ရတနာတစ်သောင်းလေလံပွဲ...
Vol. 53 Ch. 783
" ဒီသစ်ပင်တွေက အထူးဖွဲ့စည်းပုံကြောင့် ဖရိုဖရဲစွမ်းအားကို သန့်စင်စရာမလိုဘဲ တိုက်ရိုက်စုပ်ယူနိုင်တယ်။ " လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များစွာ လင်းလက်လာသည်။
လင်းယွမ်က အံ့ဖွယ်သစ်ပင် ဆယ့်ရှစ်ပင်ကို ရရှိပြီးသောအခါ ၎င်းတို့၏ ဖရိုဖရဲစွမ်းအားကို တိုက်ရိုက်စုပ်ယူနိုင်စွမ်းကြောင့် လေ့လာမှုများစွာ ပြုလုပ်ခဲ့သည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် လေ့လာမှုများက နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့သည်။ အသိအမြင်အားလုံး စုစည်းပြီး ပြည့်စုံသော လျို့ဝှက်နည်းစနစ်တစ်ခု ပေါ်လာသည်။
ထိုလျို့ဝှက်နည်းစနစ်က ခန္ဓာကိုယ်၏ အတွင်းကမ္ဘာကို အနည်းငယ် ချိန်ညှိပြီး အံ့ဖွယ်သစ်ပင်များ၏ ဖရိုဖရဲစွမ်းအားကို စုပ်ယူခြင်းနှင့်ဆင်တူသော အကျိုးသက်ရောက်မှုကို ရရှိစေသည်။
" နောက်ဆုံးတော့ ပြီးသွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
လျို့ဝှက်နည်းစနစ်က ဖရိုဖရဲစွမ်းအားကို စုပ်ယူခြင်းနှင့် အသုံးပြုခြင်းကို မြှင့်တင်ပေးပြီး ဖရိုဖရဲသလင်းကျောက်များအပေါ် များစွာမှီခိုခြင်းမရှိတော့ပေ။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များက ဖရိုဖရဲစွမ်းအားကို စုပ်ယူနိုင်သော်လည်း အဆင့်များစွာ လိုအပ်သည်။
သို့သော် ရန်သူနှင့်တိုက်ခိုက်နေစဉ် အရေးပါသော အခိုက်အတန့်များတွင် ဖရိုဖရဲစွမ်းအားကို စုပ်ယူရန် မဖြစ်နိုင်ပေ။ ထိုအခါ ဖရိုဖရဲသလင်းကျောက်၏ အသုံးဝင်မှုက ထင်ရှားလာသည်။
ဖရိုဖရဲအရှင်သခင်ကိုယ်တိုင် သန့်စင်ထားသော ဖရိုဖရဲသလင်းကျောက်များက အလွန်သန့်စင်သော ဖရိုဖရဲစွမ်းအားများ ပါဝင်ပြီး တိုက်ရိုက်စုပ်ယူနိုင်သည်။ ယခု လင်းယွမ်က ဖရိုဖရဲစွမ်းအားကို တိုက်ရိုက်စုပ်ယူနိုင်ပြီဖြစ်သည်။
" ဒီလျို့ဝှက်နည်းစနစ်ရဲ့ ငါ့အတွက် အကြီးမားဆုံး အကူအညီက ဖရိုဖရဲစွမ်းအားနဲ့ ပက်သက်တဲ့အမြင်ပဲ။ " လင်းယွမ်က စဉ်းစားနေသည်။
ဖရိုဖရဲစွမ်းအားက ဖရိုဖရဲဟင်းလင်းပြင်၏ နေရာတိုင်းတွင် တည်ရှိပြီး အရာအားလုံး၏ အခြေခံဖြစ်သည်။ ၎င်းက သာမန်ဖြစ်သောကြောင့် အလွှာဆယ့်နှစ်များက လျစ်လျူရှုထားမိကြသည်။
ကုမင်ဖရိုဖရဲကုန်းမြေရှိ မင်ချွမ်မြို့။
လင်းယွမ်၏ ခန္ဓာကိုယ်မှ အော်ရာက တဖြည်းဖြည်း တည်ငြိမ်လာသည်။
" ငါ့ရဲ့ လက်ရှိ ဖရိုဖရဲစွမ်းအားကို အသုံးပြုပုံနဲ့ဆိုရင် ငါ့ကိုယ်ပွားတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကို ရောက်သွားလောက်တယ်။ "လင်းယွမ်က ပြုံးလိုက်သည်။
ယခင် စကြာဝဠာအတွင်း၌ အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ဖိနှိပ်ခဲ့သော လင်းယွမ်၏ ကိုယ်ပွားများက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နီးပါး စွမ်းအားကိုသာ ပိုင်ဆိုင်ကြသည်။ ယခုမူ ကိုယ်ပွားများက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်သွားကြသည်။
ကြီးမြတ်သူရွှမ်ယွမ်နှင့် အသွင်ပြောင်းလဲခြင်းဧကရီတို့က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နှင့် နီးစပ်နေကြသော်လည်း စကြာဝဠာပျက်ဆီးခြင်း မပြုမီ ထိုအဆင့်ကို ဝင်ရောက်နိုင်မလားဆိုသည်မှာ မသေချာပေ။
ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ခဲ့သော်လည်း သူတို့က စကြာဝဠာခေတ်တစ်ခါထက် ပိုမိုကျင့်ကြံခဲ့ကြခြင်းဖြစ်သည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထပ်စွမ်းအားကို ရရှိရန် စကြာဝဠာတစ်ခုထက် ပို၍ လိုအပ်သည်။
" ငါ သတိထားဖို့ လိုသေးတယ်။ အဆုံးမှာဒါက စကြာဝဠာမဟုတ်ဘူးလေ။ "လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ၏ စိတ်က တည်ငြိမ်သွားသည်။
စကြာဝဠာအတွင်း လင်းယွမ်ကို ဘယ်သူမှ မယှဉ်နိုင်သော်လည်း ဖရိုဖရဲဟင်းလင်းပြင်နှင့် ဖရိုဖရဲကုန်းမြေတွင် လွှမ်းမိုးငြ်းအဆင့်နှင့် ယှဉ်နိုင်သော မူလခန္ဓာကိုယ်ပင် မဆင်မခြင်မပြုမူရဲပေ။
ဖရိုဖရဲအဆင့်များက ဖရိုဖရဲဟင်းလင်းပြင်တွင် အစွမ်းထက်သော်လည်း ဖရိုဖရဲကုန်းမြေကို ဖရိုဖရဲအရှင်သခင်က ကြီးကြပ်ထားသည်။ ဤနေရာတွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များက သာမန်ဖြစ်ပြီး လွှမ်းမိုးခြင်းအဆင့်များ အများအပြားရှိသည်။
" တစ်ယောက်ယောက် ရှာနေတာလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။
" ဒီဖရိုဖရဲကုန်းမြေကို ရောက်ကတည်းက ငါက ကျင့်ကြံခြင်းထဲ နစ်မြှုပ်နေခဲ့တာပါ။ ဘယ်သူကများ ငါနဲ့ တွေ့ချင်နေတာလဲ။ " လင်းယွမ်က အံ့ဩသွားမိသည်။
" အရှင်ကို အရိုအသေပေးပါတယ်။ " အမျိုးသမီးတစ်ယောက်က လင်းယွမ်ကို အရိုအသေပေးလိုက်သည်။
သူမက အလွှာဆယ့်နှစ်ဖြစ်သည်ကို လင်းယွမ်က ချက်ချင်း သိလိုက်သည်။ သူမ၏ လက်စွပ်တွင် ကုမင်ဖရိုဖရဲကုန်းမြေ၏ သင်္ကေတရှိနေပြီး အရှင်သခင်ကုမင်၏ လက်အောက်တွင် အမှုထမ်းသည်မှာ ထင်ရှားသည်။
" ဘာကိစ္စလဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
" ခြောက်လာကြာရင် ကျွန်မတို့ မင်ချွမ်မြို့မှာ ရတနာတစ်သောင်းလေလံပွဲ ရှိပါတယ်။ အဲ့ဒီမှာ ရှားပါးတဲ့ ရတနာတွေ အများကြီး ပေါ်လာပါလိမ့်မယ်။ ကျွန်မတို့ မြို့သခင်က ဒီတစ်ကြိမ် ရောင်းချမယ့် ရတနာမှတ်တမ်းကို ပို့ခိုင်းလိုက်တာပါ။ " အမျိုးသမီးက စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။
" နားလည်ပြီ။ " လင်းယွမ်က စာအုပ်ကို ယူလိုက်သည်။
" ဒါဆိုကျွန်မကို သွားခွင့်ပြုပါဦး။ " အမျိုးသမီးက နှုတ်ဆက်ပြီး ထွက်ခွာသွားသညိ။
လင်းယွမ်က ရတနာတစ်သောင်းစာရင်းမှ ရတနာများကို ကြည့်လိုက်သည်။ မင်ချွမ်မြို့က ရတနာစာရင်းကို ပေးရသည့် အကြောင်းရင်းမှာ ဖရိုဖရဲသလင်းကျောက်များ ကြိုတင်စုဆောင်းရန် အချိန်ပေးလိုသောကြောင့်ဖြစ်သည်။
" မင်ချွမ်မြို့တော်ရဲ့ ရတနာတစ်သောင်းလေလံပွဲက အရှင်သခင်ကုမင်ရဲ့ ထောက်ပံ့မှုရှိပြီး ယုံကြည်စိတ်ချမှုကို အာမခံထားတယ်။ ပေါ်လာတဲ့ ရတနာတွေကလည်း အကြိမ်တိုင်း ထူးခြားပြီး အင်အားကြီးသူအများကြီးကို ဆွဲဆောင်နိုင်တယ်။ "
" ဒီတစ်ကြိမ် လေလံပွဲမှာ ရတနာ ၈၆၃၃ခု ပါဝင်ပြီး အားလုံးက အရည်အသွေးကောင်းမွန်ကြတယ်။ " လင်းယွမ်က စာရင်းကို ကြည့်လိုက်ည်။
" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ရတနာ ၅၃၁၁၊ လွှမ်းမိုးခြင်းအဆင့် ရတနာ ၁၄၇၆ခု၊ ဖရိုဖရဲအဆင့်က ခြောက်ခု... ကျန်တာတွေကတော့ ထူးခြားတဲ့ ရတနာတွေပဲ။ "
" အချိန်သလင်းကျောက် ကြွယ်ဝတဲ့ အချိန်စွမ်းအားတွေပါဝင်တယ်။ အသုံးပြုပြီးရင် အချိန်နိယာမအပေါ် နားလည်မှုက လျင်မြန်လာလိမ့်မယ်။ အချိန်နိယာမ သတ္တမအဆင့်အောက်တွေသာ သက်ရောက်မှုရှိတယ်။ စျေးနှုန်း ဖရိုဖရဲသလင်းကျောက်ရှစ်ရာ။ "
" နိယာမအပေါ် နားလည်မှုကို တိုက်ရိုက်တိုးမြှင့်ပေးနိုင်တယ်။ ဒါမျိုးက ရှားတယ်။ " လင်းယွမ်က သေချာကြည့်လိုက်သည်။ " ဒါပေမယ့် ငါ့အတွက် အသုံးမဝင်ဘူး။ "
လင်းယွမ်၏ အချိန်နိယာမအပေါ် နားလည်မှုက နဝမအဆင့်သို့ ရောက်နေပြီဖြစ်သည်။ အချိန်နိယာမက အဓိကနိယာမတစ်ခုဖြစ်ပြီး ၎င်းကို လေ့လာခြင်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို လေ့ာခြင်းလောက် မခက်ခဲပေ။
" ခုနှစ်ရောင်ခြယ်မိုးကြိုးကျောက် ဖရိုဖရဲမိုးကြိုးကန်က ပြုတ်ကျလာတဲ့ ထူးခြားတဲ့ ကျောက်တုံးဖြစ်ပြီး ခုနှစ်ရောင်ခြယ်မိုးကြိုးစွမ်းအား ပါဝင်တယ်။ အလွှာဆယ့်နှစ် မိုးကြိုးလမ်းစဉ် လျှောက်လှမ်းသူတွေအတွက် အလွန်အကျိုးရှိတယ်။ စျေးနှုန်း ဖရိုဖရဲသလင်းကျောက် တစ်သောင်း။ "
ဖရိုဖရဲဟင်းလင်းပြင်တွင် ထူးခြားသော နေရာများစွာ ရှိပြီး ဝင်ရောက်ရန်အတွက် အခြေအနေများစွာ လိုအပ်သည်။ ဖရိုဖရဲမိုးကြိုးကန်ကဲ့သို့သော နေရာများက အဆုံးမဲ့ ဖျက်ဆီးခြင်းမိုးကြိုးများနှင့် ပြည့်နှက်နေပြီး မိုးကြိုးလမ်းစဉ်ကို လျှောက်လှမ်းသော ဖရိုဖရဲအရှင်သခင်သာ ဝင်ရောက်နိုင်သည်။
ထို့အပြင် အချိန်တစ်ခုကြာတိုင်း ဖရိုဖရဲမိုးကြိုးကန်မှ ကျောက်တုံးအချို့ ပြုတ်ကျလာပြီး ၎င်းတို့က ခုနှစ်ရောင်ခြယ်မိုးကြိုးကျောက်တုံးများ ဖြစ်ကြသည်။ ဖရိုဖရဲမိုးကြိုးကန်၏ အနှစ်သာရအချို့ပါဝင်သောကြောင့် ခုနှစ်ရောင်ခြယ်မိုးကြိုးကျောက်တုံးများကို မိုးကြိုး၏ ရင်းမြစ်အဖြစ် သတ်မှတ်ပြီး မိုးကြိုးလမ်းစဉ်ကို နားလည်ရာတွင် အလွန်အကျိုးရှိသည်။
" မိုးကြိုးလမ်းစဉ်..." လင်းယွမ်က ခဏစဉ်းစားလိုက်သည်။ သူက မိုးကြိုးလမ်းစဉ်ကို လျှောက်လှမ်းရန် ဆန္ဒမရှိပေ။
" ဖရိုဖရဲသလင်းကျောက် တစ်သောင်း... ဒါက သာမန်လွှမ်းမိုးခြင်းအဆင့်တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုနဲ့ ညီမျှတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
လင်းယွမ်က ရတနာတစ်သောင်းစာရင်းမှ ရတနာများကို ဆက်လက်ကြည့်ရှုနေသည်။ ရတနာများထဲမှ ရတနာတစ်ခုက သူ၏ အာရုံကို ဆွဲဆောင်သွားသည်။
လင်းယွမ်၏ သူငယ်အိမ်များက ကျုံ့သွားသည်။ ၎င်းက ရွှေရောင်သေတ္တာတစ်လုံးဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် စွန်းထင်နေကာ အချိန်၏ တိုက်စားမှုကို နှစ်ပေါင်းများစွာ ခံစားထားရပုံပေါ်သည်။ ရွှေရောင်သေတ္တာ၏ ဘယ်ဘက်အောက်ခြေတွင် အမှတ်အသားတစ်ခု ထွင်းထုထားပြီး ၎င်းကို မြင်သောအခါ လင်းယွမ်က ရင်းနှီးမှုကို ခံစားလိုက်ရသည်။
" ဒါက ရွှမ်ဟွမ်မျိုးနွယ်ရဲ့ အမှတ်အသားမဟုတ်လား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
သူက ဧကရာဇ်ရွှမ်ဟွမ်၏ အမွေကို ဆက်ခံထားသောကြောင့် ရွှမ်ဟွမ်မျိုးနွယ်၏ အမှတ်အသားများအကြောင်းကို သဘာဝအတိုင်း နားလည်ထားသည်။
" ဒီသေတ္တာက ရွှမ်ဟွမ်မျိုးနွယ်က ဆင်းသက်လာတာလား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
" အမည်မသိ သေတ္တာ... ဖရိုဖရဲအဆင့်အော်ရာပါဝင်ပြီး မူလဇတ်မြစ်နှင့် အကျိုးသက်ရောက်မှုများမသိရ။ စျေးနှုန်း ဖရိုဖရဲသလင်းကျောက် သုံးသောင်း။ "
ရွှေရောင်သေတ္တာက မင်ချွမ်မြို့တွင် အချိန်အတော်ကြာအောင် ရှိနေခဲ့သည်။ အရှင်သခင်ကုမင်ပင် သေတ္တာ၏ မူလအစကို မဆုံးဖြတ်နိုင်ခဲ့ပေ။ သို့သော် သေတ္တာအတွင်းမှ ဖရိုဖရဲအဆင့် အော်ရာများ ထွက်ပေါ်နေသောကြောင့် ၎င်းကို ဖရိုဖရဲအဆင့်ရတနာအဖြစ် သတ်မှတ်ပြီး ဖရိုဖရဲသလင်းကျောက် သုံးသောင်း စေလွှတ်ခဲ့သည်။
အမှန်တွင် ထိုစျေးနှုန်းက ဖရိုဖရဲအဆင့် ရတနာများကြားတွင် အတော်လေးနိမ့်သည်။ ဖရိုဖရဲအဆင့် ရတနာအများစုက ဖရိုဖရဲသလင်းကျောက် ငါးသောင်းမှ တစ်သိန်းကျော်ထိ ရှိကြသည်။
" ဖရိုဖရဲသလင်းကျောက် သုံးသောင်း... အရှင်သခင်ကုမင်က ဒီသေတ္တာရဲ့ မူလအစကို မသိဘူးထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်က ပြိုင်ဘက်ကင်းသော မဟာသူတော်စင်တစ်ပါးဖြစ်သည်။ ပြိုင်ဘက်ကင်းသော မဟာသူတော်စင်၏ မျိုးနွယ်မှ ဆင်းသက်လာသော ရတနာက ဖရိုဖရဲသလင်းကျောက် သုံးသောင်းနှင့် ရရှိနိုင်မည်မဟုတ်ပေ။
၎င်းက ပုံမှန်သာဖြစ်သည်။ ဧကရာဇ်ရွှမ်ဟွမ်က လွန်ခဲ့သော စကြာဝဠာခေတ်များစွာက တည်ရှိခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ ခေတ်ကပင် ဧကရာဇ်ရွှမ်ဟွမ်အကြောင်း သတင်းအချက်အလက်များ အလွန်ရှားပါးခဲ့သည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်သည်လည်း အမွေအနှစ်အချို့မှ ဧကရာဇ်ရွှမ်ဟွမ်၏ တည်ရှိမှုကို သိရှိခဲ့ခြင်းဖြစ်သည်။