ကောင်းမွန်တဲ့ ထူးခြားဖြစ်စဉ်။
Vol. 8 Ch. 96
တရားသူကြီးစုန့်ရဲ့ ဦးဆောင်မှုအောက်မှာ လက်ထောက်တရားသူကြီးမင်းယုရဲ့ အိမ်ထဲကို လူစု တစ်စုက အပြေးအလွှား သွားခဲ့သည်။ ဒီအမှုကို လာကြည့်တဲ့ ပြည်သူတွေ ဘယ်လောက်တောင် များသလဲ ဆိုရင် ဝင်ပေါက်ကိုတောင် ပိတ်နေခဲ့ပါသည်။
စီရင်စုငြိမ်ဝပ်ပိပြားရေးအရာရှိကျန်းက စစ်ကြောရေးသမား တစ်ဒါဇင်လောက်ကို ခေါ်လာခဲ့တာမို့ လက်ထောက်တရားသူကြီးမင်းယုရဲ့ အိပ်ခန်းဗီရိုထဲက တံဆိပ်တုံးအစစ်ကို အလွယ်တကူပဲ ရှာတွေ့သွားခဲ့သည်။
လက်ထောက်တရားသူကြီးမင်းယုသည် သူ့အခန်းထဲက ယူလာတဲ့ တံဆိပ်တုံးအစစ်ကို ကြည့်ကာ လုံးဝကို ဆွံ့အသွားလေသည်။ သူ ဘာမှ မသိတဲ့ အရာကို မြင်လိုက်ချိန်မှာ ခန္ဓာကိုယ်ထဲက သူ့အရိုးတွေ အကုန်လုံး ထုတ်ယူခံလိုက်ရသလို ခံစားရပြီး မြေကြီးပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားရသည်။
တရားသူကြီးစုန့်က လူတိုင်းရှေ့မှာပဲ မေးခဲ့သည်။ “ ငါတို့ အခု အခိုးခံလိုက်ရတဲ့ တံဆိပ်တုံးကိုရော ၊ တရားခံကိုရော ရသွားပြီ ဆိုတော့ မင်းမှာ တခြာယ ဘာပြောချင်တာတွေ ရှိသေးလဲ ယုယီ။ ”
“ ကျ … ကျွန်တော် မဟုတ်ပါဘူး … ”
“ မင်း မဟုတ်မှန်း သိပါတယ်။ မင်းမှာ ဒီ့ထက် ဆိုးဝါးတဲ့ စိတ်ယုတ်မာတွေ ဆယ်ဆလောက် ပိုရှိရင်တောင် ဒီလောက် ရဲတင်းတဲ့ ကိစ္စမျိုးကို လုပ်ရဲမှာ မဟုတ်ဘူး။ မင်းကို ဘယ်သူ ခိုင်းတာလဲ ဆိုတာကို ငါ့ကို အမှန်အတိုင်း ပြောရင် မင်းအသက်ကို ငါ ချမ်းသာပေးမယ် ၊ မင်းမိသားစု အရှက်မကွဲရအောင်လည်း ငါ လုပ်ပေးမယ်။ ”
ဒီတစ်ခေါက်တော့ သူ ကိစ္စချောပြီ ဆိုတာ ယုယီ သိလိုက်သည်။
ဒါပေမဲ့ သူ သေသွားရင် သူ့ဇနီးနှင့် ကလေးတွေက သူတို့မိသားစုပိုင်ဆိုင်မှုတွေကို သေချာပေါက် ကာကွယ်နိုင်မှာ မဟုတ်ဘဲ အရာရာတိုင်းကို အချိန်တိုအတွင်း ဆုံးရှုံးသွားရပါလိမ့်မည်။
နောက်ဆုံးတော့ သူ အဆိုးဆုံး အခြေအနေအတွက် အဆင်သင့်ဖြစ်အောင် စိတ်ပြင်ဆင်ပြီး အံကြိတ်လိုက်သည်။ “ ကျွန်တော် ပြောပါ့မယ်။ ”
…
“ ဘုရင်ကြီးက ‘ ဘုရင် ဆိုတာ ဘာလို့ အကျိုးအမြတ်ကိုပဲ ကြည့်နေရမှာလဲ။ ကိုယ်ကျင့်သိက္ခာတို့ ၊ အကြင်နာတရားတို့ကို ဘယ်သွားမထားလဲ။ ငါ ငါ့တိုင်းပြည်ကို အမြတ်မထုတ်နိုင်ဘူး ’ လို့ ပြောလိုက်တော့ ဝန်ကြီးက ‘ ကျွန်တော်မျိုးလည်း ကျွန်တော်မျိုးရဲ့ မိသားစုကို ဘယ်လိုလုပ် အမြတ်ထုတ်နိုင်မှာလဲ ’ လို့ ပြန်ပြောလိုက်တယ် … ”
တောက်ပကျယ်ဝန်းသော အခန်းထဲမှာ ဆရာလွီက တရုတ်တွေးခေါ်ပညာရှင်မန်စီယပ်စ် ရေးထားတဲ့ စာအုပ်ထဲက စာပုဒ် တစ်ပုဒ်ကို ဝမ်အာနှင့် စုန့်ကျယ်အား ဖတ်ပြနေခဲ့သည်။ လီယောင်က ထိုမြင်ကွင်းကို ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ခါတိုင်းဆို စာသင်ချိန်တိုင်း စိတ်ပါဝင်စားမှုမရှိဘဲ အိပ်နေတတ်တဲ့ စုန့်ကျယ်က အခုတော့ သင်ခန်းစာတွေကို အာရုံစူးစိုက် နားထောင်နေတာကို တွေ့လိုက်ရသည်။
ဒါက ကောင်းတဲ့ လက္ခဏာပါပဲ။
ဒါပေမဲ့ နေ့တိုင်း နေ့တစ်ဝက်လောက် အလုပ်,လုပ်နေရ၍ စုန့်ကျယ်ဟာ အာဖရိကလူမျိုး တစ်ယောက်လို အသားမည်းလာပြီး အများကြီးလည်း ပိန်ကျသွားခဲ့သည်။
သူ့မိဘတွေတောင် သူ့ကို ပြန်တွေ့ချိန်မှာ မှတ်မိလောက်မှာ မဟုတ်ပါ။
သူမ ထိုသို့ တွေးနေစဉ်မှာပဲ တရားသူကြီးစုန့်ရဲ့ ရထားလုံးက ခြံရှေ့မှာ ရပ်သွား၏။ လမ်းပြင်လိုက်ပြီမို့ အခုတော့ ရထားလုံးတွေက ဟဲဝမ်ရွာထဲကို အလွယ်တကူ ဝင်နိုင်သွားပါပြီ။
ဒီတစ်ခေါက် လီယောင့်ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် တရားသူကြီးစုန့် အလုပ်ထုတ်ခံရုံသာမက ထောင်ထဲကိုတောင် ပစ်ထည့်ခံရနိုင်သည်။ ထို့ကြောင့် သူမကို အထူးတလည် ကျေးဇူးတင်ဖို့ ရောက်လာခဲ့တာပါ။
“ အမျိုးသမီးလီရဲ့ သဘောထားကြီးမှုက စုန့်မျိုးရိုးအတွက် တကယ့်ကို မမေ့နိုင်စရာပါပဲ။ ”
သူ့ကိုယ်သူ “ ဒီဘုရင့်အမှုထမ်း ” ၊ သို့မဟုတ် “ ဒီတရားသူကြီး ” ဟု မသုံးနှုန်းဘဲ “ စုန့်မျိုးရိုး ” ဟု သုံးနှုန်းလိုက်ခြင်းက သူ့စိတ်ရင်းကို ဖော်ပြဖို့ လုံလောက်နေပြီ ဖြစ်သည်။
“ တရားသူကြီးစုန့်က ယဉ်ကျေးလွန်းနေပါပြီ။ ဒါတွေက စကားထဲ ထည့်ပြောနေစရာတောင် မလိုတဲ့ အသေးအဖွဲလေးတွေပါ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ရှင် စုန့်ကျယ်နဲ့ မတွေ့ရတာလည်း ကြာပြီ မဟုတ်လား။ ကျွန်မ တစ်ယောက်ယောက်ကို သူ့ကို ခေါ်ခိုင်းလိုက်ရမလား။ ”
“ ဘာမှ အလျင်မလိုပါဘူးရှင်။ တကယ်တော့ ကျွန်မတို့ ဒီနေ့ ရှင့်ကို ကျေးဇူးတင်စကားပြောဖို့ လာခဲ့တာအပြင် အကူအညီတောင်းစရာလေး တစ်ခုလည်း ရှိတယ်ရယ်။ ” ဟု တရားသူကြီးကတော်က လီယောင့်ကို ပြောသည်။
တရားရုံးတော်အဆောက်အအုံက မီးကြောင့် ပြာကျသွားပြီ ဖြစ်ရာ ချက်ချင်းကြီး ပြန်ဆောက်လို့ မရသောကြောင့် တရားသူကြီးကတော်က လီယောင်တို့အိမ်မှာ ရက်ပိုင်းလောက် နေဖို့ အကူအညီတောင်းချင်တာပင်။ အဲ့ဒါဆို စုန့်ကျယ်ကိုလည်း သူမ ဂရုစိုက်ပေးလို့ ရသည်။
လီယောင်က ချက်ချင်း သဘောတူလိုက်၏။ သူမအိမ်မှာ အခန်းလွတ်တွေ အများကြီး ရှိပါသည်။
တရားသူကြီးကတော်ကို အခန်းလွတ် တစ်ခန်းမှာ နေရာချပေးပြီးနောက် တရားသူကြီးစုန့်က နှုတ်ဆက်စကားပြောကာ ရွာအသီးသီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို သွားကြည့်ဖို့ ရထားလုံးနှင့် ထွက်သွား၏။
တရားသူကြီးကတော်က လီယောင်နှင့် ခဏ စကားပြောပြီးသွားချိန်မှာ တောင်ပေါ်မှာ မြက်ရိတ်ပြီး ပြန်လာတဲ့ တုရှောင်ဟွေ့နှင့် စုန့်ကျယ်ကို မြင်သွားသည်။ သူမ သားဖြစ်သူနှင့် မတွေ့ရတာ အချိန် တစ်ခု ကြာသွားပြီမို့ အရမ်း လွမ်းနေခဲ့ပေမဲ့ အခုလို မြင်လိုက်ရတော့ မမှတ်မိနိုင်လောက်အောင်ပါပဲ။ အစတုန်းက သူမရဲ့ သားက ဖြူဖြူဝဝပြည့်ပြည့်လေး ဆိုပေမဲ့ အခုတော့ နွားထီးပျိုလေး တစ်ကောင်လိုပင် အသားမည်းကာ ခန္ဓာကိုယ်တောင့်တင်းနေခဲ့သည်။
“ အမေ ဘာလို့ အဲ့ဒီမှာ ဒီတိုင်းကြီး ရပ်နေတာလဲ။ ” ဟု စုန့်ကျယ်က ပြောလိုက်သည်။ “ အမေ အန်တီလီနဲ့ ခဏလောက် ထိုင်နေလိုက်ဦးနော်။ သား အမေ့အတွက် ဗာဒံစေ့ သွားခူးပြီးတော့ အမေ့အတွက် ပန်းရေနွေးကြမ်း ဖျော်ပေးမယ်။ ”
တရားသူကြီးကတော်သည် ဒါ တကယ်ရော သူမရဲ့ သားမှ ဟုတ်ရဲ့လားဟု သံသယဝင်သွားလေသည်။
ဘယ်တုန်းက သူမရဲ့ သားက ဒီလောက် သိတတ်လိမ္မာသွားတာလဲ။
ပြီးတော့ လက်ဖက်ရည်တောင် ဖျော်တတ်သွားပြီတဲ့လား … ။
ဒါပေမဲ့ ပိုလို့တောင် မျက်လုံးပြူးချင်စရာကောင်းတဲ့ အံ့ဩစရာတွေက သူမကို စောင့်ကြိုနေခဲ့သည်။
ပန်းရေနွေးကြမ်း ဖျော်ပေးပြီးသွားတော့ စုန့်ကျယ်က ဘဲငန်းပေါက်လေးတွေကို အစာကူကျွေး ၊ ခြံထဲမှာ တံမြက်စည်းလှည်း ၊ တစ်ခါတလေ မီးဖိုချောင်ထဲ သွားပြီး ဟဲရှောင်ယာကို ကူညီကာ မီးဖိုကို မီးအားကောင်းစေရန်အတွက် ယပ်တောင်နှင့် တဖျတ်ဖျတ် ခတ်ပေးလိုက်သေးသည်။
နေ့လယ်စာ အဆင်သင့် ဖြစ်သွားသောအခါမှာတော့ သူက ထမင်း ၊ ဟင်းတွေကို အရင် ပြင်လိုက်ပြီး လီယောင်နှင့် သူမကို ရိုရိုသေသေလေး လာပြောခဲ့သည်။ “ အဒေါ်လီနဲ့ အမေ … နေ့လယ်စာ အဆင်သင့် ဖြစ်ပါပြီ။ ”
“ အိုး … ”
တရားသူကြီးကတော်က အရင်တုန်းက ဂျစ်တီးဂျစ်ကန် ဆိုးပေတေခဲ့တဲ့ သူမရဲ့ သားကို လီယောင် တစ်ယောက် ဘယ်လိုများ ပြုပြင်ပေးလိုက်တာပါလိမ့် ဟူသော စူးစမ်းအကြည့်ဖြင့် လီယောင့်ကို ကြည့်လိုက်မိသည်။
လီယောင်က “ တကယ်တော့ ကျွန်မ သူ့ကို ဘာမှ အများကြီး မပြုပြင်လိုက်ရပါဘူး။ လူ တစ်ယောက်က အခက်အခဲတွေ ၊ လောကဓံတရားတွေကို ကျော်ဖြတ်ရရင် သူ့အလိုလို စဉ်းစားတွေးခေါ်တတ်လာတာပဲ။ ” ဟု ပြောလိုက်၏။
“ အမှန်ပါပဲ။ ဒါနဲ့ ကျွန်မ ပြီးခဲ့တဲ့ တစ်ခေါက် နေပြည်တော်မှာ ဆပ်ပြာရောင်းတုန်းက ကျွန်မနဲ့ စီးပွားဖက်လုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့ ကုန်သည်ကြီးတွေ အများကြီး ရှိတယ်။ အဲ့ဒီတုန်းကတော့ ကျွန်မ သူတို့ အကုန်လုံးကို ငြင်းခဲ့လိုက်တာ။ ရှင် ဆန္ဒရှိတယ် ဆိုရင် ရှင့်ကို ကျေးဇူးတင်ရအောင်လို့ သူတို့ကိုလည်း ကျွန်မ ခေါ်လိုက်လို့ ရတယ်။ ”
လီယောင်မှာ အစကတည်းက ဆပ်ပြာနှင့် အမျိုးအစားတူ ပစ္စည်းတွေကို ပြည်တွင်းမှာတင် မဟုတ်ဘဲ ပြည်ပမှာပါ ရောင်းချဖို့ အစီအစဉ်ရှိပြီးသား ဖြစ်သည်။ ဒီခေတ်ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ၊ သတင်းအချက်အလက်တွေက တော်တော်လေး ခေတ်နောက်ကျနေတာမို့ တစ်ဆင့် ရောင်းပေးမယ့် စီးပွားဖက်တွေ ရှာတာက ပိုကောင်းလိမ့်မည်။ တရားသူကြီးကတော် မိတ်ဆက်ပေးတဲ့ လူတွေက မြေစမ်းခရမ်းပျိုးဖို့ အသင့်တော်ဆုံးပင်။
ထို့ကြောင့် တရားသူကြီးကတော်သည် စာလွှာတွေ အများကြီး ရေးပြီး နေပြည်တော်ရှိ ကုန်သည်ကြီးတွေဆီ ချက်ချင်း ပို့လိုက်ပါသည်။
…
ဆယ်ရက်အကြာမှာတော့ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ ကုန်သည်ကြီး သုံးယောက် ပိုင်ချွမ်းခရိုင်ကို ဈေးကြီး ရထားလုံးတွေဖြင့် ရောက်လာခဲ့ကြလေသည်။
ဝေးလံခေါင်းဖျားတဲ့ ကျေးလက်ဒေသကို မြင်ချိန်မှာ ဟွမ်းသော်ချင်း တစ်ယောက် ဟဲဝမ်ရွာကို လုံးဝ သွားချင်စိတ် မရှိတော့ပေ။ သူက သူနှင့်အတူ ပါလာတဲ့ ကျားကျန်းလျန့်နှင့် လျှို့ယွမ်ကို လှည့်ပြောလိုက်သည်။ “ အစ်ကိုကျားနဲ့ အစ်ကိုလျှို့… ကျုပ်တို့ ခရီးအဝေးကြီး လာခဲ့ရတာ ပင်ပန်းနေပြီ ဆိုတော့ တည်းခိုခန်းမှာပဲ အေးအေးဆေးဆေး နားပြီး အဲ့ဒီ လီယောင် ဆိုတဲ့ မိန်းမကိုပဲ ကျုပ်တို့ကို လာတွေ့ခိုင်းလိုက်ရမလား။ ”
ကျားကျန်းလျ့န်နှင့် လျှို့ယွမ်က သူ့စကားကို ရယ်ရယ်မောမောပဲ ထောကိခံခဲ့သည်။
ကုန်သည်ကြီးဟွမ်းသော်ချင်းက ဟဲဝမ်ရွာကို လူလွှတ်ပြီး လီယောင့်ကို ဆင့်ခေါ်ခိုင်းလိုက်ပြီးနောက် သုံးယောက်သား တည်းခိုခန်းထဲကို ဝင်လာခဲ့လိုက်ကြသည်။
သူ လွှတ်လိုက်တဲ့ လူက ရှောင်ချွမ်ကျစ် ဖြစ်သည်။ ရှောင်ချွမ်ကျစ်က ဟဲဝမ်ရွာထဲမှာ လီယောင့်ရဲ့ အိမ်လိပ်စာကို မေးမြန်းပြီးတော့ ခြံပေါက်ဝကို ရောက်သွားချိန်မှာ ခြံတံခါးကို ဆက်တိုက် ဆိုသလို တဒုန်းဒုန်း ထုရိုက်လိုက်သည်။
“ ဒါ အမျိုးသမီးလီရဲ့ အိမ်လားဗျို့။ ကျုပ်က နေပြည်တော်က လာခဲ့တာပါ။ ကျုပ်ရဲ့ သခင်လေးက ခင်ဗျား သူ့ကို မြန်မြန် လာတွေ့ရမယ်လို့ ပြောလိုက်တယ်။ ”
လီယောင်နှင့်အတူ ရေနွေးကြမ်းသောက်နေတဲ့ တရားသူကြီးကတော်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အဲ့ဒါ ဘယ်သူ့အစေခံလဲ … ။
တရားသူကြီးကတော်က အိမ်အကူကို သွားမေးခိုင်းဖို့ လုပ်နေစဉ်မှာပဲ လီယောင်က သူမကို လက်ကာပြ၍ တားဆီးလိုက်သည်။ “ ကျွန်မမှာ ဒီကိစ္စကို ဖြေရှင်းပေးမယ့် လူ ရှိပါတယ်။ ”
လီယောင်ရဲ့ အကြည့်က သူ့ဆီ ရောက်လာသောကြောင့် ခြံထဲမှာ မြှားပစ်လေ့ကျင့်နေတဲ့ ဝမ်စန်းအာသည် ခြံတံခါးဝကို လျှောက်သွားလိုက်သည်။
“ ကျုပ်အမေ အိမ်မှာ မရှိဘူး။ နောက်တစ်နေ့မှ ပြန်လာခဲ့။ ”
ရှောင်ချွမ်ကျစ်က သူ့သခင်လေးရဲ့ အမိန့်ကို ပြီးမြောက်အောင် မဆောင်ရွက်ဘဲ လှည့်ပြန်မသွားရဲပေမဲ့လည်း သခင်လေးရဲ့ အရှိန်အဝါကြောင့် တခြား လူတွေကိုတော့ သူ မကြောက်ပါ။
“ ကောင်လေး … ငါ့သခင်လေးက ဘယ်သူလဲ ဆိုတာ မင်း သိလား။ ”
“ မသိဘူး။ ဘယ်သူလဲ။ ”
“ ငါ မင်းကို ပြောပြမယ်။ ” ဟု ရှောင်ချွမ်ကျစ်က မောက်မောက်မာမာ ပြောလိုက်သည်။ “ ငါ့သခင်လေးက နေပြည်တော်က နံပါတ် ( ၁ ) ကုန်သည်ကြီး သခင်လေးဟွမ်းသော်ချင်းပဲ။ သခင်ကြီးရဲ့ အဖေဘက်က ဦးလေးကတော့ လောလောဆယ်မှာ နေပြည်တော်ရဲ့ ဘာသာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂုဏ်သရေရှိ လူကြီးမင်းဟွမ်းပဲ။ ”
“ ဝံပုလွေအသေကောင်ဟွမ်း .. ဟုတ်လား။ ” ဝမ်စန်းအာ မျက်မှောင်ကြုတ်လိုက်သည်။ ဝံပုလွေအလေအလွင့်ကောင်ဟွမ်း ဆိုတဲ့ နာမည်ကိုတော့ ကျုပ် ကြားဖူးတယ်။ ”
“ မင်း … မင်းကများ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို မလေးမစား ပြောရဲတယ်။ မင်းတို့တစ်မိသားစုလုံး ကွပ်မျက်ခံရမှာကို မကြောက်ဘူးလား။ ”
ရှောင်ချွမ်ကျစ်က ရယ်မောလိုက်သည်။ “ မင်းလို ဇနပုဒ်က တောသားလေးက တကယ့်ကမ္ဘာကြီးကို တစ်ခါမှလည်း မြင်ဖူးမှာ မဟုတ်ဘူး ဆိုတော့ ဒီနေ့တော့ ငါ ခွင့်လွှတ်ပေးလိုက်မယ်။ သွား သွား … ငါ့နောက်ကို လိုက်ပြီး သခင်လေးနဲ့ တွေ့ရအောင်လို့ မင်းအမေကို မြန်မြန် သွားခေါ်လိုက်။ ”
“ ခင်ဗျားသာ ကျုပ်တို့အိမ်ရှေ့က ထွက်သွားလိုက်တော့။ ”
…