← Chapters

တော်တော်ကြီးတဲ့ လှောင်အိမ်ပဲ....

Vol. 53 Ch. 780

တော်တော်ကြီးတဲ့ လှောင်အိမ်ပဲ....

Vol. 53 Ch. 780

စကြာဝဠာထဲမှ အင်အားကြီးသူများက လမ်းကြောင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး စကြာဝဠာ အစွန်အဖျားသို့ ရောက်ရှိလာသည်။

" နဂါးငွေ့တန်းကြယ်သခင်..."

စကြာဝဠာထဲရှိ အင်အားကြီးသူများက နဂါးငွေ့တန်းကြယ်သခင်၏ တည်ရှိမှုကို ခံစားမိလိုက်ကြသည်။ နဂါးငွေ့တန်းကြယ်သခင်၏ စွမ်းအားက စကြာဝဠာကို လွှမ်းမိုးပြီး မျိုးနွယ်များစွာကို ဦးညွှတ်စေခဲ့သည်။

စကြာဝဠာ၏ အစွန်အဖျားတွင် စုဝေးနေသော အလွှာဆယ့်နှစ်ကြီးမြတ်သူများက နိယာမများစွာဖြင့် ဖွဲ့စည်းထားသော လမ်းကြောင်းကို လေးနက်စွာ ကြည့်လိုက်ကြသည်။ လူငယ်တစ်ယောက်က နိယာမများပေါ်တိုင်း လျှောက်လာပြီး သူတို့ရှေ့သို့ ရောက်လာသည်။

" နဂါးငွေ့တန်းကြယ်သခင်..." အလွှာဆယ့်နှစ် ကြီး​မြတ်သူများက စိတ်များ လေးလံသွားကြသည။ သူတို့က လူသားမျိုးနွယ်၏ တောင်းဆိုမှုကို ငြင်းပယ်လျှင် နဂါးငွေ့တန်းကြယ်သခင်နှင့် ရင်ဆိုင်ရမည်ကို သိထားသည်။

သို့သော် ၎င်းက လျင်မြန်စွာ ရောက်လာခဲ့သည်။ သူတို့က ကြီးမြတ်သူရွှမ်ယွမ်ကို ငြင်းပယ်ပြီးနောက် တစ်စက္ကန့်တွင် နဂါးငွေ့တန်းကြယ်သခင်က ရောက်လာခဲ့သည်။

နဂါးငွေ့တန်းကြယ်သခင်က တိတ်ဆိတ်စွာ လာနိုင်သော်လည်း ထိုမျှထင်ရှားစွာ ရောက်လာခြင်းက သူ့ကိုသူ အလွန်ယုံကြည်မှုရှိနေကြောင်း ထင်ရှားနေသည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းက ငါတို့ကို လွတ်လမ်းမရှိအောင် လုပ်နေတာလား။ " ယုမျိုးနွယ်၏ ကြီးမြတ်သူက လေးနက်စွာ ပြောလိုက်သည်။

အလွှာဆယ့်နှစ် ကြီးမြတ်သူများက ကြောက်စရာကောင်းသော အော်ရာများဖြင့် ပြည့်နှက်နေပြီး မည်သည့်အချိန်တွင်မဆို သူတို့၏ စွမ်းအားအပြည့်ကို ထုတ်ဖော်ရန် အသင့်ဖြစ်နေကြသည်။

ထွက်ပြေးရန်အတွက် သူတို့က အရူးများမဟုတ်ကြပေ။ စကြာဝဠာအတွင်း သူတို့က မည်သည့်နေရာကို ထွက်ပြေးနိုင်မှာလဲ။ သူတို့က ပြန့်ကျဲ၍ ထွက်ပြေးခြင်းကလည်း နဂါးငွေ့တန်းကြယ်သခင်ကို တစ်​ယောက်ချင်း ချေမှုန်းရန် အခွင့်အရေး ပေးသကဲ့သို့ ဖြစ်ပေလိမ့်မည်။

ယခုအလွှာဆယ့်နှစ် ကြီးမြတ်သူများ လုပ်နိုင်သော တစ်ခုတည်းသောအရာမှာ သူတို့၏ စွမ်းအားအပြည့်အဝကို စုစည်းပြီး နဂါးငွေ့တန်းကြယ်သခင်ကို ခုခံနိုင်ခြင်းရှိမရှိ ကြည့်ရှုရန်သာဖြစ်သည်။

" လူသားမျိုးနွယ်ကို လက်နက်ချပါ။ မင်းတို့ရဲ့ အလွှာဆယ့်နှစ် လက်နက်နဲ့ ရတနာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ပေးအပ်ပါ။ အဲ့ဒါ မင်းတို့ လွတ်မြောက်ရာလမ်းပဲ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါတို့ လူသားမျိုးနွယ်ကို လက်နက်ချနိုင်ပါတယ်။ ဒါပေမယ့် အလွှာဆယ့်နှစ် လက်နက်နဲ့ ရတနာတွေကို လျှော့ပေးလို့မရဘူးလား။ " ယုမျိုးနွယ်မှ ကြီးမြတ်သူ၏ အမူအရာက ပြောင်းလဲသွားပြီး ပြောလိုက်သည်။

၎င်းက သူတို့၏ အကြီးမားဆုံး အလျှော့ပေးမှုဖြစ်သည်။ အလွှာဆယ့်နှစ် လက်နက်များနှင့် ရတနာများက အနာဂတ်တွင် စကြာဝဠာပျက်ဆီးခြင်းကို ရင်ဆိုင်ရန် အလွှာဆယ့်နှစ် ကြီးမြတ်သူများအတွက် အရေးကြီးလှသည်။

" မင်းတို့က မျှော်လင့်ချက်ရှိနေသေးပုံပဲ။ " လင်းယွမ်က အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ကြည့်လိုက်သည်။

အမှန်တော့ အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် ခက်ခဲမှုကို ထည့်သွင်းစဉ်းစားလျှင် အလွှာဆယ့်နှစ် လက်နက်များနှင် ရတနာများ၏ ကိုးဆယ်ရာခိုင်နှုန်းကို တောင်းဆိုခြင်းက သူတို့ကို သက်ညှာနေခြင်းဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းရဲ့ အစစ်အမှန် ခွန်အားက ဘယ်လိုလဲ ကြည့်ရအောင်။ " ယုမျိုးနွယ် ကြီးမြတ်သူ၏ နဖူးမှ တောက်ပသော အလင်းများ ထွက်ပေါ်လာပြီး ကြီးမားသော နန်းတော်တစ်ခုက အလွှာဆယ့်နှစ် ကြီးမြတ်သူများအားလုံးကို ဖုံးအုပ်သွားသည်။

ထိုနန်းတော်က ယုမျိုးနွယ်၏ အသန်မာဆုံး မျိုးနွယ်ကာကွယ်ရေးလက်နက် ဖြစ်ပြီး စကြာဝဠာ၏ အစောပိုင်းတွင် ဖရိုဖရဲဟင်းလင်းပြင်မှ ကျဆင်းလာခြင်းဖြစ်သည်။ နန်းတော်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ရတနာဖြစ်ပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် တိုက်ခိုက်မှုကို ခုခံနိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ ကြီးမားသော စွမ်းအားသုံးစွဲမှုဖြစ်သည်။

သို့သော် အလွှာဆယ့်နှစ် ကြီးမြတ်သူဆယ်ယောက်ကျော်ရှိနေသောကြောင့် စွမ်းအားကို လုံလောက်ပေသည်။ ယုမျိုးနွယ်၏ ကြီးမြတ်သူက ထိုနန်းတော်ကြောင့် လင်းယွမ်နှင့် ညှိနှိုင်းရဲခြင်းဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေသရွေ့ ထိုနန်းတော်ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း သက်ပြင်းချလိုက်ကြသည်။ နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ရိုက်ရင်ဆိုင်ခြင်းက ဖိအားကြီးမားသော်လည်း ထိုနန်းတော်ထဲတွင် ရှိနေခြင်းက ပိုကောင်းလေသည်။

" ဒီနန်းတော်ရဲ့ စွမ်းအားကို မြင်ပြီးရင် နဂါးငွေ့တန်းကြယ်သခင်က ခြေတစ်လှမ်းဆုတ်ဖို့ မျှော်လင့်ရမှာပဲ။ " ယုမျိုးနွယ်၏ ကြီးမြတ်သူက စိတ်ထဲမှ ပြောလိုက်သည်။

နန်းတော်က နဂါးငွေ့တန်းကြယ်သခင်ကို တားဆီးနိုင်လျှင်တောင် သူတို့က နန်းတော်ထဲတွင် ထာဝရ ပုန်းအောင်းနေ၍မရပေ။ ထို့ကြောင့် လူသားမျိုးနွယ်၏ နဂါးငွေ့တန်းကြယ်သခင်နှင့် ဆွေးနွေးနိုင်မှ ရပေလိမ့်မည်။

ကပ်ဘေးမျိုးနွယ်၏ နယ်မြေ၊ သစ်သားအိမ်လေးရှေ့တွင် လင်းယွမ်နှင့် ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ရတနာ..." ညာဘက်ရှိ ကြီးမြတ်သူက မျက်ခုံးများ ပင့်သွားပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင် ငါတို့အကူအညီလိုသေးလား။ "

ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က စကြာဝဠာစိတ်အသိ၏ ပစ်မှတ်ထားခြင်းကို ခံရပြီး သူတို့ လှုပ်ရှားလိုက်သည်နှင့် ဖိနှိပ်ခံရမည့် အန္တရာယ်ရှိနေသည်။ သို့သော် သူတို့က မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားသော နဂါးငွေ့တန်းကြယ်သခင်၏ မျက်နှာသာပေးမှုကို ရနိုင်လျှင် ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က လှုပ်ရှားကြပေလိမ့်မည်။

ဖရိုဖရဲဟင်းလင်းပြင်မှာပင် မဟာသူတော်စင်တစ်ပါး၏ ခြိမ်းခြောက်မှုက အလွန်ကြီးမားပြီး ပြန်လည်မွေးဖွားလာသူများက အထူးသဖြင့် ထူးခြားသော မဟာသူတော်စင်များ ဖြစ်ကြသည်။

" ငါကိုယ်တိုင် လုပ်နိုင်ပါတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ ယခု သူက ကိုယ်ပွားတစ်ခုသာဖြစ်ပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများနှင့် ရင်ဆိုင်နေခြင်းက မူလခန္ဓာကိုယ်ပင်ဖြစ်သည်။

ယုမျိုးနွယ်၏ ကြီးမြတ်သူနှင့် အခြားကြီးမြတ်သူများက ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နေသော နန်းတော်ထဲတွင် ရပ်နေကြသည်။

" တော်တော်ကြီးတဲ့..." လင်းယွမက ကြီးမားသော နန်းတော်နှင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ကြည့်လိုက်ကြသည်။ " လှောင်အိမ်ပဲ..."

ကြီးမားသော နန်းတော်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ရတနာတစ်ခုဖြစ်ပြီး ကန်ဝေယန်းချန်ခဲ့သော လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ရတနာခုနှစ်ခုနှင့် နီးစပ်လေသည်။

" မင်းဘာကိဆိုလိုတာလဲ။ " ယုမျိုးနွယ်၏ ကြီးမြတ်သူက တုန်လှုပ်သွားသည်။

နဂါးငွေ့တန်းကြယ်သခင်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ရတနာတစ်ခုကို ကြီးမားသော လှောင်အိမ်ဟု ခေါ်လိုက်တာလား။

ယုမျိုးနွယ်၏ ကြီးမြတ်သူက ထိုစကားကို နားမလည်မီ ပုံရိပ်ဆယ်ခုကျော်က အရပ်မျက်နှာ အသီးသီးမှပေါ်လာပြီး နန်းတော်ကို ဝန်းရံလိုက်ကြသည်။

" အဲ့ဒါ နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကိုယ်ပွားတွေလား။ "

အလွှာဆယ့်နှစ်ကြီးမြတ်သူများက နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပွားများကို ကြည့်ပြီး နားမလည်နိုင်ဖြစ်နေကြသည်။ ကိုယ်ပွားများ ဖန်တီးခြင်းက သာမန်နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ၎င်းက အလွှာဆယ့်နှစ်များ မပြောနှင့် အလွှာကိုး၊ အလွှာတစ်ဆယ်များပင် အလွယ်တကူ လုပ်နိုင်ကြသည်။

သို့သော် ကိုယ်ပွားတစ်ခု၏ ခွန်အားက မူလခန္ဓာကိုယ်ထက် များစွာ နိမ့်ကျသည်။ အလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက်၏ ကိုယ်ပွားက အလွှာကိုးနှင့် အလွှာတစ်ဆယ်ထက်ပင် အားနည်းသည်ဟု ဆိုကြသည်။

အတိတ်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများ ဖန်တီးခဲ့သော ကိုယ်ပွားများက အထူးသဖြင့် အလွှာဆယ့်တစ် အင်မားကြီးသူများကို အနိုင်ကျင့်ရန်သာ ဖြစ်သည်။ အဆင့်တူများအတွက် ကိုယ်ပွားများက အလွန်အားနည်းလှသည်။

နဂါးငွေ့တန်းကြယ်သခင် ဖန်တီးထားသော ကိုယ်ပွားများကလည်း ထူးခြားပြီး အစွမ်းထက်နေမည်မဟုတ်ဘဲ အလွှာဆယ့်တစ်များထက် သန်မာရုံသာ ရှိပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင်က ဘာလုပ်ချင်နေတာလဲ။ "

" ဒီကိုယ်ပွားဆယ်ခုကျော်နဲ့ ငါတို့ကို ကိုင်တွယ်နိုင်မယ်ထင်နေတာလား။ "

" နဂါးငွေ့တန်းကြယ်သခင်က ငါတို့ကို အလွှာဆယ့်တစ်တွေများ ထင်နေတာလား။ " အလွှာဆယ့်နှစ် ကြီးမြတ်သူများက တစ်ယောက်နှင့်တစ်ယောက် ပြောလိုက်ကြသည်။

ကိုယ်ပွားနှင့် မူလခန္ဓာကိုယ်ကြား ခွန်အားကွာခြားချက်ကို လူတိုင်း ကောင်းစွာ နားလည်ကြသည်။ နဂါးငွေ့တန်းကြယ်သခင်ကို သူတို့ မယှဉ်နိုင်သော်လည်း ကိုယ်ပွားများက သူတို့ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။

" ဒါပေမယ့် ငါတို့ သတိထားရလိမ့်မယ်။ " နန်းတော်ကို ထိန်းချုပ်ထားသော ယုမျိုးနွယ်၏ ကြီးမြတ်သူက အခြေအနေကို နားမလည်သော်လည်း ပေါ့ဆခြင်းမရှိဘဲ သတိထားနေခဲ့သည်။

" ကိုယ်ပွားဆယ်ခုကျော်လား။ " ကပ်ဘေးမျိုးနွယ်၏ ကြီး​မြတ်သူနှစ်ယောက်ကလည်း စိတ်ရှုပ်ထွေးသွားကြသည်။

သို့သော် ထိုခဏတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများ စောင့်ကြည့်နေသော ကိုယ်ပွားများက တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။ ချက်ချင်းပင် အချိန်လေဟာနယ်က ပြိုကျလာပြီး အတွင်းသို့ ကျုံ့ဝင်လာသည်။

အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ကာကွယ်ပေးထားသော လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် နန်းတော်က သမုဒ္ဒရာထဲတွင် လွင့်မျောနေသော လှေငယ်လေးတစ်စင်းကဲ့သို့ မည်သည့်အချိန်တွင်မဆို ပျက်ဆီးတော့မလို ဖြစ်နေသည်။

" ဒါက ..."

" မဖြစ်နိုင်ဘူး။ ကိုယ်ပွားတွေက ဒီလောက်တောင်သန်မာတာလား။ "

နန်းတော်အတွင်းရှိ အလွှာဆယ့်နှစ် ကြီမြတ်သူများက နန်းတော်၏ တုန်ခါမှုကို ခံစားမိပြီး စိတ်ရှုပ်ထွေးသွားကြသည်။ ထိုလမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ရတနာက ၎င်း၏ ကန်သတ်ချက်ထက် ကျောလွန်သော စွမ်းအားဖြင့် ဖိနှိပ်ခံနေရသည်။

လင်းယွမ်က အဆက်မပြတ် တုန်ခါနေသော နန်းတော်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

All Chapters