← Chapters

တွေ့ဆုံပွဲ

Vol. 21 Ch. 286

တွေ့ဆုံပွဲ

Vol. 21 Ch. 286

ရွစ်! ရွစ်! ရွစ်!

ကောင်းကင်တောင်ထွဋ်ပိုးမျှင်က တကယ်ကိုမာကျော၏။

အရာဝတ္ထုပစ္စည်းများစွာ ခရမ်းဓားချီနှင့် ရင်ဆိုင်ရာ၌ ချက်ချင်းပိုင်းဖြတ်ခံရ၏။

သူ့ရှေရှိ ကောင်းကင်ထောင်ထွတ်ဋ်ပိုးမျှင်က ခရမ်းဓားခုတ်ပိုင်းသည်အထိ အကောင်းတိုင်းရှိနေခဲ့သည်။

ထို့နောက် နောက်ဆုံးမှာ ပြတ်သွားခဲ့သည်။

ပြတ်ထွက်လုနီးပါးတင်းနေသည့် ကြီးမားသည့်ကွန်ယက်ကြီးက တစ်မျှင်ပြတ်သွားသည်နှင့် ရုတ်တရက်ပြေလျော့သွားပြီး ပိုမျှင်အားလုံး ပြင်းထန်စွာ လွင့်စင်သွားခဲ့သည်။

ကြိုးမျှင်တွေရိုက်ခတ်သွားသည့်နေရာတိုင်း အရာအားလုံး ပြတ်ရှကုန်၏။

ဂျန်ဖန်း အလျှင်အမြန် နောက်ဆုတ်လိုက်သည်။

ပိုးမျှင်တွေပြေလျော့သည့် အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ခေါင်းမိုးရှိအပေါက်မှတဆင့် ခုန်တက်သွားခဲ့သည်။

ယွဲ့မင်ကျူး ချက်ချင်း ကြောင်အသွားခဲ့သည်။

သူမ၏ကောင်းကင်ထောင်ထွဋ်ပိုးမျှင် ဘယ်လိုဖြတ်ခံလိုက်ရလဲဆိုတာ နားမလည်နိုင်ဖြစ်နေခဲ့သည်။

ဂျန်ဖန်း အဝေးကိုပြေးထွက်သွားမှသာရုတ်ချည်းထရပ်လာ၏။

သူမ သူ့ကို လိုက်ဖမ်းချင်၏။

သို့ပေမယ့်, ပြတ်ထွက်နေသည့်ပိုးချည်းမျှင်တွေက အလွန်အန္တရာယ်များပြီး ခန်းမထဲမှာ ကြမ်းတမ်းစွာ ခုန်ပေါက်နေခဲ့သည်။

ရွေးချယ်စရာမရှိတော့ပဲ, နောက်ကမလိုက်ခင်ပိုးမျှင်တွေကို အရင်သိမ်းလိုက်ရ၏။

သူမ ခေါင်းမိုးပေါ်ခုန်တက်ပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ...

ဂျန်ဖန်းကိုမတွေ့ရတော့ပေ။

သူ၏လှုပ်ရှားမှုနည်းလမ်းဖြင့် မျက်စိတ်တမိတ်အတွင်း ပျောက်ကွယ်သွားနိုင်၏။ သူမအချိန်ဖြုန်းနေတာနှင့်ဆိုလျှင်တော့ ပြောစရာကိုမလိုပေ။

"သေစမ်း...."

ယွဲ့မင်ကျူး ဒေါသတကြီး ခြေဆောင့်လိုက်သည်။

ချက်ချင်းပဲ ခေါင်းမိုးတစ်ခုလုံး သူမခြေထောက်အောက်မှာ ပြိုကျသွားခဲ့သည်။

သူမက ငွေရောင်သွားလေးတွေကို အံ့ကြိတ်ကာ အော်ပြောလိုက်သည်။

"အမိန့်ထုတ်ပြန်လိုက်, ဂိုဏ်းမှာရှိတဲ့လူတိုင်း အပြင်ထွက်ပြီး သူ့ကိုလိုက်ရှာကြ..."

"မြေကြီးသုံးပေးတူးရမယ်ဆိုရင်တောင်, တွေ့အောင်ရှာကြ..."

ထိုအရာက ဂျန်ဖန်းကို တပည့်အဖြစ်လက်ခံမည့်ကိစ္စမဟုတ်တော့ပေ။

ထိုအရာက ဂုဏ်သိက္ခာနှင့်ဆိုင်သွားပြီဖြစ်သည်။

ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့်, ကိုယ်တိုင်လှုပ်ရှားခဲ့တာတောင် ဂျန်ဖန်းကို ထိန်းမထားနိုင်ခဲ့ပေ။

ကြီးမားသည့်စော်ကားမှုပင်။

ကျီရူယွဲ့ ဒေါသထွက်နေသည့် ဂိုဏ်းချုပ်ကိုကြည့်ပြီး တစ်ကိုယ်လုံးတုန်ယင်သွား၏။

"ဂျူနီယာမောင်လေးဂျန်က မယုံနိုင်စရာပဲ....."

"ဂိုဏ်းချုပ်ကိုယ်တိုင်လှုပ်ရှားတာတောင်, လွတ်မြောက်သွားသေးတယ်...."

သူမက ဂျန်ဖန်းအားကောင်းတာ သိသော်လည်း သူ၏လွတ်မြောက်မှုက သူမကို တုန်လှုပ်နေဆဲပင်။

အကြီအကဲလင်း ပြောစရာစကား ကင်းမဲ့သွား၏။

တခြားလူ၏တပည့်ကို အတင်းခေါ်ယူတာက ဂိုဏ်း ၉ ဂိုဏ်း စည်းမျဥ်းကို ဆန့်ကျင်နေပြီဖြစ်သည်။

သို့ပေမယ့် သူမ ပြန်မပြောရဲပေ။

ဂိုဏ်းချုပ်က တကယ် ဒေါသထွက်နေတာဖြစ်သည်။

သူမသာ သဘောမတူသည့်စကားတစ်ခွန်းပြောမိလျှင် အရိုက်ခံရမှာကို ကြောက်မိ၏။

မကြာမီ.....

ရမ္မက်ဂိုဏ်းတစ်ခုလုံး, အကြီးအကဲတွေမှ တပည့်တွေအထိ တစ်ယောက်ချင်းဆီက ပုံတူပန်းချီကိုင်ကာ ဂိုဏ်းတွင်းဂိုဏ်းပြင် လိုက်ရှာကြတော့၏။

သူတို့မသိတာက...

ဤအခိုက်အတန့်၌, ဂျန်ဖန်း ချောက်ကမ်းပါးအောက်ကို တိတ်တဆိတ်ဆင်းသွားခဲ့ပြီဖြစ်သည်။

"ရမ္မက်ဂိုဏ်းချုပ်, မင်းတစ်နေ့ ခက်ခဲတဲ့အခြေအနေမရောက်တာ ကောင်းမယ်။ မဟုတ်လို့ အခွင့်ကြုံလို့ကတော့ မင်းကိုပိတ်ကန်ပစ်မယ်လို့ ငါကျိန်တယ်...."

ဂျန်ဖန်း ဆူးတွေကြောင့်စုတ်ပြဲနေသည့် သူ့အင်္ကျီနှင့် အသွားပဲ့နေသည့်အနက်ရောင်ဓားကိုကြည့်လိုက်သည်။

သူ့နှလုံးသားနာကျင်သွား၏။

အနက်ရောင်ဓားက သူနှင့်ရက်ပေါင်းများစွာအတူရှိခဲ့ပြီး ယခု ပျက်စီးသွားပြီပင်။

အတော်လေး ဒေါသထွက်နေ၏။

သို့ပေမယ့်...

ယခု သူလုပ်ရာမှက ရမ္မက်ဂိုဏ်းမှထွက်သွားဖို့ပင်။

မဟုတ်ပေ, ရမ္မက်ဂိုဏ်းနယ်မြေမှထွက်သွားရမည်ဖြစ်သည်။

ဆူးချုံတွေတစ်လျှောက်ဖြတ်ပြီးနောက် တောင်ခြေရှိ ကြီးမားသည့်နေအိမ်ကြီးတွေကို မြင်လိုက်ရ၏။

ထိုအရာက ရမ္မက်ဂိုဏ်းတောင်ခြေရှိ မြို့ပင်။

သတိထားသည့်အနေဖြင့်....

ဂျန်ဖန်း ဝတ်စုံအသစ်လဲလိုက်ပြီး ခရမ်းဓားကို နောက်တစ်ကြိမ် အဝတ်ဖြင့်ပတ်လိုက်သည်။

နောက်ဆုံး၌ နံပါတ်တစ်အရိပ်စောင့်မျက်နှာဖုံးကို နောက်တစ်ကြိမ်တပ်ဆင်ပြီး မြို့ထဲကိုခတ်တည်တည်ဖြင့် ဝင်သွားခဲ့သည်။

သူက ရမ္မက်ဂိုဏ်းတပည့်တွေ ပုံတူပန်းချီကိုင်ပြီး မြို့အနှံံလိုက်မေးနေတာ သတိထားမိလိုက်သည်။

"တစ်မြို့လုံးရှာနေတာလား..."

ဂျန်ဖန်း လျှာခေါက်သွား၏။

"ဒါကြီးကလိုအပ်လို့လား....."

ခနလေးတောင်မနေရဲတော့ပဲ ယီလန်ရှင်း၊ ချင်ချိုင်းဟီ၊ ချူရှင်းမန်တို့ကိုလည်း မဆက်သွယ်ရဲပေ။

သူမတို့အားလုံးစောင့်ကြည့်မှုအောက် ရောက်နေမှာ သူကြောက်မိ၏။

သူဆက်သွယ်လိုက်လျှင် ချက်ချင်း အဖမ်းခံရမည်ဖြစ်သည်။

"စီနီယာအကိုတန်, ဖလှယ်ပွဲနဲ့ပတ်သတ်ပြီး ကျွန်မသွားသင့်တယ်မထင်ဘူး...."

"ပါဝင်သူအားလုံးက ဂိုဏ်းပေါင်းစုံက ပါရမီရှင်တွေချည်းပဲ..."

"ကျွန်မသွားဖို့ ဘယ်လိုလုပ် အရည်အချင်းပြည့်မှီမှာလဲ...."

ဟမ်?...

ဂျန်ဖန်း လူအုပ်ကိုဖြတ်လျှောက်နေစဥ် ရုတ်တရက် ရင်းနှီးသည့်အသံတစ်ခုကြားလိုက်သည်။

လှည့်ကြည့်လိုက်သည့်အခါ ဘေးချင်းယှဥ်လျှောက်လာသည့် အမျိုးသားနဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။

ပြောလိုက်သူက နူးညံ့သည့်အသွင်အပြင်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အစိမ်းရောင်ဝတ်စုံက သူမ၏ကျက်သရေရှိသည့်ခန္ဓာကိုယ်ကို အထင်းသားပေါ်လွင်နေစေခဲ့သည်။

ခြေလှမ်းတိုင်း၌ သင်းပျံ့သည့်ဆေးရနံ့က လေထဲကို လွင့်ပျံနေ၏။

သူမက တိမ်စိမ်းဂိုဏ်းဆေးတောင်ထိပ်ပတည့်ဖြစ်သည့် စုချီနင်မှ လွဲပြီး အခြားသူမဟုတ်ပေ။

ထို့ပြင် သူမဘေးရှိလူကိုလည်း ဂျန်ဖန်း ကောင်းကောင်းသိ၏။

ထိုအရာက ရမ္မက်ဂိုဏ်းကို အဆင့် ၂ တာဝန်လာပို့သည့် တန်ထျန်လုံပင်။

"ဂျူနီယာညီမစု, မစိုးရိမ်ပါနဲ့။ ငါရှိနေတာပဲ, ဘယ်သူ မင်းကို ဘာပြောရဲမှာလဲ...."

တန်ထျန်လုံလက်မောင်း အပြည့်အဝပြန်မကောင်းသေးသော်လည်း, ကျင့်ကြံရေးနယ်ပယ်ကတော့ သိသာလှ၏။

တက်ရောက်လာသည့်ပါရမီရှင်တပည့်တွေထဲ၌ မည်သူမှ သူ့ကို အကြောင်းမရှိပဲ ရန်စရဲမည်မဟုတ်ပေ။

စုချီနင် မလွယ်ကူသလိုခံစားနေရဆဲဖြစ်ပြီး ပြောလိုက်သည်။

"စီနီယာအကိုတန်, မသွားတာပဲကောင်းပါတယ်...."

"ကျွန်မမှာ လဲလှယ်ဖို့ ဘာတန်ဖိုးကြီးပစ္စည်းမှမရှိဘူး..."

"စီနီယာအကိုတန်ကို အရှက်မရစေချင်ဘူး...."

သူမ အတော်လေး အကူညီမဲ့နေ၏။

သူမက မကြာသေးခင်က အဆင့် ၃ တာဝန်ဖြင့် ရမ္မက်ဂိုဏ်းကို ရောက်လာတာဖြစ်သည်။

ထိုအရာကိုကြားသည့်အခါ, တန်ထျန်လုံ သူမကို စိတ်အားထက်သန်စွာပဲ ဖိတ်ခေါ်ခဲ့၏။

သူမ၏ ဆေးသန့်စင်အရည်အချင်းကို တန်ဖိုးထားတာအပြင်, တန်ထျန်လုံ သူမရင်ဘတ်နှင့် အခြားလျို့ဝှက်နေရာတွေကို မကြာခဏခိုးခိုးကြည့်နေတာ သတိထားမိ၏။

ထိုအရာက သူမကို အတော်လေး မသက်မသာခံစားရစေ၏။

သူမ သူ့ကိုရှောင်နေခဲ့တာဖြစ်သည်။

ယနေ့ ဆေးပင်အချို့ထွက်ဝယ်ရင်း, တန်ထျန်လုံနှင့်တိုးကာ ချက်ချင်းပဲ ပါရမီရှင်တွေ့ဆုံပွဲကို ဖိတ်ခေါ်ခဲ့သည်။

"ဂျူနီယာညီမစု, ဘာလို့ ဒီလောက်ယဥ်ကျေးမှုမရှိရတာလဲ...."

တန်ထျန်လုံတင်မာစွာပြောလိုက်သည်။

"ငါ ဒါကိုလုပ်တာ မိတ်ဆွေသံယောဇဥ်အရ မင်းကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ပဲ..."

"မင်းက ထပ်ခါထပ်ခါငြင်းနေတော့,ဘာလဲ ငါ့ကို အထင်သေးနေတာလား..."

စုချီနင် အလျှင်အမြန်လက်ဝှေ့ယမ်းပြလိုက်သည်။

"မဟုတ်ပါဘူး, မဟုတ်ပါဘူး, ကျွန်မဆိုလိုတာ အဲ့လိုမဟုတ်ပါဘူး...."

တန်ထျန်လုံပြောလိုက်သည်။

"ဒါဆို, မင်း ဒီနေ့ညဖလှယ်ကို တက်ရောက်ရမယ်...."

ဤအခိုက်အတန့်၌, ငြင်းဆန်မှုက ပြတ်ပြတ်သားသား အဆက်ဖြတ်လိုက်တာဖြစ်သည်။

ဂိုဏ်းနှင့်အဝေးတစ်ယောက်တည်းဖြစ်ရာ စုချီနင် ဘယ်လိုလုပ် လုပ်ရဲမည်နည်း။

သူမ သဘောတူရုံသာ တတ်နိုင်တော့၏။

"ကောင်းပါပြီ, ဒါဆို ညကျမှတွေ့မယ်...."

တန်ထျန်လုံ သူမအဝေးလျှောက်သွားတာအား ကြည့်နေပြီး သူ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဂိုဏ်းမှာဆို, မင်းကို ကာကွယ်ပေးမယ့် အကြီးအကဲဝမ်ရှိတယ်..."

"ဒါပေမယ့် အပြင်ဘက်မှာတော့, မင်းငါ့လက်ကမလွတ်နိုင်ပါဘူး...."

"ဒီည, ငါ မင်းကို ရအောင်ယူမယ်...."

သူမလို ချောမောပြီး ဆေးပညာအရည်အချင်းရှိသည့် အမျိုးသမီးတစ်ယောက်က ရှေ့တန်းနှင့်နီးကပ်နေသည့်လူတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုပင်။

သို့ပေမယ့် သူ လုံးဝ သတိမထားမိတာက....

ဂျန်ဖန်း သူ့ရှေ့ကလျှောက်သွားစဥ် မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွား၏။

"ခွေးတစ်ကောင်က သူ့ရဲ့မစင်စားတဲ့အကျင့်ကို မပြောင်းနိုင်ဘူးပဲ..."

"လက်မောင်းတစ်ဖက်ပြတ်သွားတာတောင်, သင်ခန်းစာမရသေးဘူး...."

အစက ထွက်သွားဖို့ပြင်နေသည့်ဂျန်ဖန်း တည်းခိုဆောင်ငှားပြီး ညရောက်သည်ထိ စောင့်နေလိုက်သည်။

ဝမ်ဟုန်ယောင် အမြဲတမ်း သူ့ကို ကောင်းကောင်းဆက်ဆံခဲ့၏။

ယခု, ဂိုဏ်းမှဝေးနေသည့်တပည့်တစ်ယောက် ဒုက္ခရောက်နေတာကိုမြင်သည့်အခါ သူဘယ်လိုလုပ် မျက်လုံးပိတ်နေနိုင်မည်နည်း။

ထို့ပြင်, သူ့လက်ထဲရှိ အသွားပဲ့နေသည့် အနက်ရောင်ဓားကိုကြည့်ပြီး....

ဖလှယ်ပွဲမှာ သူ့ကံကို စမ်းကြည့်ချင်သေး၏။

သင့်တော်သည့်လက်နက်တစ်ခုတွေ့မလားကြည့်ရမည်ပင်။

သိပ်မကြာလိုက်ပေ....

ညရောက်လာခဲ့သည်။

ဂျန်ဖန်း လမ်းမကြီးပေါ်တက်လိုက်သည့်အခါ ရမ္မက်ဂိုဏ်းတပည့်တွေပတ်ပတ်လည်ကို ရှာနေဆဲဆိုတာ သတိထားမိလိုက်သည်။

သူက ဆွံ့အသွား၏။

"ဒီကောင်တွေ တကယ် ဇွဲကောင်းလှကြီလား...."

အတွေးတစ်ခုရသွားပြီး ရမ္မက်ဂိုဏ်းကို ဦးတည်သွားလိုက်သည်။

သူ တောင်တံခါးကို ချည်းကပ်လာသည်နှင့်....

မျှော်လင့်ထားသည့်အတိုင်း, ရမ္မက်ဂိုဏ်းအင်အားစုအများစုက မြို့ထဲမှာ ရှိနေခဲ့သည်။

ဂိုဏ်းအနီးမှာတော့ တစ်ယောက်မှမရှိလုနီးပါးပင်။

တောင်တံခါးအစောင့်တွေတောင် မရှိတော့ပေ။

လှည်းတွေကို ပိုင်ရှင်တွေသာ စောင့်ကြည့်နေကြ၏။

ဂျန်ဖန်း ညအမှောင်ကိုအကာအကွယ်ယူပြီး ငွေတောင်ပံမိုးကြိုးသိမ်းငှက်ခြေသည်းရှိသည့် လှည်းပေါ်ခုန်တက်လိုက်သည်။

ချူရှင်းမန်, ချင်ချိုင်းဟီနှင့် ယီလန်ရှင်းတို့ လှည်းထဲမှာ အိပ်ပျော်နေကြ၏။

ကြည့်ရတာ သူမတို့က ဂျန်ဖန်းပြန်အလာကို စောင့်နေပုံပင်။

ဂျန်ဖန်း တိတ်တဆိတ်သက်ပြင်းချလိုက်သည်။

သူတို့ ဒီနေရာမှာတင် လမ်းခွဲရဖို့များ၏။

တစ်ခဏတွေးပြီးနောက် ကျောက်စိမ်းပုလင်းသုံးခုထုတ်လိုက်သည်။ တစ်ပုလင်းစီမှာ ပြန်လည်ရှင်သန်ခြင်းဆေးတစ်လုံးစီ ပါဝင်နေပြီး အမျိုးသမီးသုံးယောက်ရှေ့မှာ တစ်ပုလင်းစီထားလိုက်သည်။

သူတို့ခရီးက အဆုံးသတ်ပြီပင်။

ထို့နောက် ခြေသည်းကိုတိတ်တဆိတ်ယူပြီး အမှောင်ထဲကို ဝင်ရောက်ကာ အဝေးကို တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

တိုင်ပိုင်အဆောက်အဦး၌...

ဂျန်ဖန်း အဝတ်စဖြင့်ပတ်ထားသည့်ခြေသည်းကြီးကိုသယ်ကာ ဒုတိယထပ်ကို တက်လာခဲ့သည်။

အဝတ်ပတ်ထားသည့်ခြေသည်းက လျို့ဝှက်ဆန်းကြယ်ပုံပေါ်နေခဲ့သည်။

ဒုတိယထပ်ကိုရောက်သည့်အခါ တစ်ချက်ဝှေ့ဝိုက်ကြည့်လိုက်သည်။

မျက်နှာဖုံးတပ်ထားပြီး အဝတ်ပွကြီးဝတ်ထားသည့် သူ့အထောက်အထားက လျို့ဝှက်နက်နဲလှ၏။

အဆောက်အဦးထဲရှိ ဂိုဏ်းအသီးသီးမှ ပါရမီရှင်တပည့်တွေ သတိထားသည့်အမူအရာတွေ ပြသလာကြသည်။

စုချီနင်နှင့် တန်ထျန်လုံလည်း ရောက်နေပြီဖြစ်သည်။

သူတို့ အခြားတပည့်တွေလိုပဲ စက်ဝိုင်းပုံစံဝိုင်းဖွဲ့ကာ ကြမ်းပြင်မှာ ထိုင်နေကြသည်။

စုချီနင် အတော်မလွယ်ကူသလို ခံစားနေရ၏။

ဂျန်ဖန်း ဝင်ရောက်လာတာ မြင်သည့်အခါ သူမမနေနိုင်ပဲ စိုးရိမ်သွား၏။

သူမကို ပိုလို့တောင် စိုးရိမ်သွားစေတာက ဂျန်ဖန်းက သူမဆီကို တည့်တည့်မတ်မတ်လျှောက်လာနေတာပဲဖြစ်သည်။

All Chapters