← Chapters

ကမ်းခြေမှထူးခြားမှု....

Vol. 53 Ch. 775

ကမ်းခြေမှထူးခြားမှု....

Vol. 53 Ch. 775

အထွတ်အထိပ်မျိုးနွယ်များအတွက် နယ်မြေများက အရေးပါလှသည်။ ကျယ်ပြောလှသော နယ်မြေများက သက်ရှိများကို ပိုမိုပြုစုပျိုးထောင်နိုင်ပြီး သက်ရှိများ ပို၍ များပြားခြင်းက ခွန်အားကြီးသူများကို မွေးထုတ်ပေးနိုင်ပေလိမ့်မည်။ ခွန်အားကြီးသူများထဲမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများ ထွက်ပေါ်လာပေလိမ့်မည်။

အထွတ်အထိပ်မျိုးနွယ် ဆယ့်နှစ်ခုက နယ်မြေများအတွက် နှစ်ပေါင်းများစွာ စစ်ပွဲများ ဆင်နွှဲခဲ့ကြသည်။ သို့သော် နယ်မြေတစ်ခုက မည်မျှအရေးကြီးသည်ဖြစ်စေ မျိုးနွယ်စု၏ တည်ရှိမှုထက် အရေးမကြီးပေ။

နဂါးငွေ့တန်းကြယ်သခင် အဆင့်တက်ပြီးနောက် စကြာဝဠာထဲတွင် အသန်မာဆုံးဖြစ်လာပြီး ကြီးမားသော နယ်မြေကို သိမ်းပိုက်ထားခြင်းက သေခြင်းကို ရှာဖွေနေခြင်းပင် ဖြစ်သည်။

" ငါတို့မျိုးနွယ်ရဲ့ နယ်မြေကိုလည်း ချုံ့ထားသင့်တယ်။ "

" အာ လာမယ့်အနာဂတ်ကတော့ အရမ်းခက်ခဲလိမ့်မယ်။ "

အလွှာဆယ့်နှစ် ကြီးမြတ်သူများက တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများက စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။ မျိုးနွယ်၏ နယ်မြေကို ချုံ့ပြီး မျိုးနွယ်ကာကွယ်ရေးလက်နက်၏ စွမ်းအားဖြင့် ဖုံးလွှမ်းထားသော အတိုင်းအတာသို့ ဆုတ်ခွာခြင်းက ရှင်သန်ရန် အခွင့်အလမ်း ရှိစေနိုင်သည်။

ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်ကလည်း လင်းယွမ်။ အဆင့်တက်ခြင်းကို အဝေးမှ စောင့်ကြည့်နေခဲ့သည်။

" ဒီလိုကြီးမားတဲ့ အသက်အနှစ်သာရကို ပျိုးထောင်ဖို့ ဘယ်လိုတောင် သန်မာတဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ရှိနေတာလဲ။ " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူတစ်ယောက်က သက်ပြင်းချလိုက်သည်။

အသက်အနှစ်သာရက တိုက်ခိုက်ရေးစွမ်းအားနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း အသက်အနှစ်သာရ ပိုသန်မာလေ တိုက်ခိုက်မှုနှင့် ကာကွယ်မှုနှစ်ခုလုံးကို ပို၍ မြှင့်တင်ပေးနိုင်သည်။

ကပ်ဘေးမျိုးနွယ်မှ ကြီးမြတ်သူနှစ်ယောက်၏ စိတ်ထဲတွင် လင်းယွမ်က မဟာသူတော်စင်ဝင်စားသည်ဟု အတော်လေး သေချာနေကြသည်။ ပြန်လည်ဝင်စားလာသော မဟာသူတော်စင်က အဆင့်တူအတွင်း ပြိုင်ဘက်ကင်းပြီး အဆင့်ကျော်တိုက်ခိုက်ခြင်းများကိုပင် ပြုလုပ်နိုင်ကြသည်။

" ငါတို့မျိုးနွယ်ရဲ့ နယ်မြေကိုလည်း ချုံ့ရမယ်ထင်တယ်။ " ကြီးမြတ်သူတစ်ယောက်က ပြောလိုက်သည်။

" ငါလည်း အဲ့လိုပဲတွေးထားတယ်။ " အခြားတစ်ယောက်က ခေါင်းညိမ့်လိုက်သည်။

ကပ်ဘေးမျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ခြင်းမရှိသည့်အပြင် သတင်းလည်း ပေးပို့ခဲ့သောကြောင့် ဂုဏ်ပြုခံရသင့်ပေသည်။ သို့သော် သူတို့က အခြေအနေနှင့် လိုက်လျောညီထွေမနေဘဲ နဂါးငွေ့တန်းကြယ်သခင်ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့လျှင် ပြဿနာဖြစ်လာနိုင်သည်။

ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က အန္တရာယ်အား ဖိတ်ခေါ်ရမည်ကို မလိုလားပေ။ သူတို့က ဤစကြာဝဠာခေတ်ကို ကျော်လွန်ရန် နည်းလမ်းများရှိပြီး စကြာဝဠာခေတ်တစ်ခုမှ အမြတ်အရှုံးများကို စိုးရိမ်ရန် မလိုအပ်ပေ။ ထို့အပြင် ကပ်ဘေးမျိုးနွယ်က လူဦးရေနည်းပါးပြီး နယ်မြေကိုးဆယ်ရာခိုင်နှုန်းကို လျှော့ချလျှင်တောင် သူတို့အတွက် ထင်ရှားသော သက်ရောက်မှုမရှိပေ။

ဝုန်း ဝုန်း ဝုန်း....

လင်းယွမ်က ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အချိန်မြစ်၏ ကမ်းခြေသို့ ရောက်ရှိလာသည်။

" ကမ်းခြေမှာ ရှိတာက ဒီလိုခံစားရတာလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ယခုအချိန်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက သူနှင့် ဝေးဝေးတွင် နေနေကြသည်။

" သူတို့က သေးသေးလေးတွေပဲ။ " လင်းယွမ်က အထက်မှနေ၍ သူ၏ ဒူးလောက်သာရှိသော အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ငုံ့ကြည့်လိုက်သည်။

" ငါ့ရဲ့ အသက်အနှစ်သာရက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် သာလွန်တာ အမှန်ပဲ။ " လင်းယွမ်က ကပ်ဘေးမျိုးနွယ်မှ ကြီးမြတ်သူနှစ်ယောက်ကို ကြည့်ပြီး စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

သူ၏ တိုက်ခိုက်ရေးစွမ်းအားက လွှမ်းမိုးခြင်းအဆင့်သို့ ရောက်နေပြီး အသက်အနှစ်သာရကလည်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကို ကျော်လွန်နေခဲ့သည်။

" ငါ မမောက်မာသင့်ဘူး။ ဒီစကြာဝဠာထဲမှာ ငါက အသန်မာဆုံးဆိုတာ မှန်တယ်။ ဒါပေမယ့် ကုမင်ဖရိုဖရဲကုန်းမြေမှာရော။ ဖရိုဖရဲဟင်းလင်းပြင်မှာရော ငါလျှောက်လှမ်းရမယ့်လမ်းက အဝေးကြီးကျန်သေးတယ်။ " လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။

ကုမင်ဖရိုဖရဲကုန်းမြေတွင် သူ၏ ကိုယ်ပွားတစ်ခုရှိနေပြီး တစ်ချိန်က ဖရိုဖရဲဟင်းလင်းပြင်၏ အချိန်မြစ်ကိုလည်း လေ့လာခဲ့ဖူးသည်။ ဖရိုဖရဲဟင်းလင်းပြင်၏ အချိန်မြစ်က ပင်မမြစ်ဖြစ်ပြီး စကြာဝဠာအတွင်းမှ မြစ်လက်တက်များထက် ပိုမိုကြီးမားသည်။

၎င်း၏ ကမ်းခြေတွင် ထိတ်လန့်ဖွယ်ရာ ပုံရိပ်များစွာ တည်ရှိနေသည်။ ထိုပုံရိပ်များက ကောင်းကင်နှင့်မြေကြီးကို ထောက်ထားသကဲ့သို့ မြင့်မားပြီး အနည်းငယ် လှုပ်ရှားလိုက်ရုံနှင့် အချိန်မြစ်၏ ပင်မစီးကြောင်းကိုပင် ထိခိုက်စေနိုင်သည်။

"ဖရိုဖရဲဟင်းလင်းပြင်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေရဲ့ ရင်းမြစ်ပဲ။ ဖရိုဖရဲအရှင်သခင်နဲ့ မဟာသူတော်စင်တွေရဲ့ ရည်ရွယ်ချက်က စကြာဝဠာအတွင်းက သက်ရှိတွေထက် အများကြီး ကျော်လွန်တယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် စကြာဝဠာပေါင်းများစွာ ရှိသည်။ ကြမ်းတမ်းသော ဖရိုဖရဲဟင်းလင်းပြင်နှင့် ယှဉ်လျှင် စကြာဝဠာက အလွှာဆယ့်နှစ် ကြီးမြတ်သူများကိို အန္တရာယ်များမှ ကာကွယ်ပေးထားသည်။ သို့သော် စကြာဝဠာပျက်ဆီးခြင်းက အလွှာဆယ့်နှစ်များအတွက် သေဆုံးမှုနှုန်း ငါးဆယ်ရာခိုင်နှုန်းကျော်ရှိသည်။

သို့သော် ဖရိုဖရဲဟင်းလင်းပြင်တွင် အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များအတွက် သေဆုံးမှုနှုန်းက ငါးဆယ်ရာခိုင်နှုန်းထက် များစွာပိုများသည်။ ကန်ဝေယန်းကဲ့သို့ လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်ရှိသူပင် ထိုက်ယွမ်အမွေအနှစ်တွင် ကျဆုံးခဲ့သည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များကို ပြောစရာပင်မလိုပေ။

" ကမ်းခြေက အော်ရာက...." လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ကမ်းခြေသို့ ရောက်ရှိပြီးနောက် သူ၏ အလွှာဆယ့်နှစ် အသက်အနှစ်သာရက သူ၏ အာရုံကို များစွာမြှင့်တင်ပေးခဲ့သည်။ အချိန်မြစ်၏ ကမ်းခြေရှိ အထူးပတ်ဝန်းကျင်ကြောင့် လင်းယွမ်က ဉာဏ်အလင်းပွင့်ခြင်းသို့ ဝင်ရောက်သွားသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ပတ်ဝန်းကျင်ကို လေ့လာပြီး အသက်မဟာတာအိုကို နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ပတ်ဝန်းကျင်ကို လေ့လာပြီး ကမ္မာမဟာတာအိုကို နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ပတ်ဝန်းကျင်ကို လေ့လာပြီး အချိန်လေဟာနယ်အပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ပတ်ဝန်းကျင်ကို လေ့လာပြီး ဖရိုဖရဲအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များဖြင့် ပြည့်နှက်လာပြီး အခြေခံနိယာမအမျိုးမျိုးက မဟာတာအိုအဆင့်သို့ ပြောင်းလဲသွားသည်။ မဟာတာအိုက နိယာမများထက် ပိုမိုအဆင့်မြင့်သည်။ လင်းယွမ်က ယခင် မဟာတာအိုကို ဖော်ထုတ်နိုင်ခဲ့သော်လည်း အနည်းငယ်သာ ဖြစ်သည်။

သို့သော် ယခု သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီး မကြာသေးသော်လည်း သူက မဟာတာအိုများစွာကို ဖော်ထုတ်နိုင်ခဲ့သည်။ အသက်အဆင့်ပြောင်းလဲသွားခြင်းက လင်းယွမ်၏ ရှုထောင့်ကို မြှင့်တင်ပေးရုံသာမက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကလည်း ကြောက်စရာကောင်းအောင် မြင့်တက်လာခဲ့သည်။

" အချိန်လေဟာနယ် သတ္တမအဆင့်..." လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် နားလည်မှုက လျင်မြန်စွာ မြင့်တက်လာသည်။

လင်းယွမ်က စကြာဝဠာအတွင်းရှိနေလျှင် သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းခဲ့လျှင်တောင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် အချိန်လေဟာနယ်အပေါ် နားလည်မှုက ထိုမျှလျင်မြန်စွာ တိုးတက်လာမည်မဟုတ်ပေ။

သို့သော် ကုမင်ဖရိုဖရဲကုန်းမြေတွင် ကိုယ်ပွားတစ်ခုရှိနေခြင်းကြောင့် သူက ဖရိုဖရဲဟင်းလင်းပြင်၏ အချိန်လေဟာနယ်ကို အဆက်မပြတ် လေ့လာနိုင်ပြီး ထိုနေရာမှ အချိန်လေဟာနယ်က ပို၍ ပြည့်စုံလေသည်။

" ပြီးတော့ ဖရိုဖရဲနိယာမ...." လင်းယွမ်၏ အကြည့်က စကြာဝဠာအတားအဆီးကို ထိုးဖောက်ကာ ဖရိုဖရဲဟင်းလင်းပြင်သို့ ရောက်သွားသည်။

ပုံမှန်အားဖြင့် ဖရိုဖရဲအရှင်သခင်များသာ ဖရိုဖရဲနိယာမကို နက်နက်ရှိုင်းရှိုင်း လေ့လာရန် အရည်အချင်း ပြည့်မီသော်လည်း လင်းယွမ်၏ ထူးခြားသော နားလည်နိုင်စွမ်းက ဖရိုဖရဲနိယာမ၏ အနှစ်သာရကို တဖြည်းဖြည်း နားလည်လာသည်။

အလွှာဆယ့်တစ်တွင် ဖရိုဖရဲနိယာမကို နားလည်ခြင်းက လင်းယွမ်၏ ကန့်သတ်ချက်ဖြစ်နေပြီး နက်ရှိုင်းစွာ လေ့လာနိုင်ခဲ့ခြင်းမရှိပေ။ သို့သော် ယခု အသက်အဆင့် မြင့်တက်လာသောကြောင့် လင်းယွမ်က ဖရိုဖရဲနိယာမ၏ လျို့ဝှက်ဆန်းကြယ်မှုကို မြင်တွေ့နိုင်လာသည်။

လင်းယွမ်၏ အလွှာဆယ့်နှစ်ကို တက်လှမ်းခြင်းက ကြယ်စကြာဝဠာအပေါ် ကြီးမားသော သက်ရောက်မှုရှိပြီး အင်အားကြီးသူများစွာ၏ အာရုံကို ဆွဲဆောင်သွားသည်။

ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားကြီးမြတ်သူများက လူသားမျိုးနွယ်သို့ ပြန်ရောက်သည်နှင့် လင်းယွမ် အလွှာဆယ့်နှစ်သို့ အောင်မြင်စွာ တက်လှမ်းခဲ့ကြောင်း တရားဝင် ကြေညာခဲ့သည်။

ချက်ချင်းပင် လူသားမျိုးနွယ်က ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်ကို တက်လှမ်းသွားပြီ။ ဟားဟားဟား နှစ်ပေါင်းနှစ်သန်းကြာပြီးတဲ့နောက်မှာ ငါတို့ လူသားမျိုးနွယ်က ဆယ်ယောက်မြောက် ကြီးမြတ်သူကို မွေးထုတ်နိုင်ခဲ့ပြီ။ "

" နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူတစ်ယောက်ထက် ပိုတယ်။ "

" နဂါးငွေ့တန်းကြယ်သခင်က အရမ်းသန်မာတယ်။ "

လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများနှင့် နိုင်ငံသားများစွာက ကြီးမြတ်သူတစ်ယောက် ထွက်ပေါ်လာခြင်းမှာ လူသားမျိုးနွယ်အပေါ် ကြီးမားသော သက်ရောက်မှုရှိကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

All Chapters