← Chapters

အဆင့်မြင့်မှော်ရတနာဓား, လွမ်းဆွတ်ခြင်းဆီးနှင်း

Vol. 21 Ch. 288

အဆင့်မြင့်မှော်ရတနာဓား, လွမ်းဆွတ်ခြင်းဆီးနှင်း

Vol. 21 Ch. 288

ဟမ်?...

စုချီနင် တစ်ခဏကြောင်သွား၏။

သူမလက်ထဲရှိ ဓားမြှောင်အကြမ်းထည်ကိုညွန်ပြပြီး သံသယဖြင့် မေးလိုက်သည်။

"စီနီယာအကိုအိုးယန်, နင် ဒီဓားမြှောင်ကို ပြောနေတာလား...."

ထိုအရာက မဖြစ်သင့်ပေ။

အသွင်အပြင်နှင့်အရည်အသွေးနှစ်ခုလုံး၌ သူမအစောပိုင်းကောက်ယူခဲ့သည့် ငွေရောင်ဓားမြှောင်ထက် ပိုဆိုး၏။

ဘယ်လိုလုပ် အမြင်ကောင်းရှိသည်ပြောနေရသနည်း။

အိုးယန်ဂျွန် ပြုံးပြီး ပြောလိုက်သည်။

"စိတ်ဝိညာဥ်စွမ်းအင်ထည့်သွင်းပြီး စမ်းကြည့်လိုက်..."

စုချီနင် သံသယရှိစွာပဲ စိတ်ဝိညာဥ်စွမ်းအင် အသက်သွင်းကာ ဓားမြှောင်ထဲထည့်သွင်းလိုက်သည်။

ဝှစ်!

ဓားမြှောင်ရုတ်တရက် တုန်ခါလာပြီး မျက်နှာပြင်ရှိ အညစ်ကြေးအလွှာ ကွာကျသွားခဲ့သည်။

ထိုအခါ သလင်းကျောက်လိုကြည်လင်သည့် ဓားမြှောင်အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းက စိတ်ဝိညာဥ်အလင်းရောင်ထုတ်လွတ်နေပြီး အလယ်အလတ်မှော်ရတနာအဆင့်ကိုပင် ရောက်ရှိနေခဲ့သည်။

"အာ? ဒါက...."

စုချီနင် အသစ်ပြောင်းသွားသည့် ဓားမြှောင်ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။

ပုံစံနှင့် အရည်အသွေးကိုမေ့ထားလျှင်တောင် ထိုအရာက အစောပိုင်းငွေရောင်ဓားမြှောင်ထက် အဆင့်တစ်ခုပိုမြင့်၏။

"သေတ္တာထဲမှာ ဒါက တစ်ခုတည်းသော အလယ်အလတ်အဆင့်မှော်ရတနာပဲ...."

"ဒီက ညီငယ်မှာ အမြင်ကောင်းရှိပြီး ဒီကညီမကိုလည်း တကယ်ဂရုစိုက်တာပဲ...."

အိုယန်ဂျွန် နှစ်ယောက်ကိုပြုံးကြည့်နေပြီး သူတို့၏ဆက်ဆံရေးကိုခန့်မှန်းလိုက်၏။

အာ?....

စုချီနင် နောက်ဆုံးတော့နားလည်သွားခဲ့သည်။

သူမဘေးရှိ လူထူးဆန်းက မောက်မာပုံရသော်လည်း သူမကို အမှန်တကယ် ကူညီပေးခဲ့၏။

သို့ပေမယ့် ထိုအရာကပဲ သူမကို ပိုကြောက်လန့်သွားစေခဲ့သည်။

သူ၏အကြောင်းမဲ့ကြင်နာမှု၌ မကောင်းသည့်ရည်ရွယ်ချက်အချို့ရှိနေမည်လား....

ထိုအရာကိုတွေးပြီး အလျှင်အမြန်ပဲ ဓားမြှောင်ကို ဂျန်ဖန်းဆီသို့ပြန်ပေးလိုက်သည်။

"ငါ.. ငါ ဒါကို လက်မခံနိုင်ဘူး။ ပြန်ယူလိုက်ပါ..."

သူမ၏စိုးရိမ်သည့်အမူအရာအကိုမြင်သည့်အခါ ဂျန်ဖန်း စချင်သွားပြီး အေးစက်ချင်ယောင် ဆောင်လိုက်၏။

"ငါပေးတာကို ဘယ်သူမှငြင်းလို့မရဘူး..."

"ယူလိုက်...."

သူ့လေသံက ပြက်ချော်ချော်လုပ်နေတာနှင့် မတူသည့်အခါ စုချီနင် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွား၏။

အလျှင်အမြန်ပဲ သူမလက်သေးသေးလေးကို ပြန်ရုတ်လိုက်သည်။

ဓားမြှောင်ကိုကိုင်ထားရင်း ကိုင်ရတာအရမ်းပူလာသည်ဟု ခံစားလာရကာ သိမ်းထားရမှာလည်းကြောက် လွင့်ပစ်ဖို့လည်း တွေဝေနေခဲ့သည်။

သူမက မီးဖိုပူပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်လို စိုးရိမ်နေခဲ့သည်။

အိုယန်ဂျွန် ဂျန်ဖန်းကို သတိထားပြီး လေ့လာလိုက်သည်။

ဤလူက လျို့ဝှက်ဆန်းကြယ်ရုံသာမက အလွန်အမင်းလည်း မောက်မာ၏။

သူ့ပုံစံက ဂိုဏ်း ၉ ဂိုဏ်းတပည့်နှင့် မတူပေ။

ဂျန်ဖန်းကို လေးလေးနက်နက်ကြည့်ပြီးနောက်, ပြုံးပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။

"ညီအကို, မင်းလည်း ဘာလို့ပစ္စည်းတစ်ခု မရွေးတာလဲ...."

ဂျန်ဖန်း သေတ္တာကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"စိတ်မဝင်စားဘူး..."

သူ၌ အရွယ်အစားမျိုးစုံ, ပစ္စည်းများစွာရှိ၏။

နောက်ထပ်အသုံးမဝင်သည့်အဆင့်နိမ့်မှော်ရတနာတွေထားဖို့ နေရာမရှိတော့ပေ။

အိုယန်ဂျွန် အတော်လေးရှက်သွား၏။

သူ့ဂုဏ်းသတင်းကကျော်ကြားပြီး သူပြုလုပ်ထားသည့် မှော်ရတနာတွေကို လူအများက လိုချင်ကြ၏။ ထိုအရာတွေကိုရဖို့ အဆက်အသွယ်တွေတောင်လိုအပ်၏။

ဒါတောင်မှ ဂိုဏ်းအသီးသီးက ပါရမီရှင်တပည့်တွေကိုစည်းရုံးဖို့ကြိုးစားရာ၌ ဤလူ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။

သို့ပေမယ့် တစ်ဖက်လူ၏အတိမ်အနက်ကိုမသိရသေးပဲ သူ့ဒေါသကို ထုတ်ပြလို့မရပေ။

အမှုမထားပုံနှင့် သူ့လူတွေအား သေတ္တာမပြီး ကျန်လူတွေကိုရွေးချယ်ခိုင်းဖို့ အမိန့်ပေးလိုက်သည်။

ဂျန်ဖန်းမှလွဲပြီး လူတိုင်း လက်ဆောင်ရလိုက်ကြ၏။

ထို့နောက် သူက ပြောလိုက်သည်။

"မိတ်ဆွေတို့, အဓိကအချိန်ကိုကျရောက်လာပြီ၊ ဒါကြောင့် ငါ နောက်ထပ် အချိန်မဆွဲတော့ဘူး...."

"ပစ္စည်းဖလှယ်မှု စလိုက်ကြရအောင်...."

"ငါကပဲ စတင်လိုက်မယ်...."

ပြောပြီးနောက်...

သူက သံသေတ္တာတစ်ခုထုတ်ယူလိုက်၏။

သေတ္တာထဲရှိနေတာတောင် ၎င်းမှထုတ်လွတ်သည့် ခိုက်ခိုက်တုန်သည့်အအေးဓာတ်ကို ခံစားလို့ရ၏။

အိုယန်ဂျွန် သူတို့ကို စိတ်ထင့်နေအောင် မလုပ်ပေ။

ချက်ချင်းပဲ သံသေတ္တာကိုဖွင့်လိုက်သည်။

သလင်းကျောက်မှထွင်းထုထားသလို ကိုယ်ထည်တစ်ခုလုံး ရေခဲပြာရောင်ဖြစ်နေပြီး သုံးပေရှည်သည့်ဓားတစ်ချောင်း လူတိုင်းရှေ့မှာ ပေါ်လာခဲ့သည်။

၎င်းမှ ပြင်းထန်သည့်အအေဓာတ်ကိုထုတ်လွတ်နေပြီး ဓားသွားကလည်း ထက်ရှလှ၏။

အိုယန်ဂျွန် ဓားကိုကိုင်ပြီး ပွတ်သတ်ကာ ကျေနပ်သည့်အမူအရာ ပြသလာ၏။

"ဒါက ငါ့တစ်သက်မှာ ဂုဏ်အယူရဆုံးဖန်တီးမှုသုံးခုထဲက တစ်ခုဖြစ်တဲ့, လွမ်းဆွတ်ခြင်းဆီးနှင်းပဲ...."

ရှိနေသည့်လူအများစုက ဓားကျင့်ကြံသူတွေဖြစ်ကြ၏။

သူတို့က ဓားကိုမျက်မှောင်ကြုတ်ကြည့်နေပြီး မေးလိုက်ကြသည်။

"ဒါက ဓားတစ်ချောင်းလား၊ ဒါမှမဟုတ် ရေခဲပန်းပုတစ်ခုလား..."

ဓားတစ်လက်ဆိုတာ ရန်သူတွေကို အနိုင်ယူဖို့ဖြစ်ပြီး အလှပြဖို့မဟုတ်ပေ။

အိုယန်ဂျွန် အနည်းငယ်ပြုံးလိုက်ပြီး ဘာမှထပ်မပြောပေ။

သူက ဓားရိုးကိုကိုင်ပြီး ဘေးရှိနံရံဆီ သာမန်အတိုင်း လွဲယမ်းလိုက်၏။

ဝှစ်!

အံ့အားသင့်ဖွယ်လေအေးတစ်ခု ရေခဲဓားမှ ပေါက်ကွဲထွက်လာပြီး နံရံတစ်ခုလုံး ချက်ချင်းပဲ ထူထည်းသည့်ရေခဲအလွှာကြီးဖြင့် ဖုံးလွမ်းသွား၏။

ထိုအရာသာလူတစ်ယောက်ဆိုလျှင် ရေခဲရုပ်ထုအဖြစ် ချက်ချင်းပဲ အေးခဲသွားမည်ဖြစ်သည်။

"ဟစ်..."

သိုင်းပညာရှင်အများစု အံ့သြတုန်လှုပ်စွာပဲ မတ်တပ်ရပ်နေခဲ့ကြသည်။

"စိတ်ဝိညာဥ်စွမ်းအင် မသုံးပဲနဲ့တောင်, ဒီလိုစွမ်းအားမျိုးရှိတယ်...."

"ဒါ... ဒါက ဘယ်လိုဓားမျိုးလဲ...."

"အတော်ကြောက်စရာကောင်းတာပဲ...."

မည်သူတစ်ဦးတစ်ယောက်မှ ဓားစွမ်းအားကို နောက်ထပ်သံသယမဝင်တော့ပေ။

သူတို့အားလုံး အံ့အားသင့်သည့်အမူအရာ ပြသလာ၏။

အိုယန်ဂျွန် ရေခဲဓားကိုသေတ္တာထဲပြန်ထည့်ပြီး ပြောလိုက်သည်။

"ငါ, အိုယန်ဂျွန်ရဲ့ ဂုဏ်ယူရဆုံးဖန်တီးမှုတွေထဲကတစ်ခုဆိုမှတော့ ဘယ်လိုလုပ် သာမန်လက်နက်ဖြစ်နိုင်မှာလဲ...."

"ဒါကို ရေခဲဝိညာဥ်နဲ့လုပ်ထားပြီး နှစ်ဝက်လောက်အချိန်ကုန်ခဲ့ရတာ...."

"ဒီဓားရဲ့အဆင့်က ထိပ်တန်းမှော်ရတနာအဆင့်ပဲ...."

အာ?...

ဤစကားတွေက လူအုပ်ကြား အံ့အားသင့်ဖွယ်လှိုင်းတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

ထိပ်တန်းအဆင့်မှော်လက်နက်တွေကို ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်တွေသာ ပိုင်ဆိုင်နိုင်ကြ၏။

အကြီးအကဲတွေ၏ပိုင်ဆိုင်မှုက သူတို့အဆင့်အတန်းပေါ်မှမူတည်၏။ သန်မာသည့်စွမ်းရည်မရှိသူတွေက ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခုတောင်ရှိမည်မဟုတ်ပေ။

အိုယန်ဂျွန် တကယ်ပဲ ထိုကဲ့သို့အရာမျိုးကို ဖလှယ်ပွဲသို့ ယူလာခဲ့သည်။

ဂျန်ဖန်းမျက်လုံးတွေ တောက်ပသွား၏။

သူက မင်ရိုလန်၏ ခုနှစ်ချောင်တပ်ဗျတ်စောင်းမှ ထိပ်တန်းအဆင့်မှော်လက်နက်၏ အစွမ်းကို တွေ့ကြုံဖူး၏။

ထို့ပြင်, ဤဓား၏အရည်အသွေးက ခုနှစ်ချေင်းတပ်ဗျတ်စောင်းထက် သာ၏။

သူ၏ဓားသိုင်းနှင့်ဆိုလျှင် စွမ်းအားက ချက်ချင်း နောက်တစ်ဆင့်ကို မြင့်တက်သွားမည်ဖြစ်သည်။

လူတိုင်း၏အမူအရာကိုမြင်သည့်အခါ, အိုယန်ဂျွန် အတော်လေး ကျေနပ်သွား၏။

လက်နက်သန့်စင်သသူတစ်ယောက်အနေဖြင့်, အလိုချင်ဆုံးအရာက ကိုယ်ပြုလုပ်သည့်လက်နက်ကို လူတွေ သဘောကျတာပဲဖြစ်သည်။

သေချာပေါက်ပင်၊ သူက ဤအရာကို ဈေးပေါပေါဖြင့် ရောင်းမည်မဟုတ်ပေ။

သံသေတ္တာကိုပိတ်ပြီး လက်ချင်းယှက်ကာပြောလိုက်သည်။

"ငါ လွမ်းဆွတ်ခြင်းဆီးနှင်းကို အထူးသန့်စင်ရေးကုန်ကြမ်းနဲ့ လဲလှယ်လိုပါတယ်...."

ဤအရာကို လူတိုင်းမျှော်လင့်ထား၏။

သန့်စင်သူတွေ တန်ဖိုးအထားဆုံးက သန့်စင်ရေးကုန်ကြမ်းတွေပဲဖြစ်သည်။

လူများစွာ သူတို့၏သန့်စင်ရေးကုန်ကြမ်းတွေက လွမ်းဆွတ်ခြင်းဆီးနှင်းနှင့် လဲလှယ်ဖို့ လုံလောက်လားဆိုတာ ချင့်ချိန်နေခဲ့ကြသည်။

အိုယန်ဂျွန် အထူးအခြေအနေကို မဖော်ပြသည်အထိပင်။ ထိုအရာက လူတိုင်းကို မျှော်လင့်ချက်ဆုံးရှုံးသွားစေခဲ့သည်။

"ငါ နတ်ဆိုးအင်ပါယာရဲ့ အရိုးတစ်ခုလိုချင်တယ်။ သုံးပေအောက်လျော့လို့မဖြစ်ဘူး..."

ထိုစကားတွေကြောင့် ဆွေးနွေးသံတွေ ဆူညံသွား၏။

"နောက်နေတာလား...."

"ငါတို့မှာ နတ်ဆိုးအင်ပါယာအရိုး ဘယ်လိုလုပ်ရှိမှာလဲ..."

"ဂိုဏ်း ၉ ဂိုဏ်းနယ်မြေမှာ နာမည်ကြီးတစ်ခုတည်းသော နတ်ဆိုးအင်ပါယာအလောင်းကို အသွင်ပြောင်းကျားနတ်ဆိုးတစ်ကောင်က ပိုင်ဆိုင်ခဲ့တာ...."

"သူသေသွားတော့, အလောင်းကို ကုန်းမြေကြီးရဲ့ အင်အားကြီးပုံရိပ်လေးခုက ခွဲယူလိုက်ကြတယ်..."

"ငါတို့ဂိုဏ်း ၉ဂိုဏ်းမှာ, စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်တစ်ယောက်ပဲ အဲ့ထဲကတစ်ယောက်နဲ့အဆက်အသွယ်ရှိပြီး နတ်ဆိုးအင်ပါယာအနှစ်သာရသွေးအချို့ရခဲ့တာ...."

"ဒီလောက်တန်ဖိုးကြီးတဲ့အရိုးမျိုး ငါတို့မှာ ဘယ်လိုလုပ်ရှိမှာလဲ....."

"ဂိုဏ်း ၉ ဂိုဏ်းနယ်မြေမှာ ဒီလိုအရိုးမျိုးနဲ့ လှဲလှယ်ဖို့ မျှော်လင့်နေတာ မဖြစ်နိုင်တဲ့ကိစ္စပဲ...."

.....

ဂျန်ဖန်း တိတ်ဆိတ်နေ၏။

သန့်စင်ခြင်းတစ်ထောင်ဂိုဏ်း လူငယ်ခေါင်းဆောင်က ဂိုဏ်း ၉ ဂိုဏ်းမှာ နတ်ဆိုးအင်ပါယာအရိုးရှိမရှိမသိတာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

မဖြစ်နိုင်သည့်အခြေအနကို ရည်ရွယ်ချက်ရှိရှိကမ်းလှမ်းတာ....

သူက စိတ်ရင်းမှန်ဖြင့် အရောင်းအဝယ်မလုပ်ချင်တာ ဖြစ်နိုင်၏။

မဟုတ်လျှင်, မျှော်လင့်ချက်မြင့်မြင့်ထားပြီး ဆွေးနွေးရာမှာ အခွင့်ကောင်းရဖို့ စောင့်နေတာဖြစ်သည်။

အသေအချာပင်....

တစ်ခဏဆွေးနွေးသံတွေထွက်ပေါ်ပြီးနောက်, သူက သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် ဒီဓားရဲ့တန်ဖိုးက တကယ်ပဲ နတ်ဆိုးအင်ပါယာအရိုးနဲ့ထိုက်တန်တယ်...."

"ဈေးပေါပေါနဲ့ရောင်းလိုက်ရင် ငါ့အတွက် အကြီးအကျယ်နစ်နာရမှာ...."

သူ ဆွေးနွေးဖို့ဆန္ဒရှိနေတာကိုကြားသည့်အခါ, လူတိုင်း နောက်တစ်ကြိမ် စဥ်းစာလာ၏။

စွန်းချောင်ဇောင်မျက်လုံးတွေ တစ်လက်လက်တောက်ပလာ၏။ သူက ကျော်မှာ အချိန်အတော်ကြာသယ်ထားသည့် အဖြူရောင်နံရိုးတစ်ခုကို ထုတ်ယူလိုက်သည်။

အဖြူရောင်နံရိုး၌ နတ်ဆိုးစွမ်းအင်တွေ ရစ်သိုင်းနေခဲ့သည်။

"ဒါက ငါတို့ဂိုဏ်းတစ်ခါက အမဲလိုက်ခဲ့တဲ့ အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့် သားရဲရဲ့ အရိုးပဲ...."

"လွမ်းဆွတ်ခြင်းဆီးနှင်းနဲ့လှဲလှယ်နိုင်မလားမသိဘူး...."

အိုယန်ချင်း ချက်ချင်း သွေးဆောင်ခံလိုက်ရ၏။ သို့ပေမယ့် သေချာစစ်ဆေးကြည့်ပြီးနောက် နောင်တရစွာပြောလိုက်သည်။

"ဒီအရိုးက အနည်းဆုံး နှစ်တစ်ရာလောက်သက်တမ်းရှိပြီ။ အတွင်းပိုင်းစွမ်းအင်က အချိန်အတော်ကြာကတည်းက မှေးမှိန်နေပြီ။ အဆင့်မြင့်မှော်ရတနာပြုလုပ်ဖို့ မသင့်တော်ဘူး...."

ဂျန်ဖန်းနှလုံးသား အနည်းငယ် လှုပ်ရှားသွား၏။

ကြည့်ရတာ အိုယန်ဂျွန်၏တကယ့်ရည်ရွယ်ချက်က အမြုတေဖွဲ့စည်းခြင်းနောက်ပိုင်းအဆင့်နတ်ဆိုးသားရဲဖြစ်၏။

ငွေတောင်ပံမိုးကြိုးသိမ်းငှက်က အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ဖြစ်သော်လည်း အလယ်အလတ်အဆင့် အမြုတေဖွဲ့သားရဲသာဖြစ်သည်။

ဂျန်ဖန်း ဖြတ်ခဲ့သည့်လက်သည်းက ၎င်း၏တန်ဖိုးအရှိဆုံးအပိုင်းဖြစ်သည်။

မာကျောမှုအရ အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းသားရဲနှင့် ယှဥ်နိုင်၏။

အိုယန်ဂျွန် ကျေနပ်သင့်၏။

"ညီအကို, မင်းမှာ အမြုတေဖွဲ့စည်းခြင်းနောင်ပိုင်းသားရဲ အရိုးတစ်ခုခုများရှိလား..."

အိုယန်ဂျွန် ရုတ်တရက် ဂျန်ဖန်းကို မျှော်လင့်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

စွန်းချောင်ဇောင်အပြင်, ဤလူထူးဆန်းတစ်ယောက်သာ လှဲလှယ်ဖို့ ပစ္စည်းရှိနိုင်ခြေများ၏။

All Chapters