ကျောနက်သွေးမျက်လုံးမျောက်ဝံ
Vol. 21 Ch. 289
"မရှိဘူး...."
ဂျန်ဖန်း ခေါင်းခါယမ်းပြီး အခိုင်အမာပြောလိုက်သည်။
ဤလက်သည်းက ရမ္မက်ဂိုဏ်းဂိတ်၌ လူများစွာမြင်ဖူးပြီးဖြစ်သည်။
စွန်းချောင်ဇောင်လည်းရှိ၏။
သူသာ ယခုလဲလှယ်ဖို့ထုတ်လိုက်လျှင် အထောက်အထား ချက်ချင်းပေါ်သွားမည်ဖြစ်သည်။
စွန်ချောင်ဇောင်၏တိုင်တန်းတာကြိုက်သည့်စိတ်ဓာတ်အရ, ရမ္မက်ဂိုဏ်းကို ချက်ချင်း အကြောင်းကြားမည်ဖြစ်သည်။
ဤကိစ္စက တိတ်တဆိတ်သာဖလှယ်လို့ရ၏။
အိုယန်ဂျွန် စိတ်ပျက်သွားသည်။
အခြားလူတွေကိုမေးလိုက်သည့်အခါ တစ်ယောက်မှ မလဲလှယ်နိုင်ကြပေ။
သူက အကြီးအကျယ်စိတ်ပျက်သွားပြီး သံသေတ္တာကို အဝတ်စဖြင့် ရစ်ပတ်ကာပြောလိုက်သည်။
"ဒါဆိုလည်းကောင်းပြီလေ, နောက်တစ်ယောက် ကျေးဇူးပြုပြီး ရောင်းချင်တဲ့ပစ္စည်းပြပါ...."
သူက နောက်ထပ် ဈေးမလျော့တော့ပေ။
လူတိုင်း ရွေးချယ်စရာမရှိပဲ သူတို့မျှော်လင့်ချက်တွေကို အဆုံးသတ်ကာ နောက်လာမည့်ပစ္စည်းကို အာရုံစိုက်လိုက်ကြသည်။
ရှိနေသည့်လူတိုင်းကပါရမီရှင်တွေဖြစ်ကာ ယူလာသည့်ပစ္စည်းတွေက အတော်လေး အထင်ကြီးစရာကောင်း၏။
ဂျန်ဖန်းတောင် အများစုကြောင့် အဆွဲဆောင်ခံလိုက်ရ၏။
သို့ပေမယ့် သူ့မှာပစ္စည်းအတော်များများ ရှိပြီးသားဖြစ်၍ သူ့စိတ်ကို ဖိနှိပ်ထားရုံသာတတ်နိုင်၏။
"မင်းအလှည့်ရောက်ပြီ, ညီအကို...."
အိုယန်ဂျွန် အသိပေးလိုက်သည်။
ညကလည်းနက်လာပြီဖြစ်၍ နောက်ဆုံး၌ ဂျန်ဖန်းအလှည့်ကို ရောက်လာခဲ့သည်။
သူက ဂျန်ဖန်းအထောက်အထားကို မှန်းဆနေခဲ့သည်။ ကျော၌ ဓားနှစ်လက်နှင့် သေတ္တာတစ်ခုကိုသယ်ထားခဲ့သည်။
အရွယ်အစားကိုအခြေခံကြည့်လျှင်, ခုနှစ်ချောင်းတပ်ဗျတ်စောင်း ထည့်တာဖြစ်နိုင်၏။
လူတစ်ယောက်က ဓားပညာနှင့် အသံလမ်းစဥ်နည်းစနစ် နှစ်ခုလုံး ကျွမ်းကျင်နိုင်သည်လား?....
ဤအရာက သူ့ကို အနည်းငယ်စိတ်ရှုပ်သွားစေခဲ့သည်။
သူထုတ်ပြသည့်ပစ္စည်းကနေပဲ နောက်ခံကို ခန့်မှန်းကြည့်ရတော့မည်ဖြစ်သည်။
ဂျန်ဖန်း ပြင်ဆင်ထားပြီး အနီရင့်ရောင်ဆေးလုံးတွေရှိသည့် ပုလင်းတစ်ခုထုတ်ယူလိုက်သည်။
ထိုအရာက ကျန်ရှိသည့်ခြေသုံးလှမ်းမူးဝေခြင်း ဆေးလုံးတွေဖြစ်ပြီး တစ်ဒါဇင်လောက်သာ ကျန်တော့၏။
လူတိုင်း သိချင်စွာဖြင့်ကြည့်လိုက်ပြီး, ဆေးလုံးတွေကိုမြင်သည့်အခါ စိတ်ဝင်စားမှုပျောက်ဆုံးသွားကြသည်။
အစောပိုင်းပါရမီရှင်တပည့်တွေ ဤကဲ့သို့ဆေးလုံးအများအပြားရောင်းချပြီးသွားပြီဖြစ်သည်။
အားလုံးက အတူတူပဲဖြစ်သည်။
ကုသခြင်းဒါမှမဟုတ် ကျင့်ကြံရေးတိုးတက်သည့်ဆေးလုံးတွေသာဖြစ်သည်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ သားရဲလှိုင်းကို ခုခံဖို့ ကြေညာပြီးကတည်းက လူတိုင်းက ဤဆေးနှစ်မျိုးကို အရူးအမူး စုဆောင်းကြတော့၏။
အများစုက အလုံအလောက်စုဆောင်းပြီးကြပြီး နောက်ထပ်မလိုအပ်တော့ပေ။
အိုယန်ဂျွန် အနည်းငယ် ခေါင်းခါယမ်းလိုက်ပြီး ဂျန်ဖန်းဆီထားသည့်မျှော်လင့်ချက်တွေ အောက်ဆုံးထိ ကျသွားခဲ့သည်။
သို့ပေမယ့် သူ့၏ပွဲစီစဥ်သူတာဝန်ကိုတော့ ယဥ်ကျေးစွာ လုပ်ဆောင်နေဆဲဖြစ်သည်။
"ဒါ ဘာဆေးလုံးတွေလဲ...."
ဂျန်ဖန်း ပြန်မဖြေပဲ မေးလိုက်သည်။
"တစ်ယောက်ယောက်များ နတ်ဆိုးသားရဲတစ်ကောင်လောက်ယူလာသေးလား..."
"ကြမ်းကြုတ်လေ, ပိုကောင်းလေပဲ...."
လူတိုင်း စိတ်ရှုပ်စွာဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
သူ ဘာကိုဆိုလိုသနည်း။
ထို့ပြင်, ဘာကြောင့် ကြမ်းကြုတ်လေး ပိုကောင်းလေဖြစ်ရသနည်း။
အိုယန်ဂျွန် အံ့သြသင့်သည့်အမူအရာ ပြသလာ၏။
ဤဆေးလုံးတွေက ကုသခြင်းနှင့် ကျင့်ကြံရေးတိုးမြင့်သည့် ဆေးလုံးတွေမဟုတ်ဘူးလား...
အနည်းငယ်စိတ်ဝင်စားလာပြီး ပြောလိုက်သည်။
"ဘယ်လောက်တိုက်ဆိုင်လိုက်လဲ..."
"ငါတို့သန့်စင်ခြင်းတစ်ထောင်ဂိုဏ်း မကြာသေးခင်က သားရဲတစ်သောင်းတောင်ကနေ ကြမ်းကြုတ်နတ်ဆိိုးသားရဲတစ်ကောင် ဖမ်းမိလာတယ်..."
"အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ ဖြစ်ပြီး အတော်ကြမ်းကြုတ်တယ်။ ထိန်းကျောင်းဖို့လည်း အတော်ခက်ခဲတယ်...."
"အခု စိတ်ဝိညာဥ်သားရဲဂိုဏ်းသွားပြီး ထိန်းကျောင်းဖို့ အကူအညီသွားတောင်းမလို့...."
"အောက်ထပ်မှာရှိတယ်...."
ဂျန်ဖန်း ခေါင်းညိတ်ပြီး ကျောက်စိမ်းပုလင်းကိုကိုင်ကာ ပြတင်းပေါက်နားသွားလိုက်သည်။
လူတိုင်း နောက်က လိုက်ကြည့်လိုက်သည်။
ပြတင်းပေါက်မှ အောက်ကိုကြည့်လိုက်သည့်အခါ သူတို့က သံလှောင်အိမ်ထဲရှိ မျောက်ဝံနှင့်တူသည့် အရပ်မြင့်မြင့်သားရဲတစ်ကောင်ကို တွေ့လိုက်ရသည်။
၎င်းခြေလက်တွေ၌ လက်မောင်းလောက်ထူသည့်သံမဏိကြိုးကြီးတွေဖြင့် ချုပ်နှောင်ထားခဲ့သည်။
ထိုသို့ဆိုလျှင်တောင် သားရဲက အလွန်အမင်း ကြမ်းကြုတ်နေသေး၏။
နှာခေါင်းပေါက်မှ အသက်ပြင်းပြင်းရှူထုတ်နေပြီး သူ၏သွေးနီရောင်မျက်လုံးတွေက ပတ်ဝန်းကျင်ကို အေးစက်စွာစစ်ဆေးနေခဲ့သည်။
ရံဖန်ရံခါ, အသံနိမ့်နိမ့်ဟိန်းဟောက်နေပြီး အကျဥ်းထောင်လှည်းတစ်ခုလုံး အပြင်းအထန်တုန်ခါသွားစေ၏။
သန့်စင်ခြင်းတစ်ထောင်ဂိုဏ်း တပည့်လေးယောက် မဟာရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်ရသလို နိုးနိုးကြားကြားကြည့်နေခဲ့ကြသည်။
သူတို့မျက်နှာတွေ၌ စိုးရိမ်မှုတွေ အပြည့်ပင်။
"အတော်ကြမ်းကြုတ်တဲ့သားရဲပဲ။ ဒီအခြေအနေမှာတောင်, မာန်မလျော့သေးဘူး...."
"မျောက်ဝံပုံစံသားရဲတွေက အမြဲတမ်း အလွန်အမင်းကြမ်းကြုတ်ပြီး ထိန်းကျောင်းဖို့ခက်ခဲတယ်...."
"သူတို့စိတ်ဝိညာဥ်သားရဲဂိုဏ်းကိုပို့တာ မထူးဆန်းတော့ပါဘူး။ သာမန်လူတွေ တကယ်ပဲ ဒီလိုနတ်ဆိုးသားရဲတစ်ကောင်ကို မထိန်းကျောင်းနိုင်ဘူး...."
......
ဂျန်ဖန်း အံ့သြသည့်အမူအရာပြသလာ၏။
"တကယ် ကျောနက်သွေးမျက်လုံးမျောက်ဝံပဲ...."
"ဒါ မျောက်ဝံပုံစံသားရဲတွေထဲက အကြမ်းကြုတ်ဆုံးအမျိုးအစားတစ်ခုပဲ။ သူ့ရဲ့ ဘယ်တော့မှအရှုံးမပေးတဲ့ သဘာဝကြောင့် နာမည်ကြီးတယ်....."
"လူနည်းစုပဲ အသက်ရှင်လျက် ဖမ်းနိုင်ကြတာ...."
အို?....
အိုယန်ဂျွန် အံ့အားသင့်သွား၏။
"ညီအကို, မင်းမှာမျက်လုံးကောင်းတွေရှိတာပဲ။ ဒီသားရဲကိုတောင် သိတယ်...."
လမ်းတစ်လျှောက်၌ တစ်ယောက်မှဤသားရဲ၏နာမည်ကို အတိအကျမသိကြပေ။
ဂျန်ဖန်း အကြည့်တစ်ချက်ဖြင့် မှတ်မိသွား၏။
သူက ဂျန်ဖန်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ တိုးလာခဲ့သည်။
"ရိုးရိုးသားသားပြောရရင်, ညီအကို..."
"ဒီကျောက်နက်သွေးမျက်လုံးမျောက်ဝံကို ငါတို့ဂိုဏ်းချုပ် ကံကောင်းပြီး ဖမ်းမိခဲ့တာ...."
"အရင် ဖမ်းဖို့ကြိုးစားတုန်းက အကြိမ်ကြိမ်ကျရှုံးခဲ့တယ်။ ညီအကိုပြောသလိုပဲ, သူက အဖမ်းခံရမှာထက် သေဖို့ပဲ ရွေးချယ်တာ။ ဒါကြောင့် အသက်ရှင်လျှက်ဖမ်းမိဖို့ ခက်ခဲတယ်...."
"ဒါတောင်မှ, သူ့ရဲ့ကြမ်းတမ်းတဲ့သဘာဝကို မပြောင်းလဲဘူး...."
"ပြန်ခေါ်လာတုန်းက ငါတို့အနည်းငယ် ဒုက္ခရောက်ခဲ့ပြီး တပည့်တစ်ယောက်ဆို လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့ရတယ်..."
ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်သည်။
သူက ကျောက်စိမ်းပုလင်းထဲမှ ခြေသုံးလှမ်းမူးဝေခြင်းဆေးတစ်လုံးထုတ်ကာ အကျဥ်းထောင်ထဲ တိတိကျကျလှမ်းပစ်လိုက်သည်။
အိုယန်ဂျွန် ရယ်လိုက်သည်။
"ကြိုးစားကြည့်ဖို့မလိုပါဘူး, ညီအကို...."
"ဒီသားရဲက အရမ်းကြမ်းကြုတ်တယ်။ ဖမ်းမိကတည်းက ဘာတစ်ခုမှ မစားပဲ ငြင်းဆန်နေတာ...."
"ငါတို့ဘာကျွေးကျွေးစားမှာမဟုတ်ဘူး..."
"အားသုံးမယ်ဆိုရင်တောင်, ထွေးထုတ်တယ် ဒါမှမဟုတ် အစာအိမ်ထဲက အန်ထုတ်ပစ်တယ်...."
ဤအခိုက်အတန့်၌, သူက အတော် ဒုက္ခများသည့်အမူအရာ ပြသလာသည်။
"ငါစိုးရိမ်တာ ဒီသားရဲ စိတ်ဝိညာဥ်သားရဲဂိုဏ်းမရောက်ခင် အစာငတ်ရေငတ်နဲ့ သေသွားမှာပဲ..."
အခြားလူတွေ အံ့အားသင့်စွာပဲ လျှာသပ်လိုက်ကြသည်။
ဤမျှောက်ဝံက တကယ်ကြမ်းကြုတ်၏။
သို့ပေမယ့်....
လူတစ်ယောက်က အလျှင်အမြန်ပဲ တစ်စုံတစ်ရာမှားနေတာ သတိထားမိလိုက်သည်။
"အစာငတ်ခံတယ်? ဒါဆို သူအခု ဘာလုပ်နေတာလဲ...."
ဟမ်?....
အိုယန်ဂျွန် ငုံ့ကြည့်လိုက်သည့်အခါ, ကြောင်အသွား၏။
အကျဥ်းထောင်ထဲ၌ အနီရောင်ဆေးလုံးရှိနေပြီး ကျောနက်သွေးမျက်လုံးမျောက်ဝံက ပုံမှန်အတိုင်း ဒေါသထွက်သောင်းကျန်းနေခဲ့သည်။
၎င်းက သံမဏိကြိုးတွေကို ရုန်းကန်လွဲယမ်းနေပြီး ကျွေးသမျှအစာတိုင်းကို ငြင်းဆန်နေခဲ့သည်။
သို့ပေမယ့် ရုတ်တရက်, သူက ပတ်ဝန်းကျင်ကို အနံ့ခံကြည့်လိုက်၏။
ထို့နောက် စတင်ရှာတော့၏။
ခြေသုံးလှမ်းမူဝေခြင်းဆေးလုံးကိုရှာတွေ့သည့်အခါ, ခြေထောက်ကြီးကို ဒေါသတကြီးမြှောက်ပြီး နင်းခြေဖို့ပြင်လိုက်သည်။
သို့ပေမယ့် ဤတစ်ချိန် သူ့ခြေထောက်ကို ပြန်မချနိုင်ဖြစ်နေ၏။
ရုန်းကန်နာကျင်သည့်အမူအရာက သူ့မျက်နှာမှာ ပေါ်လာခဲ့သည်။
တဖြည်းဖြည်း ခြေထောက်ကိုပြန်ရုတ်ကာ ဖြည်းဖြည်းချင်း ကုန်းပြီး ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံးကို ကောက်ယူလိုက်သည်။
တစ်ခါတစ်ရံ သူ့ပါးစပ်ထဲထည့်ဖို့ရွယ်နေပြီး, တစ်ခါတစ်ရံ လွင့်ပစ်ဖို့ပြင်နေ၏။
အချိန်အတော်များများရုန်းကန်ပြီးနောက်,နောက်ထပ်မခုခံနိုင်တော့ပဲ တစ်လုံးလုံး မျိုချလိုက်သည်။
အိုယန်ဂျွန် အံ့အားသင့်သွား၏။
"သူ... သူတကယ်စားလိုက်တယ်...."
"ညီအကို, မင်းဆေးလုံးက တကယ်ထူးခြားတာပဲ...."
"နတ်ဆိုးသားရဲတွေ သူ့ရဲ့ဆွဲဆောင်မှုကို လုံးဝမခံနိုင်ဘူးပဲ...."
ဂျန်ဖန်း အမူအရာကင်းမဲ့နေဆဲဖြစ်သည်။
"ဆက်ကြည့်နေပါ..."
တကယ်ပင်....
သူတို့က ဆေးလုံး၏အကျိုးသက်ရောက်မှုကို မသိရသေးပေ။
အိုယန်ဂျွန် စူးစမ်းစွာကြည့်နေပြီး ဆေးလုံးအကျိုးသက်ရောက်မှုကို ခန့်မှန်းကြည့်လိုက်သည်။
"ဒါ မေ့ဆေးနဲ့တူတယ်....."
"ဒါပေမယ့် ဒီလိုအလွန်အမင်းကြမ်းကြုတ်တဲ့ ကျောနက်သွေးမျက်လုံးမျောက်ဝံလို နတ်ဆိုးသားရဲတွေကိုတော့ သက်ရောက်မှုရှိမှာမဟုတ်ဘူး....."
လမ်း၌ သူက များစွာသောမေ့ဆေးတွေကို အသုံးပြုခဲ့၏။
နတ်ဆိုးသားရဲတွေကို တစ်နာရီအတွင်းမေ့သွားစေသည့် ထိပ်တန်းအဆင့်မေ့ဆေးတွေကိုတောင် ငွေပမာဏကြီးကြီးမားမားပေးပြီး ဝယ်ယူခဲ့၏။
သို့ပေမယ့် တစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ။
ဂျန်ဖန်း၏ သေးငယ်သည့်ဆေးလုံးလေးက တကယ်ပဲ အလုပ်ဖြစ်မည်တဲ့လား....
ရလဒ်က စိတ်ပျက်စေမှာ အသေအချာပဲဖြစ်သည်။
သို့ပေမယ့်....
သူတွေးနေစဥ်, ကျောနက်သွေးမျက်လုံးမျောက်ဝံကြီး ဆေးလုံးစားပြီး အသက်ရှူချိန် ၁၀ ရှိုက်စာထက်နည်းသည့်အချိန်မှာပဲ...
ရုတ်တရက် တယိမ်တယိုင် စတင်ဖြစ်လာခဲ့သည်။
တစ်ခုခုကိုနားလည်သွားပုံရပြီး သတိမမေ့ဖို့ လှောင်အိမ်ကိုဆုပ်ကိုင်ကာ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။
သို့ပေမယ့် လွမ်းမိုးလာသည့်မူးဝေမှုကို မတွန်းလှန်နိုင်တော့ပေ။
တဖြည်းဖြည်း, ဘုန်းဆိုသည့်အသံနှင့်အတူ အပြင်းအထန် လဲကျသွားခဲ့သည်။
ရှိနေသည့်ပါရမီရှင်တပည့်တွေ လုံးဝကြောင်အသွားကြ၏။
"ဆေးသောက်ပြီး အသက်ရှူစာ၁၀ ရှိုက်ချိန်နဲ့ သတိမေ့သွားတယ်...."
"အမြုတေဖွဲ့စည်းခြင်းအဆင့်တောင်မှလား...."
"ပြီးတော့ မျှောက်ဝံလို အလွန်အမင်းကြမ်းကြုတ်တဲ့သားရဲလည်းဖြစ်နေသေးတယ်..."
"ကြောက်စရာအကောင်းဆုံးအပိုင်းက နတ်ဆိုးသားရဲ ဒီဆေးရဲ့ဆွဲဆောင်မှုကို မခုခံနိုင်တာပဲ။ ကောင်းတဲ့ပစ္စည်းမဟုတ်မှန်းသိိိသိချည်းနဲ့, မခုခံနိုင်ပဲ စာလိုက်သေးတယ်...."
"သားရဲလှိုင်းရှေ့တန်းမှာ ဒီဆေးလုံးတွေသာကျဲလိုက်ရင်, အကျိုးသက်ရောက်မှုက...."
ရွစ်! ရွစ်! ရွစ်!
တပည့်များစွာ ဂျန်ဖန်းလက်ထဲရှိ ကျန်ရှိသည့်ဆေးလုံးအနည်းငယ်ကို စူးစိုက်ကြည့်နေကြသည်။
သူတို့မျက်လုံးတွေက စိတ်အားထက်သန်မှုတွေနှင့် တောက်လောင်နေခဲ့သည်။
ဤအရာက အဖိုးမဖြတ်နိုင်သည့် ပစ္စည်းတစ်ခုပင်။
လွမ်းဆွတ်ခြင်းဆီးနင်းအပြင်, ဤအရာက ခုချိန်ထိ အကောင်းဆုံးပစ္စည်းဖြစ်နေခဲ့သည်။