← Chapters

ငါမင်းကိုသွားခိုင်းလို့လား

Vol. 21 Ch. 292

ငါမင်းကိုသွားခိုင်းလို့လား

Vol. 21 Ch. 292

ပြောလိုက်သည့်လူက သဘာဝအတိုင်း ဂျန်ဖန်းပင်။

သူက ဘယ်တုန်ကမှ တန်ထျန်းလုံအပေါ် မျှော်လင့်ချက်မထားခဲ့ပေ။

စွန်းချောင်ဇောင်လို စွမ်းအားကြီးရန်သူနှင့်ရင်ဆိုင်ရာ၌ တန်ထျန်လုံမတိုက်ခိုက်ရဲတော့ပဲ စုချီနင်ကိုစွန့်ပစ်ပြီး တစ်ယောက်တည်းပြေးထွက်သွားခဲ့သည်။

ဂျန်ဖန်း ထိုအတွက် သူ့ကိုမပြစ်မတင်ပေ။

သို့ပေမယ့်, ဂိုဏ်းတူတပည့်ကို မကာကွယ်ရဲတာက ကိစ္စတစ်ခုဖြစ်၏။

သူက ပြန်တောင်ရန်လုပ်လိုက်သေးသည်။

ရှင်းလင်းစွာပဲ သူ့ကိုအရှက်ခွဲတာ စွန်းချောင်ဇောင်ဖြစ်ပေမယ့် ဒေါသတွေကိုကိုယ့်လူအပေါ်ပုံချခဲ့သည်။

အပြင်လူရှေ့၌သတ္တိနည်းပြီး ကိုယ့်လူရှေ့၌ ကြွားဝါတတ်သည့် ဤကဲ့သို့လူမျိုးကို....

ဂျန်ဖန်း စကားလုံးနှစ်လုံးဖြင့် ဖော်ပြပေးနိုင်၏။

အမှိုက်ကောင်....

တကယ့်ကို အမှိုက်ကောင်ပင်....

နဂိုကတည်းကရှက်နေပြီးဖြစ်တဲ့ တန်ထျန်လုံ ရုတ်တရက် ဂျန်ဖန်း၏ထိုကဲ့သို့ပြောဆိုမှုကြောင့် ပိုလို့တောင် မျက်နှာရစရာမရှိဖြစ်သွားပြီး ဟိန်းဟောက်လိုက်သည်။

"မင်းနဲ့ဘာဆိုင်လို့ ငါ့ကို ဒီလိုလာပြောနေတာလဲ..."

ဂျန်ဖန်း နောက်ထပ်မပြောတော့ပေ။

ဤကဲ့သို့အမှိုက်ကောင်ကို နောက်ထပ်စကားပြောနေလျှင် အချိန်ဖြုန်းရာပဲကျမည်ဖြစ်သည်။

သူကမတ်တပ်ရပ်ပြီး အုတ်ခဲကျိုးတစ်ခုကို တန်ထျန်လုံဆီသို့ သာမန်အတိုင်း ပစ်ကန်လိုက်သည်။

တန်ထျ်လုံအမူအရာ နောက်တစ်ကြိမ်ပြောင်းလဲသွား၏။

အလျှင်အမြန်ရှောင်တိမ်းလိုက်ပေမယ့် အခြားလက်တစ်ဖက်ကိုထိမှန်သွားဆဲဖြစ်သည်။

ခရက်!

အရိုးကျိုးသံ နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

ထို့ပြင်, ထိုအရာကြောင့် ရှိနေသည့်လူတိုင်း အံ့အားသင့်သွားခဲ့သည်။

သာန်မန်ကန်ချက်တစ်ခုဖြင့်, တန်ထျန်လုံလက်မောင်းကို ကျိုးသွားစေခဲ့သည်။

တန်ထျန်လုံက စွန်းချောင်ဇောင်ရှေ့မှာ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ၈ တစ်ယောက်ဖြစ်နေဆဲဖြစ်သည်။

ရှိနေသည့်ပါရမီရှင်တပည့်တွေထဲ၌ သူ့ထက်သန်မာသည့်လူက လက်တစ်ဆုပ်စာထက် နည်း၏။

သို့ပေမယ့် ဤကဲ့သို့ကျွမ်းကျင်သူတစ်ယောက်က ထိုလူထူးဆန်းရှေ့မှာ လုံးဝ စွမ်းအားကင်းမဲ့နေခဲ့သည်။

"ဒီကောင်က ဘယ်သူလဲဟ...."

"အနည်းဆုံး တပည့်ကြီးအဆင့်ပုံရိပ်လို့တော့ ဖြစ်မယ်ထင်တယ်..."

......

အိုယန်ဂျွန် အနည်းငယ် တည်ကြည်သွား၏။

သူက စိတ်ထဲမှာ တွေးလိုက်သည်။

"ဒီလူက တကယ် မရိုးရှင်းဘူးပဲ..."

"ကြည့်ရတာ, စောနက ငါအမြင်မှားသွားပုံပဲ....."

စွန်ချောင်ဇောင် အနည်းငယ် မျက်လုံးမှေးလိုက်သည်။

သိသာစွာပင် သူလည်း ဂျန်ဖန်းကန်ချက်ကို မြင်လိုက်၏။

ဒီလူက အတော်အားကောင်းတာပဲ.....

စုချီနင် ထိတ်လန့်သွားပြီး အလျှင်အမြန်ရှေ့တက်ကာ ညီးညူနေသည့်တန်ထျန်လုံကို စမ်းသပ်လိုက်သည်။

ထို့နောက် အလျှင်အမြန်ပဲ အရိုးလိမ်းဆေး အချို့ထုတ်ကာ သူ့ဒဏ်ရာကိုကုသပေးဖို့ပြင်လိုက်သည်။

ဂျန်ဖန်းအေးစက်စွာ နှာမှုတ်လိုက်သည်။

"အဲ့ဒီအမှိုက်ကောင်နဲ့ပတ်သက်ပြီး ဘာတွေစိတ်အနှောက်အယှက်ဖြစ်ခံနေတာလဲ...."

"ဒီကိုလာခဲ့..."

စုချီနင် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွား၏။

သူမက ဂျန်ဖန်းကို ပို့လို့တောင်ကြောက်လာ၏။

တစ်ခဏတွေဝေပြီးနောက် ဂျန်ဖန်းဆီကို သတိထားလျှောက်လာပြီး သူမစကတ်အနားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားခဲ့သည်။

သူမက ခေါင်းငုံ့ထားပြီး ဂျန်ဖန်းမျက်လုံးတွေကို မကြည့်ရဲပေ။

အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"စီနီယာအကို, ဘာ...ဘာများညွှန်ကြားချင်လို့လဲ...."

ဂျန်ဖန်း လက်ဆန့်ထုတ်ပြီး သူမခေါင်းကို ညင်သာစွာပုတ်လိုက်သည်။

သူက ညင်သာသည့်အသံဖြင့်ပြောလိုက်သည်။

"အပြင်ရောက်တဲ့အခါ, ကိုယ့်ဂိုဏ်းအတွက် ရပ်တည်သင့်တယ်...."

"မင်းကောင်းကောင်းလုပ်ခဲ့တာပဲ....."

အမ်....

ဒီတော့, သူက ငါ့ကို ချီးကျူးနေတာလား?....

စုချီနင်၏ တင်းမာနေသည့်နှလုံးသား ပြောလျော့သွားပြီး သက်ပြင်းအနည်းငယ်ချလိုက်သည်။

"စီနီယာအကို, နင်က ကြင်နာလွန်းနေပါပြီ...."

သို့ပေမယ့် သူမဝမ်းသာအံ့သြနေစဥ်....

ဂျန်ဖန်းဆက်ပြောလိုက်သည်။

"မင်းရဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်ကို ထောက်ပြီး...."

"ဒီနေ့ ငါမင်းအတွက် လှုပ်ရှားပေမယ်...."

စုချီနင်မျက်နှာ၌ ပျော်ရွင်မှုတွေဖြတ်ပြေးသွား၏။ သို့ပေမယ့် ချက်ချင်းပဲ နောက်တစ်ကြိမ် စိုးရိမ်သွားခဲ့သည်။

"ဒါ....ဒါက စီနီယာအတွက် ပြဿနာဖြစ်စေမယ်မဟုတ်ဘူးလား...."

သူမရှေ့ရှိလူက စွန်ချောင်ဇောင်ဖြစ်၏။

ကျော်ကြားသည့်အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။

ဂျန်ဖန်း ထူးမခြားနားစွာပြောလိုက်သည်။

"သူ့ကို ပြဿနာလို့ခေါ်ဖို့တောင် မထိုက်တန်ပါဘူး...."

သူတို့စကားသံက သုသာန်တစ်စပြင်ကဲ့သို့တိတ်ဆိတ်နေသည့် နေရာကို ရှင်းလင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။

လူတိုင်း အံ့အားသင့်သွားကြသည်။

ဤလူက တကယ်ကိုမောက်မာ၏။

ဂိုဏ်း ၉ ဂိုဏ်းပါရမီရှင် ဘယ်လောက်များများ စွန်ချောင်ဇောင်ကို ဤကဲ့သို့ အထင်သေးရဲမည်နည်း။

အိုယန်ဂျွန်မျက်လုံးတွေ အံ့အားသင့်သည့်အမူအရာအချို့ လင်းလက်သွား၏။

ဤလူက ဘယ်လိုစွမ်းအားမျိုးပိုင်ဆိုင်ထားသနည်း။

သူမလှုပ်ရှားခဲ့တာ အတော်ကံကောင်းသည်ဟု ခံစားနရ၏။ မဟုတ်လျှင် ဤလူကြားဝင်ဖို့ အခွင့်အရေးဘယ်ရှိတော့မည်နည်း။

စွန်းချောင်ဇောင်မျက်နှာ စိတ်ပျက်သည့်အမူအရာပြသလာပြီး ဒေါသတကြီးရယ်လိုက်သည်။

"မင်းကိုယ်မင်း ဘယ်သူထင်နေလဲ....."

"ရွှေရောင်စာရင်းက, ရှချောင်ကောများထင်နေလား....."

"ဒီလို ဟာသမျိုးလာပြောနေတယ်...."

ဂျန်ဖန်း တစ်ဖက်လှည့်ပြီး သူ့ကိုတည်ငြိမ်စွာကြည့်လိုက်သည်။

မျက်နှာဖုံးမှတစ်ဆင့် စွန်ချောင်ဇောင် ဂျန်ဖန်းမျက်လုံးတွေနှင့်အကြည့်ချင်းဆုံသွားပြီး ချက်ချင်း သူ့နှလုံးသား တောင့်တင်းသွား၏။

အမူအရာလည်း မသေမချာဖြစ်လာခဲ့သည်။

သူ ကတယ်ပဲ ဤလူ၏စွမ်းအားကို နားမလည်နိုင်ပေ။

အခြေအနေကိုတွက်ဆပြီးနောက်, စုချီနင်ကို ဒေါသတကြီးစိုက်ကြည့်ပြီး သူ့အတွက် ဆင်ခြေတစ်ခုရှာလိုက်သည်။

"ကောင်မစုတ်, စီနီယာအကိုအိုယန်မျက်နှာထောက်ပြီး, ဒီတစ်ချိန်လွတ်ပေးလိုက်မယ်....."

"နောက်တစ်ကြိမ်ဆိုရင်တော့ ငါအဆိုးမဆိုနဲ့....."

ပြောပြီးနောက်, သူက ထွက်သွားဖို့ပြင်လိုက်သည်။

လူတိုင်း ဆွံ့အသွား၏။

ထိုအရာက သူဂျန်ဖန်းခွန်အားအတိမ်အနက်ကိုမသိ၍ မတိုက်ရဲတော့ သိသာလှ၏။

သို့ပေမယ့် သူက အိုယန်ဂျွန်ကို ဆင်ခြေတစ်ခုအဖြစ်သုံးခဲ့သည်။

အစောပိုင်း, အိုယန်ဂျွန်ဝင်တားချိန်၌ ထိုကောင်က လုံးဝမောက်မာနေပြီး ကိုယ့်ကိစ္စမဟုတ်လျှင် ဝင်မပါဖို့ပြောခဲ့သည်။

ယခုတော့ အိုယန်ဂျွန်ကြောင့် လွတ်ပေးတာဟု အခိုင်အမာပြောနေခဲ့သည်။

တော်တော်အရှက်မရှိသည့်လူပင်။

စုချီနင် ပျော်သွားပြီး မနေနိုင်ပဲ ဝတ်ရုံရှည်နှင့် ဂျန်ဖန်းကို ကြည့်လိုက်သည်။

သူမမျက်လုံးတွေ၌ နက်ရှိုင်းသည့်ရိုသေမှုနှင့် အံ့အားသင့်မှုတွေရှိနေခဲ့သည်။

သူမအတွက် ကျော်ဖြတ်မရသည့်ဘေးအန္တရာယ်က သူဆီကစကားတစ်ခွန်းနှင့် ဖြေရှင်းပြီးသားဖြစ်သွားခဲ့သည်။

သို့ပေမယ့်....

ကိစ္စတွေပြီးသွားပြီဟု သူမထင်လိုက်ချိန်မှာပဲ....

ဂျန်ဖန်း အေးစက်စွာပြောလိုက်သည်။

"ငါမင်းကို ထွက်သွားခိုင်းသေးလို့လား...."

ဟမ်?....

လူတိုင်းစိတ်ဝိညာဥ်တွေလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ဂျန်ဖန်းကို အံ့အားသင့်စွာကြည့်လိုက်ကြသည်။

"မင်းက ဘာဖြစ်ချင်လို့လဲ....."

စွန်းချောင်ဇောင် ဒေါသတကြီးမေးလိုက်သည်။

ယနေ့, မတိုက်ပဲထွက်သွားတာကကို သူ့မျက်နှာအတော်ပျက်နေပြီဖြစ်သည်။

သို့ပေမယ့်ယခု ဤလူက မကျေနပ်နိုင်ဖြစ်နေ၏။

ဂျန်ဖန်း လက်နောက်ပစ်ထားပြီး ရှေ့တက်ကာ ထူးမခြားနားစွာပြောလိုက်သည်။

"ဒူးထောက်ပြီး ကိုယ့်ပါးစပ်ကိုစုတ်ပြတ်သတ်အောင်ထိ ရိုက်...."

"မဟုတ်ရင်, မင်း တိုင်ပိုင်အဆောက်အဦးက အကောင်းတိုင်းထွက်မသွားစေရဘူးလို့ ငါ အာမခံတယ်...."

ဟစ်?....

အိုယန်ဂျွန် အနည်းငယ် လျှာလိပ်သွား၏။

ထိုစကားက အစောပိုင်း စွန်ချောင်ဇောင် စုချီနင်ကို ပြောသည့်စကားဖြစ်သည်။

ယခု, ဂျန်ဖန်းက သဝေမတိမ်းပြန်ပြောနေခဲ့သည်။

မတူတာက သူ့စကား၏ပစ်မှတ်က နာမည်ကျော်စွန်းချောင်ဇောင်ဖြစ်နေတာပင်။

အိုယန်ဂျွန် ယခု ဤလူထူးဆန်း၏မောက်မာမှုကို ကွက်ကွက်ကွင်းကွင်းမြင်ရပြီပင်။

စုချီနင်မျက်ခုံးတွေ နားထောင်နေရင်းဖြင့် တွန့်လိမ်သွား၏။

သူမ အလျှင်အမြန်ပဲ ပြောလိုက်သည်။

"စီနီယာအကို, ဒါက လုံလောက်နေပါပြီ၊ ဒီကိစ္စကို ဒီမှာပဲရပ်လိုက်ပါ....."

ပြဿနာဖြေရှင်းသွားတာကို သူမအတော်ကျေနပ်နေပြီဖြစ်သည်။

ဘယ်လိုလုပ် စွန်ချောင်ဇောင် တောင်းပန်ဖို့ မျှော်လင့်ရဲမည်နည်း။

စွန်ချောင်းဇောင် ဒေါသတကြီးရယ်လိုက်ပြီး ပြန်လှည့်လာခဲ့သည်။

ထို့နောက် ခြေဆောင့်လိုက်သည့်အခါ အဆောက်အဦးတစ်ခုလုံး တုန်ခါသွားခဲ့သည်။

"မင်းခွေးမာသား, မျက်နှာသာပေးတာကို မယူတဲ့ကောင်...."

"ငါ ဒီကောင်မစုတ်ကို ခွင့်လွတ်ပေးခဲ့တယ်။ မင်းက ငါမင်းကို ကြောက်တယ်ထင်နေတာလား....."

တစ်ဖက်လူက သူ့ကို လမ်းဆုံးရောက်အောင် တွန်းပို့နေခဲ့သည်။

စွန်ချောင်ဇောင် ကောင်းကျိုးဆိုးကျိုးတွေကို ချိန်ဆပြီး နောက်ထပ် နောက်မဆုတ်နိုင်တော့ပေ။

သူလုပ်လိုက်လျှင် အားနည်းသူကိုအနိုင်ကျင့်ပြီး သန်မာသူကိုကြောက်သည်ဟူ၍ သူ့ဂုဏ်သတင်းက ဂိုဏ်း ၉ ဂိုဏ်းကို ပျံ့သွားမည်ပဲဖြစ်သည်။

"မကြောက်တာအကောင်းဆုံးပဲ...."

ဂျန်ဖန်း သူ့ဆီလျှောက်လာပြီး ပြောလိုက်သည်။

"ဒီတော့, ဒူးထောက်ပြီး မင်းပါးစပ်မင်း စုတ်ပြတ်သတ်အောင်ရိုက်မှာလား..."

"ဒါမှမဟုတ်, ငါလုပ်ပေးရမှာလား...."

"ငါလုပ်မယ်ဆိုရင်တော့ မင်းပိုများတဲ့တန်ဖိုးပေးရမှာနော်...."

စွန်းချောင်ဇောင် ဒေါသတကြီးရယ်လိုက်သည်။

"မင်းငါ့ကို အနိုင်ယူနိုင်မှ ဆက်ပြောတာပေါ့....."

သူက ဟိန်းဟောက်လိုက်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြေတွေ ဖောင်းပွလာပြီး ကြွက်သားတုံးတွေလည်း အလျှင်အမြန် တွန့်လိမ်လာခဲ့သည်။

အိုယန်ဂျွန်မျက်နှာ ပိုမိုတည်ကြည်သွား၏။

သူက ပြတ်ပြတ်သားသားပဲ ထောင့်နားဆုတ်ကာ အံ့အားသင့်နေခဲ့သည်။

"ဧရာမဂိုဏ်းရဲ့ ရုပ်ခန္ဓာက တကယ်သန်မာတာပဲ...."

"ငါ သာသူနဲ့တိုက်လို့, အဆင့်မြင့်မှော်လက်နက်မသုံးရင် ရှုံးမှာ အသေအချာပဲ....."

ပါရမီရှင်တပည့်တွေ စွန်းချောင်ဇောင်၏ကြောက်စရာရုပ်ခန္ဓာကိုခံစားမိပြီး ထိုင်ခုံမှာ ဆက်မထိုင်ရဲကြတော့ပေ။

သူတို့ အခန်းထောင့်နားကို ဆုတ်သွားကြသည်။

စုချီနင် စိုးရိမ်သွား၏။

"စီနီယာအကို, နင်.... နင် မတိုက်ခိုက်သင့်ဘူး...."

စွန်းချောင်ဇောင်၏ ကြောက်စရာကောင်းသည့်ရုပ်ခန္ဓာက သူမနှလုံးသားကို တုန်ယင်သွားစေခဲ့သည်။

သူမရှေ့ရှိလူထူးဆန်းက အဝတ်ပွကြီးဝတ်ထားသော်လည်း စွန်းချောင်ဇောင်နှင့်ယှဥ်လျှင် သေးငယ်နေသေး၏။

ဘယ်လိုလုပ် ပြိုင်ဘက်ဖြစ်မည်နည်း။

"အခုမှရပ်ချင်တာလား, နောက်ကျသွားပြီ...."

စွန်ချောင်ဇောင် အေးစက်စွာနှာမှုတ်ပြီးတိုက်ခိုက်လိုက်သည်။

သူ့ခြေထောက်တွေကို မြေပြင်သို့အားပြုပြီး ခန္ဓာကိုယ်က မြှားတစ်စင်းကဲ့သို့ပြေးဝင်သွား၏။

သူ့ခြေထောက်ပွတ်ဆွဲသွားသည့် သစ်သားကြမ်းပြင်တစ်လျှောက် မီးလောင်ရာအစင်းကြောင်းတစ်ခုကျန်ခဲ့ပြီး မီးခိုးတွေထွက်ပေါ်လာခဲ့သည်။

သူ့ကန်အား၌ မယုံနိုင်လောက်သည့်အရှိန်ရှိနေတာကို သက်သေပြနေခဲ့သည်။

လူတိုင်း ဝေဝါးသည့်အရိပ်တစ်ခုကိုသာ မြင်လိုက်ကြပြီး စွန်းချောင်ဇောင်၏ ဧရာမခန္ဓာကိုယ်ကြီး ဂျန်ဖန်းရှေ့မှာ ပေါ်လာခဲ့သည်။

ထို့နောက် ကြောက်စရာကောင်းသည့်ခွန်အားအပြည့်နှင့် လက်သီးကြီးက ဂျန်ဖန်းခေါင်းကို ထိုးချလိုက်သည်။

"သေစမ်း...."

စွန်းချောင်ဇောင် ဟိန်းဟောက်လိုက်သည်။

ဂျန်ဖန်း အမူအရာကင်းမဲ့နေဆဲဖြစ်သည်။

ထို့အချိန်မှသာ နောက်ပစ်ထားသည့်သူ့လက်တွေကို ဖြေလျော့လိုက်သည်။

"လုံးဝတိုးတက်မလာဘူးပဲ...."

All Chapters