ကောင်းကင်တောင်ထွဋ်ပိုးမျှင်၏ အံ့အားသင့်ဖွယ်ထွက်ပေါ်လာမှု
Vol. 21 Ch. 290
အိုယန်ဂျွန်လည်း ဆေးလုံးတွေကိုကြည့်နေပြီး အံ့အားသင့်သည့်အမူအရာပြသလာ၏။
ဤဆေးလုံးတွေနှင့်ဆိုလျှင် ကျောနက်သွေးမျက်လုံးမျောက်ဝံ အမိန့်မနာခံမှာကို စိုးရိမ်စရာမလိုတော့ပေ။
ထို့ပြင်, ပိုနေလျှင် ဂိုဏ်းကိုပြန်ယူသွားပြီး နောက်ထပ်ကျောနက်သွေးနီမျောက်ဝံ အချို့ ဖမ်းတာက လုံးဝပြဿနာမရှိပေ။
"ညီအကို, ဒီဆေးပုလင်းကို အလယ်အလတ်အဆင့်မှော်လက်နက် သုံးခုနဲ့ လှဲမယ်ဆိုရင်ကော ဘယ်လိုလဲ...."
ဂျန်ဖန်းအနည်းငယ် ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ငါ ဒါတွေကို ငွေတောင်ပံမိုးကြိုးသိမ်းငှက်တောင်ပံနဲ့လဲချင်တယ်။ တစ်လုံးကို တောင်ပံတစ်ခု...."
တပည့်များစွာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
သူတို့မှာမရှိကြောင်း အချက်ပြလိုက်သည်။
ဂျန်ဖန်း အရမ်းကြီးမအံ့သြသွားပဲ ဆက်ပြောလိုက်သည်။
"အဆင့်မြင့် ခန္ဓာသန့်စင်ကုန်ကြမ်းဆိုလည်း အဆင်ပြေပါတယ်...."
ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ သားဆိုးသားရဲတွေက အရေအတွက်ပိုများပြီး ပိုစွမ်းအားကြီး၏။
ရုပ်ခန္ဓာအဆင့်မြင့်ထားမှသာ အသက်ရှင်ဖို့အခွင့်အရေး တိုးမှာဖြစ်သည်။
သို့ပေမယ့်, "သံမဏိသွေးစစ်မှန်ကျမ်း"ကို နောက်တစ်ဆင့်မြင့်ဖို့ လိုအပ်သည့်ပစ္စည်းက သွေးဖီးနစ်ကျောက်တုံးထက် တန်ဖိုးမနည်းပေ။
သူရှေ့ရှိဤတပည့်တွေ၌ ဤကဲ့သို့ပစ္စည်းမျိုးရှိမည်မဟုတ်ပေ။
အသေအချာပင်....
အဆင့်မြင့်ခန္ဓာသန့်စင်ကုန်ကြမ်းအကြောင်းကြားသည့်အခါ, သူတို့အားလုံး စိတ်ပျက်သည့်အမူအရာ ပြသလာ၏။
သို့ပေမယ့် စွန်ချောင်ဇောင် သူ့မေးစေ့ကိုပွတ်ပြီး ပြောလိုက်သည်။
"ရုပ်ခန္ဓာအဆင့်မြင့်တဲ့ ပစ္စည်းတွေက ဂိုဏ်း ၉ ဂိုဏ်းမှာ တွေ့ရဖို့အတော်ခက်တယ်...."
"တစ်ခါက ငါ့ဆရာမှာ သွေးဖီးနစ်ကျောက်တုံးတစ်တုံး ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ လူယုတ်မာတစ်ယောက်က ယူသွားခဲ့တယ်...."
"အဲ့ပစ္စည်းက လဲလှယ်လို့ရတဲ့ဟာမဟုတ်ဘူး...."
"ဒါပေမယ့် မင်းရဲ့ရုပ်ခန္ဓာတိုးမြင့်ဖို့ ပစ္စည်းကောင်းအချို့ ငါထုတ်ပေးနိုင်တယ်...."
ပြောပြီးနောက်....
သူက လျို့ဝှက်ဆန်းကြယ်စွာပဲ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။
အထဲ၌ တွန့်လိမ်နေသည့် အနက်ရောင်ပိုးကောင်တွေဖြင့် ပြည့်နှက်နေခဲ့သည်။
"ဒါတွေက ငါတို့ဧရာမဂိုဏ်းမွေးမြူထားတဲ့လျို့ဝှက်ချက်ပဲ...."
"မင်းရဲ့ဆေးလုံးတွေနဲ့လဲမယ်, ဘယ်လိုသဘောရလဲ..."
ဂျန်ဖန်း ထိုအရာတွေကိုမြင်သည့်အခါ မျက်မှောင်ကြုတ်သွား၏။
"သွေးအလောင်းပိုးကောင်...."
"မင်းတို့ဧရာမဂိုဏ်းရဲ့ ရုပ်ခန္ဓာတွေ ပုံမှန်မဟုတ်တာ မအံ့သြတော့ပါဘူး။ လက်စသတ်တော့, ပုံမှန်လေ့ကျင့်တာအပြင် မင်တို့က ဒီ၏ညစ်ပတ်တဲ့အရာတွေ သုံးနေတာပဲ...."
"ဝေးဝေးယူသွား..."
သွေးအလောင်းပိုးကောင်တွေက အင်းဆက်အမျိုးအစားတစ်ခုဖြစ်ပြီး အလောင်းကောင်တွေ၏ သွေအနှစ်သာရကို ဝါးမျိုးပြီး ရှင်သန်ကြ၏။
သူတို့ကို အလောင်းပုံတွေကြား၌ မကြာခဏတွေ့ရတတ်သည်။
ဧရာမဂိုဏ်းက ဤပိုးကောင်တွေကို တခြားနည်းဖြင့်သုံးမည်ဟု ဘယ်သူထင်ထားမည်နည်း။
သူတို့က အစွမ်းထက်သိုင်းပညာရှင်အလောင်းတွေမှ သွေးအနှစ်သာရကို ဝါးမျိုးဖို့ သွေးအလောင်းပိုးကောင်တွေကို အသုံးပြုကြ၏။ ထို့နောက် ထိုပိုးကောင်တွေကို ပြန်စားသုံး၏။
ထိုအခါ သွေးအနှစ်သာရအချို့ကို သူတို့ကိုယ်ပိုင်စွမ်းအင်နှင့်သွေးချီအဖြစ် ပြောင်းလဲနိုင်ပြီး အချိန်တိုအတွင်းတိုးတက်စေ၏။
သို့ပေမယ့်, အဖိုးအခကလည်း များပြီး ခန္ဓာကိုယ်ကို ကြမ်းတမ်းအရုပ်ဆိုးသွားစေ၏။
ဂျန်ဖန်း တစ်ခါက ဧရာမဂိုဏ်း၏ရုပ်ဆိုးသည့်ခန္ဓာကိုယ်တွေက သူတို့ကျင့်ကြံရေးနည်းလမ်းကြောင့်လို့ထင်ခဲ့၏။
ထိုအကြောင်းပြချက်ကြောင့် "သံမဏိသွေးစစ်မှန်ကျမ်း" လေ့ကျင့်တုန်းက တူညီသည့်အကျိုးရလဒ်ရမှာကို စိုးရိမ်ခဲ့သည်။
ယခုကြည့်ရတာတော့ ကျင့်ကြံရေးနည်းလမ်းနှင့် ဘာမှမဆိုင်ပုံပင်။
အလောင်းကောင်ပုံထဲမှ ပိုးကောင်တွေကိုစားသည့်အတွေးက ဂျန်ဖန်းကို အော်ဂလီဆန်သွားစေ၏။
လူအများစု သွေးအလောင်းပိုးကောင်တွေအကြောင်းကြားဖူး၏။
သူတို့က ချက်ချင်းပဲ အကွာအဝေးခြားပြီး မနှစ်မျို့သည့်အမူအရာပြသလိုက်သည်။
စွန်ချောင်ဇောင်မျက်နှာ နီရဲသွား၏။
ဧရာမဂိုဏ်းမွေးမြူသည့်သွေးအလောင်းပိုကောင်က သာမန်ပိုးကောင်တွေနှင့် ခြားနား၏။
ထို့ကြောင့် မည်သူမှမသိလောက်ဘူးဟု ထင်ခဲ့သည်။
မမျှော်လင့်ပဲ ဂျန်ဖန်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး လူတိုင်းကို ထုတ်ပြောလိုက်သည်။
ဤအရာက သူကို အတော်ရှက်သွားစေ၏။
ဂျန်ဖန်းကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး ပြောလိုက်သည်။
"မင်းမလိုချင် မယူနဲ့ပေါ့၊ ဘာလို့ စော်ကားနေတာလဲ..."
သူက လက်သီးဆုပ်လိုက်ပြီး အက်ကွဲသံတွေ ထွက်ပေါ်လာခဲ့သည်။
တိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့သည်။
"ရပ်စမ်း...."
အိုယန်ဂျွန် အသံနက်နက်ဖြင့် ပြောလိုက်သည်။
"မင်း ဒီမှာတိုက်ရင်, ငါ့ကို မလေးစားတာနဲ့ အတူတူပဲ...."
ဖလှယ်ပွဲကို သူကဦးစီးကျင်းပတာဖြစ်သည်။
တိုက်ခိုက်ကြလျှင်, သူ့ဂုဏ်သိက္ခာ ဘယ်မှာရှိအုန်းမည်နည်း။
စွန်ချောင်ဇောင် သဘာဝတိုင်း အိုယန်ဂျွန်ကို ရန်မစချင်ပေ။ သူ့ဒေါသကိုဖိနှိပ်ပြီး ဂျန်ဖန်းကို စိုက်ကြည့်ရုံသာတတ်နိုင်၏။
"နောက်မှ မင်းနဲ့စာရင်းရှင်းမယ်...."
လူတိုင်း သူတို့နေရာ ပြန်ထိုင်လိုက်ကြ၏။
အိုယန်ဂျွန် ဂျန်ဖန်းလက်ထဲရှိ ဆေးလုံးတွေကို တွန့်ဆုတ်စွာကြည့်ပြီး ပြောလိုက်သည်။
"ဒီဆေးလုံးတွေကို ဘယ်သူမှမလဲနိုင်ဘူးဆိုမှတော့ နောက်တစ်ခုပြောင်းကြတာပေါ့...."
အစောပိုင်းက "လွမ်းဆွတ်ခြင်းဆီးနှင်း" ဖြစ်ပြီး ယခုက "ခြေသုံးလှမ်းမူးဝေခြင်း" ဆေးလုံးဖြစ်၏။
နောက်လာမည့်ပစ္စည်းတွေက ဘာမှသိပ်မထူးခြားပေ။
အသင်္ချေဓားဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ယောက် သေတ္တာတစ်ခု မထုတ်ယူခင်ထိပင်။
ထိုထဲ၌ ကြည်လင်သည့်ပိုမျှင်တွေ ရှိနေခဲ့သည်။
သူမက လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"စီနီယာအကိုတို့, ငါ တာဝန်တစ်ခုလုပ်ရင်း အကြီးအကဲတစ်ယောက်ရဲ့ ဂူအိမ်တော်ထဲကို မတော်တဆ ကျသွားခဲ့တယ်...."
"သူ့ခါးမှာ အမည်မသိပိုးမျှင်တွေနဲ့သေတ္တာတစ်ခုတွေ့ခဲ့တယ်..."
"ငါ စမ်းသပ်ကြည့်လိုက်တော့ အဲ့ပိုးမျှင်တွေက အတော်လေးမာကျောထက်ရှပြီး သတ္ထုနဲ့ကျောက်တုံးတွေကိုတောင် ဖြတ်နိုင်တယ်..."
"တစ်ယောက်ယောက်များ စိတ်ဝင်စားကြလားမသိဘူး...."
သူမအကြည့်က ပထမဦးစွာ ဂျန်ဖန်းအပေါ်၌ ရစ်ဝဲသွားပြီး ထို့နောက် အိုယန်ဂျွန်၊ နောက်ဆုံး စွန်ချောင်ဇောင်ကိုကြည့်လိုက်သည်။
ဂျန်ဖန်း တစ်ချက်ကြည့်လိုက်သည့်အခါ သူ့မျက်ခွံတွေ ကျုံ့သွား၏။
ဤအရာတွေက သူ့အနက်ရောင်ဓားသွားကိုပဲ့သွားစေည့် ကောင်းကင်တောင်ထွဋ်ပိုးမျှင်တွေ မဟုတ်လား?...
ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်၏ အသက်ရတနာလည်းဖြစ်၏။
ထို့ပြင် ဤတစ်ခု၏အရည်အသွေးက ရမ္မက်ဂိုဏ်းဂိုဏ်းချုပ်၏ဟာထက် နှစ်ဆလောက်ပိုကောင်း၏။
သူက ပတ်ဝန်းကျင်ကို တိတ်တဆိတ်ကြည့်လိုက်သည့်အခါ တစ်ယောက်မှ ထိုအရာကို မသိတာ တွေ့လိုက်ရသည်။
လက်နက်သန့်စင်ဂိုဏ်းမှ အိုယန်ဂျွန်တောင် ဂရုတစိုက် စစ်ဆေးနေခဲ့သည်။
"ကြည့်ရတာ ပိုးမျှင်တစ်ချို့နဲ့တူတယ်...."
"ဒါနဲ့ ထူးခြားတဲ့လက်နက်တွေ ပြုလုပ်လို့ရတယ်...."
"မင်းရောင်းချင်တယ်ဆိုရင်, ငါ အလယ်အလတ်အဆင့်မှော်လက်နက် နှစ်ခုနဲ့ လဲလှယ်မယ်...."
ဤအဖြေက ရှင်လင်းစွာပဲ အသင်္ချေဓားဂိုဏ်းမှ အမျိုးသမီးတပည့်ကို စိတ်ပျက်သွားစေခဲ့သည်။
သူမက ထိုဂူအိမ်ထဲဝင်ရောက်ဖို့ တန်ဖိုးကြီးကြီးပေးခဲ့ရ၏။
ကြီးမားသည့်ကံကောင်းမှုတစ်ခုရပြီထင်ခဲ့တာ အခုတော့ အဲ့လို ဟုတ်မနေပုံပင်။
သို့ပေမယ့် သူမလည်း ဤပိုးမျှင်၏အသုံးပြုပုံကို မသိပေ။
မာကျောထက်ရှတာအပြင် ဘာထူးခြားမှုမှမရှိပေ။
စွန်းချောင်ကော စိတ်မဝင်စားပဲ ပြောလိုက်သည်။
"ခန္ဓာကိုယ်ကျင့်ကြံတဲ့, ငါတို့အတွက် ပြင်ပပစ္စည်းတွေ မလိုအပ်ဘူး....."
"ဒီပိုးမျှင်တွေက အများဆုံးမှ ပစ္စည်းတွေချည်ရုံလောက်ပေါ့...."
"မင်းတကယ်ရောင်းချင်ရင်, ငါ သလင်းကျောက်တစ်ထောင်ပေးနိုင်တယ်...."
အသင်္ချေဓားဂိုဏ်းမှအမျိုးသမီးတပည့် စိတ်ပျက်အားငယ်သွား၏။
အဓိကလူနှစ်ယောက် ဤသို့ပြောလာသည်ဖြစ်၍...
ကြည့်ရာတာ ဤပိုးမျှင်တွေက မများကြီးတန်ဖိုးရှိပုံမရပေ။
သူမက တစ်ခဏတွေဝေနေပြီး အနည်းငယ်ခေါင်းခါယမ်းလိုက်သည်။
ထို့နောက် နောက်ဆုံးမျှော်လင့်ချက်အလင်းရောင်ဖြင့် ဂျန်ဖန်းဖက်လှည့်ကြည့်လိုက်သည်။
ဂျန်ဖန်းကတော့ ပွင့်ပွင့်လင်းလင်းပဲပြောလိုက်သည်။
"ငါ ဒီပစ္စည်းတွေကို စိတ်ဝင်စားတယ်...."
"မင်းဘာနဲ့လဲချင်လဲ? ငါမှာရှိရင် စဥ်းစားပေးမယ်..."
အသင်္ချေဓားဂိုဏ်းမှ အမျိုးသမီးတပည့် ထိုအရာကိုကြားသည့်အခါ အတော်လေးပျှော်ရွင်သွား၏။
သူမအမျှော်လင့်ထားဆုံးက ဂျန်ဖန်းဖြစ်ပြီး တောင်းဆိုလိုက်သည်။
"စီနီယာအကို, ငါ အဲ့ဒီဆေးလုံးအနည်းငယ်နဲ့ လဲလှယ်လို့ရမလား...."
အာ?...
ဒါပဲလား?....
ဂျန်ဖန်း ဆံထွေးသီးလုနီးပါးဖြစ်သွား၏။
သူက သူမအများအပြားတောင်းဆိုမည်ဟု ထင်ထားခဲ့သည်။
သို့ပေမယ့် သူမက ခြေသုံးလှမ်းမူးဝေခြင်း ဆေးလုံးအနည်းငယ်သာ လိုချင်ခဲ့သည်။
ရမ္မက်ဂိုဏ်းချုပ်သာ သိလျှင် ဒေါသထွက်လွန်း၍ နေရာတင် သွေးအန်သွားမည်ဖြစ်သည်။
ဂျန်ဖန်း တွေဝေနေ၏။
ဤပိုးမျှင်သေတ္တာက မယုံနိုင်လောက်အောင် တန်ဖိုးကြီး၏။
ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးအနည်းငယ်ဖြင့်လဲလှယ်တာ အတော်လး မမျှတပေ။
"ကောင်းပြီလေ...."
ဂျန်ဖန်း ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။
ထို့နောက် တိုက်ရိုက်ပဲပစ်ပေးလိုက်သည်။
"ငါမင်းကို တစ်ပုလင်းလုံးပေးလိုက်မယ်...."
အာ?.....
ရှိနေသည့်လူတိုင်း တုန်လှုပ်သွားကြသည်။
သူမက ဆေးလုံးအနည်းငယ်သာတောင်းပေမယ့် တစ်ပုလင်းလုံးပေးပစ်လိုက်သည်။
အမျိုးသမီးတပည့်လည်း ကြောင်သွား၏။
"စီနီယာအကို, နင်က ငါ့ကို အကုန်ပေးတာလား..."
ဂျန်ဖန်း တည်ငြိမ်စွာပဲ ကြေးခွံနီရေနတ်ဆိုးနဂါး၏ သွားနှစ်ချောင်းကို ထုတ်ယူလိုက်သည်။
"ဒီနှစ်ခုလည်းပေးမယ်...."
ထိုအရာကိုမြင်သည့်အခါ အိုယန်ဂျွန်အမူအရာ ပြောင်းသွား၏။
"သားရဲဘုရင်ရဲ့သွား....."
"ဒါတွေက အဆင့်မြင့်မှော်လက်နက်လုပ်ဖို့ ပြီးပြည့်စုံတဲ့ကုန်ကြမ်းတွေပဲ...."
"ပြီးတော့ နှစ်ခုတောင်..."
"ညီအကို, မင်းပေးတာ မများဘူးလား..."
ဂျန်ဖန်း ဘာမှဖုံးကွယ်မထားပေ။
သူက အမျိုးသမီးတပည့်ကို ပြောလိုက်သည်။
"မင်းလက်ထဲက ပိုးမျှင်က အတော်တန်ဖိုးကြီးတယ်...."
"ငါ မင်းမသိတာကို အခွင့်ကောင်းမယူချင်ဘူး...."
"ခြေသုံးလှမ်းမူးဝေခြင်းတစ်ပုလင်းနဲ့ အဆင့်မြင့်မှော်ရတနာလုပ်နိုင်တဲ့ သွားနှစ်ချောင်း...."
"မင်းဆန္ဒရှိရင်, လဲမယ်...."
"ဂိုဏ်းပြန်ယူသွားပြီး မင်းရဲ့အကြီးအကဲနဲ့တိုင်ပင်ချင်တယ်ဆိုလည်း, ငါ အတင်းမလုပ်ပါဘူး..."
လူအုပ် ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။
မည်သူမှတန်ဖိုးမထားသည့် ဤပိုးမျှင်တွေက လက်စသတ်တော့ အလွန်အမင်းတန်ဖိုးကြီးနေခဲ့သည်။
"လွမ်းဆွတ်ခြင်းဆီးနှင်း" ထက်တောင် ပိုတန်ဖိုးကြီးနေခဲ့သည်။
အသင်္ချေဓားဂိုဏ်းမှအမျိုးသမီးတပည့် ကြောင်အသွားပြီး တစ်ခဏ မတုံ့ပြန်နိုင်ဖြစ်သွားသည်။
သူမဒုက္ခခံပြီး ပြန်ယူလာရသည့်ဤပစ္စည်းက ဘာမှမထူးခြားဘူးဟု ထင်ခဲ့ပေမယ့် မယုံနိုင်လောက်အောင် တန်ဖိုးရှိနေခဲ့သည်။
သူမ ရုတ်တရက် အလွန်ပျှော်ရွင်သွား၏။
တွေဝေမနေပဲ ပြောလိုက်သည်။
"ငါ စီနီယာအကိုနဲ့ လဲပါ့မယ်..."
သူမက သတ္တောကို ဂျန်ဖန်းလက်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်သည်။
ဤအရာက ဂျန်ဖန်းကို ဆွံ့အသွားစေပြီး ပြောလိုက်သည်။
"မင်းမစဥ်းစားတော့ဘူးလား...."
အသင်္ချေဓားဂိုဏ်းမှအမျိုးသမီးတပည့် အလျှင်အမြန်ပဲ ပြောလိုက်သည်။
"ငါ စဥ်းစားပြီးပါပြီ..."
အာ....
ဂျန်ဖန်း သူ့နှာခေါင်းကိုထိပြီး ထူးဆန်းသည့်အမူအရာဖြင့် ပစ္စည်းတွေကို ပေးလိုက်သည်။
အသင်္ချေဓားဂိုဏ်းမှအမျိုးသမီးတပည့် သူမ၏အသစ်ပိုင်ဆိုင်မှုတွေကို ကိုင်ပြီး ချက်ချင်း ထွက်ခွာသွားခဲ့သည်။
ဂျန်ဖန်း နှောင်တရသွားမှာကို ကြောက်နေသလိုပင်။
"ဒီပစ္စည်းက တန်ဖိုးကြီးတယ်လို့ ငါသူမကို ပြောခဲ့ပါတယ်..."
ဂျန်ဖန်းစိတ်ရှုပ်သွား၏။
အိုယန်ဂျွန် ရယ်လိုက်သည်။
"ဘာတွေ နားလည်ဖို့ခက်နေတာလဲ...."
"ဒီပိုးမျှင်သေတ္တာကို သူမ ဂိုဏ်းပြန်ယူသွားရင်တောင် အများဆုံးမှ ချီးကျူးမှုအချို့နဲ့ သလင်းကျောက်တစ်ထောင်လောက်ပဲ ရမှာ..."
"ဒါမှမဟုတ်, ချီးကျူးမှုလောက်ပဲ ဖြစ်ချင်ဖြစ်နိုင်တယ်...."
"ပြီးတော့ မင်းလိုရိုးသားပြီး ပစ္စည်းကြောင်းသိတဲ့ဝယ်သူနဲ့တွေ့ဖို့က မသေချာဘူး...."
"ဒါဆို, သူမ ဘာလို့တွေဝေနေအုန်းမှာလဲ..."
ထိုအရာက တပည့်များစွာ၏ လက်တွေ့ဘဝပဲဖြစ်သည်။
ဂိုဏ်းအားလုံးနီးပါးက တပည့်တွေ၏ရရှိမှုကို ဂိုဏ်းပိုင်ပစ္စည်းအဖြစ်သတ်မှတ်ကြ၏။
ပုံမှန်အားဖြင့်, သူတို့က ထိုအရာအတွက် ဆုလဒ်အနည်းငယ်သာရရှိကြ၏။
ပါးနပ်သည့်တပည့်တွေက သူတို့ရရှိမှုတွေကို လမ်းကြောင်းအမျိုးမျိုးကနေ ငွေရဖို့နည်းလမ်းရှာကြ၏။
ဂျန်ဖန်းကဲ့သို့ ထိပ်တန်းအဆင့်ဖြုန်းတီးသူနှင့်တွေ့တာ အမျိိုးသမီးတပည့် သဘာဝအတိုင်း ဝမ်းသာ၏။
ဘာကိစ္စ ဂိုဏ်းကို ပြန်ယူသွားရမည်နည်း။
ဂျန်ဖန်း ရယ်ချင်သွား၏။
ဂိုဏ်းအသီးသီးမှပါရမီရှင်တပည့်တွေထဲ၌ အရူးတစ်ယောက်မှမရှိပေ။
သို့ပေမယ့်, သူက အမြတ်အစွန်း ကြီးကြီးမားမား ရလိုက်သေး၏။
ဤကောင်းကင်ထောင်ထွဋ်ပိုးမျှင်က သူပေးလိုက်တာထက် အနည်းဆုံး ဆယ်ဆလောက်တန်ဖိုးရှိ၏။
အိုယန်ဂျွန် အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"ညီအကို, မင်းမှာ ပစ္စည်းကောင်းတွေအများကြီးရှိတာပဲ...."
"နောက်တစ်ခုကြည့်ရအောင်..."
"ဂျူနီယာစွန်း , မင်းအလှည့်မဟုတ်လား...."
အဆင့်မြင့်ဆုံးသုံးယောက်ထဲမှ တစ်ယောက်အနေဖြင့် သူ့ပစ္စည်းက အာရုံအများအပြားကို ဆွဲဆောင်သွားခဲ့သည်။
စွန်ချောင်ဇောင်ရယ်လိုက်သည်။
"ရတနာသေးသေးလေးပါ, လူတိုင်းကြိုက်ဖို့ မျှော်လင့်ပါတယ်...."
သူက ကလေးလက်သီးဆုပ်လောက်ရှိသည့် အစိမ်းရောင်အလုံးတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းပတ်လည်၌ ညင်သာသည့်လေပြေလေညင်းတွေ ရစ်ဝဲနေခဲ့သည်။
ဂျန်ဖန်း ထိုအရာကို ချက်ချင်းမှတ်မိသွားပြီး ရုတ်ချည်း မျက်နှာပျက်သွား၏။
လေပြင်းပုလဲ....
ထိုအရာက သူလျိုချင်းရှန်ကိုပေးခဲ့သည့် လေပြင်းပုလဲပင်ဖြစ်သည်။