ရင်းမြစ်ကမ္ဘာသို့ ဆင်းသက်ခြင်း...
Vol. 53 Ch. 785
သိုင်းတာအိုအလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ကဏ္ဍကို တင်ပြပြီးနောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူသားမျိုးနွယ်၏ ပထမ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖြစ်လာခဲ့သည်။
၎င်းက မည်သည့်အံ့ဩစရာမှမဖြစ်ခဲ့ပေ။ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများနှင့် ကြီးမြတ်သူကိုးယောက်၏ မျက်လုံးထဲတွင် ၎င်းက ပုံမှန်သာဖြစ်သည်။
" မျှော်စင်သခင် ဒါက လူသားမျိုးနွယ် ဖြစ်ပေါ်ချိန်ကစပြီး အကျိုးဆောင်ခဲ့တဲ့ အသက်ဆုံးရှုံသွားသူအားလုံးရဲ့ စာရင်းပါ။ " ကျန်းထျန်းကျိက အောက်တွင် ရိုသေစွာ ရပ်နေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမဆုံး အလွှာရှစ်သို့ ရောက်ခဲ့သော ကျန်းထျန်းကျိက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်သို့ ချက်ချင်း ဝင်ရောက်ခဲ့သည်။ ခွန်အားကြောင့် သူ၏ ရာထူးက မြင့်မားခြင်းမရှိသော်လည်း သူက လင်းယွမ်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
လင်းယွမ်က စာရင်းကို ကြည့်လိုက်ရာ နာမည်ပေါင်းသန်းရာချီကို တွေ့လိုက်ရသည်။
လူသားမျိုးနွယ်၏ ကြယ်ပင်လယ်ခေတ်က နှစ်ပေါင်းနှစ်သန်းသာ ရှိသော်လည်း လူသားမျိုးနွယ်၏ သမိုင်းက ထိုထက်ပိုကြာခဲ့သည်။ လူသားမျိုးနွယ်ကို အနည်းငယ် အကျိုးပြုခဲ့သူများဖြစ်လျှင်တောင် အရေအတွက်က အလွန်ကြီးမားသည်။
" မျှော်စင်သခင် သူတို့ကို ပြန်အသက်သွင်းမလို့ စီစဉ်ထားတာလား။ " ကျန်းထျန်းကျိက သတိထားပြီး မေးလိုက်သည်။
" လူသားမျိုးနွယ်အတွက် အကျိုးပြုခဲ့တဲ့သူတွေကို အသက်သွင်းလို့ရတယ်။ " လင်းယွမ်က ပြောလိုက်သည်။
အတိတ်တွင် လူသားမျိုးနွယ်မှ သေဆုံးသွားသော ဆင့်ကဲပြောင်းလဲသူများကို ပြန်လည်အသက်သွင်းချိန်တွင် လိုအပ်ချက်များ ရှိခဲ့သည်။ အလားအလာ၊ ခွန်အားနှင့် အကျိုးဆောင်မှုတို့က အဓိကဖြစ်သည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးပါးအတွက် သုံးခုလုံးက မရှိမဖြစ်လိုအပ်သည်။ သေဆုံးသွားသော သက်ရှိများကို ပြန်လည်အသက်သွင်းချိန်တွင် စကြာဝဠာ၏ တန်ပြန်မှုကို ခံရပြီး အရေအတွက် များလျှင် ကြီးမြတ်သူများကိုပင် ဒဏ်ရာရသွားစေနိုင်သည်။
သို့သော် လင်းယွမ်၏ အသက်အနှစ်သာရက အလွန်သန်မာပြီး အလွှာဆယ့်တစ် သက်ရှိများကို ပြန်လည်အသက်သွင်းလျှင်တောင် သူက တန်ပြန်မှုကို လျစ်လျူရှုထားနိုင်သည်။ ထို့ကြောင့် သူက ပြန်လည်အသက်သွင်းခြင်း ကန့်သတ်ချက်များကို လျှော့ချခဲ့သည်။
ရက်အနည်းငယ် ကြာပြီးသောအခါ အလွှာကိုးနှင့် အထက်ရှိ လူသားမျိုးနွယ်ဆင့်ကဲပြောင်းလဲသူများအားလုံးက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တွင် စုဝေးနေကြသည်။
အတိတ်မှ သက်ရှိများကို ပြန်လည်အသက်သွင်းခြင်းက စကြာဝဠာ၏ အချိန်လေဟာနယ်စီးဆင်းမှုကို ပြောင်းပြန်လှန်ရန် လိုအပ်ပြီး ၎င်းကို ကြည့်ရှုခြင်းက ဆင့်ကဲပြောင်းလဲသူများစွာကို ထိုးထွင်းသိမြင်မှုများ ရရှိနိုင်သည်။ လင်းယွမ်ကလည်း တစ်ချိန်က ကြီးမြတ်သူရှချင် ပြန်လည်အသက်သွင်းခြင်းကို ကြည့်ရှုခဲ့သည်။
" ကြီးမြတ်သူနဂါးငွေ့တန်းက ငါတို့လူသားမျိုးနွယ်ရဲ့ အတိတ်က သေဆုံးခဲ့တဲ့သူတွေကို ပြန်အသက်သွင်းမျိာလား။ "
" ဒီတစ်ကြိမ် ကြီးမြတ်သူ နဂါးငွေ့တန်း ပြန်လည်အသက်သွင်းတဲ့ နယ်ပယ်က အရမ်းကျယ်ပြန့်တယ်။ သူတို့ရဲ့ အလားအလာ၊ ခွန်အား ဘာပဲဖြစ်ဖြစ် လူသားမျိုးနွယ်ကို အနည်းငယ် အကျိုးပြုဖူးရင် ပြန်လည်အသက်သွင်းမယ့် စာရင်းထဲမှာ ပါဝင်လိမ့်မယ်။ "
" ဘုရားရေ ဒီလောက် လူအများကြီးကို ပြန်အသက်သွင်းတာက ဘယ်လိုကြောက်စရာကောင်းတဲ့ တန်ပြန်တိုက်ခိုက်မှုမျိုးကို ခံစားရမှာလဲ။ "
လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများစွာက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ လူသားမျိုးနွယ်က စကြာဝဠာတစ်ခုလုံးကို သိမ်းပိုက်ထားသောကြောင့် အရင်းအမြစ်ရှားပါးမှုမရှိပေ။ ကြီးမြတ်သူရွှမ်ယွမ်နှင့်ကြီးမြတ်သူရှချင်တို့ကလည်း လျင်မြန်စွာ ရောက်ရှိလာကြသည်။
" စမယ်။ " လင်းယွမ်က အင်မော်တယ်ကမ္ဘာတွင် သူ၏ မိဘဆွေမျိုးများကို ပြန်လည်အသက်သွင်းခဲ့သော်လည်း အင်မော်တယ်ကမ္ဘာ၏ အချိန်မြစ်က စကြာဝဠာ၏ အချိန်မြစ်နှင့် ကွဲပြားသည်။ ပင်မစကြာဝဠာမှ အချိန်မြစ်က ဖရိုဖရဲဟင်းလင်းပြင် အချိန်မြစ်၏ မြစ်ခွဲတစ်ခုဖြစ်သည်။
လင်းယွမ်က အချိန်မြစ်၏ စီဆင်းမှုကို ဆန်တက်သွားသည်။ သူ၏ လက်ထဲတွင် ပြန်လည်အသက်သွင်းမည့် ဆင့်ကဲပြောင်းလဲသူများ၏ အသက်အနှစ်သာရနှင့် အော်ရာကို ရှင်းလင်းစွာ သိပြီး အချိန်မြစ်မှ လူများစွာကို အဆက်မပြတ် ဆယ်ယူနေသည်။
" အားလုံး နိုးထကြတော့..." လင်းယွမ်၏ အားထုတ်မှုဖြင့် ဆင့်ကဲပြောင်းလဲသူ တစ်ဆယ်ဘီလီယံကျော်က လက်ရှိအချိန်ကာလသို့ ပြန်လည်ရောက်ရှိလာကြသည်။ အချိန်တိုင်းတွင် ဆင့်ကဲပြောင်းလဲသူ တစ်ဆယ်ဘီလံကျော် ပြန်လည်အသက်ဝင်လာပြီး စုစုပေါင်း ပြန်လည်ရှင်သန်လာသ တစ်ထရီလီရံကျော်သွားခဲ့သည်။
" ကြီးမြတ်သူနဂါးငွေ့တန်း... စကြာဝဠာရဲ့တန်ပြန်မှုက ကြီးမြတ်သူနဂါးငွေ့တန်းဆီရောက်ရင် ဘာလို့ လှိုင်းတောင်မထနိုင်ရတာလဲ။ " ဆင့်ကဲပြောင်းလဲသူများစွာက ထိတ်လန့်သွားကြသည်။
ပြန်လည်အသက်သွင်းသည့်အကြိမ်တိုင်း စကြာဝဠာ၏ တန်ပြန်တိုက်ခိုက်မှုက ကြီးမြတ်သူနဂါးငွေ့တန်းဆီသို့ ကျရောက်ခဲ့သော်လည်း သူ၏ ဝတ်ရုံကိုပင် လှုပ်ခါစေနိုင်စွမ်းမရှိခဲ့ပေ။
" အသက်အနှစ်သာရက အရမ်းသန်မာတယ်။ ငါတို့ရဲ့ အသက်အနှစ်သာရက အချိန်မြစ်ထဲမှာ မရှိရင်တောင် လင်းယွမ်က ငါတို့ကို ပြန်အသက်သွင်းနိုင်မယ်လို့ ခံစားရတယ်။ " ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားကြီးမြတ်သူများက အံ့ဩနေကြသည်။
သူတို့က အကြိမ်များစွာ ပြန်လည်အသက်သွင်းဖူးပြီး စကြာဝဠာ၏ တန်ပြန်မှုက မည်သည်ကဲ့သို့ ဖြစ်သည်ကို သိကြသည်။ အထူးသဖြင့် လင်းယွမ် တစ်ကြိမ်ပြန်လည်အသက်သွင်းခြင်းက ဘီလီယံအဆင့်တွင် ရှိနေသည်။
" ငါ ငါ ပြန်လည်ရှင်သန်လာတာလား။ "
" ငါတို့ လူသားမျိုးနွယ်က ကြီးမြတ်သူတွေ မွေးဖွားလာပြီလား။ "
ကြယ်ပင်လယ်ခေတ်မတိုင်မီက ဆင့်ကဲပြောင်းလဲသူများက မျက်လုံးများ ပြူးသွားကြသည်။ သူတို့၏ ခေတ်တွင် အလွှာဆယ့်နှစ် တည်ရှိမှုမရှိသေးဘဲ ပြန်လည်ရှင်သန်ရန် အခွင့်အရေး ရှိလိမ့်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။
" ငါ ငါ အသက်ပြန်ရှင်လာတာလား။ " အမျိုးသားတစ်ယောက်က တုန်လှုပ်သွားသည်။ သူ၏ နာမည်က အိုရင်ဖြစ်ပြီး ဟေးယွမ်မျိုးနွယ်မှ ချင်းယု၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ သူ၏ အလားအလာနှင့် ခွန်အားအရ ပြန်လည်ရှင်သန်ရန် အခွင့်အရေးမရှိပေ။
" ကြီးမြတ်သူနဂါးငွေ့တန်း..." အိုရင်က ခေါင်းမော့ကြည့်လိုက်ရာ ပုံရိပ်တစ်ခုက သူ့ကိုငုံ့ကြည့်ပြီး ပြုံးနေသည်ကို တွေ့လိုက်ရသည်။ " ငါ စစ်မြေပြင်မှ ချန်ခဲ့တဲ့ အမွေအနှစ်ကို ကြီးမြတ်သူနဂါးငွေ့တန်းက ရခဲ့တာပဲ။ "
" အားလုံးနီးပါး ပြန်လည်ရှင်သန်လာကြပြီ။ " လင်းယွမ်က ပြန်လည်ရှင်သန်လာသူများစွာကို ကြည့်လိုက်ကြသည်။ ထို့နောက် သူက ပတ်ဝန်းကျင်ရှိ ဆင့်ကဲပြောင်းလဲသူများကို ပြန်လည်ရှင်သန်လာသူများအား စီစဉ်ပေးရန် တာဝန်ပေးအပ်ပြီး ပျောက်ကွယ်သွားခဲ့သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။
" အားလုံးပြီးသွားပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။ " အခု အဲ့ဒီရင်းမြစ်ကမ္ဘာကို လေ့လာလို့ရပြီ။ "
လင်းယွမ်က သူ၏ စိတ်အသိကို ပိုင်းခြားပြီး သူ၏ စိတ်ထဲမှ ကြီးကျယ်ခမ်းနားသော ဂိတ်တံခါးကို ကြည့်လိုက်သည်။
" ရင်းမြစ်ကမ္ဘာ..." လင်းယွမ်၏ အမူအရာက လေးနက်နေသည်။ သူက ဂိတ်တံခါးမှ ကမ္ဘာဆုံမှတ်များကို ကြည့်နေသည်။
" ငါ ကမ္ဘာတွေကို ဆင်းသက်ဖို့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို မလိုတော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် သူ၏ အသက်အနှစ်သာရက တိုးတက်လာပြီး ဆင်းသက်ပြီးသော ကမ္ဘာများနှင့် မဆင်းသက်ရသေးသော ကမ္ဘာများအတွက် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုရန် မလိုအပ်ပေ။
" ငါ စိတ်အသိနဲ့ပဲ ဆင်းသက်ဖို့ ရွေးချယ်မယ်။ " လင်းယွမ်၏ မူလခန္ဓာကိုယ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ရှိနေပြီး စကြာဝဠာပျက်ဆီးသွားလျှင်တောင် လျစ်လျူရှုထားနိုင်သည်။
" စမယ်။ " လင်းယွမ်က သူ၏ စိတ်အသိအပိုင်းတစ်ခုကို ခွဲထုတ်ပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်သွားသည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် လင်းယွမ်က ဆင်းသက်နေချိန်တွင်လည်း မူလခန္ဓာကိုယ် လှုပ်ရှားနိုင်စွမ်းရှိသည်။ ထို့အပြင် ကိုယ်ပွားများကိုလည်း အသုံးပြုနိုင်သေးသည်။
" စိတ်အသိရဲ့ သုံးပုံတစ်ပုံနီးပါးလား။ " လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။
မကြာမီ လင်းယွမ်၏ စိတ်အသိက တဖြည်းဖြည်း နိုးထလာခဲ့သည်။
" သခင်လေး မသေပါနဲ့ဦး။ ဒါတွေအားလုံး ကျွန်တော်အမှားတွေပါ။ ကျွန်တော်သာ သတိမထားဘဲ ထွက်မသွားခဲ့ရင် သခင်လေး ဒီလိုအခြေအနေမျိုး ရောက်မှာမဟုတ်ဘူး။ တုန်ယန်မိသားစု သခင်လေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် ငါမင်းတို့ကို ခွင့်မလွှတ်ဘူး။ "
" သခင်လေး ကျွန်တော်တို့ စံအိမ်ကို ရောက်ခံနီးပြီ။ သခင်လေး အားတင်းထားပါ။ "
လင်းယွမ်က ပြင်ပကမ္ဘာမှ လေဟာနယ်လှိုင်းများကို ခံစားမိပြီး တစ်စုံတစ်ယောက်က သူ့ကို အချိန်လေဟာနယ်ခရီးသွားခြင်းဖြင့် သယ်ဆောင်သွားသည်ကို နားလည်လိုက်သည်။
" ချင်းဖန်နယ်မြေ.... အရှင်ချင်းဖန်က လီယန်ရှေးဟာင်းနိုင်ငံရဲ့ အဆင့်မြင့်အရာရှိတစ်ယောက်ပဲ။ ငါက ယုမျိုးစုရဲ့ အလားအလာအရှိဆုံး မျိုးဆက်တစ်ယောက်ပဲ။ အရှင်ချင်းဖန်ရဲ့ တပည့်နေရာအတွက် တုန်ယန်မိသားစုနဲ့ ယှဉ်ပြိုင်နေတာပဲ။ တုန်ယန်မြို့က ငါအပြင်ထွက်နေတုန်း အခွင့်အရေးယူပြီး ငါ့ကို လုပ်ကြံခဲ့တယ်။ " လင်းယွမ်က သူ၏ စိတ်ထဲသို့ လျင်မြန်စွာ ပေါင်းစပ်လာသော မှတ်ဉာဏ်များနှင့် လျင်မြန်စွာ ပေါင်းစပ်သွားပြီး လက်ရှိအခြေအနေကို နားလည်သွားသည်။
ယုမိသားစုနှင့် တုန်ယန်မိသားစုနှစ်ခုလုံးက ဒုတိယတန်းစား မိသားစုများဖြစ်ကြသည်။ သူတို့က အရှင်ချင်းဖန်နှင့် ပက်သက်မှုတည်ဆောက်နိုင်လျှင် အနည်းဆုံး ပထမတန်းစား မိသားစုအဖြစ် တိုးမြှင့်နိုင်ရန် အခွင့်အရေးရှိသည်။ ပထမတန်းစားမိသားစုက အရင်းအမြစ်နှင့် အဆင့်အတန်းမြင့်မားခြင်းကို ဆိုလိုသည်။