← Chapters

ရိုင်းစိုင်းသော စကားလုံးများ

Vol. 7 Ch. 83

ရိုင်းစိုင်းသော စကားလုံးများ

Vol. 7 Ch. 83

သူမတို့အားလုံးသည် ယခုလေးတင် လီယောင်ပြောလိုက်သည်နှင့် ပတ်သက်၍ သိချင်စိတ်များ ပြင်းပြကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြသည်။ အရင်းခံတိုင်းပြောရမည်ဆိုပါက သူမ၏ စကားလုံးများသည် သာမာန်အသိတရားများနှင့် ဆန့်ကျင်နေခဲ့ပြီး အနည်းငယ် ကွဲလွဲကာ ဝိရောဓိဖြစ်စေသည့် အဓိပ္ပါယ်များပါ ရှိနေခဲ့သည်။ သို့တိုင် နားလည်ရခက်စွာပင် ယင်းစကားလုံးများသည် သူမတို့အား ထူးထူးခြားခြား စိတ်အားတက်ကြွစေခဲ့သည်။

ခရိုင်တရားသူကြီးမင်းကတော်သည်လည်း အံအားသင့်နေစဉ်မှာပင် လီယောင်သည် ထိုစကားများကို တမင်သက်သက် ပြောနေခဲ့ကြောင်းကို သူမ နားလည်သဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူမသည် ပူးပေါင်းပါဝင်ကာ မေးမြန်းခဲ့သည်။ “သခင်မလီ၊ ဒါဆို ကျွန်မတို့ ဘာလုပ်သင့်တယ်လို့ ရှင် ထင်လဲရှင့်။”

“အမျိုးသားတွေလှူတဲ့အလှူက သူတို့နဲ့ပဲ သက်ဆိုင်တယ်။”ဟု လီယောင်က ပြန်ဖြေခဲ့သည်။ “ပြီးတော့ ကျွန်မတို့လှူတဲ့အလှူက ကျွန်မတို့နဲ့ပဲ သက်ဆိုင်တယ်။ သပ်သပ်စီခွဲထားပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဝင်မစွက်ဖက်ပဲ ထားကြရအောင်။ နောင်အနာဂါတ်မှာ ပိုင်ချွမ်းခရိုင်က လူတွေက သေချာပေါက် ကျွန်မတို့ရဲ့ ပံ့ပိုးကူညီမှုကို မှတ်မိနေကြလိမ့်မယ်။”

“အဲဒါ အမှန်ပဲ။” ခရိုင်တရားသူကြီးမင်းကတော်သည် သဘောတူခဲ့သည်။ “ခရိုင်တရားရုံးရဲ့ အပြင်ဘက်က သိသာထင်ရှားတဲ့နေရာမှာ အထိမ်းအမှတ် မော်ကွန်းကျောက်တိုင်တစ်ခု‌ ဆောက်မယ်လို့ ကျွန်မခင်ပွန်းဖြစ်သူဆီက ကြားထားတယ်။ ဒီတစ်ခါ လှူဒါန်းတဲ့သူတိုင်းကို ကျောက်စာတိုင်ပေါ်မှာ သူတို့နာမည်တွေကို ရေးထိုးထားမယ်တဲ့။ ကျွန်မတို့လည်း ပံ့ပိုးကူညီမယ်ဆိုရင် ကျွန်မခင်ပွန်းက ကျွန်မတို့အတွက် သီးသန့်မော်ကွန်းကျောက်စာတိုင်တစ်ခု ဆောက်ပေးမယ်လို့ ထင်တယ်။”

ဤစကားများကို ပြောလိုက်သည်နှင့် တပြိုင်နက် ဆယ်ယောက်နှင့်အထက် အမျိုးသမီးများ၏ မျက်လုံးများသည် တောက်ပလာခဲ့ကြသည်။

ပို၍ ကျော်ကြားမှုနှင့် ကြွယ်၀ချမ်းသာမှုများကို မလိုချင်သည့်သူ မည်သူများ ရှိလိမ့်မည်နည်း။

“ဒါဆို ကျွန်မတို့ ဘယ်လောက် လှူဒါန်းသင့်လဲရှင့်။” ဟု တစ်ဦးက မေးခဲ့သည်။

“အများကြီး လှူဒါန်းဖို့ မလိုပါဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ အရမ်းလည်း နည်းနေလို့ မရဘူး။ မဟုတ်ရင် ကျွန်မတို့ အဟားခံရတဲ့သူတွေ ဖြစ်လာဦးမယ်။ ကျွန်မကတော့ ငွေချောင်း ၅၀ကနေ စပြီး ကြိုက်သလောက်လှူဖို့ အကြံပြုချင်ပါတယ်။ ဒါမှ ပိုပြီး သင့်တင့်မျှတပုံပေါက်ပါတယ်။”

လူတိုင်းသည် စိတ်သက်သာစွာဖြင့် သက်ပြင်းချခဲ့ကြသည်။

ငွေချောင်း ၅၀မှ စတင်လှူဒါန်းခြင်းသည် အမှန်တကယ်ပင် လုံး၀ မများပေ။

လီယောင်သည် အမှန်တကယ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ငွေချောင်း၅၀၀မှ စတင်အကြံပြုလိမ့်မည်ကို သူမတို့ စိုးရိမ်နေခဲ့ကြသည်။

“ကျွန်မ ငွေချောင်း ၂၀၀ လှူပါမယ်။” ဟု သခင်မလိုင်က ပြောခဲ့သည်။

သူမ၏ ခင်ပွန်းဖြစ်သူ သခင်ကြီးလိုင်သည် ပိုင်ချွမ်းတွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ၏ ချမ်းသာကြွယ်၀မှုများသည် ပြိုင်ဘက်ကင်းလှသောကြောင့် သူမသည် ဤကြိုးပမ်းအားထုတ်မှုကို ဦးဆောင်ခဲ့သည်။

ဦးဆောင်သူတစ်ယောက်၏ လမ်းစဉ်အတိုင်း တခြားသော သခင်မများသည်လည်း ငွေချောင်း ၅၀၊ ငွေချောင်း ၈၀၊ ငွေချောင်း၁၀၀.. စသည်ဖြင့် လှုဒါန်းလာခဲ့ကြသည်။ ယှဉ်ပြိုင်မှု မရှိကြသော်လည်း မည်သူမှ အားနည်းသည့်ပုံ မပေါ်ချင်ကြသောကြောင့် သူမတို့အားလုံးသည် ရက်ရက်ရောရော လှူဒါန်းခဲ့ကြသည်။

“ကျွန်မက ရှင်တို့ရဲ့ ကြွယ်၀မှုတွေကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတော့ ငွေချောင်း ၁၀၀ လှူပါမယ်။”ဟု ခရိုင်တရားသူကြီးမင်းကတော်သည် ပြုံး၍ပြောခဲ့သည်။ “သခင်မလီ ရှင်ကရော…”

“ကျွန်မကတော့ ငွေချောင်း ၁၉၀ လှူပါမယ်။”

ယင်းကို ကြားသောအခါ သခင်မလိုင်၏ မျက်နှာသည် ချက်ချင်း တောက်ပသွားခဲ့သည်။

လီယောင်သည် သူမထက် ပို၍ ရက်ရောစွာဖြင့် လှူဒါန်းကာ သူမအား လွှမ်းမိုးသွားမည်ကို သူမ စိုးရိမ်နေခဲ့သည်။ ယခုတွင်မူ ဤအမျိုးသမီးလီသည် အမှန်တကယ်ပင် ကျွမ်းကျင်ပိုင်နိုင်သည့်သူတစ်ဦး ဖြစ်ပုံရသည်။

အမျိုးသမီးများ၏ လှူဒါန်းငွေကိစ္စရပ်သည် ခေတ္တအဆုံးသတ်သွားခဲ့သည်။ စုစုပေါင်း လူ ၁၅ ဦး ရှိပြီး သူမတို့အားလုံးသည် စုစုပေါင်း ငွေချောင်း ၁၈၀၀ကို လှူဒါန်းခဲ့ကြသည်။

ခရိုင်တရားသူကြီးမင်းကတော်သည် အတန်ငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

လီယောင် မရှိခဲ့ပါက ဤသခင်မများ၏ ပိုက်ဆံအိတ်များကို ဖွင့်ရန် ဖျားယောင်းသွေးဆောင်ရန် မဖြစ်နိုင်ကြောင်းကို သူမ သိသည်။ ၎င်းသည် အများအပြား မဟုတ်သော်လည်း ပံ့ပိုးကူညီမှုတစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။

“ကဲ… အားလုံးပဲ စကားဆက်ပြောနေကြပါဦးနော်။ ကျွန်မ အပြင်ခဏ ထွက်လိုက်ပါဦးမယ်ရှင့်။”

အမျိုးသမီးများ၏ လှူဒါန်းမှုများသည် အမြည်းသဘောမျှသာ ဖြစ်သည်။ လီယောင်၏ ပိုကြီးသည့် ပစ်မှတ်မှာ အပြင်ဘက်ရှိ အမျိုးသားများပင် ဖြစ်သည်။

သူမ၏ ချဉ်းကပ်မှုကို မြင်သောအခါ ခရိုင်တရားသူကြီးမင်းစုန့်သည် အကြောင်းပြချက် တစ်ခု ရှာကာ ခဏထွက်သွားခဲ့သည်။

ခရိုင်တရားသူကြီးမင်း ထွက်ခွာသွားသည်နှင့်အတူ ကျန်းကွမ်းရှန်သည် ဆက်လက်ထိန်းမထားနိုင်ပေ။

“အာ.. သခင်မလီ၊ ခင်ဗျား ဒီလောက် ကျော့ကျော့မော့မော့ ၀တ်ထားတာကို တွေ့ရခဲသားဗျာ။”

“ဟုတ်တယ်။” လီယောင်က ပြန်လည်ဖြေဆိုခဲ့သည်။ “ကျွန်မရဲ့ ချည်သား အပေါ်ဝတ်က အကောင်းမွန်ဆုံး ချည်သားနဲ့ ရက်လုပ်ထားတာလေ။ ငွေချောင်း ၃ချောင်း ကျသင့်တယ်။”

လူတိုင်းသည် သူမ၏ စကားများကြောင့် အနည်းငယ် အံအားသင့်သွားခဲ့ကြပြီး ယင်းမှာ အတန်ငယ် ရယ်စရာတစ်ခုဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။

လူတိုင်းရှေ့မှာ သူ(မ)က ငွေချောင်း ၃ချောင်းတန် ချည်သားအင်္ကျီကို ကြွားရဲတယ်ပေါ့လေ။

သူတို့ထဲတွင် ငွေချောင်း ၁၀ ချောင်းထက် တန်ကြေးရှိသော အဝတ်အစားများကို မဝတ်သည့်သူ မည်သူရှိလိမ့်မည်နည်း။

သေချာပေါက် လီယောင်သည် ရိုးရိုးရှင်းရှင်းပင် ပိုးထည်၏ တန်ဖိုးကို နားမလည်ပဲ အရည်အသွေးမြင့် ချည်သားသည် အကောင်းဆုံးပစ္စည်းဖြစ်ကြောင်း မှားယွင်းစွာ ယုံကြည်နေသောကြောင့် ဖြစ်နိုင်ပေသည်။

ယင်းအကြောင်းကို တွေးမိသောအခါ လူတိုင်းသည် သူမအား အနည်းငယ် အထင်အမြင် မသေးပဲ မနေနိုင်ကြတော့ပေ။

ကျန်းကွမ်ရှန်သည် လီယောင်အား ဤကဲ့သို့ လှောင်ပြောင်သရော်ရန် ရှားရှားပါးပါးပင် အခွင့်အရေး ရရှိခဲ့ပြီး သူက ပြောခဲ့သည်။ “မကြာခင်တုန်းကမှ ခင်ဗျားရဲ့ လုပ်ငန်းက တိုးတက်ကြီးပွားနေတယ်လို့ ကျုပ်ကြားထားတယ်ဗျ။ ခင်ဗျား ပိုက်ဆံတွေ အများကြီးရှာနိုင်ခဲ့တာပဲ ဖြစ်ရမယ်။”

“ဟုတ်တယ်ရှင့်။” ဟု လီယောင်က ပြန်ဖြေခဲ့သည်။ “ကျွန်မရဲ့ ခေတ်မီစတိုးဆိုင်ကနေ ငွေချောင်း ၁၀၀နီးပါး ရှာနိုင်ခဲ့တယ်လေ။”

ထိုသို့ပြောပြီးနောက် လီယောင်သည် လူအုပ်ကြီးကို စေ့စေ့စပ်စပ်ကြည့်ကာ ဆက်ပြောခဲ့သည်။ “ဒီမှာရှိတဲ့ ရှင်တို့အားလုံးမှာ ဒီလို အရည်အချင်းအမျိုး မရှိလောက်ဘူးလို့ ကျွန်မ ထင်တယ်။ ဟုတ်တယ် မဟုတ်လား။”

သူမ၏ စကားကြောင့် လူတိုင်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားခဲ့ကြသည်။

လီယောင်ရဲ့ ခေတ်မီစတိုးဆိုင်က ဖွင့်တာ မကြာသေးဘူး မဟုတ်လား။

ငွေချောင်း ၁၀၀ ရှာနိုင်ရန် သူမအတွက် ဤမျှသာ အချိန်ကြာမြင့်ခဲ့သည်။

သာမာန်မိသားစုများနှင့် နှိုင်းယှဉ်ပါက ယင်းမှာ သေချာပေါက် အလွန်ကောင်းမွန်နေခဲ့ပြီဖြစ်သည်။ သို့သော် လက်ရှိလူများနှင့် နှိုင်းယှဉ်ခဲ့သော် လုံလောက်ရန် ဝေးနေဆဲပင်ဖြစ်သည်။

သူမသည် အမှန်တကယ်ပင် ဗဟုသုတ နည်းပါးကာ မသိနားမလည်သည့် ရွာသူလယ်သူမတစ်ယောက်သာ ဖြစ်သည်။

ငွေချောင်းဒါဇင်အနည်းငယ်မျှဖြင့် သူမသည် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာသည်ဟု သူမ ထင်မြင်နေခဲ့သည်။

ထိုအချိန်တွင် ကျန်းကွမ်းရှန်၏ နှလုံးသားသည် အားရဝမ်းသာမှုအပြည့် ပြည့်နှက်နေခဲ့သည်။ ဤသည်မှာ သူလိုချင်နေခဲ့သည့် ရလာဒ် အတိအကျပင် ဖြစ်သည်။ လီယောင်သည် မည်မျှပင် အရည်အချင်း ရှိနေပါစေ၊ ထိုးထွင်းသိမြင်ဉာဏ် နည်းပါးကာ အထက်တန်းလွှာသို့ ဝင်ရောက်နိုင်စွမ်းမရှိသည့် ရိုးရှင်းသော အမျိုးသမီးတစ်ဦးသာ ဖြစ်ကြောင်း လူတိုင်းအား သိမြင်စေခြင်းပင် ဖြစ်သည်။

“ခင်ဗျားက…. အထင်ကြီးလောက်စရာပါပဲဗျာ။” ကျန်းကွမ်ရှန်းက ပြောခဲ့သည်။ “ဒီနေ့ ခင်ဗျား ဘယ်လောက် လှူမှာလဲဆိုတာ ကျုပ်တော့ သိချင်သေးသားဗျ။”

“ရှင့်ထက်တော့ နည်းမှာ မဟုတ်ပါဘူးရှင်။”ဟု လီယောင်က ပြန်ပြောခဲ့သည်။ “ရှင်က ပိုလှူခဲ့ရင်တောင် ရှင့်ထက် ငွေ ၁၀ ချောင်း ပိုလှူဦးမှာပါရှင့်။” ထို့နောက် လီယောင်သည် တခြားသူများကို ကြည့်ကာ ဆက်ပြောခဲ့သည်။ “သေချာပေါက်ပါနော်။ ရှင်တို့တွေထဲက တစ်ယောက်ယောက်က သူ့ထက် ပိုလှူခဲ့ရင်တောင် ကျွန်မကလည်း ရှင်တို့ထက် ငွေ ၁၀ ​ချောင်း ပိုလှူမှာပါ။ ပိုင်ချွမ်းခရိုင်မှာ ဘယ်သူက အချမ်းသာဆုံးလဲဆိုတာကို ရှင်တို့အားလုံးကို ကျွန်မက သိစေချင်ပါတယ်။”

ဒါကြီးက…။

လူတိုင်းသည် ဘာပြောရမည်မှန်း မသိကြတော့ပေ။

လီယောင်သည် အတန်ငယ် အလွန်စိတ်ကြီးဝင်နေခဲ့ပြီး ရိုင်းပျလုနီးပါး ဖြစ်နေခဲ့သည်။

ငါတို့တွေအားလုံးက ယောက်ျားသားတွေလေ၊ ဘယ်လိုလုပ် ကျေးတောသူမတစ်ယောက်က ငါတို့တွေကို ကျော်လွန်နိုင်မှာတဲ့လဲ။

ဒါ့အပြင် လီယောင်မှာ တကယ်ပဲ ပိုက်ဆံဘယ်လောက်ရှိနေမှာလဲ။ ဒီမှာရှိတဲ့ လူတိုင်းရဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ယှဉ်နိုင်မှာမို့လို့လား။

“ဒီမှာလာပြီး လေလုံးထွားမနေပါနဲ့ဗျာ။” ကျန်းကွမ်ရှန်က ပြောခဲ့သည်။ “ကျုပ်က ခင်ဗျားထက် သေချာပေါက် ငွေချောင်း ၅၀ ပိုလှူမယ်။”

“ကျွန်မတော့ မယုံပါဘူးနော်။” လီယောင်သည် ခေါင်းခါခဲ့ပြီး “ကျွန်မထက်တော့ ပိုမလှူနိုင်လောက်ပါဘူး။” ဟု ပြောလိုက်သည်။

“ဒါဆိုလည်း စောင့်ပြီးကြည့်နေလိုက်။” ကျန်းကွမ်ရှန်သည် ရယ်မောကာ “လူကြီးတစ်ယောက်အနေနဲ့ ကျုပ်ပြောတဲ့ ကျုပ်စကားကို မတည်နိုင်ဘူးလို့ ခင်ဗျားထင်နေတာလား။”

“ရှင် ကျွန်မထက် ပိုလှူခဲ့ရင်တောင် အဲဒါ အလဟဿပဲ။” လီယောင်သည် တခြားသူများအား ကြည့်ကာ “သူတို့ထက်တော့ ကျွန်မက ပိုလှူမှာ သေချာပေါက်ပဲ။”

“ရိုင်းစိုင်းလိုက်တဲ့ တောသူမ”

လူတချို့သည် ခပ်ဖွဖွရယ်ကာ သူတို့၏ ဦးခေါင်းများကို အကြိမ်ကြိမ် ခါခဲ့ကြသည်။

“သခင်မလီ” ထိုအခိုက်အတန့်တွင် သခင်ကြီးလိုင်သည် ရှေ့သို့တက်လာကာ ပြောခဲ့သည်။ “ကမ္ဘာကြီးက အကျယ်ကြီးပါဗျာ။ ဟဲဝမ်ရွာနဲ့ပဲ ကန့်သတ်ထားတာ မဟုတ်ပါဘူးဗျာ။”

“ရှင်က ဘာကို ပြောချင်တာလဲရှင့်။” ဟု လီယောင်က မေးခဲ့သည်။

“ဒီကမ္ဘာမှာ ခင်ဗျားထက် ချမ်းသာတဲ့သူတွေ အများကြီးရှိတယ်လို့ ပြောချင်တာ။ ခင်ဗျားက တရားလွန် မောက်မာလွန်းတယ်။”ဟု သခင်ကြီးလိုင်က ပြောခဲ့သည်။ “ဥပမာ ပြောရမယ်ဆိုရင်၊ ဒီမှာရှိတဲ့လူတိုင်းက ခင်ဗျားထက် ဒါဇင်ပေါင်းများစွာ၊ ဒါမှမဟုတ် ခင်ဗျားထက် အဆပေါင်းများစွာ ငွေအမြောက်အမြားရှိတဲ့ မိသားစုတွေကပဲ မဟုတ်ဘူးလားဗျ။ သူတို့တွေရဲ့ ရှေ့မှာ ခင်ဗျားရဲ့ ငွေပမာဏ နည်းနည်းလေးကို ပြောဖို့တောင် တန်မနေဘူး။ နောက်ပိုင်း လှူဒါန်းရတဲ့အခါကျရင် လူတစ်ဦးတစ်ယောက်ကမှ ခင်ဗျားထက် နည်းပြီး လှူမှာ မဟုတ်ဘူးလို့ ကျုပ်ယုံတယ်။ ”

ဤစကားလုံးများသည် လူတိုင်းနှင့် အံဝင်ခွင်ကျ တစ်သဘောတည်းဖြစ်ကာ သူတို့အားလုံး၏ မျက်နှာများတွင် အပြုံးများ ရှိနေခဲ့ကြသည်။

သို့သော် လီယောင်သည် ခေါင်းမာစွာဖြင့် ဆက်ပြောခဲ့သည်။ “ရှင်ကသာ အဓိပ္ပါယ်မရှိ လေပန်းနေတဲ့သူတစ်ယောက်ပဲ။ ကျွန်မဆိုတဲ့ လီယောင်က ပိုင်ချွမ်းခရိုင်တစ်ခုလုံးမှာ အချမ်းသာဆုံးဖြစ်နေပြီဆိုတာ ရှင် မသိဘူး မဟုတ်လား။”

“ခင်ဗျား….”ကျန်းကွမ်းရှန်သည် မည်သို့ ပြန်တုံ့ပြန်ရမည်မှန်း အဖြေရှာမရတော့ပေ။ “ခင်ဗျားစကားတွေကို တခြားသူတွေ ရယ်သွားကြလိမ့်ဦးမယ်။”

လူတိုင်းသည် အလွန်အမင်း သဘောတူညီခဲ့ကြသည်။

ဤအခြေအနေတွင် လီယောင်အား ကြည့်နေရသည်မှာ လူပြက်တစ်ယောက်အား ကြည့်နေရသကဲ့သို့ ဖြစ်နေခဲ့သည်။

“သခင်မလီ” သခင်ကြီးလိုင်သည် ညှာတာစွာဖြင့် အကြံပြုခဲ့သည်။ “မလိုအပ်တဲ့ ပဋိပက္ခတွေမှာ ဝင်မပါဖို့ရယ်၊ ကိုယ့်ကိုကိုယ်သိမြင်ဖို့ရယ်က အရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်တဲ့ ဘောင်ထဲမှာ လုပ်ဆောင်နိုင်တာ အကောင်းဆုံးပါပဲဗျာ။”

“ကျွန်မ နားလည်ပါတယ်ရှင့်။”

ထိုအချိန်တွင် ခရိုင်တရားသူကြီးမင်းစုန့်သည် ပြန်ရောက်လာခဲ့ပြီး ဤညနေ၏ အဓိကအကြောင်းအရာအား မတင်ပြမီ ထွေရာလေးပါးတချို့တွင် ပါဝင်ခဲ့သည်။

“ခင်ဗျားတို့ အားလုံး ပံပိုးကူညီလိုတဲ့ ဆန္ဒရှိတယ်ဆိုရင် ကျုပ်၊ ခရိုင်တရားသူကြီးမင်းစုန့် နဲ့ တိုင်းသူပြည်သားတွေက လေးလေးနက်နက် ကျေးဇူးတင်နေမှာပါ။ ခင်ဗျားတို့ရဲ့ ရက်ရောမှုတွေကိုလည်း ကျုပ်တို့က မှတ်ကျောက်တင်ပြီး ခင်ဗျားတို့ရဲ့ ကောင်းမှုကုသိုလ်တွေကို ချီးမွမ်းကြွေးကြော်သွားမှာပါ။”

“ခရိုင်တရားသူကြီးမင်းစုန့် ၊ ဒီလိုယဉ်ကျေးသိမ်မွေ့နေဖို့ မလိုပါဘူးဗျာ။”ဟု သခင်ကြီးလိုင်က ပြောခဲ့သည်။ “တိုင်းသူပြည်သားတွေကို ကူညီဖို့ဆိုတာကလည်း ကျုပ်တို့တာဝန်ပါပဲ။ ဒီလိုလုပ်ရင်ရော၊ အခုလေးတင်ပဲ သခင်မလီက ရက်ရက်ရောရောလှူဒါန်းမယ်လို့ ပြောနေတာဗျ။ ဘာလို့ သူ့ကို အရင် မဖိတ်ကြမှာလဲဗျ။”

“ဟုတ်ကဲ့ပါ၊ သခင်မလီ ၊ ကြွပါ ခင်ဗျာ။”

လီယောင်သည် ငွေမည်မျှ လှူဒါန်းနိုင်မည်ကို သိလိုစိတ်ပြင်းပြကာ လူတိုင်းက သဘောတူညီစွာဖြင့် သံယောင်လိုက်ခဲ့ကြသည်။ ထိုမှသာ သူတို့သည် နောက်ထပ် တစ်ခေါက် သူမအား ရယ်စရာဖြစ်အောင် လုပ်နိုင်ပေလိမ့်မည် ဖြစ်သည်။

…

All Chapters