← Chapters

ဓားထိန်းချုပ်ခြင်းနည်းစနစ်

Vol. 21 Ch. 295

ဓားထိန်းချုပ်ခြင်းနည်းစနစ်

Vol. 21 Ch. 295

ထိုဆေးလုံးက သာမန်ဆေးလုံးမဟုတ်ပေ။

စိတ်ဝိညာဥ်အလင်းရောင်တွေတောက်ပနေသည့်အတွက် ရှင်းလင်းစွာပဲ စိတ်ဝိညာဥ်ဆေးလုံးပင်။

ထို့ပြင် အဆင့်ကလည်း မနိမ့်နိုင်ပေ။

ဂျန်ဖန်း ချက်ချင်းသန့်စင်နိုင်သည်ဆိုတော့ သူက ဝိညာဥ်သခင်ဖြစ်သည်ဟု ဆိုလိုနေသည်မလား.....

ထိုအရာက ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ ဝိညာဥ်သခင်တိုင်းကို ဘိုးဘေးတွေကဲ့သို့ဆက်ဆံကြ၏။

ထို့ပြင် အားလုံးက ယေဘူယအားဖြင့် အတော်လေးအသက်ကြီးကြ၏။

သူနှင့်အသက်တူ ဝိညာဥ်သခင်တစ်ယောက်ရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

ဂျန်ဖန်း အများကြီးမပြောတော့ပေ။

"နိုးနိုးကြားကြားနေပါ။ ဘယ်သူမှမနှောက်ယှက်စေနဲ့...."

"သခင်မလေးစု, ဆေးပင်တွေခွဲခြားဖို့ ငါ့ကိုကူညီအုန်း...."

သူက ခြေသုံးလှမ်းမူးဝေခြင်းအတွက် လိုအပ်သည့်ကုန်ကြမ်းတွေကို ထုတ်ယူလိုက်သည်။

နောက်ဆုံးအကြိမ်သန့်စင်ခဲ့တုန်းက သူက ပစ္စည်းအကုန်အသုံးမပြုခဲ့ပေ။ ထို့ကြောင့် ဤတစ်ချိန်တော့ အကုန်လုံးကို ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးအဖြစ် သန့်စင်ရမည်ပင်။

စုချီနင်လည်း တစ်ခဏကြောင်အနေ၏။

သူမက ဂျန်ဖန်း ဆေးတွေသန့်စင်နိုင်တာသာသိထား၏။

သို့ပေမယ့် ဆေးသန့်စင်ခြင်းနှင့် ဆေးလုံးသန့်စင်ခြင်းက မတူညီသည့်နယ်ပယ်ဖြစ်သည်။

ဆေးသန့်စင်ဖို့က အရည်အချင်းသာလိုအပ်၏။

ကွာခြားချက်က အတွေ့အကြုံနှင့် ကျွမ်းကျင်မှုကိုသာ မူတည်ပြီး ထိုအရာက ဆေးအရည်အသွေးကို ဆုံးဖြတ်နိုင်၏။

သို့ပေမယ့် ဆေးလုံးသန့်စင်တာက ဝိညာဥ်သခင်တွေ၏ သီးသန့်နယ်ပယ်ဖြစ်သည်။

ဂျန်ဖန်းကလည်း ဝိညာဥ်သခင်တစ်ယောက်ဖြစ်သည်လား?....

ထိုအရာက ဟာသတစ်ခုဖြစ်ရမည်ပင်။

သို့ပေမယ့်....

ဂျန်ဖန်း၏နောက်အဆင့်တွေက စုချီနင်ကို အံ့အားသင့်သွားစေခဲ့သည်။

သူမအကူအညီနှင့် သူတို့က ပစ္စည်းတွေကိုအလျှင်အမြန်ခွဲကြားလိုက်ကြသည်။

ထို့နောက် ဂျန်ဖန်း သူ့ဝိညာဥ်စွမ်းအားသုံးကာ တိုက်ရိုက်ပဲ ပစ္စည်းတွေကို သန့်စင်လိုက်သည်။

ထိုအခါ ဆေးပင်တွေမှ မသန့်စင်မှုတွေ ထွက်လာခဲ့သည်။

ဤအရာက ဝိညာဥ်သခင်တွေ၏ ပြိုင်ဘက်ကင်း စွမ်းရည်ပဲဖြစ်သည်။

ရှိနေသည့်လူတိုင်း ကြောင်အသွားကြ၏။

"သခင်လေး, ဒီလူက တကယ်ဝိညာဥ်သခင်ပဲ...."

သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းတပည့်တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လူအများစုအတွက် ဝိညာဥ်သခင်တွေက ဒဏ္ဍာရီလာဖြစ်တည်မှုတွေဖြစ်ပြီး လက်လှမ်းမမှီလုနီးပါးပင်။

သူတို့မျက်လုံးနဲ့ တစ်ယောက်မြင်နိုင်တာကကို ကံကောင်းမှုဖြစ်နေပြီဖြစ်သည်။

ဆေးသန့်စင်တာမျက်မြင်တွေ့နေတာတော့ ပြောနေစရာကိုမလိုတော့ပေ။ ထိုအရာက တစ်သက်စာ မေ့မရနိုင်သည့်မြင်ကွင်းတစ်ခုပင်။

အိုယန်ဂျွန်လည်း အတော်စိတ်လှုပ်ရှားနေပြီး ပြောလိုက်သည်။

"ဝိညာဥ်သခင်ဆိုတာထက်ပိုတယ်။ ဒါက အဆင့်မြင့်ဝိညာဥ်သခင်တစ်ယောက်ပဲ..."

သူက သန့်စင်ခြင်တစ်ထောင်ဂိုဏ်း၏ ကြယ်တစ်လုံးဝိညာဥ်သခင် ဆေးလုံးသန့်စင်နေတာ မြင်ဖူး၏။

သို့ပေမယ့်, သန့်စင်သည့်နည်းလမ်းနှင့် ကျွမ်းကျင်မှုက ဂျန်ဖန်းထက် အတော်နိမ့်ကျ၏။

သူက သူတို့၏ဝိညာဥ်သခင်ဟာ ဂျန်ဖန်းအလုပ်သင်ဖြစ်ဖို့သာ အရည်အချင်းပြည့်မှီသည်ဟု ခံစားမိ၏။

ထို့ပြင်, တကယ်ကို ထိုကဲ့သို့ဖြစ်နေခဲ့သည်။

ဂျန်ဖန်း၏ကျွမ်းကျင်ည့်လက်တွေအောက်၌ မကြာခင် အနီရောင်ဆေးလုံးတွေ သူ့လက်ဝါးထဲမှာ ပေါ်လာခဲ့သည်။

အကြမ်းဖျင်း အလုံးရေတစ်ရာနှင့် အထက်ပင်။

သူက ဆေးအလုံးနှစ်ဆယ်ခွဲထုတ်ပြီး ကျောက်စိမ်းပုလင်းထဲထည့်ကာ အိုယန်ဂျွန်ဆီပစ်ပေးလိုက်သ်ည။

"မင်းနဲ့မင်းလူတွေအတွက် အပို ၁၀ လုံးပါတယ်။ ဒီနေ့ကိစ္စကို မေ့လိုက်ပါ...."

အိုယန်ဂျွန် အတော်လေး ပျော်သွား၏။

အပိုဆေး ၁၀ လုံးကို သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းပြန်ယူသွားလျှင် ကျောနက်သွေးမျက်လုံးမျောက်ဝံတွေ ပိုဖမ်းနိုင်မည်ဖြစ်သည်။

သူက ကျေးဇူးတင်မှုကို အကြိမ်ကြိမ်ဖော်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ဆရာကြီး, ကျေးဇူးတင်ပါတယ်, ဆရာကြီး...."

ထို့နောက် ပတ်ဝန်းကျင်ရှိတပည့်တွေကိုကြည့်ပြီး တင်းမာစွာ အမိန့်ပေးလိုက်သည်။

"ဒီနေ့, မင်းတို့တွေကံကောင်းပြီး ဆရာကြီးဆေးဖော်စပ်တာကိုမြင်ခဲ့ရတာ။ ဒါ သုံးဘဝစာလောက် ကောင်းချီးပေးခံရတာပဲ...."

"ကောင်းကောင်းမှတ်ထားပါ။ ဒီကိစ္စကိုအပြင်မပြန့်စေနဲ့....."

"မဟုတ်ရင်, ဒီသခင်လေးက မင်းတို့ကို ဂိုဏ်းက ထုတ်ပစ်မယ်....."

သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းတပည့်တွေ အရိုအသေပေးပြီး သဘောတူလိုက်ကြသည်။

ထိုအခါမှသာ အိုယန်ဂျွန် ကျေနပ်သွား၏။

သူက လွမ်းဆွတ်ခြင်းဆီးနှင်းရှိသည့် သစ်သားသေတ္တာကိုထုတ်ကာ ဂျန်ဖန်းကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

"ဆရာကြီး, ငါတို့သန့်စင်တစ်ထောင်ဂိုဏ်းမှာ ထိပ်တန်းအရည်အသွေးမှော်လက်နက်တွေ အများကြီးရှိပါသေးတယ်...."

"အချိန်မရွေးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်...."

ဂျန်ဖန်း သစ်သားသေတ္တာကိုယူပြီး ပြောလိုက်သည်။

"အခွင့်အရေးရှိရင် ငါလာခဲ့မှာပါ...."

"မင်းအခုထွက်သွားလို့ရပြီ...."

အိုယန်ဂျွန် ဂျန်ဖန်းနှင့် စကားပိုပြောချင်ပေမယ့် တစ်ဖက်ကပြောနေ၍ စိတ်ပျက်စွာပဲ ထွက်သွားရုံသာ တတ်နိုင်၏။

ဖလှယ်ပွဲအတွင်း ကောင်းမွန်သည့်ဆက်ဆံရေးမတည်ဆောက်မိတာ အနည်းငယ်နောင်တရနေပြီး အဖွဲ့ကိုဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။

ဤကဲ့သို့ဝိညာဥ်သခင် လက်လွတ်သွားရတာ နှမြောစရာပင်။

အတော်နှမြောစရာကောင်း၏။

ထိုစဥ်...

ဂျန်ဖန်း နောက်ထပ်ခြေသုံးလှမ်းမူဝေခြင်းဆေးလုံး ၃၀ ထုတ်ယူပြီး စုချီနင်ကိုပေးကာ ပြောလိုက်သည်။

"မင်းအတွက် နှုတ်ပိတ်ခ...."

စုချီနင် မှိန်မောစွာ ရပ်နေပြီး ဂျန်ဖန်း ဝိညာဥ်သခင်ဆိုသည့် တုန်လှုပ်မှုကနေ ပြန်မကောင်းနိုင်ဖြစ်နေခဲ့သည်။

ဂျန်ဖန်း သူမလက်ကိုဖြန့်ပြီး ဆေးလုံးတွေထည့်ပေးလိုက်မှသာ အသိပြန်ဝင်လာခဲ့သည်။

အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, နင်... နင်က တကယ် ဝိညာဥ်သခင်လား?...."

"ဂိုဏ်းချုပ်ကောသိလား...."

ဂျန်ဖန်း ပြန်ပြောလိုက်သည်။

"ခုချိန်ထိ မင်းတစ်ယောက်ပဲ သိသေးတယ်..."

"ငါ့အတွက် လျို့ဝှက်ထားပေး...."

ငါတစ်ယောက်ပဲသိတယ်?.....

စုချီနင် ကြက်သေသေသွားပြီး ပြုံးနေတာကို မရပ်တန့်နိုင်တော့ပေ။

ဤအရာက သူမသာသိသည့်လျို့ဝှက်ချက်ဖြစ်သည်။

လျိုချင်းရှန်တောင် မသိပေ။

"ငါထုတ်ပြောမှာ မကြောက်ဖူးလား...."

စုချီနင် စနှောက်လိုက်သည်။

ဂျန်ဖန်း သူ့မေးစေ့ကိုပွတ်ပြီး ပြောလိုက်သည်။

"မင်းလည်းမကြောက်ဖူးလား... မှောင်မဲပြီးလေပြင်းတွေတိုက်နေတဲ့ညမှာ မင်းအခန်းထဲတစ်ယောက်ယောက်ခိုးဝင်လာမှာကိုလေ...."

"ပြီးတော့, မင်းကိုဟိုလိုဒီလိုလုပ်မယ်...."

စုချီနင် မျက်နှာနီရဲသွားပြီး ခြေဆောင့်ကာ ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, မင်း ဘယ်လိုလုပ် ဒီလောက်ဆိုးသွမ်းလာရတာလဲ...."

ဂျန်ဖန်း အူလိုက်သည်းလိုက်ရယ်လိုက်ပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။

"ဒါဆို, စီနီယာအမ ငါနဲ့ဝေးဝေးနေပါ...."

"နှုတ်ဆက်ပါတယ်....."

အာ?...

စုချီနင် အံ့အားသင့်သွား၏။

"နင်သွားတော့မှာလား...."

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

"ငါအခုထွက်မသွားရင်, ရမ္မက်ဂိုဏ်း ငါ့ကို ရှာတွေ့သွားလိမ့်မယ်...."

"အခွင့်အရေးရှိရင်, ငါတို့ နောက်တစ်ကြိမ်ဆုံကြအုန်းမှာပါ....."

စုချီနင် ရုတ်တရက် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ ခုမှတွေ့ပြီး ခုချက်ချင်းခွဲရတော့မည်ဖြစ်သည်။

ဂျန်ဖန်းပေးသည့် ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးတွေကို ကိုင်ထားပြီး သူမစိတ်ထဲမှာ အတော်လေး မသက်မသာခံစားနေရသည်။

သို့ပေမယ့် သူမ သူ့ကို ဆွဲမထားနိုင်ပေ။

ရမ္မက်ဂိုဏ်းက ဂျန်ဖန်းနေလို့ရသည့်နေရာမဟုတ်ပေ။ ထို့ပြင် သူမတာဝန်လည်း မပြီးသေးရာ ဂျန်ဖန်းနှင့်ထွက်မသွားနိုင်ပေ။

သူမက ဝမ်းနည်းမှုကိုဖိနှိပ်ပြီးသာ ပြောလိုက်သည်။

"နင် တိမ်စိမ်းဂိုဏ်းကို ပြန်မှာလား....."

ဂျန်ဖန်း တစ်ခဏတွေးပြီး ပြောလိုက်သည်။

"ငါ ဧရာမဂိုဏ်းကို သွားကြည့်ချင်တယ်...."

စုချီနင် ချက်ချင်းနားလည်သွား၏။

ဂျန်ဖန်းက လျိုချင်းရှန်ကို စိုးရိမ်နေတာဖြစ်သည်။

ထိုအရာက သူမကို ပိုလို့တောင် မသက်မသာဖြစ်သွားစေ၏။

သို့ပေမယ့် သူမက ညင်သာစွာ အသိပေးလိုက်သည်။

"ဒါအဆင်ပြေပါတယ်။ စီနီယာအကိုတန်ပြောတာတော့,သူတို့ အနောက်ဘက်မှာ သားရဲလှိုင်းတစ်ခုလာနေတာ တွေ့ခဲ့တယ်တဲ့...."

"ရမ္မက်ဂိုဏ်းအနောက်ဘက်ပိုင်းက မကြာခင် တိုက်ပွဲတွေဖြစ်တော့မယ်လို့ ငါယုံတယ်...."

"အရှေ့ဘက်ကိုစောစောထွက်သွားတာ အများကြီးပိုလုံခြုံပါတယ်..."

ဂျန်ဖန်း လေးနက်သွားသည်။

အခြေအနေတွေက ဒီလောက်တောင် ပြင်းထန်နေပြီလား?....

ငွေတောင်ပံမိုးကြိုးသိမ်းငှက် ရမ္မက်ဂိုဏ်းနယ်မြေ၌ ပြောင်ပြောင်တင်းတင်းကင်းထောက်ရဲတာကိုပြန်တွေးပြီး တန်ထျန်လုံသတင်းက တိကျတယ်ဆိုတာ ဂျန်ဖန်း သေချာသွား၏။

"သတင်းအချက်အလက်အတွက် ကျေးဇူးတင်ပါတယ်, စီနီယာအမစု။ ငါ အခု သွားတော့မယ်...."

သူက နောက်ထပ် မနေချင်တော့ပေ။

ဤအခိုက်အတန့်၌, မြို့အနောက်ဘက်ဂိတ်မှာရှိနေပြီး ရှေ့မှာက အနောက်ဘက်တိုက်ပွဲကွင်းပြင်ဖြစ်ဖို့များ၏။

သူက မြို့ပြင်ဘက်မှ အရှေ့ဘက်ကို ပတ်သွားရမည်ဖြစ်သည်။

သူထွက်သွားတော့မည့်အချိန်မှာပဲ....

စူးရှသည့်အသံတစ်ခု ကောင်းကင်ကို ထိုးဖောက်သွားခဲ့သည်။

မိုးကုတ်စက်ဝိုင်း၌ ငွေဖြူရောင်မိုးကြိုးတိမ်တိုက်တစ်ခု အလျှင်အမြန်ပဲ ရမ္မက်မြို့ကို ချည်းကပ်လာခဲ့သည်။

နီးကပ်လာသည်နှင့် ရုတ်တရက် လမ်းကြောင်းပြောင်းကာ မြောက်ဘက်ကို ထွက်ပြေးသွား၏။

နောက်ဘက်မြေပြင်ပေါ်၌ အစိမ်းဝတ်ပုံရိပ်တစ်ခု လက်နှောက်ပစ်ပြီး အလျှင်အမြန် လိုက်ဖမ်းနေခဲ့သည်။

ဂျန်ဖန်းမျက်ခွံ့တွေ ကျုံ့သွားစေတာက....

အစိမ်းဝတ်အကြီးအကဲ သူ့လက်ချောင်းတွေကို မြောက်လိုက်သည့်အခါ အစိမ်းရောင်သက်တန့်တစ်ခု တည့်တည့်ပြေးဝင်သွားပြီး မိုးကြိုးတိမ်တိုက်ကို ထိုးဖောက်သွားခဲ့သည်။

စူးရှကျယ်လောင်သည့်အသံနှင့်အတူ....

မိုးကြိုးတိမ်တိုက် တည့်တည့်မတ်မတ်ပြုတ်ကျသွား၏။

ဂျန်ဖန်း ထိုပုံရိပ်ကို ခပ်မှိန်မှိန်မြင်လိုက်ပြီး မနေနိုင်ပဲ အံ့အားသင့်စွာ ပြောလိုက်သည်။

"ငွေတောင်ပံမိုးကြိုးသိမ်းငှက်...."

သူ့ကျင့်ကြံရေးနည်းစနစ်က ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို လိုအပ်တာကို သတိရလိုက်သည်။

ထို့ပြင်, ထိုသားရဲ အနီးနားမှာကျသွားသည်ဖြစ်ရာ....

သူက ဘယ်လိုလုပ် တွေဝေနေမည်နည်း။

"စီနီယာအမစု, မြန်မြန်မြို့ကို ပြန်တော့, အပြင်မှာ မလုံခြုံဘူး...."

ထို့နောက် ဂျန်ဖန်း လှုပ်ရှားမှုနည်းလမ်းသုံကာ ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကျသွားသည့်နေရာကို အလျှင်အမြန်သွားတော့သည်။

တစ်ခဏကြာပြီးနောက်....

သူက ခြုံပုတ်တစ်ခုရှေ့မှာရပ်ပြီး မိုးကြိုးသိမ်းငှက်၏လျှပ်စီးကြောင့် မီးလောင်နေသည့်မြေကြီးကို ကြည့်နေခဲ့သည်။

ငွေတောင်ပံသိမ်းငှက် မြေပြင်မှာလဲလျောင်းနေပြီး နာကျင်စွာ အော်ဟစ်နေခဲ့သည်။

၎င်းဝမ်းဗိုက်၌ ထင်ရှားသည့်အနီရောင်ဒဏ်ရာကြီးရှိနေခဲ့သည်။

ဂျန်ဖန်း တိတ်တဆိတ် တုန်လှုပ်သွား၏။

"အဲ့ဒီအကြီးအကဲက ဘယ်သူများလဲ...."

"လက်လေးဝှေ့ယမ်းရုံနဲ့, ဓားကိုစေလွတ်ပြီး ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို ဒဏ်ရာရသွားစေခဲ့တယ်...."

ဤကဲ့သို့ထူးဆန်းသည့်ဓားပညာမျိုးမြင်ဖူးတာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

မနေနိုင်ပဲ အကြီးအကဲ၏ အထောက်အထားကို မှန်းဆကြည့်လိုက်သည်။

ခဏကြာပြီးနောက်....

အစိမ်းဝတ်အကြီးအကဲ ရောက်လာခဲ့သည်။

ထိုအခါမှသာ ထိုအရာက အင်မော်တယ်တစ်ယောက်ကဲ့သို့ အကြီးအကဲတစ်ယောက်ဆိုတာ သတိထားမိလိုက်သည်။

ဆံပင်ရှည်ကို ကျောဘက်မှာဖြန့်ချထားပြီး မုတ်ဆိတ်မွေးသုံးစုက ရင်ဘတ်ပေါ်အထိ ကျဆင်းနေခဲ့သည်။

ထူးခြားသည့်မျက်နှာသွင်ပြင်ရှိပြီး ပတ်ဝန်းကျင်၌ သန့်စင်သည့်ချီအော်ရာ ဝန်းရံနေခဲ့သည်။

သန့်စင်သည့်ချီကိုမြင်သည့်အခါ ဂျန်ဖန်း တိတ်တဆိတ် တုန်လှုပ်သွား၏။

သန့်စင်သည့်ချီကို ပျံ့လွင့်မသွားစေပဲ စုစည်းထားနိုင်သည့် သိုင်းပညာရှင်တွေကို သူကြားဖူး၏။

အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းအဆင့် ရောက်နေသူတွေပင်။

သန္ဓေသားဖွဲ့ခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းသာလိုတော့၏။

သူ့ရှေ့ရှိ ဤအကြီးအကဲက သေချာပေါက် ဂိုဏ်း ၉ ဂိုဏ်း ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။

ထိုသဘာဝလွန်ဓားနည်းစနစ်နှင့် ပေါင်းစပ်ကြည့်လိုက်သည့်အခါ...

အထောက်အထားက သူ့ခေါင်းထဲပေါ်လာခဲ့သည်။

အသင်္ချေဓားဂိုဏ်းမှ အကြီးအကဲ...

ဂျန်ဖန်း မမျှော်လင့်စွာပဲ ဤကဲ့သို့ ပုံရိပ်တစ်ခုနှင့် လာတွေ့နေခဲ့သည်။

သူက အသက်ကျယ်ကျယ်တောင် မရှူရဲပေ။

အကြီးအကဲ ငွေတောင်ပံမိုးကြိုးသိမ်းငှက်နားချည်းကပ်သွားတာကို တိတ်တဆိတ်ကြည့်နေခဲ့သည်။

ရုတ်တရက်, သူက ငွေတောင်ပံမိုးကြိုးသိမ်းငှက်မျက်လုံးထဲ၌ ရက်စက်သည့်အရိပ်အယောင်ဖျတ်ကနဲ လက်သွားတာကို သတိထားမိလိုက်သည်။

အရင်က ထိုငှက် ထွက်သွားချင်ယောင်ဆောင်ပြီး ချောင်းမြောင်းတိုက်ခိုက်တာ ပြန်သတိရလိုက်သည်။

သူ့မျက်နှာ ပြောင်းလဲသွား၏။

All Chapters