← Chapters

အချိန်မြစ်၏ ကမ်းခြေသို့ ဆင်းသက်ခြင်း....

Vol. 53 Ch. 774

အချိန်မြစ်၏ ကမ်းခြေသို့ ဆင်းသက်ခြင်း....

Vol. 53 Ch. 774

" လင်းယွမ် တော်ပြီ..." ကြီးမြတ်သူရှုချန်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

သူက ကြီးမြတ်သူကုလီပြီးလျှင် လင်းယွမ်နှင့် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သည်။ သို့သော် ယခု ကိုယ့်အရှက်ကို ပြန်မခွဲခြင်းက ပိုကောင်းသည်ဟု ခံစားရသည်။

" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်က ဒီလောက်တောင် ကြောက်စရာကောင်းတာလား။ " ကြီးမြတ်သူကုလီက လင်းယွမ်၏ လက် ပြန်ရုတ်သိမ်းသွားသောအခါ အံ့ဩစွာ ပြောလိုက်သည်။

ထိုလက်ဝါးတစ်ခု၏ အောက်တွင် ကြီးမြတ်သူကုလီက အသန်မာဆုံး ဝှက်ဖဲကို အသုံးပြုလျှင်တောင် ဒဏ်ရာရလိမ့်မည်ဟု ခံစားရသည်။ ထို့အပြင် လင်းယွမ်က ပေါ့ပေါ့ပါးပါး ဖိချလိုက်ခြင်းဖြစ်သည်။

" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်..." ကြီးမြတ်သူရွှမ်ယွမ်က လင်းယွမ်ကို လေးနက်စွာ ကြည့်လိုက်သည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်က ထိုမျှကြောက်စရာမကောင်းပေ။ အမှန်တကယ် ကြောက်စရာကောင်းသည်မှာ လင်းယွမ်ပင် ဖြစ်သည်။

" လင်းယွမ် မင်း အလွှာဆယ့်နှစ်ကို တက်လှမ်းနိုင်သွားပြီဆိုတော့ ငါတို့သွားတော့မယ်။ " ကြီးမြတ်သူရွှမ်ယွမ်က ပြောလိုက်သည်။

အလွှာဆယ့်နှစ်သို့ စတင်တက်လှမ်းပြီးချိန်တွင် အားနည်းသော အချိန်​ဖြစ်သောကြောင့် သူတို့က အနည်းငယ် စောင့်ရန် စီစဉ်ခဲ့ကြသည်။ အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများက အခွင့်အရေးယူပြီး တိုက်ခိုက်ခဲ့လျှင် ပြဿနာရှိနိုင်သည်။ သို့သော် ယခု လင်းယွမ်၏ တိုက်ခိုက်မှုတစ်ခုကို မြင်တွေ့ပြီးနောက် သူတို့ကာကွယ်ပေးရန် မလိုအပ်တော့သည်ကို နားလည်လိုက်ကြသည်။

" ကျွန်တော် ပြီးရင်း ကြီးမြတ်သူတို့ကို လာတွေ့ပါမယ်။ " လင်းယွမ်က ပြောလိုက်သည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် သူလုပ်စရာများ ရှိနေသေးသည်။

" အင်း " ကြီးမြတ်သူရွှမ်ယွမ်က တစ်စုံတစ်ခုကို သတိရသွားပြီး လင်းယွမ်ကို ပြောလိုက်သည်။ " လင်းယွမ် မင်း အလွှာဆယ်နှစ်ကို တက်လှမ်းပြီးပြီဆိုတော့ အချိန်မြစ်ရဲ့ အာကာသကို သွားရလိမ့်မယ်။ "

အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် အသက်အနှစ်သာရက ပြောင်းလဲသွားပြီး အချိန်မြစ်၏ အာကာသထဲသို့ ဝင်ရောက်နိုင်သည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူအသစ်တစ်ယောက်အတွက် ပထမဆုံး လုပ်ရမည့်အရာမှာ ကမ်းခြေသို့ ဆင်းသက်ခြင်းဖြစ်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။

ကြီးမြတ်သူရွှမ်ယွမ်နှင့် အ​ခြားကြီးမြတ်သူများ ထွက်သွားပြီးနောက် လင်းယွမ်တစ်ယောက်သာ ကျန်နေခဲ့သည်။ လင်းယွမ်က အလွှာဆယ့်နှစ် ကြီးမြတ်သူများ သူ့ကို စောင့်ကြည့်နေကြသည်ကို ခံစားလိုက်ရသည်။

" ကပ်ဘေးမျိုးနွယ် " လင်းယွမ်၏ အကြည့်က ကပ်ဘေးမျိုးနွယ်ရှိရာသို့ ရောက်သွားသည်။

ဤအချိန်တွင် သူ၏ အသက်အဆင့်က တိုးလာပြီဖြစ်သောကြောင့် ပို၍ မြင်နိုင်လာသည်။ သာမန်ဟု ထင်ရသော သစ်သားတဲအိမ်လေးက သူ့ကို အံ့အားသင့်စေခဲ့သည်။

" ကပ်ဘေးမျိုးနွယ်ရဲ့ မူလဇစ်မြစ်က မရိုးရှင်းဘူး။ အဲ့ဒီသစ်သားအိမ်က ဖရိုဖရဲအဆင့် ရတနာဖြစ်နိုင်လား။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

" အလွှာဆယ့်နှစ်ကို တက်လှမ်းသွားတဲ့အတွက် နဂါးငွေ့တန်းကြယ်သခင်ကို ဂုဏ်ပြုပါတယ်။ " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က ဂုဏ်ပြုလိုက်ကြသည်။

" သူတို့ရဲ့ အသံက..." လင်းယွမ်က ကြီးမြတ်သူနှစ်ယောက်၏ အသံမှ လေးစားမှုအရိပ်အယောင်ကို ခံစားလိုက်ရသည်။

၎င်းက စိတ်ကူးမယဉ်နိုင်သောအရာဖြစ်သည်။ ကပ်ဘေးမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီး​မြတ်သူနှစ်ယောက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ဖြစ်ကြပြီး သူတို့၏ စွမ်းအားကို တိုက်ရိုက်ထုတ်ဖော်နိုင်ခြင်းမရှိလျှင်တောင် လင်းယွမ်ကို လေးစားမှုပြရန် မလိုအပ်ပေ။

" နဂါးငွေ့တန်းကြယ်သခင် အချိန်ရရင် အလည်လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျုပ်တို့အ​ကြောင်းကိုလည်း အသေးစိတ် ပြောပြပါမယ်။ " သစ်သားအိမ်အပြင်ဘက်မှ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သယက ပြောလိုက်သည်။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက မည်သည့်ထောင်ချောက်ကိုမှ မကြောက်ပေ။ ထို့အပြင် သူက ကပ်ဘေးမျိုးနွယ်သို့ ကိုယ်ပွားတစ်ခုစေလွှတ်ရုံသာ ဖြစ်သည်။

" ဆင်းသက်ဖို့ အချိန်ကျပြီ။ " လင်းယွမ်က အချိန်မြစ်၏ အာကာသထဲသို့ ဝင်ရောက်သွားသည်။

အချိန်မြစ်၏ ကမ်းခြေတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက မြင့်မားစွာ ရပ်နေကြပြီး အချိန်မြစ်အတွင်းမှ အဖြစ်အပျက်များကို ကြည့်နေကြသည်။

အခြားမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက လူသားမျိုးနွယ်၏ ကြီးမြတ်သူများကဲ့သို့ လင်းယွမ်၏ စွမ်းအားကို နားမလည်ကြပေ။ ထို့ကြောင့် သူတို့က ဆင်းသက်ခြင်းမြင်ကွင်းပေါ်တွင်သာ အခြေခံ၍ ဆုံးဖြတ်နိုင်သည်။

အချိန်မြစ်အတွင်း၌ မည်သည့်သက်ရှိမဆို အခြေခံအကျဆုံး ပုံရိပ်ပေါ်နိုင်ပြီး အချိန်မြစ်၏ အတွင်းအပြင် အတူတူပင်ဖြစ်သည်။ သက်ရှိအနှစ်သာရ ပိုမြင့်လေ ပုံရိပ်က ပိုမိုကြီးမားလေဖြစ်သည်။

" ဒါက..." အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက ရုတ်တရက် အချိန်မြစ်၏ အလယ်သို့ ထိတ်လန့်စွာ ကြည့်လိုက်သည်။

ထိုနေရာတွင် ဧရာမပုံရိပ်တစ်ခုက ဖြည်းညင်းစွာ ထရပ်လာသည်။ ထိုပုံရိပ်က အလွန်ကြီးမားပြီး အချိန်မြစ်၏ မြစ်ရေက သူ၏ ပေါင်အထိသာ ရောက်နိုင်သည်။

ဝုန်း ဝုန်း....

ပုံရိပ်က ညာခြေထောက်ကို မြှောက်ပြီး အချိန်မြစ်၏ ကမ်းခြေသို့ လျှောက်လာသည်။ ဆင်းသက်နေစဉ်အရွယ်အစားက စစ်မှန်သော အရွယ်အစားကို ဆိုလိုသည်။

ကြီးမားသော ပုံရိပ်၏ ခြေလှမ်းများအောက်တွင် အချိန်မြစ်က သိမ်မွေ့စွာ တန်ခါသွားသည်။ ထိုတုန်ခါမှုက ခြေလှမ်းများအတိုင်း အချိန်မြစ်တစ်လျှောက် ပျံ့နှံ့သွားသည်။ တုန်ခါမှုများက အခြားစကြာဝဠာများသို့ စီးဆင်းသွားသော အချိန်မြစ်၏ မြစ်လက်တက်များသို့ ဝင်ရောက်သွားသည်။

စကြာဝဠာတစ်ခုစီအတွင်းရှိ အလွှာဆယ့်နှစ် ကြီးမြတ်သူများက ထိုတုန်ခါမှုကို ခံစားမိပြီး သူတို့၏ စိတ်ထဲတွင် ​တူညီသော အတွေးတစ်ခု ပေါ်လာသည်။

" ဘယ်သူဆင်းသက်နေတာလဲ။ "

အချိန်မြစ်၏ တုန်ခါမှုက အခြားစကြာဝဠာအနည်းငယ်ကိုသာ ပျံ့နှံ့နိုင်သော်လည်း ကြယ်စကြာဝဠာ၏ ကမ်းခြေတွင်တော့ အလွန်ထင်ရှားလှသည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းသူတိုင်းက ထိုဖြစ်ရပ်ကို ဖြစ်ပေါ်စေသော်လည်း လင်းယွမ်လောက် မပြင်းထန်ပေ။

အခြားစကြာဝဠာမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက တုန်ခါမှု၏ မူလဇာတ်မြစ်ကို မသိကြသော်လည်း ကြယ်စကြာဝဠာမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက ကောင်းကောင်းသိကြသည်။

သူတို့က နဂါးငွေ့တန်းကြယ်သခင် အဆင့်တက်နေစဉ် စွမ်းအာအနည်းငယ်ကို မြင်တွေ့ရန် မျှော်လင့်ခဲ့ကြသည်။ သူတို့က လူသားမျိုးနွယ်ကို မည်သို့ရင်ဆိုင်ရန် သို့မဟုတ် နဂါးငွေ့တန်းကြယ်သခင်ကို မည်သည့်ရင်ဆိုင်ရန် ဆွေးနွေးရမည်ဖြစ်သည်။ သို့သော် ယခု မြင်တွေ့လိုက်ရသော မြင်ကွင်းက အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ထိတ်လန့်စေခဲ့သည်။

" ဒီလိုကြီးမားတဲ့ ခန္ဓာကိုယ်... နဂါးငွေ့တန်းကြယ်သခင်ရဲ့ အသက်အနှစ်သာရက ဘယ်လောက်တောင် သန်မာတာလဲ။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက အံ့အားသင့်နေသည်။

အချိန်မြစ်တွင် ဖြစ်ပေါ်လာသော ပုံရိပ်က ထင်သလောက် မရိုးရှင်းပေ။ ဥပမာ အသက်အနှစ်သာရက နှစ်ဆပိုသန်မာလျှင် အရွယ်အစားကလည်း နှစ်ဆမဟုတ်ပေ။ အချိန်မြစ်၏ စည်းမျဉ်းများက အလွန်တင်းကြပ်ပြီး အသက်အနှစ်သာရ နှစ်ဆရှိခြင်းက အရွယ်အစား အနည်းငယ် ပိုမြင့်ရုံသာဖြစ်သည်။

ထို့ကြောင့် အချိန်မြစ်၏ ကမ်းခြေရှိ အလွှာဆယ့်နှစ် ကြီးမြတ်သူများက ကပ်ဘေးမျိုးနွယ်၏ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နှစ်ယောက်မှလွဲ၍ အားလုံးက အရွယ်အစား တူညီလုနီးပါး ရှိကြသည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နှင့် နီးစပ်နေသော ကြီးမြတ်သူရွှမ်ယွမ်နှင့် အသွင်ပြောင်းလဲခြင်းဧကရီတို့ပင် အခြားအလွှာဆယ့်နှစ် ကြီး​မြတ်သူများ၏ အရွယ်အစားကဲ့သို့သာ ဖြစ်သည်။

သို့သော် ယခု သူတို့၏ အရွယ်အစားက လင်းယွမ်၏ ဒူးများအထိသာ ရှိနေသည်။ လင်းယွမ်က သာမန်အတိုင်း လမ်းလျှောက်ရင်း သူတို့ကို မတော်တဆ ကန်မိလျှင်တောင် ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများကို ဒဏ်ရာရရှိသွားစေနိုင်သည်။

" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်မှာတောင် ဒီလိုခန္ဓာကိုယ်အရွယ်အစားမျိုး ရှိနိုင်တာလား။ " အလွှာဆယ့်နှစ် ကြီး​မြတ်သူများက ကြောက်ရွံ့တုန်လှုပ်သွားသည်။

လင်းယွမ်က အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်ကြောက်စရာကောင်းလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် ယခုလောက်ထိ ထိတ်လန့်စရာကောင်းလိမ့်မည်ဟု ဘယ်သူမှမမျှော်လင့်မိခဲ့ကြပေ။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေသော ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်ပင် လင်းယွမ်၏ ငါးအထိသာ ရှိကြသည်။ အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများက လင်းယွမ်အတွက် ကလေးကစားစရာအရုပ်များကဲ့သို့ ဖြစ်နေသည်။

" ငါတို့က လွှမ်းမိုးခြင်းသခင်တစ်ယောက်နဲ့ ရင်ဆိုင်နေရတာလား။ နဂါးငွေ့တန်းကြယ်သခင်က လွှမ်းမိုးခြင်းအဆင့်မှာလား။ "

" မဖြစ်နိုင်ဘူး။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ကို ခုမှဝင်ရောက်တာနဲ့ လွှမ်းမိုးခြင်းအဆင့်ကို ဘယ်လိုလုပ်ရောက်နိုင်မှာလဲ။ "

အလွှာဆယ့်နှစ် ကြီးမြတ်သူများက ဖြည်းညင်းစွာ လျှောက်လာနေသော လင်းယွမ်ကို ထိတ်လန့်စွာ ကြည့်ပြီး အတွေးများ ဖလှယ်လိုက်ကြသည်။ သူတို့က စကြာဝဠာ အပြင်ဘက်မှ သတင်းအချက်အလက်များကို ရရှိခဲ့ပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့်၏ အထက်မှ လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့်တို့အကြောင်းကို နားလည်ထားကြသည်။

နဂါးငွေ့တန်းကြယ်သခင်၏ ခန္ဓာကိုယ်အရွယ်အစားက သူတို့နားလည်ထားသော လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ထက် ကျော်လွန်နေသောကြောင့် လွှမ်းမိုးခြင်းအဆင့် ဟုတ်မဟုတ် မသိစိတ်က ခန့်မှန်းနေကြသည်။

" နဂါးငွေ့တန်းကြယ်သခင်က ဘယ်အဆင့်မှာပဲရှိရှိ ငါတို့ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်တော့ဘူး။ " ယုမျိုးနွယ်၏ ကြီးမြတ်သူက အခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။ " အနာဂတ်မှာ ငါတို့ ယုမျိုးနွယ်က နယ်မြေကို တတ်နိုင်သမျှ ချုံ့တော့မယ်။ မင်းတို့ ကိုယ်ဘာသာကို ဂရုစိုက်ကြပါ။ "

ဤစကြာဝဠာအတွင်း နဂါးငွေ့တန်းကြယ်သခင်က ဘယ်သူမှ မယှဉ်နိုင်သော အဆင့်သို့ ရောက်နေပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများအားလုံး ပူးပေါင်းလျှင်တောင် ခုခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယုမျိုးနွယ်၏ ကြီးမြတ်သူက ထိုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။

All Chapters