ရွံ့က နံရံကို ထောက်ပံ့မပေးနိုင်
Vol. 21 Ch. 291
လေးပြင်းပုလဲ စုစုပေါင်း နှစ်ခုသာရှိသည်။
တစ်ခုကို လျိုချင်းရှန်အားပေးပြီး...
တစ်ခုကို ကောင်ကင်ဘုံစက်ယန္ဒယားလေလံပွဲ၌ တိုင်ပုပိုင်လေလံနိုင်သွားခဲ့သည်။
နောက်ပိုင်း၌ ဂျန်ဖန်း သူ့ကိုသတ်ခဲ့ပြီး မတော်တဆ ထိုလေပြင်းပုလဲကို နှစ်ခြမ်းကွဲသွားစေခဲ့၏။
ယခု, လျိုချင်းရှန်လက်ထဲက တစ်ခုသာကျန်တော့တာဖြစ်သည်။
သို့ပေမယ့် ဘာကြောင့် စွန်ချောင်ဇောင်လက်ထဲမှာ ပေါ်လာရသနည်း။
ဖြစ်နိုင်တာ လျိုချင်းရှန်အန္တရာယ်ကျရောက်နေသည်လား...
ဤအချိန်၌ လျိုချင်းရှန်က ဧရာမဂိုဏ်းနယ်စပ်မှာ သားရဲလှိုင်းကို တိုက်ခိုက်နေတာဖြစ်သည်။
သူမရင်ဆိုင်နေရသည့်အန္တရာယ်ကို စိတ်ကူးကြည့်နိုင်၏။
ဂျန်ဖန်း စိုးရိမ်သွားသည်။
သူ့ရှေ့ရှိလေပြင်းပုလဲကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ဒါ လေပြင်းပုလဲပဲ..."
"နောက်ဆုံးအကြိမ်ပေါ်လာတာ တိမ်စိမ်းမြို့က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမလေလံပွဲမှာပဲ...."
"နောက်ဆုံး, ဧရာမဂိုဏ်းမဟာအကြီးအကဲ, တိုင်ပုပိုင် လေလံအောင်သွားခဲ့တာ..."
ဤပစ္စည်းကိုမြင်သည့်အခါ မည်သူမှ မမှတ်မိပေ။
သိုပေမယ့် လေပြင်းပုလဲအသံကြားသည့်အခါ မသိသူမရှိတော့ပေ။
အိုယန်ဂျွန် အတော်စိတ်ဝင်စားသွားပြီး ပြောလိုက်သည်။
"ပြောကြတာတော့, ဒါက သဘာဝထိပ်တန်းအဆင့်ရတနာတစ်ခုတဲ့။ ငါကြည့်ကြည့်လို့ရမလား...."
စွန်ချောင်ဇောင် ထိုအရာကို အိုယန်ဂျွန် တန်ဖိုးဖြတ်ပေးဖို့ မျှော်လင့်ထားခဲ့သည်။
သူက ချက်ချင်း လက်လွဲပေးဖို့ ပြင်လိုက်၏။
သို့ပေမယ့် ဂျန်ဖန်းတည်ငြိမ်စွာပြောလိုက်သည်။
"အိုယန်ဂျွန်, ဒီပစ္စည်းကိုမထိတာ အကောင်းဆုံးပဲ...."
ဟမ်?....
အိုယန်ဂျွန် ပဟေဠိဖြစ်သွားပြီး မျက်လုံးတွေ အနည်းငယ် လှုပ်ရှားသွား၏။
"ညီအကို, ဒီပစ္စည်းကို စိတ်ဝင်စားလို့လား..."
"မင်းတကယ်လိုချင်ရင်, ငါပေးပါ့မယ်..."
ပါရမီရှင်တပည့်များစွာ တိတ်တဆိတ် လျှာသပ်လိုက်ကြသည်။
ဤလူက အတိုင်းထက်အလွန် အာဏာပြလွန်း၏။
သူ တစ်ခုခုကိုသဘောကျသွားရင် အခြားမည်သူမှ ယှဥ်ပြိုင်ခွင့်မရှိတော့ဘူးလား...
သို့ပေမယ့် ဂျန်ဖန်း အနည်းငယ် ခေါင်းခါယမ်းလိုက်သည်။
"မင်းနားလည်မှုလွဲနေပြီ...."
"ငါ ဒီပစ္စည်းကို စိတ်မဝင်စားဘူး...."
"ငါက ဒီလေပြင်းပုလဲယူသွားတဲ့ တိုင်ပုပိုင် ဧရာမဂိုဏ်းအပြန်လမ်းမှာ အသတ်ခံခဲ့ရတယ်ဆိုတာ မင်းကို သတိပေးချင်ရုံပဲ...."
ဧရာမဂိုဏ်း မဟာအကြီးအကဲ ထူးဆန်းသည့်လူတစ်ဦး၏လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရသည်။
ထိုကိစ္စက ဂိုဏ်း ၉ ဂိုဏ်းကို အချိန်အတော်ကြာ တုန်လှုပ်သွားစေခဲ့သည်။
သာမန်တပည့်တွေ ထိုအကြောင်းကိုမသိသော်လည်း ပါရမီရှင်တပည့်တွေကတော့ သိကြ၏။
ဂျန်ဖန်း ထိုသတင်းကိုပြောလိုက်သည့်အခါ သူတို့ မအံ့သြသွားပေ။
သို့ပေမယ့် သူ့စကားတွေကြောင့် သူတို့အားလုံး စွန်ချောင်ဇောင်ကို မတူညီသည့်မျက်လုံးတွေဖြင့် ကြည့်လိုက်ကြသည်။
အိုယန်ဂျွန် ရုတ်တရက် နိုးကြားသွားပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
"ဂျူနီယာညီလေးစွန်း, ဒီလေပြင်းပုလဲရဲ့ မူလဇစ်မြစ်ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေတာလား...."
တိုင်ပုပိုင်အသတ်ခံရပြီးနောက် သူ့ဆီ၌ ဘယ်လိုလုပ် လေပြင်းပုလဲရှိနေရသနည်း။
ထိုအရာကို လုပ်ကြံသူ အချိန်အတော်ကြာကတည်းက ယူဆောင်သွားသင့်၏။
ဘယ်လိုလုပ် စွန်းချောင်ဇောင်လို တပည့်တစ်ယောက်လက်ထဲရှိနေရသနည်း။
စွန်းချောင်ဇောင် ထိုအရာကိုကြားသည့်အခါ စိုးရိမ်သွားပြီး ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။
"မင်းက ငါ ငါ့ဆရာကို ရတနာအတွက်သတ်တယ်လို့ စွပ်စွဲနေတာလား...."
ဂျန်ဖန်း သဘာဝအတိုင်းမဟုတ်မှန်းသိ၏။ သို့ပေမယ့် လေပြင်းပုလဲမူလဇစ်မြစ်ကိုသိရဖို့ မသိချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
"ဒီကမ္ဘာကြီးမှာ နောက်ထပ်လေပြင်းပုလဲရှိသေးလို့လား..."
လူတိုင်း စွန်းချောင်ဇောင်ကိုကြည့်ပြီး မျက်လုံးတွေက သံသယတွေအပြည့်ပင်။
စွန်ချောင်ဇောင် စိုးရိမ်စွာ ပြောလိုက်သည်။
"လူတိုင်း, ဒီလူရဲ့အဓိပ္ပာယ်မရှိတာတွေကို မယုံပါနဲ့...."
"အမှန်တိုင်းပြောရရင်, ငါ့ဆရာဆီကလေပြင်းပုလဲက အဲ့သူခိုးကောင်ဖျက်ဆီးလို့ နှစ်ခြမ်းကွဲသွားခဲ့တာ...."
"ငါ့လက်ထဲက ဒီတစ်ခု မဟုတ်ပါဘူး..."
ဂျန်ဖန်း မျက်လုံးတွေ အနည်းငယ် ရွေ့လျားသွား၏။
သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါကြားတာတော့ အခင်းဖြစ်ပွားချိန်မှာ မင်းတစ်ယောက်ပဲရှိနေခဲ့တာတဲ့...."
"လေပြင်းပုလဲကွဲသွားလား မကွဲဖူးလားဆိုတာ မင်းစကားတွေပဲလေ....."
ထိုအရာကိုကြားသည့်အခါ....
လူတိုင်း၏ လေပြင်းအပေါ်စိတ်ဝင်စားမှုက ကြောက်ရွံ့မှုအဖြစ်ပြောင်းသွားခဲ့သည်။
ရတနာအတွက် ဆရာကိုသတ်သည့်လူဆီမှ မည်သူက ပစ္စည်းဝယ်ရဲမည်နည်း။
နောက်ပိုင်း ဧရာမဂိုဏ်းက အတင်းအကျပ်တောင်းဆိုလာလျှင် မလိုအပ်သည့်ပြဿနာကြီးတွေ ဖြစ်လာနိုင်၏။
စွန်ချောင်ဇောင် အလွန်ဒေါသထွက်နေ၏။
သူက လေပြင်းပုလဲဇစ်မြစ်ကို မဖော်ထုတ်ချင်ပေ။
သို့ပေမယ့် ဆက်ဖုံးကွယ်ထားလျှင်, ရတနာအတွက် ဆရာသတ်သည့်လူဖြစ်တော့မည်ပင်။
အံ့ကြိတ်ပြီး ဂျန်ဖန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဒီကမ္ဘာကြီးမှာ ဒုတိယလေပြင်းပုလဲတကယ်ရှိတယ်လို့ ငါကပြောရင်ကော...."
ထို့နောက် သူ လူအုပ်ကို မျက်နှာချင်းဆိုင်လိုက်သည်။
"လူတိုင်း, ငါ့ဆရာရဲ့လေပြင်းပုလဲက တကယ်ပျက်စီးသွားပါပြီ...."
"ဒီတစ်ခုက တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်ရဲ့သမီး လျိုချင်းရှန်ဟာပါ...."
လျိုချင်းရှန်?...
ဂိုဏ်း ၉ ဂိုဏ်း၏ နံပါတ် ၁ နတ်သမီး။
ရှိနေသည့်တပည့်တိုင်း သဘာဝအတိုင်း သူမကို သိ၏။
အိုယန်ဂျွန် သံသယဖြင့် မေးလိုက်သည်။
"ဒါက သူမဟာဆိုရင် ဘာလို့မင်းလက်ထဲမှာရှိနေရတာလဲ...."
စွန်ချောင်ဇောင် အကြည့် ရွေ့သွား၏။
"သဘာဝအတိုင်း သူ ငါ့ကို ရောင်းလိုက်တာပေါ့...."
ရောင်းတယ်?...
ဤအရာက ဂျန်ဖန်း လျိုချင်းရှန်ကိုလက်ဆောင်ပေးထားတာဖြစ်ပြီး သူမသဘောကျသည့်ရတနာဖြစ်သည်။
ဘယ်လိုလုပ် ရောင်းမည်နည်း။
သူ လိမ်နေတာပဲဖြစ်သည်။
ထိုအခိုက်အတန့်၌, စုချီနင် သူမ၏အနီရောင်နှုတ်ခမ်းလေးကို အနည်းငယ်ကိုက်လိုက်သည်။
"စီနီယာအမလျိုက ဒါကို နင့်ဆီ ဘယ်တော့မှရောင်းမှာမဟုတ်ဘူး....."
"လွန်ခဲ့တဲ့ရက်အနည်းငယ်က, စီနီယာအမလျို ဂိုဏ်းကို စာတစ်စောင်ပို့ခဲ့တယ်။ စာထဲမှာပြောထားတာ, ဧရာမဂိုဏ်းတပည့်ကြီးက သားရဲလှိုင်းရှေ့တန်းမှာရှိတဲ့ ပါရမီရှင်တပည့်တွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်နေတယ်တဲ့...."
"နင့်ရဲ့လေပြင်းပုလဲက လုယက်လာတာပဲနေမှာ...."
ပါရမီရှင်တပည့်များစွာ ချက်ချင်း မျက်မှောင်ကြုတ်သွားကြ၏။
သူတို့က ထိုကိစ္စကို ကြားခဲ့၏။
ဧရာမဂိုဏ်း၌ ပြင်ပဂိုဏ်းတပည့်တွေ၏ပိုင်ဆိုင်မှုကို လုယက်သည့် အကျင့်မကောင်းသည့်တပည့်အနည်းငယ်ရှိ၏။
တာဝန်ပြီးမြောက်ဖို့, များစွာသောပြင်ပဂိုဏ်းတပည့်တွေ ကြိတ်မှိတ်ခံစားနေခဲ့ရ၏။
ယခု ကြည့်ရတာ ကိစ္စတွေက အမှန်ဖြစ်နေရုံသာမက, ကောလဟာလတွေထက်တောင် ပိုပြင်းထန်နေခဲ့သည်။
လျိုချင်းရှန်လို နာမည်ကြီးတပည့်တစ်ယောက်တောင် သူမ၏အဖိုးတန်ရတနာ လုယက်ခံခဲ့ရ၏။
သာမန်တပည့်တွေဆို ပြောနေစရာကို မလိုတော့ပေ။
အိုယန်ဂျွန် မျက်မှောင်ကြုတ်သွားသည်။
"ဂျူနီယာညီလေးစွန်း, ငါ ဒီလိုရတနာမျိုး လက်မခံနိုင်ဘူး...."
"မင်း ဂျူနီယာညီမလျိုကိုပြန်ပေးဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် ဂိုဏ်း ၂ ဂိုဏ်းကြားက ရင်းနှီးမှုကို ထိခိုက်စေလိမ့်မယ်။ ပြီးတော့ ဧရာမဂိုဏ်းကို ထောက်ပံ့နေတဲ့ အခြားဂိုဏ်းတွေကိုလည်း စိတ်ပျက်စေလိမ့်မယ်...."
အခြားတပည့်တွေလည်း မျက်မှောင်ကြုတ်လိုက်ကြ၏။
ပြင်ပဂိုဏ်းတပည့်တွေက ဧရာမဂိုဏ်းကို သားရဲလှိုင်းအားကူညီတိုက်ခိုက်နေခဲ့သည်။ ကျေးဇူးတင်ရမည့်အစား ဧရာမဂိုဏ်းက အခွင့်ကောင်းယူ လုယက်နေခဲ့သည်။
ထို့ပြင်, ခိုးရာပါပစ္စည်းတွေကို လဲလှယ်ပွဲမှာ ဗြောင်ကျကျရောင်းချနေခဲ့သည်။
ဤအပြုအမူက အတော်အရှက်ကင်းမဲ့လှ၏။
သူဘယ်လောက်ပဲ ပြောဖို့ဆန္ဒမရှိပါစေ ဤတိမ်စိမ်းဂိုဏ်းတပည့်မကြောင့် ထုတ်ဖော်ခံရမည်ဟု မမျှော်လင့်ထားပေ။
ထိုအတွက်ကြောင့်, ရှိနေသည့်လူတိုင်း၏ မုန်းတီးမှုကို ခံခဲ့ရသည်။
ဒေါသပြည့်နှက်နေပြီးဖြစ်တဲ့ စွန်းချောင်ဇောင် သူ့ဒေါသကို စုချီနင်ပေါ်သို့ ပုံချလိုက်သည်။
"ခွေးမ, ငါ့ကို အသရေဖျက်ရဲတယ်ပေါ့...."
"ဒူးထောက်ပြီး နင့်ရဲ့ညစ်ပတ်တဲ့ပါးစပ်ကို စုတ်ပြတ်သတ်တဲ့ထိရိုက်စမ်း...."
"မဟုတ်ရင်, နင် အသနားခံဖို့အခွင့်ရေးတောင် မရဘူးလို့ ငါအာမံတယ်...."
ကြောက်မက်ဖွယ်ခြိမ်းခြောက်မှုကြောင့် လူတိုင်းနှလုံးသားတုန်ယင်သွား၏။
စွန်းချောင်ဇောင်စိတ်ဓာတ်က မေးခွန်ထုတ်စရာဖြစ်ပေမယ့် သူ့ခွန်အားကတော့ သံသယဖြစ်စရာမလိုပေ။
လက်မောင်းတစ်ဖက်ပြတ်နေလျှင်တောင်, သူ၏သန်မာသည့်ရုပ်ခန္ဓာက ရွယ်တူအများစုရင်ဆိုင်ရဲသည့်အရာမဟုတ်ပေ။
အိုယန်ဂျွန် အပြင်းအထန်မျက်မှောင်ကြုတ်သွား၏။
"စွန်ချောင်ဇောင်, မင်း ဒါဘာကိုဆိုလိုတာလဲ...."
"ငါဖိတ်ခေါ်ထားတဲ့ဧည့်သည်ကို ငါ့ရှေ့မှာ အနိုင်ကျင့်နေတာလား...."
စွန်းချောင်ဇောင် လှည့်မကြည့်ပဲ အေးစက်စွာပြောလိုက်သည်။
"အိုယန်ဂျွန်, မင်းဝင်မပါဖို့ ငါ ပြောချင်တယ်...."
"ဒါက ဧရာမဂိုဏ်းရဲ့ကိစ္စ, မင်းအပူတစ်ပြားမှမပါဘူး...."
အရင်က ဖလှယ်ပွဲအတွက် သူက အိုယန်ဂျွန်ကို မျက်နှာသာပေးထားတာဖြစ်သည်။
ယခု ကိစ္စတွေက ဤကဲ့သို့ဖြစ်လာမှတော့ ဘာကြောင့် ထိန်းထားရတော့မည်နည်း။
အိုယန်ဂျွန် ဒေါသထွက်သွား၏။
သူက လက်သီးဆုပ်လိုက်ပေမယ့် မဆင်မခြင် မလှုပ်ရှားပေ။
ပထမတစ်ချက်, တိမ်စိမ်းဂိုဏ်းမှမရင်းနှီးသည့်တပည့်မတစ်ယောက်အတွက် စွန်းချောင်ဇောင်နှင့်ရန်သူလုပ်တာ ဉာဏ်ရှိရာမရောက်ပေ။
ဒုတိယတစ်ချက်, သူက ကျောနက်သွေးမျက်လုံးမျောက်ဝံကိုပို့ဆောင်ရအုန်းမည်ဖြစ်၍ တိုက်ပွဲကြီးတိုက်ခိုက်ဖို့မသင့်တော်ပေ။
ထို့ကြောင့်, တင်းမာသည့်မျက်နှာဖြင့် ချိန်ဆနေခဲ့သည်။
စုချီနင်နှလုံးသား ကြောက်ရွံ့မှုကြောင့် တုန်ယင်သွား၏။
စွန်းချောင်ဇောင်၏စိုက်ကြည့်ခံရသည့် သူမ ဂနာမငြိမ်ဖြစ်လာခဲ့သည်။
အဆိပ်ပြင်းမြွေတစ်ကောင်၏ စောင့်ကြည့်ခြင်းခံရသည့် ဖားငယ်လေးတစ်ကောင်ကဲ့သို့ ခံစားရ၏။
သူမက တန်ထျန်လုံကို အကူအညီတောင်းဖို့ ခေါ်လိုက်သည်။
"စီနီယာအကိုတန်...."
တန်ထျန်လုံ ဦးခေါင်းထုံကျဥ်သွားသလို ခံစားလိုက်ရသည်။
သူက ဘယ်လိုလုပ် စွန်ချောင်ဇောင်ကို ရန်စရဲမည်နည်း။
သို့ပေမယ့် ဂိုဏ်းတူညီမတစ်ယောက်အနိုင်ကျင့်ခံရတာ ကြည့်နေလျှင်....
တိမ်စိမ်းဂိုဏ်တပည့်တွေ သူ့ကို အထင်သေးရုံသာမက ပြင်ပဂိုဏ်းတပည့်တွေတောင် အထင်သေးကြမည်ဖြစ်သည်။
ထို့ကြောင့်, သူက သတ္တိမွေးပြီး စွန်းချောင်ဇောင်နားချည်းကပ်ကာ စုချီနင်အတွက် တောင်းပန်ပေးလိုက်သည်။
"စီနီယာအကိုစွန်, ငါ့ဂျူနီယာညီမက မသိနားမလည်လို့ မိုက်မဲမိတာပါ...."
"ကျေးဇူးပြုပြီး အငြိုးမထားပဲ သနားညှာတာပေးပါ...."
စွန်းချောင်ဇောင် သူ့ကို အထင်သေးစွာ ငုံ့ကြည့်လိုက်သည်။
ထို့နောက် သာမန်အတိုင်း ပါးဖြတ်ရိုက်လိုက်သည်။
တန်ထျန်လုံ ထိတ်လန့်သွား၏။
စကားပြောနေရင်း စွန်ချောင်ဇောင်ဤလောက်ထိ ကျိုးကြောင်းမဆီလျော်ပဲ တိုက်ခိုက်မည်ဟု မျှော်လင့်မထားပေ။
အလျှင်အမြန်ပဲ လက်နှစ်ဖက်ကိုမြောက်ကာ ကာကွယ်လိုက်၏။
သို့ပေမယ့် စွန်းချောင်ဇောင်၏ရုပ်ခန္ဓာက အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ နှင့် ယှဥ်နိုင်၏။
တန်ထျန်လုံ ဘယ်လိုလုပ် ခုခံနိုင်မည်နည်း။
ဘန်း!
တန်ထျန်လုံ လွင့်ပျံသွားပြီး နံရံကိုဖောက်ထွက်သွားခဲ့သည်။ သူက အုတ်ပုံကြားထဲလဲလျောင်းနေပြီး သွေးအန်လိုက်ရသည်။
စွန်းချောင်ဇောင် ထူးမခြားနားစွာပြောလိုက်သည်။
"အမှိုက်ကောင်, မင်းက ငါ့ကိုတောင်းပန်ဖို့အရည်အချင်းပြည့်မှီတယ်လို့ထင်လား..."
"ငါ့မျက်စိရှေ့ကထွက်သွား...."
"မဟုတ်ရင်, ဒီခွေးမနဲ့အတူ မင်းမျက်နှာကို ဖူးယောင်တဲ့ထိရိုက်ခိုင်းလိုက်မယ်...."
"စီနီယာအကို..."
စုချီနင် ကြောက်လန့်သွားပြီး အကူအညီတောင်းဖို့ရှေ့ပြေးလာ၏။
တန်ထျန်လုံ သူမလက်ကို ခါထုတ်လိုက်ပြီး မျက်နှာမှာ ရှက်ရွံ့မှုနှင့် ဒေါသတွေအပြည့်ပင်။
"ထွက်သွား...."
"နင်ဘာလို့ဝင်ပြောလဲ...."
"နင့်ကိုနင်အစွမ်းထက်တယ်ထင်နေတာလား..."
"ကိုယ့်ကိစ္စကိုယ်ရှင်း....."
သူက စုချီနင်ရှေ့မှာ ရှိုးပြဖို့ရည်ရွယ်ခဲ့ပေမယ့် ဘာဖြစ်သွားသနည်း။
ဂိုဏ်းအားလုံးတပည့်တွေရှေ့မှာ အရှက်ကွဲခြင်းနှင့်သာ အဆုံးသတ်ခဲ့ရသည်။
သူက စွန်ချောင်ဇောင်ကိုအပြစ်မတင်ရဲပေ။ ထို့ကြောင့် သူ့ဒေါသတွေကို စုချီနင်အပေါ် ပုံချလိုက်တာဖြစ်သည်။
စုချီနင် သူမအနီရောင်နှုတ်ခမ်းလေးကိုကိုက်ပြီး မျက်နှာ ဖြူဖြော့သွား၏။
သူမက ဤဖလှယ်ပွဲကို မလာချင်ခဲ့ပေ။ ထိုအရာက တန်ထျန်လုံ အတင်းခေါ်တာဖြစ်သည်။
ယခု သူမ အနိုင်ကျင့်ခံနေရ၏။ တန်ထျန်လုံ သူမကို လျစ်လျူရှူထားခဲ့သည်။
သူမ အကူအညီမဲ့နေစဥ်...
တည်ငြိမ်သည့်အသံတစ်ခု လေထဲမှာ ထွက်ပေါ်လာခဲ့သည်။
"တန်ထျန်လုံ, မင်းက တကယ် မျှော်လင့်ချက်မရှိတဲ့ကောင်ပဲ...."