← Chapters

အပြစ်တင်ခံရခြင်း

Vol. 21 Ch. 297

အပြစ်တင်ခံရခြင်း

Vol. 21 Ch. 297

ယွဲ့မင်ကျူး လုံးဝစိတ်ရှုပ်သွားသည်။

သူမ ရှုချင်းယန်ကို တစ်ခုခု မလေးမစားလုပ်မိသည်လား?....

"စီနီယာရှု, ကျွန်မ စီနီယာကို တစ်နည်းနည်းနဲ့ မလေးမစားလုပ်မိလို့လား...."

ရှုချင်းယန် လှောင်ပြောင်နှာမှုတ်လိုက်သည်။

မသိချင်ယောင်ဆောင်နေသည်လား?....

သူက ရှေ့ရှိ ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို ညွှန်ပြပြီး ပြောလိုက်သည်။

"ဒီငှက်ကိုသတ်ခြင်းဖြင့်, မင်းက အကျိုးဆောင်မှုကြီးကြီးမားမားလုပ်ခဲ့ပါတယ်။ အများစုလိုချင်တယ်ဆိုရင်တောင် ငါဘာမှပြောမှာမဟုတ်ဘူး...."

"ဒါပေမယ့်, ဘာလို့ အကုန်ယူသွားတာလဲ....."

ဟမ်?...

ယွဲ့မင်ကျူး နောက်ဆုံးမှာ နားလည်သွား၏။

ရှုချင်းယန် ငွေတောင်ပံမိုးကြိုးသိမ်းငှက်နောက်လိုက်ဖမ်းစဥ် တစ်စုံတစ်ယောက်က ကူသတ်ခဲ့ပုံပင်။

အဆုံး၌ ထိုလူက တန်ဖိုးကြီးအစိတ်အပိုင်းအကုန်ယူသွားပြီး သယ်ရခက်သည့်ခြေသည်းတွေသာ ချန်ထားခဲ့သည်။

ထို့ပြင် ရှုချင်ယန်က ထိုလူကို သူမနှင့်လူမှားနေတာ ဖြစ်သည်။

သူမက အကူအညီမဲ့စွာရယ်ပြီး ပြောလိုက်သည်။

"စီနီယာရှု, ရှင် နားလည်မှုလွဲနေပြီ...."

"ဒီငှက်ကိုကူသတ်တာ ငါမဟုတ်ဘူး...."

လွန်ခဲ့သည့်တစ်ညလုံး သူမက ဂျန်ဖန်းကို မြို့ထဲမှာ ရှာနေတာဖြစ်သည်။

မြို့ပြင်တောင် မထွက်ခဲ့ပေ။

ထို့ကြောင့် ငွေတောင်ပံသိမ်းငှက်ကို သတ်ဖို့က သူမအတွက်မဖြစ်နိုင်ပေ။

"ခုချိန်ထိ ဟန်ဆောင်နေသေးတယ်ပေါ့...."

ရှုချင်းယန် အမှန်တကယ် ဒေါသထွက်လာ၏။

သူက ငွေတောင်ပံမိုးကြိုးသိမ်းငှက် ဆုံးရှုံးရတာကို အများကြီးဂရုမစိုက်ပေ။

အဆုံးမှာတော့, နောက်ဆုံးတစ်ချက်တိုက်ခိုက်လိုက်တာ သူမဟုတ်ပေ။

သူက ထိုအရာကို လက်ခံ၏။

သို့ပေမယ့် ယွဲ့မင်ကျူး မသိချင်ယောင်ဆောင်နေတာက သူ့ကို အရူးတစ်ယောက်လို ဆက်ဆံနေတာပဲ မဟုတ်ဘူးလား။

"မင်းအပြင်, ဘယ်သူကဒီငှက်ကို သတ်နိုင်မှာလဲ...."

ရှုချင်းယန် ဒေါသကို မြင်သည့်အခါ, ယွဲ့မင်ကျူး ချက်ချင်း အလေးအနက်ဖြစ်လာပြီး ပြောလိုက်သည်။

"စီနီယာရှု, စီနီယာ တကယ် ကျွန်မကို အထင်လွဲနေပြီ..."

"ဒီငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို တကယ် ကျွန်မသတ်ခဲ့တာမဟုတ်ဘူး...."

"စီနီယာမယုံရင် အကြီးအကဲတွေကိုမေးကြည့်လို့ရတယ်။ ကျွန်မ သူတို့နဲ့ တစ်ညလုံးရှိနေခဲ့တာ...."

အကြီးအကဲများစွာ ခေါင်းညိတ်လိုက်ပြီး သူတို့မျက်လုံးထဲ၌ ထူးဆန်းသည့်အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထိုအရာက သူတို့ဂိုဏ်းချုပ်ဆိုတာ ရှုချင်းယန် ဘာကြောင့် အရမ်းသေချာနေရသနည်း။

ရှုချင်းယန် ပိုလို့တောင် ဒေါသထွက်လာ၏။

ဤအကြီးအကဲတွေက ရမ္မက်ဂိုဏ်းမှဖြစ်ပြီး သဘာဝအတိုင်း ရမ္မက်ဂိုဏ်းအတွက်ပဲ ပြောပေးမည်ဖြစ်သည်။

"ကောင်းပြီလေ, ယွဲ့မင်ကျူး...."

ရှုချင်းယန် ဓားမြောက်ပြီး ငှက်ကို နှစ်ခြမ်းခွဲလိုက်သည်။

သူက ဒေါသတကြီးပြောလိုက်သည်။

"ငါ ဒီငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို မလိုအပ်ဘူး...."

"ဒါပေမယ့် မင်းတို့မြင့်မြတ်အကြီးအကဲဆီကတော့ သေချာပေါက် ဖြေရှင်းချက်တစ်ခုတောင်းမယ်....."

"သူတို့တွေ ဘယ်လိုဂိုဏ်းချုပ်မျိုး လေ့ကျင့်ပေးခဲ့လဲဆိုတာ မေးချင်သေးတယ်..."

"ဟမ့်..."

သူက ဓားကိုသိမ်းပြီး ဒေါသတကြီးထွက်ခွာသွားခဲ့သည်။

ယွဲ့မင်ကျူး စိတ်ထဲမှာ အတော်ဒေါသထွက်နေပြီး ရှုချင်းယန် လုံးဝထွက်ခွာသွားသည့်အခါ ဒေါသတကြီး ပြောလိုက်သည်။

"ဒီအရူးအိုကြီး ဓားသိုင်းကျင့်လွန်းပြီး စိတ်လွတ်သွားပြီလားမသိဘူး...."

"ငွေတောင်ပံမိုးကြိုးသိမ်းငှက်ပစ္စည်းတွေ ခိုးပါတယ်လို့ ငါ့ကို အကြောင်းမဲ့လာစွပ်စွဲနေတယ်...."

"ငါက ဂိုဏ်းချုပ်တစ်ယောက်လေ။ ဒါမျိုး လုပ်ပါ့မလား..."

သူမက နှုတ်ခမ်းကိုက်ပြီး ဒေါသတကြီး ခြေဆောင့်လိုက်သည်။

မှားယွင်းအစွပ်စွဲခံရတာ မည်သူက သည်းခံနိုင်မည်နည်း။

ထိုစဥ်...

အကြီးအကဲတစ်ယောက် ငွေတောင်ပံမိုးကြိုးသိမ်းငှက်ခန္ဓာကိုယ်ကို စစ်ဆေးနေပြီး ရုတ်တရက် အမူအရာပြောင်းသွားခဲ့သည်။

ထူးဆန်းသည့်အမူအရာဖြင့် မေးလိုက်သည်။

"ဂိုဏ်းချုပ်, မင်းတကယ်ပဲ ဒီငှက်ကို မသတ်ခဲ့ဖူးလား...."

ဟမ်?....

ယွဲ့မင်ကျူး သူ့ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"နင်လည်း ရူးသွားပြီလား..."

"ငါသတ်လားမသတ်လား နင်မသိဘူးလား..."

အကြီးအကဲ ငှက်လည်ပင်းရှိပြတ်ရာကို စိုက်ကြည့်ပြီး သူ့နှာခေါင်းထိကာ ပြောလိုက်သည်။

"ဒါပေမယ့် ဒီဒဏ်ရာကို မင်းပဲလုပ်နိုင်တာ, ဂိုဏ်းချုပ်..."

အာ...

အခြားအကြီးအကဲတွေလည်း အနီးကပ်စစ်ဆေးကြည့်လိုက်ကြသည်။

ဒဏ်ရာကိုမြင်သည့်အခါ သူတို့အားလုံးအမူအရာ ပြောင်းသွားကြသည်။

သူတို့က ယွဲ့မင်ကျူးကို သံသယဖြင့် ကြည့်လိုက်ကြသည်။

ယွဲ့မင်ကျူး ပဟေဠိဖြစ်နေပြီး ချည်းကပ်လာခဲ့သည်။

ငှက်လည်ပင်းရှိဒဏ်ရာကိုကြည့်လိုက်သည့်အခါ...

လည်ပင်းက ဖြတ်ခံထားရ၏။

သို့ပေမယ့် ပြတ်ရာက ထူးဆန်းလှ၏။

ဓားဖြတ်ရာကဲ့သို့ ချောမွေ့မနေပေ။

ပြတ်သည့်နေရာမှာရှိသည့် အရေပြားနှင့်အသားတွေက အတွင်းကိုကျုံ့ဝင်သည့် လက္ခဏာတွေ ရှင်းရှင်းလင်းလင်းပြသနေ၏။

ဖြတ်ခံထားရတာထက်...

လည်ပင်းညစ်ပြီး ပြတ်သွားသလို ဖြစ်နေခဲ့သည်။

ယွဲ့မင်ကျူး အမူအရာလည်း ပြောင်းလဲသွား၏။

"ဒါ လည်ပင်းညစ်ရာပဲ...."

တစ်ခဏတွေးပြီးနောက်....

လက်ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်တောင်ထွဋ်ပိုးမျှင်ပျံသန်းထွက်လာပြီး လည်ပင်းကို ရစ်ပတ်လိုက်သည်။

ဆောင့်ဆွဲမှုနှင့်အတူ...

နောက်ထပ် ငှက်လည်ပင်းအပိုင်းတစ်ခု ပြတ်ထွက်သွားပြီး ပြတ်ရာအသစ်ပေါ်လာခဲ့သည်။

လူတိုင်း ပြတ်ရာနှစ်ခုကို စိုက်ကြည့်နေပြီး တောင့်တင်းသွားကြ၏။

နှစ်ခုက အတော်တူ၏။

အတိအကျကိုတူနေခဲ့သည်။

"ဒါ....ဒါ...."

ယွဲ့မင်ကျူး အံ့အားသင့်နေပြီး စကားမပြောနိုင်ဖြစ်နေခဲ့သည်။

ဤငွေတောင်ပံမိုးကြိုးသိမ်းငှက်က ကောင်းကင်ထောင်ထွဋ်ပိုးမျှင်ဖြင့် သတ်ခံခဲ့ရတာဖြစ်သည်။

ထို့ပြင်, ဂိုဏ်း ၉ ဂိုဏ်း၌ ကောင်းကင်တောင်ထွဋ်ပိုးမျှင်ပိုင်တာ တစ်ယောက်သာရှိသည်။

ထိုအရာက ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်ပင်။

ထပ်ပေါင်းပြောရလျှင် ဤနေရာက ရမ္မက်မြို့အပြင်ဘက်မှာဖြစ်သည်။

ရှုချင်းယန် သူမကို နားလည်မှုလွဲသွားတာ အံံသြစရာမရှိတော့ပေ။

သူမကိုယ်တိုင်တောင် သူမလုပ်ခဲ့သလားဟု သံသယဝင်မိ၏။

သို့ပေမယ့် အမွေးပြောင်ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကိုကြည့်ပြီး....

ယွဲ့မင်ကျူး အလျှင်အမြန်ပဲ အသိပြန်ဝင်လာခဲ့သည်။

ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့်, သူမက နတ်ဆိုးသားရဲတစ်ကောင်ကို ဤလောက်ထိပြောင်နေအောင် နှုတ်ပစ်မည်လား။

ထိုအရာက အခြားတစ်ယောက်ဖြစ်ရမည်ပင်။

ထိုသူက ဘယ်ကရမှန်းမသိသည့်ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကိုကိုင်ပြီး သူမအယောင်ဆောင်ခဲ့တာဖြစ်သည်။

သူမက ရှုချင်းယန်ထံမှ အပြစ်တင်မှုခံနေရချိန် ထိုလူက အကျိုးမြတ်အားလုံးယူသွားတာကိုတွေးပြီး....

ယွဲ့မင်ကျူး အလွန်မတန် ဒေါသထွက်လာခဲ့သည်။

သူမက ဘာအကျိုးအမြတ်မှမရပဲ အပြစ်တင်ခဲ့ရသည်။

"အဲ့ခွေးသူတောင်းစားက ဘယ်သူလဲ...."

"ဘယ်လိုတောင် ဒီလိုကိစ္စမျိုး လုပ်နိုင်ရတာလဲ...."

ယွဲ့မင်ကျူး ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဂျန်ဖန်း ဖမ်းမမိသည့်အပြင်, ယခု သူမ အကွက်ဆင်ခံလိုက်ရ၏။

ဘယ်လိုတောင်ကံဆိုးနေရသနည်း။

ထိုအခိုက်အတန့်၌....

အကြီးအကဲတစ်ယောက် အလျှင်အမြန်ရောက်လာပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်, ငွေတောင်ပံမိုးကြိုးသားရဲတစ်ကောင် မြို့အရှေ့ပိုင်းမှာ သောင်းကျန်းနေပါတယ်...."

"လူအများအပြား အသက်ရှုံးဆုံးကုန်ပြီ..."

နောက်ထပ်တစ်ကောင်လား?....

ယွဲ့မင်ကျူး သေဆုံးသွားသည့်ငှက်၏ အကောင်းတိုင်းရှိနေသည့် ခြေသည်းတွေကို ကြည့်လိုက်သည်။

သူမမျက်နှာ ပြောင်းလဲသွားပြီး ပြောလိုက်သည်။

"ငွေတောင်ပံမိုးကြိုးသိမ်းငှက်က နှစ်ကောင်ရှိတာပဲ...."

"ဒီတစ်ကောင်အသတ်ခံရတော့, အခြားတစ်ကောင်က လူသားတွေအပေါ် လက်စားချေတာပဲဖြစ်မယ်...."

"လာ, မြို့အရှေ့ဘက်ကို သွားကြစို့...."

ဂျန်ဖန်း....

လှည်းတစ်စီးငှားပြီး အရှေ့ဘက်ကို ဦးတည်သွားနေခဲ့သည်။

ထိုအချိန်၌...

သူက လှည်းထဲမှာ ခြေချိန်ထိုင်နေပြီး ရှေ့၌ မိုးကြိုးလျှပ်စီးတွေ တစ်ဖျစ်ဖျစ် ထွက်ပေါ်နေသည့် ငွေရောင်ငှက်မွေးတွေရှိနေခဲ့သည်။

ကျင့်ကြံရေးနည်းစနစ်ကိုအသက်သွင်းလိုက်သည်နှင့် မိုးကြိုးအမျှင်တန်းတစ်ခုက ငှက်မွေးမှထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့သည်။

သူ့မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး သွားကြားကနေ လေအေးတွေ ရှူသွင်းနေခဲ့သည်။

သို့ပေမယ့် ဤအရာက "သန့်စင်မိုးကြိုးအရိပ်သုံးခု" လေ့ကျင့်ရာ၌ လိုအပ်သည့်ခြေလှမ်းပင်။

လူတစ်ယောက်က မိုးကြိုးစွမ်းအင်ကို ခန္ဓာကိုယ်ထဲ စုပ်ယူရမည်ဖြစ်သည်။

ပြင်းထန်သည့်နာကျင်မှုကို တောင့်ခံပြီး ကျင့်ကြံရေးနည်းစနစ်ဖြင့် မိုးကြိုးစွမ်းအင်ကို ခြေထောက်ရှိသွေးကြောတွေသို လမ်းညွှန်ပေးလိုက်သည်။

ထိုမှသာ မိုးကြိုးတိုက်ခိုက်မှုနှင့် ခြေထောက်နည်းစနစ်ကို ထုတ်လွတ်နိုင်မှာဖြစ်သည်။

ငှက်မွေးတစ်ခု၊ နှစ်ခု၊ သုံးခု....

သူက မိုးကြိုးစွမ်းအင်စုပ်ယူသည့်အခါတိုင်း ညှင်းပန်းနှိပ်စက်ခံနေရ၏။

ချီလင်းလေး တစ်ခုခုကိုခံစားမိပြီး ခေါင်းပြူထွက်လာခဲ့သည်။

ဂျန်ဖန်း၏ လက်ရှိအခြေအနေကိုမြင်သည့်အခါ လျှာသပ်လိုက်သည်။

"ငါတို့နတ်ဆိုးသားရဲတွေထက်တောင် ပိုခက်ခက်ခဲခဲ ကျင့်ကြံနေတာပဲ...."

နတ်ဆိုးသားရဲတွေ၏ကျင့်ကြံရေးက ပုံမှန်အားဖြင့် ရုပ်ခန္ဓာကို နာကျင်စေ၏။

သို့ပေမယ့် မိုးကြိုးစွမ်းအင်ကို ခန္ဓာကိုယ်ထဲစုပ်ယူသည့် ဤကဲ့သို့ညှင်းပန်းနှိပ်စက်သည့်နည်းလမ်းမျိုးက နတ်ဆိုးသားရဲအနည်းငယ်သာ ကြိုးပမ်းရဲ၏။

ဖြစ်စဥ်တစ်ခုလုံးက တစ်နာရီ၊ နှစ်နာရီလောက် ကြာမြင့်ခဲ့၏။

ဂျန်ဖန်း တစ်ကိုယ်လုံး ချွေတွေစွဲနစ်နေပြီး မျက်နှာ ဖြူဖြော့နေခဲ့သည်။

ခန္ဓာကိုယ်တစ်ခုလုံးကလည်း မိုးကြိုးစွမ်းအင်ကြောင့် တောင့်တင်းနေခဲ့သည်။

ရံဖန်ရံခါ သူ့ခြေထောက်၌ မိုးကြိုးနှင့်လျှပ်စီးတွေ ခပ်ရေးရေးထွက်ပေါ်နေခဲ့သည်။

"နောက်ဆုံးတော့ပြီးသွားပြီ..."

"ဒီနည်းစနစ်က ငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်တယ်...."

လှုပ်ရှားမှုနည်းလမ်းမှာ အောင်မြင်ခြင်းကြီးအဆင့်ရောက်ရှိရပြီး၊ ခန္ဓာကိုယ်ထဲ မိုးကြိုးစွမ်းအင်ကို စုပ်ယူရ၏။

ဤကဲ့သို့ အပြင်းအထန်ကျင့်ကြံရသည့် နည်းစနစ်က သိပ်မထူးခြားလျှင် ဂျန်ဖန်း ဒေါသထွက်လွန်း၍ သွေးအန်ရမည်ဖြစ်သည်။

ကျွီး!

ရုတ်တရက် စူးရှသည့်အသံတစ်ခု ကောင်းကင်မှာထွက်ပေါ်လာခဲ့သည်။

လှည်းဆွဲနေသည့်မြင်း ရုတ်တရက် ထိတ်လန့်သွားပြီး ဝရုန်းသုန်းကား ပြေးတော့၏။ ဂျန်ဖန်းလက်ထဲရှိ ချီလင်းလေး လွင့်ထွက်လုနီးပါးပင်။

ဂျန်ဖန်း လိုက်ကာမပြီး အသံလာရာကောင်းကင်ကိုကြည့်လိုက်သည့်အခါ...

ဦးရေပြားတွေ ထုံကျဥ်သွား၏။

မိုးကြိုးလျှပ်စီးတွေ တဖျစ်ဖျစ်ထွက်ပေါ်နေသည့် ဧရာမငှက်ကြီးတစ်ကောင် သူတို့ဆီကို အရှိန်ဖြင့် လာနေခဲ့သည်။

သို့ပေမယ့် ထိုအရာက အမဲလိုက်တာမဟုတ်ပေ။

ထွက်ပြေးနေတာပဲဖြစ်သည်။

ဂျန်ဖန်း မျက်ခွံ့တွေကျုံ့သွားပြီး နှုတ်ခမ်းတွေ တွန့်လိမ်သွား၏။

နန်းတော်ဝတ်စုံဖြင့် မျက်နှာဖုံးတပ်အမျိုးသမီးတစ်ယောက် မြေပြင်ကနေလိုက်နေခဲ့သည်။

ထိုအရာက ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်မှလွဲပြီး မည်သူဖြစ်မည်နည်း။

"ငါ ဘယ်လိုလုပ် သူမဆီတည့်တည့်ကြီးပြေးဝင်မိသွားတာလဲ...."

ဂျန်ဖန်း မှန်ထဲက ကိုယ့်ကိုယ်ကို ပြန်ကြည့်ချင်သွား၏။

သူ တကယ်ပဲ ဤလောက်ကံဆိုးနေရသည်လား?....

All Chapters