← Chapters

အံ့အားသင့်ဖွယ်တိုက်ခိုက်မှု

Vol. 21 Ch. 293

အံ့အားသင့်ဖွယ်တိုက်ခိုက်မှု

Vol. 21 Ch. 293

ဂျန်ဖန်း တိုင်ပုပိုင်ကို ချောင်မြောင်းလုပ်ကြံတုန်းက...

ဤစွန်းချောင်ဇောင်က သူ့အတွက် ဒုက္ခများခဲ့၏။

နောက်ကျောကို တစ်ချက်ရိုက်ခံခဲ့ရပြီးမှ တိုင်ပုပိုင်ကို သတ်နိုင်ခဲ့တာဖြစ်သည်။

ထိပ်တန်းအဆင့်ချပ်ဝတ်သာမရှိလျှင် အပြင်းအထန်ဒဏ်ရာရသွားမည်ပဲဖြစ်သည်။

ယခု ထိုအကြွေးကိုပြန်ယူရမည့်အချိန်ပင်။

ဂျန်ဖန်း ဖီးနစ်သွေးရတနာခန္ဓာကိုယ်ကိုပင် မသုံးပေ။

သူက ကောင်းကင်တိုက်ပွဲပုံစံကိုးမျိုးနှင့်သာ ရုပ်ခန္ဓာတိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။

"ကောင်းကင်ဖွင့်လှစ်ခြင်း...."

ခပ်နိမ့်နိမ့်အော်သံနှင့်အတူ....

သူ၏သေးသွယ်ပုံရသည့်ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်းခွန်အား ပေါက်ကွဲထွက်လာခဲ့သည်။

လက်သီးချက်၌ နောက်ခံအရိပ်များစွာ ပေါ်လာပြီး ဦးနှောက်အရွယ်အစားလောက်ရှိသည့်ဧရာမလက်သီးကြီးနှင့် တွေ့ဆုံသွားခဲ့သည်။

စူးရှပြီး သွားကျိန်းလောက်သည့်အသံက ပဲ့တင်ထပ်လာခဲ့သည်။

လက်သီးနှစ်လုံးက သူတို့ဘာသာသူတို့တိုက်ခိုက်နေသလိုပင်။

အသံက အလွန်အမင်းနာကျင်ဖွယ်ကောင်း၏။

သူတို့က ဂျန်ဖန်းလက်သီးနှင့်လက်မောင်းကျိုးသွားမည်ဟု ထင်ထားခဲ့သည်။

အဆုံးမှာတော့ ဂျန်ဖန်းလက်သီးက တစ်ဖက်လူနှင့်ယှဥ်လျှင် မွေးကင်းစကလေး လက်သီးလောက်သာရှိ၏။

စုချီနင်နှလုံးသား ခုန်ပေါက်သွားပြီး အသက်တောင်မရှူရဲတော့ပေ။

သူမက ရင်ဘတ်ကိုဆုပ်ကိုင်ထားပြီး ဆုတောင်းနေခဲ့သည်။

ဂျန်ဖန်း ဘာမှမဖြစ်ဖို့ ဆုတောင်းနေတာဖြစ်သည်။ မဟုတ်လျှင် သူမအတော်လေးအပြစ်ရှိသလိုခံစားရမည်ဖြစ်သည်။

တန်ထျန်လုံ အံ့ကြိတ်ပြီး သူ့မျက်လုံးတွေက မျှော်လင့်ချက်တွေအပြည့်ပင်။

ဂျန်ဖန်း ခွေးသေတစ်ကောင်လို ရှုံးနိမ့်မှာကို မျှော်လင့်နေခဲ့သည်။

ဤသို့ဖြင့်, သူ့ခေါင်းပေါ် တက်နင်းပြီး အစောပိုင်းအစော်ကားခံရတာကို ပြန်ယူနိုင်မည်ဖြစ်သည်။

သို့ပေမယ့်....

လက်သီးတွေ့ဆုံမှုက တစ်ခဏသာကြာခဲ့သည်။

လူတိုင်းကိုအံ့အားသင့်စွာပဲ, တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

တောင်ငယ်တစ်လုံးနှင့်တူသည့် စွန်းချောင်ဇောင် မျက်နှာနီရဲနေပြီး ပဲ့စေ့လောက်ရှိသည့်ချွေးလုံးတွေ အလျှင်အမြန်ပဲ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံး, အသက်ရှူသုံးရှိုက်စာလောက်ကြာပြီးနောက်.....

ဂျန်ဖန်းလက်သီးမှ ကြောက်စရာခွန်အားကို မခုခံနိုင်တော့ပဲ နောက်ကို တစ်လှမ်းပြီးတစ်လှမ်းဆုတ်လိုက်ရသည်။

ဒုန်း! ဒုန်း! ဒုန်း!

ခြေထောက်က ကျယ်လောင်သည့်အသံဖြင့် ကြမ်းပြင်ကိုဆောင့်နင်းသွားပြီး ဒုတိယတစ်ထပ်လုံးတုန်ခါသွားခဲ့သည်။

အဆောက်အဦးတစ်ခုလုံး ပြိုကျတော့မလိုပင်။

သူက နံရံအထိဆုတ်လိုက်ရပြီး ပေဝက်လောက်နက်သည့်လူပုံစံ ချိုင့်တစ်ခုဖြစ်သွားပြီးမှသာ အရှိန်ရပ်သွားခဲ့သည်။

သူ ကြောက်ရွံ့သွား၏။

လက်မောင်းကိုမကြည့်လိုက်သည့်အခါ လက်သီးမှပခုံးထိ ပျော့ခွေနေတာ တွေ့လိုက်ရသည်။

အသက်ရှူချိန် သုံးရှိုက်လောက် တိုက်ခိုက်ပြီးနောက် သူ့လက်မောင်းရိုးတစ်ခုလုံး ကျိုးကျေသွားပြီဖြစ်သည်။

"မင်း... မင်းဘယ်သူလဲ....."

စွန်ချောင်ဇောင် ထိတ်လန့်တကြား မေးလိုက်သည်။

ဧရာမဂိုဏ်း၏ ခန္ဓာသန့်စင်ပါရမီရှင်တစ်ယောက်အနေဖြင့် ရွယ်တူတစ်ယောက်၏ အပြတ်အသတ်နင်းချေခြင်းကို ခံလိုက်ရသည်။

နှစ်ယောက်လုံး ဂိုဏ်းတူတွေဆိုရင်တော့ ကိစ္စမရှိပေ။

သို့ပေမယ့် သူ့ရှေ့ရှိလူက ခန္ဓာသန့်စင်သူတောင်မဟုတ်ပေ။

သူက ဤကဲ့သို့ကြောက်စရာခန္ဓာကိုယ်နည်းစနစ်မျိုး ဘယ်ကရလာသနည်း။

အိုယန်ဂျွန်မျက်ခွံ့တွေ အပ်ပေါက်လောက်ထိကျုံ့သွားပြီး ဂျန်ဖန်းကိုကြည့်သည့်အကြည့်တွေက ကြောက်ရွံ့မှုကနေ လေးစားမှုအဖြစ် ပြောင်းသွားခဲ့သည်။

သူက ဂျန်ဖန်းခွန်အားကို ခန့်မှန်းခဲ့ဖူး၏။

သို့ပေမယ့် ဤလောက်ထိကြောက်စရာကောင်းမည်လို့တော့ တစ်ခါမှ ထင်မထားခဲ့ပေ။

စိတ်ဝိညာဥ်စွမ်းအင်မသုံးပဲ, ခန္ဓာကိုယ်နည်းစနစ်ဖြင့် ခန္ဓာသန့်စင်ပါရမီရှင်ကို အသာအယာအနိုင်ယူခဲ့သည်။

စုချီနင်လည်း တုန်လှုပ်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။

"သူ... သူက ခန္ဓာကိုယ်နဲ့ ကျင့်ကြံရေး နှစ်မွာကျင့်ကြံသူလား...."

ကျင့်ကြံရေးနှင့် တန်ထျန်းလုံကို အသာအယာအနိုင်ယူခဲ့ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ နှင့်ညီမျှသည့်ခွန်အားကို ပိုင်ဆိုင်၏။

ခန္ဓာကိုယ်နည်းစနစ်အရလည်း, မယုံနိုင်လောက်အောင် ကြောက်စရာကောင်း၏။

ဂိုဏ်း ၉ ဂိုဏ်း၌ ဤကဲ့သို့ မကောင်းဆိုးဝါးဆန်သည့်တပည့်မျိုးရှိသည်လား.....

ဂိုဏ်းအသီးသီးမှ ပါရမီရှင်တပည့်တွေလည်း အံံ့အားသင့်နေကြ၏။

"ဟေး, ဟေး, ဟေး, သူက တကယ်ပဲ တပည့်တစ်ယောက်လား...."

"ငါတို့ ဂိုဏ်း ၉ ဂိုဏ်းမှာ ဒီလိုပါရမီရှင်တပည့်တစ်ယောက်ရှိတယ်ပေါ့...."

"ဂိုဏ်းတစ်ဂိုဏ်းက အကြီးအကဲတစ်ယောက် တပည့်အယောင်ဆောင်နေတာပဲဖြစ်မှာ...."

.....

တီးတိုးပြောသံတွေက ဂျန်ဖန်းအတွက်တော့ မကြားသလိုပင်။

သူက အေးစက်စွာပဲ စွန်းချောင်ဇောင်ဆီ လျှောက်သွားလိုက်သည်။

ထိုအရာကိုမြင်သည့်အခါ, စွန်းချောင်ဇောင်မျက်ခွံတွေ တုန်ယင်သွား၏။

သူက စွမ်းအားကြီးပုံရိပ်တစ်ခုနှင့်တွေ့နေတာ နားလည်သွားခဲ့သည်။

ဘယ်လိုလုပ် အရင်လို အဆင်မခြင်ပြုမူရဲတော့မည်နည်း။

အလျှင်အမြန်ပဲ အရိုအသေပေးကာ ပြောလိုက်သည်။

"စီနီယာအကို, ငါ့မှာမျက်လုံးရှိပေမယ့် တောင်တစ်လုံးကို မမြင်နိုင်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး ငါ့ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွတ်ပေးပါ...."

ပြောနိုင်တာကတော့ ဧရာမဂိုဏ်း အကြီးအကဲအချို့နှင့် တပည့်အချို့က အရှက်မရှိရာ၌ ကျွမ်းကျင်ကြသည်ဆိုတာပဲ ဖြစ်သည်။

အခြေအနေဆိုးဝါးလာသည်နှင့် ချက်ချင်း အရှုံးပေးလိုက်ကြသည်။

သာမန်လူတစ်ယောက်ဆို ဤနေရာမှာ ရပ်ဖို့ ဖြစ်ကောင်းဖြစ်နိုင်၏။

ကံမကောင်းစွာပဲ, ဂျန်ဖန်း ထိုသို့မလုပ်ခဲ့ပေ။

ရှုံးနိမ့်တာ သူဖြစ်နေလျှင် စွန်းချောင်ဇောင် သနားညှာတာမှုပြမည်လား?....

သေချာပေါက်ပြမည်မဟုတ်ပေ။

"စိတ်မကောင်းပါဘူး, ငါမင်းကို ခွင့်မလွတ်ချင်ဘူး...."

ပြေားပြီးနောက် ဂျန်ဖန်း အလျှင်အမြန်ပဲ ရှေ့ကို ခုန်တက်လိုက်သည်။

စွန်ချေင်ဇောင် တုန်လှုပ်မှုကော ဒေါသပါ ခံစားလိုက်ရပြီး ခုခံနေရင်း အော်ပြောလိုက်သည်။

"ငါတို့က ယှဥ်ပြိုင်ကြရုံပဲ, မင်းဘာလို့ ဒီလောက်ထိ မညှာမတာလုပ်ရတာလဲ...."

ဂုဏ်သိက္ခာအနည်းငယ်ပဲရှိသည့်မည်သူမဆို ပြိုင်ဘက်ဆီမှ ဤကဲ့သို့နှိမ့်ချသည့်တောင်းပန်မှုကိုရသည့်အခါ ရပ်တန့်မည်ဖြစ်သည်။

ဤနည်းလမ်းက အရင်က တစ်ခါမှမကျရှုံးခဲ့ပေ။

သို့ပေမယ့် သူ့ရှေ့ရှိလူထူးဆန်းက စည်းမျဥ်းတွေကို လုံးဝဂရုမစိုက်ပေ။

သူ၏ကျန်ရှိသည့်လက်မောင်းတစ်ဖက် ကျိုးကျေသွားပြီဖြစ်၍ ဘယ်လိုခုခံရတော့မည်နည်း။

သူက တစ်ဖက်လှည့်ပြီး နံရံကိုကန် အပေါက်ကြီးကြီးဖောက်, ထွက်ပြေးဖို့သာ တတ်နိုင်၏။

ဂျန်ဖန်း ဘယ်လိုလုပ် လွတ်ပေးနိုင်မည်နည်း။

ချက်ချင်းပဲ လှုပ်ရှားမှုနည်းလမ်းသုံးလိုက်သည့်အခါ ခြေတစ်လှမ်းတည်းဖြင့် လိုက်မှီသွား၏။

ထို့နောက် သူ့ခါးမှဆုပ်ကိုင်ပြီး နောက်ကိုပြန်လွတ်ပစ်လိုက်သည်။

ဘန်း!

ကြမ်းပြင် ချိုင့်ခွက်အကြီးအကြီးဖြစ်ပေါ်သွားပြီး ဖောက်ထွက်လုနီးပါးပင်။

စွန်ချောင်ဇောင် ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရသည်။

နီးကပ်လာသည့်လူထူးဆန်းကိုကြည့်လိုက်သည့်အခါ စွန်းချောင်ဇောင် နောက်ဆုံးမှာ ကြောက်လန့်သွားခဲ့သည်။

ဤလူ့ဆီမှ သူ ဘယ်လိုလွတ်မြောက်နိုင်မည်နည်း။

အလျှင်အမြန်ပဲ အသနားခံတောင်းပန်လိုက်သည်။

"အကိုကြီး ငါမှားပါတယ်, မင်းရဲ့မိန်းခလေးကို ငါမစော်ကားသင့်ပါဘူး..."

"ငါက သေဖို့ထိုက်တန်ပါတယ်, ငါက သေဖို့ထိုက်တန်ပါယ်၊ ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ...."

"ငါ့မှာရှိတာ မင်းကို အကုန်ပေးပါ့မယ်, ကျေးဇူးပြု...."

ဘန်း!

ဂျန်ဖန်း သူ့ရင်ဘတ်ကို တက်နင်းလိုက်သည်။

ကျယ်လောင်သည့်အသံဖြင့် စွန်းချောင်ဇောင်ရင်ဘတ် အနည်းငယ်ချိုင့်ဝင်သွားပြီး ပါးစပ်အပြည့်သွေးအများအပြားအန်လိုက်ရသည်။

သူ့မျက်လုံးတွေ အပေါ်လှန်သွားပြီး နေရာမှာပဲ သတိမေ့သွားခဲ့သည်။

လူအုပ် တိတ်တဆိတ် ဆံထွေးမျိုးချလိုက်၏။

ဂျန်ဖန်းအပေါ် သူတို့လေးစားမှုက သိသိသာသာ တိုးတက်လာခဲ့သည်။

ဤလူက ကြောက်စရာခွန်အားပိုင်ဆိုင်ရုံသာမက ရက်စက်ပြီး အညှာအတာကင်းမဲ့လှ၏။

စွန်းချောင်ဇောင်တောင်းပန်နေတာတောင်, မည်သည့်သနားညှာတာမှုမှ မပြခဲ့ပေ။

သူတို့မသိတာက...

ဂျန်ဖန်း နှင့် စွန်းချောင်ဇောင်၌ ရန်ငြိုးဟောင်းတွေရှိနေတယ်ဆိုတာပင်။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ဂျန်ဖန်း အနက်ရောင်ဓားထုတ်ပြီး စွန်းချောင်ဇောင်အင်္ကျီကို ဖွင့်လိုက်သည်။

ထိုအခါ, လေပြင်းပုလဲ၊ တစ်သိန်းတန် သလင်းကျောက်တုံ့ကင် နှင့် အမျိုးမျိုးသောကျင့်ကြံရေးအရင်းအမြစ်တွေ ထွက်ပေါ်လာခဲ့သည်။

သူက အခြားပစ္စည်းတွေကို တစ်ချက်တောင်မကြည့်ပေ။

လေပြင်းပုလဲနှင့် သလင်းကျောက်တုံကင်ကိုသာ ယူပြီး သလင်းကျောက်တုံ့ကင်ကို ဂရုတစိုက်သိမ်းလိုက်သည်။

ထို့နောက် လေပြင်းပုလဲကို တစ်ခဏစစ်ဆေးနေပြီး လျိုချင်းရှန် အခြေအနေကို စိုးရိမ်သွား၏။

သူမ၏အလျော့မပေးသည့်စိတ်ဓာတ်နှင့် ဘယ်လိုလုပ် တစ်စုံတစ်ယောက် လေပြင်းပုလဲယူတာကို ခွင့်ပြုမည်နည်း။

သေချာပေါက် ဧရာမဂိုဏ်းတပည့်တွေနှင့် တိုက်ခိုက်ခဲ့မည်ပင်။

အပြင်မှတစ်ယောက်တည်း, သူမ ဒုက္ခရောက်နေပြီလား....

သူ့အကြည့်က အရှေ့မြောက်ဘက်ကို ရွေ့သွားပြီး မျက်လုံးထဲမှာ စိုးရိမ်မှုတွေအပြည့်ပင်။

"စီနီယာအကို...."

စုချီနင်၏ သတိထားသည့်အသံက ဂျန်ဖန်းအတွေးတွေကို နှောက်ယှက်လိုက်သည်။

ဂျန်ဖန်း အသိပြန်ဝင်လာပြီး စိုးရိမ်စွာဖြင့် သူမလက်လေးတွေကိုပွတ်သပ်နေသည့် စုချီနင်ကို ကြည့်လိုက်သည်။

သူမမျက်နှာ၌ လေးစားမှုတွေပြည်နှက်နေပြီး ချယ်ရီရောင်နှုတ်ခမ်းလေးက ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေခဲ့သည်။

သူက စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။

"မင်းမှာ ပြောစရာတစ်ခုခုရှိလို့လား..."

စုချီနင် ခေါင်းညိတ်လိုက်ပြီး ဂျန်ဖန်းလက်ထဲက လေပြင်းပုလဲကို သတိထားပြီး ညွှန်ပြလိုက်သည်။

"ဒါ.. ဒါက ကျွန်မစီနီယာအမပိုင်တာပါ..."

အဓိပ္ပာယ်က သူ သူမကို ပြန်ပေးနိုင်မလား ဆိုတာပင်။

ဂျန်ဖန်းပြုံးလိုက်၏။ သို့ပေမယ့် သူမရှေ့မှာပဲ အိတ်ကပ်ထဲတိုက်ရိုက်ထည့်လိုက်သည်။

"ငါနဲ့လိုက်ခဲ့...."

သူမကို သူ့အထောက်အထားထုတ်ပြဖို့ နေရာတစ်ခုရှာရမည်ပင်။

စုချီနင် ချက်ချင်း ထိတ်လန့်သွားပြီး သူမခြေထောက်တွေက မြေပြင်မှာသံမှိုဆွဲသလို မလှုပ်မယက်ရပ်နေခဲ့သည်။

ဤလူထူးဆန်းက သူမကို နှစ်ကြိမ်ကူညီခဲ့သည်။

နောက်ဆုံးအကြိမ်၌ သူမ၏ပြဿနာကြီးကိုပင် ဖြေရှင်းပေးခဲ့သည်။

ဘာကြောင့် သူစိမ်းတစ်ယောက်က သူမကို ဤလောက်ထိကြင်နာမည်နည်း။

သူမက မသိစိတ်အရ အင်္ကျီကော်လံကိုဆုပ်ကိုင်ပြီး ဆိုးဝါးသည့်ဖြစ်နိုင်ချေတွေ စိတ်ထဲမှာပေါ်လာခဲ့သည်။

အနီရောင်နှုတ်ခမ်းလေးကိုကိုက်ပြီး နောက်က လိုက်မသွားရဲဖြစ်နေခဲ့သည်။

ဂျန်ဖန်း လှေကားနားရောက်သည့်အခါ သူမလိုက်မလာသေးတာကို သိပြီး မျက်မှောင်ကြုတ်သွား၏။

"ငါထပ်ပြောဖို့လိုသေးတာလား...."

စုချီနင် တုန်ယင်သွားပြီး အိုယန်ဂျွန်နှင့် ပါရမီရှင်တပည့်တွေကို တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

သို့ပေမယ့် မည်သူမှ ရှေ့မထွက်ရဲပေ။

ဟာသပင်။ စွန်းချောင်ဇောင် ခုချိန်ထိလဲနေဆဲဖြစ်ပြီး သေလားရှင်လားမသိရသေးပေ။

မည်သူက ဤထူးဆန်းပြီးအကြင်နာမဲ့သည့်လူကို ဒေါသထွက်အောင်လုပ်ရဲမည်နည်း။

စုချီနင် ဂျန်ဖန်းသူမကိုစိုက်ကြည့်နေတာ မြင်သည့်အခါ အေးစိမ့်မှုကို ခံစားလိုက်ရပြီး အကူအညီမဲ့စွာဖြင့် ငိုမဲ့မဲဖြစ်လာခဲ့သည်။

သူမက ခက်ခက်ခဲခဲဖြင့် ခြေတစ်လှမ်ချင်းဆီလှမ်းပြီး ဂျန်ဖန်းဆီသို့ လျှောက်လာခဲ့သည်။

ဂျန်ဖန်း ဆွံ့အနေ၏။

ငါက မင်းကို ကိုက်စားမှာမိုလို့လား...

သူက သူမလက်ကိုဆုပ်ကိုင်ပြီး သူမ၏အံ့အားသင့်မှုအလယ်မှာပဲ တိုင်ပိုင်အဆောက်အဦးမှ ထွက်ခွာသွားခဲ့သည်။

သူတို့က အနီးနားရှိ မှောင်မဲပြီးလူရှင်းသည့်လမ်းကြားတစ်ခုကို ရောက်လာခဲ့ကြသည်။

စုချီနင် ဘာဖြစ်တော့မည်ဆိုတာသိပြီး ပြတ်ပြတ်သားသားရုန်းကန်တော့၏။

"စီနီယာအကို, ကျွန်မကိုလွတ်ပါ...."

"ကျွန်မဆရာကို လျော်ကြေးပေးခိုင်းပါ့မယ်... ဒါတော့ တကယ်သဘောမတူနိုင်ဘူး...."

"ကျွန်မတောင်းပန်ပါတယ်...."

အချိန်အတော်ကြာကတည်းက မျက်လုံးထဲမှာဝဲနေသည့်မျက်ရည်တွေ အကူအညီမဲ့စွာ လိိမ့်ဆင်းလာခဲ့သည်။

ဂျန်ဖန်း သူမတွေးနေတာကို နားလည်သွားခဲ့သည်။

ဒေါသကော ရယ်ချင်စိတ်ကောခံစားလိုက်ရပြီး ပြောလိုက်သည်။

"အဲ့ဒီမျက်ရည်တွေသုတ်လိုက်...."

"မဟုတ်ရင်, အကြီးအကဲဝမ်ကိုပြောပြီး မင်းကို ငါ့အစေခံမိန်းခလေးလုပ်ခိုင်းလိုက်မယ်...."

ဘာ?....

စုချီနင် ရုန်းကန်နေတာရပ်တန့်လိုက်ပြီး ဂျန်ဖန်းကို မျက်ရည်အပြည့်မျက်လုံးတွေဖြင့် စိုက်ကြည့်လိုက်သည်။

သူမက မသေချာစွာဖြင့် မေးလိုက်သည်။

"နင်... နင်က ငါ့ဆရာကို သိတယ်...."

ဂျန်ဖန်း အနည်းငယ် ပြုံးလိုက်ပြီး သူ့မျက်နှာဖုံးကို ဖြည်ညင်းစွာပဲ ဖယ်ရှားလိုက်သည်။

All Chapters