အောင်မြင်သော အရောင်းအဝယ်
Vol. 89 Ch. 1257
ချောင်ယန်သည် ဒုတိယအကြိမ် အရောင်းအဝယ် လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဒီတစ်ခေါက် သူက နည်းလမ်းကောင်း တစ်ခုကို စဉ်းစားမိလိုက်သည်။ တစ္ဆေရဲ့ သတ်ဖြတ်မှု ပုံစံကို တမင်တကာ အသက်သွင်းပြီး သူ့ကို လာတိုက်ခိုက်အောင် မျှားခေါ်ဖို့ ဖြစ်သည်။
တစ္ဆေက အကွာအဝေး တစ်ခုထဲ ရောက်လာတာနဲ့ ကုန်ပစ္စည်း တစ်ခုလို အယူခံလိုက်ရဖို့ အခွင့်အလမ်း များသည်။
ဒီနည်းလမ်းနဲ့ တစ္ဆေတစ်ကောင်ကို သုံးပြီး နောက်တစ်ကောင်ကို ဖမ်းချုပ်နိုင်မှာ ဖြစ်သလို အရောင်းအဝယ်လည်း ချောချောမွေ့မွေ့ ပြီးဆုံးသွားနိုင်သည်။
အကြံဉာဏ် ကောင်းပေမယ့် မရေရာမှုတွေက များလွန်းသည်။ တိကျတဲ့ ရလဒ်ကိုတော့ စမ်းသပ်ကြည့်ပြီးမှသာ သိရမှာ ဖြစ်သည်။
ထူးဆန်းတဲ့ မိန်းကလေး ပေါ်လာပြီးနောက် ချောင်ယန် သူ့ရှေ့က လက်ခံမယ့်သူနဲ့ အကွာအဝေးကို အမြန် ကျဉ်းမြောင်းလိုက်သည်။ သူတို့နှစ်ယောက်ကြား အကွာအဝေး တူညီအောင် ထိန်းထားလိုက်သည်။
ယန်ကျန့်က ဒီအချိန်မှာ ပွဲကြည့်ပရိသတ် တစ်ယောက်လိုပဲ နေနေသည်။ လိုအပ်မှသာ တစ္ဆေရေကန်ရဲ့ စွမ်းရည်ကို သုံးပြီး ချောင်ယန် ဆုတ်ခွာနိုင်အောင် ကူညီပေးမှာ ဖြစ်သည်။
စောစောက ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ဒီက တစ္ဆေတွေက ကိုင်တွယ်ရ လွယ်ကူတဲ့ အကောင်တွေ မဟုတ်ဘူး ဆိုတာ သူ သိလိုက်ရသည်။
ပထမကောင်က ဖမ်းချုပ်လို့ မရသလို၊ နောက်ကောင်ကလည်း တော်ရုံနဲ့ ယှဉ်နိုင်မယ့် အကောင် မဟုတ်ပေ။
ရုတ်တရက်...
ဒဏ်ရာတွေ ဗရပွနဲ့ ထူးဆန်းတဲ့ မိန်းကလေးက စတင် လှုပ်ရှားလာသည်။ ချောင်ယန်ဆီ အမြန် ပြေးဝင်လာသည်။
ချောင်ယန် ချက်ချင်း သတိထားမိပြီး ခြေလှမ်းတွေ မြန်ဆန်လိုက်ကာ လက်ခံမယ့်သူနဲ့ အကွာအဝေးကို ကျဉ်းမြောင်းလိုက်သည်။
သူတို့ သုံးယောက်ကြားက အကွာအဝေး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
မကြာမီ...
ချောင်ယန် ရှေ့က လက်ခံမယ့်သူ ခြေလှမ်း ရပ်တန့်သွားသည်။ ခေါင်းလောင်းသံ တဒလင်လင်နဲ့အတူ ပခုံးပေါ်က ကုန်သေတ္တာကို နောက်တစ်ကြိမ် ဖြည်းဖြည်းချင်း ချလိုက်သည်။ မလှုပ်မယှက် ရပ်နေပြီး တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသလို ဖြစ်နေသည်။
ချောင်ယန် မတုံ့ဆိုင်းဘဲ ဆက်ပြီး တိုးကပ်သွားသည်။ နောက်ဆုံးတော့ ဒီကြောက်စရာကောင်းတဲ့ လက်ခံသူနဲ့ တစ်မီတာအောက် အကွာအဝေးမှာ ရပ်တန့်လိုက်သည်။
ဒီအကွာအဝေးက လက်ခံသူကို လှမ်းထိလို့ ရလောက်အောင် နီးကပ်နေပြီ ဖြစ်သည်။
"အလုပ်ဖြစ်ပါ့မလား"
ချောင်ယန် နောက်လှည့်ပြီး သူ့နောက်က တစ္ဆေကို လှမ်းကြည့်လိုက်သည်။
ထူးဆန်းတဲ့ မိန်းကလေးလည်း ဒီအချိန်မှာ ရပ်တန့်သွားသည်။ ချောင်ယန်ဆီ ဆက်မတိုးတော့ပေ။ တိတိကျကျ ပြောရရင် လက်ခံမယ့်သူနား အကပ်မခံဘဲ တစ်စုံတစ်ရာက တစ္ဆေ ဆက်မတိုက်ခိုက်နိုင်အောင် တားဆီးထားသလို ဖြစ်နေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ချောင်ယန် အံ့အားသင့်သွားသည်။ ဒီလို အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
တစ္ဆေရဲ့ တိုက်ခိုက်မှု ရပ်တန့်သွားတာလား။
တစ္ဆေတွေက သတ်ဖြတ်မှု ပုံစံအတိုင်း လှုပ်ရှားတတ်ကြပြီး ပုံစံကို အသက်သွင်းမိတဲ့သူကို ပစ်မှတ်ထားပြီးရင် တော်ရုံနဲ့ မရပ်တန့်တတ်ကြပေ။
"မအောင်မြင်ရင် ငါ သေတ္တာထဲ ပြန်ပိတ်မိတော့မှာ"
ချောင်ယန် နဖူးပေါ်ကနေ ချွေးစေးတွေ ပြန်လာသည်။ ခဏတာ ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။
ကြိုးပမ်းမှု မအောင်မြင်ရင် ကျန်တဲ့ တစ်လမ်းတည်းသော နည်းလမ်းက ဆုတ်ခွာဖို့ပဲ ရှိသည်။
"တကယ်ပဲ အဆင်မပြေခဲ့ဘူးလား"
ယန်ကျန့် ဒီမြင်ကွင်းကို စောင့်ကြည့်ရင်း တွေးတောနေသည်။ လက်ခံသူရဲ့ ပတ်ဝန်းကျင်မှာ သဘာဝလွန် စွမ်းအား တစ်ခုခုက အရာအားလုံးကို ခွဲခြားထားသလို ဖြစ်နေပြီး အနီးနားက တစ္ဆေတွေကို အကပ်မခံတာ တွေ့ရသည်။ လက်ခံသူ ကိုယ်တိုင်ဆီက ထွက်နေတာလား၊ ဒါမှမဟုတ် သူ သယ်လာတဲ့ ထူးဆန်းတဲ့ ပစ္စည်းတွေဆီက ထွက်နေတာလား မသိနိုင်ပေ။
ထူးဆန်းတဲ့ လေတိုက်ခေါင်းလောင်း၊ ဟောင်းနွမ်းနေတဲ့ ထမ်းပိုး၊ အဝတ်အစားတွေ... ဒါမှမဟုတ် ထူးဆန်းတဲ့ သေတ္တာတွေကြောင့်လည်း ဖြစ်နိုင်သည်။
"အစီအစဉ်အတိုင်း အဆင်မပြေပေမယ့် ဒီအကွာအဝေးကို ဖျက်ဆီးပစ်လို့ ရနိုင်သေးတယ်"
ယန်ကျန့်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ တစ္ဆေမျက်လုံး ပွင့်လာပြီး တစ္ဆေနယ်မြေကို ဖြန့်ကျက်လိုက်သည်။ သူ ရပ်နေတဲ့ နေရာကနေ ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင်...
ချောင်ယန် နောက်ကပ်လိုက်လာတဲ့ "တိတ်ဆိတ်ခြင်း" လို့ခေါ်တဲ့ ထူးဆန်းတဲ့ မိန်းကလေး ရုတ်တရက် အတိုက်ခိုက်ခံလိုက်ရသည်။
သူမရဲ့ အေးစက်ပြီး ပိန်လှီနေတဲ့ ခန္ဓာကိုယ်ကို အရိပ်တစ်ခုကနေ ဖြစ်ပေါ်လာသလို ဖြစ်နေတဲ့ ခြေထောက်တစ်ချောင်းက ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။
တစ္ဆေအရိပ်ရဲ့ ကန်ချက်ကြောင့် ဒီတစ္ဆေ လွင့်ထွက်သွားသည်။
ထူးဆန်းတဲ့ မိန်းကလေး ရှေ့ကို လိမ့်သွားပြီး နောက်ဆုံးတော့ လက်ခံသူရဲ့ သေတ္တာဘေးမှာ သွားရပ်တန့်သွားသည်။
"ဒီလိုလုပ်လို့ ရတယ်လား"
ချောင်ယန် မျက်လုံးပြူးသွားပြီး ယန်ကျန့်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
"ငါ့ကို ကျေးဇူးတင်မနေနဲ့ အဆင်မပြေရင် ငါ့ဘာသာ ပြန်မှာ"
ယန်ကျန့် ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။
ဒါပေမဲ့ ဒီအချိန်မှာ ချောင်ယန် အာရုံလွင့်နေလို့ မဖြစ်ပေ။
ရုတ်တရက်...ထူးဆန်းတဲ့ မိန်းကလေးက မြေကြီးပေါ်ကနေ ပုံမှန်မဟုတ်တဲ့ ပုံစံနဲ့ ခုန်ထလိုက်သည်။ ပြီးတော့ ချောင်ယန်ဆီ ခုန်အုပ်လိုက်သည်။ အနားရောက်တာနဲ့ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ချောင်ယန်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်စီးနင်းတော့မယ့် လက္ခဏာ ပြလာသည်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ...
ခြောက်သွေ့ဝါညစ်နေတဲ့ လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာပြီး ထူးဆန်းတဲ့ မိန်းကလေးကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းပင်...ချောင်ယန်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်စီးနင်းတော့မယ့် တစ္ဆေက လေထဲမှာ တွဲလောင်းကျသွားပြီး မလှုပ်မယှက် ဖြစ်သွားသည်။ သေသွားသလိုပင် ဖြစ်သည်။
ပြီးတော့ အဲဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ လက်ခံသူက တစ္ဆေကို ဖမ်းဆုပ်ပြီးနောက် ကုန်ပစ္စည်း တစ်ခုလို သဘောထားပြီး တောင့်တင်းနေတဲ့ လည်ပင်းကို အနည်းငယ် လှည့်ကာ စစ်ဆေးလိုက်သည်။
ခဏတာ စစ်ဆေးပြီးနောက် လက်ခံသူက နောက်လှည့်ပြီး ဒီတစ္ဆေကို အနောက်ဘက် သေတ္တာထဲ အတင်း ထိုးထည့်လိုက်သည်။
သေတ္တာရဲ့ အနည်းငယ် ဟနေတဲ့ အဖုံးက နက်ရှိုင်းပြီး အမှောင်ထုတွေ ပြည့်နှက်နေသည်။ ချောက်ကမ်းပါးကြီး တစ်ခုလိုပင် ဖြစ်၏။
ထူးဆန်းတဲ့ မိန်းကလေး အတင်းအဓမ္မ ဝါးမြိုခံလိုက်ရပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။
"အောင်မြင်သွားပြီလား"
ချောင်ယန် အံ့အားသင့်ပြီး ဝမ်းသာသွားသည်။
ဒီလို အလုပ်ဖြစ်လိမ့်မယ်လို့ သူ ထင်မထားခဲ့ပေ။ တစ္ဆေကို ဆွဲဆောင်ပြီး ဒီကြောက်စရာကောင်းတဲ့ လက်ခံသူကို လှုပ်ရှားခိုင်းလိုက်တာ။ ဖမ်းချုပ်မခံထားရတဲ့ တစ္ဆေကို ကုန်ပစ္စည်းလို သဘောထားပြီး ယူသွားစေတာ။
လက်ခံလိုက်တဲ့ ကုန်ပစ္စည်းက တစ္ဆေအစစ် ဟုတ်မဟုတ် ဆိုတာ အရေးမကြီးတော့ပေ။
ဘာလို့လဲဆိုတော့ ဝယ်သူက လက်ခံသူလေ။ ကုန်ပစ္စည်း အတု ဖြစ်နေရင်တောင် အဲဒါ လက်ခံသူရဲ့ ပြဿနာ၊ ချောင်ယန်ရဲ့ ကိစ္စ မဟုတ်တော့ဘူး။
"ဘာရပ်လုပ်နေတာလဲ အခု စထွက်တော့လေ"
ယန်ကျန့်ရဲ့ အသံက အဝေးကနေ သတိပေးလိုက်သည်။
ချောင်ယန် သတိဝင်လာပြီး နောက်လှည့်ကာ ဘာမှ မစဉ်းစားတော့ဘဲ နောက်ဆုတ်လိုက်သည်။
လက်ခံသူဆီက "အခကြေးငွေ" ကိုတောင် သူ ဂရုမစိုက်တော့ပေ။ အခုအချိန်မှာ သူ ဒီလိုကိစ္စမျိုးတွေနဲ့ မပတ်သက်ချင်တော့ဘူး။ လက်ခံသူရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်သွားရင်ပဲ လုံလောက်ပြီ။
မကြာမီ...သူနဲ့ ယန်ကျန့် အဝေးကို ရောက်သွားကြသည်။ မီတာ နှစ်ရာ၊ သုံးရာလောက် အကွာအဝေး ရောက်သွားသည်။ လက်ခံသူကို မြင်နေရသေးပေမယ့် ဒါက ဘေးကင်းတဲ့ အကွာအဝေး တစ်ခု ဖြစ်နေပြီ။
"အဲဒီအကောင် ငါတို့နောက် ဆက်မလိုက်တော့ဘူး ကြည့်ရတာ ဒီတစ်ခေါက် အရောင်းအဝယ် အောင်မြင်သွားပြီ ထင်တယ်"
ချောင်ယန် သက်ပြင်းချလိုက်သည်။
အောင်မြင်တယ် ဟုတ်လား။
ယန်ကျန့် တစ်ချက် ကြည့်လိုက်သည်။
"အရမ်း မဝမ်းသာနဲ့ဦး ဟို ကုန်သေတ္တာထမ်းတဲ့ကောင်က 'တိတ်ဆိတ်ခြင်း' တစ္ဆေကို တကယ်ပဲ အောင်မြင်စွာ ဖမ်းချုပ်နိုင်လိုက်ပြီလို့ မင်း ထင်နေတာလား"
"မင်း ဆိုလိုတာက မဖမ်းချုပ်နိုင်ဘူးပေါ့"
ချောင်ယန် မျက်နှာ ပျက်သွားသည်။
"စိတ်ကူးယဉ်ဆန်တဲ့ ဖြစ်တည်မှု တစ်ခုကို အဲဒီလောက် အလွယ်တကူ ဖမ်းချုပ်လို့ မရနိုင်ပါဘူး ကုန်သေတ္တာထမ်းတဲ့ကောင်တောင် လုပ်နိုင်မယ် မထင်ဘူး မင်း မြို့နယ်လေးကို သေချာ ကြည့်လိုက် ပုံမှန် ပြန်ဖြစ်သွားပြီလား"
ယန်ကျန့် အဝေးက မြို့နယ်လေးကို လှမ်းကြည့်လိုက်သည်။
တိတ်ဆိတ်နေဆဲ၊ မှောင်မိုက်နေဆဲပင်……
ပြောမပြတတ်တဲ့ ထူးဆန်းတဲ့ အငွေ့အသက်တွေ မြို့ထဲမှာ ကျန်ရှိနေသေးသည်။
"ဒါပေမဲ့ အောင်မြင်တဲ့ လက္ခဏာတော့ ရှိပါတယ် သူ ငါ့ဆီ ပြန်မလာတော့ဘူးလေ"
ချောင်ယန်က ပြောလိုက်သည်။
ယန်ကျန့် ပြန်ပြောသည်။
"အဲဒါ 'တိတ်ဆိတ်ခြင်း' တစ္ဆေအစစ် ပြန်မပေါ်လာသေးလို့ပါ တကယ်လို့ သတ်ဖြတ်မှု ပုံစံကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြီး တစ္ဆေ ပြန်ပေါ်လာရင် ဒီလက်ခံသူက မင်းကို လာမရှာဘူးလို့ ထင်နေတာလား ဒီလောကထဲက နောက်ဆုံး ကျန်နေတဲ့ 'တိတ်ဆိတ်ခြင်း' တစ္ဆေ ပျောက်သွားလို့သာ... ဒါပေမဲ့ ဒီမျှခြေက ခိုင်မြဲတာ မဟုတ်ဘူး တခြားတစ်ယောက်ယောက် ဒီမြို့ထဲ ဝင်သွားပြီး သတ်ဖြတ်မှု ပုံစံကို အသက်သွင်းလိုက်တာနဲ့ နောက်ထပ် 'တိတ်ဆိတ်ခြင်း' တစ္ဆေ ပေါ်လာလိမ့်မယ်..."
"အဲဒီကျရင် မင်းရဲ့ အရောင်းအဝယ် ပျက်သွားလိမ့်မယ်"
ချောင်ယန် မျက်နှာထား အမျိုးမျိုး ပြောင်းလဲသွားသည်။
"မင်း အတည်ပြောနေတာလား"
"မယုံရင် ထပ်စမ်းကြည့်လိုက်လေ"
ယန်ကျန့် ဆက်ပြောသည်။
"ဒါပေမဲ့ ငါ မင်းနဲ့အတူ အချိန်ဖြုန်းနေလို့ မရတော့ဘူး တခြား ခေါင်းဆောင်တွေကို သွားရှာရဦးမယ် အခု မင်း လွတ်မြောက်သွားပြီ ဆိုတော့ မနက်ဖြန် ဌာနချုပ် အစည်းအဝေးကို သွားလိုက်တော့ မင်း ရောက်မလာရင် သေသွားပြီလို့ ငါ သတ်မှတ်လိုက်မယ်"
"တကယ်လို့ မသေသေးရင် ငါ မင်းကို ကူညီပေးမယ်"
"ကဲ... မင်းဘာသာမင်း ကစားနေလိုက်တော့ ငါ သွားပြီ"
သူ အချိန်မဆွဲတော့ပေ။ ချောင်ယန် လက်ခံသူရဲ့ လက်ကနေ ယာယီ လွတ်မြောက်သွားပြီ ဆိုရင် လုံလောက်ပြီ။
ဒါကြောင့် ယန်ကျန့် ပြတ်ပြတ်သားသား လှည့်ထွက်သွားသည်။
ဒီလက်ခံသူကို သူ အရမ်း စိတ်ဝင်စားပေမယ့် အခုအချိန်က ဒီလို ကြောက်စရာကောင်းတဲ့ တစ္ဆေကို ရန်စရမယ့် အချိန် မဟုတ်ဘူး။ သိချင်စိတ်ကို ရင်ထဲမှာပဲ သိမ်းထားလိုက်သည်။
ချောင်ယန် ပါးစပ်ဟပြီး တစ်ခုခု ပြောချင်ပေမယ့် ယန်ကျန့် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ယန်ကျန့်ရဲ့ တစ္ဆေနယ်မြေက မြန်ဆန်လွန်းသည်။ အခုလောက်ဆို ကီလိုမီတာ ပေါင်းများစွာ ဝေးတဲ့နေရာ ရောက်နေလောက်ပြီ။ ချောင်ယန် ပြန်ခေါ်ချင်ရင်တောင် မရနိုင်တော့ပေ။
"ယန်ကျန့်ရဲ့ ဆုံးဖြတ်ချက်က မမှားနိုင်ပါဘူး ဒါပေမဲ့ ဒီအခြေအနေမှာ ငါ ထပ်မစမ်းရဲတော့ဘူး"
ချောင်ယန် စိတ်ဒုက္ခရောက်နေသည်။
ဒါပေမဲ့ ဒီကိစ္စက အန္တရာယ် ငွေ့ငွေ့လေး ကျန်နေသေးသည်။ လောလောဆယ် ယာယီ ဘေးဖယ်ထားရုံသာ ရှိသေးသည်။
"ဒီခေါင်းဆောင်တွေက ပျောက်ဆုံး မနေရင် သဘာဝလွန် ဖြစ်ရပ်တွေ ကိုင်တွယ်ရင်း ပြဿနာ တက်နေကြတာပဲ အားနေတဲ့သူက လက်ချိုးရေလို့ ရတယ် ဒါကြောင့် လူစုံအောင် စုစည်းဖို့က ခက်ခဲတာပေါ့ နောက်တစ်ယောက်က ငါ့ကို ဒုက္ခထပ်မပေးပါစေနဲ့လို့ မျှော်လင့်ရတာပဲ"
ယန်ကျန့် တိတ်တဆိတ် တွေးလိုက်သည်။
သူ နောက်တစ်နေရာဆီ ဦးတည်သွားနေသည်။
ခေါင်းဆောင်တွေရဲ့ အချက်အလက်တွေကို ပြန်စဉ်းစားကြည့်တော့ သူ မတွေ့ဖူးတဲ့ ခေါင်းဆောင် နှစ်ယောက်ပဲ ကျန်တော့သည်။ တစ်ယောက်က တာတုန်းမြို့က ဝမ်ချာလင်း၊ နောက်တစ်ယောက်က ကျန်းကျွင်း ဆိုတဲ့ လူ။
ပထမလူနဲ့ သူ ဆက်ဆံဖူးသည်။ နောက်တစ်ယောက်နဲ့တော့ မတွေ့ဖူးသလို မပတ်သက်ဖူးပေ။
"ဝမ်ချာလင်းကို အရင် သွားရှာမယ်"
ယန်ကျန့် တာတုန်းမြို့ကို သွားဖို့ ဆုံးဖြတ်လိုက်သည်။
ပြီးတော့ ဝမ်မိသားစု အိမ်အိုကြီးထဲက နာရီ ရှိသေးလား ဆိုတာ သွားကြည့်ရမယ်။
သူ အဲဒီနာရီကို လိုချင်နေတာ ကြာပြီ။ စွမ်းအား မလုံလောက်လို့ မယူနိုင်ခဲ့တာ။