← Chapters

အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ဖမ်းဆီးခြင်း....

Vol. 53 Ch. 781

အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ဖမ်းဆီးခြင်း....

Vol. 53 Ch. 781

ပင်မစကြာဝဠာရှိ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအား ကန့်သတ်ချက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တွင် သတ်မှတ်ထားသည်။ ၎င်းက သံမဏိစည်းမျဉ်းတစ်ခု ဖြစ်သည်။ ပင်မစကြာဝဠာကို ယှဉ်ပြိုင်နိုင်သော စွမ်းအားကို ပိုင်ဆိုင်သူများမှ လွဲ၍ ကျန်သူများ ဖိနှိပ်ခံရပေလိမ့်မည်။

လင်းယွမ်က အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားက လွှမ်းမိုးခြင်အဆင့်သို့ တိုက်ရိုက်ရောက်ရှိခဲ့သော်လည်း စကြာဝဠာ၏ ကန့်သတ်ချက်ကြောင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် စွမ်းအားကိုသာ ထုတ်ဖော်နိုင်သည်။

သို့သော် သူက သာမန်လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်များထက် ပို၍ သန်မာသည်။ လင်းယွမ်ဖန်တီးခဲ့သော ကိုယ်ပွားများပင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ခွန်အားနီးပါးကို ပိုင်ဆိုင်ကြသည်။

" စွမ်းဆောင်ရည်က အခုထိ နှေးနေတုန်းပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

စကြာဝဠာ၏ ဖိနှိပ်မှုမရှိလျှင် ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများကို ကိုင်တွယ်ရန် သူ့အတွက် ပြဿနာရှိမည်မဟုတ်ပေ။ သူ၏ လက်ရှိ စိတ်စွမ်းအားညွှန်းကိန်း သန်းခြောက်ဆယ်ဖြင့် ရှန်းယွမ်မျက်လုံးကို အသုံးပြုလိုက်လျှင် ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ စိတ်အသိက ခဏပျောက်ကွယ်သွားပေလိမ့်မည်။

" အခု လောလောဆယ်တော့ ဒီလောက်နဲ့ပဲ လုပ်ရတော့မှာပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးပြီး နန်းတော်ကို ကြည့်လိုက်သည်။

လင်းယွမ်၏ မူလခန္ဓာကိုယ် လှုပ်ရှားလိုက်သောအခါ ကိုယ်ပွားဆယ်ခုကျော်၏ တိုက်ခိုက်မှုများက နန်းတော်၏ အခြေခံအုတ်မြစ်ကို လုံးဝလှုပ်ခါပြီး အချိန်လေဟာနယ်အလွှာများကို ကျုံ့ပစ်လိုက်သည်။ ချက်ချင်းပင် ခမ်းနားသော နန်းတော်က ကျုံ့ဝင်သွားပြီး လင်းယွမ်၏ လက်ဝါးထဲသို့ ကျရောက်သွားသည်။

" မဖြစ်နိုင်ဘူး။ "

" နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကိုယ်ပွားတွေက ဘာလို့ဒီလောက်သန်မာနေရတာလဲ။ "

" နဂါးငွေ့တန်းကြယ်သခင် ငါတို့မှားပါတယ်။ ငါတို့ လူသားမျိုးနွယ်ကို ထာဝရအညံ့ခံပါတယ်။ ငါတို့ အလွှာဆယ့်နှစ် လက်နက်တွေနဲ့ ရတနာတွေရဲ့ကိုးဆယ်ရာခိုင်နှုန်းကိုလည်း ပေးဖို့ ဆန္ဒရှိပါတယ်။ "

နန်းတော်အတွင်း၌ အလွှာဆယ့်နှစ် ကြီးမြတ်သူများက ထိတ်လန့်သွားကြသည်။ သူတို့က နန်းတော်အတွင်း ရှိနေသော်လည်း အပြင်သို့ ပြန်မထွက်နိုင်ကြပေ။ ထိုအချိန်တွင် နဂါးငွေ့တန်းကြယ်သခင်က သူတို့ကိုကိုင်တွယ်ရန် နည်းလမ်းများကို ဖြည်းဖြည်းချင်း စဉ်းစားနိုင်သည်။

သူက သူတို့ကို မသတ်နိုင်လျှင်တောင် စကြာဝဠာပျက်ဆီးခြင်းသို့ ရောက်သောအခါ နန်းတော်ကို စကြာဝဠာ၏ နက်ရှိုင်းရာသို့ ပစ်ချလိုက်ရုံသာ ဖြစ်သည်။ စကြာဝဠာပျက်ဆီးခြင်းက နန်းတော်နှင့်အတူ သူတို့ကိုပါ ဖျက်ဆီးသွားပေလိမ့်မည်။

" ခုမှ မင်းတို့ရဲ့ အမှားကို နားလည်သွားတာလား။ နောက်ကျသွားပြီ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သူက ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများကို အခွင့်အရေး ပေးခဲ့ပြီးဖြစ်သည်။ အမှန်တော့ လူသားမျိုးနွယ် ပုန်းကွယ်နေသော အချိန်မှ ယနေ့အချိန်အထိ ကြယ်ပင်လယ်ခေတ် နှစ်ပေါင်းနှစ်သန်းကျော်အတွင်း ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ လက်ထဲတွင် ဆင့်ကဲပြောင်းလဲသူ မည်မျှ သေဆုံးခဲ့ရသည်ကို မသိနိုင်ပေ။

အလွှာဆယ့်နှစ် ကြီးမြတ်သူများက အားနည်းသူများကို တိုက်ရိုက်မတိုက်ခိုက်လျှင်တောင် သူတို့၏ တိုက်ပွဲများမှ နောက်ဆက်တွဲသက်ရောက်မှုများက ကြယ်နယ်မြေဆယ်ခုကျော်ပင် ပျက်ဆီးစေနိုင်သည်။

" ဘာ.." ကပ်ဘေးမျိုးနွယ်၏ နယ်မြေတွင် ကြီးမြတ်သူနှစ်ယောက်က စိတ်ရှုပ်ထွေးသွားကြသည်။

လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ရတနာကို ဖိနှိပ်သွားခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင်..." ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က ဖြည်းညင်းစွာ ပျောက်ကွယ်သွားသော ကိုယ်ပွားများကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။ ကိုယ်ပွားတစ်ခုစီက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နီးပါး စွမ်းအားကို ပိုင်ဆိုင်ထားသည်။

" ကိုယ်ပွားတွေက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် စွမ်းအားနီးပါးကို ပိုင်ဆိုင်ရင် နဂါးငွေ့တန်းကြယ်သခင်ရဲ့ မူလခန္ဓာကိုယ်က အနည်းဆုံး လွှမ်းမိုးခြင်းအဆင့် ခွန်အားကို ပိုင်ဆိုင်ရမယ်။ " ညာဘက်မှ ကြီးမြတ်သူက လင်းယွမ်ကို ကြည့်ပြီး တံတွေးများ မျိုချလိုက်သည်။

ဖိနှိပ်ခံထားရသော အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ စိတ်ရှုပ်ထွေးသော အခြေအနေများနှင့် ယှဉ်လျှင် သူတို့က ပို၍ ခန့်မှန်းနိုင်သည်။

ပထမဦးစွာ ကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းအားက မူလခန္ဓာကိုယ်ထက် နိမ့်ကျသည်မှာ သေချာသည်။ လင်းယွမ်၏ ကိုယ်ပွားများစွာက ထိုသို့သော ကြောက်မက်ဖွယ်ခွန်အားကို ပြသခဲ့ခြင်းမှာ ဖြစ်နိုင်ခြေတစ်ခုတည်းသာ ဖြစ်သည်။ သူ၏ မူလခန္ဓာကိုယ်၏ ခွန်အားက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် များစွာ သာလွန်နေပေလိမ့်မည်။

" ငါ အခုသွားတော့မယ်။ " လင်းယွမ်က ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်ကို ကြည့်ပြီး သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။

" နဂါးငွေ့တန်းကြယ်သခင်က မဟာသူတော်စင်တစ်ပါးရဲ့ ပြန်လည်ဝင်စားခြင်းဆိုတာ ငါ လုံးဝ သံသယမဝင်တော့ဘူး။ " ဘယ်ဘက်မှ ကြီးမြတ်သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အစတွင် သူတို့က အလွှာဆယ့်နှစ်သို့ ဝင်ရောက်ပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခြင်းက ကန့်သတ်ချက်ဟု ထင်ခဲ့ကြသည်။ နဂါးငွေ့တန်းကြယ်သခင်က လွှမ်းမိုးခြင်းအဆင့် ဖြစ်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားကြပေ။

ဖရိုဖရဲဟင်းလင်းပြင်တွင် လွှမ်းမိုးခြင်းအဆင့်က အစွမ်းထက်သည်ဟု သတ်မှတ်ခံရပြီး အန္တရာယ်ကြီးသော နေရာများကို ဝင်ရောက်ခြင်းမရှိလျှင် သေဆုံးရန် ခက်ခဲလှသည်။

လင်းယွမ်က အလွှာဆယ့်နှစ် ကြီးမြတ်သူဆယ်ယောက်ကျော်ကို ဖိနှိပ်လိုက်သည့်သတင်းက ကြယ်စကြာဝဠာတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ အထွတ်အထိပ်မျိုးနွယ်များမှ အလွှာဆယ့်တစ် အင်အားကြီးသူများက သူတို့၏ ဘိုးဘေးများ နဂါးငွေ့တန်းကြယ်သခင်၏ လက်ထဲသို့ ကျရောက်သွားသည်ကို သိရသောအခါ စိတ်တည်​ငြိမ်မှုများ ပျောက်ဆုံးလာကြသည်။

" ငါတို့ရဲ့ ဘိုးဘေးကို နဂါးငွေ့တန်းကြယ်သခင်က ဖမ်းလိုက်တာလား။ "

" ဒါပေမယ့် ငါတို့ဘိုးဘေးက အလွှာဆယ့်နှစ် ကြီးမြတ်သူပဲ။ "

" ငါ မယုံဘူး ငါမယုံဘူး....."

အလွှာဆယ့်တစ် အင်အားကြီးသူများက ယုံကြည်ရန် ခက်ခဲနေကြသော်လည်း မကြာမီ မျိုးနွယ်အတွင်း သူတို့၏ ဘိုဘေးများ ချန်ထားခဲ့သော ကိုယ်ပွားများထံမှ အဖြစ်မှန်ကို သိလိုက်ရသည်။

လင်းယွမ်က နန်းတော်ကို သိမ်းဆည်းပြီး ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ လူသားမျိုးနွယ်၏ တတိယခံတပ်သို့ တစ်ဖန် ရောက်ရှိလာသည်။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က စိတ်ရှုပ်ထွေးနေကြသည်။ မကြာသေးမီက သူတို့က အခြားမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူများနှင့် မည်သို့တိုက်ခိုက်ရမည်ကို ဆွေးနွေးနေကြပြီး ပြင်းထန်သော တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။ သို့သော် သူတို့ ဆွေးနွေးလို့မပြီးခင် လင်းယွမ်က အားလုံးကို ရှင်းပစ်ခဲ့သည်။

" လင်းယွမ် မင်းရဲ့ ခွန်အားက တကယ်ဘာလဲ။ " ကြီးမြတ်သူရှချင်က မနေနိုင်တော့ဘဲ မေးလိုက်သည်။

လင်းယွမ်က အလွှာဆယ့်နှစ်သို့ ဝင်ရောက်ပြီးနောက် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နှင့် ယှဉ်နိုင်ကြောင်း သူတို့ကို ပြောခဲ့သည်။ ထိုအချိန်က ကြီးမြတ်သူကိုးယောက်ကလည်း အံ့ဩတုန်လှုပ်ခဲ့ရသည်။

သို့သော် ယခု လင်းယွမ်က အလွှာဆယ့်နှစ် ကြီးမြတ်သူများကို အလွယ်တကူ ဖိနှိပ်သွားခဲ့သည်။ ထို့အပြင် သူတို့က လမ်းစဉ်ခွဲထွတ်ခြင်းအဆင့် အထွတ်အထိပ် ရတနာ၏ ကာကွယ်မှုအတွင်း ရှိနေကြသည်။ ထို့အပြင် လင်းယွမ်၏ ကိုယ်ပွားတစ်ခုစီကလည်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နီးပါး ခွန်အားကို ပိုင်ဆိုင်ထားသည်။

" စကြာဝဠာအတွင်းမှာတော့ ကျွန်တော်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်မှာ ရှိပါတယ်။ " လင်းယွမ်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။ စကြာဝဠာ၏ ဖိနှိပ်မှုအောက်တွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကိုသာ ထိန်းသိမ်းထားနိုင်သည်။

" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်လား။ " ကြီးမြတ်သူရှုချန်က လင်းယွမ်ကို ကြည့်လိုက်သည်။

" စကြာဝဠာအတွင်းမှာ မင်းက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ဆိုရင် စကြာဝဠာအပြင်ဘက်မှာရော..." ကြီးမြတ်သူရွှမ်ယွမ်က ရုတ်တရက် မေးလိုက်သည်။

အစမှအဆုံး လင်းယွမ်က သူ၏ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကို ပြောပြချိန်တွင် စကြာဝဠာအတွင်းဟူသော စကားကို အမြဲတမ်းထည့်ပြောခဲ့သည်။ သို့သော် လင်းယွမ်၏ ကြောက်မက်ဖွယ်ရာ ခွန်အားကို မြင်တွေ့ရသောအခါ ကြီးမြတ်သူရွှမ်ယွမ်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိခဲ့သည်။

" စကြာဝဠာအပြင်မှာဆိုရင် ကျွန်တော်က လွှမ်းမိုးခြင်းအဆင့်နဲ့ ညီမျှမယ်လို့ ထင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။

သူ၏ အဆင့်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ဖြစ်သော်လည်း သူ၏ အခြေခံအုတ်မြစ်ကြောင့် တိုက်ခိုက်ရေးစွမ်းအားက လွှမ်းမိုးခြင်းအဆင့်အောက် နိမ့်ကျခြင်းမရှိပေ။

" လွှမ်းမိုးခြင်းအဆင့် " ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားကြီးမြတ်သူများက နှလုံးခုန်မြန်သွားကြသည်။

သူတို့က ဖရိုဖရဲဟင်းလင်းပြင်မှ အမွေအနှစ်အချို့ကို ရရှိခဲ့ပြီး လွှမ်းမိုးခြင်းအဆင့်၏ ကြောက်စရာကောင်းပုံကို သိကြလေသည်။ လင်းယွမ်က လွှမ်းမိုးခြင်းအဆင့် ခွန်အားကို မပိုင်ဆိုင်လျှင် သူ၏ ကိုယ်ပွားများက ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်မည်မဟုတ်ပေ။

" လွှမ်းမိုးခြင်းအဆင့်... အလွှာဆယ့်နှစ်ကို ဝင်ရောက်တာနဲ့ လွှမ်းမိုးခြင်းအဆင့် ခွန်အားကို ပိုင်ဆိုင်တာလား။ " ကြီးမြတ်သူရှချင်က အနည်းငယ် ကူကယ်ရာမဲ့သွားသည်။

လင်းယွမ်၏ ပါရမီနှင့် အရည်အချင်းအရ အလွှာဆယ့်နှစ်သို့ ဝင်ရောက်ပြီး သူတို့အား လျင်မြန်စွာ ကျော်ဖြတ်သွားမည်ကို နားလည်ခဲ့ကြသည်။ သို့သော် ယခု လင်းယွမ်က အလွှာဆယ့်နှစ်သို့ ဝင်ရောက်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။

" လင်းယွမ် သူတို့ကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ။ " ကြီးမြတ်သူကုလီက မေးလိုက်သည်။

" သူတို့ကိုလား။ အခုလောလောဆယ်တော့ သူတို့ကို ဖိနှိပ်ထားလိုက်မယ်။ " လင်းယွမ်က ပြောလိုက်သည်။

အခြားမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီး​မြတ်သူများက ယခု လင်းယွမ်၏ လက်ထဲတွင် ရှိနေပြီး ယခု သူတို့ကို မကိုင်တွယ်နိုင်သေးလျှင်တောင် အချိန်တစ်ခုသာ လိုအပ်သည်။

" ဖိနှိပ်ထားတာကောင်းတယ်။ " ကြီးမြတ်သူရွှမ်ယွမ်က ခေါင်းညိမ့်လိုက်သည်။

ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများကို လွှတ်ပေးလိုက်ခြင်းက အန္တရာယ်ရှိနိုင်ပြီး တိုက်ရိုက် ဖိနှိပ်ထားခြင်းက အလွယ်ကူဆုံး နည်းလမ်းဖြစ်သည်။

All Chapters