← Chapters

မင်းက ငါ့ကို ဗေဒင် ဘယ်လိုဟောရမလဲ သင်ပေးနေတာလား

Vol. 29 Ch. 365

မင်းက ငါ့ကို ဗေဒင် ဘယ်လိုဟောရမလဲ သင်ပေးနေတာလား

Vol. 29 Ch. 365

[ရွေးချယ်မှု ၁ - "ဒါပေါ့ ကိစ္စမရှိပါဘူး"

ပြီးမြောက်ပါက ဆုလက်ဆောင် - လမင်းဖြူ ရတနာ အစီအရင် ပုံ (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၂ - "ကျွန်တော်ကိုယ်တိုင်လည်း ဒီကို အခုမှ ရောက်တာဆိုတော့ နေရာ မကျွမ်းဘူး"

ပြီးမြောက်ပါက ဆုလက်ဆောင် - လှိုင်းဖြူ ဓားလက်စွဲ (အနက်ရောင်အဆင့်၊ အလယ်အလတ်)]

[ရွေးချယ်မှု ၃ - ခေါင်းလှည့်ပြီး ထွက်သွားပါ။

ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

သူ့ကို လမ်းညွှန်ပေးဖို့ မျှော်လင့်နေတဲ့ အလှပဂေးလေးကို ကြည့်ပြီး ကျန်းပေရန်က ရွေးချယ်မှု သုံးကို ရွေးကာ ဘာမှ မတွေဝေဘဲ လှည့်ထွက်သွားလေသည်။

[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - ဆွဲဆောင်မှု +၁]

'တော်ပါတော့ ငါ တကယ် ထပ်မချောချင်တော့ဘူး'

သူ့ရဲ့ အရည်အချင်း ဇယားကွက်ထဲမှာ ဆွဲဆောင်မှု အမှတ် နောက်ထပ် တစ်မှတ် တိုးလာတာ မြင်တော့ ကျန်းပေရန် တကယ်ပဲ စိတ်ပျက်သွားလေသည်။

စိတ်ကို တည်ငြိမ်အောင် ထားပြီး ကျန်းပေရန် နောက်တစ်နေရာဆီ ဆက်လျှောက်သွားလေသည်။

အချိန်တွေက ရက်ကန်းလွန်းပျံလို ကုန်ဆုံးသွားလေသည်။

"ရောက်မှတော့လည်း အကောင်းဆုံး ဖြစ်အောင် နေရမှာပေါ့" ဆိုတဲ့ စိတ်ထားနဲ့ ကျန်းပေရန် ရှီမျိုးနွယ်စုမှာ နေတာ တစ်လကျော် ရှိသွားပြီ ဖြစ်သည်။

စမ်းသပ်မှု အများကြီး လုပ်ပြီးနောက် ကျန်းပေရန်က အမှတ် စုဆောင်းဖို့ တည်ငြိမ်တဲ့ နေရာတစ်ခု နောက်ဆုံးတော့ ရှာတွေ့ခဲ့လေသည်။

ရှီမျိုးနွယ်စုရဲ့ လျှို့ဝှက်ဈေး……..

ဟိုတုန်းက လျှို့ဝှက်လမင်းဂိုဏ်းက လျှို့ဝှက်ဈေးလိုပဲ လျှို့ဝှက်ဈေး ဆိုတာ အဓိကအားဖြင့် ကျင့်ကြံသူတွေအတွက် ကုန်သွယ်ရေး နေရာ တစ်ခုပါပဲ။

ဒါပေါ့ ရှီမျိုးနွယ်စုရဲ့ လျှို့ဝှက်ဈေးက လျှို့ဝှက်လမင်းဂိုဏ်းထက် အဆပေါင်းများစွာ ပိုပြီး အဆင့်မြင့်လေသည်။

ရုပ်သေးရုပ်တွေ အစီအရင်ပြားတွေ ပျံသန်းယာဉ်တွေနဲ့ ဝိညာဉ်ကျောက်တုံး မီးဖိုတွေလို အဆင့်မြင့် မှော်လက်နက် ကိရိယာ အမျိုးမျိုးကို ဒီမှာ ရှာတွေ့နိုင်လေသည်။

ကြီးမားတဲ့ လျှို့ဝှက်ပညာရပ် အစည်းအရုံး တချို့ကို ငှားရမ်းထားတဲ့ အစိတ်အပိုင်း သေးသေးလေးကလွဲရင် ကုန်ပစ္စည်း အများစုက လက်ရာမြောက် အလုပ်ရုံကနေ လာတာ ဖြစ်သည်။

လူယန်ယွီ က ကျန်းပေရန်ကို ဒီနေရာ ပထမဆုံး ခေါ်လာတုန်းက သူ အချက်တစ်ချက်ကို ချက်ချင်း အတည်ပြုနိုင်ခဲ့လေသည်။

ဒါက အမှတ် စုဆောင်းဖို့ နေရာကောင်းပဲ…….

လျှို့ဝှက်ဈေးက ဘယ်နေရာမှာပဲ ရှိနေပါစေ လူပေါင်းစုံ ရှိတဲ့ နေရာ ဖြစ်မှာ သေချာလေသည်။

မှော်ရတနာတွေ ဝယ်ဖို့ ကိုယ့်အထောက်အထားကို ဖုံးကွယ်ပြီး ရုပ်ဖျက်ထားတဲ့ ကျင့်ကြံသူတွေက နေရာတိုင်းမှာ ရှိနေတတ်သည်။

အဲ့ဒီအထဲမှာ လူထောင်ပေါင်းများစွာ သတ်ခဲ့တဲ့ လူသတ်သမားတွေ ရတနာ လုယူသတ်ဖြတ်ပြီး အသက်မွေးတဲ့ လှည့်လည်ကျင့်ကြံသူတွေ ဒါမှမဟုတ် သဘောထား ကွဲလွဲတာနဲ့ သတ်ဖြတ်တတ်တဲ့ ရက်စက်တဲ့ ဓားသမားတွေ ပါဝင်နိုင်လေသည်။

ဘာပဲဖြစ်ဖြစ် တံခါးဖွင့်ပြီး စီးပွားရေး လုပ်မှတော့ လာသမျှ လူတိုင်းက ဖောက်သည်ပါပဲ။

ပိုက်ဆံ သုံးသရွေ့ ဘယ်သူလဲ ဆိုတာ အရေးမကြီးပေ။

အထဲမှာ တစ်ပတ်လောက် လမ်းလျှောက်လိုက်ရုံနဲ့ ကျန်းပေရန်က စနစ် ရွေးချယ်မှု ငါးကြိမ်တိတိ တစ်ပြိုင်နက်တည်း ရရှိခဲ့ပြီး အရင်တုန်းက ရင်းနှီးခဲ့တဲ့ ခံစားချက်ကို ချက်ချင်း ပြန်ရခဲ့လေသည်။

အမှတ် စုဆောင်းဖို့ ဒီလို ပုံသေနေရာမျိုး ရှိနေတော့ ကျန်းပေရန်က နေ့တိုင်း အချိန်ဖဲ့ပြီး လမ်းလျှောက်ထွက်လေ့ ရှိသည်။

ဆယ်မှတ်လောက် စုပြီးရင် ပြန်လေ့ရှိသည်။

ဘာပဲဖြစ်ဖြစ် ရှီဖုန်းလန်ရဲ့ ပျံသန်းနေအိမ် ရှိနေသရွေ့ သူ့လုံခြုံရေးက အတော်လေး အာမခံချက် ရှိလေသည်။

ဒီနေ့ ကျန်းပေရန်က ရှစ်မှတ်လောက် စုပြီးပြီ ဖြစ်ပြီး နောက်ဆုံး နှစ်မှတ်ကို ဘယ်လို ယူရမလဲ စဉ်းစားနေတုန်း ခြေထောက် မြေမထိဘဲ လေပေါ်မှာ ပျံဝဲနေတဲ့ အဖိုးအို တစ်ယောက် သူ့ရှေ့ကို ပျံသန်းလာတာ တွေ့လိုက်ရလေသည်။

"ဟင်" အဖိုးအိုရဲ့ မူလက မှေးနေတဲ့ မျက်လုံးတွေ ရုတ်တရက် ပွင့်လာပြီး ကျန်းပေရန်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။

"ညီလေး ခဏလောက် နေပါဦး မင်းရဲ့ မျက်ခုံးနှစ်ခုကြားက နေရာ မည်းမှောင်နေတာ ငါ မြင်ရတယ် ဒါက လက္ခဏာ မကောင်းဘူးလို့ ငါ ထင်တယ်"

အဖိုးအို စကားဆုံးတာနဲ့ ကျန်းပေရန် မျက်စိရှေ့မှာ ရွေးချယ်မှု သုံးခု ပေါ်လာလေသည်။

[ရွေးချယ်မှု ၁ - ဆက်နားထောင်ပါ။

ပြီးမြောက်ပါက ဆုလက်ဆောင် - ငရဲ အာဏာရှင် ကျမ်း (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၂ - "ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ"

ပြီးမြောက်ပါက ဆုလက်ဆောင် - တောင်တန်း သူတော်စင် လက်စွဲ (အနက်ရောင်အဆင့်၊ အလယ်အလတ်)]

[ရွေးချယ်မှု ၃ - "အမည်းစက် ရှိတာ ကောင်းပါတယ် ကျွန်တော့်ကို တက်ကြွစေသလိုပဲ"

ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]

ရွေးချယ်မှု သုံးကို ရွေးပြီးနောက် ကျန်းပေရန် ပြန်ဖြေလိုက်လေသည်။

"အမည်းစက် ရှိတာ ကောင်းပါတယ် ကျွန်တော့်ကို တက်ကြွစေသလိုပဲ"

ပြီးတော့ ရှေ့ဆက်လျှောက်သွားလေသည်။

[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - အံ့ဖွယ် အထည်ချုပ်လုပ်ခြင်း +၁]

ကျန်းပေရန်က ဘာမှ မတွေဝေဘဲ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာ မြင်တော့ အဖိုးအို ကိုယ့်ကိုယ်ကိုယ် သံသယ မဝင်ဘဲ မနေနိုင်တော့ပေ။

'ငါ့ရဲ့ ဒီဝတ်စုံက အလုပ်မဖြစ်တော့တာလား'

ခဏလောက် သံသယ ဝင်ပြီးနောက် အဖိုးအိုက သူ့သံသယကို ချက်ချင်း ဖယ်ရှားလိုက်ပြီး ကျန်းပေရန် နောက်ကို အမြန် လိုက်သွားကာ ပြောလိုက်လေသည်။

"ညီလေး ငါက ကောင်းကင်နေမင်း ဘုရားကျောင်းက လှည့်လည်ဘုန်းကြီး တစ်ပါးပါ ခဏလောက် စောင့်ပြီး ငါ့စကား နည်းနည်းလောက် နားထောင်ပါဦး မဟုတ်ရင် သုံးရက် အတွင်းမှာ မင်း သေချာပေါက် သွေးထွက်သံယို ကပ်ဘေးနဲ့ ကြုံရလိမ့်မယ်"

[ရွေးချယ်မှု ၁ - ရှေ့ဆက်လျှောက်သွားပါ။

ပြီးမြောက်ပါက ဆုလက်ဆောင် - သစ်ရွက်တစ်ထောင် ထင်ယောင်ထင်မှား အနုပညာ (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၂ - "ကျွန်တော် ကံကြမ္မာကို မယုံပါဘူး ကျေးဇူးပြုပြီး သွားပါတော့"

ပြီးမြောက်ပါက ဆုလက်ဆောင် - နှလုံးကြေမွ ဓားလက်စွဲ (အနက်ရောင်အဆင့်၊ အဆင့်မြင့်)]

[ရွေးချယ်မှု ၃ - အဖိုးအိုကို ဗေဒင်ပညာ နည်းလမ်းများ အကြောင်း မေးမြန်းပါ။

ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]

'ဟင်'

ဒီရွေးချယ်မှု သုံးခုကို ကြည့်ပြီး ကျန်းပေရန် နည်းနည်း နားမလည် ဖြစ်သွားလေသည်။

ပုံမှန်ဆိုရင် သူ တစ်ခါ ငြင်းလိုက်တာနဲ့ လွတ်သွားလေ့ ရှိသည်။

ဒါပေမဲ့ ဒီတစ်ခါတော့ မလွတ်ရုံတင် မကဘဲ အဖိုးအိုရဲ့ စကားကို ဆက်ပြီး လျစ်လျူရှုရင် အန္တရာယ် ရှိလာနိုင်လေသည်။

'ထူးဆန်းလိုက်တာ'

စိတ်ထဲကနေ သက်ပြင်းချရင်း ကျန်းပေရန်က ရွေးချယ်မှု သုံးကို ရွေးပြီး မေးလိုက်လေသည်။

"ကိရိယာ ခြောက်မျိုးထဲမှာ ဘယ်ဟာက မကောင်းတဲ့ နိမိတ်လဲ"

[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - သတ္တုသွန်းလုပ်ခြင်း +၁]

'ဟင်'

အဖိုးအိုက လမ်းပေါ်မှာ မျက်နှာတွေ အများကြီး ဖတ်ခဲ့ဖူးပေမယ့် တစ်စုံတစ်ယောက်က သူ့ကို ပြန်မေးခွန်းထုတ်တာ ဒါ ပထမဆုံးအကြိမ်ပဲ။

'လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ တွေ့နေတာပဲ'

ဒါပေမဲ့ အဖိုးအိုက နောက်ဆုတ်ဖို့ စိတ်ကူး မရှိပေ။

ဘာလို့လဲဆိုတော့ နည်းနည်းပါးပါး သိတဲ့လူတွေက ဘာမှ မသိတဲ့ လူတွေထက် တကယ်တော့ လှည့်စားရ... အိုး မဟုတ်ဘူး စည်းရုံးရ ပိုလွယ်လို့ပဲ။

သူ့မုတ်ဆိတ်ရှည်ကို ပွတ်သပ်ရင်း အဖိုးအိုက ပြုံးပြီး ပြောလိုက်လေသည်။

"သဘာဝကျကျပဲ ဂန် က မကောင်းတဲ့ နိမိတ်ပေါ့"

"ရေ စင် ဂန် ကို ဖြေရှင်းချင်ရင် ဘယ်လို လုပ်သင့်လဲ"

"ကွာ ကျမ်းစာတွေက နတ်ဘုရားတွေနဲ့ ဆက်သွယ်တယ် ယီ ကို ယူပြီး ဂန် ကို ချိုးဖျက်လိုက် ဒါက သဟဇာတ ခြောက်ပါးရဲ့ နိမိတ်ပဲ"

"ဒါဆိုရင် ဂန် က နန်းတော်ကိုးပါး အတွင်း ကျရောက်ပြီး မဟာယင် နဲ့ ဝင်ရောက်ကာ ပျံသန်းနေသော မြွေ နဲ့ ထွက်ခွာပြီး နောက်ဆုံးမှာ မဟာရဲအရာရှိ နေရာမှာ ပေါ်လာရင် ဘယ်လို ဖြေရှင်းသင့်လဲ"

"အာ ဒါက..."

အဖိုးအို ခဏလောက် ကြောင်သွားလေသည်။

နန်းတော်ကိုးပါး နဲ့ ကိရိယာခြောက်မျိုး ကို သီးခြားစီ တွက်ချက်ရမယ် ဆိုရင် သူ့အတွက် ကိတ်မုန့်စားသလောက် လွယ်သည်။

ဒါပေမဲ့ သူတို့ကို ပေါင်းစပ်လိုက်ရင် ကိန်းရှင်တွေက အရမ်း များလွန်းလှသည်။

အဖိုးအိုက လက်ချောင်းလေးတွေ ညှစ်ပြီး အသည်းအသန် တွက်ချက်နေတာ မြင်တော့ ကျန်းပေရန် ခေါင်းခါလိုက်ပြီး စာရွက်တစ်ရွက် ထုတ်ကာ အဲ့ဒီပေါ်မှာ နန်းတော်ကိုးပါး ပုံစံကို ဆွဲလိုက်လေသည်။

"ယင် ထွက်ပေါက်က နန်းတော်ကိုးပါးကို နာရီလက်တံ ပြောင်းပြန် အတိုင်း ရွေ့လျားတယ်၊ ယန် ထွက်ပေါက်က နာရီလက်တံ အတိုင်း ရွေ့လျားတယ်။ ဝိညာဉ်ကိုးပါးက ပုံမှန်ဆိုရင် ပုံသေနေရာ မရှိဘူး၊ ဒါပေမဲ့ ကိရိယာခြောက်မျိုးနဲ့ တွေ့ရင် တန်းစီကြတယ်။ ခင်ဗျားအတွက် နေရာတွေကို ကျွန်တော် ဆွဲပေးထားတယ် အေးဆေး တွက်ချက်လို့ ရပြီ"

ပြောပြီးတာနဲ့ ကျန်းပေရန်က သူ့လက်ထဲက စာရွက်ကို အဖိုးအိုဆီ ကမ်းပေးလိုက်လေသည်။

အဖိုးအိုက ကြောင်တောင်တောင်နဲ့ နားထောင်နေပြီး အဝါရောင် စာရွက်ကို မသိစိတ်က လှမ်းယူလိုက်မိလေသည်။

သူ သေချာ ကြည့်လိုက်လေသည်။

"ပညာရှင်"

အဲ့ဒီ အခိုက်အတန့်မှာပဲ သူက နည်းနည်းပါးပါး သိတဲ့သူ တစ်ယောက်နဲ့ တွေ့တာ မဟုတ်မှန်း အဖိုးအို သိလိုက်လေသည်။

ဒါက... ဒါက တကယ့် ဆရာသခင် အဆင့်ပဲ။

'အမည်းစက် ရှိတာ ကောင်းပါတယ် လို့ သူ ပေါ့ပေါ့ပါးပါး ပြန်ပြောနိုင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး

သူက ဒီအလုပ်ရဲ့ ဘိုးဘေး ဖြစ်နေတာကိုး'

အဖိုးအိုက လူတွေကို ဗေဒင်ဟောတဲ့အခါ ပုံမှန်ဆိုရင် ဟန်ဆောင်ရုံလောက်ပဲ လုပ်တတ်ပေမယ့် သူ့မှာ အခြေခံတွေတော့ ရှိနေသေးသည်။

အခု ပညာရှင် အစစ်နဲ့ တွေ့လိုက်ရတော့ သူ ချက်ချင်း နစ်မြုပ်သွားလေသည်။

"ပညာရှင် ခဏလေး နေပါဦး"

ဒါပေမဲ့ အဖိုးအို ခေါင်းပြန်မော့လိုက်တဲ့ အခါမှာတော့ သူ့ကို နားမလည်နိုင်စွာ ကြည့်နေကြတဲ့ မျက်လုံးစုံတွဲတွေပဲ ရှိနေတော့သည်။

ပညာရှင်ရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ပေ။

"အမယ်လေး"

အဖိုးအိုက သူ့နဖူးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်လေသည်။

"ငါ အခွင့်အရေး ဆုံးရှုံးသွားပြီ ငါ အခွင့်အရေး ဆုံးရှုံးသွားပြီ"

အဖိုးအို နောင်တတွေနဲ့ ပြည့်နှက်နေစဉ်မှာ ကျန်းပေရန်က ရင်းနှီးနေတဲ့ သက်သောင့်သက်သာ ပုံစံနဲ့ လျှို့ဝှက်ဈေးထဲက ထွက်လာပြီးပြီ ဖြစ်သည်။

'အင်း ဆယ်ကြိမ် တိတိပဲ

လစ်ထွက်ဖို့ အချိန်တန်ပြီ'

ကျန်းပေရန် လက်ရာမြောက် အလုပ်ရုံဆီ ပြန်တော့မယ့် အချိန်မှာပဲ သူ့ရဲ့ ဘယ်ဘက် အပေါ်ပိုင်းကနေ သာယာတဲ့ ရယ်သံတစ်ခု ရုတ်တရက် ကြားလိုက်ရလေသည်။

"မောင်လေး မင်းက တကယ် ကျွမ်းကျင်တာပဲ ဟို ဘုန်းကြီးကို စကားလုံး အနည်းငယ်နဲ့ ပါးစပ်ပိတ်သွားအောင် လုပ်လိုက်တယ်"

မော့ကြည့်လိုက်တော့ ကျန်းပေရန်က ရှည်လျားပြီး ဖြူဖွေးတဲ့ ခြေထောက်တစ်စုံ တော်တော်လေး တောက်ပနေတာကို တွေ့လိုက်ရလေသည်။

ထပ်ပြီး မော့ကြည့်လိုက်တော့ ဆံပင်ကို ရွှေတုံးပုံစံ ထုံးထားတဲ့ မိန်းမပျိုလေး တစ်ယောက် သစ်ပင် အကိုင်းအခက်ပေါ် ထိုင်ပြီး သူ့ကို ပြုံးကြည့်နေတာ တွေ့လိုက်ရလေသည်။

မိန်းမပျိုလေးက အဖြူရောင် ဝတ်စုံ ဝတ်ထားပြီး ပခုံးပေါ်မှာ ဆီးနှင်းအမွေးပွားလေးတွေ ပါကာ အောက်မှာ ပန်းရောင် ဖဲသား စကတ် ဝတ်ထားလေသည်။

ကျားမနိုင်ပန်း ပုံစံ ထိုးထားပြီး ပတ်ပတ်လည်မှာ ရွှေရောင် ငွေရောင် ကြိုးမျှင်တွေနဲ့ ဆီးနှင်းမြေခွေးမွှေးတွေ ကျပန်း ထည့်သွင်းထားလေသည်။

သူမရဲ့ သွယ်လျတဲ့ ခါးလေးက လက်တစ်ဆုပ်စာလောက်ပဲ ရှိပြီး လက်ရာမြောက်ပြီး အချိုးအစားကျတဲ့ ခန္ဓာကိုယ်ကို ဖော်ပြနေလေသည်။

သူမရဲ့ ကြီးမားတဲ့ ဖန်သားလို မျက်လုံးတွေက တောက်ပနေပြီး ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပုံ ရလေသည်။

သူမရဲ့ ချယ်ရီသီးလို ပါးစပ်လေးက မိတ်ကပ် လိမ်းစရာ မလိုဘဲ တောက်ပတဲ့ ကြက်သွေးရောင် ဖြစ်နေလေသည်။

သူမ ပြုံးလိုက်တဲ့အခါ ချစ်စရာကောင်းတဲ့ ပါးချိုင့် နှစ်ခု ပေါ်လာလေသည်။

စကားပြောတဲ့သူကို သူ မသိမှန်း သဘောပေါက်လိုက်ပြီး ကျန်းပေရန် ခေါင်းငုံ့ကာ ရှေ့ဆက်လျှောက်သွားလေသည်။

ယေဘုယျအားဖြင့် ပြောရရင် ဒီလို ထူးခြားဆန်းကြယ်ပြီး နောက်ပြောင်တတ်တဲ့ မိန်းကလေးတွေက ဒုက္ခအပေးဆုံးပဲ။

အောက်ကလူက သူမကို လျစ်လျူရှုနေတာ မြင်တော့ မိန်းမပျိုလေးက ဒေါသမထွက်ပေ။

"ဟေ့" ဆိုတဲ့ အသံနဲ့ အတူ သူမ ကျန်းပေရန် ရှေ့ကို ခုန်ဆင်းလိုက်လေသည်။

သူ့ကို မျက်နှာမူပြီး နောက်ပြန် လမ်းလျှောက်ရင်း သူမ ပြောလိုက်လေသည်။

"ရှင်က လက်ရာမြောက် အလုပ်ရုံက ပင်လယ်ကို ထောက်ပံ့ပြီး ကောင်းကင်ကို မထားတဲ့ ထောက်တိုင်ကြီး ကျန်းပေရန် ဆိုတာ ဖြစ်ရမယ် မဟုတ်လား"

'...'

'...

ဘာလဲဟ ပင်လယ်ကို ထောက်ပံ့ပြီး ကောင်းကင်ကို မထားတဲ့ ထောက်တိုင်ကြီး ဆိုတာ'

ရှီမျိုးနွယ်စုထဲမှာ ဒီလို ဘွဲ့ထူးဂုဏ်ထူး ရထားမှန်း ကျန်းပေရန် တကယ် မသိခဲ့ပေ။

ခဏတာ သူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ ပြည့်နှက်သွားလေသည်။

'ကျန်းပေရန် အို ကျန်းပေရန် မင်း ဘဝင်မြင့်သွားပြီပဲ မင်း တကယ်ကြီး နာမည်တစ်ခု ရအောင် လုပ်လိုက်တာလား ငါ ဘယ်လို ဆက်နေရမလဲ'

ကျန်းပေရန် စကားမပြောသေးတာ မြင်တော့ မိန်းမပျိုလေးက ပြုံးဖြီးဖြီးနဲ့ ဆက်ပြောလိုက်လေသည်။

"ကောလာဟလတွေ ပြောသလိုပဲ ရှင်က သူစိမ်းတွေကို အဝေးမှာ ထားတတ်တာပဲ ရှင်တို့ ပညာရှင်တွေ အားလုံးက ဒီလို အမူအရာမျိုး ထိန်းသိမ်းထားရတာလား"

"ငါက သူစိမ်းတွေနဲ့ စကားပြောရတာ မကြိုက်လို့ပါ" ကျန်းပေရန်က ဘာမှ မသိသာတဲ့ မျက်နှာထားနဲ့ ပြန်ဖြေလိုက်လေသည်။

"အော်..."

အသံဆွဲပြီး မိန်းမပျိုလေးက နှစ်လှမ်း နောက်ဆုတ်ကာ ကျက်သရေရှိစွာ နှုတ်ဆက်လိုက်လေသည်။

"ကျွန်မ နာမည်က ရှီယွီထုံ ပါ လူတိုင်းက ကျွန်မကို ထုံထုံ လို့ ခေါ်ကြတယ် မောင်လေးလည်း အဲ့လို ခေါ်လို့ ရပါတယ် အခု ကျွန်မတို့ သိကျွမ်းသွားပြီလို့ သတ်မှတ်လို့ ရပြီလား"

'ဒါဆို သူမက ရှီမျိုးနွယ်စုကပေါ့...'

"ဟုတ်ကဲ့ သတ်မှတ်လို့ ရပါတယ်" ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ" ရှီယွီထုံက ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်လေသည်။

"ဒါဆို ရှင်နဲ့ ဟိုဘုန်းကြီး ခုနက ဘာတွေ ပြောနေကြတာလဲ ဆိုတာ ပြောပြလို့ ရမလား"

"ဗေဒင် စကားလုံး တချို့ပါပဲ"

"အင်း..." ရှီယွီထုံ ခေါင်းခါလိုက်လေသည်။

"အဲ့ဒီ ဘုန်းကြီးက ကျွန်မတို့ လျှို့ဝှက်ဈေးကို လာရတာ ကြိုက်တယ် သူ လူအများကြီးကို ဗေဒင်ဟောပေးနေတာ ကျွန်မ မကြာခဏ တွေ့ဖူးတယ် ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို စကားမပြောနိုင်အောင် လုပ်လိုက်တာ ဒါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ အစ်ကိုကျန်းက စွမ်းရည်ရှိတဲ့လူ ဖြစ်ရမယ် ဆိုတာ ရှင်းပါတယ်"

ကျန်းပေရန် ပြုံးရုံပဲ ပြုံးနေတာ မြင်တော့ ရှီယွီထုံက မျက်လုံး နှစ်ခါလောက် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး သူမ ရင်ဘတ်ထဲက ဝိညာဉ်သံလိုက်အိမ်မြှောင် တစ်ခု ရုတ်တရက် ထုတ်လိုက်လေသည်။

"ကျွန်မ ငယ်ငယ်လေးကတည်းက ဗေဒင်ဟောတာကို ကြိုက်ခဲ့တာ အစ်ကိုကျန်း ကျွန်မကို သင်ပေးလို့ ရမလား"

"မရဘူး" ကျန်းပေရန်က ပြတ်ပြတ်သားသား ဖြေလိုက်လေသည်။

"ဒါဆို..."

ရှီယွီထုံက သူမ ရင်ဘတ်ထဲက ဖန်သားအဆောင် တစ်ခု ထပ်ထုတ်လိုက်လေသည်။

"အခုရော ဘယ်လိုလဲ"

'ဒီကောင်မလေး... သူက အဆင်သင့် ပြင်လာတာပဲ'

ရှီယွီထုံ လက်ထဲမှာ ရှိနေတာက အံ့ဖွယ် ရတနာ အလင်းရောင် ဖန်သားအဆောင် ဖြစ်သည်။

အဆင်တန်ဆာ တစ်ခု ဖြစ်တဲ့အပြင် သူ့မှာ အလွန် အစွမ်းထက်တဲ့ ဂုဏ်သတ္တိ တစ်ခု ရှိလေသည်။

အသက် ပေးသနားခြင်း

ရုပ်သေးရုပ်တွေ ယန္တရားတွေ သစ်သားရုပ်တွေ စသဖြင့် ဝိညာဉ်စွမ်းအင် ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ကုန်ချောတွေ ဖြစ်နေသရွေ့ အံ့ဖွယ် ရတနာ အလင်းရောင် ဖန်သားအဆောင် ထည့်သွင်းလိုက်ပြီးနောက် ဉာဏ်ရည် အတိုင်းအတာ တစ်ခုအထိ ပိုင်ဆိုင်လာလိမ့်မည်။

မှော်ရတနာတွေ ကိုယ်ပိုင် အသိစိတ် နိုးထလာတာနဲ့ မတူဘဲ အံ့ဖွယ် ရတနာ အလင်းရောင် ဖန်သားဆောင် က ဒီစက်ပစ္စည်းတွေကို ပေးသနားတဲ့ အသက်က ကြီးထွားလာမှာ မဟုတ်ပေ။

အံ့ဖွယ် ရတနာ အလင်းရောင် ဖန်သားဆောင် ရဲ့ အရည်အသွေး ပိုကောင်းလေလေ ရုပ်သေးရုပ်ရဲ့ ဉာဏ်ရည်က ပိုမြင့်မားလေလေ ဖြစ်သည်။

ရှီယွီထုံက မျက်လုံးတစ်ဖက်ဖွင့်ပြီး သူ့ကို ချောင်းကြည့်နေတာ မြင်တော့ ဒီကောင်မလေးက အပြင်ပန်းမှာ မြင်ရသလောက် မလိမ္မာဘူးဆိုတာ ကျန်းပေရန် သိလိုက်လေသည်။

ဒီလို ရတနာမျိုးနဲ့ မလာခင် သူမ သူ့အကြောင်း စုံစမ်းထားတာ ဖြစ်ရမည်။

ဒါပေမဲ့ သူ ဘာလုပ်နိုင်မှာလဲ ကျန်းပေရန်က ဒီလိုအရာမျိုးကို တကယ် ကြိုက်တာကိုး။

စနစ်က ဘာရွေးချယ်မှုမှ မပြတာနဲ့ ပေါင်းစပ်လိုက်ရင် ကျန်းပေရန်က သူ့ရဲ့ လက်ရှိ စိတ်ခံစားချက်ကို ဖော်ပြဖို့ စကားလုံး တစ်လုံးပဲ သုံးနိုင်တော့သည်။

သွေးဆောင်ခံနေရပြီ။

သူက ယန္တရားတွေအကြောင်း သိပ် သုတေသန မလုပ်ရသေးပေမယ့် ဉာဏ်ပညာ နဲ့ ဝိညာဉ်ရုပ်သေး လို ကျွမ်းကျင်မှု အမှတ်တွေကို စုဆောင်းနေပြီ ဖြစ်သည်။

ရုပ်သေးရုပ်တွေ ဖန်တီးနိုင်ဖို့ဆိုတာ အချိန်ကိစ္စပဲလို့ သူ ယုံကြည်သည်။

ပြီးတော့ အဲ့ဒီအရာတွေထဲကို အံ့ဖွယ် ရတနာ အလင်းရောင် ဖန်သားဆောင် ထည့်သွင်းနိုင်မယ် ဆိုရင်တော့...

ချစ်စရာ ကောင်းလိုက်မယ့် ဖြစ်ခြင်း...

ဒါပေမဲ့ ရှီမျိုးနွယ်စုဆီက ပစ္စည်းတွေက ရဖို့ အဲ့လောက် မလွယ်ကူပေ။

ဒီကောင်မလေးက ဒီ အံ့ဖွယ် ရတနာ အလင်းရောင် ဖန်သားဆောင် ကို ခိုးယူလာတာလို့ သံသယဝင်စရာ အကြောင်း ကျန်းပေရန်မှာ အပြည့်အဝ ရှိနေလေသည်။

'ရှီမျိုးနွယ်စုက မိန်းကလေးငယ်တွေက သူတို့ မိသားစု ရတနာတွေကို ခိုးယူရာမှာ ဘာလို့ ဒီလောက် တော်နေကြတာလဲ'

ကျန်းပေရန် တွေးတောနေတုန်း ရှီယွီထုံ ရုတ်တရက် ပြောလိုက်လေသည်။

"အစ်ကိုကျန်း စိတ်မပူပါနဲ့ ဒီ အံ့ဖွယ် ရတနာ အလင်းရောင် ဖန်သားအဆောင် ကို ကျွန်မ ကိုယ်တိုင် ရှာဖွေထားတာပါ ရှင် ယူပြီးသွားရင် ဘယ်ဦးလေးမှ ပြန်လာတောင်းမှာ မဟုတ်ပါဘူး"

'ဟီး...'

ရှီမျိုးနွယ်စုရဲ့ မျိုးဆက်သစ် လူငယ်တွေက အားလုံး ထူးထူးခြားခြား ဉာဏ်ကောင်းကြသည်။

ပထမဆုံး ရှီကျာမုက ကိုယ်ပိုင် ဖဲချပ် တည်ဆောက်တယ် အခု ဒီ ရှီယွီထုံက သူ့စိတ်ကို အပြည့်အဝ ဖတ်နိုင်နေသည်။

နှစ်တွေအကြာကြီး မိုက်မဲတဲ့ မိန်းကလေး အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကျန်းပေရန် အတွက်တော့ ဒါက တကယ့်ကို လတ်ဆတ်တဲ့ အတွေ့အကြုံပါပဲ။

'မိုက်မဲတဲ့ မိန်းကလေးတွေက ငါ့ကို မထိန်းချုပ်နိုင်ဘူးလို့ ခံစားရလို့ ကောင်းကင်တာအိုက ငါ့ကို ဒုက္ခပေးဖို့ ဉာဏ်ကောင်းတဲ့ သူတချို့ကို လွှတ်လိုက်တာများလား'

"အစ်ကိုကျန်း ကျွန်မက ရိုးရိုးသားသား လမ်းညွှန်မှု တောင်းခံတာပါ ကျွန်မက ဗေဒင်ပညာကို တကယ် ချစ်မြတ်နိုးပါတယ် ဒါပေမဲ့ ကျွန်မ မိသားစုထဲမှာ ဘယ်သူမှ မကျွမ်းကျင်ကြဘူး သူတို့ ငှားပေးတဲ့ ဗေဒင်ဆရာတွေက ခုနက ဘုန်းကြီးလောက်တောင် မကျွမ်းကျင်သလို ခံစားရတယ် အစ်ကိုကျန်း တစ်ယောက်တည်းပဲ အလွန် စွမ်းဆောင်ရည် ရှိပုံရပါတယ် ကျေးဇူးပြုပြီး ကျွန်မကို သင်ပေးပါ ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးပါတယ်"

ရှီယွီထုံက ချစ်စရာကောင်းအောင် လုပ်ပြပြီး သူ့ကို နှစ်သက်အောင် ကြိုးစားနေတာ မြင်တော့ ကျန်းပေရန် ခြေတစ်လှမ်း နောက်မဆုတ်ဘဲ မနေနိုင်တော့ပေ။

'ပြဿနာ ပြဿနာ အကြီးကြီးပဲ'

သူမ ပြောသလို ဒီ အံ့ဖွယ် ရတနာ အလင်းရောင် ဖန်သားအဆောင် ကို ခိုးလာတာပဲ ဖြစ်ဖြစ် ကိုယ်တိုင် ရှာဖွေထားတာပဲ ဖြစ်ဖြစ် ပြဿနာပါပဲ။

ခိုးလာတာ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပေ။

ရှီမျိုးနွယ်စု သိသွားတာနဲ့ ပြန်လာတောင်းရုံလောက်နဲ့ ပြီးသွားမယ့် ကိစ္စ မဟုတ်လောက်ပေ။

ဒါပေမဲ့ သူမ ပြောသလို တကယ်ပဲ ကိုယ်တိုင် ရှာဖွေထားတာ ဆိုရင်လည်း ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဒီကောင်မလေးက ရိုးရှင်းမှာ မဟုတ်ပေ။

အနည်းဆုံးတော့ သူမရဲ့ လူကြီးတွေက ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းကို သူမကို ပေးထားပြီး အလွဲသုံးစား လုပ်မှာကို စိတ်မပူလောက်အောင် သက်သောင့်သက်သာ ရှိနေကြသည်။

"အစ်ကိုကျန်း" ကျန်းပေရန် တိတ်ဆိတ်နေတုန်းပဲ ဆိုတာ မြင်တော့ ရှီယွီထုံက ခြေတစ်လှမ်း တိုးလာပြီး သူ့ကို ကြည့်လိုက်လေသည်။

"မရဘူး"

ဒီလို ဉာဏ်ကောင်းတဲ့ ကောင်မလေးမျိုး အတွက် ကျန်းပေရန်က ကျပန်း ဗေဒင်စာအုပ် တစ်အုပ်လောက်နဲ့ ပြီးပြီးရော လုပ်ဖို့ စိတ်ကူးမရှိပေ။

အဲ့ဒါက သူမကို အခွင့်အရေး ရှိတယ်လို့ ခံစားစေရုံပဲ ရှိလိမ့်မည်။

သူမကို လုံးဝ မျှော်လင့်ချက် မရှိအောင် လုံးဝ ငြင်းပယ်လိုက်တာ ပိုကောင်းသည်။

"ဝူး..."

ရှီယွီထုံက ကျန်းပေရန်ကို သနားစရာ ကောင်းအောင် မျက်တောင် ပုတ်ခတ်ပြလိုက်လေသည်။

"တကယ် တကယ် မရဘူးလား"

ဒီတစ်ခါ ကျန်းပေရန် မဖြေပေ။

သူက ရှီယွီထုံကို ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။

"ကျွန်တော် တခြား လုပ်စရာ ကိစ္စတွေ ရှိသေးလို့ အခု သွားလိုက်ပါဦးမယ်"

ရှီယွီထုံကို ကွေ့ရှောင်ပြီး ကျန်းပေရန် လက်ရာမြောက် အလုပ်ရုံဆီ ဆက်လျှောက်သွားလေသည်။

ဒီတစ်ခါ ရှီယွီထုံ နောက်က မလိုက်ပေ။

အဲ့ဒီအစား သူမက လက်ထဲက အံ့ဖွယ် ရတနာ အလင်းရောင် ဖန်သားဆောင် ကို ကစားရင်း အပြုံးတစ်ခု ထုတ်ဖော်လိုက်လေသည်။

"သူက တကယ် စိတ်ဝင်စားဖို့ ကောင်းတဲ့ လူတစ်ယောက်ပဲ ဘိုးဘေးကြီး ကောက်လာတဲ့ လူတစ်ယောက်ဆီကနေ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ ပျော်စရာကောင်းလိုက်တာ အရမ်း ပျော်စရာ ကောင်းတာပဲ"

ရှီယွီထုံ နောက်က မလိုက်တာကို ကျန်းပေရန် မြင်ပေမယ့် သူ လုံးဝ စိတ်သက်သာရာ မရပေ။

လွန်ခဲ့တဲ့ တစ်လ အတွင်းမှာ ရှီမျိုးနွယ်စုက အုပ်စုကွဲတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာ သူ တဖြည်းဖြည်း တွေ့ရှိလာခဲ့ရလေသည်။

ပြီးတော့ သဟဇာတ ဖြစ်နေတဲ့ အပြင်ပန်း သဏ္ဍာန် နောက်ကွယ်မှာ မိသားစု အတွင်း ပဋိပက္ခ တစ်ခုခု ရှိနေပုံ ရလေသည်။

ဥပမာ ရှန်အာ လို့ ခေါ်တဲ့ ခေါင်းလောင်း သခင်မ

အဲ့ဒီနောက်ပိုင်း ကျန်းပေရန် သူမကို အကြိမ်ကြိမ် ထပ်တွေ့ခဲ့ပြီး သူမ စကားပြောတိုင်း မြေကမ္ဘာအဆင့် ရွေးချယ်မှု တစ်ခု ပေါ်လာတတ်လေသည်။

ထို့အပြင် သူမက သူ့ကို စမ်းသပ်နေပြီး ရှီမျိုးနွယ်စု အပေါ် သူ့အမြင် ဘယ်လိုလဲ ဆိုတာ ရှာဖွေဖို့ ကြိုးစားနေတာကို ကျန်းပေရန် ရှင်းရှင်းလင်းလင်း ခံစားမိလေသည်။

ပြီးတော့ လက်ရာမြောက် အလုပ်ရုံက အစေခံတွေ။

သူတို့က ခန်းမသခင်တွေကို ပြုစုစောင့်ရှောက်ဖို့ ထားတဲ့ အစေခံတွေထက် စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ အစောင့်တွေနဲ့ ပိုတူတယ်ဆိုတာ ကျန်းပေရန် တွေ့ရှိခဲ့လေသည်။

တစ်ချိန်တည်းမှာပဲ ဒီအစေခံတွေက အုပ်စုကွဲတွေ အဖြစ် ကွဲပြားနေကြလေသည်။

စောင့်ကြည့်နေရင်းနဲ့ သူတို့က လူတွေကို စည်းရုံးဖို့လည်း တာဝန်ယူထားကြလေသည်။

ဘယ်သူ့အတွက် စည်းရုံးနေကြတာလဲ ဆိုတာတော့ ကျန်းပေရန် မစုံစမ်းသလို စုံစမ်းချင်စိတ်လည်း မရှိပေ။

အတိုချုပ် ပြောရရင် ကျန်းပေရန် လုံးဝ စိတ်မအေးပေ။

ဆန့်ကျင်ဘက် အနေနဲ့ ဒီ ပြည်တွင်း ပဋိပက္ခက သူ့ဆီ ကူးစက်လာတော့မယ်လို့ ခံစားနေရလေသည်။

'ဒီလိုဆို မဖြစ်ဘူး

အမြန် လစ်ထွက်ဖို့ နည်းလမ်း ရှာမှ ရမယ်'

All Chapters