← Chapters

ရှန်းဟွတံဆိပ်ပြား

Vol. 44 Ch. 613

ရှန်းဟွတံဆိပ်ပြား

Vol. 44 Ch. 613

ကြီးမြတ်သောရှန်းဟွတောင်တန်း၏ စိမ်းလန်းစိုပြေသော တောင်ထိပ်တစ်ခုပေါ်

ကန်ရွှမ်းကလန်မှ တပည့်များစွာဖြင့် စည်ကားသိုက်ဝန်းနေလျက် ရှိသည်။ တောင်ထိပ်ဆီသို့ ကျန်ရှိနေသော ရွေးချယ်ခံများလည်း ရောက်ရှိလာကြသည်။

တပည့်များမှာ ရွေးချယ်ခံများအား အရိုအသေပြုနှုတ်ဆက်လိုက်ကြ၏။

လီချင်းချန်မှ တပည့်များအားကြည့်ကာ ခေါင်းညိတ်လျက် စကားဆိုလိုက်သည်။ "အင်း…မဆိုးဘူးပဲ။ ဆုံးရှုံးနစ်နာမှုတွေ အများကြီးမရှိပဲ ဒီနေရာထိ ရောက်လာနိုင်ခဲ့ကြတာပဲ။"

လီချင်းချန်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း တပည့်ခေါင်းဆောင်များအနေဖြင့် သက်ဆိုင်ရာ တပည့်အုပ်စုများအား ဘေးကင်းစေရန် တာဝန်ယူရသည်မှာ မည်မျှခက်ခဲလှကြောင်း ကောင်းစွာသိရှိနားလည်ထားပေသည်။ အခန့်မသင့်ပါက တပည့်အုပ်စု တစ်ခုလုံးပင် သုတ်သင်ခံရခြင်းမျိုး ဖြစ်နိုင်ပေသည်။

"မြင့်မြတ်သောနန်းတော်နဲ့ယှဉ်ရင် ငါတို့ဆုံးရှုံးရတာက မပြောပလောက်ပါဘူး။" ချူချင်းမှ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများအားကြည့်ကာ ပြောလိုက်သည်။ "မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင် နှစ်ယောက်ကို ဇူယွမ်က သတ်ပစ်လိုက်တယ်လေ။ ပြီးတော့ခုနက သူတို့ကို ငါသွားခေါ်တုန်းကလည်း မြင့်မြတ်သောနန်းတော်ရဲ့ ဒုတိယမြောက် အထူးချွန်ဆုံး တပည့်ခေါင်းဆောင်ကိုလည်း ဇူယွမ်ကပဲ လက်ဖြတ်ပစ်လိုက်တာ။"

ချူချင်း၏စကားကြောင့် လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာ ဇူယွမ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုလိုက်ကြသည်။

"ကျင်းချန်းဇယ်ကတော့ ထုံးစံအတိုင်း အရှက်မရှိပဲ ဇူယွမ်ကို အလစ်ဝင်တိုက်လိုက်သေးတယ်။ ကံကောင်းလို့ ဇူယွမ်က သူ့ရဲ့ဝှက်ဖဲတစ်ခုကို ထုတ်သုံးလိုက်ပုံရတယ်။ ဘာမှမထိခိုက်သွားဘူး။"

လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ကျင်းချန်းဇယ်သည် မည်မျှပင် သန်မာသူတစ်ဦး​ဖြစ်ကြောင်း ၎င်းတို့အားလုံး ကောင်းစွာသိရှိထားကြသည်။ ၎င်းတို့သည်ပင် ကျင်းချန်းဇယ်အား ထိတ်လန့်ကြရ၏။ သို့သော် ဇူယွမ်မှာမူ ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုအား ထိခိုက်ဒဏ်ရာ တစ်ခုတစ်လေမျှပင် မရရှိပဲ ခုခံနိုင်ခဲ့သည်။

"ကျင်းချန်းဇယ်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့တယ်လား။" သံသယများဖြင့် ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဇူယွမ်မှ ကြည့်ရှုလိုက်သောအခါတွင် ထိုစကားအား ဆိုလိုက်သူမှာ ဓားကပ်ဘေးတောင်ထွတ်၏ ရွေးချယ်ခံဖြစ်သူ ကျောင်းဇူဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ကျောင်းဇူမှာ မယုံကြည်နိုင်သော မျက်ဝန်းများ​ဖြင့် ဇူယွမ်အား ကြည့်ရှုနေလျက် ရှိသည်။

ကျောင်းဇူသည် ဇူယွမ်အား အမြဲတစေ အထင်အမြင်သေးခဲ့သူ ဖြစ်သည်။ ဇူယွမ်၏ ပြောင်မြောက်လှသော တိုက်ပွဲစွမ်းရည်များအကြောင်း ကြားသိနေရပါသော်လည်း ၎င်းမှာအနည်းငယ်မျှပင် အလေးထားခြင်း မရှိခဲ့ပေ။

ရွေးချယ်ခံဟူသော ဂုဏ်ပုဒ်သာ မရှိခဲ့ပါက ကျောင်းဇူမှာ အလွယ်တကူပင် ဇူယွမ်အား ဖျက်စီးချေမွပစ်လိုက်မည်ပင် ဖြစ်သည်။ ကျောင်းဇူ၏ အမြင်တွင်မူ ဇူယွမ်မှာ သူ့ထက် အဆပေါင်းများစွာ နိမ့်ကျနေသော မူလသူတော်စင်တောင်ထွတ်မှ တပည့်ခေါင်းဆောင်တစ်ဦးသာ ​ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဇူယွမ်မှာ ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့ပြီ​​ဖြစ်သောကြောင့် အခြေအနေများမှာ ပြောင်းလဲသွားရပြီပင် ​ဖြစ်သည်။ ကျောင်းဇူသည် မြင့်မြတ်သောနန်းတော်၏ တတိယမြောက် အထူးချွန်ဆုံး ရွေးချယ်ခံဖြစ်သူ ကျင်းချန်းဇယ်နှင့် တိုက်ခိုက်ဖူးခဲ့ပြီး တိုက်ကွက်အနည်းငယ်အတွင်း၌ပင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။

ထို့ကြောင့် ကျောင်းဇူမှာ ကျင်းချန်းဇယ်၏ တိုက်ပွဲစွမ်းရည်အား ကောင်းစွာသိရှိထား၏။ သူသည်ပင် ကျင်းချန်းဇယ်နှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိပေ။ သို့သော် ဇူယွမ်မှာ ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုအား ထိခိုက်ဒဏ်ရာ တစ်ခုတစ်လေမျှပင် မရရှိပဲ ခုခံနိုင်ခဲ့သည်တဲ့လား...

အခြားသော ရွေးချယ်ခံများမှာ မည်သည့်စကားမှ မဆိုကြပါသော်လည်း ၎င်းတို့၏ မျက်ဝန်းများမှာမူ ကျောင်းဇူကဲ့သို့ပင် သံသယအရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။

"အဲ့နေရာမှာ လူတွေအများကြီး ရှိနေတာလေ။ ငါကလိမ်ပြောပါ့မလား။" ချူချင်းမှ ရယ်မောကာ စကားဆိုလိုက်သည်။

အခြားသော တပည့်များမှာလည်း ချူချင်း၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

လီချင်းချန်နှင့် ရွေးချယ်ခံများအားလုံးမှာ အမှန်တကယ် အံ့အားသင့်သွားကြရသည်။ ကျောင်းဇူမှာ ပါးစပ်အဟောင်းသားဖြင့် မည်သည့်စကားမှပင် မဆိုနိုင်ပဲ ဖြစ်နေရသည်။

"ဝေါင်း..."

ထိုအချိန်၌ ကမ္ဘာမြေပြင်ကြီးသည်ပင် တုန်လှုပ်မတက်ဖြစ်သွားစေနိုင်သော ကျယ်လောင်လှသည့် ဟိန်းဟောက်သံတစ်ခုအား ကြားလိုက်ကြရသည်။ ထို့နောက် ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ဆင်းသက်လာကာ သေးငယ်သော သတ္တဝါလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရသည်။

ထိုချစ်စဖွယ် သတ္တဝါလေးမှာ ဇူယွမ်အား မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဇူယွမ်၏ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။

ဇူယွမ်မှာ ထိုသတ္တဝါလေးအား ခေါင်းပေါ်မှ ဆွဲချလိုက်ရသည်။ ထိုသတ္တဝါလေးမှာ အချိန်ကြာမြင့်စွာ ခွဲခွာနေရသော ထန်ထန်ပင် ဖြစ်သည်။

"သွား… ငါ့ခေါင်းကိုလာမဖွနဲ့။" ဇူယွမ်မှာ ထန်ထန်အား မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

သို့သော် ထန်ထန်မှာ ဇူယွမ်ပေါ်သို့ ခုန်တက်ကာ လက်သည်းလေးများဖြင့် ကုတ်ခြစ်ပစ်လိုက်သည်။  ထိုကုပ်​​ခြစ်ရာများမှာ ဇူယွမ်၏ ပြင်ပခန္ဓာသန်မာမှုကြောင့် ချက်ချင်းဆိုသလိုပင် ပြန်လည်ပျောက်ကွယ်သွားသည်။

လီချင်းချန်နှင့် ရွေးချယ်ခံများမှာ ဇူယွမ်နှင့် ပျော်ရွှင်မြူးထူးစွာ ဆော့မြူကစားနေသော ထန်ထန်အား ငေးမောကြည့်ရှုနေမိကြသည်။ ထန်ထန်မှာ အခြားကလန်များမှ ရွေးချယ်ခံများ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်တုန်လှုပ်ရသော သားရဲတစ်ကောင်ပင် ဖြစ်သည်။

ကျောင်းဇူသည်ပင် ထန်ထန်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မည်သည့်စကားမှ မဆိုရဲတော့ပဲ ပါးစပ်ကိုသာ တင်းတင်းစေ့ထားလိုက်ရသည်။ ကျောင်းဇူမှာ ဇူယွမ်အား အနည်းငယ်မျှပင် လှောင်ပြောင်သရော်ရဲခြင်း မရှိတော့ပေ။

လီချင်းချန်မှ ညင်သာစွာ စကားဆိုလိုက်သည်။ "ကဲ…တပည့်တွေအားလုံးလည်း စုံပြီဆိုတော့ ငါတို့အစီအစဉ်အတွက် တိုင်ပင်ကြရအောင်။"

"တပည့်ခေါင်းဆောင် ခုနစ်ယောက်လည်း ဝင်တိုင်ပင်သင့်တယ်။"

.........

ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များမှာ တောင်ထိပ်တစ်ခုပေါ်ရှိ ဝါးအိမ်ငယ်တစ်လုံးအတွင်း ရှိနေကြသည်။

"နင်တို့တွေက ကြီးမြတ်သောရှန်းဟွတောင်တန်းကို အခုမှ ရောက်လာကြတာဆိုတော့ ဒီကအခြေအနေတွေအကြောင်း သေချာသိဦးမှာ မဟုတ်ဘူး။" လီချင်းချန်မှ တပည့်ခေါင်းဆောင်များအားကြည့်ကာ ပြောလိုက်သည်။ "ကြီးမြတ်သောရှန်းဟွတောင်တန်းက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ ဗဟိုချက်နယ်မြေတွေထဲက တစ်ခုပဲ။ အရင်တုန်းက ဒီနေရာကို ဘယ်သူမှ မဝင်နိုင်ခဲ့ကြဘူး။ အခုငါတို့ဝင်နိုင်ခဲ့တယ်ဆိုတာက တကယ့်ကိုကံကောင်းလို့ပဲ။"

"ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အနက်ရှိုင်းဆုံး နေရာတွေမှာ အကြီးကျယ်ဆုံး ကောင်းချီးတွေ ရှိနေမှာ သေချာတယ်။ အဲ့ကောင်းချီးက ဘာလဲဆိုတာ သေချာမပြောနိုင်သေးပေမယ့် ငါတို့ခန့်မှန်းချက်အရတော့ ရောင်စဉ်ရှစ်သွယ်ရတနာဖြစ်လိမ့်မယ်လို့ ထင်တာပဲ။"

တပည့်ခေါင်းဆောင်များအားလုံးမှာ အံ့အားသင့်သွားကြရသည်။

ရောင်စဉ်ရှစ်သွယ်ရတနာ......

"ကြီးမြတ်သောရှန်းဟွတောင်တန်း အတွင်းပိုင်းမှာ ကောင်းချီးတွေ ရှိနေလိမ့်မယ်ဆိုပေမယ့် အခုငါတို့က ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရတယ်။"

"အဲ့ဒါက ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ ဗဟိုချက်နေရာမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ မှော်စာလုံး အစီအရင်တစ်ခု ရှိနေတာပဲ။  အဲ့အစီအရင်က အရမ်းစွမ်းအားကြီးလို့ ကလန်အားလုံးက ရွေးချယ်ခံတွေအကုန် ပူးပေါင်းပြီးတော့ ချိုးဖျက်နိုင်ဖို့ ကြိုးစားနေရတယ်။"

ဇူယွမ်မှ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ "ဘယ်လိုမျိုး ချိုးဖျက်​နေကြတာလဲ။"

လီချင်းချန်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "အခု အဲဒီအစီအရင်မှာ ငါတို့ချိုးဖျက်ထားတဲ့ နေရာလေးတွေ ရှိနေတယ်။ အဲ့လိုနဲ့ပဲ အစီအရင်ကြီးတစ်ခုလုံးကို ချိုးဖျက်သွားရမှာပဲ။"

"ငါတို့ချိုးဖျက်ထားတဲ့ နေရာတွေက ပြောရမယ်ဆိုရင်တော့ ရတနာတည်နေရာတွေပေါ့။"

လီချင်းချန်မှာ ချီစွမ်းအင်အမျှင်တန်းတစ်ခုအား ထုတ်ဖော်လျက် မြေပုံတစ်ခုအသွင်သို့ ပြောင်းလဲလိုက်သည်။ ထိုမြေပုံပေါ်၌ လင်းလက်တောက်ပနေသော အစက်အပြောက်လေးများအား မြင်တွေ့နေရပေသည်။

ထန်းမုရှင်းမှ မြေပုံအားကြည့်ကာ စကားဆိုလိုက်သည်။ "ဒီမြေပုံပေါ်က အစက်အပြောက်လေးတွေက ရတနာတည်နေရာတွေလား။"

လီချင်းချန်မှ ခေါင်းညိတ်ပြလိုက်သည်။

ဇူယွမ်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ တစ်ဦးနှင့်တစ်ဦး ကြည့်ရှုလိုက်မိကြသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အပြင်ဖက်နယ်မြေ၌ ရတနာမြေပုံတစ်ခုအား တွေ့ရှိရန်မှာ အလွန်ပင် ရှားပါးခက်ခဲလွန်းလှသည်။ ယခုတွင်မူ မြေပုံအတွင်း ရတနာတည်နေရာများမှာ ရာနှင့်ထောင်နှင့်ချီ ရှိနေသည်။ ထိုသည်ကို ကြည့်ခြင်းအားဖြင့်ပင် ကြီးမြတ်သောရှန်းဟွတောင်တန်းမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ဗဟိုချက်နယ်မြေတစ်ခုဖြစ်ကြောင်း သိရှိနိုင်ပေသည်။

"ဒီရတနာတည်နေရာထဲက တချို့နေရာတွေကိုတော့ တခြားကလန်တွေက ယူပြီးသွားကြပြီ။"

ထန်းမုရှင်းနှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ ရတနာတည်နေရာကိုသာ ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုနေမိကြ၏။

"အဆင့်မြင့်ရတနာရဲ့တည်နေရာတွေမှာတော့ တိုက်ပွဲတွေက ဘယ်လိုမှ ရှောင်လွှဲလို့မရဘူး။ အဲ့ဒါကြောင့် ရတနာလုတဲ့ တိုက်ပွဲတွေကတော့ ရှိနေမှာပဲ။"

လီချင်းချန်မှ ဖြည်းညင်းစွာ ဆက်လက်စကားဆိုလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အစီအရင်ကို တဖြည်းဖြည်း ချိုးဖောက်နေရင်းနဲ့ ကြီးမြတ်သောရှန်းဟွတောင်တန်းထဲမှာ နတ်ဘုံခန်းဝါ ရတနာတွေထက် အရေးကြီးတာတွေ ရှိနေတာကို သိလာရတယ်။"

"ဘာတွေလဲဟင်။" ထန်းမုရှင်းမှ မေးမြန်းလိုက်သည်။

"ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ တချို့နေရာတွေက ဘယ်လိုမှ ဝင်လို့မရနိုင်ဘူး။ အဲ့လိုနေရာတွေကို ဝင်ရောက်ဖို့အတွက် သော့လိုမျိုး ဒါမှမဟုတ် ဝင်ရောက်ခွင့်တံဆိပ်ပြားလိုဟာမျိုးကို လိုအပ်တယ်။"

"အဲ့ဒါတွေကို ငါတို့ကတော့ ရှန်းဟွတံဆိပ်ပြားလို့ ခေါ်ကြတယ်။ အဲ့တံဆိပ်ပြားတွေကို အဆင့်မြင့်ရတနာတည်နေရာတွေမှာ တွေ့နိုင်တယ်။ အခုကလန်တွေအားလုံးက အဲ့တံဆိပ်ပြားတွေရနိုင်သလောက် ကြိုးစားပြီးရှာဖွေနေကြတယ်။"

"အဲ့တံဆိပ်ပြားသာမရှိရင် ကန့်သတ်နယ်မြေတွေထဲ ဝင်လို့ရမှာမဟုတ်ဘူး။"

"ဒါပေမယ့် ရှန်းဟွတံဆိပ်ပြားက အရမ်းရှားပါးပြီးတော့ ရောင်စဉ်ခြောက်သွယ်ရတနာ တည်နေရာတွေမှာတောင် ရှာတွေ့ဖို့မလွယ်ဘူး။ ငါတို့ ကြိုးစားပြီး ရှာဖွေထားတာတောင် နည်းနည်းလောက်ပဲ တွေ့ခဲ့တယ်။"

"ရှန်းဟွတံဆိပ်ပြား...."  ထန်းမုရှင်းနှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ အသစ်အဆန်း ဖြစ်နေကြရသည်။

"စီနီယာအမတော် ချင်းချန်...အဲ့လိုပစ္စည်းမျိုး ကျွန်တော်ရှာတွေ့ခဲ့သလိုပဲ။"

ဇူယွမ်၏စကားသံကြောင့် လီချင်းချန်တို့အားလုံး အံ့အားသင့်သွားကြရသည်။

ဇူယွမ်မှာ ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာ၌ ရရှိခဲ့သော ပြားချပ်နေသည့် အရာဝတ္ထုအားထုတ်ယူကာ လီချင်းချန်အား မေးမြန်းလိုက်သည်။

"အမတော်ပြောတဲ့ ရှန်းဟွတံဆိပ်ပြားဆိုတာ ဒီလိုဟာမျိုးလား။"

All Chapters