ကြမ်းတမ်းသည့်လျို့ဝှက််ဆန်းကြယ်လူ
Vol. 21 Ch. 287
"ငါ ထိုင်လို့ရမလား...."
ဂျန်ဖန်း မေးလိုက်သည်။
စုချီနင် မဝံ့မရဲပြောလိုက်သည်။
"ရ... ရပါတယ်...."
တစ်ဖက်မှာတော့, တန်ထျန်လုံ မကျေမနပ်ဖြစ်သွား၏။
ထိုအခိုက်အတန့်၌ လူစုံမရောက်သေး၍ ခုံအလွတ်များစွာရှိနေသေးသည်။
ဘာကြောင့် စုချီနင်ဘေးမှာ လာထိုင်ရသနည်း။
သူက အမူအရာကင်းမဲ့စွာပြောလိုက်သည်။
"စိတ်မရှိပါနဲ့။ ဒီခုံက လူရှိပြီသား..."
"ကျေးဇူးပြုပြီး နောက်တစ်နေရာရှာလိုက်ပါ...."
ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်သည်။
တန်ထျန်လုံ ဂျန်ဖန်း ထွက်သွားတော့မည်ဟု ထင်လိုက်၏။
သို့ပေမယ့် ဂျန်ဖန်း သာမန်အတိုင်း သူ့ကို ဖြတ်ရိုက်လိုက်သည်။
တန်ထျန်လုံ ဒေါသထွက်သွား၏။
ပါရမီရှင်တပည့်များစွာရှေ့၌ သူ့ကိုတိုက်ခိုက်တာက အထင်မြင်သေးနေတာ မဟုတ်ဘူးလား?...
ချက်ချင်းပဲ လက်သီးတစ်လုံးနှင့် တုံ့ပြန်လိုက်သည်။
ဘန်း!
ရလဒ်က တန်ထျန်လုံကို တုန်လှုပ်သွားစေခဲ့သည်။
ရိုရှင်းသည့်ရိုက်ချက်တစ်ခုက သူ့ကို နံရံဆီပျံသန်းသွားစေပြီး လည်းချောင်းထဲသွေးတွေပျို့တက်လာခဲ့သည်။
သူက ပြန်လည်တိုက်ခိုက်ဖို့ ခွန်အားကုန်အသုံးပြုခဲ့သည်။
သို့ပေမယ့် ပြိုင်ဘက်၏သာမန်တိုက်ခိုက်မှုတစ်ခုကိုပင် မခုခံနိုင်တော့ပေ။
ဤလူက ဘယ်လိုခွန်အားမျိုး ပိုင်ဆိုင်ထားသနည်း။
ရှိနေသည့်ပါရမီရှင်တပည့်တွေအားလုံး မျက်လုံးကျဥ်းမြောင်းသွားကြသည်။
သူတို့က ဂျန်ဖန်းအမြုတေဖွဲ့စည်းခြင်းအဆင့်မှာရှိသည်ဟု ထင်လိုက်၏။
ဂျန်ဖန်း သာမန်အတိုင်း တန်ထျန်လုံနေရာမှာထိုင်ပြီး ရေရွတ်လိုက်သည်။
"အခု ခုံလွတ်သွားပြီ..."
စုချီနင်, ဂျန်ဖန်းအရှိန်အဝါကိုခံစားမိပြီး စိုးရိမ်စွာဖြင့် နောက်ထိုင်ခုံတစ်ခုပြောင်းဖို့ ပြင်လိုက်၏။
သို့ပေမယ့် သူမလှုပ်ရှားတော့မည့်အချိန်မှာပဲ, ဂျန်ဖန်းတည်ငြိမ်စွာပြောလိုက်သည်။
"ထိုင်နေ...."
စုချီနင် အေးခဲသွား၏။
သူမက ငိုမဲ့မဲ့ဖြစ်လာပြီး တစ်လက်မမှမရွေ့ရဲပေ။
သတိထားပြီး သူမခန္ဓာကိုယ်ကိုရွေ့ကာ ဂျန်ဖန်းနှင့်အကွာအဝေးတစ်ခုခြားဖို့ ကြိုးစားလိုက်သည်။
ထိုအရာကိုမြင်သည့်အခါ, တန်ထျန်လုံ အလွန်ဒေါသထွက်သွား၏။
သို့ပေမယ့် ဘာတစ်ခွန်းမှမပြောရဲပေ။
သူတို့ကြားရှိခွန်အားကွာခြားမှုက သိသာလှ၏။
ကျန်သည့်လူတွေလည်း ဆောင်ရာသီ၏ပုစဥ်းရင်ကွဲကဲ့သို့ တိတ်ဆိတ်နေခဲ့ကြသည်။
ရတ်တရက်, အဆောက်အဦး စတင်တုန်ခါလာ၏။
လှေကားကိုကြည့်လိုက်သည့်အခါ လူတိုင်းမျက်လုံးထဲ၌ လေးစားမှုနှင့် ကြောက်ရွံ့မှုကို ပြသလာကြ၏။
လက်မောင်းတစ်ဖက်ပဲရှိသည့် ထွားထွားကြိုင်းကြိုင်းလူငယ်တစ်ယောက် လေးလံသည့်ခြေလှမ်းတွေဖြင့် တက်လာခဲ့သည်။
ခြေလှမ်းတိုင်းက တိုင်ပိုင်အဆောက်အဦးကို တုန်ယင်သွားစေ၏။
ဤကဲ့သို့ရုပ်ခန္ဓာနှင့် ဧရာမဂိုဏ်းတပည့်တစ်ယောက် ဖြစ်ရမည်ပင်။
ထို့ပြင်, စွန်ချောင်ဇောင်မှလွဲပြီး အခြားသူမဟုတ်ပေ။
တပည့်များစွာ ရှေ့တက်လာပြီး နှုတ်ဆက်လိုက်ကြသည်။
တန်ထျန်လုံ အလိုက်တသိဖယ်ပေးလိုက်ပြီး နောက်နားမှာထိုင်လိုက်သည်။
အဆုံးမှာတော့ တိုင်ပုပိုင်သေဆုံးမှုက ဧရာမဂိုဏ်းနှင့် တိမ်စိမ်းဂိုဏ်းကြား ဆက်ဆံရေးကို တင်းမာသွားစေခဲ့သည်။
စွန်းချောင်ဇောင် ပတ်ဝန်းကျင်ကို ကြည့်ရှူလိုက်သည်။
သူ အလွယ်တကူပဲ တိမ်စိမ်းဂိုဏ်းတပည့်နှစ်ယောက်ဖြစ်သည့် တန်ထျန်လုံနှင့် စုချီနင်တို့ကို မှတ်မိသွား၏။
"နေရာတိုင်းမှာ တိမ်စိိမ်းဂိုဏ်း အမှိုက်တွေ ရှိနေတာပဲ...."
"အဲ့ဒီဂျန်ဖန်း ဘယ်မှာလဲ...."
ဟမ်?...
စုချီနင် ရုတ်တရက် မျက်လုံးတွေ တောက်ပသွား၏။
"ဂျူနီယာမောင်လေးဂျန်က တိမ်စိမ်းဂိုဏ်းမှာလား....."
တန်ထျန်လုံလည်း အံ့အားသင့်သွား၏။
"သူက စိတ်ဝိညာဥ်သားရဲဂိုဏ်းကို ပစ္စည်းသွားပို့တာ မဟုတ်ဘူးလား..."
"ဘယ်လိုလုပ် ရမ္မက်ဂိုဏ်း ရောက်လာတာလဲ...."
သူတို့ပြောသံတွေကို ကြားသည့်အခါ စွန်းချောင်ဇောင်နှာမှုတ်လိုက်သည်။
"ကြည့်ရတာ အဲ့ဒီကောင်စုတ်လေး အခြေအနေမကောင်းမှန်းသိပြီး ပုန်းနေပုံရတယ်..."
"ငါသူ့ကို သင်ခန်းစာပေးဖို့ ပြင်ဆင်ထားပြီးပြီ...."
သူက ခြေလှမ်းကျဲကြီးတွေဖြင့် လျှောက်လာခဲ့သည်။
ထို့နောက် စုချီနင်နဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ရက်စက်ကြမ်းကြုတ်သည့်အမူအရာပြသလိုက်၏။
ဤအရာက စုချီနင်ကို ပိုလို့တောင် ကြောက်လန့်သွားစေခဲ့သည်။
တစ်ဖက်က လွမ်းမိုးနိုင်စွမ်းရှိပြီး လျို့ဝှက်ဆန်ကြယ်၏။
အခြားတစ်ယောက်က ရက်စက်သည့်နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။
ဘာကြောင့် သူမအရမ်းကံဆိုးနေရသနည်း။
ဂျန်ဖန်းကို သတိထားကြည့်ပြီး ခွင့်ပြုချက်တောင်းသည့်အမူအရာပြသလာ၏။
"စီ..စီနီယာအကို, ငါမနေချင်တော့ဘူး...."
"ထွက်သွားလို့ရမလား...."
ဂျန်ဖန်း လွယ်ထားသည့်ခြေသည်းကို မြေပြင်ပေါ်ပစ်ချလိုက်သည်။
ပေါင်ရာပေါင်းများစွာလေးသည့် ခြေသည်းကြီး မြေပြင်ပေါ် ဒုန်းဆိုသည့်အသံဖြင့် ပြုတ်ကျသွားခဲ့သည်။
စုချီနင် တုန်ယင်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။
"မသွားတော့ဘူး။ ကျွန်မထွက်မသွားတော့ပါဘူး...."
သူမက ခေါင်းပုလိုက်ပြီး ကြောက်ရွံ့နေသည့် ယုန်ငယ်လေးတစ်ကောင်လိုပင်။
သူမျက်လုံးတွေထဲ၌ မျက်ရည်တွေပြည့်နေပြီး တစ်ချက်မှ မလုပ်ရှားရဲပေ။
ထိုအခါမှသာ စွန်ချောင်ဇောင် ဂျန်ဖန်းကို သတိထားမိလိုက်သည်။
သူက လေးနက်သည့်အမူအရာပြသလာ၏။
မြေပြင်ပေါ်ရှိလက်သည်းက အနည်းဆုံး ပေါင်ရာပေါင်းများစွာအလေးချိန်ရှိ၏။
သို့ပေမယ့် ဤလူက ပုခုံးပေါ်မှာ အသာအယာပဲ သယ်လာခဲ့သည်။
ထိုအရာက စွန်ချောင်ဇောင်အား တစ်ဖက်လူ၏ရုပ်ခန္ဓာအလွန်သန်မာတာကို ခန့်မှန့်မိစေ၏။
ထူးဆန်းသည့်လေထုနှင့်ပေါင်းစပ်လိုက်သည့်အခါ သူက တစ်ခုခုကို နားလည်သွားခဲ့သည်။
လက်ချင်းယှက်ပြီး မေးလိုက်သည်။
"ညီအကို, မင်း ဘယ်ဂိုဏ်းကလဲဆိုတာ မေးလို့ရမလား...."
လူတိုင်း တိတ်ဆိတ်သွားကြ၏။
သို့ပေမယ့် စွန်ချောင်ဇောင်နှင့် ဤထူးဆန်းသည့်လူက ဤစုဝေးပွဲ၏ အဓိကလူတွေဖြစ်ကြ၏။
သူတို့လည်း ဤလူထူးဆန်း၏နောက်ခံကို နားထောင်ချင်၏။
"မင်းက မေးဖို့တန်လို့လား...."
သို့ပေမယ့် ဂျန်ဖန်း ထူးမခြားနားစွာ တုံ့ပြန်လိုက်သည်။
စွန်ချောင်ဇောင် ချက်ချင်း ဒေါသထွက်သွား၏။
"မင်း...."
ဧရာမဂိုဏ်းတပည့်တစ်ယောက်အနေဖြင့် ဤကဲ့သို့ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ ဘယ်လိုလုပ်သည်းခံနိုင်မည်နည်း။
သို့ပေမယ့် ဧရာမဂိုဏ်းတပည့်တွေက ဗလာသာကြီးပြီး ဦးနှောက်မရှိသည့်လူတွေမဟုတ်ပေ။
သူက အလျှင်အမြန်ပဲ တည်ငြိမ်သွား၏။
ဂျန်ဖန်းခွန်အားကို အပြည့်အဝနားမလည်သေးပဲ မဆင်မခြင် ရန်စဖို့ အစီအစဥ်မရှိပေ။
သို့ပေမယ့်, အတည်ပြုပြီးသည့်အခါ ဂျန်ဖန်းစွမ်းရည် ဘာမှထူးခြားမနေလျှင် သူ့လက်ကလွတ်မြောက်နိုင်မည်မဟုတ်ပေ။
တင်းမာသည့်လေထုကို သတိထားမိပြီး....
ပါရမီရှင်တပည့်တွေ ဉာဏ်ရှိစွာဖြင့် တိတ်တိတ်နေလိုက်ကြပြီး အသံတစ်ခုတောင် မထွက်ရဲပေ။
ဤစွမ်းအားကြီးလူနှစ်ယောက်ကို ရန်မစချင်ကြပေ။
"ဟမ်? ဘာလို့ အရမ်းတိတ်ဆိတ်နေကြတာလဲ။ ငါက ဒီမှာ ဘယ်သူမှမရှိဘူးထင်နေတာ...."
ထိုအခိုက်အတန့်၌....
လူတစ်အုပ် လှေကားပေါ်တက်လာခဲ့သည်။
သူတို့က အဝတ်ကြမ်းတွေဝတ်ဆင်ထားပြီး အသားအရေက နီရဲကြမ်းတမ်းနေ၏။
အခြားဂိုဏ်းမှ ကောင်းကောင်းဝတ်ဆင်ထားသည့် အမျိုးသား၊ အမျိုးသမီးတွေနှင့်ယှဥ်လျှင် သိသိသာသာ ကွဲပြားနေခဲ့သည်။
သို့ပေမယ့် သူတို့ရောက်လာမှုက လူအုပ်ဆီက နွေးထွေးသည့်ဆီးကြိုမှုကို ယူဆောင်သွားသည်။
"ခေါင်းဆောင်အိုးယွမ်, နောက်ဆုံးတော့ လူကိုယ်တိုင်ရောက်လာပြီပဲ...."
"သူက သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းရဲ့ နှစ်တစ်ထောင်မှာ တစ်ယောက် ပါရမီရှင်လေ...."
"ဒါပုံကြီးချဲ့ပြောတာမဟုတ်ဘူး။ သူ့လက်နက်သန့်စင်တဲ့အရည်အချင်းက လက်ရှိ သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းချုပ်ကိုတောင် ကျော်သွားပြီဆိုပဲ...."
"သိုင်းပညာနောက်ကျနေလို့သာမဟုတ်လျှင် အချိန်အတော်ကြာကတည်းက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေလောက်ပြီ...."
"ငါ့အထင်အရ, သိပ်မကြာလောက်တော့ဘူး။ သူ့သိုင်းပညာပါရမီကလည်း အတော်ကောင်းတယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီး အခြားဂိုဏ်းတပည့်ကြီးတွေထက် မနိမ့်ကျဘူး...."
"ဆယ်နှစ်သာအချိန်ပေးလိုက်, သေချာပေါက် အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့်ရောက်ပြီး ဂိုဏ်းချုပ်နေရာ ရလိမ့်မယ်..."
"အဲ့အချိန်ဆို သူက အသက်သုံးဆယ်အောက်ပဲ ရှိအုန်းမှာ..."
"အာ, သုံးဆယ်အောက်ဂိုဏ်းချုပ်တစ်ယောက်, ဂိုဏ်း ၉ ဂိုဏ်း သမိုင်းမှာ ပထမဆုံးပဲ..."
ဂျန်ဖန်း မယုံနိုင်ဖြစ်သွား၏။
ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ ဤကဲ့သို့ပါရမီရှင်ရှိသည်လား?....
ကောင်းကင်သံစဥ်ဂိုဏ်း ဖုချောင်ဟွမ်နှင့် ယှဥ်လျှင် တပည့်ကြီးအိုယန် များစွာ ပိုအထင်ကြီးစရာကောင်းနေ၏။
"ခေါင်းဆောင်?... လူတိုင်းငါ့ကို မြှောက်ပင့်လွန်းနေပါပြီ...."
အိုယန်ဂျွန် ပြုံးလိုက်ပြီး ချည်းကပ်ရလွယ်ပုံရ၏။
ဖုချောင်ဟွမ်ကဲ့သို့ မမောက်မာပေ။
"ဒီနေ့ည လူတိုင်းရောက်လာတာ ကျွန်တော့်ကို အတော်လေးဂုဏ်ယူစေပါတယ်...."
"ဒီရတနာလေးတွေကို အထင်မသေးကြဘူးဆိုရင်, တစ်ယောက်တစ်ခု ယူနိုင်ပါမယ်...."
သူ့နောက်၌ သန်မာသည့်ဂျူနီယာညီအကိုနှစ်ယောက် သေတ္တာတစ်ခုကို ရှေ့သယ်လာပြီး ရှိနေသည့်လူတိုင်းကိုပေးလိုက်သည်။
ဂျန်ဖန်းကြည့်လိုက်သည်။
သူက သေတ္တာထဲ၌ အမျိုးမျိုးသော အဆင့်နိမ့်မှော်ရတနာများစွာ တွေ့လိုက်၏။
သာမန်ဓားမော့၊ ဓား၊ လှံတွေနှင့် မြှား၊ ပေတံ၊ အပ်၊ ပုဆိန် စသည့် အခြားပြိုင်ဘက်ကင်းရတနာများစွာ....
ရွေးချယ်စရာစုံလင်ပြီး လိုချင်တာအကုန်ရှိ၏။
ထိုထက်ပိုတာက ဂျန်ဖန်း လက်နက်တစ်ခုစီ၌ စိတ်ဝိညာဥ်အလင်းတန်းတွေနှင့် ပြည့်နှက်နေပြီး အရည်အသွေးအလွန်မြင့်တာ သတိထားမိ၏။
အပြင်မှာသာရောင်းချလျှင် ဈေးကောင်းရပြီး တစ်ခုချင်းစီက သလင်းကျောက်တစ်ရာထက်နည်းမည်မဟုတ်ပေ။
သို့ပေမယ့် တက်ရောက်မှုလက်ဆောင်အဖြစ် ပေးခဲ့သည်။
ဤအိုယန်ဂျွန်က အတော်ရက်ရောတာ သံသယရှိစရာမလိုပေ။
ဒါပေါ့, အခြားတစ်ဖက်မှာ သူက လူတွေကိုစည်းရုံရာ၌ အတော်ကျွမ်းကျင်၏။
ကြမ်းတမ်းသည့်အပြင်ပန်းအောက်မှာ လုံးဝပါးနပ်သည့်စိတ်ဓာတ်တစ်ခုရှိနေခဲ့သည်။
စွန်ချောင်ဇောင် ရယ်လိုက်သည်။
"မအံ့သြတော့ပါဘူး, စီနီယာအကိုအိုယန်...."
"မင်းတစ်ယောက်ပဲ ဒီလို ရက်ရက်ရောရောပေးနိုင်မှာ...."
"ဒါဆို ငါ ယဥ်ကျေးမနေတော့ဘူး...."
သူက ပုဆိန်တစ်လက်ကိုကောက်ယူပြီး အလေးချိန်ချိန်ဆကာ အတော်လေးကျေနပ်နေခဲ့သည်။
အိုယန်ဂျွန် ပြုံးလိုက်သည်။
"ဂျူနီယာညီလေးစွန်း ကျေနပ်သရွေ့ ငါဝမ်းသာပါတယ်..."
"လူတိုင်း တစ်ခုရွေးကျပါ။ အားမနာပါနဲ့...."
မကြာမီ....
သေတ္တာက စုချီနင်ရှေ့ရောက်လာခဲ့သည်။
သူမပျော်ရွင်သွား၏။ စုဝေးပွဲမှာ ဆုတစ်ခုရဖို့ မမျှော်လင့်ထားပေ။
သူမ စတင်ရွေးချယ်လိုက်၏။
ကျောက်မျက်ရတနာစီခြယ်ထားသည့် ငွေရောင်ဓားမြှောင်တစ်ချောင်ကို သဘောကျသွားပြီး ပျော်ရွင်စွာ ဆုပ်ကိုင်လိုက်၏။
သို့ပေမယ့် ဂျန်ဖန်း ရုတ်တရက်, ထိုအရာကို သူမလက်ထဲမှလုယူပြီး သေတ္တာထဲပြန်ထားလိုက်သည်။
ထို့နောက် တစ်ဝက်တစ်ပျက်သာပြီးသေးသည့် အနက်ရောင်ဓားမြောင်တစ်ခုကိုယူပြီး သူမလက်ထဲထည့်ပေးလိုက်သည်။
"ဒီတစ်ခုယူလိုက်...."
စုချီနင် ပြန်ထည့်လိုက်သည့် လှပသည့်ဓားမြှောင်ကိုကြည့်လိုက်သည်။ ထို့နောက် သူမလက်ထဲရှိ ရုပ်ဆိုးဆိုးဓားမြှောင်ကို ကြည့်လိုက်သည်။
သူမနှုတ်ခမ်းတွေတုန်ယင်နေပြီး မကျေနပ်ချက်ကြောင့် မျက်လုံးထဲမှ မျက်ရည်တွေကျလာခဲ့သည်။
ဤအရာက မမျှတလွန်း၏။
သူမက ဘာကြောင့် လှပသည့်ဓားမြှောင် ယူလို့မရတာနည်း။
ဘာကြောင့်လဲ?...
တန်ထျန်လုံမျက်လုံးတွေလည်း ဒေါသတွေနှင့် ပြည့်နှက်သွား၏။
ဤကောင်က တကယ်အနိုင်ကျင့်လွန်း၏။
သို့ပေမယ့် ထိုစဥ်....
အိုယန်ဂျွန် အဓိပ္ပာယ်ပါပါပြုံးပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
"ညီအကိုက အမြင်ကောင်းရှိသားပဲ....."