← Chapters

ပြိုင်စံရှား ကျောက်စိမ်း

Vol. 29 Ch. 356

ပြိုင်စံရှား ကျောက်စိမ်း

Vol. 29 Ch. 356

"ရွှေချထားတဲ့ ကျောက်စိမ်းလက်ရာ"

ကျန်းပေရန် ထုတ်လိုက်သည့် ရွှေကြိုးမျှင်ကို ကြည့်ပြီး ကောင်းလန်ဝမ် မျက်မှောင်ကြုတ်သွားလေသည်။

ကျောက်စိမ်း သန့်စင်သူ တစ်ယောက်၏ မျက်လုံးထဲတွင် ရွှေဆိုသည်မှာ ရိုင်းစိုင်းမှု၏ ပြယုဂ်ပင် ဖြစ်သည်။

ထိုအရာကို သုံးပြီး ကျောက်စိမ်းလက်ရာ ဖန်တီးခြင်းသည် ကျောက်စိမ်းကို စော်ကားလိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။

သို့သော် ယခုမူ သူမက တပည့်တစ်ယောက်၏ စိတ်ထားကို မွေးမြူထားလိုက်ပြီ ဖြစ်သည်။

စိတ်ထဲတွင် အထင်သေးနေသော်လည်း ကျန်းပေရန်၏ လက်လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် လေ့လာနေလေသည်။

"ဒီ စိတ်ကြည်လင် ကျောက်စိမ်းကို ဥပမာအနေနဲ့ ကြည့်ရအောင် ပထမဆုံး ကျောက်စိမ်းစိမ် နည်းစနစ်ကို သုံးပြီး အညစ်အကြေးတွေကို ဖယ်ရှားရမယ် ပြီးရင် အပေါ်မှာ သေးငယ်တဲ့ အလှဆင် မျဉ်းကြောင်းတွေကို ကြိတ်ခွဲရမယ် ခန်းမသခင်ကောင်း စိတ်ကြည်လင် ကျောက်စိမ်းအတွက် ဘယ်လို အလှဆင် ပုံစံက အသင့်တော်ဆုံးလို့ ထင်လဲ"

ထိုစကားကို ကြားသောအခါ ကောင်းလန်ဝမ် ကြောင်သွားမိသည်။

ဘယ်လောက်တောင် ကြာပြီလဲ။ တစ်စုံတစ်ယောက်က သူမကို ဆရာက တပည့်ကို မေးခွန်းမေးသည့် လေသံဖြင့် ပြောသည်မှာ ဘယ်လောက်တောင် ကြာပြီလဲ။

သူမ အဆင့် ၈ ကျောက်စိမ်း သန့်စင်သူ ဖြစ်လာကတည်းက အခြားသူများကို ညွှန်ကြားရန်သာ အလှည့်ကျခဲ့ခြင်း ဖြစ်သည်။

ဘယ်တုန်းကများ တစ်စုံတစ်ယောက်က သူမကို ဒီလို လေသံဖြင့် မေးခွန်းထုတ်ရဲခဲ့လို့လဲ။

ပိုကြောက်စရာ ကောင်းသည်မှာ ကောင်းလန်ဝမ် ရင်ထဲတွင် ထိတ်လန့်မှု အရိပ်အယောင်လေး ခံစားလိုက်ရခြင်းပင် ဖြစ်သည်။

သူမ ကျောက်စိမ်း သန့်စင်ခြင်းကို စတင် လေ့လာစဉ်ကပင် ဆရာက မေးခွန်းမေးသည့်အခါ ဖြေရမည်ကို ဤကဲ့သို့ ကြောက်ရွံ့မှုမျိုး မခံစားခဲ့ရဖူးပေ။

အဘယ်ကြောင့်ဆိုသော် စာအုပ်ထဲမှ အကြောင်းအရာများကို သူမ အလွတ်ရနေပြီး ကျောက်စိမ်းလက်ရာနှင့် ပတ်သက်သည့် မည်သည့်မေးခွန်းကိုမျှ မကြောက်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ကျန်းပေရန်က သူမကို လောကအသစ် တစ်ခု ပြသခဲ့သည် စာအုပ်များထဲတွင် တစ်ခါမျှ မပါဖူးသော လမ်းကြောင်းတစ်ခု သူမ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

မသိနားမလည်ခြင်း…….

လတ်ဆတ်ပြီး အံ့ဖွယ်ကောင်းသော ခံစားမှုတစ်ခု ကောင်းလန်ဝမ် ရင်ထဲတွင် မြင့်တက်လာလေသည်။

သူမ ကျောက်စိမ်း သန့်စင်ခြင်းကို စတင် လေ့လာစဉ်ကကဲ့သို့ပင် အရာအားလုံးက သစ်လွင်နေပြီး သူမ ရှာဖွေတွေ့ရှိရန် စောင့်ကြိုနေသကဲ့သို့ပင် ဖြစ်၏။

ဂလု...

ကောင်းလန်ဝမ် ရုတ်တရက် တံတွေး မျိုချလိုက်လေသည်။

ထိုခံစားချက်က တကယ်ကို ပျောက်ဆုံးနေတာ ကြာပြီ ဘယ်လောက်တောင် ကြာပြီလဲဆိုလျှင် သူမ ဘယ်တော့မှ ပြန်မခံစားရတော့ဘူးဟုပင် ထင်ခဲ့မိသည်။

မသိနားမလည်သော သမုဒ္ဒရာကြီးထဲတွင် ပြန်လည် ကူးခတ်နိုင်တော့မည်ဟူသော အတွေးက ကောင်းလန်ဝမ်ကို အလွန်အမင်း စိတ်လှုပ်ရှားစေသည်။

"ခန်းမသခင်ကောင်း ခန်းမသခင်ကောင်း"

ကျန်းပေရန် ခေါ်သံ ကြားမှ ကောင်းလန်ဝမ် ရုတ်တရက် သတိပြန်ဝင်လာလေသည်။

တံတွေး တစ်ချက် မျိုချပြီးနောက် ကောင်းလန်ဝမ် ပြန်ဖြေလိုက်လေသည်။

"ငါသာ လုပ်ရမယ်ဆိုရင် အပေါ်မှာ ပေတစ်ထောင် ပုံစံကို ထွင်းထုလိုက်မှာပဲ"

"မှန်ပါတယ် ပေတစ်ထောင် ပုံစံက စိတ်ကြည်လင် ကျောက်စိမ်းရဲ့ ကောင်းကင်နဲ့ မြေကြီးကြား ဆက်နွယ်မှုကို ပိုနက်ရှိုင်းစေတယ် ဒါပေမဲ့ ပေတစ်ထောင် ပုံစံနဲ့ ထွင်းထုလိုက်ရင် ကျောက်စိမ်းရဲ့ လျှပ်စစ်စီးကူးနိုင်စွမ်းကို လုံးဝ ပျောက်ဆုံးသွားစေလိမ့်မယ် အဲ့ဒါက နည်းနည်း နှမြောစရာ ကောင်းတယ်"

ပြောပြီးနောက် ကျန်းပေရန်က သူ့၏ သိုလှောင်လက်စွပ်ထဲမှ ငွေကြိုးမျှင် တစ်ချောင်းကို ထုတ်လိုက်လေသည်။

"ရွှေချထားတဲ့ ကျောက်စိမ်းလက်ရာတွေက အလွန် သိမ်မွေ့တဲ့ လက်မှုပညာ လိုအပ်တယ် ကျောက်စိမ်း ထွင်းထုခြင်းအကြောင်း ကျွန်တော် သိပ်မပြောတော့ပါဘူး အဲ့ဒါက ခန်းမသခင်ကောင်းအတွက် ကလေးကစားစရာလို ဖြစ်နေမှာ သေချာပါတယ် ဒါပေမဲ့ ကျောက်စိမ်းနဲ့ ရွှေကို အပြန်အလှန် ဖြည့်စွက်ပေးချင်ရင် ရွှေကြိုးမျှင် သွယ်တန်းခြင်းရဲ့ အရေးပါမှုက အရမ်း မြင့်မားပါတယ်"

ပြောပြီးနောက် ကျန်းပေရန်က သူ့၏ သိုလှောင်လက်စွပ်ထဲမှ ထွင်းထုဓား တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး စိတ်ကြည်လင် ကျောက်စိမ်းပေါ်တွင် လျှို့ဝှက်လိပ် ပုံစံကို အလွန် လျင်မြန်သော နှုန်းဖြင့် ထွင်းထုလိုက်လေသည်။

'အတွင်းကနေ အပြင်ဘက်ကို ထွင်းထုနေတာလား'

ဘေးနားတွင် ရှိနေသော ကောင်းလန်ဝမ်က အံ့အားသင့်သွားသည်။

ကျန်းပေရန်၏ အသေးစိတ် ထွင်းထုမှုက ဤမျှလောက် အထင်ကြီးစရာ ကောင်းနေသည်ကို သူမ မအံ့သြပေ ဘာပဲဖြစ်ဖြစ် သူမက သူ့ကို ဆရာသခင် အဆင့် ပုဂ္ဂိုလ်ဟု သတ်မှတ်ထားပြီးပြီမို့ ထိုမျှလောက် သေးငယ်သော ကျွမ်းကျင်မှုလေးကို အံ့သြနေစရာ မလိုပေ။

သူမ နားမလည်သည်မှာ သူ ဘာလို့ အတွင်းကနေ အပြင်ဘက်ကို ထွင်းထုရသလဲ ဆိုတာပင် ဖြစ်၏။

ထို့အပြင် သူက စိတ်ကြည်လင် ကျောက်စိမ်းပေါ်တွင် လျှို့ဝှက်လိပ် ပုံစံကို တကယ်ကြီး ထွင်းထုနေသည် ဒါက ဘယ်လိုပဲ ကြည့်ကြည့် လုံးဝ မသက်ဆိုင်သကဲ့သို့ပင် ဖြစ်သည်။

လျှို့ဝှက်လိပ် ပုံစံကို ယေဘုယျအားဖြင့် ကာကွယ်ရေး နည်းစနစ်များကို အထောက်အကူ ပြုနိုင်သော ကျောက်စိမ်းများတွင် ထွင်းထုလေ့ ရှိသည် နည်းစနစ်များကို ပိုမို တည်ငြိမ်စေရန် ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အာရုံခံရန် သုံးသည့် စိတ်ကြည်လင် ကျောက်စိမ်းကဲ့သို့သော ကျောက်စိမ်းမျိုးနှင့် ဘာမှ မဆိုင်ဟု ပြော၍ ရသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် တစ်ခုက စိတ်အတွက် နောက်တစ်ခုက ခန္ဓာကိုယ်အတွက် ဖြစ်သည်။

ကျောက်စိမ်း သန့်စင်သူ တစ်ယောက်အတွက် အကြီးမားဆုံး တားမြစ်ချက်က သူတို့ကို ဤကဲ့သို့ ရောနှောလိုက်ခြင်းပင် ဖြစ်ပြီး အဲ့ဒါက ကျောက်စိမ်းကောင်း တစ်တုံးကို အလွယ်တကူ ပျက်စီးသွားစေနိုင်သည်။

သို့သော် မကြာမီတွင်ပင် ကောင်းလန်ဝမ်၏ ပိုမို အံ့အားသင့်နေသော အကြည့်အောက်၌ ကျန်းပေရန်က ရွှေကြိုးမျှင်ကို ကျောက်စိမ်းထဲ ထည့်သွင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် အခြားလက်တစ်ဖက်နှင့် ငွေကြိုးမျှင်ကို ထည့်သွင်းလိုက်လေသည်။

ထိုဖြစ်စဉ် အတွင်းတွင် သူက ဘာအတွင်းအားမှ အကူအညီ မယူဘဲ သူ့၏ နည်းစနစ် သက်သက်ကိုသာ အားကိုးသွားသည်။

ဒါက အဆင့်မြင့် ကျောက်စိမ်း သန့်စင်သူ အများအပြား မလုပ်နိုင်သော အရာ ဖြစ်သည်။

'တကယ့်ကို ကြည့်ရတာ အရမ်း ကောင်းတာပဲ'

ကောင်းလန်ဝမ် ကိုယ်တိုင် လုပ်နိုင်သော်လည်း ကျန်းပေရန် လုပ်သည်ကို ကြည့်ရတာက အမြဲတမ်း ပိုပြီး ခမ်းနားသလို ခံစားရသည်။

လက်ဖက်ရည်တစ်ခွက် သောက်စာ အချိန်လောက် ကြာပြီးနောက် ကျန်းပေရန်က ရွှေချနည်းစနစ်ကို သုံးပြီး ပြုလုပ်ထားသည့် ကျောက်စိမ်း လည်ဆွဲ ပြီးစီးသွားလေသည်။

"ခန်းမသခင်ကောင်း ကျေးဇူးပြုပြီး ဝေဖန်ပေးပါဦး"

ကျန်းပေရန်က ကျောက်စိမ်း လည်ဆွဲကို ကောင်းလန်ဝမ်ဆီ ကမ်းပေးရင်း ပြောလိုက်လေသည်။

"ငါ မဝံ့ရဲပါဘူး"

ထို လက်တွေ့ သရုပ်ပြမှု ပြီးသည့်နောက် ကောင်းလန်ဝမ်က ကျန်းပေရန်သည် မျိုးနွယ်စု သူတော်စင် စေလွှတ်လိုက်သော ပညာရှင် တစ်ယောက် ဖြစ်ကြောင်း လုံးဝ ယုံကြည်သွားပြီ ဖြစ်သည်။

သူ ဘာလို့ ဒီလောက် ငယ်ရွယ်နေပုံ ပေါက်နေလဲ သူမ နားမလည်သော်လည်း ကောင်းလန်ဝမ်အတွက် အရေးမကြီးပေ။

လျှို့ဝှက်ပညာရပ် နယ်ပယ်တိုင်းတွင် ကျွမ်းကျင်သောသူက အမြဲတမ်း ဆရာ ဖြစ်သည်။

ယုံကြည်လောက်သော အရည်အချင်း ရှိသရွေ့ ကလေးလေး တစ်ယောက် ဖြစ်နေလျှင်ပင် လေးစားခံရမည်သာ။

ကျန်းပေရန်ဆီက ကျောက်စိမ်း လည်ဆွဲကို လက်နှစ်ဖက်နှင့် လှမ်းယူလိုက်ပြီး ကောင်းလန်ဝမ်က ကိုင်လိုက်သည်နှင့် ဒီကျောက်စိမ်းတုံးက မတူညီကြောင်း ချက်ချင်း သတိထားမိလိုက်လေသည်။

'စိတ်ကြည်လင် ကျောက်စိမ်းရဲ့ လျှပ်စစ်စီးကူးနိုင်စွမ်းကို ထိန်းသိမ်းထားရုံသာမက အများကြီးတောင် မြှင့်တင်ပေးလိုက်သေးတယ် ပြီးတော့ တစ်ချိန်တည်းမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကိုလည်း အာရုံခံနိုင်တုန်းပဲ ဘာလို့ ဘာလို့လဲ'

ကောင်းလန်ဝမ်က ကျန်းပေရန် ခုနက လုပ်ခဲ့သော လှုပ်ရှားမှုတိုင်းကို သေချာ ပြန်စဉ်းစားပြီး သူမ၏ ကိုယ်ပိုင် အသိပညာ သိုလှောင်ခန်းကို အစွမ်းကုန် ဖွင့်လှစ်ရန် ကြိုးစားသည်။

ကောင်းလန်ဝမ် တွေးတောနေတာ မြင်တော့ ကျန်းပေရန်လည်း စကားမပြောဘဲ တိတ်တဆိတ် စောင့်နေလိုက်လေသည်။

ခဏကြာတော့ ကောင်းလန်ဝမ် မျက်လုံးများ ပြူးကျယ်သွားပြီး အာမေဋိတ် ပြုလိုက်လေသည်။

"ငါ သိပြီ လျှို့ဝှက်လိပ် ပုံစံကို ကျောက်စိမ်းရဲ့ ဖွဲ့စည်းပုံ တည်ငြိမ်အောင် သုံးလိုက်တာပဲ ဒါကြောင့် နင်က အတွင်းကနေ အပြင်ဘက်ကို တမင်တကာ ထွင်းထုပြီး မျဉ်းကြောင်းတွေ တည်ငြိမ်အောင် ကျောက်စိမ်းချိတ် နည်းစနစ်ကို သုံးခဲ့တာ နေဦး နောက်ထပ် ရှိသေးတယ် နင်က ငါ မသိတဲ့ နည်းစနစ် တစ်မျိုးကိုလည်း သုံးခဲ့သေးတယ်"

ထိုစကားကို ကြားပြီးနောက် ကျန်းပေရန် နည်းနည်း အံ့သြမသွားဘဲ မနေနိုင်ပေ။

'အဆင့် ၈ ဆိုတာ အဆင့် ၈ ပါပဲလား'

ကျန်းပေရန်က သူ့ကိုယ်သူ အလွန် လျင်မြန်သည်ဟု ယူဆထားပြီး ဤ ထွင်းထုနည်းက ကောင်းလန်ဝမ်အတွက် အသစ်စက်စက် ဖြစ်နေသည်မှာ သေချာသည်။

သို့သော် ဤကဲ့သို့သော အခြေအနေမျိုးမှာပင် သူမက တစ်ချက် ကြည့်လိုက်ရုံနှင့် အများကြီး မြင်နိုင်ခဲ့သည်။

'အနည်းဆုံးတော့ ကျောက်စိမ်း သန့်စင်ခြင်း နယ်ပယ်မှာ သူမက တကယ်ပဲ သာလွန်တဲ့ ပါရမီ ရှိတာပဲ'

"ဆရာ ကျွန်မလည်း ကြည့်ချင်တယ် ကျွန်မလည်း ကြည့်ချင်တယ်"

ခိုအချိန်တွင် ဘေးနားကနေ သွားရည်ကျရင်း ရပ်ကြည့်နေသော လျိုဝေ့နင်က နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ လက်များကို ဆန့်တန်းပြီး အော်ဟစ်ကာ ပြေးလာလေသည်။

ကောင်းလန်ဝမ် ခေါင်းခါလိုက်လေသည်။

"ခဏနေဦး နင် ဘေးမှာ အရင် စောင့်နေ"

"ကျွန်မလည်း ကြည့်ချင်တယ် ကျွန်မလည်း ကြည့်ချင်တယ်"

လျိုဝေ့နင်က ခုန်ပေါက်ရင်း ဆက်အော်နေသည်။

"မရဘူး"

ကောင်းလန်ဝမ် သဘောမတူတာ မြင်တော့ လျိုဝေ့နင်က ကျန်းပေရန်ကို ကြည့်ပြီး အော်လိုက်လေသည်။

"ကျွန်မလည်း ကြည့်ချင်တယ် ဆရာ နောက်ထပ် တစ်ခု ထပ်လုပ်ပေးလို့ ရမလား"

ပြောရင်းနှင့် လျိုဝေ့နင်က အိတ်ကပ်ထဲ စမ်းလိုက်ပြီး ကျောက်တုံး တစ်တုံး ထုတ်ကာ ကျန်းပေရန်ဆီ ကမ်းပေးရင်း ပြောလိုက်လေသည်။

"ဒါနဲ့ လဲကြမလား"

ဖူး

လျိုဝေ့နင် ထုတ်လိုက်သော ကျောက်စိမ်းကို ကြည့်ပြီး ကျန်းပေရန် သီးလုနီးပါး ဖြစ်သွားသည်။

'မြင့်မြတ်သော ဖန်သား ဝိညာဉ် ကျောက်စိမ်း'

ကျန်းပေရန် လုံးဝ ကြောင်အသွားသည်။

ဒါက ထူးခြားဆန်းပြား ပန်းစာရင်းဝင် ထိပ်တန်း အဆင့်မြင့် ကျောက်စိမ်းကောင်း တစ်တုံးပင် ဖြစ်သည်။

ဒဏ္ဍာရီများအရ လူတစ်ယောက်၏ အလားအလာ အားလုံးကို လှုံ့ဆော်ပေးနိုင်သော စွမ်းရည် ရှိသည်ဟု ဆိုသည်။

ထိပ်သီး အနက်ရောင်ဘိုးဘေးအဆင့် တစ်ယောက်က ဒါကို ဝတ်ဆင်ထားလျှင် အနက်ရောင်ဧကရာဇ် တစ်ပါးကိုတောင် ယှဉ်တိုက်နိုင်သည်။

"နင်နင် နင်"

ကောင်းလန်ဝမ် အော်လိုက်ပြီး မြင့်မြတ်သော ဖန်သား ဝိညာဉ် ကျောက်စိမ်းကို လျိုဝေ့နင်၏ အိတ်ကပ်ထဲ အမြန် ပြန်ထည့်လိုက်လေသည်။

ကျောက်စိမ်းကို ပြန်ထည့်ပြီးနောက် ကောင်းလန်ဝမ်က ကျန်းပေရန်ကို ပြန်ကြည့်လိုက်တော့ သူက တည်ငြိမ်သော အမူအရာနှင့်ပင် ရှိနေသေးသည်ကို တွေ့လိုက်ရလေသည်။

'မြင့်မြတ်သော ဖန်သား ဝိညာဉ် ကျောက်စိမ်းကို မြင်ပြီးတာတောင် သူက ဒီလောက် တည်ငြိမ်နေနိုင်သေးတယ် တကယ့် ပညာရှင်ပဲ'

မြင့်မြတ်သော ဖန်သား ဝိညာဉ် ကျောက်စိမ်းကို အိတ်ကပ်ထဲ ပြန်ထည့်ခံလိုက်ရတာ မြင်တော့ လျိုဝေ့နင်က ပြန်ထုတ်ဖို့ ကြိုးစားရင်း ကျန်းပေရန်ကို အော်ပြောလိုက်လေသည်။

"ဆရာ ကျွန်မ လဲမယ် ကျွန်မ လဲမယ်"

မတတ်သာသည့်အဆုံး ကောင်းလန်ဝမ်က စိတ်ကြည်လင် ကျောက်စိမ်းကို လျိုဝေ့နင်ဆီ ပေးလိုက်ရလေသည်။

"ယူကြည့်တော့ ဆရာကျန်းကို ထပ်မနှောင့်ယှက်နဲ့တော့"

"ကျေးဇူးတင်ပါတယ် ဆရာ"

လျိုဝေ့နင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး စိတ်ကြည်လင် ကျောက်စိမ်းကို အာရုံစိုက် လေ့လာဖို့ ခေါင်းငုံ့လိုက်လေသည်။

"ငါ အရှက်ကွဲမိပြီ"

ကောင်းလန်ဝမ်က ပြန်ထိုင်ရင်း တောင်းပန်သော လေသံဖြင့် ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး"

ကျန်းပေရန် ပြုံးပြီး ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်တော့ သူ တွေးနေမိသည်။

'အဲ့ဒီ ကျောက်စိမ်း ငါ နည်းနည်းတော့ လိုချင်မိသား'

သို့သော် လျိုဝေ့နင်၏ ရိုးသားသော ပုံစံကို ကြည့်ပြီး ကျန်းပေရန်က ကလေးမလေးဆီက သကြားလုံး လိမ်ယူနေသလို ခံစားလိုက်ရသည်။

အပြစ်ရှိစိတ် တစ်ခု……

သို့သော် လျိုဝေ့နင်မှာ ဒီလို ထိပ်တန်း အဆင့်မြင့် ကျောက်စိမ်း ရှိနေတာကို ကြည့်လျှင် ကောင်းလန်ဝမ် ပေးထားတာ မဟုတ်ပုံရသည်။

သူမ၏ နောက်ခံကလည်း ရိုးရှင်းမည် မဟုတ်ပေ။

'ဟူး သူဌေးသားသမီးတွေ ပြည့်နေတဲ့ လောကကြီးမှာ သာမန်လူ တစ်ယောက်အတွက် တကယ် ခက်ခဲတာပဲ'

သက်ပြင်းချပြီးနောက် ကျန်းပေရန်က ကောင်းလန်ဝမ်ကို ကြည့်ပြီး ပြောလိုက်လေသည်။

"ဆရာဆိုတာ ဆရာပါပဲဗျာ ကျွန်တော် အချိန်အကြာကြီး သုတေသန လုပ်ခဲ့ရတဲ့ ဒီနည်းစနစ်တွေကို ခင်ဗျားက တစ်ချက်ကြည့်ရုံနဲ့ ထွင်းဖောက် မြင်နိုင်တယ်"

ထိုစကားကို ကြားပြီးနောက် ကောင်းလန်ဝမ် ခေါင်းခါလိုက်လေသည်။

"ထွင်းဖောက် မြင်နိုင်တော့ရော ဘာအသုံးဝင်မှာလဲ ဒီလို နည်းစနစ်မျိုး ဖန်တီးနိုင်တဲ့ နင်ကမှ ဆရာလို့ ခေါ်ဖို့ ထိုက်တန်တာပါ ရဲရဲတင်းတင်း မေးပါရစေ ခုနက နင် ငွေကြိုးမျှင်ကို သုံးပြီး ချိတ်ထွင်းထုမှု ဝန်းကျင်က ကျောက်စိမ်းရဲ့ ဝိညာဉ်ကို တည်ငြိမ်အောင် လုပ်လိုက်တာလား"

'တောက် မျက်လုံးကလည်း စူးရှလိုက်တာ'

ဒါက ကျန်းပေရန် ထိပ်တန်း လျှို့ဝှက်ပညာရှင် တစ်ယောက်နှင့် မျက်နှာချင်းဆိုင် ပထမဆုံးအကြိမ် ဆက်သွယ်ဖူးခြင်းပင်…..

ကောင်းလန်ဝမ်က စနစ်ဆီက သူ ရရှိထားသည့် ကျွမ်းကျင်မှုများကို မမြင်ဖူးသော်လည်း သူမ၏ ခိုင်မာသော အခြေခံနှင့် စုဆောင်းထားသည့် အတွေ့အကြုံများက တကယ် လျှော့တွက်လို့ မရပေ။

ဘေးနားတွင် ရှိနေသော ရှီဟုန်ဖေးကတော့ အံ့သြလွန်းလို့ မေးရိုး ပြုတ်ကျလုနီးပါး ဖြစ်နေပြီ။

'ခန်းမသခင်ကောင်းက တကယ်ပဲ နင် ဆိုတဲ့ ယဉ်ကျေးတဲ့ အသုံးအနှုန်းကို သုံးလိုက်တာလား'

အချစ်တော်... မဟုတ်ဘူး၊ ပိုးပန်းသူ တစ်ယောက်အနေနဲ့ ရှီဟုန်ဖေးက ကောင်းလန်ဝမ် ဘယ်လောက် မာနကြီးလဲဆိုတာ ဘယ်သူ့ထက်မဆို ပိုသိသည်။

သို့သော် အရိုးထဲထိ မာနစွဲနေသော ဤကဲ့သို့လူမျိုးက တကယ်ကြီး...

'ယဉ်ကျေးတဲ့ နင် ကို သုံးလိုက်တာလား'

ရှီဟုန်ဖေး အခု တကယ် နည်းနည်း ကြောင်အသွားသည်။

ကောင်းလန်ဝမ်၏ တိုးမြင့်လာသော တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် ကျန်းပေရန်က ကျောက်စိမ်း သန့်စင်ခြင်းတွင် တကယ်ပဲ ကျွမ်းကျင်မှန်း သူ သိပြီးသား ဖြစ်သော်လည်း...

'ဒီကောင်လေးက အရမ်း ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ထက် ကျော်လွန်သွားပုံရတယ်'

သို့သော် အခုတော့ ရှီဟုန်ဖေး လုပ်နိုင်တာက တိတ်တဆိတ် ကြည့်နေဖို့ပဲ ရှိသည် ဘာလို့လဲဆိုတော့ သူတို့ နှစ်ယောက် ဘာတွေ ပြောနေလဲဆိုတာ သူ နားမလည်တော့ပေ။

'သူတို့ ကျောက်စိမ်း သန့်စင်ခြင်းအကြောင်း ပြောနေတာ မဟုတ်ဘူးလား ဘယ်လိုလုပ် အစီအရင် ဘက် ရောက်သွားတာလဲ'

ရှီဟုန်ဖေး ကြောင်တောင်တောင် ဖြစ်နေစဉ်မှာ ကောင်းလန်ဝမ်၏ မျက်လုံးများကလည်း အံ့သြမှုများနှင့် ပြည့်နှက်နေလေသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းပေရန်၏ ရှင်းပြချက်အရ သူက စိတ်ကြည်လင် ကျောက်စိမ်းကို ထွင်းထုတုန်းက အစီအရင် ချသည့် နည်းစနစ်ကို တကယ် သုံးခဲ့ပြီး အဲ့ဒါက အသေးစား အစီအရင် ဖြစ်နေတယ် ဆိုတာ သူမ နားလည်လိုက်လို့ပင် ဖြစ်၏။

မတူညီသော လျှို့ဝှက်ပညာရပ်များက အပြန်အလှန် ဆက်နွယ်နိုင်တယ် ဆိုတာ အခြေခံ ဗဟုသုတ ဖြစ်သည်။

ဥပမာ အဆောင်လက်ဖွဲ့ ဆရာ တစ်ယောက်၏ စုတ်ရေးက အထူး ကောင်းမွန်လျှင် သူ ပြုလုပ်သည့် အဆောင်လက်ဖွဲ့များက ပိုထိရောက်လိမ့်မည်။

လက်နက် ကိရိယာ သန့်စင်သူများနှင့် ယန္တရား ဆရာများက ပိုပြီး ပြီးပြည့်စုံသော ယန္တရားများ ဖန်တီးဖို့ မကြာခဏ ပူးပေါင်းဆောင်ရွက်လေ့ ရှိကြသည်။

လျှို့ဝှက်အထည်အလိပ် ဆရာများနှင့် လျှို့ဝှက်ပုံစံ ဆရာများက ပိုပြီး ပြီးပြည့်စုံသော အဝတ်အစားများ ဖန်တီးဖို့ အတူတကွ လုပ်ဆောင်နိုင်ကြသည်။

ဒါပေမဲ့ လျှို့ဝှက်ပညာ ၁၆ ရပ်ထဲမှာ ဘက်စုံ အသုံးအဝင်ဆုံးက ဘာလဲလို့ မေးရင် အစီအရင် လေ့လာမှုပဲ ဖြစ်ရမည်။

သင်ယူရ အခက်ခဲဆုံး လျှို့ဝှက်ပညာရပ်များထဲက တစ်ခု အနေဖြင့် အစီအရင် ဆရာများက အလွန် မြင့်မားသော အဆင့်အတန်း ရှိကြသည် ဘာလို့လဲဆိုတော့ ဘယ်လို လျှို့ဝှက်ပညာရှင်ပဲ ဖြစ်ဖြစ် သူတို့ရဲ့ လက်ရာကို ပြီးပြည့်စုံအောင် လုပ်ဖို့ အစီအရင် ဆရာ တစ်ယောက်ကို မလွဲမသွေ ရှာဖွေရလေ့ ရှိသည်။

ဘာပဲဖြစ်ဖြစ် အစီအရင်များက ဘက်စုံ သုံးလို့ရပြီး ဘယ်အရာဝတ္ထုအပေါ်မှာမဆို တိုးမြှင့်ပေးဖို့ ထားရှိနိုင်သည်။

ဒါကြောင့် အစီအရင် ဆရာ တစ်ယောက်က တခြား လျှို့ဝှက်ပညာရပ်တွေကို သင်ယူလိုက်ရင် သေချာပေါက် တစ်ဝက် အားစိုက်ရုံနှင့် ရလဒ် နှစ်ဆ ရလိမ့်မည်။

'ဒါဆို သူက အစီအရင်တွေမှာလည်း ကျွမ်းကျင်တာပေါ့'

ကောင်းလန်ဝမ်က သာမန် အရည်အချင်း ရှိသူများသာ သူတို့၏ လက်ရာကို ဖြည့်စွက်ရန် အခြား လျှို့ဝှက်ပညာရပ်များကို အားကိုးဖို့ လိုအပ်သည်ဟု အမြဲ ယုံကြည်ခဲ့သည်။

စစ်မှန်သော ဆရာတစ်ယောက်က သန့်စင်နေသင့်သည်။

ကျောက်စိမ်း သန့်စင်သူ တစ်ယောက်က အကောင်းဆုံး ကျောက်စိမ်း လက်ရာများ ဖန်တီးရန် ထိပ်တန်း အဆင့် ထွင်းထုခြင်းနှင့် အရောင်တင်ခြင်းကို အသုံးပြုသင့်သည်။

ပြီးတော့ အဖြစ်မှန်များက သက်သေပြခဲ့ပြီးပြီ ထိပ်တန်း အစီအရင် ဆရာ တစ်ယောက်တောင် သူမ ပြုလုပ်သည့် ကျောက်စိမ်း လက်ရာများတွင် ဘာ တိုးတက်မှုမှ မလုပ်နိုင်ခဲ့ပေ။

ဘာလို့လဲဆိုတော့ သူမ ပြုလုပ်သည့် ကျောက်စိမ်းက အထွတ်အထိပ် ရောက်နေပြီမို့လို့ ဖြစ်သည်။

ဒါပေမဲ့ ဒီနေ့ ကျန်းပေရန် ပြသခဲ့သည့် နည်းစနစ် အသစ်စက်စက် အရဆိုလျှင် ထိပ်တန်း အစီအရင် ဆရာက သူမ၏ ကျောက်စိမ်းကို ပြီးပြည့်စုံအောင် မလုပ်နိုင်တာ မဟုတ်ဘဲ အစီအရင် ဆရာက ကျောက်စိမ်း သန့်စင်ခြင်းကို နားမလည်တာ၊ ဒါမှမဟုတ် နားလည်မှု နည်းလွန်းတာကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်း သန့်စင်ခြင်းကို တကယ် နားလည်သူများသာ ကျောက်စိမ်းထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုများ ဘယ်လောက် ရှိလဲဆိုတာ နားလည်နိုင်မှာ ဖြစ်၏။

တစ်ခဏချင်းမှာပင် ကောင်းလန်ဝမ် နားလည်လိုက်လေသည်။

ဒီ ဆရာကျန်းက ဒီလို အံ့ဖွယ် ကျွမ်းကျင်မှုများကို ပြသနိုင်ရသည့် အကြောင်းရင်းက သူက ကျောက်စိမ်း သန့်စင်ခြင်း ပညာရပ် တစ်ခုတည်းမှာတင် ကျွမ်းကျင်တာ မဟုတ်လို့ပင်...

'အရမ်း အရမ်း အံ့သြစရာ ကောင်းတာပဲ'

လျှို့ဝှက်ပညာရှင် အများစုက လျှို့ဝှက်ပညာရပ် အများအပြားကို တစ်ပြိုင်နက်တည်း သင်ယူလေ့ ရှိကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့က တစ်ခုတည်းကိုပဲ အထူးပြုလေ့လာကြတော့သည်။

ဘာလို့လဲဆိုတော့ စစ်မှန်သော ဆရာတစ်ယောက် ဖြစ်လာဖို့ဆိုလျှင် သူတို့၏ အချိန်နှင့် စွမ်းအင် အားလုံးကို တစ်ခုတည်းအပေါ်မှာပဲ အာရုံစိုက်ရမယ်ဆိုတာ နားလည်ကြလို့ပင် မဟုတ်လျှင် သူတို့က ဘာမဆို လုပ်တတ်ပေမယ့် ဘာမှ မကျွမ်းကျင်သည့် လူတွေ ဖြစ်သွားလိမ့်မည်။

ကောင်းလန်ဝမ်က လျှို့ဝှက်ပညာရပ် နှစ်ခုကို တစ်ပြိုင်နက်တည်း ထိပ်တန်း အဆင့်အထိ ကျွမ်းကျင်နိုင်သည့်သူ အများအပြား ရှိတယ်လို့ တစ်ခါမှ မကြားဖူးပေ ပြီးတော့ ဒါက ကောလာဟလ သက်သက်ပင် ဖြစ်သည်။

အဲ့ဒီ ဆရာများက ပညာရပ် နှစ်ခုလုံးမှာ တကယ် အထွတ်အထိပ် ရောက်ခဲ့လားဆိုတာ သူမ မသိပေ။

ဒါပေမဲ့ အခု သူမ ရှေ့တည့်တည့်မှာ လျှို့ဝှက်ပညာရပ် နှစ်ခုကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်သည့် ဆရာတစ်ယောက် ရှိနေပုံရသည်။

'သူသာ ကျောက်စိမ်း သန့်စင်ခြင်းနဲ့ အစီအရင် နှစ်ခုလုံးမှာ အလွန် နက်ရှိုင်းတဲ့ နားလည်မှု တစ်ပြိုင်နက်တည်း မရှိခဲ့ရင် ဒီ ကျောက်တုံး ပေါင်းစပ်တဲ့ နည်းလမ်းကို သေချာပေါက် ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ဘူး'

ခဏတာ ကောင်းလန်ဝမ်က သူမ၏ အတိတ်က မသိနားမလည်မှုများအတွက် ရှက်ရွံ့မိသွားသည်။

ဆရာဆိုတာ သန့်စင်နေသင့်တယ်တို့ သူမက အဆုံးစွန် ကျောက်စိမ်းကို သန့်စင်ပြီးပြီတို့ ဆိုတာတွေက သူမ၏ ပျင်းရိမှုအတွက် ဆင်ခြေတွေ သက်သက်ပင် ဖြစ်လေ၏။

အခု တစ်စုံတစ်ယောက်က လျှို့ဝှက်ပညာရပ် နှစ်ခု ပေါင်းစပ်ပြီးမှ ရရှိနိုင်သည့် အထွတ်အထိပ်ကို သူမ ရှေ့မှာ သရုပ်ပြလိုက်ပြီ ဒါပေမဲ့ သူမက ဆွေးနွေးမှုမှာ ပါဝင်ဖို့ အခွင့်အရေးတောင် မရှိပေ။

ဘာလို့လဲဆိုတော့ သူမက အစီအရင်များကို လုံးဝ နားမလည်လို့ပင်။

'ကောင်းလန်ဝမ် ကောင်းလန်ဝမ် နင် ဒီနှစ်တွေ အတွင်းမှာ အချိန်တွေ ဘယ်လောက် ဖြုန်းတီးခဲ့မိပြီလဲ'

ဒီအချိန်မှာ ကောင်းလန်ဝမ်က နောင်တများနှင့် ပြည့်နှက်နေပြီး လမ်းသစ် ရှာဖွေဖို့ တခြား ကိရိယာများကို အသုံးပြုဖို့ မစဉ်းစားဘဲ လမ်းမရှိတဲ့ နေရာမှာ လျှောက်သွားနေမိခဲ့တာကို နောင်တရနေမိလေသည်။

"ဆရာကျန်း"

ကောင်းလန်ဝမ် ရုတ်တရက် အော်လိုက်လေသည်။

"ဘာကိစ္စလဲ"

ဒီဘွဲ့နာမည်ကို လက်ခံထားပြီးဖြစ်သည့် ကျန်းပေရန်က မေးလိုက်သည်။

"ကျွန်မ ကျွန်မ ရှင့်ဆီကနေ အစီအရင် လေ့လာမှုအကြောင်း လမ်းညွှန်မှု တောင်းခံချင်ပါတယ်"

"ကျွန်တော်လား"

ကျန်းပေရန် ခေါင်းခါလိုက်သည်။

"ကျွန်တော်က အစီအရင်တွေကို အပေါ်ယံလောက်ပဲ နားလည်တာပါ ခင်ဗျား တကယ် သင်ချင်ရင် ပိုပြီး လေးစားခံရတဲ့ အစီအရင် ဆရာတစ်ယောက်ကို ရှာပြီး သင်ယူတာ ပိုကောင်းပါလိမ့်မယ်"

"မလုပ်ဘူး"

ကောင်းလန်ဝမ် ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

"ကျွန်မ ရှင့်ဆီကပဲ သင်ချင်တာပါ ရှင်က ကျောက်စိမ်းနဲ့ အစီအရင် ပေါင်းစပ်တဲ့ ဒီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ ကြာပြီပဲ တခြားသူတွေနဲ့ မယှဉ်နိုင်တဲ့ အမြင်တွေ ရှိမှာ သေချာတယ် စိတ်မပူပါနဲ့ ဒီတစ်ခါ ကျွန်မ အလကား သင်မှာ မဟုတ်ပါဘူး ဒီ ထာဝရ တင့်တယ်သော ခန်းမထဲက ရှင် ကြိုက်တဲ့ ကျောက်စိမ်းမှန်သမျှ ယူလို့ ရတယ် ကျောက်စိမ်းကို စိတ်မဝင်စားရင်လည်း လိုချင်တာ ပြောပါ ကျွန်မ သေချာပေါက် ရှာပေးပါ့မယ်"

ဟီး...

ကောင်းလန်ဝမ်၏ အလွန်အမင်း ရူးသွပ်နေသော မျက်နှာထားကို ကြည့်ပြီး ကျန်းပေရန် ခဏ စဉ်းစားလိုက်သည် ပြီးတော့ ခေါင်းလှည့်ပြီး ရှီဟုန်ဖေးကို မျက်လုံးဖြင့် အရိပ်အမြွက် ပြလိုက်လေသည်။

ရှီဟုန်ဖေးက လူအ မဟုတ်ပေ ပြီးတော့ သူတို့၏ ယခင် ပူးပေါင်းဆောင်ရွက်မှုများနှင့်ဆိုတော့ ကျန်းပေရန်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်လေသည်။

'တကယ့် ကောင်လေးပဲ'

စိတ်ထဲကနေ ကျန်းပေရန်ကို တိတ်တဆိတ် ချီးကျူးရင်း ရှီဟုန်ဖေးက ကျန်းပေရန် ဘေးနား လျှောက်သွားပြီး ပြုံးလိုက်လေသည်။

"ပေရန် ဒီတစ်ခါ မင်းရဲ့ အပေါ်ယံ နားလည်မှု က ဘယ်လောက် နက်နဲသလဲ ငါ့ကို ပြောပြလို့ ရမလား"

All Chapters