ကောင်းကင်ထောင်ထွဋ်ပိုးမျှင်ကြောင့်ဖြစ်သောအထင်မှားမှု
Vol. 21 Ch. 296
သူက ခုန်ထွက်ပြီး အချိန်မှီအော်ပြောလိုက်သည်။
"အနားကပ်မသွားနဲ့....."
"ထောင်ချောက်သတိထား...."
ဤအခိုက်အတန့်၌ အစိမ်းဝတ်အကြီးအကဲက ငွေတောင်ပံသိမ်းငှက်နှင့် ဇန် ၂၀ တောင်မဝေးတော့ပေ။
ရုတ်တရက် သတိပေးသံကြားသည့်အခါ...
ပထမထိတ်လန့်သွားပြီး တွေဝေမနေပဲ ချက်ချင်းနောက်ဆုတ်လိုက်သည်။
သူ့လက်နှစ်ချောင်းကိုဝှေ့ယမ်းလိုက်သည့်အခါ အစောပိုင်း ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကိုထိုးစိုက်သွားသည့် အစိမ်းရောင်သက်တန့် ရုတ်တရက်ပြန်ထွက်လာပြီး ငှက်ခေါင်းကို ထိုးစိုက်လိုက်သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် ဂျန်ဖန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
သူက အစိမ်းဝတ်အကြီးအကဲကို ထောင်ချောက်ထဲ မြှားခေါ်နိုင်လုနီးပါးပင်။
သို့ပေမယ့် ဘယ်ကပေါ်လာမှန်းမသိသည့် ကောင်လေးက သတိပေးခဲ့သည်။
အစိမ်းဝတ်အကြီးအကဲ ထောင်ချောက်နယ်မြေမှ လွတ်မြောက်တော့မှာ မြင်သည့်အခါ ၎င်းက အလျှင်အမြန်ပဲ တောင်ပံတွေကို ဖြန့်လိုက်သည်။
ထို့နောက် ခန္ဓာကိုယ်မှ ငှက်မွေးအများအပြား ပြုတ်ထွက်လာပြီး အစိမ်းဝတ်အကြီးအကဲဆီ မုန်းတိုင်းတစ်ခုကဲ့သို့ ပြေးဝင်သွားခဲ့သည်။
ငှက်မွေးတွေထဲက တစ်ချောင်း အစိမ်းဝတ်အကြီးအကဲကိုထိမှန်သည်နှင့် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။
ထိုအခါ ကြီးမားသည့်လျှပ်စီးကြောင်းတွေ ပေါက်ကွဲထွက်လာပြီး အကြီးအကဲ၏အင်္ကျီလက်ကို ပြာအဖြစ်ပြောင်းသွားစေခဲ့သည်။
အကြီးအကဲမျက်နှာ အရောင်ပြောင်းသွား၏။
သူက အေးစက်စွာနှာမှုတ်လိုက်သည်။
"တိရိစ္ဆာန်ကောင်...."
ခန္ဓာကိုယ်ကိုခါယမ်းလိုက်သည့်အခါ သူ့ပတ်ဝန်းကျင်ရှိသန့်စင်ချီတွေက လက်ဝါးအရွယ်ဓားတွေအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် လက်ဝှေ့ယမ်းမှုနှင့်အတူ, ရှေ့သို့ ပျံထွက်သွားပြီး လာနေသည့် ငှက်မွေးတွေနှင့် တွေ့ဆုံသွားခဲ့သည်။
ဘန်း! ဘန်း! ဘန်း!
ပြင်းထန်သည့်ပေါက်ကွဲသံတွေ လေထုထဲမှာ ပြည့်နှက်သွား၏။
ငှက်မွေးအားလုံး အစိမ်းဝတ်အကြီးအကဲအဝေးမှာ ပေါက်ကွဲသွားပြီး တစ်ခုမှ သူ့ဆီရောက်မလာခဲ့ပေ။
၎င်းဝှက်ဖဲကျရှုံးသွားတာမြင်တော့, ငွေတောင်ပံမိုးကြိုးသိမ်းငှက် တုန်လှုပ်မှုကော ဒေါသပါ ခံစားလိုက်ရသည်။
၎င်းက တောင်ပံတွေကို တဖြတ်ဖြတ်ခတ်ပြီး ကောင်းကင်သို့ ထွက်ပြေးဖို့ကြိုးစားတော့၏။
သို့ပေမယ့် ထွက်မသွားခင်....
ဂျန်ဖန်းကို မုန်းတီးစွာစိုက်ကြည့်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ ထိုးဆင်းလာ၏။
ထို့နောက် ဓားသွားကဲ့သို့ထက်ရှသည့်လက်သည်းတွေက ဂျန်ဖန်းကို အညှာတာကင်းမဲ့စွာ ကုတ်ချလိုက်သည်။
အစိမ်းဝတ်အကြီးအကဲ နောက်ဆုံးငှက်မွေးတွေကို ရှင်းနေဆဲဖြစ်သည်။ သိမ်းငှက်၏လှုပ်ရှားမှုကို မြင်သည့်အခါ နောက်ကျလွန်းသွားပြီဖြစ်သည်။
သူက အေးစက်စွာ အော်ပြောလိုက်သည်။
"တိရိစ္ဆာန်ကောင်, မင်းလုပ်ရဲလား..."
သူက အစိမ်းရောင်သက်တန့်တစ်ခုထုတ်ကာ ဓားဖြင့် တိုက်ခိုက်လိုက်သည်။
ကံမကောင်းစွာဖြင့် နောက်ကျလွန်းသွားခဲ့သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် ဂျန်ဖန်းရှေ့ကို ရောက်နေပြီဖြစ်သည်။
ဤငွေတောင်ပံမိုးကြိုးသိမ်းငှက်၌ ခြေသည်းအပြည့်အစုံရှိနေပြီး နှင်းတောင်မှာသူနှင့်တွေ့ဖူးသည့်တစ်ကောင်မဟုတ်တာ ဂျန်ဖန်း နားလည်လိုက်သည်။
သူက တည်ငြိမ်နေကာ နောက်ကျောရှိခရမ်းဓားကို ဆုပ်ကိုင်ပြီး မျက်လုံးမှေးကျဥ်းကာ ပြောလိုက်သည်။
"မင်းအဖော်ဒီမှာရှိရင်, ငါကိုရန်မစဖို့ သေချာပေါက် သတိပေးမှာ...."
သို့ပေမယ့်....
ဤငွေတောင်ပံမိုးကြိုးသိမ်းငှက်က အရင်တစ်ကောင်ထက် ပိုသတိရှိ၏။
ခရမ်းဓား ဓားအိမ်မှမထွက်သေးတာတောင် အန္တရာယ်ကိုခံစားမိ၏။
သူက အလျှင်အမြန်ပဲ ဂျန်ဖန်းခေါင်းပေါ်မှကျော်ကာ ကောင်းကင်ပေါ်ပျံတက်သွားခဲ့သည်။
ဂျန်ဖန်းကြောင်သွား၏။
သို့ပေမယ့် ရှေ့မှာရှိနေလျက်နှင့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို ဘယ်လိုလုပ် လွတ်ပေးနိုင်မည်နည်း။
သူက အသစ်ရထားသည့် ကောင်းကင်ထောင်ထွဋ်ပိုးမျှင်ကို သတိရသွားပြီး မျက်လုံးတွေ အရောင်တောက်သွား၏။
ပြတ်ပြတ်သားသားပဲ ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကို ထုတ်ယူလိုက်သည်။
ထို့နာက် သူ့လက်ချောင်းလှုပ်ရှားမှုနှင့်အတူ ပိုးမျှင်အစွန်းတစ်ဖက် ပျံတက်သွားပြီး ငွေတောင်ပံမိုးကြိုးသိမ်းငှက်လည်ပင်းကို ရစ်ပတ်သွားခဲ့သည်။
သူ့လက်ထဲရှိပိုးမျှင် လွတ်ထွက်သွားတော့မည့်အခါ...
အလျှင်အမြန်ပဲ ခရမ်းဓားကိုမြေပြင်မှာစိုက်ပြီး ပိုမျှင်ကျန်အစွန်းတစ်ဖက်ကို ဓားရိုး၌ ရစ်ပတ်လိုက်သည်။
ဤနည်းဖြင့်.....
ငွေတောင်ပံမိုးကြိုးသိမ်းငှက်လည်ပင်း ပြတ်လျှင်ပြတ် မဟုတ်လျှင် ဓားရိုးကျိုးမည်ဖြစ်သည်။
အဖြေက သိသာလှ၏။
ကောင်းကင်သို့ထိုးတက်နေသည့် ငွေတောင်ပံမိုးကြိုးသိမ်းငှက် ပိုးမျှင် ရုတ်တရက် တင်းကြပ်သွားသည့်အခါ....
မယုံနိုင်လောက်အောင် ထက်ရှသည့်ပိုးမျှင်က ၎င်းလည်ပင်းကို အသာအယာပဲ ပိုင်းဖြတ်သွားခဲ့သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် ပြင်းထန်သည့်နာကျင်မှုကို ခံစားမိပြီး အန္တရာယ်ကို နားလည်သွားသည့်အခါ နောက်ကျလွန်းသွားပြီဖြစ်သည်။
သန်မာသည့်အရှိန်က ခန္ဓာကိုယ်ကြီးကို ရှေ့ဆက်တွန်းပို့နေခဲ့သည်။
ရလဒ်အနေဖြင့်....
ပိုးမျှင်က ၎င်းလည်ပင်းကို ရက်ရက်စက်စက်ဖြတ်တောက်ပစ်လိုက်သည်။
ကြီးမားသည့်ခေါင်းကြီး ရှေ့ကို ခဏကြာပျံသန်းနေပြီး ကြီးမားသည့်ခန္ဓာကိုယ်ကြီးကတော့ တောင်တစ်လုံးကဲ့သို့ ပြုတ်ကျလာခဲ့သည်။
ဘန်း!
ကျယ်လောင်သည့်တိုက်မိသံနှင့်အတူ ဦးခေါင်းမဲ့ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကြီး မြေကြီးနှင့်ပြင်းထန်စွာရိုက်ခတ်သွားခဲ့သည်။
သွေးတွေ နေရာအနှံ့ပင်။
ဂျန်ဖန်း အလွန်ပျော်သွား၏။
ဤပိုးမျှင်က တကယ်ကို အသုံးဝင်၏။
ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ် ထိုအရာကို အသက်ရတနာအဖြစ်သတ်မှတ်တာ မထူးဆန်းတော့ပေ။
သူက စိတ်လှုပ်ရှားနေပြီး အလျှင်အမြန်ပဲ ပိုးမျှင်တွေကို အခွေလိုက်ပြန်ရစ်လိုက်သည်။
ဤအချိန်၌, အစိမ်းဝတ်အကြီးအကဲလည်း ရောက်လာခဲ့သည်။
အစက ငွေတောင်ပံမိုးကြိုးသိမ်းငှက် ဦးခေါင်း ရုတ်တရက် ပြတ်သွားတာကို ပဟေဠိဖြစ်နေခဲ့သည်။
ဂျန်ဖန်းလက်ထဲရှိ ပိုးမျှင်တွေကိုမြင်မှသာ နားလည်သွားခဲ့သည်။
"ဒီတော့ မင်းဖြစ်နေတာကိုး, ကလေးမ...."
"ငါက ဘယ်သူများလဲလို့..."
ဂျန်ဖန်း၏အစောပိုင်းသတိပေးသံက အဝေးမှလာတာဖြစ်သည်။
ထို့ကြောင့် ယောက်ျားလေးသံလား မိန်းခလေးသံလား မခွဲခြားနိုင်ခဲ့ပေ။
ယခု ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကိုမြင်တော့ သဘာဝအတိုင်း ဂျန်ဖန်းကို ရမ္မက်ဂိုဏ်းချုပ်နှင့် မှားသွားတာဖြစ်သည်။
ထိုအရာက ရမ္မက်ဂိုဏ်းချုပ်ပိုင်တာဖြစ်ပြီး ယခုကလည်း ရမ္မက်မြို့အနီးနားမှာဖြစ်သည်။
ကလေးမ?...
ဂျန်ဖန်း တစ်ခဏပဟေဠိဖြစ်သွားပြီး ရှင်းပြဖို့ပြင်လိုက်သည်။
သို့ပေမယ့် ရုတ်တရက် နာကျင်ဝမ်းနည်းသည့်အော်သံတစ်ခု ကောင်းကင်မှာ ပဲ့တင်ထပ်လာခဲ့သည်။
မော့ကြည့်လိုက်သည့်အခါ....
နောက်ထပ် ငွေတောင်ပံမိုးကြိုးသိမ်းငှက်တစ်ကောင် ပေါ်လာပြီး ၎င်းနှုတ်သီးထဲ၌ ငှက်ခေါင်းတစ်လုံးရှိနေခဲ့သည်။
၎င်းက ဂျန်ဖန်းနှင့် အစိမ်းဝတ်အကြီးအကဲကို ဒေါသတကြီး ငုံ့ကြည့်လိုက်သည်။
ဂျန်ဖန်းကိုမြင်သည့်အခါ ၎င်းမျက်လုံးထဲရှိ အမုန်းတရာတွေပိုလို့တောင် ကြီးမားတောက်လောင်လာပြီး စူးရှအငြိုးကြီးသည့်အော်သံကို ထုတ်လွတ်လိုက်သည်။
ဂျန်ဖန်း ငှက်လက်သည်းတစ်ချောင်းပျောက်နေတာကိုမြင်တော့....
ထိုအကောင်က နှင်းတောင်မှာတွေ့ခဲ့သည့်တစ်ကောင်ဆိုတာ မှတ်မိသွားခဲ့သည်။
ဒီတော့, ငွေတောင်ပံမိုးကြိုးသိမ်းငှက်တစ်စုံရှိတာပေါ့.....
အသတ်ခံရသည့်တစ်ကောင်က ဤအကောင်၏အဖော်ဖြစ်နိုင်၏။
အစိမ်းဝတ်အကြီးအကဲ နှာမှုတ်လိုက်သည်။
"ဒီတော့, ရမ္မက်ဂိုဏ်းနယ်မြေမှာ နောက်ထပ် တစ်ကောင်ရှိနေသေးတယ်ပေါ့..."
"ကောင်းတယ်, မင်းတို့အန္တရာယ်ကောင်တွေကို အတူတူရှင်းပစ်မယ်...."
ထို့နောက် လက်မြောက်ပြီး အစိမ်းရောင်သက်တန့်ကို ဆင့်ခေါ်လိုက်သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် အန္တရာယ်ကိုခံစားမိပြီး ကောင်းကင်သို့ပျံတက်ကာ တိမ်တွေထဲသို့ ပြောက်ကွယ်သွားခဲ့သည်။
အစိမ်းဝတ်အကြီးအကဲ လိုက်ဖို့ပြင်လိုက်သည်။
သို့ပေမယ့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်အလောင်းကိုတစ်ချက်ကြည့်ပြီး ထွက်သွားဖို့တွန့်ဆုတ်နေခဲ့သည်။
သူ့အတွက်တောင်, ဤကဲ့သို့ငွေတောင်ပံမိုးကြိုးသိမ်းငှက် ခန္ဓာကိုယ်က အတော်တန်ဖိုးကြီး၏။
မဟုတ်လျှင်, အသင်္ချေဓားဂိုဏ်းမှ ရမ္မက်ဂိုဏ်းထိ လိုက်သတ်မည်မဟုတ်ပေ။
"ဒီခန္ဓာကိုယ်ကိုဂရုစိုက်ထား။ ငါ ဟိုငှက်ကို ဖြေရှင်းပြီးရင် ပြန်လာခဲ့မယ်...."
ပြောပြီးနောက်, ခြေသည်းပြတ်နေသည့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်နောက်ကို လိုက်တော့သည်။
ဂျန်ဖန်းတစ်ယောက်သာ ငြီးတွားရင်းကျန်ခဲ့သည်။
"ငါနဲ့မင်းနဲ့သိလို့လား။ ဘာလို့ မင်းပြန်လာအောင်စောင့်နေရမှာလဲ...."
ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို ဤနေရာရောက်သည်အထိ အစိမ်းဝတ်အကြီးအကဲက လိုက်ဖမ်းခဲ့သော်လည်း...
နောက်ဆုံး သတ်ခဲ့တာ ဂျန်ဖန်း၏ ကောင်းကင်ထောင်ထွဋ်ပိုးမျှင်ဖြစ်သည်။
တိုက်ခိုက်လို့ရသည့်ပစ္စည်းအများစုကို သူပဲရသင့်၏။
ထို့ကြောင့်, ဂျန်ဖန်း တွေဝေမနေပေ။
သူက ကျောက်စိမ်းပလာယာတစ်ခုထုတ်ယူပြီး အမွေးတွေကို အားဖြင့်နှုတ်ယူတော့၏။
တစ်ခု၊ နှစ်ခု၊ သုံးခု...
ငွေတောင်ပံမိုးကြိုးသိမ်းငှက် အမွေးအတောင်အားလုံးပြောင်စင်သွားမှသာ ဂျန်ဖန်း ကျေနပ်သွားခဲ့သည်။
ဤလောက်များပြားသည့်အတောင်တွေနှင့်ဆိုလျှင် ခြေထောက်နည်းစနစ်၏ ပထမအဆင့်ကိုလေ့ကျင့်ဖို လုံလောက်၏။
ထို့နောက်....
ဂျန်ဖန်း ယခုချိန်မှာ အမွေးပြောင်ပြီး ဧရာမကြက်ကင်ကြီးလိုဖြစ်နေသည့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကြီးကို လှည့်ပတ်ကြည့်လိုက်သည်။
သူက ခြေသည်းတွေကို စိတ်ဝင်စားပေမယ့် သယ်ဖို့ကြီးလွန်း၏။
တစ်ခဏတွေးပြီးနောက်, ဓားထုတ်ကာ ငှက်ဝမ်းဗိုက်ကို ခွဲလိုက်သည်။
မွေနှောက်ရှာဖွေပြီးနောက် လျှပ်စီးကြောင်းတွေလက်နေသည့် ငွေဖြူရောင်သလင်းအမြုတေတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအရာက နတ်ဆိုးသားရဲ၏ အတွင်းအမြုတေပင်။
ခြေသည်းတွေထက် များစွာပိုတန်ဖိုးရှိ၏။
မိုးကြိုးစွမ်းအင်မှော်လက်နက်လုပ်ဖို့ အထူးသင့်တော်၏။
အိုယန်ဂျွန်ကိုသာလက်လွဲပေးလျှင် အနည်းဆုံး အဆင့်မြင့်မှော်လက်နက်အဖြစ်သန့်စင်နိုင်ပြီး လွတ်ဆွတ်ခြင်းဆီးနှင်းထက် နိမ့်မည်မဟုတ်ပေ။
"ဒါက ရတနာပဲ..."
အိတ်ကပ်ထဲထည့်လိုက်ပြီး အစိမ်းဝတ်အကြီးအကဲပြန်မလာခင် ဂျန်ဖန်း အမြန်ထွက်ခွာသွားခဲ့သည်။
နာရီပေါင်းများစွာကြာပြီးနောက်....
ကောင်းကင်က တောက်ပနေပြီး အစိမ်းဝတ်အကြီးအကဲလည်း ပြန်ရောက်လာခဲ့သည်။
သူက အနည်းငယ်စိတ်ပျက်နေပြီး လက်ဗလာဖြင့်ပြန်လာခဲ့ရသည်။
ရှင်းလင်းစွာပဲ လိုက်သတ်တာ မအောင်မြင်ခဲ့ပေ။
"ကံကောင်းလို့, ဒီခရီးကအလကားမဖြစ်ခဲ့ဘူး။ တစ်ကောင်တော့ရှိပါသေး...."
သူ့ခြေလှမ်းတွေရပ်တန့်သွား၏။
ရှေ့ရှိ အမွေးနှုတ်ထားသည့်ကြက်ကြီးလိုအရာကိုစိုက်ကြည့်ပြီး သူ့မျက်လုံးသူ သံသယရှိနေခဲ့သည်။
အနီးကပ်စစ်ဆေးကြည့်လိုက်သည့်အခါ ဒေါသထွက်သွားပြီး မျက်နှာတွန့်လိမ်သွား၏။
"ရမ္မက်ဂိုဏ်းချုပ်, မင်းက တန်ဖိုးရှိငှက်မွေးတွေအားလုံးယူသွားတယ်ပေါ့, တစ်မွေးတောင်မချန်ခဲ့ဘူး...."
ထို့နောက် ဝမ်ဗိုက်ပြတ်နေတာမြင်သည့်အခါ....
သူ့မျက်နှာ ပိုလို့တောင် မဲမှောင်သွား၏။
"အတွင်းအမြုတေလည်း ယူသွားတာပဲလား...."
"ငါမှာတော့ အဲ့ကောင်အားနည်းသွားအောင် မနားမနေလိုက်ဖမ်းခဲ့ရတာ။ မင်းက အခွင့်ရေးယူသတ်လိုက်တာကို အဖိုးတန်ပစ္စည်းအားလုံး ယူသွားတယ်ပေါ့...."
"ငါ့အတွက် ခြေသည်းတစ်စုံပဲ ချန်ခဲ့တယ်ပေါ့...."
"တရားလွန်လွန်းတယ်...."
ထိုအခိုက်အတန့်၌....
အဖွဲ့တစ်ဖွဲ့ အလျှင်အမြန်ချည်းကပ်လာခဲ့သည်။
ထိုအရာက ယွဲ့မင်ကျူးဖြစ်ပြီး ရမ္မက်ဂိုဏ်းအကြီးအကဲတွေကိုဦးဆောင်လာခဲ့သည်။
မနေ့ညဤနေရာရှိ ရုတ်ရုတ်သဲသဲဖြစ်ပွားမှုက ကြီးမားလွန်း၍ ရမ္မက်ဂိုဏ်းကို သတိမထားမိစေဖို့ ခက်ခဲသည်။
ထို့ကြောင့် မနက်အစောကြီး ယွဲ့မင်ကျူး လူတိုင်းကို ဤနေရာသို့ ဦးဆောင်ခေါ်လာခဲ့ခြင်းဖြစ်သည်။
အဝေးရှိ အစိမ်းဝတ်အကြီးအကဲကို မြင်သည့်အခါ ယွဲ့မင်ကျူး မျက်နှာ အရောင်ပြောင်သွား၏။
သူမက အလျှင်အမြန်ပဲ ရှေ့တက်ကာ လက်ချင်းယှက်ပြီး လေးလေးစားစားပြောလိုက်သည်။
"စီနီယာရှု, ရှင်ဘာလို့ ဒီနေရာမှာရှိနေတာလဲ...."
သူမရှေ့ရှိအစိမ်းဝတ်အကြီးအကဲက ဂိုဏ်း ၉ ဂိုဏ်း၏ နံပါတ်တစ်ဓားဘုရင်ဟုကျော်ကြားပြီး အသင်္ချေဓားဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သည်။
ထို့ပြင် အသင်္ချေဓားဂိုဏ်း၏ အရင်မျိုးဆက် ဂိုဏ်းချုပ်လည်းဖြစ်သည်။
ရှုချင်းယန်....
ဓားပညာမှာကျွမ်းကျင်ပြီး ဂိုဏ်း ၉ ဂိုဏ်းမှာ ပြိုင်ဘက်ကင်း၏။
ခွန်အားအရဆိုလျှင် ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ ထိပ်ဆုံးသုံးယောက် ဝင်၏။
ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့် ယွဲ့မင်ကျူး သူ့ရှေ့၌ ဂျူနီယာတစ်ယောက်အဖြစ်သာ မှတ်ယူနိုင်၏။
သို့ပေမယ့် ယွဲ့မင်ကျူးကို အံ့အားသင့်စွာပဲ....
ရှုချင်ယန် နှာမှုတ်လိုက်သည်။
"ငါက စီနီယာလို့ခေါ်ဖို့ မထိုက်တန်ပါဘူး...."