မျက်နှာအစစ်
Vol. 21 Ch. 294
ဂျန်ဖန်းအသွင်အပြင် စုချီနင်မျက်လုံးထဲ၌ ရှင်းလင်းစွာပေါ်လာခဲ့သည်။
"ဂျူ... ဂျူနီယာမောင်လေးဂျန်....."
စုချီနင် နေရာတင်ပဲ ကြောင်အသွား၏။
သူမမျက်လုံးမှ မျက်ရည်တွေကိုသုတ်လိုက်ပြီး ကိုယ့်မျက်လုံးကိုယ် သံသယရှိနေခဲ့သည်။
သို့ပေမယ့် ဤအရာက တကယ် ဂျန်ဖန်းပင်။
"မဟုတ်ဘူး, မဟုတ်ဘူး, နင်က ဘယ်လိုလုပ် ငါ့ဂျူနီယာမောင်လေးဂျန် ဖြစ်နိုင်မှာလဲ...."
စုချီနင် အိမ်မက်မက်နေသည်ဟု သံသယရှိနေပြီး သူမခေါင်းကို ဆက်တိုက်ခါယမ်းနေခဲ့သည်။
ဂျန်ဖန်းက အရမ်းအားကောင်းပေမယ့် ဘယ်လိုလုပ် သူမရှေ့ရှိလူလောက် ကြောက်စရာကောင်းမည်နည်း။
ဤအရာက ဂျူနီယာမောင်လေးဂျန် မဖြစ်နိုင်ပေ။
ဂျန်ဖန်း ရယ်လိုက်သည်။
"မင်းအိမ်မက်မက်နေတယ်လို့ထင်ရင်, ငါဆိတ်ဆွဲပေးရမလား..."
ပြောပြီးနောက်, သူမလက်မောင်းကို ဆိတ်ဆွဲလိုက်သည်။
"အ...."
စုချီနင် နာကျင်မှုကြောင့် အော်လိုက်ရပြီး ချက်ချင်းနိုးလာခဲ့သည်။
သူမက သူမ၏အနီရောင်နှုတ်ခမ်းလေးကိုကာကာ မျက်လုံးတွေက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေခဲ့သည်။
"ဂျူနီယာမောင်လေးဂျန်, ဘယလိုလုပ်ဖြစ်နိုင်မှာလဲ...."
သူမက သူမရှေ့ရှိအကြင်နာမဲ့သည့်လူနှင့် ဂျန်ဖန်းကို ခုချိန်ထိ တွဲစပ်လို့မရဖြစ်နေခဲ့သည်။
ဂျန်ဖန်း သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။
"မဟုတ်ရင်, ဘယ်သူက ဒီလောက်ကြင်နာမှာလဲ။ တန်ထျန်လုံကိုကန်ထုတ်ပေးတယ်။ မင်းအတွက် ဓားမြှောင်ရွေးပေးတယ်။ ပြီးတော့ ခြိမ်းခြောက်မှုကိုလည်း ဖြေရှင်းပေးခဲ့တယ်လေ..."
အာ?....
ထိုအရာကိုကြားသည့်အခါ, စုချီနင် ရုတ်တရက် နားလည်သွားသည်။
"ဒီတော့, ဒီလိုပေါ့, ငါထင်တာက...."
သူမက ဆက်ပြောဖို့ အရမ်းရှက်နေပြီး မျက်နှာတွေ နီရဲလာခဲ့သည်။
လက်စသတ်တော့ သူမက သူ့ရည်ရွယ်ချက်တွေကို နားလည်မှုလွဲပြီး သူမအလှကိုတပ်မက်နေသည့်လူဟု ထင်နေခဲ့တာဖြစ်သည်။
ဂျန်ဖန်း ရယ်လိုက်သည်။
"ငါက မင်းအလှကို တပ်မက်နေတယ်လို့ ထင်နေတာလား...."
စုချီနင် အရမ်းရှက်သွားပြီး ပျောက်ကွယ်သွားလိုက်ချင်တော့၏။
သူမက မျက်နှာကိုလက်ဖြင့်ကာပြီး ပြောလိုက်သည်။
"အဲ့ဒီအကြောင်းမပြောနဲ့တော့, အဲ့ဒီအကြောင်းမပြောနဲ့တော့။ အရမ်းရှက်ဖို့ကောင်းလွန်းတယ်...."
"ဟ...ဟ...ဟ...."
ဂျန်ဖန်း ကျယ်လောင်စွာရယ်လိုက်သည်။
မျက်နှာဖုံးချွတ်မိတာ သူအတော်လေးနောင်တရနေခဲ့သည်။ သူမကို ပိုပြီးစသင့်၏။
စုချီနင် မျက်နှာနီရဲနေပြီး ဒေါသတကြီး ဆူပူလိုက်သည်။
"နင်က ခုချိန်ထိရယ်နေသေးတယ်ပေါ့....."
"ဒါတွေအားလုံး ငါ့ကိုလမ်းကြားထဲခေါ်လာတဲ့နင့်အပြစ်တွေပဲ...."
"နင်သာလမ်းကြားထဲခေါ်မလာရင်, ငါမှာ အဲ့လိုအတွေးမျိုးရှိပါ့မလား...."
ဂျန်ဖန်း ရယ်နေတာကို ထိန်းမထားနိုင်ခဲ့ပေ။
"ငါက ခုလက်ရှိ ရမ္မက်ဂိုဏ်းကမိန်းမ လိုက်ဖမ်းတာ ခံနေရတယ်...."
အာ?...
စုချီနင် ထိတ်လန့်သွား၏။
"နင့်ကို ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်က လိုက်ဖမ်းနေတယ်...."
"ဘာလို့လဲ? နင်သူမကို ရန်စခဲ့လို့လား...."
ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
တစ်ယောက်က ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်ဖြစ်ပြီး တစ်ယောက်က တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်သာဖြစ်သည်။
သူတို့၌ မည်သည့်ပတ်သက်မှုမှ မရှိသင့်ပေ။
ဘယ်လိုလုပ် လိုက်ဖမ်းတဲ့အဆင့်ထိ ရောက်သွားရသနည်း။
ထိုအရာကိုကြားသည့်အခါ ဂျန်ဖန်းမျက်နှာ မဲမှောင်သွား၏။
"ဘာမှမဟုတ်ပါဘူး..."
"ပြိုင်ပွဲမှာ သူမကို အနိုင်ယူလိုက်ရုံလေးပါ....."
"မျှော်လင့်မထားဘူး, သူမက အရှုံးကိုလက်မခံနိုင်ပဲ ငါ့ကို ရမ္မက်ဂိုဏ်းမှာ ဖမ်းထားချင်နေတယ်လေ။ ငါထွက်ပြေးလာတော့ ဖမ်းဝရမ်းထုတ်လိုက်တာပဲ...."
"တော်တော်စိတ်ဓာတ်မကောင်းတဲ့မိန်းမ...."
ထိုအကြောင်းတွေးလေလေ သူ ပိုပြီး ဒေါသထွက်လေလေဖြစ်သည်။
စုချီနင်ကတော့ ထိုအကြောင်းကြားသည့်အခါ ပိုလို့တောင် တုန်လှုပ်သွားခဲ့သည်။
'ဘာမှမဟုတ်ဘူး, သူမကို အနိုင်ယူခဲ့ရုံလေး....'
ဘယ်လို တုန်လှုပ်ဖွယ်ရာ ကိစ္စကြီးနည်း။
တည်ငြိမ်ဖို့ အချိန်အတော်ကြာယူလိုက်ရပြီး ဂျန်ဖန်းအတွက်မနေနိုင်ပဲ စိုးရိမ်သွားခဲ့သည်။
"နင်မှာ ရမ္မက်မြို့က ထွက်ဖို့ အစီအစဥ်ရှိလား..."
ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။
"ငါက ထွက်သွားဖို့ပြင်ပြီးနေပြီ။ ဒါပေမယ့် တန်ထျန်လုံ မင်းကို ဒုက္ခပေးနေတာမြင်လို့ ဖြေရှင်းပေးဖို့ဆုံးဖြတ်လိုက်တာ...."
လက်စသတ်တော့ ဂျန်ဖန်း ဖလှယ်ပွဲကိုလာတာ သူမအတွက်ဖြစ်နေခဲ့သည်။
ထို့ပြင်, လိုက်အဖမ်းခံနေရချိန်မှာဖြစ်သည်။
စုချီနင် မျက်လုံးတွေ နောက်တစ်ကြိမ် စိုစွတ်သွား၏။
ဤတစ်ချိန် သူမစိတ်လှုပ်ရှားသွား၏။
"ဂျူနီယာမောင်လေးဂျန်...."
စုချီနင် ဆို့နင့်သွားပြီး သူမရှေ့ရှိခန့်ညားသည့်မျက်နှာကို စိုက်ကြည့်နေခဲ့သည်။
ဤအခိုက်အတန့်၌ ဘာကြောင့် လျိုချင်းရှန်လို ဂုဏ်ယူရသည့်အမျိုးသမီးတစ်ယောက်က ဂျန်ဖန်းဆီမှာကျရှုံးသွားလဲဆိုတာ နားလည်လာခဲ့သည်။
ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ဖို့တောင် ဆန္ဒရှိနေခဲ့သည်။
ရုတ်တရက်...
ဂျန်ဖန်း မျက်လုံးထောင့်မှ တစ်ခုခုကိုမြင်လိုက်ပြီး သူမပခုံးကို ရုတ်ချည်းဖိပြီး ပြောလိုက်သည်။
"ပုန်းနေ..."
စုချီနင် ထိတ်လန့်သွား၏။
"ဘာဖြစ်လို့လဲ...."
ဂျန်ဖန်းအကြည့်နောက်လိုက်ကြည့်လိုက်သည့်အခါ ဖလှယ်ပွဲမှ ပါရမီရှင်တပည့်တွေ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားတာ မြင်လိုက်၏။
ကြည့်ရတာ စုဝေးပွဲ ပြီးဆုံးသွားပုံပင်။
ဂျန်ဖန်း စနှောက်လိုက်သည်။
"ငါနဲ့ဓားပြတိုက်လိုက်ဖို့ စိတ်ဝင်စားလား..."
အာ?...
ဓားပြတိုက်မယ်?...
စုချီနင် ကြောင်သွား၏။
"ဂျူနီယာမောင်လေး, နင်ဘယ်သူ့ကို ဓားပြတိုက်မလို့လဲ..."
ဂျန်ဖန်း ထူးဆန်းစွာပြုံးလိုက်သည်။
"သူတို့ထဲအချမ်းသာဆုံးလူပေါ့...."
အချမ်းသာဆုံး....
စုချီနင် ချက်ချင်း တစ်ယောက်ယောက်ကိုတွေးမိပြီး အံ့အားသင့်စွာပြောလိုက်သည်။
"အာ?... နင်က အိုယန်ဂျွန်ကို ဓားပြတိုက်မလို့ပေါ့...."
"ဒါ... ဒါက အကြံကောင်းမဟုတ်ဘူးနော်...."
"အိုယန်ဂျွန်က သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ငယ်ပဲ။ သူ့အထောက်အထားနဲ့ အဆင့်အတန်းက ကျော်ကြားတယ်....."
"သူ့ကို ဓားပြတိုက်တာ ပြဿနာများလိမ့်မယ်....."
မှတ်မိသွားလျှင် အနည်းဆုံး ဂိုဏ်း ၂ ဂိုဏ်း ဆက်ဆံရေးကို ထိခိုက်မည်ဖြစ်သည်။
ဂျန်ဖန်း စနှောက်လိုက်သည်။
"ငါ သူ့ကိုဓားပြတိုက်မှာ...."
"ပြီးတော့ မင်းကိုပါ အတူခေါ်သွားမယ်...."
စုချီနင် ချက်ချင်း ခက်ခဲသည့်အမူအရာပြသလာ၏။
သူမက မည်သူ့ကိုမှ ဓားပြမတိုက်ရဲပေ။
အိုယန်ဂျွန်ဆိုရင်တော့ ပြောနေစရာကိုမလိုတော့ပေ။
ထိုအခိုက်အတန့်၌....
မြင်းလှည်းအဖွဲ့တစ်ခု ဖြည်းညင်းစွာထွက်ခွာသွားခဲ့သည်။
ထိုအရာက အိုယန်ဂျွန်တို့အုပ်စုပင်။
ဂျန်ဖန်း စုချီနင်ကို ဆွဲခေါ်ပြီး နောက်မှ တိတ်တဆိတ်လိုက်သွားခဲ့သည်။
လူအုပ်မြို့ဂိတ်မှ ထွက်ခွာသွားပြီး လမ်းမကျယ်ကြီး၌ ခရီးသွားနေကြ၏။
အချိန်က ညသန်းခေါင်အချိန်ကို ရောက်နေပြီဖြစ်သည်။
လမင်းကြီးထိန်ထိန်သာနေပြီး ကြယ်တွေတစ်လက်လက်တောက်ပနေခဲ့သည်။ သစ်ပင်တွေ၏အရိပ်တွေလည်း ယိမ့်နွဲ့နေခဲ့သည်။
အဝေး၌အမည်မသိငှက်တွေနှင့် သားရဲတွေ၏အော်သံက ည၏တိတ်ဆိတ်မှုကို ချောက်ချားဖွယ်ဖြစ်နေစေခဲ့သည်။
ရုတ်တရက်....
လှည်းအတွင်း၌ အိုယန်ဂျွန် တစ်ခုခုကို အာရုံခံမိပြီး မျက်ခုံးတွေမြင့်တက်သွားသည်။
သူက လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
"နိုးနိုးကြားကြားနေကြ...."
သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းတပည့်တွေ ချက်ချင်းပဲ လှည်းပတ်ပတ်လည်မှာ နေရာယူလိုက်ကြသည်။
သူက လှည်းအပြင်ကိုထွက်လာပြီး ပတ်ပတ်လည်ကိုကြည့်ပြီး ကျယ်လောင်စွာပြောလိုက်သည်။
"ညီအကို, မင်းငါတို့နောက်လိုက်လာတာ အတော်ကြာနေပြီ။ ပြောချင်တာတစ်ခုခုရှိလို့လား...."
ဝှစ်!
လမ်းမဘေးသစ်တောထဲမှ ဂျန်ဖန်း မျက်နှာဖုံးတပ်ထားပြီး ခုန်ထွက်လာခဲ့သည်။
သူ့နောက်၌ စုချီနင် နီးကပ်စွာကပ်ပါလာခဲ့သည်။
သူမမျက်နှာ၌လည်း ပုဝါတစ်ခုတပ်ထားပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
"ဓ...ဓား..ဓားပြတိုက်မလို့..."
အိုယန်ဂျွန် သူ့နှာခေါင်းကို ထိလိုက်သည်။
"စုချီနင်?, မင်းက ငါ့ကို ဓားပြတိုက်မလို့လား...."
သူမက ပုဝါတပ်ထားသော်လည်း သူမခန္ဓာကိုယ်အချိုးအစား၊ ဝတ်စုံနှင့်အသံက မှတ်မိဖို့မခက်ပေ။
ဤအရာက ဟာသတစ်ခုဖြစ်ရမည်ပင်။
သူက ဂျန်ဖန်းဖက်လှည့်ပြီး နားလည်သည့်ပုံစံပြသကာ စနှောက်လိုက်သည်။
"ညီအကိုက အတော်အရည်အချင်းရှိတာပဲ။ ဒီလိုအချိန်တိုအတွင်းမှာ ဂျူနီယာညီမစုကို နာနာခံခံနဲ့ မင်ဦးဆောင်မှုတွေနောက်ကို လိုက်အောင်လုပ်နိုင်တယ်...."
"အထင်ကြီးစရာပဲ, အထင်ကြီးစရာပဲ...."
အစောပိုင်း သူတို့ထွက်သွားတုန်းက စုချီနင် အတော်လေး ခုခံနေခဲ့သည်။
ယခု, ဓားပြတိုက်ဖို့ ဂျန်ဖန်းနောက်ကို လိုက်လာခဲ့သည်။
ဂျန်ဖန်း နဖူးသွေးကြောတွေထောင်ထသွား၏။
အချိန်တို? မင်းပဲတို...
မင်းတို့တစ်မိသားစုလုံးတိုနေတာ...
သူက တည်ကြည်သည့်မျက်နှာဖြင့်ပြောလိုက်သည်။
"သခင်မလေးစုက မင်းကိုဟာသလုပ်နေတာပါ..."
"ငါဒီကိုလာတာ မပြီးသေးတဲ့လဲလှယ်မှုအတွက်ပဲ..."
ထို့နောက် ငွေတောင်ပံမိုးကြိုးသိမ်းငှက်ခြေသည်းကို မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။
စုချီနင် ကြောင်သွား၏။
လဲလှယ်ဖို့?...
ဒါဆို ဘာကြောင့် ဓားပြတိုက်ဖို့လို့ပြောခဲ့သနည်း။
သူမ ဂျန်ဖန်း၏လှည့်စားခြင်းခံလိုက်ရတာ သိသွားသည့်အခါ စုချီနင် ဒေါသထွက်လွန်း၍ ဂျန်ဖန်းကို ပြေးကိုက်ချင်စိတ်ပေါက်သွားသည်။
ဤကောင်က တကယ်ကို မုန်းစရာကောင်း၏။
သူမနှစ်ပေါင်းများစွာခံစားခဲ့ရသည့် အရှက်ရမှုအားလုံးကို တစ်ခဏအတွင်း ဖြစ်စေခဲ့တာဖြစ်သည်။
သို့ပေမယ့် မကြာမီ အဝတ်စဖြင့်ပတ်ထားသည့်ထူးဆန်းတဲ့ပစ္စည်းက သူမအာရုံကို ဆွဲဆောင်သွားခဲ့သည်။
အိုယန်ဂျွန်လည်း သိချင်သွားပြီး စနှောက်သလိုမေးလိုက်သည်။
"မသင့်တော်တဲ့ပစ္စည်းတစ်ခုခုများလား..."
"မဟုတ်ရင် ဘာလို့ သီးသန့်လဲလှယ်မှာလဲ..."
ဂျန်ဖန်း ထူးမခြားနားစွာပြောလိုက်သည်။
"မင်းကြည့်လိုက်ရင် သိမှာပါ...."
အိုယန်ဂျွန် သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းတပည့်တစ်ယောက်ကို အချက်ပြလိုက်သည်။
တပည့် အဆင့်နိမ့်မှော်ရတနာဓားကိုသုံးပြီး အဝတ်စကို သတိထားဖြတ်လိုက်သည်။
အမှတ်တမဲ့, ဓားက အားများလွန်းပြီး လက်သည်း၏ကွေးနေသည့်အပိုင်းထိ ဖြတ်မိသွား၏။
ခရက်!
ဓား နှစ်ပိုင်းကျိုးသွားခဲ့သည်။
အိုယန်ဂျွန် အံ့အားသင့်သွားပြီး တစ်ဝက်ပေါ်နေသည့် ခြေသည်းကို ဂရုတစိုက်စစ်ဆေးလိုက်ရာ ချက်ချင်းမှတ်မိသွားခဲ့သည်။
"ငွေတောင်ပံမိုးကြိုးသိမ်းငှက်ခြေသည်း...."
သူက ဂျန်ဖန်းကို မယုံနိုင်စွာဖြင့်ကြည့်လိုက်သည်။
"မင်း ဒါကို ဘယ်ကရခဲ့တာလဲ...."
ဂျန်ဖန်း လက်ပိုက်ပြီး ပြောလိုက်သည်။
"ဇစ်မြစ်ကရှင်းတယ်။ စိတ်ချလက်ချနေပါ...."
အိုယန်ဂျွန်အကြည့်ရွေ့သွားပြီး ဂျန်ဖန်းကိုစိုက်ကြည့်လိုက်သည်။
ဤလက်သည်းက ဂျန်ဖန်းကိုယ်တိုင်ဖြတ်တာလားဟု သံသယဝင်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဖြတ်ရာက အရမ်းလတ်ဆတ်နေသောကြောင့်ပင်။
အချိန်အတော်ကြာ သိုလှောင်ထားတာနှင့်မတူပေ။
သို့ပေမယ့် ဤအရာက ငွေတောင်ပံမိုးကြိုးသိမ်းငှက်ဖြစ်၏။
ခြေသည်းအရွယ်အစားကိုကြည့်ခြင်းအားဖြင့် သေချာပေါက်အရွယ်ရောက်ပြီးသားကောင်ဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ခွန်အားရှိ၏။
ဂျန်ဖန်း ဘယ်လိုလုပ် ၎င်းခြေသည်းကို ဖြတ်နိုင်ခဲ့သနည်း။
ထိုအရာက ဂျန်ဖန်းဖြတ်လာတာလားဆိုတာ အမှန်တကယ်အတည်ပြုချင်သော်လည်း ဂျန်ဖန်း မပြော၍ သူ တိုက်ရိုက် မမေးရဲပေ။
သူကစဥ်စားလိုက်သည်။
"မင်းက ဒါကို လွမ်းဆွတ်ခြင်းဆီးနှင်းနဲ့ လဲချင်တာလား....."
"ဒီလက်သည်းက မလုံလောက်ဘူး..."
"ငါလိုအပ်တာ အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့် သားရဲအရိုးပဲ...."
"ဒီခြေသည်းက အလယ်အလတ်အဆင့်ပဲ ရှိတာ...."
ဂျန်ဖန်း အရမ်းကြီး အံ့အားသင့်မသွားပေ။
ခြေသည်းတန်ဖိုးက အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့်အောက်မနိမ့်သော်လည်း...
တကယ်ကို အိုယန်ဂျွန် ပစ်မှတ်မဟုတ်ပေ။
"မင်းနောက်ထပ် ဘာလိုချင်လဲ...."
အိုယန်ဂျွန် သတိမေ့နေသည့် ကျောနက်သွေးမျက်လုံးမျောက်ဝံကိုတစ်ချက်ကြည့်ပြီး စိတ်အားထက်သန်စွာပြောလိုက်သည်။
"ငါ အပိုအနေနဲ့ ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးအချို့ လိုချင်တယ်...."
"ဆေးဆယ်လုံးရယ်၊ ဒီခြေသည်းနဲ့ဆို အပေးအယူဖြစ်ပြီ..."
ဂျန်ဖန်း သူလိုချင်တဲ့အရာကို သိပြီးသားဖြစ်သည်။
တွေဝေမနေပဲ ပြောလိုက်သည်။
"တစ်လုံးမှ မကျန်တော့ဘူး...."
ထိုအရာကိုကြားသည့်အခါ အိုယန်ဂျွန် အကြီးအကျယ်စိတ်ပျက်သွား၏။
သို့ပေမယ့် နောက်စကားကိုကြားသည့်အခါ သူကြောင်အသွား၏။
"ဒါပေမယ့် ငါ ခုချက်ချင်းသန့်စင်နိုင်တယ်..."
ခုချက်ချင်းသန့်စင်မယ်?....
အိုယန်ဂျွန် တစ်ခဏထိတ်လန့်သွားပြီး တစ်စုံတစ်ခုကို နားလည်သွား၏။
သူက တုန်လှုပ်နေခဲ့သည်။
"ခဏနေပါအုန်း, မင်းက ဝိညာဥ်သခင်လည်း ဖြစ်တာပဲလား...."