဉ်တွင် ဝမ်ယွမ်ပန်း၏ အသံသည် အနောက်မှ ထွက်ပေါ်လာခဲ့သည်။ အားလုံးသည် နောက်ပြန်လှည့်ကြည်လိုက်သောအခါ ပစ္စည်းတချို့ကို ကိုင်ကာ ပြေးလာခဲ့သည်။

“ဝမ်ယွမ်ပန်း၊ အဲ့မှာ ဘာလုပ်နေတာလဲကွ။”

“ခင်ဗျားတို့ ဒီအကြောင်းတောင် မသိကြသေးဘူးလား” ဝမ်ယွမ်ပန်းသည် လူတိုင်းရှေ့မှောက်သို့ ကန်စွန်းဥများကို ဂုဏ်ယူစွာဖြင့် ထုတ်ပြခဲ့သည်။ “ဒီပစ္စည်းက ခင်ဗျားတို့ စားလို့ ရတယ်။”

“ဒါလေးတွေက သစ်သား၀ဥသေးသေးလေးတွေနဲ့ တူတယ်နော်။ မင်း တကယ်ပဲ စားနိုင်လို့လား။”

“ကျုပ်ကို မယုံဘူးလား”ဟု ဝမ်ယွမ်ပန်းက ပြောခဲ့သည်။ “ခင်ဗျားတို့ရှေ့မှာ ကျုပ်စားပြမယ်။”

သူသည် ပြောရင်းဆိုရင်းနှင့်ပင် ဓားဖြင့် သွက်သွက်လက်လက် အခွံခွာခဲ့ပြီး တဂွပ်ဂွပ်နှင့် ကိုက်စားခဲ့သည်။

သူ အားရပါးရ စားပြနေသည်ကို မြင်သောအခါ တစ်ဦးက တစ်လုံးကိုယူကာ သူစားသကဲ့သို့ အခွံနွှာပြီး စစားရန် ကြိုးပမ်းခဲ့သည်။

မကြာမီအချိန်၌ လူပေါင်းများစွာ၏ ပါးစပ်ထဲတွင် တကျွတ်ကျွတ်မြည်နေသော အသံများနှင့်‌ ပြည့်နှက်နေခဲ့ကြပြီး တခြားသူများအား သူတို့၏ လည်ပင်းများကို အားတက်သရော ဆန့်အောင် ပြုလုပ်ခဲ့သည်။

“ဘယ်လိုနေလဲကွ။”

“သိပ်အရသာမရှိဘူး။”ဟု ဝမ်ယွမ်ပန်းသည် စိတ်မချမ်းမြေ့သည့် အမူအရာဖြင့် ပြောခဲ့သည်။ “ခါးပြီးတော့ ချဉ်တယ်။”

“ကျုပ်သိသားပဲ။ ဒီတောင်တန်းတွေမှာ စားလို့ ရတဲ့ဟာ ဘာတစ်ခုမှ မတွေ့ဖူးဘူး။ ဟေး... ဟေ့ကောင်၊ မင်းပြောတော့ အရသာမရှိဘူးဆို၊ ဘာဖြစ်လို့ မင်းဆက်စားနေသေးတာတုန်း။”

ဝမ်ယွမ်ပန်းသည် နောက်ဆုံး ကန်စွန်းဥအား အဝေးသို့ ဆတ်ကနဲ့ ဆွဲလုယူသွားသည်ကို မြင်သောအခါ တခြားသူများသည် သူတို့ အလှည့်စားခံလိုက်ရကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ကြသည်။

“ကဲ၊ ကဲ..” ရွာလူကြီးက ပြောခဲ့သည်။ “ကျုပ်တူမ ပြောတဲ့အတိုင်းဆို ဒါတွေက အများကြီးပဲတဲ့။ အဲဒါတွေ သယ်ထုတ်ဖို့ ကျုပ်တို့ လမ်းဖောက်တာပဲ။”

သယ်ယူပို့ဆောင်ဖို့အတွက်နဲ့ လမ်းတစ်ခုလုံးကို တကူးတက ဖောက်တယ်။

ပမာဏ မည်မျှခန့် များပြားလိမ့်မည်ဟု တွေးတောကာ လူတိုင်း၏ နှလုံးသားများသည် တချက်အခုန်မြန်သွားခဲ့သည်။

“ဝမ်ယွမ်ပန်း၊ အဲ့အကြောင်းကို လူတိုင်းကို ပြောပြလိုက်။”

“တကယ်တော့ အဲလောက်အများကြီး မဟုတ်ပါဘူး။” ဝမ်ယွမ်ပန်းသည် လေးလေးနက်နက် ပြောခဲ့သည်။ “ကျင်း ၂သိန်းလောက်ပါပဲ။”

လူတိုင်းသည် သူ့အား ရိုက်နှက်ရန် လှုံဆော်နေခဲ့သည်။

ဒီငလေထွားတော့၊ ကျင်း နှစ်သိန်းက များတယ်လို့ မခေါ်ရဘူးလား။

သီးနှံအထွက်မကောင်းသောနှစ်များတွင် တစ်ရွာလုံး၌ပင်လျှင် ထိုမျှပင် စပါး မထွက်နိုင်ခဲ့ပေ။

စားနပ်ရိက္ခာ အခိုင်အမာနှင့် ဤဆောင်းရာသီတွင် ရွာရှိ မည်သူမှ ဆာလောင်ကြတော့မည် မဟုတ်ပေ။ လတစ်ဝက်ခန့်ကြာအောင် ဖိစီးနေသည့် ဝမ်ကျားဖူ၏ နှလုံးသားလေးသည်လည်း အဆုံး၌ လုံး၀ သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။

“ပစ္စည်းတွေက ဘယ်မှာတုန်း။”

“ချိုင့်ဝှမ်းထဲမှာပဲ။ ကျုပ်မရီးက ဦးလေးကို နွားလှည်းတွေ ပိုပြီး ပြင်ဆင်ထားရအောင်လို့ ပြောဖို့ ကျုပ်ကို သွားရှာခိုင်းလိုက်တာ။”ဟု ဝမ်ယွမ်ပန်းက ပြောခဲ့သည်။ “ကန်စွန်းဥတွေကို အောက်ကနေ အပေါ်ကို ဆွဲယူရအောင်လို့ ကြိုးတွေလည်း များများယူလာခဲ့ဖို့ ပြောလိုက်တယ်။”

“ကောင်းတယ်၊ ကောင်းတယ်။ ငါ အခုပဲ သွားပြင်ဆင်လိုက်မယ်။”ဟု ဝမ်ကျားဖူက ပြောခဲ့သည်။ “ကန်စွန်းဥတွေကို ဒီကို ရွှေ့ဖို့အတွက် မင်း သူတို့ကို အောက်ထဲ ခေါ်သွားလိုက်။”

လက်ထဲတွင် အစားအသောက်များနှင့်အတူ လူတိုင်းသည် စိတ်အားထက်သန်မှုအပြည့် ဖြစ်နေကြသည်။

ဝမ်ယွမ်ပန်းသည် လမ်းဖောက်လုပ်သူများအား တူးထားသော ကန်စွန်းဥများအား လမ်းထွက်ပေါက်ဆီသို့ ရွှေ့ရန်အတွက် ချိုင့်ဝှမ်းထဲသို့ ဦးဆောင်ကာ ဆင်းသွားခဲ့သည်။ ဝမ်ကျားဖူသည် ရွာသို့ပြန်ကာ အသုံးပြုနိုင်သည့် နွားလှည်းများနှင့် တစ်ဘီးတည်းပါ လက်တွန်းလှည်းများအားလုံးကို အသစ်ဖောက်လုပ်ထားသော တောင်ပေါ်လမ်းတစ်လျှောက် ယူဆောင်လာခဲ့သည်။

လီယောင်သည် ကန်စွန်းဥများကို ချောက်ကမ်းပါးပေါ်သို့ လွယ်လွယ်ကူကူ ဆွဲတင်စေနိုင်ရန် လက်သမားအတတ် လုပ်တတ်သည့် ရွာသားတစ်ချို့အား သစ်ကိုင်းများပေါ်တွင် စက်သီး တစ်ဒါဇင်ကျော်အား ချိတ်ဆွဲစေခဲ့သည်။

နောက်ဆုံး လီယောင့်အိမ်အသစ်၏ ခြံကျယ်ကြီးထဲသို့ ကန်စွန်ဥများအားလုံးကို မပို့ဆောင်ရသေးမီအထိ လူတစ်ရာကျော်သည် သုံးရက်တိုင်တိုင် အလုပ်များနေခဲ့ကြသည်။

တောင်ကဲ့သို့ မြင့်မောက်နေသည့် ကန်စွန်းဥပုံကြီးကို ကြည့်ကာ သူတို့၏ မျက်နှာများ နီရဲလာသည့်အထိ ရွာသူရွာသားများအားလုံးသည် အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။ သူတို့၏ အသက်သခင် ကျေးဇူးရှင်အား ကြည့်နေသကဲ့သို့ပင် လီယောင်အား သူတို့ ကြည့်နေခဲ့ကြသည်။

“ရွာက လူတိုင်း ဒီမှာရှိနေတာနဲ့အတူ ကျုပ် အရင်ဆုံး စကားနည်းနည်း ပြောပါရစေ။” ဝမ်ကျားဖူသည် လေးထောင့်စားပွဲကြီးတစ်ခုပေါ်တွင် ရပ်ကာ အားလုံးကို မိန့်ခွန်းပြောခဲ့သည်။ “ဒီကန်စွန်းဥတွေ အားလုံးကို နဂိုတည်းက လီယောင်ပဲ အကုန်ပိုင်တာပါ။ ဒါပေမဲ့ သူက သနားကြင်နာတော့ လူတိုင်း ဆာလောင်နေမှာကို မမြင်ချင်ဘူး။ ဒါကြောင့်မို့ လူတိုင်းနဲ့ ဝေမျှဖို့ သူစိတ်ကူးခဲ့တယ်။ ကျုပ်ကတော့ ကျုပ်တို့တွေ သူ့ပစ္စည်းတွေကို ဒီအတိုင်း အလကားမယူနိုင်ဘူးလို့ ခံစားခဲ့ရတယ်။ ဒါကြောင့်မို့ သူ့အိမ်က အလုပ်တချို့ကို လူတိုင်းကို ကျုပ် ကူညီခိုင်းခဲ့တယ်။ ဒီနည်းနဲ့ စားနပ်ရိက္ခာတွေ ကျုပ်တို့တွေ ယူတဲ့အခါ မကောင်းဘူးလို့ ကျုပ်တို့ မခံစားရတော့ဘူးပေါ့ဗျာ။”

“ဟုတ်တာပေါ့။ ဒါမှပဲ သင့်တော်တယ်လေ။”

“အခု ခင်ဗျားတို့မှာ ရွေးစရာ နှစ်ခု ရှိပါတယ်။ ကိုယ့်ဖာသာကိုယ်ရွေးကြပါ။”ဟု ဝမ်ကျားဖူက ဆက်လက် ပြောဆိုခဲ့သည်။ “ပထမတစ်ခုကတော့ နဂိုတည်းက သဘောတူထားတဲ့အတိုင်း လုပ်အားခ ရမှာပါ။ ဒုတိယတစ်ခုကတော့ ဒီကန်စွန်းဥတွေနဲ့ လဲဖို့ ခင်ဗျားတို့ရဲ့ လုပ်အားခတွေကို သုံးတာပါ။ တစ်ဝမ်ကို တစ်ကျင်းပါ…”

“ကျုပ်တို့ကတော့ ကန်စွန်းဥတွေနဲ့ လဲမယ်ဗျို့…”

“ကျုပ်ကောပဲ။”

ရွာသူရွာသားများအားလုံးသည် သူတို့၏ ရွေးချယ်မှုများကို စတင်ပြောဆိုလာချိန်တွင် ဝမ်ကျားဖူသည် သူ့စကားပင် မဆုံးသေးချေ။ ယခုအခါ၌ ဆန်စျေးများသည် တဟုန်ထိုး ထိုးတက်လာခဲ့ပြီး တစ်ကျင်းလျှင် ဆယ်ပြားကျော် ကျသင့်သည်။

ကောက်ပဲသီးနှံ တစ်ကျင်းလျှင် တစ်ပြားစျေးသည် အိပ်မက်ထဲ၌ပင် မကြားဖူးချေ။

ထို့ကြောင့် မရူးသောသူတိုင်းသည် ကန်စွန်းဥများနှင့်သာ တိုက်ရိုက်လဲလှယ်ရန် သေချာပေါက် ရွေးချယ်ကြမည် ဖြစ်သည်။

သို့သော် ဤမျှကောင်းမွန်သည့် သဘောတူညီချက်သည် အမှန်တကယ်ကော ရှိနိုင်ပါလိမ့်မည်လား။

“သူကြီး၊ ခင်ဗျား ကျုပ်တို့ကို နောက်နေတာတော့ မဟုတ်ဘူး မဟုတ်လား။”

“ကျုပ် နောက်လား မနောက်လားဆိုတာကို မင်းတို့ အခုချက်ချင်း သိလိမ့်မယ်ဗျာ..” ဝမ်ကျားဖူသည် အလုပ်မှတ်တမ်းကို ထုတ်ယူခဲ့လိုက်သည်။

“ကျုပ် တစ်မိသားစုချင်းစီကို တစ်စုပြီး တစ်စု ခေါ်လိုက်မယ်။ ဖန်ရှန်း၊ ခင်ဗျား အရင်ဆုံး။”

“ဒါဆို ကျုပ်အရင်သွားလိုက်မယ်။”

ဖန်ရှန်းသည် ခပ်ပြုံးပြုံးဖြင့် လျှောက်သွားခဲ့သည်။ သူ့မိသားစုတွင် စုစုပေါင်း ၂၃ယောက် ရှိသည်။ အသက်နှစ်နှစ်အောက် ကလေးငယ် နှစ်ဦးမှလွဲ၍ လူ၂၁ဦးသည် မြေရှင်းလင်းရေးနှင့် လမ်းဖောက်လုပ်ရာတွင် ကူညီပေးခဲ့သည်။ ထို့ကြောင့် သူတို့သည် ကန်စွန်းဥ ၃၁၅၀ကတ်တီကို ချက်ချင်း ရရှိခဲ့သည်။

ကန်စွန်းဥများ အပြည့်ပါရှိသော နွားလှည်း သုံးစီးကို အဝေးသို့ ဆွဲခေါ်သွားသည့် သူ့အား မြင်သောအခါ ကျန်သောရွာသူရွာသားများသည် သံသယများ မရှိကြတော့ပေ။ သူတို့သည် ခြင်းတောင်းများနှင့် စည်ပိုင်းများကို ယူဆောင်ရန် အိမ်သို့ အမြန်ပြန်ခဲ့ကြသည်။

ရွာသူရွာသားများ၏ အားရပါးရ ပြုံးနေကြသည့် မျက်နှာများကို မြင်ရသော် တာ့ကျွမ်းသည် ပျားရည် တစ်ပန်းကန်ကို စားရသည်ထက်ပင် ပို၍ ပျော်ရွှင်နေခဲ့သည်။

နောက်ဆုံးတွင် လူတိုင်းသည် နေ့စဉ် တောရိုင်းဟင်းသီးဟင်းရွက်များကို စားသောက်ရခြင်း သို့မဟုတ် ဆာလောင်နေရခြင်းများ ဖြစ်တော့မည် မဟုတ်တော့ပေ။ သူတို့သည် သူ့အမေ့ကိုလည်း အော့ကြောလန် အရိုင်းအစိုင်းလို့ နောက်ထပ် မခေါ်ကြတော့လောက်ပါဘူး မဟုတ်လား။

…

All Chapters