ကြီးမြတ်သူကုလီနှင့် ယှဉ်ပြိုင်ခြင်း...
Vol. 53 Ch. 773
လင်းယွမ်က အလွှာဆယ့်နှစ်သို့ တက်လှမ်းမီ အဆိုးဆုံအတွက် ပြင်ဆင်ထားခဲ့သည်။ ၎င်းက အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ကယ်တင်မှုထက် ကျော်လွန်သော လုံးဝ ပျက်ဆီးသွားခြင်းကိုဖြစ်သည်။
ထို့ကြောင့် သူက ဆန်းကြယ်သော ဘူးသီးခြောက်ကိုလည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် မထားဘဲ အချိန်လေဟာနယ်၏ နက်ရှိုင်းရာတွင် ထားခဲ့ခြင်းဖြစ်သည်။ သူ၏ အချိန်လေဟာနယ်အပေါ် နားလည်မှုဖြင့် စကြာဝဠာထဲမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ဘူးသီးခြောက်၏ တည်နေရာကို ရှာဖွေနိုင်မည်မဟုတ်ပေ။
နှစ်ထောင်ပေါင်းများစွာ ကြာလျှင် ဘူးသီးခြောက်က အချိန်လေဟာနယ် လျော့ရဲလာပြီး လင်းယွမ်ချန်ထားခဲ့သော အချက်အလက်များကို သယ်ဆောင်က ခူသားမျိုးနွယ်၏ အလယ်ပိုင်းကြယ်နယ်မြေသို့ ရွေ့လျားသွားမည်ဖြစ်သည်။ လင်းယွမ်၏ အစီအစဉ်တွင် သူအမှန်တကယ် သေဆုံးသွားလျှင် ဆန်းကြယ်သော ဘူးသီးခြောက်က လူသားမျိုးနွယ်ကို ကြီးမားစွာ အကျိုးပြုဦးမည်ဖြစ်သည်။
ယခုမူ အရာအားလုံး ချောမွေ့သွားခဲ့သည်။ လင်းယွမ်က သူ၏ လက်ထဲရှိ ဘူးသီးကို ကြည့်လိုက်သည်။ သူ၏ အသားနှင့်ထိတွေ့သောအခါ ဘူးသီးခြောက်က တစ်စုံတစ်ခုကို ခံစားမိပုံရပြီး ၎င်း၏ မူလမီးခိုးရောင်က စတင်မှေးမှိန်လာသည်။
" ဒါ အသွင်ကူးပြောင်းနေတာပဲ။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်ပြီး ဘူးသီးခြောက်ကို အတွင်းစကြာဝဠာထဲသို့ ထည့်သွင်းလိုက်သည်။
စကြာဝဠာ၏ နေရာအနှံ့တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက လင်းယွမ် အလွှာဆယ့်နှစ်သို့ တက်လှမ်းသည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။ လင်းယွမ်၏ အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းက စကြာဝဠာ၏ အနာဂတ်အခြေအနေကို သက်ရောက်စေသောကြောင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများက လျစ်လျူရှုခြင်းမရှိကြပေ။
အထူးသဖြင့် ထျန်းယုမျိုးနွယ်၊ အင်းဆက်မျိုးနွယ်နှင့် အခြားမျိုးနွယ်များက လူသားမျိုးနွယ်နှင့် ရန်သူများဖြစ်ကြပြီး သူတို့ကြားတွင် မပြေလည်နိုင်သော ရန်ငြိုးများ ရှိနေကြသည်။
လင်းယွမ်က အလွှာဆယ့်နှစ်သို့ အမှန်တကယ် တက်လှမ်းခဲ့လျှင် သူတို့နှင့် သူတို့မျိုးနွယ်များက အနာဂတ်တွင် ခက်ခဲသော ကာလကို ရင်ဆိုင်ရမည်ဖြစ်သည်။ သူတို့က မျိုးနွယ်ကာကွယ်ရေးလက်နက်အတွင်း ပုန်းအောင်းပြီး အသက်ရှင်ရန် ကြိုးစားရပေလိမ့်မည်။
" နဂါးငွေ့တန်းကြယ်သခင် မင်းကျရှုံးရမယ်။ "
" မင်းအလွှာဆယ့်နှစ်ကို တက်လှမ်းလို့ မရဘူး။ "
ထိုအချိန်တွင် လင်းယွမ်၏ အော်ရာက စကြာဝဠာအတွင်း တစ်ဖန် ပြန်ပေါ်လာသည်။ တစ်ချိန်တည်းတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများလည်း နဂါးငွေ့တန်းကြယ်သခင်၏ ကြောင်းကျိုးဆက်နွယ်မှုကို ခံစားလိုက်ရသည်။
နဂါးငွေ့တန်းကြယ်သခင်၏ အော်ရာနှင့် ကြောင်းကျိုးဆက်နွယ်မှုများ ပြန်ပေါ်လာခြင်းမှာ သူက အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို အောင်မြင်ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်သည်ကို ဖော်ပြနေသည်။
" အလွှာဆယ့်နှစ်..."
" နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်ထဲကို တက်လှမ်းသွားပြီ။ "
" သွားပြီ။ အလွှာဆယ့်တစ်မှာ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်ကို ဖိနှိပ်နိုင်ခဲ့တယ်။ အခု အလွှာဆယ့်နှစ်ကို ရောက်နေပြီဆိုတော့ သူ့ရဲ့ အသက်အနှစ်သာရက ခုန်တက်သွားပြီ။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ စွမ်းအားက အရင်ထက် အများကြီးသာလွန်သွားလိမ့်မယ်။ "
" နဂါးငွေ့တန်းကြယ်သခင်ကို ဘယ်သူယှဉ်နိုင်မှာလဲ။ "
" ငါ လူသားမျိုးနွယ်ကို ဆက်သွယ်ပြီး နဂါးငွေ့တန်းကြယ်သခင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရမယ်။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက သူတို့၏ ကိုယ်ပိုင်အတွေးများ ရှိကြသည်။ သို့သော် နှစ်ပေါင်းများစွာအတွင်း စကြာဝဠာပျက်ဆီးသည်အထိ စကြာဝဠာ၏ အနာဂတ်က နဂါးငွေ့တန်းကြယ်သခင်ပေါ်တွင် မူတည်နေပေလိမ့်မည်။
" အချိန်ကျပြီ။ " လင်းယွမ်က ထရပ်ပြီး ဦးတည်ရာတစ်ခုသို့ လှမ်းလိုက်သည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က သူ့ကို ကာကွယ်ပေးခဲ့သည်။ ယခု သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ပြီဖြစ်သောကြောင့် သူတို့နှင့် တွေ့ဆုံရပေလိမ့်မည်။
ကြယ်စကြာဝဠာတွင် ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားကြီးမြတ်သူများက ဝမ်းသာနေကြသည်။ သူတို့ကလည်း နဂါးငွေ့တန်းကြယ်သခင်၏ အော်ရာနှင့် ကြောင်းကျိုးဆက်နွယ်မှုကို သဘာဝအတိုင်း ခံစားမိကြသည်။ ထိုအချိန်တွင် အဝေးမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
" လင်းယွမ်..." ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။
ထိုအချိန်တွင် သူက မည်သည့်အော်ရာကိုမှ မခံစားရပေ။ သူ၏ ရှေ့တွင် မည်သူမှမရှိသကဲ့သို့ ဖြစ်နေသည်။ ၎င်းမှာ လင်းယွမ်၏ စွမ်းအားနှင့် နယ်ပယ်က သူထက် သာလွန်ကြောင်း ဖော်ပြနေသည်။
" လင်းယွမ် အလွှာဆယ့်နှစ်ကို ရောက်သွားပြီလား။ " ကြီးမြတ်သူရွှမ်ယွမ်က လင်းယွမ်ကို ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် အတော်လေး သေချာနေသော်လည်း မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
" အလင်းလှေက တောင်တန်းများစွာကို ဖြတ်ကျော်နိုင်ခဲ့ပြီ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" ကောင်းတယ် အရမ်းကောင်းတယ်..." ကြီးမြတ်သူရှချင်က အလွန်ဝမ်းသာနေသည်။
ကြီးမြတ်သူများက အလွန်ကျေနပ်နေသည်။ နှစ်တစ်သန်းကျော်ကြာပြီးနောက် လူသားမျိုးနွယ်က ဆယ်ယောက်မြောက် ကြီးမြတ်သူကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် လင်းယွမ်၏ တည်ရှိမှုက အလွှာဆယ့်နှစ် တည်ရှိမှုအဖြစ် ရိုးရိုးရှင်းရှင်း ဖော်ပြ၍မရပေ။
" လေးစားစရာပဲ။ " ကြီးမြတ်သူရှုချန်က ပြောလိုက်သည်။ " လင်းယွမ် မင်းက ဆင့်ကဲပြောင်းလဲသူအဖြစ် နှစ်တစ်ထောင်အတွင်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ။ ဒါဖြစ်နိုင်တယ်လို့ အရင်ကတစ်ခါမှ မတွေးဖူးဘူး။ "
လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားကို ဘေးဖယ်ထားလျှင်တောင် အလွှာဆယ့်နှစ်သို့ တက်လှမ်းသည့်အချိန်က စကြာဝဠာခေတ်များစွာအတွင်း ဒဏ္ဍာရီတစ်ခု ဖန်တီးနိုင်သည်။
ထို့အပြင် လင်းယွမ်ကျင့်ကြံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူကိုယ်တိုင်ဖန်တီးထားသော လမ်းစဉ်ဖြစ်ပြီး တည်ငြိမ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် အဆပေါင်းများစွာ ပိုမိုခက်ခဲသည်။
" နှစ်တစ်ထောင်လား။ ငါ အသက်တစ်ထောင်တုန်းက အလွှာရှစ်တောင်မရောက်သေးဘူး။ " ကြီးမြတ်သူတစ်ယောက်က သက်ပြင်းချလိုက်သည်။
" ကံကောင်းလို့ပါ။ " လင်းယွမ်က နှိမ့်ချစွာ ပြောလိုက်သည်။
" ခွန်အားက ခွန်အားပဲ။ ကံကောင်းတာက ဘာပြောစရာရှိလဲ။ " ကြီးမြတ်သူရွှမ်ယွမ်က ခေါင်းခါပြီးပြောလိုက်သည်။
" လင်းယွမ် နှိမ့်ချနေဖို့မလိုပါဘူး။ မင်းက ငါတို့ထက် သာတာ အမှန်ပဲ။ " ကြီးမြတ်သူရှုချန်က ခေါင်းညိမ့်လိုက်သည်။
" လင်းယွမ် ငါမင်းကို မေးစရာရှိတယ်။ " ကြီးမြတ်သူကုလီက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" မေးပါ။ " လင်းယွမ်က လေးနက်စွာ ပြန်ဖြေလိုက်သည်။
" လင်းယွမ် မင်း အလွှာဆယ့်တစ်မှာတုန်းက အလွှာဆယ့်နှစ် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ အခု မင်းက အလွှာဆယ့်နှစ်ကို ရောက်သွားပြီဆိုတော့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်အဆင့်ကို ရောက်သွားပြီလဲ။ " ကြီးမြတ်သူကုလီက တိုက်ခိုက်လိုစိတ်နှင့် မေးလိုက်သည်။
" မှန်တယ်။ လင်းယွမ် မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်အဆင့်မှာလဲ။ " ကြီးမြတ်သူရှုချန်က မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။
စကြာဝဠာထဲတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူ အနည်းငယ်သာရှိပြီး သူတို့က တစ်ယောက်နှင့်တစ်ယောက် အနိုင်မယူနိုင်ကြပေ။
" ဒီစကြာဝဠာထဲမှာတော့ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နဲ့ညီမျှပါတယ်။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်က စကြာဝဠာ၏ ကန့်သတ်ချက်ဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က လွှမ်းမိုးခြင်းအဆင့် တိုက်ခိုက်ရေးစွမ်းအားကို အလွယ်တကူ ထုတ်ဖော်နိုင်သည်။
" လမ်းစဉ်ခွဲထွက်ခြင်အဆင့် အထွတ်အထိပ်လား။ "
" အလွှာဆယ့်နှစ်ကို ခုမှ ဝင်ရောက်တာတောင် လမ်းစဉ်ခွဲထွတ်ခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နေပြီလား။ " ကြီးမြတ်သူကုလီက အံ့အားသင့်သွားသည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူများက လင်းယွမ်ကို အလွှာဆယ့်နှစ်သို့ ဝင်ရောက်ပြီးနောက် နှစ်အနည်းငယ်အတွင်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် လင်းယွမ်က ယခုအလွှာဆယ့်နှစ်သို့ ဝင်ရောက်ပြီးနောက် ချက်ချင်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။
" ကျွန်တော်တို့ ပြိုင်ကြည့်လို့ရပါတယ်။ " လင်းယွမ်က ကြီးမြတ်သူများ ကျေနပ်စေရန်ပြုံး၍ ပြောလိုက်သည်။
" ကောင်းပြီ။ ဒါဆို ငါအရင်သွားလိုက်မယ်။ " ကြီးမြတ်သူကုလီက တက်ကြွစွာဖြင့် ပြောလိုက်သည်။
စကြာဝဠာထဲတွင် ကပ်ဘေးမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်သာ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီး သူတို့၏ ခွန်အားကို ထုတ်ဖော်ရာတွင်လည်း ကန့်သတ်ချက်များစွာ ရှိသည်။ သူတို့ကို ဖိအားပေးပြီး ယှဉ်ပြိုင်ရန်လည်း နည်းလမ်းမရှိပေ။
သို့သော် လင်းယွမ်က လူသားမျိုးနွယ်မှ ဖြစ်သောကြောင့် သူတို့က ထိခိုက်မှုရှိမည်မဟုတ်ပေ။
" မင်းအရင်စပါ။ " ကြီးမြတ်သူကုလီက ပြောလိုက်သည်။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကို ရင်ဆိုင်ရာတွင် အဓိကအားဖြင့် ကာကွယ်မှုကို အာရုံစိုက်ရပေလိမ့်မည်။ သို့မှသာ လမ်းစဉ်ခွဲထွက်ခြင်အဆင့် အထွတ်အထိပ်၏ စွမ်းအားကို စစ်မှန်စွာ ခံစားရပေလိမ့်မည်။
" ကျွန်တော် ရုပ်ခန္ဓာရဲ့ ခွန်အားကိုပဲ အသုံးပြုပါမယ်။ " လင်းယွမ်က ညာလက်ကို မြှောက်ပြီး ကြီးမြတ်သူကုလီရှိရာသို့ ဖိချလိုက်သည်။
ဝုန်း ဝုန်း ဝုန်း...
ကြောက်စရာကောင်းသော ရုပ်ခွန်အားက အချိန်လေဟာနယ်ကို စတင်သက်ရောက်လာသည်။ ကြီးမြတ်သူကုလီက အစွမ်းကုန် ခုခံပြီး လင်းယွမ်၏ လက်ကို ရပ်တန့်ရန် ကြိုးစားသော်လည်း အချည်းနှီးသာဖြစ်သည်။
ထို့နောက် ကြီးမြတ်သူကုလီက ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း အချိန်လေဟာနယ်က လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ရုပ်ခန္ဓာ၏ ကြီးမားသော စွမ်းအားကို ရိုးရှင်းစွာ ထုတ်ဖော်ခြင်းက အချိန်လေဟာနယ်ကို သက်ရောက်စေပြီး လင်းယွမ်အတွက် ထူးခြားသော နယ်ပယ်တစ်ခုဖြစ်ပေါ်စေခဲ့သည်။
ဖြည်းညင်းစွာကျလာသော လင်းယွမ်၏ လက်က ကြီးမြတ်သူကုလီ၏ အမြင်တွင် စကြာဝဠာပြိုကျသကဲ့သို့ ဖြစ်ပြီး သူ၏ မြင်ကွင်းတစ်ခုလုံးက ထိုလက်တစ်ဖက်တည်းနှင့် ပြည့်နှက်နေသည်။
" ရပ် ရပ် ရပ်..." ကြီးမြတ်သူကုလီက ချက်ချင်း အော်လိုက်သည်။